← Chapters

အခန်း ၁၇၄၃

Vol. 117 Ch. 1743

အခန်း ၁၇၄၃

Vol. 117 Ch. 1743

အပိုင်း (၁၇၄၃)

နှစ်လအတွင်းမှာဘဲ ကျွင်းချောင်ရှောင်းသည် နဂါးကိုးကောင် လက်ဝါးရိုက်ချက်အား အလုံးစုံ နားလည်သွား ခဲ့၏။ ဤအရာသည် သူ၏ နားလည်မှုဖြင့် ကြိုးစားခဲ့သည့်အရာပင် ဖြစ်တော့သည်။

အစပိုင်းတုန်းက သူသည် ဂိမ်းဆာဗာကိုခိုးယူခဲ့သည်ဆိုလျှင်တောင်မှ သူ၏ပါရမီနှင့် နားလည်မှုစွမ်းရည်သည် လက်ရှိအခြေအနေမှာတော့ အလွန်တရာ အားကောင်းလို့ လာခဲ့၏။ ထို့ကြောင့် သိုင်းတာအို ကျွမ်းကျင်သူ တစ်ယောက်ဆိုသည့် ဂုဏ်ပုဒ်နှင့်ထိုက်တန်လွန်းလှသူကို လက်ညှိုးထိုးပြပါဆိုလျှင် သူ့ကိုသာ လက်ညှိုးထိုးပြ ရပေလိမ့်မည်။

“ဘယ်လောက်ကြာလို့လဲ”

ဟယ်ဝူတီ သည် တုန်လှုပ်သွားမိ၏။ “မယုံကြည်နိုင်စရာပဲ”

သူ နဂါးကိုးကောင် လက်ဝါးရိုက်ချက်အား ကျင့်ကြံခဲ့စဉ်က အချိန်ကို ပြန်လည် စဉ်းစားခဲ့မိ၏။ သူသည် နှစ်ပေါင်းရာချီ ကြိုးစားခဲ့ရသည်။ “ဟင်း... စီနီယာ သက်တန့်ရောင်ဖန်တီးခဲ့တဲ့ ဂိုဏ်းတစ်ခုရဲ့ ဆက်ခံသူဆိုတဲ့အတိုင်းပဲ”

“ဂိုဏ်းချုပ်”

စုရှောင်မိုသည် သူ၏ လက်ဝါးများကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒီလိုအရမ်းအားကောင်းတဲ့ သိုင်းနည်းစနစ်ကို ကျုပ်တို့လည်း လေ့ကျင့်လို့ရလား”

“ရတာပေါ့”

ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “အားလုံး တစ်ယောက်ကို သိုင်းကျမ်းမိတ္တူတစ်ခုဆီရမယ်”

သူ၏ လျှို့ဝှက်သိုင်းကျမ်းအား အများပြည်သူ အသုံးပြု၍ ရနိုင်သော သိုင်းနည်းစနစ်အဖြစ် သတ်မှတ်ပေး လိုက်သည်ကို ကြားရှိရသည့်အချိန်မှာတော့ ဟယ်ဝူတီ သည် သူ၏ ရင်ဘတ်ကိုဖိကာဖြင့် ဂုဏ်ယူဝံ့ကြွား သည့်အမူအရာများ ထုတ်ဖော်ပြသလျက်ရှိ၏။

တစ်ရက်အတွင်းမှာပင် ကျွင်းချောင်ရှောင်းသည် ထိုသိုင်းနည်းစနစ်ကို မိတ္တူအစောင်ပေါင်းတစ်သိန်းကျော် ကူးယူကာဖြင့် တပည့်တစ်ယောက်ချင်းစီတိုင်းကို ပေးအပ်ခဲ့သည်။

အန္နိမကုန်းမြေတိုက်ကြီးမှ အဆင့်မြင့် သိုင်းကျင့်ကြံခြင်းနည်းစနစ်သည် ပြိုင်စံရှားဂိုဏ်းထဲတွင် အလုံးစုံ လူတိုင်းကျင့်ကြံ၍ရသည့် သိုင်းနည်းစနစ်အဖြစ် ဖြစ်တည်လာခဲ့သည်။ သို့ပေမဲ့ ဤအရာကို ကျင့်ကြံ၍ ရနိုင်သည်လား ၊ မရနိုင်ဘူးလား ဆိုသည်မှာတော့ တပည့်များအပေါ်တွင်သာ မူတည်ပေလိမ့်မည်။

ကျွီ ...။

ရီရှင်းချန်သည် အခန်းတံခါးကို အသာမီကာဖြင့် လက်ထဲတွင်ရှိနေသော နဂါးကိုးကောင်လက်ဝါးရိုက်ချက်ကို ကြည့်ရှု့လိုက်၏။ သူသည် ကြည့်ရှု့လေ ပိုမိုကာ စိတ်လှုပ်ရှားလေပင်ဖြစ်သည်။

ဟယ်ဝူတီ အသုံးပြုခဲ့သည့် အချိန်ကို သူ မျက်လုံးထဲမှာ ပြန်လည်ကာမြင်ယောင်ခဲ့မိ၏။ အားကောင်းလွန်း လှပါသည်ဆိုသော စွမ်းအားမြင့် နောက်ဆုံးဆရာကြီးအား တစ်စက္ကန့်အတွင်းမှာပင် သတ်ဖြတ်ခဲ့၏။ ထိုတိုက်ခိုက်ရေးနည်းစနစ်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။

ညအင်ပါယာသည် လက်ရှိအခြေအနေမှာတော့ အလွန်ပင် ဂုဏ်ယူဝင့်ကြွားလျက်ရှိနေ၏။ ဟယ်ဝူတီထက် သူသည် ပါရမီအရဆိုလျှင် နိမ့်ပါးလိမ့်မည်မဟုတ်ချေ။ တဖက်လူ သူထက်ပိုမို၍ အားကောင်းနေခြင်းမှာ သိုင်းနည်းစနစ်ကြောင့်သာ ဖြစ်မည်ကို သိရှိသည်။

ထို့ကြောင့် လက်ရှိအခြေအနေတွင် ဤကဲ့သို့သော သိုင်းနည်း စနစ်မျိုးကို လေ့ကျင့်ရသည့်အတွက် အမှန်ပင် ဂုဏ်ယူဝံ့ကြွားနေ၏။ သူ၏ လက်ရှိအဆင့်အရဆိုလျှင် ဟယ်ဝူတီနှင့် သူတို့သည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် တည်ရှိကြ၏။ တကယ်တမ်း ပြိုင်ဆိုင်ကြမည်ဆိုလျှင် သိုင်းနည်းစနစ်နှင့် လက်နက်အသုံးအဆောင်ကိုသာလျှင် ထည့်သွင်း စဉ်းစားရပေမည်။

“မဖြစ်သေးဘူး။ မဖြစ်သေးဘူး” ရီချင်းရှန်သည် နဂါးကိုးကောင်လက်ဝါးရိုက်ချက်ကို နားလည်အောင် စတင်ကာ ကြိုးစားခဲ့ပြီးသည့်နောက် ဤသိုင်းကျင့်ကြံခြင်းနည်းစနစ်သည် သူထိတွေ့ဆက်ဆံခဲ့ဖူးသော သိုင်းနည်းစနစ်များနှင့် အလုံးစုံခြားနားလျက်ရှိနေသည်ကို သိရှိခဲ့၏။ ထို့အပြင် အလွန်ဆန်းကြယ်ပြီး ခန့်မှန်း၍လည်း မရနိုင်ခဲ့ချေ။ ခက်ခဲလွန်းလှချေ၏။

ထိုအရာကပင်လျှင် စိန်ခေါ်မှု တစ်ခုပင်ဖြစ်သည်။ ညအင်ပါယာ၏ မျက်လုံးထဲတွင် စိတ်ဆုံးဖြတ်ထားပြီးသား အရိပ်အယောင်များနှင့် ပြည့်နှက်နေခဲ့၏။ သူသည် စိန်ခေါ်မှုကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပြီး စိတ်လှုပ်ရှားမှုကို ခုံမင်၏။ သို့ပေမဲ့ အခန်းထဲမှာ လမ်းလျှောက်ထွက်လိုက်သည့်အချိန်မှာတော့ အကူအညီမဲ့စွာဖြင့် ကောင်းကင်ကြီး ကိုပင် မော့ကြည့် လိုက်မိသည်။ “ဒါအရမ်းကို ခက်ခဲလွန်းတယ်”

ကျွင်းချောင်ရှောင်းတောင်မှ နဂါးကိုးကောင်လက်ဝါးရိုက်ချက်အား နှစ်လအတွင်း နားလည်အောင် ကျင့်ကြံခဲ့သည်ကို ကြည့်လျှင် ဤအရာသည် မည်မျှခက်ခဲလှကြောင်း သက်သေပြနေပြီ ဖြစ်၏။ ထို့အပြင် တပည့်များအနေနှင့် အသိအမြင်အဆောင်ကို တစ်ခါမှ အသုံးမပြုခဲ့ဖူးချေ။

ရက်အနည်းငယ်အတွင်းမှာပဲ လီချင်းယန် နှင့် တခြားသောသူများသည် ရည်ရွယ်ချက် ကင်းမဲ့စွာဖြင့် ဇွန်ဘီးများကဲ့သို့ ဂိုဏ်းထဲတွင် လမ်းလျှောက်လျက်ရှိသည်ကို မြင်ရပေလိမ့်မည်။ ၎င်းတို့သည် အတွေးများ ပျောက်ကွယ်နေသကဲ့သို့ပင်။ တစ်လျှောက်လုံး နဂါးကိုးကောင်လက်ဝါးရိုက်ချက်ကို နားလည်ရန် ကြိုးစား ခဲ့ပြီးသည့်နောက်မှာတော့ အားလုံးတို့၏ ဦးခေါင်းများသည် အရည်ပျော်မတတ်ပင် ဖြစ်နေကြ၏။

“ဂိုဏ်းချုပ်”

ဟယ်ဝူတီ ကပြောလိုက်သည်။ “ထာဝရလောကကြီးရဲ့ ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝတွေက နဂါးကိုးကောင်လက်ဝါးရိုက်ချက်ကို ထုတ်ဖော်နိုင်စွမ်းရှိတယ်ဆိုပေမဲ့ အလုံးစုံ လိုက်ဖက်တာတော့ မဟုတ်ဘူး။ ကျင့်ကြံဖို့ အရမ်းကို ခက်ခဲတယ်လေ။ ဒီတော့ ဒါကို ဂိုဏ်းတူရောင်းရင်းတွေကို အားအလွန်အကျွံ အသုံးမပြုစေဖို့ သတိပေးလိုက်တာ ပိုပြီး ကောင်းမယ်ထင်တယ်”

“ဝူတီ”

ကျွင်းချောင်ရှောင်းသည် အဓိပ္ပာယ်ပါပါ နှင့် ပြောလိုက်၏။ “မဖြစ်နိုင်တဲ့အရာကမှ ပိုပြီးတော့ ကျော်ဖြတ်လို့ ကောင်းတာမျိုးမဟုတ်လား။ ဒါမျိုးကမှ ပြိုင်စံရှားဂိုဏ်းရဲ့ စိတ်ဓာတ်ပဲ”

မှန်ပေ၏။ နဂါးကိုးကောင်လက်ဝါးရိုက်ချက်သည် အလွန်ခက်ခဲလွန်းလှ၏။ သို့ပေမယ့် ဤခက်ခဲလွန်းသည် ဆိုသော အကြောင်းပြချက်ဖြင့် အရှုံးပေးရမည်ဆိုလျှင် အားလုံးသောသူတို့သည် ဘာကိုမှ အောင်မြင်မှု ရနိုင်မည့် သူများမဟုတ်တော့ပေ။

“သိုင်းကျင့်ကြံတယ်ဆိုတာ လက်ရှိအခြေအနေမှာ လှေငယ်လေးတစ်စီးကို လှော်နေရတာနဲ့အတူတူပဲလေ။ ကိုယ်ကသာ ရှေ့ကိုမသွားနိုင်ရင် နောက်မှာ ပြတ်ကျန်ခဲ့လိမ့်မယ်” ကျွင်းချောင်ရှောင်းက သတိပေး လိုက်သည်။

“..........”

ဟယ်ဝူတီ ကပြောလိုက်၏။ “ဂိုဏ်းချုပ်က အမှန်ပါပဲ”

သူ့အနေနှင့် သူ့ကိုယ်သူ ပြန်လည်ကာ သုံးသပ်ကြည့်လိုက်၏။ ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ခဲ့ပြီဖြစ်သောကြောင့် သူသည် များပြားလွန်းလှသော အရင်းအမြစ်များကို ရရှိလျက်ရှိ၏။ ဆေးလုံးများဆိုလျှင် လက်တစ်ချက်ဖြန့်ရုံနှင့်ပင် ရရှိနိုင်ပြီး ပါးစပ်ကို အသင့်ဟကာ သောက်သုံးရန်ပင်ဖြစ်သည်။ ထို့ကြောင့် ကျိန်းသေပေါက် အလိုဆန္ဒဟူ၍ပင် ကင်းလွတ်ခဲ့၏။ အလုံးစုံအားကောင်းချင်သည့် စိတ်ဆိုသောအရာသာ မရှိပါက ငပျင်းတစ်ယောက်ကဲ့သို့ပင် ဖြစ်တည် သွားနိုင်သည်။ သူ့ကိုယ်သူလည်း ဂိုဏ်းတူရောင်းရင်းများလောက် အားမစိုက်မိဟု သုံးသပ်မိလိုက်သည်။

တပည့်များအနေနှင့် နဂါးကိုးကောင်လက်ဝါးရိုက်ချက်ကို လေ့ကျင့်ရန်ဆိုသည်မှာ အလွန် ခက်ခဲလှ၏။ သို့ပေမယ့် မည်သူမှသည် အလျော့ပေးရန် ဆုံးဖြတ်ချက်မရှိကြချေ။

စားခြင်း၊ အိပ်ခြင်းမှလွဲ၍ အခြားသောအချိန်များတွင် ထိုအရာကို လေ့လာနိုင်ရန်အတွက် ပြင်းပြင်းထန်ထန်အလုပ်ကြိုးစားနေ၏။

ဟုတ်ပေသည်။ လီချင်းယန် ၊ ရှောင်ကျီ နှင့်တခြားသောသူများ အားလုံးသည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် ပိတ်မိနေကြ၏။ ထို့ကြောင့် သူတို့အားလုံးတို့သည် နားလည်မှုရရှိရန်အတွက် အချိန်အများကြီး ပိုင်ဆိုင်လို့နေ၏။

အတွင်းစည်းနှင့် အပြင်စည်း တပည့်များအားလုံးသည်လည်း ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေရန် အတွက် နဂါးကိုးကောင်လက်ဝါးရိုက်ချက်အပြင် တခြားသော နည်းစနစ်များကို လေ့ကျင့်ရန် မမေ့လျော့ကြချေ။ တိတိကျကျပြောရမည်ဆိုလျှင် ဟယ်ဝူတီ၏ စိုးရိမ်ပူပန်မှုသည် မလိုအပ်ပေ။ သူ၏ ဂိုဏ်းတူရောင်းရင်းများသည် သူထင်မှတ်ထားသည်ထက်ပိုမိုကာ စိတ်ဓာတ်ကြံ့ခိုင်လွန်းလှသည်။

ကျွင်းချောင်ရှောင်းအနေနှင့် အားလပ်သည့်အချိန်လေးတွင် သိုင်းတာအိုသင်ခန်းစာများကို သင်ကြားပြသ၏။ သူသည် သူ၏ကျင့်ကြံခြင်း အတွေ့အကြုံများကို အသုံးပြုကာဖြင့် တဖက်လူများ၏ သံသယ၊ မရှင်းလင်း သည့် အကြောင်းအရာများကို ဖြေရှင်းပြလျက်ရှိနေတော့၏။ ပြောရမည်ဆိုလျှင် ဂိုဏ်းချုပ်တစ်ယောက် အနေနှင့် အသိအမြင်အဆောင်ကို မမှီခိုဘဲ တပည့်များကို သင်ကြားပေးခြင်းသည် ပထမဦးဆုံးအကြိမ်ဟုပင် သတ်မှတ်နိုင်၏။

“ဒင်... လက်ခံသူသည် ဖုံးကွယ်ထားသည် တာဝန်ကို ပြည့်စုံအောင် စွမ်းဆောင်ခဲ့သည့်အတွက် ဂုဏ်ပြု ပါသည်။ သင်ကြားပြသခြင်း ဆုလာဘ်သည် ဂိုဏ်းစုဆောင်းအမှတ် ငါးဆယ်”

သိုင်းတာအို သင်ခန်းစာများကို သင်ကြားပြသပြီးသည့်နောက် သတိပေးသံတစ်ခုသည် သူ၏နားထဲသို့ ထင်ပေါ်လာသည်။

“ဟမ်... ဂိုဏ်းစုဆောင်းအမှတ် ငါးဆယ်တဲ့လား” ကျွင်းချောင်ရှောင်းက ဆွံ့အသွား၏။

စနစ်သည် စောဒက တက်လိုက်သည်။ “ ဒါ တာဝန်ရဲ့အစပိုင်းပဲ ရှိသေးတယ်လေ။ အပိုင်း (၂၀၀၀) နားကပ်နေပြီ။ အခုမှ တပည့်တွေကို သင်ပေးရှာတယ်။ ငါးဆယ်ပေးတာတောင်ကံကောင်း”

...........

ကျွင်းချောင်ရှောင်း၏ လမ်းညွှန်ပေးမှုအောက်မှာတော့ တပည့်များအားလုံးတို့သည့် အကျိုးကျေးဇူး တော်တော်များများကို ရရှိခဲ့ကြ၏။ ၎င်းတို့အနေနှင့် နဂါးကိုးကောင်လက်ဝါးရိုက်ချက်ကို မကျွမ်းကျင်သေး သည် ဆိုသော်လည်း များပြားလွန်းလှသည့်အခြေခံ နှင့် သိုင်းကျင့်ကြံခြင်းနိယာမများကို ပိုမိုကာ နားလည်လာခဲ့ကြ၏။

ဟုတ်ပေသည်။ တစ်ခြားသော သိုင်းနည်းစနစ်တစ်ခုက တည်ရှိနေသေး၏။ ကောင်းကင်ဗလာနည်းစနစ်ပင်။

ကျွင်းချောင်ရှောင်း သည် စာကြည့်ခန်းထဲတွင် ထိုင်ပြီးသည့်နောက် ထိုလျှို့ဝှက်သိုင်းကျမ်း၏ ပထမဦးဆုံး စာမျက်နှာကို လှန်ကြည့်လိုက်၏။ အထဲတွင်ရှိသည့် ဖော်ညွှန်းချက်များကို ကြည့်ရှု့လိုက်သည့်အချိန်မှာတော့ တစ်စုံတစ်ယောက်သည် ထိုသိုင်းနည်းစနစ်ကို ကျွမ်းကျင်သွားသည်ဆိုပါက ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးကိုပင် ဗလာနတ္ထိကဲ့သို့ပင် အသွင်ပြောင်းလဲနိုင်၏။

သူသည် တုန်လှုပ်စွာဖြင့် ပြောလိုက်မိသည်။ “ဒီလောက်ကြောက်ဖို့ကောင်းတာလား။”

စနစ်က ပြောလိုက်၏။ “လက်ခံသူအနေနဲ့ ကောင်းကင်လက်ဝါးရိုက်ချက်ကို ဥပမာပြုရမယ်။ အဆင့်နိမ့် နယ်မြေမှာဆိုရင် ဒါကောင်းကင်နဲ့မြေကြီး တစ်ခုလုံးကို ဖျက်ဆီးလို့ရနိုင်တဲ့ နတ်ဘုရားစွမ်းရည်တစ်ခုပဲ မဟုတ်လား”

“အင်း.. ဒါကတော့ဟုတ်တယ်”

ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ “ငါ့အနေနဲ့ အန္နိမ ကုန်းမြေထဲကို ဝင်ရောက်ဖို့ မျှော်လင့်ရမယ်။ အဲဒီမှာ ပိုပြီးအားကောင်းလှတဲ့ သိုင်းနည်းစနစ်တွေ ရှိမှာသေချာတယ်”

သူသည် ပြိုင်စံရှားဂိုဏ်းချုပ် တစ်ယောက်ဖြစ်၏။ ထို့အပြင် သိုင်းကျင့်ကြံခြင်းနည်းစနစ်များကိုလည်း ခုံမင်လှ၏။ မူလအားဖြင့် ပိုမိုအဆင့်မြင့်သည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ရန်အတွက် ပိုမိုအားကောင်း လှသည့် သိုင်းနည်းစနစ်နှင့် သိုင်းကျင့်ကြံသူများကို တွေ့ဆုံရန် လိုအပ်နေ‌သေးသည်။

“ငါ ကြိုးစားကြရမယ်”

“ကံကောင်းပါစေကွာ”

..........

“ဒါအရမ်းခက်ခဲတယ်”

ရက်အနည်းငယ်ကြာပြီးနောက် ကျွင်းချောင်ရှောင်းသည် အိပ်ယာပေါ်တွင်လှဲလျက်ရှိပြီး မျက်နှာပေါ်တွင်တော့ စိတ်ပျက်လက်ပျက် အမူအရာများ ဖြစ်လို့နေ၏။ နဂါးကိုးကောင် လက်ဝါးရိုက်ချက် သည် အစောကြီးထဲက ခက်ခဲပြီးသားဖြစ်၏။ သို့ပေမယ့် ကောင်းကင်ဗလာ နည်းစနစ်သည် ပိုမိုကာ ခက်ခဲလွန်းလှ၏။ သူ့အနေနှင့် လက်ရှိအချိန်အထိ တစ်လုံးတစ်လေကိုမှ နားလည်နိုင်ခြင်းမရှိခဲ့ချေ။ ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့သည့် စာအုပ်ကြီးတစ်အုပ်ကို ဖတ်ရှု့နေရသကဲ့သို့ပင်။

“ထားလိုက်တော့... ထားလိုက်တော့”

ကျွင်းချောင်ရှောင်းသည် လျှို့ဝှက်သိုင်းကျမ်းကို အသာသိမ်းဆည်းပြီးနောက် ပြောလိုက်၏။

စနစ် သည် ဆွံ့အသွားသည်။ “သိုင်းကျင့်ကြံခြင်းလမ်းစဉ်ဆိုတာက လှေလှော်နေရတာနဲ့အတူတူပဲဆို။ အရှေ့ကို မသွားနိုင်ရင် အနောက်မှာ ကျန်ခဲ့မှာဆို။ မင်း ဒါကို တပည့်တွေ ကြားကောင်းအောင်ပြောနေတာပဲ။ ပြီးတော့ တကယ်ခက်ခဲတဲ့အချိန်ကျတော့ မင်းကိုယ်တိုင် လက်လျော့ပေးနေတယ်”

ကျွင်းချောင်ရှောင်း အနေနှင့် ကောင်းကင်ဗလာသိုင်းနည်းစနစ်အား တပည့်များ ကျင့်ကြံနိုင်ရန် မမျှဝေခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် တပည့်များသည် ကောင်းကင်လက်ဝါးရိုက်ချက်ကို လေ့လာရန် အလုံးစုံ အာရုံစိုက်လျက် ရှိနေ၏။ တခြားသော သိုင်းနည်းစနစ်များကို လေ့ကျင့်ရန်အတွက် ၎င်းတို့၌ အချိန်မရှိချေ။

ဒွီး

“တောင်ပင်လယ်နယ်မြေကို ရောက်ရှိရန် နှစ်ရက်သာလျှင် လိုတော့သည်”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများ သည် လင်းလက်သွား၏။ စနစ်ဆီမှ သတိပေးသံကို ကြားရသည့်နောက် သူ၏နှုတ်ခမ်းပေါ်တွင် အပြုံတစ်ခု ဖြစ်တည်လာ၏။

“ညီလေး.... ညီလေး ငါလာခဲ့တော့မယ်။ ငါတို့ မမူးမချင်း အိမ်မပြန်ကြဘူး”

...........

ဝှစ်...

ထာဝရရွက်သင်္ဘောကြီးသည် စကြဝဠာထဲတွင် သွားလာလျက်ရှိနေ၏။ ၎င်း ဦးတည်သွားလာရာ တည်နေရာကြီးရှေ့တွင်တော့ ကြီးမားလွန်းလှသော ဂြိုလ်ကြီးတစ်ခုသည် တဖြည်းဖြည်းခြင်း ပေါ်ပေါက် လာ၏။ မြေပုံအရ ကြည့်ရမည်ဆိုလျှင် ထိုအရာသည် တောင်ပင်လယ် နယ်မြေပင်ဖြစ်၏။ ကျွင်းချောင်ရှောင်း သည် ပဲ့ပိုင်းတွင် မတ်မတ်ရပ်ပြီးသည့်နောက် နားကို လက်ဖြင့်အုပ်ကာပြောလိုက်သည်။ “ငါ့ ညီလေးရဲ့ ခေါ်သံကိုတောင်ကြားနေရတယ်”

“.........”

စနစ်က ပြောလိုက်၏။ “ အင်း... အသေခံ ဗုံးခွဲသမားဆီတောင် ရောက်ခါနီးပြီပဲ”

ဝှစ်...

ထာဝရရွက်သင်္ဘောကြီးသည် တောင်ပင်လယ်နယ်မြေ၏ တည်နေရာအတားအဆီးထဲသို့ ဖြတ်သန်းကာ ဝင်ရောက်သွားသည်။ “ညီလေး ငါလာနေပြီ”

ဝှစ်

ထိုအချိန်မှာ ဓားမော့အလင်း တစ်ခုသည် အောက်ဖက်ဆီမှ ထွက်ပေါ်လာ၏။ ပြီးသည့်နောက်မှာတော့ အလွန်တရာ မြန်ဆန်သည့်နှုန်းဖြင့် ၎င်းတို့၏ ရွက်လှေကြီးကို ပိုင်းဖြတ်သွားခဲ့၏။

ခလွပ် ခလွပ်

ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ဖြင့် အောက်ကိုငုံ့ကာ ကြည့်ရှု့လိုက်သည့်အချိန်မှာတော့ ရွက်သင်္ဘောကြီး၏ အောက်တည်နေရာတွင် အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်တည်လာ၏။ ပြီးသည့်နောက် ရွက်သင်္ဘောကြီးသည် ဘယ်မှညာသို့ ပိုင်းပြတ်ကာဖြင့် အောက်သို့ပြုတ်ကျသွားခဲ့၏။ သူသည်ခေါင်းကို အုပ်ကိုင်ကာဖြင့် စိတ်ဓာတ်တကျ အော်ဟစ်နေမိသည် “ငါ့ သင်္ဘော .... ငါ့ သင်္ဘော”

ဂျွီ...... ဂျွီ...

ဘုန်း ဘုန်း

“ဟမ့်.....”

ကုထျန်းရှင်း သည် လေထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ ညာဘက်လက်တွင်တော့ တလက်လက်တောက်ပလျက်ရှိနေသည့် သစ်ခုတ်ပုဆိန်ကြီးက တည်ရှိနေ၏။ သူသည် အေးစက်စက် အကြည့်ဖြင့် ကြည့်ကာပြောလိုက်၏။ “ကြယ်တာရာ စိတ်ဝိညာဉ်လောကကလူတွေ ထပ်ပြီးတော့ လာရဲသေးတယ် ဟုတ်လား”

All Chapters