← Chapters

အခန်း ၁၇၃၉

Vol. 117 Ch. 1739

အခန်း ၁၇၃၉

Vol. 117 Ch. 1739

အပိုင်း (၁၇၃၉)

နောက်တော့ ...

လီချင်းယန် နှင့် တခြားသူများသည် နောက်တစ်ဆင့်ဆီသို့ ရောက်ရှိသွားကြသည်။

လုချင်းချင်းနှင့် ကျုံးရီတို့ အစွမ်းကြောင့် မွန်းစတားများကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ခဲ့ကြပြီး ဒုတိယအဆင့်၏ နောက်ဆုံးဆရာကြီးနှင့် ထပ်မံကာ ရင်ဆိုင်ကြရ၏။

ထိုဆရာကြီးသည်လည်း ကြီးမားလှသော ချပ်ဝတ်ကို ဝတ်ဆင်ထားသော လူထွားကြီးဖြစ်သော်လည်း စီးတော် သတ္တဝါတစ်ကောင်ကို စီးနင်းထားသည်။ တိုက်ခိုက်ရာ၌ သူ၏ သခင်ကို ကူညီပြီး တိုက်ခတ်တတ်သေးသည်။

ကြိုးစား၍ တိုက်ခိုက်ကြသည် ဆိုသော်လည်း ဂရုမစိုက်ဘဲ တစ်ချက်ကလေး ပြုမူလိုက်မိသောကြောင့် တစ်ဖွဲ့လုံး သေဆုံးသွားခဲ့ရ၏။

“ချီးတဲ့မှ”

အားနည်းလာသလို ခံစားရချိန်မှာတော့ ရီရှင်းချန်သည် ဘေးတစ်ဖက်တွင် ရှိနေသော စုန့်တယ်ဟန် ၏ လည်ပင်းအား ညှစ်ကာ ပြောလိုက်သည် “ခင်ဗျားကို ဘယ်အချိန်မှာ အားကိုးရမှာလဲ”

ဟုတ်ပေသည်။ သူ့အား အပြစ်တင်၍လည်း မဖြစ်ချေ.။ လျှို့ဝှက်နယ်မြေထဲသို့ ဝင်လာပြီးတည်းက သတိကြီးကြီး ထားနေရသောကြောင့် စိတ်လွတ်ကိုယ်လွတ်ကို မတိုက်ခိုက်ရသေးချေ။ ထို့ကြောင့် ရီရှင်းချန်သည် သူ၏ ဒေါသတရားများကို စုန့်တယ်ဟန် ဆီ ပုံချနေခြင်း ဖြစ်၏။

လီချင်းယန်သည် ဘေးတစ်ဖက်ဆီမှ နှစ်သိမ့်ပေးလိုက်သည် “နောက်တစ်ကြိမ် တိုက်ခိုက်ကြတာပေါ့”

သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေသည် လူများကို အစစ်အမှန်မသေစေနိုင်ပေ။ သို့ပေမဲ့ အချိန်ကာလ တစ်ခုထိ အားနည်းသွားစေနိုင်၏။ မည်သို့ပင် ဆိုစေကာမူ ဤတည်နေရာသို့ ခဏခဏရောက်လာပြီး တိုက်ခိုက်ရင်းနှင့် အသားကျ ရင်းနှီးသွားနိုင်၏။

သေချာပေ၏။ မကြာခဏ လာရောက် တိုက်ခိုက်နေရင်းနှင့် နှစ်လလောက်ကြာမြင့်ပြီးနောက်မှာတော့ သူတို့သည် ဒုတိယအဆင့်၏ နောက်ဆုံးဆရာကြီးကို တိုက်ခိုက်ရင်း အနိုင်ရယူခဲ့နိုင်သည်။

ဝှစ် .. ၊

မြေပေါ်၌ ခြေချိတ်ကာ ထိုင်လျက်ရှိနေသော စုရှောင်မိုသည် အလင်းတန်းများ၏ လွှမ်းခြုံမှုကို ခံရပြီးနောက် ခန္ဓာကိုယ်ဆီမှ ဆန်းကြယ်လွန်းသော အော်ရာများ ထွက်ပေါ်လာခဲ့၏။ “ကျုပ် အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ကို ချိုးဖျက်နိုင်ခဲ့ပြီ”

ပထမအဆင့်၏ ဆရာကြီးကို တိုက်ခိုက်အနိုင်ယူခဲ့စဉ်က သူသည် အဆင့်ချိုးဖျက်ရန် အလှမ်းဝေးကွာသေးသည်။ ဒုတိယ ဆရာကြီးကို အနိုင်ယူနိုင်ချိန်မှာတော့ ချက်ချင်းပဲ အဆင့်တက်ခဲ့သည်။ ဤအရာသည် ငရဲခန်းလုပ်ဆောင်မှု၏ ဆုလဘ်ပင် ဖြစ်တော့သည်။

“ကျုပ်လည်း အဆင့်ချိုးဖျက်လု နီးပါးပဲ” လီဖေးက ပြောလိုက်၏။

သူ နှင့် စုရှောင်မိုတို့သည် ရီရှင်းချန်တို့လောက် ပါရမီ မကြီးမားသော်လည်း ကြိုးစားကြသည်။ လက်ရှိအချိန်၌ အစစ်အမှန် ရှာဖွေခြင်း အထက်အဆင့်၍ ပိတ်မိနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။

တကယ်တော့ အစစ်အမှန် ရှာဖွေခြင်း အထက်အဆင့်သို့ ရောက်ရှိခြင်း ဆိုသည်မှာ တပည့်များကြား၌ တော်လွန်းသည်ဟု သတ်မှတ်ရပေမည်။ ယုစီနန်ကဲ့သို့သော အကြီးအကဲပင်လျှင် အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်၌သာတည်ရှိသည် မဟုတ်ပါလား။

အစစ်အမှန်ရှာဖွေခြင်းအဆင့်နှင့် နတ်ဘုရားလျှို့ဝှက်နယ်မြေတို့ကြား၌ ကွာခြားချက် ကြီးမားလွန်းသည်။ ဓာတ်တစ်ထောင် အုပ်စိုးသူ ဝိညာဉ်ကို အမွေဆက်ခံခဲ့သော ဟွာမင်ကွေ့ပင်လျှင် နတ်ဘုရားလျှို့ဝှက်အဆင့်သို့ ခြေလှမ်းရန် ပြင်တုန်းဖြစ်သည်။

…..

တတိယ အဆင့်၏ နောက်ဆုံး ဆရာကြီး တိုက်ခိုက်ချိန်မှာတော့ ရှောင်ကျီ နှင့် စုရှောင်မို တို့သည် မြေပေါ်သို့ လဲကျသွားသည်။ နှစ်ယောက်လုံးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားကြ၏။

“……….”

ထိုအရာကို မြင်တော့ လီချင်းယန်က တွေးလိုက်သည် “သွားပြန်ပြီလား”

ဒုတိယအဆင့်၏ ဆရာကြီးကို အနိုင်ယူပြီးသည့်နောက် သူတို့သည် ဤအဆင့်၏ ဆရာကြီးကို ဆယ်ကြိမ်တိတိ လာရောက် တိုက်ခိုက်ပြီးဖြစ်၏။ အကြိမ်တိုင်း ရှုံးနိမ့်လျက်ရှိနေသည်။ ကျော်ဖြတ်ရန် နည်းလမ်းကိုလည်း စဉ်းစား၍မရသေးချေ။

“ဝေါင်း”

ဒေါသတကြီးအော်ဟစ်သံ က ထွက်ပေါ်လာ၏။

ခေါင်းကိုးလုံး မြွေသားရဲကြီးသည် ပါးစပ်ထဲမှ အဆိပ်များနှင့် အားလုံးကို ပစ်လွှတ်တိုက်ခိုက်နေသည်။

လီချင်းယန်နှင့် တခြားသူများသည် အကူအညီမဲ့စွာဖြင့် ပခုံးသာ တွန့်လိုက်မိကြသည်။ သူတို့သည် ဤအရာကို ဆယ်ကြိမ်ကျော် အတွေ့အကြုံရပြီးဖြစ်နေ၏။

“သတိထား”

ထိုအချိန်မှာတော့ ရှောင်ကျီသည် ဒိုင်းကိုမြှောက်ပြီး နောက်ဆုံးကာကွယ်မှုအဖြစ် အားလုံးကို ကာကွယ်ပေးလိုက်သည်။ ပြီးနောက် အားလုံး၏ အကြည့်အောက်မှာပဲ ရှောင်ကျီသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေတော့သည်။

ဘန်း ...။

ကာကွယ်ပေးသူ မရှိတော့သည့်နောက် လီချင်းယန်နှင့် တခြားသူများသည်လည်း တစ်ယောက်ပြီး တစ်ယောက် သေဆုံးကုန်ကြ၏။

လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်မှာတော့ ....

ရှောင်ကျီသာည် အားပြတ်သလို ပြောလိုက်မိသည် “ကျုပ်တို့ မနိုင်ဘူးဖြစ်နေတယ်”

“ဟင်း”

လီချင်းယန် က ပြောလိုက်၏ “ဒီမှာ ရပ်ကြရအောင်။ အားလုံး အားကောင်းလာမှ နောက်တစ်ကြိမ် စိန်ခေါ်ကြတာပေါ့”

“ဒုတိယ စီနီယာအစ်ကို”

စုရှောင်မိုသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည် “ကျုပ် မကျေနပ်နိုင်ဘူး”

အချိန်အတော်ကြာသည်အထိ ကြိုးစားပြီးမှသာ သူတို့ နောက်ဆုံးဆရာကြီးဆီ ရောက်ရှိခဲ့ခြင်းဖြစ်၏။ အရှုံးပေးရမည်ဆိုလျှင်တောင်မှ ဝင်ခွင့်အချိန်ကာလ မကုန်ခင်ထိသာ ဖြစ်ရပေမည်။ အားလုံး အားကောင်းလာအောင် အချိန်အကြာကြီး မစောင့်ချင်ပေ။

အခြားတစ်ဖက်က ပြောရမည်ဆိုလျှင် ညအင်ပါယာသည် အလွန်တည်ငြိမ်လျက်ရှိသည်။

စုန့်တယ်ဟန် ကူညီသည်ဆိုလျှင်တောင်မှ သူ ဘာမှမလုပ်နိုင်ပေ။ အားကုန်ထုတ်ကာ တိုက်ိခုက်မည် ဆိုလျှင်တောင်မှ ဤအဆင့်ကို မကျော်ဖြတ်နိုင်သေးကြောင်း ကောင်းကောင်းနားလည်၏။

“သွားကြစို့”

လီချင်းယန်သည် ကြိုးစား၍ မတ်တပ်ထရပ်ကာ ပြောလိုက်သည် “အချိန်ကန့်သတ်ချက် ပြီးသွားချိန်ထိ ဇွဲကောင်းကောင်းနဲ့ လေ့ကျင့်ကြတာပေါ့။ မကြာခင်မှာ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရမယ်”

“ကျုပ်လည်း အဲလိုပဲ ထင်တယ်”

အသံတစ်သံက ထွက်ပေါ်လာသည် “နောက်တစ်ကြိမ် ထပ်ပြီး စိန်ခေါ်ကြတာပေါ့”

လီချင်းယန်နှင့် တခြားသူများသည် နောက်သို့ လှည့်ကာ ကြည့်လိုက်ချိန်မှာတော့ ဟယ်ဝူတီ ကို မြင်လိုက်ရ၏။

“ဂျူနီယာညီလေး”

စုရှောင်မိုသည် နာနာကျင်ကျင်နှင့် ပြောလိုက်သည် “ငါတို့ မြွေသားရဲကြီးကို မနိုင်နိုင်ဘူး ဖြစ်နေတယ်။ ဘယ်က ယုံကြည်ချက်တွေ ရလို့ ဒီလို ပြောနေတာလဲ”

“ကျုပ်ကို ယုံပါ”

ဟယ်ဝူတီသည် လေးလေးနက်နက် ပြောလိုက်၏ “နောက်တစ်ကြိမ် ထပ်စိန်ခေါ်ကြတာပေါ့”

အမြဲတန်း သိုသိုသိပ်သိပ် ဖြင့် ရှိနေတတ်သော ဂျူနီယာညီလေးရီသည် လက်ရှိအချိန်၌ အာမခံ ကာ ပြောဆိုလျက်ရှိနေသည်။ အားလုံးသည် ကြောင်အအဖြင့် ဇဝေဇဝါဖြစ်မိနေသည်။

“ဟုတ်တယ်”

ရီရှင်းချန်သည် မတ်တပ်ထရပ်ကာ ပြောလိုက်၏ “ကျုပ်တို့က ပြိုင်စံရှားဂိုဏ်းသားတွေ .... ဘယ်လိုလုပ် လွယ်လွယ် နဲ့ လက်လျော့ပေးလို့ ရမှာလဲ”

“………….”

လီချင်းယန် နှင့် စုရှောင်မိုတို့သည် တိတ်ဆိတ် ငြိမ်သက်သွားသည်။

“ခုနှစ်ရက်ကြာပြီးရင် ....”

လုချင်းချင်းက အတည်ပြုလိုက်သည် “ဒီမှာစုစည်းကြမယ်”

“ကောင်းပြီ”

စီနီယာအစ်မကြီး ကိုယ်တိုင်ပြောနေသည်ဆိုမှတော့ ကျရှုံးရမည်ဆိုလျှင်တောင်မှ စုဝေးမှ ဖြစ်ပေတော့မည်။

တောင်ထွတ်ပေါ်တွင် ထိုင်လျှက်ရှိနေသော ကျွင်းချောင်ရှောင်းသည် သခွာသီးတစ်ခုကို ကိုင်ရင်း တီးတိုးပြောလိုက်၏ “မင်းတို့အတွက် ငါ ဂုဏ်ယူတယ်”

လွယ်လွယ်နှင့် အလျော့မပေးခြင်း။ ဤအရာသည် ပြိုင်စံရှားဂိုဏ်း၏ စိတ်ဓာတ် အခြေခံပင် ဖြစ်လေသည်။

…………..

ခုနှစ်ရက် ကြာပြီးသည့်နောက် .....

လီချင်းယန် နှင့် တခြားသူများသည် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၏ ရှေ့တွင် ရပ်လျှက်ရှိနေကြ၏။

“ဝင်ကြစို့”

“သွားမယ်”

အားလုံးတို့သည် နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ လေဝဲထဲသို့ ဝင်ရောက်လိုက်ကြသည်။

ဒုတိယအဆင့် ဆရာကြီးကို အနိုင်ယူပြီး ဖြစ်သောကြောင့် တတိယအဆင့်သို့ တစ်ခါတည်း ရောက်ရှိသွားသည်၊ ခေါင်းကိုးလုံးမြွေကြီးသည် လေထုထဲမှာပဲ ပေါ်လာ၏။

“အစီအရင်”

လီချင်းယန်သည် အော်ဟစ်လိုက်သည်။

“ဝမ် ... ဝမ် .... ဝမ် ....”

ရှောင်ကျီ၊ စုရှောင်မို နှင့် တခြားသူများသည် လင်းယွမ် ခန်းမဆောင်၏ စာလုံးကို အသက်သွင်းပြီးနောက် အလေးနက်ဆုံး တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။ ရီရှင်းချန်သည် သူ၏ ပုဆိန်ကြီးကို ထုတ်ယူလိုက်၏။

ဘုတ် ....။

အားလုံး လက်ဝါးများ ပွတ်ကာ တိုက်ခိုက်ရန် ပြင်ဆင်နေတုန်းမှာပဲ ဟယ်ဝူတီ သည် ခေါင်းကိုးလုံး မြွေကြီး၏ ရှေ့သို့ သွားလိုက်သည်။ သူသည် အားလုံးဘက်သို့ ခေါင်းလှည့်ကာ ပြောလိုက်သည် “ကျုပ် ကိစ္စထားလိုက်တော့”

ဝှစ် ....။

ရုတ်တရက် လေပြင်းများ တိုက်ခတ်လာပြီး ဟယ်ဝူတီ၏ ဆံနွယ်များသည် လေထဲသို့ လွင့်သွားသည်။ သူ၏ ထက်ရှလှသော မျက်နှာ သွင်ပြင်သည် ထင်းခနဲပေါ်လာ၏။

ရီရှင်းချန်သည်ပင် ဟယ်ဝူတီ၏ ရှေ့၌ ညီငယ်လေးတစ်ယောက်လိုပင် ခံစားလာမိသည်။

ဟယ်ဝူတီသည် သူ၏ ရှေ့၌ စီနီယာအစ်ကိုများ ခဏခဏ သေဆုံးနေသည်ကို အတိုင်းသား ထိုင်ကြည့်မနေချင်တော့ပေ။ သူ၏ အစွမ်းကို ထုတ်ဖော် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့တော့သည်။ ပြိုင်စံရှားဂိုဏ်း သို့ ဝင်ရောက်ပြီးနောက် သူ၏ စိတ်တစ်ခုလုံး ပြောင်းလဲသွားခြင်းပင် ဖြစ်၏။

ဝှစ် ...။

ချက်ချင်းပဲ သူ၏ ကိုယ်၌ ဆန်းကြယ်လှသော ကျန်းချီများ စုစည်းလာသည်။

လုချင်းချင်း နှင့် ရီရှင်းချန် တို့သည် ကြောင်အသွားသည်။ တစ်ဖက်လူ၏ သိုင်းတာအို နှင့် အော်ရာများ တိုးတက်လာသည်ကို သူတို့ ရှင်းရှင်းလင်းလင်း အာရုံခံမိလိုက်ကြသည်။ သူတို့အားလုံး၏ အထက်၌ ရှိသော အားအင်အဆင့်ပင်။

“နောက်ဆုတ်ကြ”

ဟယ်ဝူတီသည် လက်ကို မြှောက်လိုက်သည်။

ဤစကားကို ပြောနေစရာပင်မလိုတော့ချေ။ အဘယ့်ကြောင့်ဆိုသော် လီချင်းယန် နှင့် တခြားသူများသည် ခပ်ဝေးဝေးတည်နေရာဆီသို့ ရောက်ရှိနေပြီး လက်သီးလက်မောင်းတန်းကာ အားပေးနှင့်နေပြီ ဖြစ်သောကြောင့်ပင်။

“ဝေါင်း ...”

“ဝေါင်း .........”

ထိုအချိန်မှာတော့ ခေါင်းကိုးလုံးမြွေကြီးသည် သူ၏ သွေးကဲ့သို့ နီရဲလျှက်ရှိနေသော ပါးစပ်ကြီးကို ဟကာဖြင့် ဟယ်ဝူတီဆီသို့ ပြေးဝင်လာသည်။

ကြမ်းတမ်းလွန်းသည့် အော်ရာများ ထွက်ပေါ်လာပြီး အားလုံးသောသူများသည် ကြက်သီးမွေးညှင်းများပင် ထလာကြ၏။

ဆွစ် .....။

ဟယ်ဝူတီသည် လက်စည်းသင်္ကေတ တစ်ခုကို ပြုလုပ်ပြီး နဂါးကိုးကောင် လက်ဝါးကို ထုတ်ဖော် ရိုက်နှက်လိုက်သည်။

ဝူး ... ဝူး ....။

ချက်ချင်းပဲ ကြမ်းတမ်းလွန်းလှသော စွမ်းအင်လှိုင်းများသည် နဂါးအော်သံများ ထုတ်ဖော်ကာ ရှေ့ဆီသို့ ဝင်ရောက်သွာ၏။ တည်နေရာတစ်ခုလုံးသည် တုန်ခါလျက်ရှိ၏။

အသေးစိတ်ကို ဖော်ညွှန်းပြနေစရာပင်မလိုချေ။

လီချင်းယန် နှင့် တခြားသောသူများ၏ အပြူးသားထွက်နေသော မျက်လုံးများကို ကြည့်သည်နှင့် မည်မျှ အားကောင်းသနည်းကို သိရှိနိုင်သည်။ ဤနေရာ၌ ကျွင်းချောင်ရှောင်း ရှိနေလျှင်လည်း ကျိန်းသေပေါက် အံ့အားသင့်နေမိမှာ သေချာသည်။

ကြမ်းလှပါသည်ဆိုသော ကုထျန်းရှင်း နှင့် ကုရွှမ်းယွမ် တို့သည်ပင် ဤတိုက်ကွက်ကို ထိတ်လန့်နေမိပေလိမ့်မည်။

ဘုတ် ...

ဘုတ် ...

နဂါးကိုးကောင်စွမ်းအင်များသည် ခေါင်းကိုးလုံးမြွေကြီးအား တစ်ခါတည်း ပိုင်းဖြတ်သွားလေသည်။ ပြီးနောက် မြေကြီးသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ပြောင်းကွယ်သွားလေ၏။

တစ်ချက်တည်း သတ်ဖြတ်ခြင်း။

ဟယ်ဝူတီသည် သူ၏ လက်ကို ပြန်ရုတ်ပြီး လေပူများအား မှုတ်ထုတ်လိုက်သည်။ ပြီးနောက် တီးတိုးရေရွတ်လိုက်သည် “ငါ အလျှင်လိုလွန်းတယ်”

အပြင်ဘက် ....

ခေါင်းကိုးလုံးမြွေကြီး သေဆုံးသွားပြီးသည့်နောက် ကျယ်လောင်လှသော အသံကြီးသည် ဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့၏ “လက်ရွေးစင်တပည့် လီချင်းယန် ၊ စုရှောင်မို နှင့် တခြားသူများသည် ငရဲခန်းလုပ်ဆောင်မှု ပုံစံကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့သည်”

All Chapters