← Chapters

အခန်း ၁၇၄၈

Vol. 117 Ch. 1748

အခန်း ၁၇၄၈

Vol. 117 Ch. 1748

အပိုင်း (၁၇၄၈)

ကုမောင်နှံသီးသန့်နေထိုင်ရာနေရာမှာတော့ …..

ကျွင်းချောင်ရှောင်းသည် လက်ဖက်ရည်တစ်ခွက်ကို သောက်လျက်ရှိသည်။ ကျောက်အခန်းလေးထဲမှ နေ၍ အပြင်ဘက်ရှိ လှပသော မြင်ကွင်းကို ငေးကြည့်နေမိသည် “ဘယ်လောက်ဇိမ်ကျလိုက်လဲ”

ဂိုဏ်းတစ်ခုဖွံ့ဖြိုးတိုးတက်စေရန်အလို့ငှာ သူသည် နေ့စဉ်နေ့တိုင်း အလုပ်များလျက်ရှိပြီး စိတ်သက်တောင့်သက်သာ ဖြင့် အနားကို မယူခဲ့ရချေ။ တစ်နေ့သောအခါမှာတော့ ကျင့်ကြံခြင်းလောက တစ်ခုလုံးကို လက်ပြနှုတ်ဆက်ပြီး အပူအပင်ကင်းမဲ့သော ဘဝနှင့် နေထိုင်နိုင်စေဖို့ မျှော်လင့်နေမိ၏။

“မပူနဲ့….”

စနစ်က ပြောလိုက်သည် “နောက်ဆုံးမှာ ဖြစ်ချင်ဖြစ်လာမှာပါ”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် တစ်ချက် လှမ်းဆဲပြီးနောက် လက်ဖက်ရည်ကိုသာ အရသာခံ၍ သောက်နေမိ၏။

တစ်ချိန်တည်းမှာပဲ ဆေးခန်းမဆောင်ထဲသို့ဝင်ရောက်ပြီး ချီဖုံးကွယ်ခြင်းဆေးလုံးအတွက် လိုအပ်သော ပစ္စည်းစာရင်းကို ကြည့်ရှုလိုက်သည်။

အများကြီးမဟုတ်ပေ။ ငါးမျိုးသာလျှင်ရှိ၏။

သို့ပေမဲ့ ကျောက်စိမ်းတိမ်နတ်သစ်သီး နှင့် ရေလှိုင်းပန်း တို့သည် အဆင့်နိမ့်ပစ္စည်းမျိုးမဟုတ်ချေ။ အကယ်၍ ရှာဖွေတွေ့ရှိမည်ဆိုလျှင်ပင် …..

“ဟမ်…”

ကျွင်းချောင်ရှောင်း၏ အကြည့်များသည် အဝေးတစ်နေရာရှိ ဆေးဥယျာဉ်ကြီးဆီသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် ဆေးပင်ပေါင်းများစွာကို စိုက်ပျိုးထားပြီး မတူညီသည့် ဆေးပင်အမျိုးစုံလှသည်။

“အင်း”

ကျွင်းချောင်ရှောင်းသည် ပြောလိုက်မိ၏ “ဆေးပင်တွေ အကြောင်း ငါ သာမန်လောက် သိတာပဲ။ စီနီယာ စိုက်ပျိုးထားတဲ့ ဆေးပင်တွေအကြောင်း ဘာတစ်ခုမှ မသိပါလား”

“ဟားဟား …..”

ကုထျန်းရှန်း သည် ရယ်မောကာ ပြောလိုက်သည် “ငါ စိုက်ပျိုးထားတဲ့ ဆေးပင်တွေက မင်းမပြောနဲ့ အထက်စကြဝဠာတစ်ခုလုံးတောင်မှ သိတဲ့သူ အနည်းငယ်ပဲ ရှိမယ်”

“အွန်း ….”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် မေးလိုက်သည် “ကောင်းကင်ရတနာတွေဆိုတာ အခွင့်အလမ်းနဲ့ ကံကြမ္မာရေစက်ပါမှ ရတဲ့အရာမျိုးမဟုတ်လား”

ကုထျန်းရှင်းသည် အမှန်ပဲ ဝင့်ကြွားသွားမိသည်။ ဆေးပင်များရှိရာဆီသို့ လက်ညိုးထိုးကာ ပြောလိုက်၏ “ဒါဆိုရင် ကျောက်စိမ်းတိမ် နတ်သစ်သီးလို့ ခေါ်တယ်။ ဒါကို အပင်ဖြစ်အောင် နှစ်တစ်သောင်း ၊ အသီးသီးအောင် နှစ်တစ်သောင်း ၊ ခူးဆွတ်ဖို့ နှစ်တစ်သောင်း စောင့်ရတဲ့ အပင်မျိုးပဲ”

ချီးတဲ့မှ … ကျွင်းချောင်ရှောင်းသည် မျက်လုံးများပင် ပြူးထွက်သွားမိသည်။

ကျောက်စိမ်းတိမ်နတ်သစ်သီး၏ ပေါက်ရောက်နိုင်မှု ခက်ခဲသောကြောင့် မဟုတ်ပေ။ သူ လိုအပ်နေသော ဆေးပင် ဖြစ်သောကြောင့် အံ့အားသင့်မိနေခြင်းပင်။

“ပြီးတော့ ဒါက ရေလှိုင်းပန်း လို့ခေါ်တယ်”

ကုထျန်းရှင်းသည် တခြားနေရာဆီ ဆေးပင်များကို လက်ညိုးထိုးကာဖြင့် ဂုဏ်ယူဝင့်ကြွားစွာ မိတ်ဆက်ပေးလိုက်သည် “အရမ်းကောင်းတဲ့ မြေဆီလွှာတွေပေါ်မှာပဲ ပေါက်တဲ့ ပန်းမျိုး။ ဒီမှာ စိုက်နိုင်ဖို့ တော်တော်ကြီး ကြိုးစားခဲ့ရတာပေါ့”

ပြီးနောက် သူသည် တခြားသော ဆေးပင်များကို ဆက်လက်ကာ မိတ်ဆက်ပေးပြန်သည်။ ချွင်းချက်မရှိပေ။ အားလုံးသော ဆေးပင်များသည် ချီဖုံးကွယ်ခြင်းဆေးလုံးအတွက် ဆေးပင်များ ဖြစ်လို့နေလေ၏။

သို့ပေမဲ့ ဤဆေးပင်များသည် ဦးလေးကု စိုက်ပျိုးထားသောအရာများ ဖြစ်သည်။ သူ့အနေနှင့် ယူဆောင်သွား၍ မရချေ။

“ဦးလေး …”

ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည် “မျိုးစေ့တွေရှိလား”

“ဘာလဲ”

ကုထျန်းရှင်းက ပြုံးကာ မေးမြန်းလိုက်၏ “ဆေးပင်တွေကို မင်းစိတ်ဝင်စားတာလား”

“ဂိုဏ်းထဲမှာ အပင်တစ်ချို့ စိုက်ချင်ရုံပါပဲ” ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။

ကုထျန်းရှင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏ “ဒီဆေးပင်တွေက လိုအပ်ချက် များလွန်းတယ်။ မျိုးစေ့ ပေးမယ်ဆိုရင်တောင် ကြီးထွားအောင် စိုက်ဖို့ မင်းတတ်နိုင်မှာ မဟုတ်ဘူး”

“ဟုတ်ကဲ့”

ကျွင်းချောင်ရှောင်းသည် အပင်စိုက်မည့် အကြံအစည်ကို စွန့်လွှတ်လိုက်သည်။

တကယ်တမ်းမှာတော့ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ် တည်ရှိနေသောကြောင့် ချီဖုံးကွယ်ခြင်း ဆေးလုံးဆိုသည်မှာ လိုအပ်သည် မဟုတ်ချေ။

ကုထျန်းရှင်းက ပြောလိုက်သည် “မင်း ဒီကိုရောက်လာပြီးတဲ့တောက်မှာ လူပေါင်းများစွာကို လေထဲကနေ ခေါ်ထုတ်ခဲ့တယ်။ ဒီတော့ သက်ရှိတွေ နေထိုင်နိုင်စွမ်းရှိတဲ့ မှော်ပစ္စည်းတစ်ခုခု ပိုင်ဆိုင်ထားတာလား”

“အင်း ….”

“မပူပါနဲ့။ ငါမင်းဆီကနေ လုမယူပါဘူး”

ကျွင်းချောင်ရှောင်းသည် ထိုအချက်ကို သဘောတူညီမိ၏။ တစ်ဖက်လူ၏ အားအင်အဆင့်အရဆိုလျှင် သူ့ဆီမှ ပစ္စည်းကို လွယ်လွယ်ကူကူ ယူဆောင်သွားနိုင်စွမ်းရှိသည်။

“အမှန်ကို ပြောရမယ်ဆိုရင် ကောင်းကင်နဲ့ မြေကြီး အင်္ကျီလက် ဆိုတဲ့ ရတနာတစ်ခုကို ဂိုဏ်းရဲ့ ဘိုးဘေးတွေက ချန်ထားခဲ့တယ်။ အဲရတနာထဲမှာ သက်ရှိတွေ နေထိုင်နိုင်စွမ်းရှိတယ်”

ထာဝရလောကကြီးကို အမွေဆက်ခံရယူထားကြောင်းမပြောခဲ့ပေ။ ထို့အပြင် ဤကိစ္စသည် ကိစ္စကြီး ဖြစ်၏။

“အံ့အားသင့်စရာမဟုတ်တော့ဘူးပဲ”

ကုထျန်းရှင်းက ပြောလိုက်သည် “ဒီလိုရတနာမျိုးက အထက်စကြဝဠာထဲမှာတောင် ရှားပါးတယ်။ ဒါရှိကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့။ မဟုတ်ရင် …..”

ဆွစ် ….။

သူ၏ ညာလက်သည် ရုတ်တရက် ရှေ့ဆီတိုးလာပြီး ကျွင်းချောင်ရှောင်းအား ဖမ်းဆုပ်လိုက်၏။ လှုပ်ရှားမှုသည် မမြန်လွန်းချေ။ ထို့ကြောင့် သတိပြုနိုင်လောက်စရာ လှုပ်ရှားမှုပင်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးမှ မလှုပ်ချေ။ ဦးလေးကု၏ လက် သူ၏ လည်မြိုသို့ ၀.၁ စင်တီမီတာလောက် ရောက်သည်အထိ သူသည် ငြိမ်ငြိမ်သက်သက်နှင့် ရှိနေတုန်းပင်။

“မင်းဘာလို့မရှောင်တာလဲ”

“ဦးလေးက အဲလိုလူစားမျိုးမဟုတ်လို့ပေါ့”

“ဟားဟား ….”

ကုထျန်းရှင်းသည် လက်ကို အသာပြန်ရုတ်ပြီးနောက် ပြုံးကာ ပြောလိုက်သည် “မင်းက တကယ့်ကို သတ္တိရှိတယ်။ အနာဂတ်မှာ တိုးတက်အုံးမှာပဲ”

“ဦးလေးချီးကျူးမှ မြောက်ကြွမြောက်ကြွတောင်ဖြစ်ကုန်ပြီ” ကျွင်းချောင်ရှောင်းသည် တည်ငြိမ်နေဟန် ဆောင်နေရသော်လည်း စောနတုန်းက ထာဝရလောကကြီးဆီ ထွက်ပြေးလုမတတ် ဖြစ်ခဲ့ရ၏။

“အဖေ …”

ထိုအချိန်မှာပဲ ကုကျောင်းရှစ်က ပြေးလာလေသည် “အဖေက စကားပြောချင်လို့တဲ့”

“ကောင်းပြီ”

ကုထျန်းရှင်းသည် မတ်တပ်ထရပ်ကာ ပြောလိုက်၏ “သွားလိုက်မယ်”

“ဦးလေး ဖြည်းဖြည်းသွားပါ”

သူ့အဖေ ထွက်သွားသည်ကို ကြည့်ရှုပြီးနောက် ကုကျောင်းရှစ်သည် ခုံတစ်ခုကို ဆွဲယူထိုင်ပြီး မေးထောက်ကာ မေးမြန်းလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. ဒီကို ဘာလာလုပ်တာလဲ”

“လာလည်တာ။ ဒါပေမဲ့ ရွက်သင်္ဘောကြီး နှစ်ပိုင်းဖြစ်သွားလို့ ပြန်ပြင်နေရတယ်”

“ဘယ်လောက်ကြာမှာလဲ”

“အင်း ….”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ဘာလို့မေးတာလဲ”

ကုန်းဝသည် ခေါင်းကို အသာတိုးပြီး လေသံဖြင့် ပြောလိုက်၏ “ကျုပ် ဂိုဏ်းချုပ်ကျွင်းနဲ့ လိုက်ချင်လို့”

ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားသည်။ သူ့ဘာကြောင့် ဤနေရာဆီသို့ လာရသနည်း။ သူ၏ ညီနောင်နဲ့အတူ စကြဝဠာကြီးအနှံ့သွားချင်သောကြောင့်ပင်။ ပထမတုန်းက ကုမောင်နှံ သဘောမတူမည်ကိုစိုးရိမ်မိသည်။ ယခု ကုကျောင်းရှစ် ကိုယ်တိုင်ထိုသို့ ပြောနေသည်ဆိုမှတော့ သူ ဝမ်းမြောက်ဝမ်းသာ လက်ခံရပေမည်။

“ဒါပေမဲ့”

ကုကျောင်းရှစ်က ပြောလိုက်သည် “မိဘတွေ သိလို့မဖြစ်ဘူး”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် သတိပြန်ဝင်သွားသည်။ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏ “အိမ်က ထပ်ပြီး ထွက်ပြေးအုံးမှာလား”

“မဟုတ်ဘူး”

ကုကျောင်းရှစ်သည် လေးလေးနက်နက် ပြောလိုက်၏ “ကျုပ်နဲ့ စေ့စပ်ထားတဲ့ မိန်းကလေးက အပြင်ကိုထွက်ပြီး လောကကြီးဆီ ခြေဆန့်ချင်တယ်။ သူမရဲ့ အနာဂတ် ယောက်ျားတစ်ယောက် အနေနဲ့ ကျုပ်ကလည်း ဖြည့်စည်းပေးရမှာပေါ့”

သူမသိခဲ့ပေ။သူ၏ ညီငယ်ကို ခယ်မလေးအား အမှန်ပင် ချစ်မြတ်နိုးလို့နေသည်။

ကောင်းပြီ။ ညီငယ်နှင့် ခယ်မအတွက် သူ ဘာပဲဖြစ်ဖြစ် ခေါ်ဆောင်သွားရမည်။

“လက်ခံသူက သေချင်နေတာပဲ”

စနစ် က ပြောလိုက်သည် “ကုထျန်းရှင်းနဲ့ တောင်ပင်လယ် နယ်မြေသခင်တို့ လိုက်လာမှာ မစိုးရိမ်ဘူးလား”

“ဟုတ်တာပဲ”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။

ရွှေရောင်ဆံပင်နှင့် အမျိုးသမီး ပြောသလိုဆိုလျှင် နယ်မြေသခင်သည် သူ၏ သမီးကို အမှန်ပဲ စည်းကမ်း တင်းကျပ်ထားသူ ဖြစ်နိုင်သည်။ သူ၏ ညီလေးကို ခေါ်ဆောင်သွား၍ ပြဿနာမရှိနိုင်သော်လည်း မိန်းကလေးကို ခေါ်ဆောင်သွားရန်မှာမူ မလွယ်လှပေ။ ပျားအုံကို တုတ်နှင့် ထိုးမိသည်ထက် ဆိုးရွားနိုင်သည်။

“ဂိုဏ်းချုပ်ကျွင်း ….”

ကုကျောင်းရှစ်သည် သူ၏ တွေဝေမှုကို သတိပြုမိသွားသည်။ ထို့ကြောင့် တီးတိုးပြောလိုက်၏ “ဒါကျုပ်တို့ရဲ့ ဆုံးဖြတ်ချက်ပါ။ ဂိုဏ်းချုပ်ကျွင်းနဲ့ မဆိုင်ပါဘူး။ ကျုပ်တို့ကို ခေါ်သွားလို့ ပြဿနာတော့မတက်စေရပါဘူး”

“အင်း ..”

“ကျုပ်ကတော့ ဆုံးဖြတ်ပြီးပြီ။ ဟိုမိန်းမကို သွားပြောတော့မယ်”

ဝှစ် …။

ကုန်းဝသည် ထိုင်ခုံမှထကာ ထွက်ခွာသွားခဲ့လေသည်။

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ တီးတိုးရေရွတ်လိုက်မိ၏ “ငါ မင်းကို အရင်ဘဝတုန်းက အကြွေးတင်ခဲ့တယ်။ ဒီတော့ ဘယ်လောက် ခက်ခက် ၊ ဘယ်လောက် အန္တရာယ်များများ မင်းဆန္ဒကို ဖြည့်စည်းပေးမယ်”

ဘုန်း …။

ထိုအချိန်မှာတော့ တဲအိမ်လေးသည် ရုတ်တရက် ပြိုလဲကျသွားသည်။ ကုထျန်းရှင်းသည် လွင့်စင်ပြီး မြေပေါ် ပြုတ်ကျလာသည်။

“ဘာတွေဖြစ်ကုန်တာလဲ” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားသည်။

ဘုတ် ..။

မေမေကုသည် တဲအိမ်ပျက်ထဲမှ လျှောက်ထွက်လာပြီး အော်ဟစ်လိုက်သည် “ကျွန်မကိုပြော…. ချီဖုံးကွယ်ခြင်း ဆေးနည်းကို အရက်နဲ့ လဲသောက်ပြန်ပြီလား”

“မဟုတ်ပါဘူး”

“ဒါဆိုရင် ဘယ်ရောက်သွားလဲ”

“မသိ ..မသိပါဘူး”

ဘုန်း … ဘုန်း … ။

မေမေကုသည် ရှေ့သို့ တိုးလာပြီး ကုထျန်းရှင်း၏ အင်္ကျီလည်ကုပ်ကို လှမ်းဆွဲကာ ဘယ်ပြန်ညာပြန် ရိုက်နှက်လျက်ရှိသည်။ မြေပြင်တစ်ခုလုံးပင် ချိုင့်ဝင်သွားပြီး တည်နေရာတစ်ခုလုံးသည်လည်း ပြိုလဲလျက်ရှိသည်။

ကျွင်းချောင်ရှောင်း တည်ရှိရာ နေရာကို လှမ်းကြည့်ရမည်ဆိုလျှင် ….

မရှိတော့ပေ။ ကျွင်းချောင်ရှောင်းသည် သူ၏ ရွက်သင်္ဘောကြီးပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် အဝေးမှ ရိုက်နှက်နေသည့် အသံများကို နားစွင့်ရင်း စိတ်မကောင်းဖြစ်လို့နေမိ၏။ “ဦးလေး … အဲဒါ ခွေးသူတောင်းစား စနစ်ကြောင့်ပါ။ ကျုပ်အပြစ်မဟုတ်ပါဘူး”

ဘုန်း ….

ဘုန်း ……

အား …..

All Chapters