အခန်း ၁၇၃၆
Vol. 117 Ch. 1736
အပိုင်း (၁၇၃၆)
ဟွာချင်းရှင်း သုသေသန ပြုလုပ်ထားသည့် သန္ဓေဓာတ်သဘာဝသည် အမှန်ပင် ဆန်းကြယ်သည့် အရာဟု သတ်မှတ်ရပေမည်။ ထိုအရာသည် ရွှေရောင်ဝိညာဉ်ထက် ပိုမိုကာ အားကောင်းသော အထူးဝိညာဉ် တစ်ခုကို ထပ်မံကာ ဖန်တီးခဲ့ခြင်းပင်။
ပြောရမည်ဆိုလျှင် ထိုအရာသည် တောက်ပလွန်းသောကြောင့် ရောင်စုံဝိညာဉ်ကဲ့သို့ပင် ဖြစ်နေသည်။ အနီးကပ်ဆုံး အရောင်ကို ဖော်ညွှန်းရမည် ဆိုလျှင် သက်တန့်ရောင်ပင်။
ဟုတ်ပေသည်။ မူလရည်ရွယ်ချက်သည် သက်ရှိဝိညာဉ်မျိုးနွယ်များ၏ အထက်တွင် ရှိနေသော သန္ဓေဝိညာဉ်တစ်ခုကို ဖန်တီးခြင်းဖြစ်ပြီး ဝိညာဉ်မျိုးနွယ်များတွင် အခြေခံအဖြစ် သတ်မှတ်ထားသော အရာများကို အခြေပြုပြောင်းလဲချင်သောကြောင့်ပင်။
ကလန်သားများသည် မွေးဖွားလာစဉ်ကတည်းက နိမ့်ကျသည်၊ တော်ဝင်ဆန်သည်ဟူသော သတ်မှတ်ချက်မျိုးနှင့် ကြီးပြင်းလာရသည်။ ထိုအရာသည် အဓိပ္ပာယ်မရှိလှချေ။
အားလုံးသောသူတို့သည် လေးစားခံရရန်၊ သို့မဟုတ် အားကောင်းလာရန် အခွင့်အရေးကို ပိုင်ဆိုင်သင့်သည်။ ကျွင်းချောင်ရှောင်း၏ အမြင်အရဆိုလျှင် ဟွာချင်းရှင်း၏ လုပ်ဆောင်မှုသည် အမှန်ပင် ကောင်းမွန်လှ၏။
နှင်းဆီဧကရီသည် ကုန်းရှန့်နှင့် လက်ထပ်ခဲ့ပြီးမှ ဓာတ်တစ်ထောင် ဝိညာဉ်ကို အမွေဆက်ခံခဲ့သည် ဆိုသော်လည်း သူမ၏ ဘိုးဘေး ချန်ထားခဲ့သော တာဝန်ကို ပြည့်စုံအောင် ပြုလုပ်ပေးရပေမည်။ ထို့ကြောင့် သူမသည် ပြင်ပြင်းထန်ထန် ကြိုးစားပြီး အင်ပါယာဝိညာဉ်နယ်မြေ တစ်ခုလုံးကို တိုးတက်အောင် ကြိုးစားရလိမ့်မည်။
ပထမဦးဆုံးအနေဖြင့် အင်ပါယာဝိညာဉ်နယ်မြေထဲတွင် ရှိနေသော ဂိတ်တံခါးရှစ်ခုဆိုသည်ကို ဖယ်ရှားခဲ့၏။ ပြီးသည့်နောက် ရွှေရောင်ဝိညာဉ်သည် ထူးခြားသည့် အရာဖြစ်ပြီး အစိမ်းရောင်ဝိညာဉ်သည် ကျေးကျွန်များ ဖြစ်သည်ဆိုသည်ကိုလည်း ပယ်ဖျက်လိုက်၏။
ကလန်သားများ အားလုံးသည် ကျင့်ကြံရန်အတွက် မွေးဖွားလာသော သူများ ဖြစ်ပြီး အားလုံးသော သူများသည် အရင်းအမြစ်များကို ရရှိရန် လုံလောက်သည့် အခွင့်အရေးကို ရရှိရမည်။
သို့ပေမဲ့ အဆင့်နိမ့်ဝိညာဉ်ကို ပိုင်ဆိုင်သောသူများသည် ကျင့်ကြံရာတွင် တခြားသူများထက် ပိုမိုကာ ခက်ခဲလိမ့်မည်ဟူသော နိယာမသဘောတရားကိုတော့ သူမအနေဖြင့် ပြောင်းလဲ၍ မရနိုင်ချေ။
နှင်းဆီဧကရီအနေဖြင့် ပိုမိုကြိုးစား၍ ကျင့်ကြံရန် စိတ်ခွန်အားပေးခြင်းမှ လွဲ၍ တခြား ဘာမှမလုပ်နိုင်ချေ။ အချက်အလက်အားဖြင့် အစိမ်းရောင် ဝိညာဉ်ဆိုသည်မှာလည်း ဆိုးရွားလှသည် မဟုတ်ချေ။ ဤအရာသည် အထောက်အပံ့သဘောမျိုး အသုံးပြု၍ ရနိုင်၏။ တခြားသော ဝိညာဉ်နှင့် ပေါင်းစပ်နိုင်မည်ဆိုလျှင် နှစ်ခုလုံး၏ တိုက်ခိုက်နိုင်မှုသည် ကျိန်းသေပေါက် တိုးတက်သွားပေလိမ့်မည်။
သို့ပေမဲ့ အင်ပါယာဝိညာဉ်နယ်မြေတစ်ခုလုံးသည် ရွှေရောင်နှင့် တခြားသော ဝိညာဉ်များကိုသာ အလေးထား ကြပြီး အစိမ်းရောင်ဝိညာဉ်ကို ပစ်ပယ်ထားကြ၏။ သူတို့အနေဖြင့် အစိမ်းရောင်ဝိညာဉ်၏ ထောက်ပံ့မှုကို သဘောမတူကြချေ။ ယခု ဂိတ်တံခါးရှစ်ခုကို ဖယ်ရှားခဲ့ပြီ ဖြစ်သည့်အတွက်ကြောင့် တော်ဝင်ဆန်မှု၊ နိမ့်ကျမှုဟူ၍ ခွဲခြားခြင်းမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကလန်သားများသည် အစိမ်းရောင်ဝိညာဉ်ကို အထောက်အပံ့အဖြစ် လက်ခံလာနိုင်ကျပြီ ဖြစ်၏။ သူတို့သည် အစိမ်းရောင်ဝိညာဉ်နှင့် ပူးပါင်းပြီးတိုက်ခိုက်လိုက်သည့် အချိန်တွင် ယခင်ကထက် ပိုမိုကာ အားကောင်းလာခဲ့ကြပြီး မြန်မြန်ဆန်ဆန်နှင့် မွန်းစတားများကို ဖြေရှင်းနိုင်စွမ်း ရှိနေ၏။
အစိမ်းရောင်ဝိညာဉ်၏ အကူအညီဖြင့် ပန်းပဲပညာရပ်များ၊ ဆေးပညာရပ်များကို လေ့လာသည့်နေရာတွင် မူလထက် နှစ်ဆပိုမို အကျိုးကျေးဇူး ရရှိခဲ့၏။ ကောင်းကင်ဘုံတွင် ရှိနေသော ဘိုးဘေးကြီးသည် ကျိန်းသေပေါက် သဘောကျနေမှာ သေချာ၏။ ဟုတ်ပေသည်။ သူ ဖန်တီးသုသေသန ပြုခဲ့သည့် ရည်ရွယ်ချက်သည် ထိုကဲ့သို့ ဖြစ်ပွားလာရန်ပင် ဖြစ်လေသည်။
"နည်းနည်း စိတ်ဝင်စားဖို့ ကောင်းတာပဲ" တောင်၏ ထိပ်တွင် ရပ်တန့်လျက် ရှိနေသော ကျွင်းချောင်ရှောင်း၏ မျက်နှာသည် ဝင်းလက်သွားခဲ့၏။
ဤအတောအတွင်းတွင် နှင်းဆီဧကရီသည် အင်ပါယာဝိညာဉ်နယ်မြေကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိ၏။ သူသည် ဘေးတွင် ထိုင်လျက် ရှိနေပြီး မတူညီသည့်အရောင်နှင့် ဝိညာဉ်မျိုးနွယ်များ၏ ပေါင်းစပ်မှု အကျိုးကျေးဇူးကို အကောင်းတိုင်း မြင်နေရ၏။ အကယ်၍ ဤကလန်သား အားလုံးကို ထာဝရလောကဆီသို့ ခေါ်ဆောင်သွားပြီး များပြားလှသည့် ဝိညာဉ်များနှင့့် သူ၏တပည့်များကို ပေါင်းစပ်ကာ တိုက်ခိုက်ခိုင်းလိုက်မည် ဆိုလျှင် တိုက်ခိုက်ရေးစွမ်းရည်များ ပိုမိုတိုးတက်သွားနိုင်သည် မဟုတ်ပါလား။ လူတစ်ယောက်တွင် ထောက်ပံ့ရေးဝိညာဉ် တစ်ခုစီ ရရှိခြင်းမှာ မျှော်မှန်း၍မရအောင် ကောင်းမွန်သည့် အရာပင် ဖြစ်ပေလိမ့်မည်။
"ဒါက နှစ်နှစ်၊ သုံးနှစ်လောက် ကြာလိမ့်မယ်"
ဟွာမင်ကွေ့သည် လှမ်းလျှောက်လာခဲ့၏။ သူမသည် လက်တလောတွင် ကလန်၏ အတွင်းရေးကိစ္စရပ်များကို ဖြေရှင်းလျက် ရှိနေ၏။ ထို့ကြောင့် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံ ပေါ်သည်။
"ကျုပ်ခင်ဗျားကို ကူညီပေးမယ်" ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
"ဘယ်လိုမျိုးလဲ"
ဟွာမင်းကွေ့သည် အရွှမ်းဖောက်လိုက်သည်။ "ထာဝရလောကကြီးထဲကို ခေါ်သွားဖို့လား"
"အမှန်ပဲ"
"…….." နှင်းဆီဧကရီသည် သူမယောကျာ်းကို ပြန်လည်ကာ ကြည့်ရှုလိုက်၏။
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်သည်။
"ထာဝရလောကကြီးဆီမှာ ဒီဝိညာဉ်မျိုးနွယ်တွေ နေထိုင်ဖို့နေရာမရှားပါဘူး။ ပြီးတော့ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်က လူတွေနဲ့ အင်ပါယာဝိညာဉ်နယ်မြေက လူတွေက မိသားစုတွေပဲ မဟုတ်လား"
"ကျွန်မယောကျာ်းက ကျွန်မအပေါ်အရမ်းကောင်းတာပဲ" ဟွာမင်ကွေ့သည် ပြုံးကာ ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် အင်ပါယာဝိညာဉ်နယ်မြေမှ ကျင့်ကြံသူများကို ထာဝရလောကကြီးသို့ ခေါ်ဆောင်လာပြီးနောက် လီချင်းယန် ၊ အခြားသောသူများနှင့် ပေါင်းစပ်ခိုင်းနေကြောင်း မြင်ရချိန်မှာတော့ ဟွာမင်ကွေ့သည် သူမယောကျာ်း၏ အစစ်အမှန်ရည်ရွယ်ချက်ကို နားလည်သွားခဲ့သည်။
ဟင်း ….
နှင်းဆီဧကရီသည် သက်ပြင်းချကာ ပြောလိုက်မိ၏။ "ငါအရမ်းကြီး အထင်ကြီးခဲ့မိတာပဲ"
...........
ပြိုင်စံရှားဂိုဏ်း
လီချင်းယန်နှင့် ဝိညာဉ်မျိုးနွယ် ကျင့်ကြံသူတစ်ယောက်တို့သည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ပေါ်တွင် ခြေချိတ်ကာ ထိုင်လျက် ရှိနေကြ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "စကြရအောင်"
"ကောင်းပါပြီ"
လီချင်းယန်သည် သူ၏မျက်လုံးကို ဖွင့်ကာဖြင့် စိတ်ကိုလျော့ထား၏။ သူ၏ရှေ့တွင် ထိုင်လျက်ရှိနေသည့် ဝိညာဉ်မျိုးနွယ် ကျင့်ကြံသူသည် အစိမ်းရောင် ဓာတ်သဘာဝများ အဖြစ်သို့ အသွင်ပြောင်းကာဖြင့် လီချင်းယန်၏ မရီဒန်နှင့် သွေးများထဲသို့ ဝင်ရောက်ပေါင်းစပ်တော့၏။
ဆွစ်
ချက်ချင်းပဲ အစိမ်းရောင် ဓာတ်သဘာဝများသည် ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ အရာအားလုံးပြီးစီးပြီးနောက် လီချင်းယန်၏ ဆံပင်နှင့် မျက်ခုံးမွေးများ အားလုံးသည် အစိမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
"ဒုတိယ စီနီယာအစ်ကို"
စုရှောင်မိုက ထအော်လိုက်၏။ "လူစိမ်းကြီး ဖြစ်ပြီပဲ"
ဆွစ်
ထိုအချိန်မှာတော့ လီချင်းယန်သည် လေထဲသို့ ခုန်တက်လိုက်၏။ သူသည် ညာဘက်လက်နှင့် ကောင်းကင်ယံဆီသို့ ရိုက်နှက်လိုက်သည်။
"ကောင်းကင် လက်ဝါးရိုက်ချက် "
ဘုန်း ဘုန်း
များပြားလှသော လက်ဝါးရိုက်ချက်များသည် မရပ်မနား ထွက်ပေါ်လာ၏။ အားအင်မှာ သာမန်ထက် ပိုလွန်းလှ၏။
"ချီးတဲ့မှ"
စုရှောင်မိုနှင့် လီဖေးတို့သည် အံ့အားသင့်စွာဖြင့် ပြောလိုက်မိသည်။ "အဲလောက် အားကောင်းတာလား"
သူတို့အနေဖြင့် ဒုတိယာစီနီယာအစ်ကို၏ အားအင်ကို အစောကတည်းက နားလည်ထားပြီးသား ဖြစ်၏။ သိုပေမဲ့ အစိမ်းရောင်ဝိညာဉ်၏ ထောက်ပံ့မှုကို ရရှိပြီးသည့်နောက်မှာတော့ ကောင်းကင် လက်ဝါးရိုက်ချက်သည် ယခင်ကထက် နှစ်ဆယ်ရာခိုင်နှုန်းလောက် ပိုမိုကာ အားကောင်းလာခဲ့၏။
ဘုတ်
လီချင်းယန်သည် မြေပေါ်သို့ ဆင်းသက်လိုက်၏။ အစိမ်းရောင် ဓာတ်သဘာဝများသည် လွှမ်းခြုံနေပြီး သာမန်ထက်ပိုသော သိုင်းကျင့်ကြံသူကဲ့သို့ ထင်မှားစေသည်။
"မဆိုးဘူးပဲ"
ကျွင်းချောင်ရှောင်းသည် ပြုံးလိုက်မိ၏။ သူ၏ခန့်မှန်းချက်မှာ အမှန်ပင် ဖြစ်၏။ ဝိညာဉ်မျိုးနွယ်တစ်ယောက်၏ ထောက်ပံ့မှုကို ရရှိသည့် အချိန်မှာတော့ တပည့်များ၏ အားအင်အဆင့်သည် တိုးတက်လာခဲ့၏။
ဟုတ်ပေသည်။ မတူညီသည့် ဝိညာဉ်အမျိုးအစားများ ဖြစ်သောကြောင့် မတူညီသည့် အကျိုးကျေးဇူးကို ရရှိပေလိမ့်မည်။ ဥပမာအားဖြင့် လီချင်းယန်နှင့် ပေါင်းစပ်ခဲ့သည်မှာ အစိမ်းရောင်ဝိညာဉ် ဖြစ်သောကြောင့် အားအင်အဆင့်ကို အနည်းငယ် တိုးတက်စေ၏။ ထို့ပြင် တခြားသော ခရမ်းရောင်ဝိညာဉ်၊ အနီရောင်ဝိညာဉ် စသဖြင့် အများကြီး ကျန်ရှိနေသေးသည်။
"ရှင်းချန် ….. ထွက်"
ဘုတ်
ရီရှင်းချန်သည် ရှေ့ဆီသို့ လျှောက်ထွက်လိုက်၏။ သူသည် အပြင်ပိုင်း၌ တည်ငြိမ်နေပုံပေါက်သော်လည်း စိတ်ထဲမှာတော့ လှုပ်ရှားလျက် ရှိနေ၏။ ထို့ပြင် ပေါင်းစပ်ပြီးနောက် သူ၏အားအင်အဆင့်သည် ပိုမိုတိုးတက်လာမည် မဟုတ်ပါလား။
လက်ရှိအချိန်မှာတော့ ဝိညာဉ်မျိုးနွယ် သိုင်းကျင့်ကြံသူသည် လေ့ကျင့်ရေးကွင်းပြင်သို့ လျှောက်ဝင်လာခဲ့၏။ ထိုသူသည် နဝမမြောက် ဂိတ်တံခါးတွင် တစ်ချိန်လုံး သေချင်ဟန်ဆောင်နေသည့် စုန့်တယ်ဟန်ပင် ဖြစ်တော့သည်။
ဟဲ ဟဲ ဟဲ
သူသည် သွားဖြီးကာ ပြောလိုက်၏။ "ကျေးဇူးပြုပြီး စပါ"
တစ်ဖက်လူသည် အလွန်ပြုံးချိုနေသည်ကို မြင်ရသည့် အခါမှာတော့ ရီရှင်းချန်သည် မျက်မှောင်ကုတ်လိုက်မိသည်။
"ပေါင်းစပ်မယ်"
စုန့်တယ်ဟန်သည် ရွှေရောင်ဝိညာဉ်ကို ပိုင်ဆိုင်၏။ ထို့ကြောင့် ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ရီရှင်းချန်နှင့် ပေါင်းစပ်သွား၏။ အလင်းတန်းများ ပျောက်ကွယ်သွားချိန်မှာတော့ ရီရှင်းချန်၏ ဆံပင်များသည် ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့၏။
ဘုန်း … ဘုန်း …. ဘုန်း ….။
ညအင်ပါယာသည် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေပြီး လက်သီးချက် အနည်းငယ်ကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်၏။ မျက်နှာပေါ်တွင်တော့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့သည်။ ပေါင်းစပ်ပြီးနောက် သူ၏ အားအဆင့်သည် အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းအထိ တိုးတက်သွားခဲ့၏။ သို့ပေမဲ့ ကျန်းချီ ကုန်ဆုံးမှုမှာလည်း ယခင်ကထက် ပိုမိုမြန်ဆန်သည်။
ကြည့်ရှုရသည်မှာ ရွှေရောင်ဝိညာဉ်၏ အမူအကျင့်သည် တိုက်ခိုက်ရေးစွမ်းရည်ကို အဆုံးစွန်ထိ တိုးတက်စေနိုင်သည့် အရာဖြစ်၏။ ထို့အတူ တစ်ချိန်တည်းမှာပဲ စွမ်းအင်ကိုလည်း အလွန်အမင်း ကုန်ဆုံးစေသည်။
အမူအကျင့်အရ ပြောရမည်တိုလျှင် လီချင်းယန်သည် တည်ငြိမ်လွန်းလှသူ ဖြစ်၏။ ထို့ကြောင့် အစိမ်းရောင်ဝိညာဉ်ကို ရွေးချယ်ခြင်းသည် မှန်ကန်သော ရွေးချယ်ခြင်း ဖြစ်၏။ အားအင်အဆင့်ကို တန်ဖိုးထားပြီး တိုက်ခိုက်ခြင်းကို ခုန်မင်တတ်သည့် ရီရှင်းချန်အနေဖြင့် ရွှေရောင်ဝိညာဉ် နှင့် လိုက်ဖက်ညီလှ၏။
ခရမ်းရောင်ဝိညာဉ်၊ အနီရောင်ဝိညာဉ် နှင့် ကျန်ဝိညာဉ်များကို စမ်းသပ်ပြီးသည့်အခါမှာတော့ တစ်ချို့သည် အကာအကွယ်ကို တိုးတက်စေ၏။ တစ်ချို့သည် အမြန်နှုန်းကို တိုးတက်စေ၏။ တစ်ချို့သည် ဝိညာဉ်စွမ်းအင်ကို အားကောင်းစေပြီး တစ်ချို့မှာတော့ နည်းစနစ်များဖန်တီးသည့်နေရာတွင် အားကောင်းစေခဲ့၏။ အရာအားလုံးသည် အဆင်ပြေလျက်ရှိသည်။
"ကျုပ်အခု သိသွားပြီ"
ကျွင်းချောင်ရှောင်းသည် သဘောပေါက်စွာဖြင့် ပြောလိုက်၏ "ခင်ဗျားတို့ ဝိညာဉ်မျိုးနွယ်တွေဆိုတာ ပြိုင်စံရှားဂိုဏ်းကို ကူညီဖို့ မွေးဖွားလာကြတာပဲ။"
“………” နှင်းဆီဧကရီသည် ဆွံ့အလျက် ရှိနေ၏။
သူမသည် သူမယောကျာ်း၏ ပြုမူဆောင်ရွက်မှုများကို မတားဆီးချေ။ အဘယ့်ကြောင့်ဆိုသော် ထာဝရလောကကြီးသို့ ခေါ်ဆောင်ပြီးနောက် ဝိညာဉ်မျိုးနွယ်များသည် ကြီးမားသောအကျိုးကျေးဇူး ရရှိမည် ဖြစ်ကြောင်း သိရှိသောကြောင့်ပင်။
.............
သေခြင်းရှင်ခြင်း လျို့ဝှက်နယ်မြေ ……။
လီချင်းယန်၊ စုရှောင်မို၊ ရီရှင်းချန်နှင့် အခြားသော အတွင်းစည်းတပည့်များတို့သည် ဂုဏ်ယူစွာဖြင့် ရပ်လျက် ရှိနေ၏။ ၎င်းတို့၏ ဘေးတစ်ဖက်ဆီမှာတော့ ဝိညာဉ်ကျင့်ကြံသူများက တစ်ယောက်ချင်းစီ ရပ်တန့်နေကြ၏။
"အားလုံး အဆင်သင့်ပဲလား"
"အဆင်သင့်ပဲ"
"ထမင်းကြော်တွေကော ယူခဲ့သေးလား"
"ယူခဲ့သေးတယ်"
"ဒါဆိုလည်း ဝင်လိုက်ကြရအောင်"
အားလုံးအဆင်သင့်ဖြစ်ပြီးနောက်မှာတော့ သေခြင်းရှင်ခြင်း လျို့ဝှက်နယ်မြေထဲသို့ ဝင်လိုက်၏။
ချက်ချင်းပဲ ကျယ်လောင်သော အသံကြီးသည် ထွက်ပေါ်လာ၏။ လီချင်းယန်၊ စုရှောင်မို၊ ရီရှင်းချန်နှင့် အခြားသော လက်ရွေးစင် တပည့်များသည် ငရဲခန်း လေ့ကျင့်မှု ပုံစံကို ရွေးချယ်လိုက်ကြသည်။
"ချီးတဲ့မှ"
လီထျန်းထျန်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "စီနီယာတွေက ငရဲခန်း လေ့ကျင့်မှုပုံစံကို စိန်ခေါ်နေပြီပဲ"
"ဟာ … တကယ်ကြမ်းနေတာပဲ" စာကြည့်ခန်းထဲတွင် ထိုင်နေသော ကျွင်းချောင်ရှောင်းက ရယ်မောလိုက်သည်။
တောင်၏ အနောက်ဖက်တွင် ရှိနေသော သေခြင်းရှင်ခြင်း လျို့ဝှက်နယ်မြေ စတင် ပေါ်ပေါက်လာကတည်းက အခုအထိ ငရဲခန်းလုပ်ဆောင်မှုပုံစံကို ကျော်ဖြတ်ဖူးသူဟူ၍ တစ်ယောက်မှမရှိချေ။ ယခု ဝိညာဉ်မျိုးနွယ် ကျင့်ကြံသူများ၏ အကူအညီနှင့်ဆိုလျှင် ပြဿနာကြီး မဟုတ်နိုင်ပေ။ သို့ပေမဲ့ ပြဿနာကြီးတစ်ခုက တည်ရှိနေသေး၏။
လီချင်းယန်နှင့် အခြားသူများသည် အထဲသို့ ဝင်ရောက်ကာ အားရပါးရ တိုက်ခိုက်ရန် ပြင်ဆင်နေချိန်မှာတော့ ရီရှင်းချန်သည် အပြင်သို့ ပြန်ထွက်လာရ၏။ သူသည် ရှေ့မှပြေးလျက်ရှိနေသော စုန့်တယ်ဟန်ကို လည်မြိုမှ ဖမ်းဆုပ်ပြီး ဒေါသတကြီး အော်ဟစ်နေသည်။ "ချီးတဲ့မှ ….. ခင်ဗျားက ဘာလို့ထွက်ပြေးတာလဲ"
"ကျုပ် … ကျုပ်ကြောက်လို့ပေါ့ဗျ"