← Chapters

မစင်တိုက်ပွဲ

Vol. 11 Ch. 143

မစင်တိုက်ပွဲ

Vol. 11 Ch. 143

ဆရာတော်ရမ်သမ်သည် သူ၏ စိတ်အားထက်သန်မှုကို မထိန်းချုပ်နိုင်တော့ဘဲ လက်ကို မြှောက်ကာ မှိုပွင့်ကြီးကိုဆုပ်ကိုင်ရန် အသင့်ပြင်လိုက်သည်။ ရွှေရောင်အဆင်းသည် တောက်ပစွာ ထွန်းလင်းနေပြီး ဗုဒ္ဓကိုယ်တော်တိုင်က နတ်ဆိုးကို နှိမ်နင်းရန် ကြွရောက်လာသကဲ့သို့ ထင်မှတ်မှားစေ၏။

ဝှစ်!

ရွှေရောင်အဆင်းရှိသော လက်တစ်ဖက်သည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး မှိုဘုရင်ကြီးကို လေးလံစွာ ဖိနှိပ်လိုက်သည်။

ခဏအတွင်း ဖုန်မှုန့်များ တလုံးလုံး ထလာတော့သည်။

"ဆရာတော်ရမ်သမ်က အင်အားကြီးမားတော်မူလှပါတယ်!" လူအုပ်ကြီးက ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

ဆရာတော်ရမ်သမ်က လေးလေးနက်နက် ပြောလိုက်သည်။ "ဒီရှေးဟောင်းဆေးပင်ကြီးက ဘုန်းကြီးနဲ့ကံပါလို့တွေ့ရတဲ့ ဆုလာဘ်တစ်ခုဖြစ်တာကြောင့် ဘုန်းကြီးပဲ အရင်လက်ခံထားပါဦးမယ်"

ဘုန်း!

ထိုအချိန်တွင် ရွှေရောင်လက်ဝါးကြီးသည် ကြေမွသွားလေသည်။

"ဒါ အရမ်းလွန်သွားပြီ! ဘာလို့ ငါ့ခေါင်းကို ရိုက်ရတာလဲ!?" မှိုဘုရင်ကြီး၏ အရောင်အဝါသည် ကြောက်မက်ဖွယ်ကောင်းစွာ ထိုးတက်လာပြီး ဒေါသူပုန်ထနေဟန်ပေါ်၏။

"ဘုရားရေ၊ ဒါ အဆင့်မြင့် မဟာမှိုဘုရင်ကြီးပဲ!" လူအုပ်ကြီး ကြောက်လန့်သွားရသည်။ တစ်ဖက်လူ၏ ကျင့်ကြံဆင့်ကား ရွှေအမြုတေ ပြီးပြည့်စုံခြင်းအဆင့်ဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေလျက်။

ဆရာတော်ရမ်သမ်သည် စိတ်ထဲတွင် မကောင်းသော နိမိတ်အယောင်ကို ခံစားလိုက်ရသော်လည်း တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်သည်။ "နတ်ဆိုးသတ္တဝါကောင်၊ မရိုမသေ မပြုစမ်းနဲ့!"

"မှိုဘုရင်ကြီးဘုရား၊ အဲ့မြည်းကတုံးက အရှင့်ကိုဖမ်းပြီး လေလံတင်ဖို့လုပ်နေတာပါ!" ဆေးဘုရင်တစ်ပါးက အော်ဟစ်လိုက်သည်။

မှိုဘုရင်ကြီးသည် အစပိုင်းတွင် လန့်ဖျပ်သွားပြီးနောက် လေလံတင်မည်ဟူသော စကားလုံးကြောင့် ဒေါသစိတ်များ တိုးပွားလာသည်။ "မင်းကို အောင်မြင်ခွင့် မပေးဘူးကွ! သေလိုက်စမ်း!"

ဝှစ်။

မှိုဘုရင်ကြီးသည် တောင်တန်းကြီးတစ်ခုလုံး ဖိချလာသကဲ့သို့ အင်အားကြီးဖြင့် ဆရာတော်ရမ်သမ်ဆီသို့ ခုန်ဝင်လာ၏။

ထုတ်လွှတ်လိုက်သော အင်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ဝိညာဥ်သန္ဓေအဆင့်ကျင့်ကြံသူများကိုပင် တုန်လှုပ်ခြောက်ချားစေနိုင်မည်အထိ။

ဆရာတော်ရမ်သမ်သည် စိတ်ထဲတွင် ထိုးတက်လာသော မအီမသာဖြစ်မှုကို သည်းခံကာ လက်နှစ်ဖက်ကို ခေါင်းပေါ်သို့ မြှောက်တင်၍ ကျမ်းစာဓမ္မစာများကို ရူးသွပ်စွာရွတ်ဆိုတော့လေရာ ဝင်းဝင်းလက်လာသော ဗုဒ္ဓအရောင်အဝါတို့မှာ ချက်ချင်းပင် ဘုရားလောင်းပွင့်တော့မည့်အလား။

"ဒီရဟန်းအိုကြီးမှာ မဖျက်ဆီးနိုင်တဲ့ဝိဇ္ဇာခန္ဓာရှိတယ်ကွ၊ မင်းငါ့ကိုမနှိမ်နင်းနိုင်ဘူး... အား!!!"

ဒုန်း~

ပေါက်ကွဲသံသည် ကမ္ဘာကို တုန်လှုပ်စေ၏။

လူအုပ်ကြီး သတိပြန်ဝင်လာသောအခါ ချက်ချင်းပင် အံ့အားသင့်သွားကြသည်။

မျက်ခံးဖြူရဟန်းအိုကြီးမှာ မှိုဘုရင်ကြီး၏ တင်ပါးဖြင့် ခိုင်မာစွာ ဖိနှိပ်ချုပ်ထိန်းခံထားရသည်ကို သူတို့မြင်လိုက်ရပြီး ထိုရဟန်းအိုကြီးသည် သွေးပွက်ပွက်အန်လျက် နာကျင်မှုအပြည့်ဖြင့် အလူးအလှိမ့်ခံစားနေရဟန်တူ၏။

နောက်ဆုံးတွင် ဤမှိုပွင့်ကြီးမှာ နတ်ဆေးပင်အဆင့်ပြီးလျှင် ဒုတိယလိုက်သော ဆေးမျိုးနွယ်စု သတ္တဝါဖြစ်ပြီး ဆေးဘုရင်တောင်ကြား၏ အရှင်သခင်ဖြစ်ကြောင်းမှာ ငြင်းချက်ထုတ်စရာမရှိ။

ဆရာတော်ရမ်သမ်သည် မဖျက်ဆီးနိုင်သော ဝိဇ္ဇာခန္ဓာရအောင် ကျင့်ကြံထားပါသော်လည်း မှိုဘုရင်ကြီး၏ တောင်တန်းကြီးကဲ့သို့ ဖိအားရှေ့မှောက်တွင် ပြတင်းပေါက်ကာ ဆီစိမ်စက္ကူကဲ့သို့ အလွယ်တကူ ထိုးဖောက်ခံလိုက်ရပေသည်။

"ငါ့ခေါင်းကို ရိုက်ဦးလေ! ထပ်ရိုက်ရဲ ရိုက်ကြည့်ပါဦး!!" မှိုဘုရင်ကြီးသည် အလွန်စိတ်လှုပ်ရှားကာ ခုန်ပေါက်နေပြီး ဆရာတော်ရမ်သမ်ကို တူဖြင့်ထုသကဲ့သို့ အားကုန်သုံးရိုက်နှက်နေကာ စိတ်တွင်းရှိမကျေနပ်မှုအားလုံးကို သွန်ချနေသည်။

"အား!!!" ဆရာတော်ရမ်သမ်၏ ခန္ဓာကိုယ်သည် အပြင်းအထန် ရိုက်နှက်ခံရခြင်းကြောင့် တုန်လှုပ်နေပြီး မျက်လုံးများမှာ ကွဲထွက်လုနီးပါး နီရဲအက်ကွဲနေကာ ပါးစပ်ထောင့်မှ သွေးများ တိုက်ရိုက် စီးဆင်းကျနေသည်။

သာမန် ကျင့်ကြံသူတစ်ဦးဆိုလျှင် ဤကဲ့သို့သော တိုက်ခိုက်မှုကို ခံစားရပြီးနောက်တွင် သေလုမျောပါးအခြေအနေရောက်လို့ တောင်ကြားအပြင်ကိုပင် ပြန်ပို့ခံနေရလောက်လေပြီ။

သို့သော် ဆရာတော်ရမ်သမ်ကတော့ မတူပါ။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခုခံကာကွယ်နိုင်စွမ်းသည် အလွန်ထူးခြားသောကြောင့် ဤကဲ့သို့ ကြီးမားပြင်းထန်သော တိုက်ခိုက်မှုကို ခံစားနေရသော်လည်း သူသည် အသက်အန္တရာယ် မရှိနိုင်သေးပါ။

ထို့ကြောင့် ဤအခြေအနေတွင် သူသည် လူပြက်တစ်ယောက်ကဲ့သို့ မှိုဘုရင်ကြီး၏ အကြိမ်ကြိမ် ခုန်တက်နင်းချေခြင်းကို ခံနေရသော်လည်း ခုခံရန် အင်အားမရှိလှပေ!

"ဆရာတော်!" လူအုပ်ကြီးက ဝမ်းနည်းစွာ အော်ဟစ်မြည်တမ်းကြသည်။

ဆရာတော်ရမ်သမ်၏ မျက်နှာတစ်ပြင်လုံးသည် နာကျင်မှုဖြင့် ပြည့်လွှမ်းနေပြီး အံကိုကြိတ်ကာ စကားဆိုလိုက်သည်။ "နတ်ဆိုးကောင် မင်းသတ္တိရှိရင် ဒီရဟန်းအိုကြီးကို တစ်ချက်လောက်ထရပ်ခွင့်ပေးကြည့်လိုက်လေ"

မှိုဘုရင်ကြီးက အမိန့်နာခံစွာ ဆင်းသွားမည့်ဟန်ပြင်သောကြောင့် ဆရာတော်ရမ်သမ်တစ်ယောက် တုန်တုန်ယင်ယင်ဖြင့် ထရပ်တော့မည့်ဆဲဆဲတွင်မှ တင်ပါးဖြင့်ပြန်လည်ထိုင်ချခြင်းကို ခံလိုက်ရပြန်လေ၏။

"အား!"

ဆရာတော်ရမ်သမ်သည် ရိုက်နှက်ခံရခြင်းကြောင့် အလွန်ခံရခက်လျက်ရှိကာ ဒေါသလည်းထွက်၊ စိတ်လည်းမတင်းနိုင်တော့သည်ကြောင့် ဆက်လက်အရှက်မကွဲလိုလှသဖြင့် အမြန်ပြန်လည်ပို့ဆောင်ခံရဖို့ကိုသာ ဆုတောင်းနေမိတော့သည်။

"မှိုဘုရင်ကြီး၊ ဒီမြည်းကတုံးကို ငါတို့ဆီ ပေးလိုက်ပြီး နည်းနည်းလောင် ထုထောင်းပေးလိုက်ရင်ရော!" ဆေးဘုရင်တစ်ပါးက အကြံပြုသည်။

"အိုကေ!"

လုံခြုံစိတ်ချရရေးအတွက် မှိုဘုရင်ကြီးသည် မြစိမ်းရောင် နွယ်ပင်နှစ်ပင်ကို ဆင့်ခေါ်ကာ ဆရာတော်ရမ်သမ်၏ လက်နှင့် ခြေထောက်ကို ခိုင်မာစွာ ချည်နှောင်လိုက်သည်။ ထိုနွယ်ပင်နှစ်ပင်ကို သူကိုယ်တိုင်ထိန်းချုပ်ထားခြင်းကောင့် ဆရာတော်ရမ်သမ် လွတ်မြောက်နိုင်စွမ်းမရှိပါပေ။

"မင်း၊ ဘာလုပ်ချင်တာလဲ? ဗုဒ္ဓက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး!" ဆရာတော်ရမ်သမ်သည် ဘာဆက်ဖြစ်တော့မည်ကို ခန့်မှန်းလိုက်မိသောအခါ ဆေးဘုရင်တောင်ကြားရှိ ရှက်စရာ နှိပ်စက်ကလူပြုသည့် မြင်ကွင်းအမျိုးမျိုးက သူ့စိတ်ထဲတွင် ရုပ်လုံးပေါ်လာသည်။ တစ်ကိုယ်လုံး ကြက်သီးထလာပြီး ကျောပြင်သည်လည်း အေးစက်သွားတော့၏။

သူသည် ဤတစ်ကြိမ်တွင် ယခင်က ရှက်ဖွယ်လိလိအမှတ်တရများကို ဖယ်ရှားနိုင်မည်ဟု မူလက ယုံကြည်ထားသော်ငြား မှိုဘုရင်ကြီးတစ်ပါးက သူ၏ အောင်မြင်ရာလမ်းတစ်ဝက်တွင် ရုတ်တရက် ပေါ်လာပြီး သူ့ကို အလွယ်တကူ နှိမ်နင်းလိုက်လေသည်။

သူဘယ်လိုပင် စီမံသော်လည်း ကံစီမံရာကို မတော်လှန်နိုင်ခဲ့ပါပေ!

"သွား၊ သူ့အဝတ်အစားတွေကို ချွတ်လိုက်!" ဆေးဘုရင်အုပ်စုသည် ဒေါသတကြီးဖြင့် သူ့ထံသို့ အပြေးအလွှားခုန်အုပ်လာကြတော့၏။

"ရပ်စမ်း! ဒီရဟန်းအိုကြီးက ဗုဒ္ဓရဲ့သားတော်ပဲ! ဒီလိုလုပ်ရင် မင်းတို့ အပြစ်ပေးခံရလိမ့်မယ်!" ဆရာတော်ရမ်သမ်သည် လန့်ဖျပ်တုန်လှုပ်စွာဖြင့် တစ်ကိုယ်လုံး အေးစက်သွားပြီး ရှက်ဒေါသကြောင့် မျက်နှာတစ်ပြင်လုံး နီရဲလျက်ရှိသည်။

ထိုနေရာတွင်ရှိနေသော အမျိုးသားကျင့်ကြံသူများမှာ မျက်နှာမထားတတ်လောက်အောင်ဖြစ်နေကြပြီး အမျိုးသမီးကျင့်ကြံသူများကတော့ ရှုံ့မဲ့နေကြလျက်။

"ဒီမြည်းကတုံးကို တွဲလောင်းချိတ်ထားကြ!"

"ဟုတ်ကဲ့!"

မကြာခင်မှာ ဆရာတော်ရမ်သမ်ဟာ ဝါးလုံးမှာ ချိတ်ဆွဲခံလိုက်ရပြီး လူတိုင်းကြည့်ရှုနိုင်‌သော ဆက်ကပ်ပြပွဲတစ်ခုကဲ့သို့ အသုံးတော်ခံရတော့လေသည်။

မရေမတွက်နိုင်သော ထူးထူးဆန်းဆန်း အကြည့်များစွာကို ခံစားလိုက်ရသောအခါ ဆရာတော်ရမ်သမ်၏ အိုမင်းသော မျက်နှာသည် ပူလောင်နေပြီး သူ၏ နှလုံးသားထဲရှိ ဝမ်းနည်းမှုနှင့် ဒေါသသည် အထွဋ်အထိပ်သို့ ရောက်ရှိသွားသည်။

"နောက်ထပ် မင်းတို့အလှည့်!" ဆေးပင်မျိုးနွယ်အုပ်စုသည် ကျန်ရှိသောကျင့်ကြံသူအုပ်စုဆီသို့ ရန်လိုစွာ ချဉ်းကပ်လာကြသည်။

"လေးစားအပ်ပါသော ဆေးဘုရင်များခင်ဗျာ၊ ဒီရဟန်းက ကျွန်တော်တို့နဲ့မသက်ဆိုင်ပါဘူး၊ ကျေးဇူးပြုပြီး သနားတော်မူပါ!"

"ကျွန်တော်တို့ ခဏလောက်လာလည်ရုံပါ၊ ဘာလို့ ရန်လိုနေကြတာလဲ?"

"ကျွန်တော်တို့ကို အခွင့်အရေးတစ်ခုတော့ပေးပါ!"

လူအုပ်ကြီးသည် ကြောက်လန့်တကြားဖြင့် မျက်နှာများ ဖြူဖျော့သွားရပြီး ထိတ်လန့်တကြား ပြောလာကြသည်။

သတ်လိုကသတ်နိုင်သည်၊ အရှက်တော့ အခွဲမခံကြလိုပေ။ ဆရာ‌တော်ရမ်သမ်၏ ဆက်ကပ်ပြပွဲကြီးကို မျက်မြင်တွေ့လိုက်ရပြီးနောက် ဒုတိယအသုံးတော်ခံဖြစ်ရမည်ကို သေမတတ်ကြောက်ရွံ့လာကြ‌တော့၏။

ဤကဲ့သို့ အရှက်ခွဲခံရပါက တစ်သက်လုံး လိုဏ်ဂူထဲတွင်သာ ပုန်းကွယ်နေရပေတော့မည်။

ဝိညာဥ်ဆေးဘုရင်က အတွေးကောင်းတစ်ခု ဖျတ်ခနဲဝင်လာပြီး ပြောသည်။ "ငါ့မှာ အကြံကောင်းတစ်ခုရှိတယ်၊ ဒီလူသားတွေကို မစင်လုံးတွေ နယ်ခိုင်းပြီး ဒီမြည်းကတုံးကို ဝိုင်းပစ်ခိုင်းလိုက်။ အပြင်းထန်ဆုံးပစ်နိုင်တဲ့သူ လွတ်မယ်ကွာ"

"ဟင်?"

ကျန်ဆေးဘုရင်တွေ အလွန်အထင်ကြီးသွားရသည်။

"ဝိညာဥ်ဘုရင်ရေ၊ မင်း တကယ် ဆေးပညာပါရမီရှင်ပဲ!"

"ဒီလောက် ယုတ်မာတဲ့လှည့်ကွက်ကို တီထွင်နိုင်တာ ငါ မင်းကို အရမ်းလေးစားတယ်!"

All Chapters