← Chapters

သက်ရှည်ကျမ်း

Vol. 11 Ch. 150

သက်ရှည်ကျမ်း

Vol. 11 Ch. 150

ဘုန်း!

ထိုရောင်ခြည်ကို လက်ခံပြီးနောက် မှိုဘုရင်၏ ဦးခေါင်းသည် ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။

ကောင်းကင်ဧကရာဇ်၏ သက်ရှည်ကျင့်စဉ်၊ ဤ နက်နဲမြင့်မားလှသော ကျင့်ကြံရေးလမ်းစဥ်ကြီးသည် သူ၏အသိစိတ်ပင်လယ်ထဲတွင် စာလိပ်တစ်ခုကဲ့သို့ ပွင့်ဟလာသည်။ ချက်ချင်းဆိုသလို မှိုဘုရင် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်သွားပြီး အလွန်အမင်း စိတ်လှုပ်ရှားလာတော့၏။

သူ အလွန်စိတ်လှုပ်ရှားနေသည်။ ဤသည်မှာ မည်မျှ အံ့သြဖွယ်ကောင်းလှသော ကျင့်ကြံရေးလမ်းစဥ်ကြီး ဖြစ်ပါသနည်း?

အားလုံးသိကြသည့်အတိုင်းပင်။

ဆေးပင်မျိုးနွယ်စုဆိုသည်မှာ မွေးရာပါ အားနည်းပြီး တိုက်ခိုက်ရာတွင် အစွမ်းအစမရှိလှပေ။ အားသာချက်မှာ ၎င်းတို့သည် လူသားမျိုးနွယ်စုထက် သက်တမ်း ပိုရှည်ခြင်းပင် ဖြစ်သည်။

သို့သော် ချို့ယွင်းချက်များကို ဖြည့်ဆည်းပေးနိုင်ပါက ဆေးပင်မျိုးနွယ်စုဆိုသည်မှာ ကြီးမြတ်သောမျိုးနွယ်တစ်ခုဖြစ်ကြောင်း ထင်ထင်ရှားရှား သိလာရပေမည်။

ယခု ဆရာသခင်အသစ်စက်စက်ထံမှ လက်ဆောင်ရရှိလိုက်သော ကောင်းကင်ဧကရာဇ်၏ သက်ရှည်ကျင့်စဉ်က ဆေးပင်မျိုးနွယ်၏ ဘုံအားနည်းချက်ဖြစ်သော တိုက်ရည်ခိုက်ရည်နှင့် ကျင့်ကြံရေးနှေးကွေးမှုကို ဖြည့်ဆည်းပေးနိုင်သည်။

ထိပ်တန်းအဆင့် မဟာဆေးဘုရင်၊ အလွန်မြင့်မားသော အလားအလာရှိသည့် မသေမျိုးမှိုဘုရင်သည် ဤကျင့်ကြံခြင်းနည်းလမ်းကို ပိုင်ဆိုင်ခြင်းဖြင့် ၎င်း၏ အားအင်အပြည့်ရှိသော ပုံစံအသစ်ကို အပြည့်အဝပြောင်းလဲတိုးတက်နိုင်မည်ဖြစ်ကာ နဂါးစွမ်းရည်ရရှိသွားသော ငါးကြင်းတစ်ကောင်ကဲ့သို့ စိတ်လွတ်ကိုယ်လွတ်ဖြင့် မိုင်တစ်သောင်းအထိ ပျံသန်းနိုင်မည်ဖြစ်၏။

ဒီတစ်ကြိမ်မှာတော့ မှိုဘုရင်သည် ယဲ့ကျွင်းလင်၏ ‌အဓိပ္ပာယ်မရှိသော စကားလုံးများကို တကယ်ယုံကြည်သွားရှာပြီး ရိုးသားစွာဖြင့် သစ္စာခံလာသည်။ “ဆရာသခင်! ဒီတပည့်ရဲ့ ဦးညွှတ်အရိုအသေပြုခြင်းကို ခံယူပါ!”

ထို့နောက် သူသည် ချိုင့်ဝှမ်းထဲမှ ခုန်ထွက်လာပြီး ယဲ့ကျွင်းလင်ရှေ့တွင် လေးစားစွာ ဒူးထောက်ဦးညွှတ်လိုက်သည်။

ယဲ့ကျွင်းလင်က လက်နောက်ပစ်ကာ ခေါင်းငြိမ့်ခံယူလိုက်၏။

ဤမြင်ကွင်းကို မြင်လိုက်ရသောလူတိုင်းမှာ ဦးနှောက်ကို မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အငွေ့တလူလူထွက်မတတ် ခေါင်းပူလာကြတော့သည်။

ဘာတွေဖြစ်နေတာလဲ?

အစောကပဲ အသေအကျေတိုက်ခိုက်နေကြပြီး အခုချက်ချင်း ဆရာတပည့်ဖြစ်သွားကြတာလား?

နောက်ပြီး အဲ့တပည့်က မှိုတစ်လုံးတဲ့လေ!

ဒါ ဘယ်လိုတောင် ထူးဆန်းလိုက်တဲ့ ဝါသနာလဲ?

လီဝူကျယ်သည် ပထမတော့ အံ့အားသင့်သွားပြီး နောက်တော့မှ နက်နက်ရှိုင်းရှိုင်း သဘောတူလိုက်သည်။ “ကြည့်ပါဦး၊ ဒါ ဆရာသခင်ရဲ့ မူရင်းပုံစံပဲ! သူ့ကိုငါတို့ ဘယ်တော့မှ နားမလည်နိုင်ဘူးလေ!”

"ဪ" ဟုန်ချန်ယဲ့က မျက်လုံးလှန်ပြလိုက်သည်။

ထို့နောက် သူ့တစ်ကိုယ်စာကြားရုံလောက် တိုးတိုးရေရွတ်လိုက်သည်။ "ဒီစောက်ရူးကောင် တပည့်လက်ခံတာကို အရူးအမူးစွဲလမ်းနေတာလား?"

ကျင့်ကြံသူများကြားက တိုက်ပွဲသည် အမြဲတမ်း သေခြင်းရှင်ခြင်း ချောက်ကမ်းပါးတစ်ခုသာဖြစ်၏။

သို့သော် တိုက်ခိုက်နေစဉ် တစ်စုံတစ်ယောက်ကို တပည့်အဖြစ် လက်ခံသည်မှာ မကြုံစဖူး ထူးဆန်းလှသည့် အလှည့်အပြောင်းပေ!

"ဒီလူက သူ့ကို ဒဏ္ဍာရီလာ မသေမျိုးဆေးပင်အဖြစ် ပြုစုပျိုးထောင်ပြီး အချိန်ကျရင် သန့်စင်ဝါးမျိုဖို့ ကြံစည်နေတာလား?" နတ်ဆိုးအရှင်ကတော့ နတ်ဆိုးဆန်ဆန်သာ ထင်ကြေးပေးလေသည်။

ဒါဟာ လုံးဝ ဖြစ်နိုင်တယ် မဟုတ်ဘူးလား?

နောက်ဆုံးတော့ အဲ့လူရဲ့အကျင့်စရိုက်က သိပ်ပြီးလူဆန်တာမဟုတ်ဘူးလေ!

အရေးအကြီးဆုံးကတော့ မသေမျိုးမှိုဘုရင်ရဲ့ ကြီးထွားတိုးတက်မှု အလားအလာအရ မသေမျိုးဆေးပင်အဖြစ် ပြောင်းလဲနိုင်ချေ အများကြီးရှိနေပါတယ်!

မသေမျိုးဆေးပင်တစ်ပင်သာ ပေါ်ထွက်လာမယ်ဆိုရင် အစစ်အမှန်မသေမျိုးတွေတောင် ပြေးထွက်လာပြီး သွေးထွက်သံယို ဖြစ်တဲ့အထိ တိုက်ခိုက်လုယက်ကြမှာ ဧကန်ပါပဲ!

"ရေးးး၊ ရှုရှု မှာ နောက်ထပ်မောင်လေးတစ်ယောက် ထပ်ရပြီ!" ပုရှောင်ရှီး ပျော်ရွှင်စွာ ကခုန်နေလိုက်သည်။ သူမကို ဆရာတူအစ်မဟုခေါ်မည့်သူ နောက်တစ်ယောက်ထပ်တိုးလာလေပြီ။

ဝါးလုံးတွင် ချိတ်ဆွဲခံထားရသော ဆရာတော်ရမ်သမ်မှာတော့ မိမိရှင်သန်နေသော ဘဝကိုပင် သံသယရှိနေသယောင်ပင်။

ဒီကမ္ဘာကြီးက သူ နားမလည်နိုင်တဲ့အထိ ဖွံ့ဖြိုးလာနေပြီ!

ဒါဆို အစကနေအဆုံးအထိ သူပဲကြားကနေ အနစ်နာဆုံး ဖြစ်သွားရတာပေါ့?!

ထိုအချိန်တွင်။

ယဲ့ကျွင်းလင်သည် မှိုဘုရင်ကြီးကို သေသေချာချာ စေ့စေ့စပ်စပ် အကဲခတ်ကြည့်ရှုလိုက်ပြီး လေးနက်စွာ ပြောကြားလာသည်။ “မင်း ငါ့ဂိုဏ်းထဲ ဝင်ရောက်လာပြီဆိုတော့ သင့်လျော်တဲ့ နာမည်တစ်ခု ရှိရမယ်၊ ဒီဘွဲ့နာမည်က ကြားလိုက်ရင် နားလည်မှုလွဲမှားလွယ်တယ်”

"ဆရာသခင်၊ ဆရာသခင် ပြောချင်တဲ့အဓိပ္ပာယ်က... ..." မှိုဘုရင်က မျှော်လင့်ချက်အနည်းငယ်ဖြင့် စကားထောက်လိုက်သည်။

"ပုံသဏ္ဍာန်က အနက်ရောင်မှိုလိုပဲ၊ ‌ကောင်းကင်ဧကရာဇ်ရဲ့ ကံကြမ္မာလည်း ရှိတယ်၊ ကြီးထွားတိုးတက်မှု အလားအလာကလည်း အလွန်မြင့်မားတယ်။ ဒီအချက်တွေအားလုံးကို ထည့်သွင်းစဥ်းစားရင် ရှောင်ဟေးဆိုတဲ့နာမည်က အသင့်တော်ဆုံးပဲ!" ယဲ့ကျွင်းလင်က လေးနက်စွာ ပြောသည်။

မှိုဘုရင် ပြောစရာစကားမဲ့သွားသည်။

တကယ်ကို ငြင်းဆန်ချင်လှပေမဲ့ သူမဝံ့ရဲပါ။ ရှောင်ဟေးလည်း ကောင်းပါတယ်လေ၊ ရိုးရိုးရှင်းရှင်းနဲ့ သိပ်မပေါ်လွင်တာမျိုးလေးပေါ့!

"ဒါနဲ့ ဆရာသခင် မင်းကို မေးပါရစေ၊ ဆေးဘုရင်တောင်ကြားရဲ့ သခင်ဖြစ်တဲ့ ဆေးဆရာကြီးက ဘာလို့ လူသား ကျင့်ကြံသူတွေကို နှိမ်နင်းဖို့ စည်းမျဥ်းစည်းကမ်းအမျိုးမျိုးချမှတ်ပြီး မင်းတို့ ဆေးပင်မျိုးနွယ်စုကို ကာကွယ်နေရတာလဲ?"

ယဲ့ကျွင်းလင် ထိုကိစ္စကို အမှတ်ရသွားပြီ အတည်အတံ့ စစ်မေးလာတော့၏။

ထိုဆေးဘုရင်အဘိုးကြီး၏ ရည်ရွယ်ချက်ကို သူတကယ်နားမလည်နိုင်ပေ၊ ဘာလို့ နောင်မျိုးဆက်ကျင့်ကြံသူတွေကို ဒီလိုဒုက္ခပေးချင်ရတာလဲ!

ဆေးဘုရင်တောင်ကြားကို ရက်ရက်ရောရောပဲ ဖွင့်ပေးပြီး လူသားကျင့်ကြံသူတွေကို ဝင်ရောက်ခွင့်ပေးပေမယ့် အမျိုးမျိုးသော လှည့်ကွက်တွေကို ဖန်တီးခဲ့ပြီး ဆေးပင်မျိုးနွယ်စုကို လူသားတွေရဲ့ခေါင်းပေါ်တက်ပြီး မင်းမူနိုင်အောင် အခွင့်အရေးပေးထားခဲ့သည်။ ဆွေးနွေးညှိနှိုင်းမှုမရှိတဲ့ တစ်ဖက်သတ်လုပ်ရပ်ဟာ လုံးဝကို လှည့်စားခြင်းသက်သက်ပါပဲ!

နှစ်ပေါင်းများစွာ ကြာလာပေမယ့် အပြင်လောကမှ မသိနားမလည်ရှာသော ကျင့်ကြံသူတို့မှာ ထိုတရားမျှတပုံရသော ဆေးဘုရင်ကြီးအား ယခုအချိန်ထိ လေးစားရိုသေနေကြဆဲပင်!

ဒီကြောက်မက်ဖွယ်နေရာကြီးက လူသားမျိုးနွယ်၏ ကပ်ဆိုက်ရာစစ်မြေပြင်ဆိုတာ သူတို့ မသိခဲ့ကြပေ။ မည်မျှပင် အံ့သြစရာကောင်းလောက်အောင် အင်အားကြီးခဲ့သော စွမ်းအားရှင်ဖြစ်ပါစေ၊ ဆေးဘုရင်‌တောင်ကြားတွင် လိမ်လိမ်မာမာနှင့် ခိုင်းသမျှလုပ်ရုံကလွဲပြီး ရွေးချယ်စရာမရှိ။

လူသား ကျင့်ကြံသူ မျိုးဆက်ပေါင်းများစွာကို လှည့်စားခဲ့တာ၊ ဒါဟာ အရှေ့ပိုင်းစီရင်စုတစ်ခုလုံးရဲ့ အကြီးဆုံး လိမ်လည်မှုပဲ!

အမေးခံလိုက်ရသော မှိုဘုရင်ကတော့ တွေဝေတုံ့ဆိုင်းခြင်းပင်မရှိ၊ ချက်ချင်းဖွင့်ဟလာသည် “ဆေးဘုရင်ကြီးကိုယ်တိုင်က ကျွန်တော်တို့ ဆေးပင်မျိုးနွယ်စု ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေလို့ပေါ့!”

"ဘာ?!"

ယဲ့ကျွင်းလင် ကြက်သေသေသွားသည်။

သူတင်မက၊ လူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားရလေသည်။

All Chapters