အခန်း ၁၇၃၈
Vol. 117 Ch. 1738
အပိုင်း (၁၇၃၈)
ပြောရမည်ဆိုလျှင် ဝိညာဉ်မျိုးနွယ်များ ထပ်ပေါင်း ရောက်ရှိလာခဲ့ခြင်းသည် ပြိုင်စံရှားဂိုဏ်း၏ အလုံးစုံသော တိုက်ခိုက်ရေးစွမ်းရည်ကို ကြီးကြီးမားမား တိုးတက်သွားစေခဲ့၏။ လက်ရွေးစင်တပည့်များအနေဖြင့် ငရဲခန်း လုပ်ဆောင်မှုပုံစံကို စိန်ခေါ်ရန် သတ္တိများ ရရှိလာခဲ့သည်။
ဟုတ်ပေသည်။ လက်ရှိအချိန်မှာတော့ လျှို့ဝှက်နယ်မြေများ နည်းပါးလျက် ရှိနေသေး၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အချိန်သာရပါက စတိုးထဲသို့ ဝင်ရောက်ကာ Refresh လုပ်ရန် စဉ်းစားလျက် ရှိနေ၏။ ထိုမှသာလျှင် သူသည် လျှို့ဝှက်နယ်မြေ တော်တော်များများကို ထပ်မံကာ ရရှိမှာဖြစ်၏။
“အမ်”
စနစ်က ပြောလိုက်သည်။ “မင်းက အချိန်ကို စောင့်နေတာမှ မဟုတ်တာ။ မင်းရဲ့ အမှတ်သုံးခု ပြည့်လာအောင် စောင့်နေတာ မဟုတ်လား”
“အင်း... ဘာပဲပြောပြော ငါ စတိုးထဲကို ဝင်ပြီးတော့ အမှတ်တွေ သုံးမယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား” ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်၏။
သူ့အနေနှင့် စတိုးထဲသို့ ဝင်ရောက်ကာ Refresh လုပ်မည့် အခွင့်အရေးမျိုး မရှိတော့ချေ။ အထက်နယ်မြေသို့ ရောက်ရှိပြီးနောက် တစ်ခါတည်း အမှတ်အားလုံးကို အသုံးပြုရသည့် အခြေအနေသို့ ရောက်ရှိနေခဲ့သည်။
“ကောင်းပြီ”
စနစ်က ပြောလိုက်၏။ “နောက်ဆိုရင် ကြယ်တာရာစိတ်ဝိညာဉ်လောက က တပ်တွေ လိုက်လာပြီ ဆိုရင် မင်းသာ အမှတ်ပြည့်ရှိအောင် လုပ်ထား”
“အစွမ်းသာရှိမယ်ဆိုရင် အမှတ်သုံးခုလုံးကို ကုန်အောင်သုံးစရာ မလိုဘူးလေ။ ဘာပဲပြောပြော ငါအချိန် မဖြုန်းချင် တော့ဘူး” ကျွင်းချောင်ရှောင်းက တုံ့ပြန်လိုက်သည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီး ဖျက်ဆီးခံလိုက်ရသောကြောင့် သူသည် ထိုသူအားလုံးကို ဖျက်ဆီးချင်စိတ်သာ တည်ရှိ၏။ ထို့ကြောင့် အမှတ်သုံးခုလုံး ကုန်ဆုံးသွားရမည်ဆိုလျှင်တောင်မှ သူသည် ကျိန်းသေပေါက် ဤအရာကို အသုံးပြုမှာဖြစ်၏။
ဖြစ်နိုင်မည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် စနစ်၏ အကူအညီကို မလိုချင်ပေ။ သူ့ကိုယ်သူ ဖြစ်နိုင်သမျှ အားအကောင်းဆုံးသော လူတစ်ယောက်ဖြစ်အောင် ကြိုးစားချင်မိ၏။ သို့ပေမဲ့ ဘယ်တော့မှ ဖြစ်လာနိုင်မည်နည်း ဆိုသည်ကို သေသေချာချာ မသိနိုင်ပေ။
........
ကျယ်ပြောလှသည့် စကြဝဠာကြီးအတွင်းမှာတော့ ထာဝရ ရွက်သင်္ဘောကြီးသည် အမြန်ဆုံးနှုန်းဖြင့် ခရီးသွားလျက် ရှိ၏။ အနောက်ဘက်တွင် အလင်းတန်းများပါ ကျန်ရစ်ခဲ့၏။
ထာဝရလောကကြီးရှိ များပြားလှသော အရင်းအမြစ်များကို ပိုင်ဆိုင်နေပြီ ဖြစ်သောကြောင့် တခြားသော ဂြိုဟ်များဆီ သွားလာရန် မလိုအပ်တော့ချေ။ ထို့ကြောင့် တောင်ပင်လယ်နယ်မြေဆီသို့ ဖြစ်နိုင်သမျှ အမြန်ဆုံး ရောက်ရှိသွားရန် မျှော်လင့်ထားမိသည်။
အလိုအလျောက် မောင်းနှင်သည့်စနစ်ကို ပြောင်းလဲထားပြီးပြီဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် အချိန်အနည်းငယ်ပိုလျက်ရှိ၏။ ထို့ကြောင့် သူသည် ရံဖန်ရံခါ ဆိုသလို ကုကျောင်းရှစ်၏ အုတ်ဂူရှေ့ဆီသို့ သွားကာ ဝိုင်တစ်ပုလင်းနှင့် မြေပဲတစ်ပန်းကန်ကို ယူဆောင်ကာ အရက်မူးသည်အထိ သောက်သုံးလျက် ရှိနေ၏။ “ညီလေး.... မင်းနဲ့ငါက စကြဝဠာထဲမှ တွေ့ခဲ့တာလေ”
ကုကျောင်းရှစ်သည် ဂိုဏ်းအတွက် သူ့ကိုသူ စတေးခဲ့သည်ဖြစ်ကြောင်းကို ပြန်လည်ကာ တွေးတောလိုက်သည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် နှလုံးသားထဲကို ဓားနှင့်ထိုးစိုက်သလို ခံစားနေမိ၏။ ထို့ကြောင့် သူသည် တောင်ပင်လယ်နယ်မြေဆီသို့ သွားကာ သူ၏ညီငယ်ကို ရှာဖွေတွေ့ရှိပြီးသည့်နောက် နောက်တစ်ကြိမ် ဘယ်သော အခါမှ အသေခံဗုံးမခွဲခိုင်းရန် စဉ်းစားဆုံးဖြတ်ခဲ့တော့သည်။
“အတွင်းစည်းတပည့် လီချင်းယန်၊ စုရှောင်မိုနှင့် တခြားသောတပည့် ဆယ်ယောက်တို့သည် ငရဲခန်းလုပ်ဆောင်မှု ပုံစံကို ရွေးချယ်ခဲ့၏”
ထိုအချိန်မှာပဲ ကျယ်လောင်ပြီး ရှင်းလင်းလှသည့် အသံတစ်ခုသည် တောင်၏ အနောက်ဘက် ဆီမှ ဖြစ်တည်လာခဲ့၏။
ရက်အနည်းငယ်လောက် အနားယူပြီးသည့်နောက်မှာတော့ လီချင်းယန်နှင့် တခြားသူများသည် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေကို သွားရောက်ကာ စိန်ခေါ်လျက် ရှိနေ၏။ ဤတစ်ကြိမ်မှာတော့ သူတို့သည် သေသေချာချာ ပြင်ဆင်ထားခဲ့ကြ၏။ လက်ရွေးစင်တပည့်များ အပါအဝင်ဖြစ်ပြီး အကြီးဆုံး စီနီယာ အစ်မကြီး လုချင်းချင်းနှင့် နောက်ဆုံးတပည့် ဟယ်ဝူတီ၊ ဓားတာအိုကျွမ်းကျင်သူ ကျိုးဟုန်တို့ပါ ပါဝင်လျက် ရှိနေ၏။ တိုက်ခိုက်ရမည်ဆိုလျှင် သူတို့သည် အလုံးစုံသော လူအရေအတွက်နှင့် တိုက်ခိုက်တော့မည်ဖြစ်၏။ အမှားအယွင်းတစ်ခုမှ မပြုလုပ်ဘူး ဆိုလျှင် ဤအရာကို ကျော်ဖြတ်နိုင်ရန်အတွက် အခက်အခဲသိပ်မရှိလောက်ပေ။
ရွှီး
လျှို့ဝှက်နယ်မြေထဲသို့ ဝင်ပြီးသည့်နောက် ရီရှင်းချန်သည် စုန့်တယ်ဟန်၏ အင်္ကျီကော်လံစကို ဆွဲကာဖြင့် ဒေါသတကြီး သတိပေးလိုက်သည်။ “ဘာအန္တရာယ်ပဲတွေ့တွေ့ အကြောက်အလန့် ကင်းကင်းနဲ့ ရင်ဆိုင်ရမယ်။ ဒါ ပြိုင်စံရှားဂိုဏ်းရဲ့ ပထမဦးဆုံးဆောင်ပုဒ်ပဲ။ ခင်ဗျား နားလည်လား”
စုရှောင်မိုက တီးတိုးရေရွတ်လိုက်၏။ “ဒါ ပထမဦးဆုံး ဆောင်ပုဒ်တော့ မဟုတ်သေးပါဘူး”
“နား... နား...”
စုန့်တင်ဟန်သည် ကြောက်လန့်တကြားဖြင့် ပြောလိုက်သည်။ “နားလည်ပါတယ်”
သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရီရှင်းချန်၏ လေ့ကျင့်ပေးခြင်းကို ခံရ၏။ သူ၏ ဘဝသည် သေဆုံးသည်ထက်ပင် ပိုမိုကာ ဆိုးရွားလို့နေ၏။ ထို့ကြောင့် အကျိုးရှိမလား၊ အကျိုးမရှိမလားဆိုသည်ကို သိရှိနိုင်ရန်အတွက် တကယ်တမ်း တိုက်ခိုက်မှုမျိုးကို ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။
“အကြီးဆုံး စီနီယာအစ်မကြီး ... စလို့ရပြီလား”
“ငါတို့စလို့ရပြီ” လီချင်းယန်သည် ဂိုဏ်းထဲတွင် ဒုတိယတပည့်ဖြစ်၏။ ထို့ကြောင့် အထဲသို့ မဝင်ခင်တွင် အကြီးဆုံး စီနီယာအစ်မကြီးကို ခွင့်ပြုချက် တောင်းခံခဲ့ခြင်းပင်ဖြစ်၏။
ရွှီး
ထိုအချိန်မှာပဲ လုချင်းချင်းသည် လုံခြုံသည့် တည်နေရာဆီမှ ပျံသန်းထွက်ခွာသွားခဲ့ပြီးသည့်နောက် မွန်းစတားများ တည်ရှိနေသည့် တည်နေရာဆီသို့ နတ်သမီးလေးတစ်ပါးကဲ့သို့ပင် ဆင်းသက်သွား၏။ သူမ ခြေချလိုက်ရာ မြေပြင် တစ်ခုလုံးသည် ချက်ချင်းပဲ အေးခဲသွားခဲ့ပြီး ရေခဲပြင်ကြီးကဲ့သို့ ပြောင်းလဲသွားလေသည်။
ဝုန်း ဝုန်း
လျှို့ဝှက်နယ်မြေကြီးသည် ချက်ချင်းပဲ အသက်ဝင်ပြီးသည့်နောက် မွန်းစတား တစ်ဒါဇင်ကျော်တို့သည် အသက်ဝင် လာခဲ့၏။
လီချင်းယန်သည် ဆွံ့အလျက် ရှိ၏။ ဂျူနီယာညီလေးရီသည် လုံလုံလောက်လောက် အဆင်ခြင်မဲ့ ပြုလုပ်တတ်သည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ စီနီယာအစ်မကြီးနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် စီနီယာအစ်မကြီး မှာတော့ တစ်ပန်းသာလေသည်။
ဖြောက် ဖြောက် ဖြောက် ဖြောက်
ထိုအချိန်မှာတော့ အအေးလွှာများ ဖြတ်သန်းသွားသည့် တည်နေရာတစ်ခုလုံးသည် ရေခဲများ ဖြစ်တည်လျက် ရှိနေပြီး မွန်းစတားသားရဲများအားလုံးသည် အေးခဲသွားခဲ့၏။ ၎င်းတို့အားလုံးသည် ရေခဲရုပ်ထုများကဲ့သို့ပင်။ သုန်မှုန်လျက်ရှိနေသည့် ပတ်ဝန်းကျင် တည်နေရာကြီးတစ်ခုလုံးတောင်မှ အေးခဲနေ၏။
“အေးလိုက်တာ” စုရှောင်မိုသည် ပခုံး တွန့်လိုက်မိသည်။
ချလွမ်
သူ၏ ဘေးနားတွင် ရှိနေသော ကျိုးဟုန်သည် ဓားကိုဆွဲထုတ်လိုက်၏။ သူသည် တစ်ခါတည်း ဓားကို ပြန်လည် ထည့်သွင်းပြီးသားဖြစ်၏။ ချက်ချင်းဆိုသလိုပဲ ဓားချီများသည် တည်နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီးသည့်နောက် အေးခဲလျက် ရှိနေသည့် မွန်းစတားသားရဲများကို တစ်ခါတည်း ပိုင်းဖြတ်သွားလေ၏။
ရွှီး
ထက်ရှလှသည့်ဓားသည် တည်နေရာတစ်ခုလုံးတွင် ရှိနေသည့် အေးခဲနေသော သတ္တဝါများအားလုံးကို ခုတ်ပိုင်းလိုက်သည်။
ဝှစ်
ကျိုးဟုန်သည် လုချင်းချင်းအနောက်သို့ ခုန်ဆင်းလိုက်၏။
ဖြောက် ဖြောက် ဖြောက်
ထိုအချိန်မှာပဲ ရေခဲအားလုံးသည် ပျက်စီးသွားခဲ့သည်။
ဖြောက် ဖြောက်
မွန်းစတားသားရဲများ၏ ခေါင်းသည် အောက်သို့ပြုတ်ကျပြီး ခန္ဓာကိုယ်နှင့်ခေါင်း ချိတ်ဆက်မှု ကွဲလွဲကုန်၏။
လီချင်းယန်သည် ဆွံ့အသွားမိ၏။ “ဒီလိုပဲ ပြီးသွားတာလား”
ဝေါင်း
တစ်ချိန်တည်းမှာပဲ ဒေါသတကြီး အော်ဟစ်သံများသည် အဝေးဆီမှ ထွက်ပေါ်လာခဲ့၏။ ပြီးနောက် ပုဆိန်ကြီး တစ်လက်ကို ကိုင်ဆောင်ထားပြီး ကြီးမားလှသည့် တိုက်ပွဲဝင် ချပ်ဝတ်ကြီးကို ဝတ်ဆင်ထားသည့် သတ္တဝါ တစ်ကောင်က ပေါ်ပေါက်လာခဲ့သည်။
ခက်ခဲမှုအရ ပြောရမည်ဆိုလျှင် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေတွင် အဆင့်ကြီး သုံးဆင့်ရှိ၏။ ငရဲခန်း လုပ်ဆောင်မှုပုံစံတွင် အဆင့်တစ်ခုချင်းဆီတိုင်း၌ တိုက်ခိုက်ရမည့်ဆရာကြီး တစ်ဦးစီ ရှိ၏။ သူတို့အနေနှင့် ဒုတိယအဆင့်သို့ ဝင်ရောက်နိုင်ရန်အတွက် ထိုဆရာကြီးအား သတ်ဖြတ်ပစ်မှ ဖြစ်ပေလိမ့်မည်။
“ဂျူနီယာညီလေးရီ”
လီချင်းယန်က အော်ဟစ်လိုက်သည်။ “သွားကြရအောင်”
ရှောင်ကျီသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ လှမ်းတက်လိုက်၏။ သူသည် ဝတ်စုံပြည့်ဝတ်ဆင်ထားခဲ့ပြီးဖြစ်ပြီး သူ၏ ရှေ့တွင် သံမဏိဒိုင်းကာကြီးကို ထားရှိထား၏။
စုရှောင်မို၊ လီဖေးနှင့် တခြားသောသူများသည် အလကား မနေကြချေ။ အရှေ့မှ အကာအကွယ်အဖြစ် လှမ်းတက်နေသူတစ်ယောက်ရှိပြီဖြစ်သောကြောင့် တည်နေရာအနှံ့ အသီးသီးဆီသို့ သွားရောက်ကာဖြင့် အချိန်မရွေး တိုက်ခိုက်နိုင်ရန် ပြင်ဆင်ကြတော့သည်။
စုန့်တယ်ဟန်၏ ထောက်ပံ့မှု တည်ရှိနေပြီဖြစ်သောကြောင့် ရီရှင်းချန်သည် အရှေ့သို့ လှမ်းတက်လိုက်ပြီး တိုက်ခိုက်လျက်ရှိသည်။ သို့ပေမဲ့ စိုးတထိတ်ထိတ်ဖြင့် တိုက်ခိုက်နေရခြင်းဖြစ်သည်။ တစ်ဖက်လူသည် ကြောက်လန့်ကာဖြင့် သစ္စာဖောက် ထွက်ပြေးမည်ကို စိုးရိမ်နေရသေး၏။
ဘုန်း
ရှောင်ကျီသည် အရှေ့သို့ လှမ်းတက်လိုက်ပြီးသည့်နောက် သံမဏိဒိုင်းကာကြီးကို ဝှေ့ယမ်းကာ လူ့ဘီလူးကြီး၏ ဦးခေါင်းကို ထုနှက်လိုက်၏။ ပြီးနောက် သူသည် နောက်ဘက်သို့ လွှင့်စင်သွားခဲ့သည်။
လီချင်းယန်၊ စုရှောင်မိုနှင့် တခြားသောသူများ အားလုံးသည်လည်း အခြေအနေကို ကြည့်ရှုကာ လှုပ်ရှားလျက် ရှိ၏။ ၎င်းတို့သည် သိုင်းကျင့်ကြံခြင်း နည်းစနစ်များကို အကုန်လုံးထုတ်သုံးကာဖြင့် ရှိရှိနေသမျှသော သားရဲများကိုလည်း ဝင်ကာ တိုက်ခိုက်ကြ၏။
ရီရှင်းချန်သည် တိုက်ခိုက်ရာတွင် အစွမ်းကုန် ထုတ်မပြနိုင်သလိုဖြစ်နေသည်။ စုန့်တယ်ဟန် တစ်ယောက် ထွက်ပြေးမည်ကို စိုးရွံ့နေရသောကြောင့် တွန့်ဆုတ်မိနေခြင်းဖြစ်သည်။ ထို့ကြောင့်ပင် အနောက်ဘက်သို့ ရောက်ရှိနေသည်။
သို့ပေမဲ့ သူ့အား ရေတွက်ရမည်ဆိုလျှင် နောက်ဆုံး၏ ဒုတိယမြောက်နေရာတွင်ရှိ၏။ မည်သူသည် နောက်ဆုံးရောက်နေသနည်း။ သံသယရှိစရာမလိုစွာပင် ဟယ်ဝူတီသာ ဖြစ်၏။
ဂိုဏ်းတစ်ခုလုံးတွင် သတိအပြည့်နှင့် သိုသိုသိပ်သိပ် နေထိုင်တတ်သူတစ်ယောက် ဖြစ်သောကြောင့် သူသည့် စွမ်းအင်ကို ချွေတာကာဖြင့် နေထိုင်တတ်သူ တစ်ယောက်ဖြစ်သည်။
ပထမအဆင့်တွင် တွေ့ဆုံရသည့်ဆရာကြီးသည် ခက်ခဲမှု မရှိလှချေ။ ထို့ကြောင့် ရှောင်ကျီသည် အတွင်းစည်း တပည့်များနှင့် ပူးပေါင်းကာဖြင့် ထိပ်ဆုံးမှ ဦးဆောင်ကာ လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်ခဲ့၏။
ဝေါင်း
တစ်နာရီခန့် ကြာပြီးသည့်နောက်မှာတော့ ချပ်ဝတ်အပြည့်နှင့် လူထွားကြီးသည် မြေပေါ်သို့ လဲကျကာ သေဆုံး သွားခဲ့၏။ ပြီးနောက် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။
လက်ရှိအခြေအနေမှာတော့ ငရဲခန်း လုပ်ဆောင်မှု၏ ပထမအဆင့် ဆရာကြီးအား သတ်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး ထိုအရာသည် ပြိုင်စံရှားဂိုဏ်း လက်ရွေးစင် တပည့်များအားလုံးအတွက် အောင်ပွဲတစ်ခုပင် ဖြစ်လေ၏။
ဝှစ် ဝှစ်
တစ်ချိန်တည်းမှာပဲ အလင်းတန်းများသည် ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ပေါင်းစပ်သွား၏။ ထိုအလင်းတန်းများ၌ နက်နဲလှသည့် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ ပါဝင်လျက် ရှိနေသည်။ အားလုံးသော သူများသည် အတွေ့အကြုံအမှတ်များ ရရှိနေကြသည်။
“ကောင်းလိုက်တာ”
စုရှောင်မိုသည် မျက်လုံးကိုမှိတ်ကာ ငြိမ်ငြိမ်သက်သက်ခံစားလျက် ရှိနေ၏။ အတွေ့အကြုံ အမှတ် အားလုံးသည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်သို့ ဝင်ရောက်နိုင်ရန် သူ့အား ကူညီမပေးဘူး ဆိုသော်လည်း သိုင်းပညာ နှင့်ပတ်သက်သည့် နက်နဲလှသည့် သဘောများကို နားလည်လာခဲ့၏။ အဆင့်ချိုးဖြတ်ရန် လိုအပ်သည့် အချိန်မျိုးတွင် သူသည် ဤအရာကို အသုံးပြုကာဖြင့် ချိုးဖြတ်နိုင်စွမ်း ရှိပေလိမ့်မည်။
ဒွီ
ခဏလောက်ကြာပြီးသည့်နောက် အားလုံးသောသူတို့သည် ဒုတိယအဆင့်ဆီသို့ လှမ်းတက်လိုက်ကြ၏။ ငရဲခန်း လုပ်ဆောင်မှုပုံစံသည် ထင်မှတ်ထားသည့်အတိုင်းပင် တဖြည်းဖြည်း ပိုမိုကာ ခက်ခဲလာ၏။
လုချင်းချင်းသည် ဒုတိယအဆင့်သို့ ရောက်ရှိသည့်အချိန်မှာတော့ အဆင်ခြင်မဲ့ မလှုပ်ရှားတော့ဘဲ သတိအပြည့်နှင့် စတင်ကာ လှုပ်ရှားလာခဲ့လေသည်။