← Chapters

အခန်း (၁၄၄)

Vol. 11 Ch. 144

အခန်း (၁၄၄)

Vol. 11 Ch. 144

"ဒါပေမယ့် မစင်လုံးတွေ ဘယ်ကရမှာလဲ?"

ဝိညာဥ်ဘုရင်က ရင်ကိုကော့ခေါင်းကိုမော့လျက် ကြွားဝါလိုက်သည်။ "မင်းတို့ မေ့သွားပြီလား? ငါ အုပ်ချုပ်ရတဲ့ နယ်မြေမှာ ဝိညာဉ်ချိုနွားတစ်အုပ် ရှိပြီး နေ့တိုင်း အနံ့ဆိုးတဲ့ မစင်တွေ အများကြီး ပါပါသွားကြတာလေ၊ မစင်လုံးတွေ နယ်ဖို့ လုံလောက်လိုက်တာမှ!"

"ဝိညာဥ်ဘုရင်က အရမ်း ရက်ရောတာပဲ၊ သူ့ရဲ့ အနံဆိုးမစင်လုံးတွေက အကောင်းဆုံးပဲ!" ရောင်းရင်းဆေးဘုရင်တစ်ပါးက ကျေနပ်အားရစွာ ဝင်ပြောသည်။

ဆေးဘုရင်တောင်ကြားမှာ ဆေးပင်တွေ အများကြီး ပေါက်ရောက်တတ်ပြီး ဝိညာဥ်သားရဲများက မြေသြဇာဓာတ်လွန်စွာကြွယ်ဝသည့်မစင်များကို စွန့်ထုတ်ပေးတတ်သည်ဖြစ်၍ နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးပြုနေကြသောဆက်ဆံရေးဟု ဆိုရပေမည်။

ထို့ကြောင့် ဝိညာဥ်ဘုရင်က မစင်လုံးများကိုအသုံးပြု၍ မြည်းကတုံး၏မာနကိုရိုက်ချိုးရန် အကြံပြုခဲ့ခြင်းပင်။ အပြင်လောကတွင် ကျင့်ကြံသူများက ဝိညာဥ်ကျောက်တုံးများဖြင့် လူတွေကိုပေါက်ခြင်းနှင့် ဆင်ဆင်တူသည်။ ရက်ရောကာ ခမ်းနားသည့် နှိပ်စက်မှုတစ်မျိုးပါပေ။

"ဒါ..." လူသားကျင့်ကြံသူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ညည်းညူလိုက်ကြမိ၏။ မသေမျိုးအရိပ်တစ်ပါးအား ကိုယ်ထိလက်ရောက်စော်ကားခိုင်းနေခြင်း မဟုတ်ပါလော။

မကြာခင်မှာ ကောင်းကင်ကနေ အနက်ရောင်အရာဝတ္ထုတွေ အများအပြား ပြုတ်ကျလာပြီး မြေပြင်မှာ တောင်ငယ်လေးတစ်ခုကဲ့သို့ စုပုံနေကာ မနှစ်မြို့ဖွယ် နွားချေးနံ့များ လှိုင်လှိုင်ထွက်ပေါ်လာလေသည်။

ဆေးပင်မျိုးနွယ်စုတွေအားလုံး စိတ်လှုပ်ရှားလာကြတော့သည်။ ဒါက သဘာဝတရားကပေးတဲ့ လက်ဆောင်မွန်ပဲပေါ့။

"မင်းအရင်စ၊ မြန်မြန်လုပ်!" ဝိညာဥ်ဘုရင်က ကွန်ဖြူးရှပ်ဝတ်ရုံနှင့် လူငယ်တစ်ဦးကို လက်ညှိုးညွှန်ပြီး မြန်မြန်လုပ်ဖို့ အချက်ပြလိုက်သည်။

ကွန်ဖြူးရှပ်ဝတ်ရုံနဲ့ လူငယ်လေးက အနောက်သို့ နှစ်လှမ်းခန့်ဆုတ်သွားကာ ကြောက်လန့်တကြား လက်ဝှေ့ယမ်း၍ ငြင်းဆန်သည်။ "ကျွန်တော် ကျွန်တော်မလုပ်ရဲဘူး!"

"ဒါဆို မင်းလည်း သူ့လိုပဲ အ၀တ်အစားတွေ ချွတ်ပြီး အဲဒီမှာ ချိတ်ဆွဲခံရလိမ့်မယ်၊ ပြီးတော့ အတူတူ ချည်နှောင်ခံရလိမ့်မယ်! နီးနီးကပ်ကပ်လေး အသားချင်းထိပြီးတော့ပေါ့ကွာ!" ဝိညာဥ်ဘုရင်က မီးစာထပ်ထည့်လိုက်သည်။

"ဟင်—!!!"

အားလုံး စိတ်ပျက်လက်ပျက်ဖြင့် စက်ဆုပ်ရွံရှာသွားကြတော့၏။

ရက်စက်တယ်၊ အရမ်းရက်စက်တာပဲ!

ကွန်ဖြူးရှပ်ဝတ်ရုံနဲ့ လူငယ်လေးမှာလည်း တစ်ခေါင်းလုံးထူပူသွားရသည်။ မည်သူက ရဟန်းအိုတစ်ပါးနှင့် အသားချင်းထိချင်ပါ့မည်နည်း? သူအံကြိတ်လျက် ကျန်သူများကိုအသာမေးငေါ့ပြလိုက်သည်။ "သူတို့ရော ပစ်ရမှာပဲမလား"

"ဟုတ်တာပေါ့!"

"ဒါဆို ပစ်မယ်ဗျာ!"

ကွန်ဖြူးရှပ်ဝတ်ရုံနှင့် လူငယ်လေးမှာ စိတ်ဆုံးဖြတ်လိုက်ပုံပင်။ နောက်ဆုံးတော့လည်း သူလိုဘဝတူတွေအုပ်လိုက်ကြီးရှိနေပြီး ရန်သူများကလည်း အဆက်မပြတ်ဖိအားပေးသောကြောင့် စိတ်ကိုလွှတ်ချလိုက်ပုံရ၏။

ထို့နောက် လူတိုင်း၏ အံ့အားသင့်သော မျက်လုံးများအောက်တွင် ကွန်ဖြူးရှပ်ဝတ်ရုံနှင့် လူငယ်လေးသည် ရွံရှာမှုကိုသည်းခံကာ စံချိန်မီ လုံးဝိုင်းသော မစင်လုံးတစ်ခုကို ကောက်နယ်၍ လက်တစ်ဖက်ကို တုန်တုန်ရီရီမြှောက်လိုက်ပြီး ဝါးလုံးတွင် ချိတ်ဆွဲထားသော ပိန်လှီလှီပုံရိပ်သို့ ချိန်ရွယ်လိုက်သည်။

ဆရာတော်ရမ်သမ်က မျက်နှာပျက်ပျက်ဖြင့် သတိပေးလာသည်။ "ဒကာ၊ ကျေးဇူးပြုပြီး နှလုံးသားရဲ့ လမ်းညွှန်မှုကိုသာ လိုက်နာပါ၊ ပြင်ပအင်အားတွေရဲ့ ဖိအားကို စိတ်ထဲအဝင်မခံပါနဲ့! အဲဒါတွေအားလုံးဟာ တိမ်တိုက်တွေလိုပဲ၊ ခဏတာပဲ တည်မြဲတာ!"

"ဆရာတော်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်!"

ကွန်ဖြူးရှပ်ဝတ်ရုံနှင့် လူငယ်လေးမှာ စိတ်သက်သာရာရသွားဟန်ဖြင့် ရိုရိုသေသေ ပြောလာသည်။ "ဆရာတော်ပြောတာ မှန်တယ်၊ ငါတို့တွေ နှလုံးသားရဲ့ လမ်းညွှန်မှုကို လိုက်နာရမယ်!"

ဆရာတော်ရမ်သမ် သက်ပြင်းချလိုက်ပြီး ကြင်နာသော မျက်နှာဖြင့် ပြောလာသည်။ "မှန်တယ်၊ ဒီကလေးက သင်ကြားပေးလို့ရတာပဲ..."

ဖတ်!

နောက်တစ်စက္ကန့်မှာတော့ မစင်လုံးဟာ သူ့မျက်နှာကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီး အဝေးကကြည့်လျှင် ပန်းပွင့်မည်းမည်းလေးတစ်ဖတ်ကပ်နေသည်နှင့်ပင် တူသေး၏။

ဆရာတော်ရမ်သမ်၏ မျက်နှာသည် တောင့်တင်းသွားပြီး သူ၏ နှာခေါင်းထဲသို့ ရှူသွင်းလိုက်သမျှလေသည် နွားချေးနံ့ဖြင့် ထောင်းထောင်းထလျက်ရှိလေသည်။

အော်မီထော်‌ဖော၊ မင်း တကယ် ပစ်ရဲတယ်ပေါ့!!!

"ဆရာတော်ဟာ တကယ်ကို ကိုးကွယ်သင့်တဲ့ ဆရာတော်ပါပဲ၊ ကျွန်တော့်ရဲ့ ပြစ်မှားမှုကို လုံးဝ ဂရုမစိုက်ပါဘူး၊ တကယ်ကို နှလုံးသားလှတဲ့ ရဟန်းတော်ပါ!" ကွန်ဖြူးရှပ်ဝတ်ရုံနှင့် လူငယ်လေးဟာ ကျေးဇူးတင်ဝမ်းမြောက်စွာဖြင့် မျက်ရည်များပင်စီးကျလာလေသည်။

"ကောင်းတယ်၊ ကောင်းတယ်၊ ငရဲအိုးထဲကို ငါပဲခုန်ဆင်းလိုက်ပါတော့မယ်?" ဆရာတော်ရမ်သမ်ဟာ မထိန်းနိုင်စွာဖြင့် အသံကျယ်ကျယ် ရယ်မောလိုက်ကာ သူ ထွက်သွားပြီးရင် ဒီကောင်လေးကို ဘယ်လိုသတ်ပစ်ရမည်ဆိုသည့်အကြောင်း တွေးထားလိုက်သည်။

နွားချေးဖြင့်အပေါက်ခံရသည်ကို ရယ်မောနေနိုင်သောဆရာတော်အားမြင်သော် လူတိုင်း၏နှလုံးသားများ တုန်လှုပ်သွားရ၏။

မသေမျိုးအရိပ်ဆိုတာ ဒီလိုစိတ်သဘောထား ကြီးမားကျယ်ပြန့်လှတာမျိုးပေါ့ကွာ!

"ဆရာတော်ရေ၊ တောင်းပန်ပါတယ်ခင်ဗျာ!"

ကွန်ဖြူးရှပ်ဝတ်ရုံနှင့် လူငယ်လေးက ဦးဆောင်လိုက်တာကို မြင်သော် နောက်က ကျင့်ကြံသူများဟာလည်း မစင်လုံးတွေကို အားရပါးရနယ်လုံးကာ ဆရာတော်ရမ်သမ်ကို အားကုန်ပစ်ပေါက်ကြလေတော့သည်။

ဖတ် ဖတ် ဖတ်~!

ထို့နောက် မရေမတွက်နိုင်သော မစင်လုံးများသည် မျက်ခုံးဖြူရဟန်းအိုကြီး၏ ဦးခေါင်းမှ ခြေဖျားအထိ အကြားအလပ်မရှိ ပြီးပြည့်စုံစွာ ဖုံးလွှမ်းသွားလေတော့၏။

သူလိုလူက နွားချေးနဲ့ အနီးကပ် ထိတွေ့နေရတယ်ပေါ့?

"ဘာလို့ မပစ်တာလဲ? မင်းတို့ရော သူ့လို ဖြစ်ချင်လို့လား?" ဝိညာဥ်ဘုရင်က တစ်ချက်ခြိမ်း‌ခြောက်လိုက်သည်။

လေပေါ်ကျောင်းတော်မှ ရဟန်းကျင့်ကြံသူများမှာ ရှက်ရွံ့တွန့်ဆုတ်သွားကြဟန်ဖြင့်။

"အားလုံးပဲ၊ အခု လူများနေတုန်း ပစ်ကြစို့လေ" တပည့်ရဟန်းတစ်ပါးက သတိကြီးကြီးဖြင့် ပြောလာသည်။

"ဟုတ်တယ်၊ ဆရာတော်ရမ်သမ် ငါတို့ကို နားလည်ပေးလိမ့်မယ်လို့ ငါ ယုံကြည်တယ်" သူတို့အားလုံးသက်ပြင်းချပြီး ဗုဒ္ဓကို မြည်တမ်းရေရွတ်လိုက်ကြသည်။

ထို့နောက် သူတို့သည်လည်း စိတ်လှုပ်ရှားစွာဖြင့် မစင်တပ်ထဲသို့ ပါဝင်ခဲ့ကြလေသည်။

ဆရာတော်ရမ်သမ်သည် မစင်လုံးမိုးဖြင့် ပစ်ပေါက်ခံရပြီး လွန်စွာဝမ်းနည်းနာကျင်ကာ ဒေါသထွက်နေရပါသော်ငြား အကူအညီတောင်းခံစရာရှိမနေချေ။ ဤအခြေအနေမှာ သူအရင်တစ်ခေါက်ကြုံခဲ့ရသည်ထက် ပို၍ပင် အရှက်ရစရာကောင်းနေ‌လေ၏။

ဒီအဖြစ်ကိုသာ ကြိုသိခဲ့ရင် ဆေးဘုရင်တောင်ကြားကို လုံးဝလာမှာ မဟုတ်ဘူး!

"တော်ပြီ! တော်ပြီ!"

"တော်လောက်ပြီ... အွတ် အွတ်!!!"

ဆရာတော်ရမ်သမ် သည်းမခံနိုင်စွာ အနည်းငယ်အော်ဟစ်လိုက်သောအခါ မည်သူပစ်လိုက်မှန်းမသိသော မစင်လုံးသည် တိကျသပ်ရပ်စွာဖြင့် သူ့ပါးစပ်ထဲသို့ ဝင်ရောက်သွားလေသည်။ လည်ချောင်းမှတစ်ဆင့် မသိစိတ်ဖြင့် မျိုချလိုက်မိသော် စူးရှပြီး စက်ဆုပ်ဖွယ်ကောင်းသော အနံ့သည် သူ၏ မျက်နှာကို ဝက်အသည်းရောင်ကဲ့သို့ မည်းချိတ်သွားစေပြီး မျက်ရည်နှစ်ကြောင်း စီးကျလာလေတော့၏။

ဒါကြီးကဘာလို့ အရသာရှိနေတာလဲ?

All Chapters