← Chapters

အခန်း ၁၇၃၇

Vol. 117 Ch. 1737

အခန်း ၁၇၃၇

Vol. 117 Ch. 1737

အပိုင်း (၁၇၃၇)

ဘုတ်

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများအားလုံးသည် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်‌မြေထဲသို့ ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် ငရဲခန်းလုပ်ဆောင်မှုပုံစံကို ရွေးချယ်ထားသည်ဖြစ်သောကြောင့် ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးသည် အလွန်ပဲ မဲမှောင်လွန်းလှ၏။ ထို့အပြင် ခြောက်ခြားဖွယ်ရာလည်း ကောင်းလွန်းလှသည်။ တိုက်ခိုက်လျက်ရှိနေသည့်လေတိုးသံများသည်ပင် ဝိညာဉ်များ၏ အော်ညည်းသံ ကဲ့သို့ ထွက်ပေါ်နေသည်။

“စားကြရအောင်”

ရွှီး ရွှီး

အားလုံးတို့သည် ထိုင်ချလိုက်ပြီးသည့်နောက် လျှိုဝမ်ရှစ် ကြော်ထားသည့် ထမင်းကြော်ကိုထုတ်ယူကာ စားသုံးကြ၏။ ငရဲခန်း လုပ်ဆောင်မှုပုံစံသည် အမှန်ပင် ဆန်းကြယ်လွန်းလှ၏။ ထို့ကြောင့် ၎င်းတို့အနေနှင့် အားအင်တိုးတက်အောင် အရင်ဆုံးပြုမူမှ ဖြစ်ပေလိမ့်မည်။

ဟုတ်ပေသည်။ ၎င်းတို့အနေနှင့် စားသုံးသည့် အချိန်တွင် အစားအစာ၏ အဆင့်အတန်းမှာ အမျိုးမျိုးကွာခြားလျက်ရှိ၏။

ဥပမာအားဖြင့် အဓိကရှေ့မှ ခုခံသူအဖြစ် တာဝန်ယူထားရသည့် ရှောင်ကျီ သည် ကြက်မှိုကင်ကို စားလျက်ရှိ၏။ ဤအရာသည် လျှိုဝမ်ရှစ် နောက်ဆုံးသုတေသနပြုလုပ်ထားသည့် ဟင်းပွဲ တစ်ခုဖြစ်ပြီး ၎င်း၏ အကျိုးသက်ရောက်မှုသည် အကာအကွယ်စနစ်ကိုတိုးတက်စေရန်ပင်ဖြစ်သည်။

ရီရှင်းချန် မှာတော့ ငါးခေါင်းအစပ်ဟင်းကို စားလျက် ရှိနေသည်။ ဤတည်နေရာတွင် သူ့အတွက် တာဝန်တစ်ခုတည်းသာလျှင်ရှိ၏။ ထိုအရာသည် အသင်းအဖွဲ့ ဖွဲ့ပြီးသည့်အချိန်၌ ပေါ်ပေါက်လာသည့် မွန်းစတားများအား ရူးရူးမူးမူးတိုက်ခိုက်ရန်ပင်ဖြစ်၏။

“လာခဲ့”

စားသုံးပြီးသည့်နောက်မှာ‌တော့ ရီရှင်းချန်သည် စုန့်တယ်ဟန်ကို ကြည့်ရှုကာပြောလိုက်၏။ “ပေါင်းစပ် လိုက်ကြရအောင်”

အစားအစာသည် ၎င်းတို့၏ အားအင်အဆင့်ကို အနည်းငယ်သာလျှင် တိုးတက်စေနိုင်၏။ ယခု သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေ၏ ငရဲခန်းလုပ်ဆောင်မှုပုံစံကို စိန်ခေါ်ရဲရသည့် အကြောင်းအရင်းသည် ဝိညာဉ်မျိုးနွယ် ကျင့်ကြံသူများ၏ ထောက်ပံ့မှုကို ရရှိထား သောကြောင့်ပင်။

“အင်း”

စုန့်တယ်ဟန်က တုံ့ပြန်လိုက်၏။ ပြီးသည့်နောက် သူသည် ရွှေရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာဖြင့် ရီရှင်းချန် နှင့် ပေါင်းစပ်လိုက်၏။

တစ်ချိန်တည်းမှာပဲ အခြားသော ဝိညာဉ်မျိုးနွယ် ကျင့်ကြံသူများကသည်လည်း လီချင်းယန် ၊ အခြားသော သူများနှင့်အတူတူ ပေါင်းစပ်လိုက်ကြ၏။ အားလုံးသော သူတို့သည် အနည်းငယ်သော အားအင် တိုးတက်လာခဲ့သည်။

ရွှီး….

ရှောင်ကျီသည် သူ၏လင်းယွမ်ခန်းမဆောင်မှ အထူးစာသားကို အသက်သွင်းပြီးသည့်နောက် ခန္ဓာကိုယ်တစ်ခုလုံး စက်ရုပ်ကဲ့သို့ ဖြစ်တည်သွား၏။ သူသည် သံမဏိဒိုင်းကာကြီးကို ရှေ့တွင်ထောက်ကာဖြင့် ပြောလိုက်၏။ “ကျုပ်အရင်ဆုံးသွားမယ်”

“သွား သွား…”

ဘုန်း….ဘုန်း….ဘုန်း

ရှောင်ကျီသည် ရှေ့ကိုလှမ်းတက်လိုက်၏။ လုံခြုံသည့် တည်နေရာဆီမှ ထွက်ခွာလိုက်သည်နှင့်တစ်ပြိုင်နက် များပြားလွန်းလှသော မွန်းစတားသားရဲကြီးများသည် ရုတ်တရက် လေဟာနယ်ထဲတွင် ဖြစ်တည်လာခဲ့သည်။

၎င်းတို့၏ အော်ရာသီးသန့်ကို သုံးသပ်ရမည်ဆိုလျှင်ပင် အစစ်အမှန်ရှာဖွေခြင်း အထက်အဆင့်၌ တည်ရှိနေကြ၏။ အားလုံးသိကြသည့်အတိုင်းပင်။ ဤငရဲခန်းလုပ်ဆောင်မှုပုံစံသည် ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး စွမ်းအင်မြင့်လှသည့် မွန်းစတားများနှင့် ဖြစ်တည်နေသည့် တည်နေရာဖြစ်ခြင်းပင်။

လက်ရှိ အခြေအနေမှာတော့ သားရဲများပေါ်ပေါက်လာသည်ဆိုသည်နှင့် ကြမ်းတမ်းလှသည့် တိုက်ခိုက်ပွဲက စတင်တော့မှာ သေချာ၏။

ရွှီး…..

ရှောင်ကျီသည် ရှေ့ဆီသို့လှမ်းတက်ပြီးသည့်နောက် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်၏။ ဒိုင်းဆီမှ အလင်းတန်းများ ဖြစ်တည်သွားပြီးသည့်နောက် မွန်းစတားသားရဲတစ်ကောင်ကို တည့်တည့်ထိမှန်သည်။

ထိုအကောင်သည် အနောက်ဖက်ဆီသို့ လွင့်စင်သွားပြီးသည့်နောက် ရေတွက်၍မရအောင် များပြားလှသော မွန်းစတားသားရဲများ၏ အမုန်းတရားများသည် မျက်လုံးထဲတွင် ဖြစ်တည်လာကြ၏။

ဝေါင်း ဝေါင်း

သားရဲများသည် အော်ဟစ်ကြွေးကြော်ပြီးသည့်နောက် စတင်တိုက်ခိုက်ကြသည်။

ဖောက်

ရှောင်ကျီသည် သူ၏သံမဏိဒိုင်းကာကြီးကို ပြန်လည်ကိုင်ဆောင်ကာဖြင့် ရှေ့တွင်ထားလိုက်၏။ အလင်းတန်း များသည် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးသည့်နောက် ကြီးမားလှသည့် ဒိုင်းကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွား၏။

ဘုန်း ဘုန်း

မွန်းစတားသားရဲ တစ်ဒါဇင်ကျော်တို့သည် ၎င်းတို့၏ ခန္ဓာကိုယ်များကို အသုံးပြု၍ ရှေ့မှ သံမဏိဒိုင်းကြီးအား ဝင်ရောက်ကာ တိုက်ဆောင့်ကြ၏။ အားအင်အဆင့်သည် အလွန်ပဲ အားကောင်းလှကြသည်ဆိုသော်လည်း ရှောင်ကျီသည် အနောက်သို့ တစ်ချက်လေးမှ မလွင့်စင်ခဲ့ချေ။

ဤအတောအတွင်းမှာတော့ လီချင်းယန်၊ ရီရှင်းချန်နှင့် အခြားသောသူများအားလုံးသည် စတင်ကာ လှုပ်ရှားကြ၏။ အားလုံးတို့သည် အစစ်အမှန်စွမ်းအင်များကို ထုတ်ဖော်ကာ တိုက်ခိုက်နေကြ၏။

“အချိန်ကျပြီ” တစ်စက္ကန့်လောက်ကြာပြီးသည့်နောက် လီချင်းယန်ကပြောလိုက်သည်။

ရွှီး ရွှီး

ရွှေရောင်ဆံပင်နှင့် ရီရှင်းချန်သည် ရှေ့ဆီသို့ ပထမဦးဆုံး လှမ်းသွားသူဖြစ်သည်။ သူသည် ကောင်းကင် လက်ဝါးရိုက်ချက်၏ လက်စည်းသင်္ကေတများကို ဖန်တီးကာတိုက်ခိုက်နှင့်ပြီးဖြစ်သည်။ သူသည် ဤအဖွဲ့၏ အဓိကတိုက်ခိုက်သူနေရာတွင် တာဝန်ယူထားရသူ တစ်ယောက်ဖြစ်သောကြောင့် အားလုံးသော မွန်းစတားများကို အမြန်ဆုံးနှင့် သတ်ဖြတ်ရန် ကြိုးစား၏။

ရှောင်ကျီမှာမူ အဓိကကာကွယ်သူတစ်ယောက်ဖြစ်၏။ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်က တိုက်ခိုက်လျှင် တစ်ယောက်က ခုခံရင်းအဖြစ် အလုံးစုံဘက်ညီလှသော နည်းဗျူဟာ နားလည်မှုမျိုးကလည်း တည်ရှိလို့နေသည်။ ထို့ကြောင့် နည်းနည်းလေးမှ ပြဿနာမရှိကြချေ။

“ကောင်းကင်လက်ဝါးရိုက်ချက်”

ရီရှင်းချန်သည် ရှေ့ဆီသို့ ရောက်ရှိမလာခင်မှာဘဲ လက်ဝါး ရိုက်ချက်နှစ်ခုကို ကြိုတင်ကာ ရိုက်ထုတ်ပြီးသားဖြစ်၏။ မွန်းစတားသားရဲများသည် အလွန်များပြားလှသည်မဟုတ်လျှင်တောင်မှ အားကောင်းလွန်းလှ၏။ ထို့အတူ ရီရှင်းချန်ကလည်း ရွှေရောင်ဝိညာဉ်၏ ထောက်ပံ့မှုအောက်တွင် ပိုမိုကာအားကောင်းလာခဲ့၏။

ဘုန်း ဘုန်း ဘုန်း

ချက်ချင်းပဲ လက်ဝါးရိုက်ချက်နှစ်ခုသည် အောက်တွင်စုဝေးလျက်ရှိနေသည့် မွန်းစတားသားရဲများဆီသို့ ကျဆင်းသွားသည်။

“အံ့အားသင့်စရာပဲ” စုရှောင်မိုကပြောလိုက်၏။

ဝေါင်း ဝေါင်း

ကြမ်းတမ်းလှသည့် တိုက်ခိုက်ချက်ကို ခံရပြီး နောက်ဘက်သို့ လွင့်စင်သွားသည့် မွန်းစတားသားရဲများသည် ရှောင်ကျီအား ဝိုင်းပတ်နေရာမှတဆင့် ရီရှင်းချန်ဆီသို့ ပြေးဝင်လာခဲ့ကြ၏။

“ဂျူနီယာညီလေး သတိထား” ရီရှင်းချန် သည် လီချင်းယန်၏သတိပေးမှုကို လျစ်လျူရှုထား၏။ သူသည် တည်နေရာမှာပဲ ဂုဏ်ယူစွာဖြင့် မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ နှုတ်ခမ်းထောင့်များသည် အထင်အမြင် သေးစွာဖြင့် အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။

“အမှိုက်တွေ”

ရွှေရောင်ဝိညာဉ်၏ထောက်ပံ့မှုနှင့်အတူ သူသည် အလွန်အားကောင်းလှသည်ကို ခံစားနေရ၏။ လက်ဝါးရိုက်ချက် အနည်းငယ်ကို ထပ်မံရိုက်နှက်ရမည်ဆိုပါက ဤမွန်းစတားအဖွဲ့သည် ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။

ဝှစ်

ထိုသို့အားလုံးကို အဆုံးသတ်ရန် ပြင်ဆင်နေချိန်မှာပဲ ရုတ်တရက် သူ၏ခန္ဓာကိုယ်ဆီမှ ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွား၏။

စုန်တယ်ဟန်သည် ရီရှင်းချန်၏ ခန္ဓာကိုယ်ဆီမှ ခုန်ထွက်ကာဖြင့် ၎င်း၏ခြေတံရှည်ကြီးများဖြင့် အနောက်ဘက်သို့ ထွက်ပြေးလေသည်။

ဝိညာဉ်စွမ်းအင်များ၏ ထောက်ပံ့မှုမရှိသည့်အချိန်မှာတော့ ရီချင်းချန်၏ ဆံပင်နှင့် မျက်ခုံးမွှေးများသည် မူလအတိုင်း ပြန်လည်ဖြစ်တည်သွား၏။ သူသည် နေရာမှာပင် ကြက်သေသေကာ ရပ်လျက်ရှိနေ၏ “သူ….သူထပ်ပြီးပြေးသွားပြန်ပြီလား”

ဝေါင်း

ဒဏ်ရာအနည်းငယ်ရရှိထားသည့် မွန်းစတားသားရဲများသည် ပြိုင်တူဆိုသလိုပဲ ခုန်အုပ်လိုက်ကြ၏ ဤကဲ့သို့သောအချိန်မျိုးမှာတော့ ရီရှင်းချန်သည် အားရပါးရ ဆဲဆိုလိုက်မိသည်။ “ခွေးတိရိစ္ဆာန်”

ဘုန်း ဘုန်း ဘုန်း

ဒါဇင်နှင့်ချီသည့် မွန်းစတားများ၏ တိုက်ခိုက်မှုကို ခံရပြီးသည့်နောက် ညအင်ပါယာ၏ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားခဲ့လေသည်။ သူသည် သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေ အပြင်ဘက်ဆီသို့ ပို့လွှတ်ခြင်း ခံလိုက်ရ၏။

စုန့်တယ်ဟန်သည်လည်း အတူတူပင်။ ရီရှင်းချန်သည် အပြင်ဘက်သို့ရောက်ရှိသည့်အချိန်မှာတော့ စုန့်တယ်ဟန်အား ဒေါသတရားများနှင့် စူးစိုက်ကြည့်ရှုနေသည်။ လူတစ်ကိုယ်လုံး အားအင်ယုတ်လျော့ နေချိန် ဖြစ်သောကြောင့်သာ စုန့်တယ်ဟန်ကို ထမရိုက်ခြင်း ဖြစ်သည်။

ဆွစ် ဆွစ်

မကြာခင်မှာပဲ လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသောသူများသည်လည်း သတ်ဖြတ်ခြင်းကိုခံလိုက်ရ၏။ ၎င်းတို့အားလုံးသည် မြေပေါ်တွင် စီစီရီရီနှင့်လဲလျောင်းလျက်ရှိနေ၏။

လက်ရှိအခြေအနေမှာတော့ လက်ရွေးစင်ဂိုဏ်းသား တပည့်များအားလုံးသည် ကျရှုံးခဲ့၏။မူလအားဖြင့် ဤကဲ့သို့ ကျရှုံးအောင်ပြုလုပ်သည့် တရားခံသည် စုန့်တယ်ဟန်ပင် ဖြစ်လေသည်။

နောက်တစ်ရက်မှာတော့ ရီရှင်းချန်သည် စာကြည့်ခန်းထဲသို့ ရောက်ရှိလာကာပြောလိုက်၏။ “တပည့်… ဝိညာဉ်လဲဖို့ တောင်းဆိုပါတယ်”

စုန့်တယ်ဟန်ဆိုသည့် အကောင်သည် အမှန်ပင်ကြောက်ရွံ့လွန်းလှ၏။ ၎င်းနှင့်သာ ထပ်မံ ပေါင်းစပ်ရမည်ဆိုပါက ညအင်ပါယာဆိုသည့် သူ၏နာမည်သည် ပျက်ယွင်းရပေလိမ့်မည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “စုန့်တယ်ဟန်က ဂိုဏ်းထဲကို ခုမှဝင်တာလေ။ အတွေ့အကြုံ အများကြီး မရှိသေးဘူး။ ဒီတော့ သူ့အနေနဲ့ ငရဲခန်းလုပ်ဆောင်မှုပုံစံကနေ ထွက်ပြေးတယ်ဆိုတာ သာမန်ပဲ။ လက်တွဲဖော်တစ်ယောက်အနေနှင့် မင်းကသူ့ရဲ့ကြောက်ရွံ့မှုကို ကျော်လွှားနိုင်အောင်လို့ ကူညီပေးရမှာပေါ့”

“ကျုပ်”

“ကံကောင်းပါစေ။ ဒါကိုမင်းလုပ်နိုင်ပါတယ်”

ရီရှင်းချန်သည် ပြိုလဲလုမတတ်ဖြစ်နေ၏။ ဂိုဏ်းချုပ်သည် ဝိညာဉ်ကို လဲလှယ်ပေးရန် အစီအစဉ်မရှိချေ။ ကူညီပေးရန်ပင်တောင်းဆိုနေ၏။ “ကောင်းပြီ။ ကောင်းပြီ။ ဒီအင်ပါယာကကျိန်းသေပေါက် သူ့ကို သံမဏိလူသားဖြစ်အောင် လေ့ကျင့်ပေးရမယ်”

……

လေ့ကျင့်ရေးခန်းမထဲမှာတော့ စုန့်တယ်ဟန်သည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏ ။ သူသည် သတိအပြည့်ဖြင့် တွန့်ဆုတ်တွန့်ဆုတ် လှမ်းလျှောက်လျက်ရှိသည်။ နောက်မှလိုက်ပါလာသော ရီရှင်းချန်သည် ၎င်း၏ ကြောက်လန့်တတ်သော ဝိညာဉ်ကျင့်ကြံသူကို မြင်ရသည့်အချိန်မှာတော့ ဖင်ကိုကန်ချင်စိတ်အား မနည်း ထိန်းသိမ်းနေရသည်။

“စီနီယာအစ်ကို”

စုန့်တယ်ဟန်သည် အားပျော့စွာဖြင့်ပြောလိုက်၏။ “ကျုပ်ကိုဘာလို့ ဒီကိုခေါ်လာရတာလဲ”

“ခန္ဓာကိုယ်လေ့ကျင့်ပေးဖို့လေ”

ရီရှင်းချန်သည် ပြောပြီးသည့်နောက် အခန်း၏ရှေ့ဆီသို့လျှောက်သွားကာ တံခါးဖွင့်ပေးလိုက်သည်။ “ဝင်သွားလိုက်တော့”

…….

စုန့်တယ်ဟန်သည် ကြောက်လန့်တတ်သူတစ်ယောက် ဖြစ်သလို အလွန်ပဲသတိအပြည့်ရှိသူ ဖြစ်၏။ ထို့ကြောင့် ချက်ချင်းပဲ သူ၏ ဝမ်းဗိုက်ကို ဆုပ်ကိုင်ကာ ပြောလိုက်၏။ “အား…..ဗိုက်နာလာပြီ အိမ်သာသွားမှဖြစ်တော့မယ်”

ဆွစ်

တစ်ဖက်လူ ထွက်ပြေးသွားမည်ကိုစိုးရိမ်မိသောကြောင့် ရီရှင်းချန်သည် ချက်ခြင်းပဲ လည်ကုပ်ကို ဆွဲကိုင်ကာဖြင့် အထဲသို့ပစ်သွင်းလိုက်သည်။

ဘန်း………

တံခါးပိတ်ပြီးသည့်နောက် အချိန်ကိုသတ်မှတ်ပေးလိုက်၏။ ပထမတုန်းက ညအင်ပါယာသည် နာရီနှစ်ဆယ်သာ ထားရန်စဉ်းစားထား၏။ သို့ပေမဲ့ အိမ်သာဆီ ပြေးရန် ကြံစည်ခဲ့သည်ကို အမြင်ကပ်သောကြောင့် စိတ်အချဉ်ပေါက်ပေါက်ဖြင့် အချိန်ပေါင်း မြောက်များစွာကို သတ်မှတ်ပေးလိုက်၏။

ကျွီ

မကြာခင် ဘယ်ဘက်အခြမ်းမှာရှိနေသော လေ့ကျင့်ရေးအခန်းတံခါးသည် ပွင့်လာခဲ့၏။

ဟယ်ဝူတီသည် ထွက်လျှောက်လာပြီးသည့်နောက် အထဲဆီမှ ကြောက်လန့်တကြားဖြင့် အော်ဟစ်နေသည့်အသံများကို ကြားလိုက်ရ၏။ အမှတ်မထင်ဖြင့် သတ်မှတ်ထားသည့်အချိန်ကိုလှမ်းကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ ရှစ်ဆယ့်လေးနာရီဆိုသည်ကို မြင်လိုက်ရ၏။ သူသည် မျက်လုံးအပြူးသား ဖြစ်သွားရသည်။ “ကြမ်းလိုက်တာ”

အား….အား…..အား

ကြွက်သားတည်ဆောက်ခြင်းအခန်းထဲဆီမှ အော်ဟစ်သံများသည် တောက်လျှောက်ဆိုသလို ထွက်ပေါ်လျက် ရှိနေ၏။

……

ညသို့ရောက်ရှိလာခဲ့၏။ ဟယ်ဝူတီသည် တောင်ထိပ်နေရာတွင် တစ်ယောက်တည်း ထိုင်လျက်ရှိနေသည်။ ထာဝရလောကကြီးထဲသို့ ဝင်ရောက်ပြီးသည်နောက် ဤနောက်ဆုံးတပည့်သည် သူ၏ကျင့်ကြံခြင်းအဆင့်ကို ပိုမိုကာ အာရုံစိုက်လျက်ရှိသည်။

ပိုမိုကောင်းမွန်သည့်လောကကြီးဆီသို့ရောက်ရှိလာခဲ့ရခြင်းသည် သူ့အတွက်တော့ အလွန်ပဲ အရေးပါခဲ့၏။

“ငါ…..နဂါးကိုးကောင်လက်ဝါးကို သုံးဆယ်ရာခိုင်နှုန်း နားလည်နိုင်ခဲ့တယ်။ ပြီးတော့ ကောင်းကင်ဗလာသိုင်း နည်းစနစ်ကိုလည်း နှစ်ဆယ်ရာခိုင်နှုန်းနားလည်နိုင်ခဲ့တယ်။ ဒီသိုင်းနည်းစနစ်နှစ်ခုက နတ်ဘုရားလျှို့ဝှက် ခြေလှမ်းဝက် အဆင့် လူတစ်ယောက်ကို ရင်ဆိုင်နိုင်ဖို့ လုံလောက်နေပြီလေ။ ဒါတွေကို ကျွမ်းကျင်သွားပြီဆိုရင် အထက်နယ်မြေတစ်ခုလုံးမှာ ငါ့ရဲ့ရန်သူ ဖြစ်ဖို့ ဘယ်သူကအရည်အချင်း ရှိမှာလဲ”

ဟယ်ဝူတီသည် ကျောက်တုံးပေါ်သို့ အသာလှဲပြီးသည့်နောက် ညကောင်းကင်ယံကြီးကို လှမ်းကာမော့ကြည့် လျက်ရှိ၏။ သူကပြောလိုက်မိ၏။

“ဂိုဏ်းချုပ်က တကယ့်ကို စိတ်အားထက်သန်တဲ့လူတစ်ယောက်ပဲ။ သူက အန္တိမလမ်းစဉ်ပေါ်မှာ လျှောက်လှမ်းမှာသေချာတယ်။ “အချိန်ရောက်လာရင် ငါ ကျိန်းသေပေါက် အိမ်ကိုပြန်နိုင်လိမ့်မယ်”

ရီရှင်းချန်သည် ဇာတ်ကြောင်းများတည်ရှိနေသည်ကို တစ်ဂိုဏ်းလုံးက သိရှိကြ၏။ သို့ပေမဲ့ သူ၏ ဇာတ်ကြောင်းကိုတော့ မည်သူကမျှ မသိရှိခဲ့ချေ။

ဟုတ်ပေ၏။ ရီရှင်းချန်နှင့်မတူစွာဘဲ ဟယ်ဝူတီသည် သိုသိုသိပ်သိပ်နှင့် နေထိုင်သူတစ်ယောက်ဖြစ်ပြီး ဂိုဏ်းထဲတွင် သူရှိရဲ့လားဆိုသည်ကို သံသယဖြစ်လောက်အောင် နေထိုင်သူဖြစ်၏။ သူ့အနေနှင့် သိုသိုသိပ်သိပ် နေထိုင်ရင်း အကောင်းမွန်ဆုံးသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်နိုင်ရန် တောက်လျှောက် ကြိုးစားလျက်ရှိ၏

သူသည် အရာအားလုံးကို မရရှိဘူးဆိုလျှင်တောင်မှ သူတော်စင် သက်တန့်ရောင်၏ အဆင့်မျိုးလောက်ရရှိလျှင်ကို ကျေနပ်နိုင်ပြီ ဖြစ်သည်။

All Chapters