← Chapters

အခန်း ၁၇၄၂

Vol. 117 Ch. 1742

အခန်း ၁၇၄၂

Vol. 117 Ch. 1742

အပိုင်း (၁၇၄၂)

ဟယ်ဝူတီဆီမှ ကျွင်းချောင်ရှောင်းသည် အန္နိမလမ်းစဉ်နှင့်ပတ်သက်၍ သိရှိခဲ့ရ၏။ သို့ပေမဲ့ ထိုကဲ့သို့သော အဆင့်မြင့် ကျင့်ကြံခြင်းအဆင့်ဆီသို့ ရောက်ရှိရန်အတွက် သူသည် ဘာတစ်ခုမှ ကြိုးစားချင်စိတ် လောလောဆယ် မရှိသေးချေ။ အတိုချုပ်ပြောရမည်ဆိုလျှင် ဤနေရာသို့ ရောက်ရှိရန် အတွက် တစ်လှမ်းချင်း လှမ်းလျှောက်သွားရန် လိုအပ်၏။ အဆင့်တိုင်း၊ အဆင့်တိုင်းတွင် အတွေ့အကြုံများကို ရယူရန်လည်း လိုအပ်နေသေးသည်။

အထက်စကြဝဠာ တစ်ခုလုံး၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသည့်အချိန်တွင် ဘာတွေကို နားလည်ရမည် ဆိုသည့် အကြာင်းကို သေသေချာချာသိရှိလို့ သွားခဲ့ပြီဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သူသည် လက်ထဲတွင် ရှိနေသော သိုင်းကျင့်ကြံခြင်းနည်းစနစ် နှစ်ခုကို ကျင့်ကြံရန် လိုအပ်နေသေးသည်။ အိပ်ဆောင်ဆီသို့ ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် နဂါးကိုးကောင် လက်ဝါးကို ထုတ်ယူကာဖြင့် သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော အသိအမြင်အဆောင်ကို ချိုးချေလိုက်၏။ “ကျင့်ကြံမယ်”

ဖောက်

ကျွမ်းကျင်စွာဖြင့် သူသည် အဆောင်ကိုချိုးချေလိုက်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းအနေနှင့် အသိအမြင် အဆောင်ဆီမှ ရရှိသော စွမ်းအင်များကို အသုံးပြုပြီး လျှိုဝှက်သိုင်းကျမ်းအား ဖတ်ရှု့သည့် အချိန်မှာတော့ ခန့်မှန်း၍မရအောင် နက်နဲလျက်ရှိနေသေးကြောင်း သိရှိလိုက်ရ၏။ တစ်ချက်ကြည့်ရှု့လိုက်သည်နှင့် အလုံးစုံ ဉာဏ်အလင်းရသွားသည့် ခံစားချက်မျိုးနှင့် ဘာတစ်ခုမှ မသက်ဆိုင်ပေ။

“လက်ခံသူကို အားငယ်အောင်ပြောချင်တာတော့ မဟုတ်ပါဘူး”

စနစ်က ပြောလိုက်၏။ “အသိအမြင် အဆောင်ကို အဆင့်မြှင့်တင်ခဲ့တာ ဘယ်အချိန်တုန်းကလဲ”

“…..…”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ အသိအမြင်အဆောင်သည် အထက်နယ်မြေ ဗားရှင်းအဖြစ်သာ တည်ရှိနေသေး၏။ လက်ရှိအခြေအနေမှာတော့ သူသည် အထက်နယ်မြေမှ ထွက်ခွာပြီး အကန့်အသတ်မဲ့ စကြဝဠာထဲသို့ လွင့်မြောလျက် ရှိနေပြီဖြစ်၏။ ထို့ကြောင့် ခေတ်အောက်နေပြီဟု ပြောဆိုရပေမည်။

ထို့အပြင် ဤသိုင်းကျင့်ကြံခြင်းနည်း စနစ်သည် အန္နိမကုန်းမြေဆီမှ ရရှိလာခဲ့သည့်အရာဖြစ်၏။ ထို့ကြောင့် အန္နိမ လမ်းစဉ် အကြောင်းကို သိရှိသော စွမ်းအားမြင့်ကျင့်ကြံသူများသာလျှင် အသုံးပြုနိုင်သည့် အရာဟုပင် သတ်မှတ်ရပေလိမ့်မည်။ ကျွင်းချောင်ရှောင်းလည်း ထိုကဲ့သို့သော နည်းစနစ်များကို ကျွမ်းကျင်ရန်ဆိုသည်မှာ အဆင့်မြင့်လှသော အသိအမြင်အဆောင်၏ အစွမ်းများကို လိုအပ်နေလေ၏။

“ကောင်းပြီ ငါ စတိုးကို မှီခိုဖို့ပဲရှိတော့တာပေါ့”

ကျွင်းချောင်ရှောင်းသည် ရင်းနှီးပြီးသားဖြစ်သော စနစ်၏ စတိုးကို ဖွင့်လိုက်၏။ သူ့အနေနှင့် နဂါးကိုးကောင် လက်ဝါးကို နားလည်နိုင်ရန်အတွက် ပြဿနာကြီးတစ်ခု မဟုတ်ပေ။ သို့ပေမဲ့ အလုံးစုံ ကျွမ်းကျင်အောင် နားလည်နိုင်ဖို့ဆိုလျှင်တော့ စနစ်ကို အသုံးပြုရန်လိုအပ်နေသည်။

ဤအတိုင်း မိမိကိုယ်မိမိအားဖြင့် ကြိုးစားမည်ဆိုပါကလည်း တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အောင်မြင်သွားမှာ သေချာ၏။ သို့ပေမယ့် ထိုကဲ့သို့သာ ကြိုးစားနေရသည်ဆိုပါက ဂိုဏ်းတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် မည်ကဲ့သို့ သွား၍ အလုပ်လုပ်ရတော့မည်နည်း။

စနစ်က ပြောလိုက်၏။ “လက်ခံသူက အစောကြီးတည်းက စနစ်ပေါ်မှာ မှီခိုချင်နေတာပဲမဟုတ်လား”

ကျွင်းချောင်ရှောင်းသည် စိတ်တိုသွားမိသည်။ ထို့ကြောင့် လတ်တလော စနစ်ကို မဖွင့်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ရွှမ်ယွမ် နယ်မြေကြီးကို ရရှိခဲ့ပြီးသည့်နောက် သိုင်းအရင်းအမြစ်များ မလစ်ဟင်းသောကြောင့်ပင်။ သူ့ကိုယ်သူ ပိုမိုတိုးတက်အောင် ပြုလုပ်ချင်သည်ဆိုပါက သူ့ဘာသာ ကြိုးစားရန် လိုအပ်နေသေးသည်။

စတိုးထဲတွင် ဂိုဏ်းတစ်ခုလုံးကို အားကောင်းသွားစေနိုင်သည့် ကောင်းကင်က ငြင်းပယ်ရလောက်သည့် ပစ္စည်းများတည်ရှိနိုင်၏။ သို့ပေမယ့် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်အနေနှင့် စနစ်ကို Refresh လုပ်နိုင်ရန်အတွက် နေ့စဉ်နေ့တိုင်း ထိုင်စောင့်နေ၍ အဘယ်မှာ ဖြစ်ပါ့မည်နည်း။

ပြိုင်စံရှားဂိုဏ်းသည် ထာဝရလောကကြီးတွင် နေရာချထားပြီးဖြစ်၏။ တပည့်များသည် ထုံးစံအတိုင်း တာဝန်များကို ပြုလုပ်လျက်ရှိနေပြီး ဂိုဏ်းစုဆောင်းမှတ်များကို စုစည်းနေကြ၏။ ကျွင်းချောင်ရှောင်းသည် ထိုကဲ့သို့ များပြားလှသည့် ဂိုဏ်းစုဆောင်းမှတ်များကို ရရှိနေသည်ဆိုမှတော့ Refresh လုပ်ရန် နှမြော နေလိမ့်မည် မဟုတ်ချေ။

တစ်ပတ်လောက် ဟန်ကိုယ်ဖို့ ကြိုးစားပြီးနောက် ဘာတစ်ခုမှ တိုးတက်မလာခဲ့ချေ။ ထို့ကြောင့် ခပ်တည်တည်ဖြင့် စတိုးထဲသို့ ဝင်ကာ refresh လုပ်လိုက်သည်။

သို့ပေမဲ့ ကောင်းမွန်လှသည့် အရာပစ္စည်းသည် တစ်ခုမှ ထွက်ပေါ်မလာခဲ့ချေ။ သိသာလွန်းလှ၏။ ကောင်းမွန် လှသည့် ပစ္စည်းသာတည်ရှိသည်ဆိုပါက ကျွင်းချောင်ရှောင်း ဆိုသည့် အကောင်သည် စားပွဲပေါ်သို့ ခုန်တက်ကာ မျက်နှာကို လက်ဖြင့်အုပ်၍ အားရပါးရ ရယ်မောနေမှာသေချာ၏။

သို့ပေမဲ့ စနစ်သည် ရင်နာအောင် ပြောဆိုရန် ပြင်ဆင်လိုက်သည့် အချိန်မှာပဲ ရုတ်တရက် ကုန်းရှန့်သည် စားပွဲပေါ်သို့ ခုန်တက်ပြီး စောဏက ပြောဆိုခဲ့သည့် အမူအရာများကို ပြုလုပ်လျက်ရှိနေသည်။

ဟား… ဟား.. ဟား…

“ပစ္စည်း - ကောင်းကင်လျှို့ဝှက်နယ်မြေ

မိတ်ဆက် - အထက်စကြဝဠာတွင် တည်ရှိသော လျှို့ဝှက် နယ်မြေတစ်ခု၊

အကျိုးသက်ရောက်မှု - ကောင်းကင်လျှို့ဝှက်နယ်မြေသည် ကောင်းကင်လျှို့ဝှက်နှင့် မြေကြီးဆီမှ အသွင်ပြောင်း ဖြစ်တည်လာခဲ့သည့် အရာတစ်ခုဖြစ်ပြီး ကြမ်းတမ်းလှသည့် တိုက်ပွဲများကို နှစ်ပေါင်း သောင်းချီ၊ သိန်းချီ တွေ့ကြုံခဲ့သည့် နယ်မြေကြီးလည်း ဖြစ်၏။ ရေတွက်၍ မရအောင် များပြားလှသော ကျင့်ကြံသူများသည် ဤတည်နေရာတွင် သေဆုံးခဲ့ကြပြီး ဝိညာဉ်များအဖြစ် တည်ရှိနေ၏။ ၎င်းတို့အား အနိုင်ယူတိုက်ခိုက်နိုင်မည်ဆိုလျှင် များပြားလွန်းလှသော အရင်းအမြစ်များရရှိပေမည်။

အကျိုးသက်ရောက်မှု - ရတနာများ၊ လက်နက်ပစ္စည်းများ၊ သိုင်းကျင့်ကြံခြင်း နည်းစနစ်နှင့် ဆေးလုံးများ။

အကျိုးမသက်ရောက်မှု - တပည့်များသာလျှင် ဝင်ရောက်နိုင်၏။

ဈေးနှုန်း - ဂိုဏ်းဂုဏ်သိက္ခာအမှတ်တစ်သောင်း။

အဆင့် - ထူးခြား”

“ထူးခြားဟုတ်လား”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထက် ပိုပြီးတော့ အဆင့်မြင့်တာဖြစ်မယ်”

စနစ်က ပြောလိုက်၏။ “မိတ်ဆက်အရ ကြည့်မယ်ဆိုရင် အတွေ့အကြုံအမှတ်တွေကို ပြောတာမဟုတ်ဘူး။ ဒါ ပစ္စည်းပစ္စယတွေရယူဖို့ အာရုံစိုက်သင့်တဲ့ တည်နေရာမျိုးပဲ”

“ဒါပေမယ့် ငါ့ဆီမှာ ဂိုဏ်းဂုဏ်သိက္ခာအမှတ်က များများစားစားမရှိဘူးလေ မဟုတ်ရင် တစ်ခါတည်း ဝယ်လိုက်ပါတယ်”

ဤအတောအတွင်း တပည့်များသည် ဂိုဏ်း၏ တာဝန်များကို ပြုလုပ်ပြီး ဂိုဏ်း စုဆောင်းမှတ်များ အားလုံးကို ကျွင်းချောင်ရှောင်းအတွက် စုစည်းပေးထားသည်ဖြစ်၏။ သို့ပေမဲ့ စနစ်သည် သောက်တလွဲဖြစ်လွန်းလှ၏။ အထက်နယ်မြေဆီသို့ ရောက်ရှိခဲ့ပြီးသည့်နောက် ဂိုဏ်းစုဆောင်းမှတ်များသည် သိပ်ပြီးအသုံးမဝင်လှတော့ချေ။

လက်ရှိအခြေအနေမှာတော့ တစ်စုံတစ်ခုကို ဝယ်ယူချင်သည်ဆိုပါက ဂိုဏ်းဂုဏ်သိက္ခာအမှတ်များကို အသုံးပြု နေရ၏။ ကံဆိုးစွာဖြင့် လက်ရှိအခြေအနေတွင် သူ့၌ ဂိုဏ်းဂုဏ်သိက္ခာအမှတ် ငါးထောင်သာလျှင် ရှိ၏။

“သိမ်းထားလိုက်လေ”

စနစ်ကပြောလိုက်သည်။ “ရှိတဲ့အချိန်ကျ ဝယ်ပေါ့”

ကျွင်းချောင်ရှောင်း အနေနှင့် အသိအမြင်အဆောင်ကို ရရှိရန်အတွက် ဆက်ပြီး Refresh လုပ်ချင်သေးသည်။ သို့ပေမဲ့ မဖြစ်နိုင်တော့ပေ။

စနစ်က ပြောလိုက်၏။“ဒီလိုလျှို့ဝှက်နယ်မြေမျိုးကို ရရှိဖို့ Refresh လုပ်တဲ့နှုန်းက မမြင့်မားဘူးလေ။ ပြီးတော့ ထူးခြားတဲ့ ပစ္စည်းဖြစ်နေသေးတယ်။ နောင်တမရအောင်တော့ သိမ်းထားတာကပိုကောင်းမယ်”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ကျွင်းချောင်ရှောင်းသည် ဘေးတစ်ဖက်တွင် ရှိနေသော တခြားသော ပစ္စည်းများကို ဆက်လက်ကာ ကြည့်ရှု့လိုက်သည်။

“ဟမ်…”

ထိုအချိန်မှာပဲ လွတ်လပ်သော တိုက်ပွဲနယ်မြေ ဆိုသည့် တည်နေရာကို မြင်လိုက်ရ၏။ သူသည် အသေးစိတ်ကို ထောက်ကာ ကြည့်ရှု့လိုက်သည့် အချိန်မှာတော့ သေချာပေ၏။ ဤအရာသည် ယခင် ရွှမ်ယွမ် နယ်မြေဟောင်းပင်ဖြစ်၏။

“ကောင်းကင်ဘုံ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စနစ်က ဒီလိုအရာမျိုးကိုတောင် ခိုးရဲတာပဲ”

သူသည် တချက်လှမ်းကြည့်ပြီးသည့်နောက် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဂိုဏ်းဂုဏ်သိက္ခာ အမှတ်တစ်သိန်း ဟုတ်လား”

အထက်နယ်မြေဆီသို့ ရောက်ရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဂိုဏ်းဂုဏ်သိက္ခာအမှတ်များကို ရရှိခဲ့၏။ သို့ပေမယ့် အများဆုံးရရှိနိုင်မှုနှုန်းသည့် ထောင်ကျော် သောင်းကျော်သာလျှင်ရှိ၏။ လက်ရှိပေါ်ပေါက် လာခဲ့သည့် ကောင်းကင်လျှို့ဝှက်နယ်မြေပင်လျှင် တစ်သောင်းဖြစ်သောကြောင့် ဈေးကြီးသည်ဟု သတ်မှတ်ရပေလိမ့်မည်။ သို့ပေမယ့် ရွှမ်ယွမ်နယ်မြေကြီးမှာတော့ ဆယ်ဆပိုကာ ဈေးကြီးလို့ နေခဲ့၏။ ဘာကို ဆိုလိုသနည်း။ ဟုတ်ပေသည်။ ဤအရာကိုသာ အမွေဆက်ခံထားခြင်း မရှိပါက ကျိန်းသေပေါက် ဈေးကြီးပေး၍ ဝယ်ရမည့်အရာမျိုးပင်ဖြစ်လေ၏။

“အင်း ရွှမ်ယွမ်နယ်မြေ”

ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ “ငါ ပိုက်ဆံတွေ တော်တော် သက်သာခဲ့တာပဲ”

စတိုးထဲတွင် ပေါ်ပေါက်လာခဲ့သည့် လွတ်လပ်သော တိုက်ပွဲနယ်မြေသည် ရမ်ရှန် ကြောင့် ရရှိခဲ့သည့် အရာပင်ဖြစ်၏။ ထို့ကြောင့် ရမ်ရှန် ကို ကျေးဇူးတင်ရပေမည်။

အောက်တွင် တခြားသော ပစ္စည်းကောင်းများ မတည်ရှိပေ။ ထို့ကြောင့်ကျွင်းချောင်ရှောင်းသည် စတိုဆီမှ ပြန်လည် ထွက်ခွာပြီး အချိန်နှင့် တည်နေရာလျှို့ဝှက် နယ်မြေထဲသို့ ဝင်ရောက်ကာ နဂါးကိုးကောင် လက်ဝါးကို လေ့လာတော့၏။ Refresh လုပ်၍ မရနိုင်တော့သောကြောင့် သူ့ကိုယ်သူအားကိုးမှ ဖြစ်ပေလိမ့်မည်။

ဖောက်..

အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲဝင်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း သည် ဆုံးဖြတ်ချက် ချလိုက်သည် “ဒီသိုင်းနည်းစနစ်ကို အထင်မသေးရဘူး။ ဒီကောင်ကိုမှ နားမလည်ဘူးဆိုရင် ငါအပြင်ကို ပြန်မထွက်တော့ဘူး”

စနစ်က ပြောလိုက်၏။ “အင်း အသက်ကြီးမှ ပြန်ထွက်လာရမယ့်ပုံပဲ”

…………

အချိန်များသည် တဖြည်းဖြည်းနှင့် ကုန်လွန်သွားခဲ့၏။

“စီနီယာအစ်ကို”

စုရှောင်မို ကမေးမြန်းလိုက်သည်။ “ဂိုဏ်းချုပ်ထွက်မလာသေးဘူးလား”

“မထွက်လာသေးဘူး” လီချင်းယန် သည် ခေါင်းကို ခါယမ်းလိုက်၏။

“ဒီမှာ ငါတို့သွားလာနေတာ နှစ်လနီးပါးလောက်ရှိနေပြီလေ။ ဂိုဏ်းချုပ်က အထဲမှာ ဘာကိုနားလည်အောင် ကြိုးစားနေလို့ ဒီလောက်ကြာနေရတာလဲ” စုရှောင်မိုသည် ဇဝေဇဝါဖြစ်လို့နေသည်။

လီချင်းယန် ကပြောလိုက်၏။ “အရမ်းကို နက်နဲတဲ့သိုင်းနည်းစနစ်တစ်ခုခုနေမှာပေါ့”

“ဟင်”

ရှောင်ကျီ သည် တောင်၏ အနောက်ဘက်ဆီမှ ထွက်လျှောက်လာ၏။ သူ၏ လက်ထဲတွင်တော့ ဆံပင်များ အဖုတ်လိုက်ကိုင်ဆောင်လာခဲ့၏။ “ဂိုဏ်းချုပ်က ခေါင်းတုံး ထပ်ဖြစ်သွားပြန်ပြီ”

လီချင်းယန် နှင့် စုရှောင်မို တို့သည် အံ့အားမသင့်ချေ။ သူတို့၏ အထင်အရဆိုလျှင် ဂိုဏ်းချုပ်သည် တစ်စုံတစ်ခုကို အာရုံစိုက်ကာ လေ့လာနေသည်နှင့် တပြိုင်နက်ဆံပင်များ ကျွတ်ကျကာဖြင့် ခေါင်းတုံးအဖြစ်သို့ ပြောင်းလဲသွားတတ်သည်။

အဝေးတစ်နေရာတွင် မတ်တပ်ရပ်လျက်ရှိနေသည့် ဟယ်ဝူတီ သည် ၎င်းတို့၏ စကားများကို နားထောင်ပြီး သည့်နောက် တွေးတောလျက်ရှိ၏။

“ဒီသိုင်းကျင့်ကြံခြင်း နည်းစနစ်က အကောင်းဆုံးမဟုတ်ဘူး ဆိုပေမဲ့ ဒါတွေကို ကျွမ်းကျင်ဖို့အတွက် အနည်းဆုံးနှစ်ပေါင်းရာချီ ကြိုးစားရမှာပဲ ဂိုဏ်းချုပ်”

ဟား…ဟား…

ရုတ်တရက် တောင်၏ အနောက်ဘက်ဆီမှ ရယ်မောသံတစ်ခု ထွက်ပေါ်လာ၏။

“သူထွက်လာပြီပဲ” လီချင်းယန်၊ ရှောင်ကျီ နှင့် တခြားသောသူများသည် အလျင်အမြန်နှင့် သွားလိုက်ကြ၏။ တောင်အနောက်ဘက်ဆီသို့ ရောက်သည့်အချိန်မှာတော့ အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေအရှေ့တွင် ခါးထောက်ကာ ရပ်လျက်ရှိနေသည့် ဂိုဏ်းချုပ်ကို မြင်လိုက်ရ၏။ နေ၏ အလင်းရောင်ကြောင့် ဂိုဏ်းချုပ်၏ ဦးခေါင်းသည် တောက်ပလျက်ရှိနေသည်။

“ဖြစ်နိုင်တာက”

ရယ်သံကို ကြားပြီးသည့်နောက် ဟယ်ဝူတီ သည် တုန်လှုပ်သွားမိ၏။ “သူနားလည်သွား တာလား””

ရွှီး..

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ခြေနှစ်ဘက်ကို ခွကာဖြင့် လက်ကိုရင်ဘတ်ပေါ်တင်လိုက်၏။ မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ထိုလက်များသည် စည်းသင်္ကေတတစ်ခုကို ပြုလုပ်တော့၏။

ပတ်ဝန်းကျင် တည်နေရာတွင် ရှိနေသော ကောင်းကင် နှင့် မြေကြီး ဓာတ်သဘာဝများသည် စတင်လှုပ်ရှားလာခဲ့ပြီး အရှိန်အဟုန်ပြင်းပြင်းနှင့်ဖြစ်တည်လာခဲ့သည်။

“ဒါက”

လီချန်းယန်၊ ရှောင်ကျီ တို့သည် လေတိုက်မှုအဟုန်ကြောင့် ဆံပင်များပင် ပွစာကြဲကုန်၏။ ၎င်းတို့၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ “ဒါ ဂျူနီယာညီလေးဟယ်ရဲ့ သိုင်းနည်းစနစ်ပဲ။”

“လုတောင်တန်းမှနဂါး”

ဝုန်း… ဝုန်း…

ကျွင်းချောင်ရှောင်း သည် သိုင်းနည်းစနစ်တစ်ခုရဲ့ နာမည်ကို ကြုံရာလျှောက်အော်ပြီးသည့်နောက် ပတ်ဝန်းကျင်တွင်ရှိနေသည့် ကောင်းကင်နှင့် မြေကြီး ဓာတ်သဘာဝများသည် စုစည်းလာခဲ့ပြီး နဂါးကြီး ကိုးကောင် အဖြစ်သို့ ပြောင်းလဲသွား၏။ ထိုအရာသည် အဝေးတစ်နေရာတွင်ရှိနေသော တောင်ကြီးကိုးခုဆီသို့ ပြေးဝင်သွားသည်။

ဘုန်း..ဘုန်း…ဘုန်း…..

တောင်များအက်ကွဲသွားပြီးနောက် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသည် အရောင်အဆင်းကင်းမဲ့သွား၏။

ဟယ်ဝူတီသည် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိသည်။ “ချီးတဲ့မှ.. လုတောင်တန်းမှ နဂါးဆိုတာ ဘာကြီးလဲ”

All Chapters