အခန်း ၁၇၄၇
Vol. 117 Ch. 1747
အပိုင်း (၁၇၄၇)
ဤအမျိုးသမီးသည် သူ၏ စေ့စပ်ထားသော မိန်းမ ဖြစ်လိမ့်မည်ဟု ကုန်းဝ က မထင်မှတ်ခဲ့ချေ။
မဟုတ်သေးဘူး။
သူမ က ဒီလိုမဟုတ်ဘူး။ ဒီလို မလှပါဘူး။
ကုကျောင်းရှစ်သည် အမျိုးသမီးတစ်ယောက်၏ အသွင်အပြင်ကို ဂရုစိုက်တတ်သူ မဟုတ်ချေ။ သို့ပေမဲ့ သူ တွေးတောထားသည်မှာ သူ၏ စေ့စပ်ထားသော အမျိုးသမီးသည် မိချောင်းခေါင်းနှင့် အမျိုးသမီးသာ ဖြစ်သည်။ ထို့ကြောင့် အလှအပ စံနှုန်းတွေ ဘာတွေပင် တွေးတောနေစရာ မလိုချေ။
“ဘာ”
ကုထျန်းရှင်းက မေးမြန်းလိုက်သည် “မင်းသူ့ကို မသိဘူးလား”
“….”
ကုကျောင်းရှစ်သည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လျက်ရှိသည်။ ဒါ ကျုပ်တဲ့ အသွင်သဏ္လာန်မျိုးမဟုတ်ဘူး။
မဟုတ်သေးဘူး။ သူမ က သားရဲပဲ။ မူလ ခန္ဓာကိုယ်က မိချောင်းပဲဖြစ်ရမယ်။ အခုက ကြည့်ကောင်းအောင် လူပုံပြောင်းထားတာပဲ။ ဒါမှမဟုတ် မျက်နှာ ပြုပြင်ထားတာပဲ ဖြစ်ရမယ်။ စဉ်းစားကြည့်ပြီးနောက် ကုကျောင်းရှစ်သည် မိချောင်းခေါင်းနှင့် အမျိုးသမီးကို မြင်ယောင်ပြီး ကြက်သီးပင် ထလာမိ၏။
ဟိဟိ …။
အဝေးတစ်နေရာမှာတော့ ကျွင်းချောင်ရှောင်းသည် ဆောင့်ကြောင့်ထိုင်ကာဖြင့် ပြောလိုက်သည် “ငါ့ညီကတော့ တကယ့်ကို ကောင်းချီးပေးခံရတာပဲ”
အားကောင်းလွန်းသော မိဘ၊ လှပလွန်းသော မိန်းမ၊
ဘဝ၏ အောင်နိုင်သူတစ်ယောက်ကဲ့သို့ပင်။
နေအုံး ….
ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို တွေးတောကာ ပြောလိုက်သည် “ညီလေး .. မင်းအခုလို ကောင်းချီးတွေ ခံစားနေရတာ မင်းရဲ့ အစ်ကိုကြီး ဖြစ်တဲ့ ငါ့ကြောင့်ပဲ”
စနစ်သည် ဆွံ့အသွား၏ “ဘာဆိုင်လို့ ဝင်ငံနေရတာလဲ”
“ညီလေးက တရားမျှတမှုအတွက် သူ့ကိုယ်သူ စတေးခဲ့တယ်။ အထက်နယ်မြေမှာ သူရဲကောင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ထိုက်ထိုက်တန်တန် နဲ့ ရခဲ့ရုံသာမက ပြန်လည်မွေးဖွားပြီးနောက်မှာ မိဘတွေရဲ့ ချစ်ခြင်းအပြင် အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်နဲ့ စေ့စပ်ထားရတယ်။ ဒီကိစ္စက ငါနဲ့ မဆိုင်ဘူးလို့ မင်းပြောချင်နေတာလား” ကျွင်းချောင်ရှောင်းက ခွန်းတုံ့ပြန်လိုက်သည်။
ကုကျောင်းရှစ်သည် ကောင်းမွန်သည့်အလုပ်ကို ပြုလုပ်ခဲ့သောကြောင့် ကောင်းမွန်သည့်အရာများကို ပြန်လည် ရရှိခဲ့ခြင်းသာ ဖြစ်တော့သည်။ လူကောင်းများအတွက် ဆုလဘ်ဆိုသည်မှာ ကျိန်းသေပေါက် တည်ရှိ၏။
“ဒင် … သီးခြားတာဝန် ပြည်စုံသည်။ ဆုလဘ် - ဂိုဏ်းဂုဏ်သိက္ခာအမှတ် - ၁၀၀၀”
“ဒင် … ဂိုဏ်းဂုဏ်သိက္ခာအမှတ် - ၆၀၀၀”
“လက်ခံသူသည် သီးခြားတာဝန်ကို ပြည့်စုံစေသည့်အတွက် ဂုဏ်ယူပါသည်။ ဆုလဘ်အဖြစ် ချီဖုံးကွယ်ခြင်း ဆေးနည်း (၁)ခု ကို ရရှိသည်။ ပစ္စည်းအား သိုလှောင် လက်စွပ်ထဲသို့ ပို့ဆောင်လိုက်ပါပြီ”
“…….”
ကျွင်းချောင်ရှောင်းသည် တာဝန်ကို ပြည့်စုံစေသည့်အကြောင်းအား ဂရုမစိုက်ချေ။ သူ စိတ်ဝင်စားသည် စနစ် ခိုးယူလာခဲ့သော ချီဖုံးကွယ်ခြင်းဆေးနည်း ဆိုသည်ကိုပင်။
ဘာလုပ်ရမည်နည်း။
မူလ ပိုင်ရှင်ကို ပြန်ပေးရမည်လား။
မဖြစ်သေးပေ။ ယခုအချိန် ထုတ်ပေးလိုက်လျှင် ဉီးလေးကု သံသယ ဝင်သွားနိုင်သည်။
လမ်းလျှောက်ရင်းကောက်ရသည်ဟု ဆိုတာ ပြန်ပေးလိုက်မည် ဆိုလျှင်ရော ….
“ဒင် .. ချီဖုံးကွယ်ခြင်းဆေးနည်းသည် ဆေးခန်းမဆောင်နှင့် အလိုအလျောက် လိုက်ဖက်ညီသွားခဲ့သည်။”
“………”
သူသည် စိတ်ထဲမှာ ကြိတ်ကာ မှတ်ချက်ချလိုက်မိသည် “ဒီကိစ္စက ငါနဲ့ မဆိုင်တော့ဘူး”
ရွှီး …။
ဆေးနည်းကို ဖွင့်ကာ ကြည့်ရှုလိုက်မိ၏ “ဒါက အရမ်းဆန်းကြယ်တာပဲ”
……..
ရေကန်၏ ရှေ့မှာတော့ ….
ရွှေရောင်ဆံပင်နှင့် အမျိုးသမီးသည် သူမ လက်ထဲရှိ သစ်ရွက်ကို ဆော့ကစားနေရင်းမှ ပြောလိုက်သည် “ရှင် ဇဝေဇဝါ ဖြစ်နေမယ်ဆိုတာ သိပါတယ်”
“အင်း …”
သူမ၏ နောက်တွင် ရပ်လျက်ရှိနေသော ကုကျောင်းရှစ်က ပြောလိုက်သည် “တကယ်တော့ ….. ဒီလိုကိစ္စမျိုးက နှစ်ဉီးနှစ်ဖက် အပြန်အလှန် မေတ္တာသက်ဝင်ရမယ့် ကိစ္စမျိုးပဲ။ တစ်ခါမှ မမြင်ဖူးတဲ့ မိန်းကလေးတစ်ယောက် နဲ့ အတူတူ တစ်ဘဝလုံး နေထိုင်ရမယ် ဆိုရင် အမှားအယွင်းတွေ ဖြစ်လာနိုင်တယ်”
သူ၏ ရှေ့မှ အမျိုးသမီးသည် အလွန်လှပကြောင်း သူ အသိအမှတ်ပြုသည်။ အဘယ့်ကြောင့်ဆိုသော် သူမ နားမှာ ရပ်နေရင်း သူ့ကိုယ်သူ အလွန်ရုပ်ဆိုးလှသည်ဟုပင် သိမ်ငယ်နေမိသောကြောင့်ပင်။
ရွှေရောင်ဆံပင်နှင့်အမျိုးသမီးသည် အသာလှည့်ကာဖြင့် မုန်းတီးကာ မေးမြန်းလိုက်၏ “ရှင် ကျွန်မကို ငြင်းပယ်နေတာလား”
“မဟုတ် … မဟုတ်ပါဘူး”
ကုကျောင်းရှစ် က ပြောလိုက်သည် “ကျုပ် …..”
ရွှေရောင်ဆံပင်နှင့် အမျိုးသမီးသည် ကုကျောင်းရှစ်၏ အင်္ကျီကော်လံစာကို ဆွဲမကာ ပြောလိုက်သည် “ကုကျောင်းရှစ်ရဲ့ သား သာမဟုတ်ရင် ကျွန်မ ရေချိုးတာကို ချောင်းကြည့်တာနဲ့တင် သေတွင်းထဲရောက်နေပြီ”
အရမ်းကြမ်းတမ်းသည်။
“ဟေး ….”
ကုကျောင်းရှစ်သည် ပြိုလဲသွားမိသည် “ခင်ဗျားဘာသာ တွေးချင်တာ တွေးနေတာကို”
“ဟမ့်”
ရွှေရောင်ဆံပင်နှင့် အမျိုးသမီးသည် သူ့အား လက်လွှတ်ပေးကာ ပြောလိုက်၏ “ကျွန်မနဲ့ စေ့စပ်ထားတဲ့သူ မလို့ ဒီနေ့ သက်သာသွားတယ်မှတ်လိုက်”
“…….”
ကုကျောင်းရှစ်သည် ဆွံ့အသွားသည် “ကျုပ်တို့ကြားမှာ ဘာခံစားချက်မှမရှိတာ။ ဘယ်လိုလုပ် ကျုပ်ကို ယူဖို့ ဆုံးဖြတ်ထားတာလဲ”
“ရှင့်မိဘတွေကို သွားပြောလေ”
ရွှေရောင်ဆံပင်နှင့် အမျိုးသမီးက ပြောလိုက်၏ “လက်ထပ်တာကို သူတို့ စီစဉ်တာမဟုတ်လား။ ကျွန်မ က ဘယ်လိုငြင်းရမှာလဲ”
“ဒါပေမဲ့ …..”
“ဒါပေမဲ့ ဆိုတာ မရှိဘူး”
“ရှင်က ယောက်ျား ၊ ကျွန်မက ရှင့်မိန်းမ .. ဒါပဲ။ ဒါကို ပြောင်းလဲလို့မရဘူး”
“…….” ကုကျောင်းရှစ်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူ၏ အဖေသည် ကျင့်ကြံခြင်းလောကမှ အနားယူခဲ့သည် ဆိုသော်လည်း ဂုဏ်သိက္ခာတရားတော့ ရှိနေသေး သည်။ နယ်မြေသခင်နှင့် သဘောတူညီမှု ယူထားပြီးပြီ ဆိုမှတော့ ကျိန်းသေပေါက် ထိုမင်္ဂလာပွဲကို ပြုလုပ်ရပေမည်။ မဟုတ်ပါက မိသားစု ၏ အပြစ်ပေးခြင်းကို ခံရပေမည်။
မိန်းမသည် ပန်းကလေးသည် လှပသလို ယောက္ခထီးသည်ကလည်း နယ်မြေသခင်ဖြစ်သည်။ ကုန်းဝ အနေနှင့် ပျော်ရွှင်သင့်သည် မဟုတ်ပါလား။
“အင်း”
ရွှေရောင်ဆံပင်နှင့် အမျိုးသမီး က ပြောလိုက်သည် “ကျွန်မလည်း ရှင့်ကို မကြိုက်ပါဘူး”
“ဒါဆို ဖျက်သိမ်းလိုက်ကြမယ်လေ” ကုကျောင်းရှစ် က အလောတကြီး ဝင်ကာ ပြောလိုက်၏။
“ဖျက်သိမ်းမယ် ဟုတ်လား”
ရွှေရောင်ဆံပင်နှင့် ကောင်မလေးက ပြောလိုက်သည် “ကျွန်မအဖေ က သဘောတူမှာ မဟုတ်ဘူး။ ရှင့်အဖေရောပဲ”
“အတင်းခူးတဲ့ ဖရဲသီးက မချိုဘူး”
“ဒီတော့ ….”
ရွှေရောင်ဆံပင်နှင့် မိန်းကလေးသည် အသာလျှောက်လာပြီး တီးတိုးပြောလိုက်သည် “တောင်ပင်လယ်နယ်မြေ ကနေ ခိုးထွက်ပြီး ဘယ်သူမှ ရှာမတွေ့တဲ့နေရာဆီ သွားကြမလား။ ကျွန်မတို့ လက်ထပ်၊ ကလေးတွေ မွေးပြီး ငြိမ်းငြိမ်းချမ်းချမ်း ဘဝမှာ နေလို့ရပြီ”
“အကြံကောင်းပဲ”
ကုန်းဝ၏ မျက်လုံးများသည် လင်းလက်သွား၏။
သို့ပေမဲ့ ဤအမျိုးသမီး၏ စကားလုံးကို သေချာစဉ်းစားပြီးသည့်နောက် သူသည် ချက်ချင်းပဲ ထအော်လိုက်မိသည် “ဟ … အတင်းလက်ထပ်ပေးတာ မကြိုက်လို့ ခိုးပြေးသလို ဖြစ်နေမှာပေါ့”
“ရှူး ….”
ရွှေရောင်ဆံပင်နှင့် အမျိုးသမီးက အသာရှေ့တိုးကာ ပြောလိုက်သည် “ဉီးလေးနဲ့ အဒေါ်တို့ မကြားစေနဲ့”
“…..” ကုန်းဝသည် မြေပေါ်လဲကျလုမတတ်ပင် ဖြစ်လို့နေ၏။
အဝေးတစ်နေရာမှာတော့ …..
လူငယ်ချင်း စကားပြောဆိုနေကြသည်ကို ကြည့်ရှုရင်း မေမေကုသည် ပြုံးကာ ပြောလိုက်သည် “ယောက်ျား .. သူတို့ စကားပြောရင်း ပျော်နေကြတာ ဘယ်လောက် ကြည့်ကောင်းလိုက်လဲ”
“ကိုယ့်အထင်အရဆိုရင် … ခမည်းခမက်နဲ့ စကားပြောပြီး မြန်မြန် လက်ထပ်ပေးလိုက်ရင်ကောင်းမယ်”
ဤမင်္ဂလာပွဲသည် သူ စီစဉ်သည့်ပွဲ ဖြစ်သောကြောင့် ကုထျန်းရှင်းက ဂုဏ်ယူလို့နေသည်။ သူ၏ မိန်းမကလည်း သဘောတူညီသောကြောင့် ခေါင်းမော့ရင်ကော့ကာ အိမ်သို့ ပြန်ရမည့် အချိန်ပင်။
“ကောင်းတယ်” မေမေကုသည်လည်း ငြင်းစရာမရှိပေ။
ပထမတုန်းက အင်တင်တင်နှင့် ဖြစ်မိနေသောလည်း နှစ်ယောက်သား ရယ်ရယ်မောမောနှင့် စကားပြောနေသည်ကို မြင်တော့ သူမ လက်ခံလိုက်မိသည်။
“ဉီးလေး .. အဒေါ်”
ရွှေရောင်ဆံပင်နှင့် အမျိုးသမီးသည် အသာလှမ်းလျှောက်လာပြီး ဉီးညွှတ်ကာ ဂါရဝ ပြုလိုက်၏ “တစ်ရက်ကို လေးနာရီပဲ အပြင်ထွက်ဖို့ အဖေက ခွင့်ပြုပေးထားတာ။ အခု ပြန်ပါတော့မယ်”
သူမသည် အမှန်ပင်ချိုသာယဉ်ကျေးစွာ ပြောဆိုလို့နေသည်။
ကုကျောင်းရှစ်သည် ဘေးတစ်ဖက်ဆီမှ တီးတိုးရေရွတ်နေမိ၏ “သူသရုပ်ဆောင်တာ ငါ့ထက် ကောင်းတာပဲ။ ငါ အရှုံးပေးရမယ်”
“ပြန်ကြမယ်”
မေမေကုသည် ပြုံးကာ ပြောလိုက်သည်။ သူမ၏ ချွေးမကို ကြည့်လေ ပိုမိုကာ သဘောကျလေပင်။
သွားပြီပဲ။
ကုန်းဝက တွေးလိုက်၏။ အမေကတော့ ပါသွားပြီ။
“ဉီးလေးနဲ့ အဒေါ် နှုတ်ဆက်ပါတယ်”
ရွှေရောင်ဆံပင်နှင့် အမျိုးသမီးသည် လှည့်ပြန်ရန် ပြင်နေစဉ်မှာပဲ ကုကျောင်းရှစ်ဆီသိူ့ အသံပို့လွှတ်လိုက်သည် “ရှင် စိတ်ဆုံးဖြတ်ပြီးရင် ကြည်လင်နှလုံးသားရေကန်ကို လာပြီး ကျွန်မကိုရှာ”
ပြီးနောက် ကုမောင်နှံအား ချိုသာစွာပြုံးပြရင်း ပျံသန်းထွက်ခွာသွားလေ၏?
“……”
ကုကျောင်းရှစ်သည် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ သို့ပေမဲ့ ဤမိန်းမနှင့် အတူ ထွက်ပြေးရင်း လက်ထပ် ၊ ကလေးယူရန် မဟုတ်ပေ။ သူမကို ခေါ်သွားပြီး ပစ်ထားခဲ့ရန်ပင်။
အဓိကအားဖြင့် .. ဤနေရာမှထွက်ခွာသွားနိုင်ရန် အလွန်အရေးကြီးနေ၏။ မည်သို့ ထွက်ရမည်နည်း။
“အင်း …”
ကုကျောင်းရှစ်သည် ရုတ်တရက် ဆိုသလိုပဲ အဝေးတစ်နေရာတွင် ထိုင်နေသော ကျွင်းချောင်ရှောင်းဆီ အကြည့်ရောက်သွားသည်။ သူ၏ မျက်လုံးထဲ၌ ပျော်ရွှင်မှုများ ဖြစ်တည်လာ၏။
တစ်ချိန်တည်းမှာပဲ ကုန်းရှန့်ကလည်း လှမ်းကာကြည့်ရှုလိုက်သည်။ သို့ပေမဲ့ ကုန်းရှန့်၏ မျက်နှာပေါ်ရှိ အပြုံးမှာတော့ ကြောင်တောင်တောင် နိုင်လွန်းလှသည်။