← Chapters

အခန်း ၁၇၄၁

Vol. 117 Ch. 1741

အခန်း ၁၇၄၁

Vol. 117 Ch. 1741

အပိုင်း (၁၇၄၁)

ဟယ်ဝူတီသည် ကျွင်းချောင်ရှောင်းကို သိုင်းကျင့်ကြံခြင်းနည်းစနစ် နှစ်ခု ပေးခဲ့သည်။

ဟုတ်ပေသည်။ အဘယ်ကြောင့်ထုတ်ပေးရသနည်းဆိုသော် တစ်ဖက်လူသည် အရှက်မဲ့လွန်းသောကြောင့်ပင်။ ထို့အပြင် သူသည် ဤဂိုဏ်းသားအဖြစ် နှစ်နှစ်ကာကာ လက်ခံထားပြီးဖြစ်၏။

ယခင်လောကတွင် နေထိုင်စဉ်က ဟယ်ဝူတီ၏ အသက်ရှင်သန်နိုင်မှုနည်းလမ်းသည် လူကြောက်တစ်ယောက်လို နေထိုင်ခြင်းပင်။ သူသည် မပိုင်သည့်အရာမျိုးကို အလောင်းအစားပြုလုပ်ပြီး အမွေအနှစ်များ ရရှိရန် ကြိုးစားတတ်သူ တစ်ယောက်မဟုတ်ချေ။

အောက်နယ်မြေသို့ပြေးလွှားလာပြီးနောက် သူသည် အဆင့်သည့် အောက်ဆုံးထိ ထိုးကျခဲ့သည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းဆီ ဝင်ရောက်ပြီးနောက် ဂိုဏ်းတာဝန်များကို ပြုလုပ်ရင်း ရရှိသည့် အရင်းအမြစ်များနှင့်အတူ သိုသိုသိပ်သိပ် ကျင့်ကြံရင်း သူ၏ ဘဝသည် စိုပြေခဲ့သည်။ ဤမျှကောင်းမွန်သော အခွင့်အရေးများကို ရရှိပြီးနောက် သိုင်းကျင့်ကြံခြင်းနည်းစနစ် အနည်းငယ်ကို ပြန်လည်ပေးအပ်ရသည်မှာ အရှုံးလည်းမဟုတ်ပေ။

ဟယ်ဝူတီသည် ထိုသို့တွေးတောမိပြီးနောက် သူ၏ မျက်နှာတစ်ခုလုံး၌ ဂုဏ်ယူဝင့်ကြွားသည့် အမူအရာများနှင့် ပြည့်နှက်လာခဲ့သည်။ “ငါက လူတွေအတွက် … လူတွေက ငါ့ရဲ့ အတွက် ….”

……

စာကြည့်ခန်းအတွင်းမှာတော့ ….

ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်သို့ လျှို့ဝှက်သိုင်းကျမ်းနှစ်ခုကို တင်လိုက်သည်။ တစ်ခုသည် နဂါးကိုးကောင် လက်ဝါး ဖြစ်ပြီး တစ်ခုသည် ကောင်းကင်နှင့် ဗလာ ဖြစ်၏။

“ဒါက သမိုင်းဝင်နည်းစနစ်ပဲ” စနစ်က ပြောလိုက်သည်။

“မဆိုးဘူး”

ကျွင်းချောင်ရှောင်း က ပြောလိုက်၏ “ငါလည်း အဲလို ခံစားမိတယ်”

ပြောနေရင်းမှာပဲ သူသည် နဂါးကိုးကောင် လက်ဝါးရိုက်ချက်၏ စာအုပ်၏ အသာလှန်ကာ ဖတ်ရှုကြည့်လိုက်သည်။

“မဟုတ်သေးဘူး”

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လိုက်မိ၏။

စာအုပ်ထဲတွင်ရှိနေသော အချက်အလက်များအရဆိုလျှင် မရီဒန်ထဲ စွမ်းအင်လှည့်ပတ်ခြင်း နည်းလမ်းကအစ သူ ထိတွေ့ရင်းနှီးဖူးသော နည်းလမ်းမျိုး ဟုတ်မနေချေ။

ပြောရမည်ဆိုလျှင် ဂြိုဟ်တိုင်းသည် မတူညီသည့် သိုင်းကျင့်ကြံခြင်းစနစ် ရှိသည် ဆိုသော်လည်း အခြေခံအားဖြင့် တူညီတတ်သည်။ သို့ပေမဲ့ လက်ရှိ သိုင်းနည်းစနစ်မှာတော့ အခြေခံကအစ အလုံးစုံ ကွဲပြားလို့နေလေသည်။

ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီးကတည်းက ကျွင်းချောင်ရှောင်းသည် ပြင်ပသိုင်းနည်းစနစ်များကို နားလည်စေရန် အသိအမြင်အဆောင်များကိုသာ အသုံးပြုခဲ့သည်။ ထို့ကြောင့် သူများထက် ပိုမို နက်နဲသော သိုင်းနိယာမများကို ပိုင်ဆိုင်နေလေ၏။

“တကယ်ထူးဆန်းတယ်”

စနစ်က ပြောလိုက်သည် “အတိတ်တုန်းက လက်ခံသူ ကျင့်ကြံခဲ့တဲ့ သိုင်းနည်းစနစ်တွေနဲ့ ပင်မအားဖြင့်ကို ကွဲပြားနေတယ်”

ကျွင်းချောင်ရှောင်းသည် ကောင်းကင်နှင့် ဗလာ ဆိုသော စာအုပ်ကို ထပ်မံလှန်လှောကာ ဖတ်ရှုလိုက်ပြန်သည်။ အနှစ်ချုပ်ရမည်ဆိုလျှင် ဤအရာသည်ကလည်း အထက်နယ်မြေ၏ သိုင်းနည်းစနစ်များထဲ၌ မပါဝင်ချေ။

“မဟုတ်သေးဘူး။ ငါ ဝူတီ့ကို မေးရမယ် .. ဒါတွေ ဘယ်ကရတာလဲ ဆိုတာကို”

………

“ဟမ်”

ဟယ်ဝူတီသည် အိပ်ရာထက်တွင် လဲလျောင်းရင်း နဝေတိမ်တောင် ဟန်ပန်မျိုး ပြုလုပ်လျက်ရှိသည်။ အလုံးစုံ ပြောပြလိုက်မည်ဆိုလျှင် သူ မည်သူဖြစ်ကြောင်း ပေါ်သွားနိုင်သည် မဟုတ်ပါလား။

ညအင်ပါယာသည်လည်း တခြားသူ၏ ခန္ဓာကိုယ်ကို အပိုင်သိမ်းထားသူဖြစ်ကြောင်း ထုတ်ဖော်မဝန်ခံခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ထိုအရာကို ထုတ်ဖော်ဝန်ခံလိုက်လျှင် မိမိ ကောင်မလေး၏ သတ်ဖြတ်ခြင်းကြောင့် သေဆုံးခဲ့ရသူမှန်း အားလုံးက သိရှိသွားကြမည် မဟုတ်ပါလား။ ရှက်ရွံ့စရာပင်။

ထိုနည်းလည်းကောင်းပင်။ ဟယ်ဝူတီသည်လည်း စွမ်းအားမြင့်ကျင့်ကြံသူများလက်မှ လွတ်အောင် ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည့်အကြောင်းအား ထုတ်ဖော်ပြောကြားရန် ရှက်ရွံ့နေသည်.။

“ဝူတီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏ “ဒီနှစ်ပိုင်းအတွင်း ငါမင်းအပေါ် မျှမျှတတ် ဆက်ဆံခဲ့ရဲ့လား။ ဒီနှစ်ပိုင်းအတွင်း ….”

“ဂိုဏ်းချုပ်”

ဟယ်ဝူတီသည် ရုတ်တရက် ထရပ်ကာ တားဆီးလိုက်သည် “တော်ပါတော့ … ကျုပ်ပြောပါတော့မယ်”

“အမ်”’

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏ “မင်း ထလို့ရတယ်ပေါ့”

ဟယ်ဝူတီသည် စားပွဲဆီသို့ လျှောက်လာပြီး အရွယ်အစားမတူညီသော လက်ဖက်ရည်ခွက နှစ်ခွက်ကို တင်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ် … အသေးက အဆင့်နိမ့် စကြဝဠာ … အကြီးက အဆင့်မြင့် စကြဝဠာ”

“ပြီးတော့ရော …” ကျွင်းရှောင်ချောင်းက မေးလိုက်။

ဟယ်ဝူတီသည် လက်ဖက်ရည်တစ်ခုကို ထုတ်ယူပြီး ပထမ နှစ်ခွက်၏ ဘေး၌ ထားလိုက်သည် “နောက်ထပ် ကြီးမားတဲ့ စကြဝဠာကြီး ရှိသေးတယ်ဆို ဂိုဏ်းချုပ် ယုံလား”

“အင်း … ယုံတယ်” ကျွင်းချောင်ရှောင်းသည် တွေးတောင်မတွေးဘဲ အဖြေပေးလိုက်၏။

ဟယ်ဝူတီသည် အနည်းငယ် ဆွံ့အသွားသည်။

ဂိုဏ်းချုပ်သည် တစ်ခါတည်း လက်ခံလျက်ရှိသည်။ ထိုသို့ လက်ခံမှန်းသိလျှင် လက်ဖက်ရည်ခွက်နှင့် အလုပ်ရှုပ်ခံကာ ဥပမာပြနေမိမည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းသည် နောက်မှ ရောက်လာသော လက်ဖက်ရည်ခွက်ကို လက်ညိုးထိုးကာ ပြောလိုက်၏ “မင်းရလာတဲ့ သိုင်းနည်းစနစ်က အဲကလား”

“ဟုတ်တယ်”

ဟယ်ဝူတီသည် လေးလေးနက်နက် ပြောလိုက်သည်။

သူသည် ဝန်ခံရန် စဉ်းစားထားပြီးဖြစ်သည်။ ပြောရလျှင် စွမ်းအားမြင့် ကျင့်ကြံသူများအနောက်မှ လိုက်လာသောကြောင့်သာ ပြေးခဲ့ရခြင်းဖြစ်သည်။ သူ၏ ဘဝသည် ရီရှင်းချန်လောက် မဆိုးရွားချေ။

“ဟပ်ချိုး”

ကျင့်ကြံလျက်ရှိနေသော ညအင်ပါယာသည် နှာခေါင်းကို ပွတ်ကာ အေးစက်စက် ပြောလိုက်သည် “ငါ့မကောင်းကြောင်း ဘယ်သူပြောနေပါလိမ့်”

ကျွင်းချောင်ရှောင်းသည် သူ့အား ကြည့်ရင်း မေးမြန်းလိုက်၏ “မင်းက အဲကနေ လာတာလား”

နှစ်ပေါင်းများစွာ လျှို့ဝှက်ထားသည့်အရာအား သူ ဝန်ခံလိုက်ပြီဖြစ်သည်။

“အင်း …”

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မှုကို မပြသချေ။ အရာအားလုံးသည် သူ တွေးတောထားသည့် ဘောင်အတွင်း၌ တည်ရှိနေ၏။

အချက်အလက်အားဖြင့် သိုင်းနည်းစနစ် နှစ်ခုကို ကြည့်ရှုလိုက်သည်နှင့် မတူညီသည့် အဆင့်မြင့် ဂြိုဟ်တစ်ခုဆီမှ ဖြစ်ကြောင်း ခန့်မှန်းပြီးဖြစ်၏။ ထို့အပြင် တစ်ဖက်လူသည် အပြင်ဘက်သို့ ထွက်၍ လေ့ကျင့်ခြင်း၊ အမွေအနှစ်များကို ရှာဖွေခြင်းမျိုး စိတ်မဝင်စားချေ။ ထို့ကြောင့် အထူးသိုင်းနည်းစနစ်မျိုးကို ပိုင်ဆိုင်ရပေလိမ့်မည်။

“အဲစကြဝဠာကြီးက ကြီးလား”

“ဘယ်လိုပြောရမလဲ”

ဟယ်ဝူတီသည် ခဏလောက်စဉ်းစားကာ ပြောလိုက်သည် “စကြဝဠာတစ်ခုလို့တောင် သတ်မှတ်လို့မရဘူး။ စကြဝဠာဆိုတာထက် ကျော်လွန်တဲ့ လွတ်လပ်တဲ့လောကြီးပဲ။ အန္တိမလောက လို့ခေါ်တယ်”

“အန္တိမလောက ဟုတ်လား”

ရွှမ်ယွမ်နယ်မြေကို အမွေဆက်ခံပြီးနောက် ပြောကြားခဲ့သည့် ပုံရိပ်ယောင်စကားလုံးများကို ပြန်လည်ကြားယောင်လာမိသည်။ ထို့ကြောင့် သူက မေးမြန်းလိုက်၏ “အန္တိမလမ်းစဉ်နဲ့ ဘာပတ်သက်လဲ”

“အန္တိမလမ်းစဉ်ကို လျှောက်လှမ်းပြီးမှသာ အန္တိမလောကထဲကို ရောက်မှာ” ဟယ်ဝူတီက ရှင်းပြလိုက်သည်။

“အန္တိမလမ်းစဉ်က ဘယ်မှာလဲ”

ဟယ်ဝူတီက ပြောလိုက်၏ “နတ်ဘုရားအဆင့်ကို ရောက်ပြီးမှပဲ အန္တိမလမ်းစဉ်အကြောင်း နားလည်နိုင်လိမ့်မယ်။ ဒါက နက်နဲပြီး ခက်ခဲလွန်းတယ်”

“နားလည်ပြီ”

ကျွင်းချောင်ရှောင်းက ထပ်မေးလိုက်သည် “မင်း. .. အောက်စကြဝဠာထဲကို ဘယ်လိုရောက်လာတာလဲ”

ဟယ်ဝူတီက ဖြေလိုက်၏ “သက်တန့်ရောင်စဉ်ကျမ်းကြောင့်ပေါ့”

ထိုအကြောင်းနှင့် ပတ်သက်ပြီး ဟယ်ဝူတီသည် အစောတည်းက ပြောပြထားပြီးဖြစ်သည်။ စနစ် ခိုးယူခဲ့သော ပထမဆုံး သက်တန့်ရောင်စဉ်ကျမ်းသည် ဟယ်ဝူတီ၏ လက်ထဲမှပင်ဖြစ်လေသည်။

စဉ်းစားရမည်ဆိုလျှင် သက်တန့်ရောင်စဉ်ကျမ်းသည် ထိုနေရာဆီသို့ပင် ရောက်ရှိနေသည်ဆိုတော့ သူတော်စင် သက်တန့်ရောင်သည် သူ တွေးတောထားသည်ထက် ပိုမိုကာ အားကောင်းလေသည်လား။

“အရင်တုန်းက မင်းရဲ့ အဆင့်က ဘယ်လောက်လဲ”

“သူတော်စင်”

“အားကောင်းလား”

“အင်း .. အဲလိုပြောလို့ရတယ်”

“တခြားအဆင့်တွေရှိသေးလား”

“သူတော်စင်ရဲ့ အောက်က သူတော်စင်ပဲ။ အထက်ကလည်း သူတော်စင်ပဲ”

ကျွင်းချောင်ရှောင်က ထပ်မံမေးမြန်းလိုက်သည် “မင်း ဒီလောက် သိုဝှက်ထားခဲ့ရတယ်ဆိုတော့ အန္တိမလောကမှာ ရန်သူရှိလား”

“အရင်က မရှိဘူး”

ဟယ်ဝူတီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်၏ “သက်တန့်ရောင်စဉ်ကျမ်း အကျွင်းအကျန်က အခိုးခံလိုက်ရတယ်။ ပြီးတော့ ကျုပ်မှာ ရေတွက်လို့မရအောင် များတဲ့ ရန်သူတွေ ပေါ်လာတာပဲ။ အောက်နယ်မြေဆီ ပြေးရလောက်အောင် များခဲ့တယ်”

“……”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။ ၎င်းဆီမှာ စနစ်ခိုးယူခဲ့ကြောင်းသာ သိရှိလျှင် နေရာမှာတင် ရူးသွားမလား မသိနိုင်ပေ။

မဖြစ်သေးပေ။ ထိုအရာကို သူ ပြောပြ၍မဖြစ်ချေ။

“ကောင်းပြီ”

ဟယ်ဝူတီ၏ ရုတ်တရက် ပေါ်ပေါ်လာသော ဒေါသများသည် ပြန်လည် အားနည်းသွားသည် “ပြိုင်စံရှားဂိုဏ်းထဲ ဝင်ခွင့်ရတာ ကံကောင်းခြင်းပဲ။ စီနီယာ သက်တန့်ရောင် သူတော်စင် ဖန်တီးထားတဲ့ ဂိုဏ်းထဲကို‌ရောက်လာတာ ကံကောင်းခြင်းပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏ “ဒါကို ကံကောင်းခြင်းလို့ သတ်မှတ်ထားတယ်ဆိုရင် ကျမ်းအခိုးခံရတဲ့အကြောင်း စိတ်ထဲထားမနေနဲ့တော့။ အားလုံးက ရှေ့ကိုပဲ လျှောက်နေကြတာလေ။ အတိတ်ကို ပြန်ပြီး စဉ်းစားမနေနဲ့တော့”

ကျမ်းကို ခိုးခဲ့သူသည် စနစ်ဖြစ်သည်။ သူသည် သိပင်မသိချေ။ ထို့ကြောင့် အပြစ်ကင်းစင်သည်ဟု သတ်မှတ်ရပေမည်။ သူလုပ်နိုင်သည်မှာ ဟယ်ဝူတီအား ကျမ်းအခိုးခံရခြင်းနှင့် ပတ်သက်၍ မည်သူခိုးယူသည် ဆိုခြင်းအား မေ့ဖျောက်ပြီး ရှေ့ဆက်လျှောက်ရန် နှစ်သိမ့်ခြင်းပင်။

ထို့အပြင် ရန်ငြိုးဖွဲ့ခြင်းသည် ကောင်းမွန်သည့်အရာမဟုတ်ပေ။

ဒါနဲ့ ခွေးတလိပ်ဆန် စနစ် ဘယ်ရောက်သွားလဲ။ လာခဲ့စမ်း။

All Chapters