← Chapters

အခန်း (၁၅၄)

Vol. 11 Ch. 154

အခန်း (၁၅၄)

Vol. 11 Ch. 154

ဆေးဘုရင်တောင်ကြားထဲသို့ ဝင်ရောက်ခဲ့သော ကျင့်ကြံသူများမှာ မျက်နှာတို့မည်းမှောင်သွားရ၏။ ကံဆိုးမှုတွေက တစ်ခုပြီးတစ်ခုပါပဲလား?

သူတို့ သေမတတ် အနိုင်ကျင့်ခံခဲ့ရတာ၊ ဘယ်လိုလုပ်ပြီး ဆေးပင်တွေပါလာမှာတဲ့လဲ?

အခုတော့ ဆံဖြူနတ်ဆိုးကို ဘယ်လို ရှင်းပြရတော့မှာလဲ?!

"သေစမ်း၊ ဒီလူတွေ ထပ်ရောက်လာပြန်ပြီ!" အန်းမြောင်ယိသည် သူမ၏ပန်းနုရောင်လက်သီးလေးများကို ဒေါသတကြီးတင်းတင်းဆုပ်လိုက်ပြီး မက်မွန်စေ့ကဲ့သို့မျက်လုံးလေးများလည်း ပြူးထွက်လာတော့သည်။

ဖန်းသယ်ကျန့်၏ မျက်လုံးများ လင်းလက်သွားပြီး သူ့ထင်ကြေးမှန်မမှန် သိခါနီးအခြေအနေဖြစ်သော်လည်း ချက်ချင်းထုတ်မပြောသေးဘဲ ဘေးမှလေးယောက်ကို အသာအကဲခတ်နေလိုက်သည်။

ယဲ့ကျွင်းလင် ဒေါသတကြီး ရယ်မောလိုက်သည်။ "ကောင်းချက်ကွာ၊ အခုတော့ ဒင်းတို့ကို လက်ပူးလက်ကျပ် မိပြီ။"

သူ့မျက်လုံးများက ထိုဆံဖြူအဘိုးကြီးအား မမှိတ်မသုတ် စိုက်ကြည့်နေလိုက်သည်။

သေလိုက်လေ။

မင်းလို အိုမင်းရွတ်တွနေတဲ့ အဘိုးကြီးက ငါလို့ ဟန်ဆောင်ရဲတယ်လား?

ငါလိုချောမောနုပျို သန့်ရှင်းစင်ကြယ်ပြီး အချစ်ကြီးတဲ့လူမျိုးရဲ့ ဆွဲဆောင်မှုကို တစ်ဘီလီယံပုံတစ်ပုံတောင် မင်းမတုနိုင်ဘူး!

ဟုန်ချန်ယဲ့၏ မျက်လုံးများ ဒေါသဖြင့် တောက်လောင်နေပြီး လက်သီးကိုကျစ်ကျစ်ဆုပ်ကာ ကြိမ်းဝါးလာသည်။ "ဒင်းတို့က ဒီအရှင့်ရဲ့နေရာမှာ အမျိုးသမီးတစ်ယောက်ထားထားကြတာပေါ့လေ"

အထူးသဖြင့် တစ်ဖက်လူ၏ရင်ဘတ်ရှေ့မှ အမို့အမောက်လှိုင်းများကို မြင်သောအခါ နတ်ဆိုးဂိုဏ်းချုပ်မှာ စိတ်ဝိညာဥ်၏အနက်ရှိုင်းဆုံးတစ်နေရာကို လာရောက်ထိပါးခံရသကဲ့သို့ လွန်စွာအရှက်ရသွားရ၏။

"ငါဟန်ဆောင်တဲ့ကောင်လေးက ငါ့ထက်တောင်ပိုဆိုးနေတာမဟုတ်ဘူးလား?" လီဝူကျယ်သည် ပထမတော့ ကြောင်အသွားပြီးနောက် မုန်းတီးစွာဖြင့် အံတင်းတင်းကြိတ်လိုက်ကာ ညာဘက်လက်ဖြင့် ဓားရိုးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

သူသည် လူအများကို အမည်ကြားရုံဖြင့် ကြောက်ရွံ့တုန်လှုပ်စေသော ဓားနတ်ဆိုးဖြစ်သည်။ သို့သော် ဤသစ္စာဖောက်က သူ့ကို လမ်းဘေးဓားပြပုံရိပ်ဖြင့် ဖုံးအုပ်စေခဲ့လေပြီ။

မှိုဘုရင်သည် ခေါင်းကိုအသာကျုံ့လိုက်ပြီး အပြင်လောကမှ မရင်းနှီးသော ပတ်ဝန်းကျင်နှင့် လူစည်ကားသော မြင်ကွင်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ၎င်း၏လူမှုရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ထပ်မံပေါ်ပေါက်လာပြီး ဘယ်ကလာမှန်းမသိသော သတ္တိများလည်း ပျောက်ကွယ်သွားရတော့၏။

ထိုသနားစဖွယ် မှိုမည်းလေးကိုမြင်သော် သူ့ဘေးနားက ပုရှောင်ရှီးမှာ ကြင်နာစွာဖြင့် နူးညံ့သောလက်ကလေးကို ဆန့်တန်းပြီး မှိုခေါင်းလေးကို ညင်သာစွာပုတ်ပေးလိုက်သည်။ "မောင်လေး၊ အရမ်းမကြောက်ပါနဲ့"

မှိုဘုရင်၏ ခန္ဓာကိုယ်လေး တုန်ရီသွားသည်။ အမှန်ဆိုရသော် သူ့ခေါင်းကို တစ်စုံတစ်ယောက်က လာရောက်ထိပါးခြင်းအား နည်းနည်းမှမနှစ်သက်သော်ငြား သူ့ရှေ့ရှိ ဖြူစင်နူးညံ့သော မိန်းကလေးသည် ရှင်းပြမရနိုင်သော ခင်မင်ရင်းနှီးသည့်ခံစားချက်အား ပေးစွမ်းခဲ့သည်။

"ဟို နာမည်က ဘယ်လိုခေါ်ရမလဲဟင်?"

"ရှုရှုနာမည်က ပုရှောင်ရှီးလို့ ခေါ်ပါတယ်!"

"ဒါဆို ဆရာတူအစ်မရှောင်ရှီးပေါ့၊ တွေ့ရတာ ဝမ်းသာပါတယ်၊ တွေ့ရတာ ဝမ်းသာပါတယ်"

"အိုး၊ ဒီလောက်ထိ ယဉ်ကျေးစရာမလိုပါဘူး။"

ဆရာတူမောင်လေးအသစ်က သူမကို ဆရာတူအစ်မဟု ခေါ်သည်အား ကြားလိုက်ရသောအခါ ပုရှောင်ရှီးသည် နေရာတွင် ပျော်ရွှင်စွာ လှည့်ပတ်ကလိုက်သည်။

"ဒါနဲ့ ဆရာတူအစ်မရှောင်ရှီး၊ အခု အခြေအနေက ဘာလဲဟင်? ဘာလို့ အဲဒီလူတွေရဲ့ အဝတ်အစားတွေက အစ်မတို့အဖွဲ့နဲ့ အရမ်းဆင်တူနေရတာလဲ?" မှိုဘုရင်က စိတ်ဝင်တစား မေးလိုက်သည်။

ပုရှောင်ရှီးက ရိုးသားစွာ ပြန်ဖြေသည်။ "အိုး၊ အဲဒီလူတွေက မမတို့ကို အတုခိုးနေကြတာလေ၊ အခု သူတို့က ဟန်ဆောင်ခြိမ်းခြောက်ပြီး ဓားပြတိုက်ဖို့ ပြင်ဆင်နေကြတာ။"

မှိုဘုရင် ကြောင်အသွားသည်။

လူသားတွေက အတော်လေးဉာဏ်များကြတာပဲ!

သို့သော် ဤအချိန်တွင် ခမ်းနားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ထိုးတက်လာသည်။

ဘေးဒုက္ခကျော်လွှားခြင်းအဆင့်၏ အထွဋ်အထိပ် ဖိအားသည် ရေလှိုင်းပမာ ချက်ချင်းပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ခန္ဓာကိုယ်အနှံ့ အေးစက်တောင့်ခဲလာကြ၏။ သူတို့၏ ဦးရေပြားများ ပေါက်ကွဲလုနီးပါး တင်းမာလာပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများပင် လှုပ်ရှားရန် ခက်ခဲလာသည်။

ရွှေရောင်အဆင်းရှိ ဗုဒ္ဓရောင်ခြည်သည် နေရာအနှံ့ ထွန်းလင်းတောက်ပလို့နေပြီး မျက်ခုံးဖြူဘုန်းတော်အိုကြီးတစ်ပါးသည် ကောင်းကင်ထက်မှ တစ်လှမ်းချင်းလျှောက်လာကာ ၎င်း၏ လျှပ်စီးကဲ့သို့ ဝင်းဝင်းတောက်နေသော မျက်လုံးများက ပုံရိပ်လေးခုအား လှည့်ပတ်ကြည့်ရှုလိုက်သည်။

အိုမင်းသော အသံသည် အရပ်မျက်နှာစုံသို့ ပဲ့တင်ထပ်သွားပြီး ဖုံးကွယ်မထားသော သတ်ဖြတ်လိုစိတ်များ ပါဝင်သည်။ "ဒကာတို့ ဒါကို တကယ်လုပ်ချင်တာ သေချာလား?"

ဆရာတော်ရမ်သမ်သည် ဒေါသအမျက် ပေါက်ထွက်လုနီးပါး ဖြစ်နေခဲ့ပြီး ထိုအချိန်တွင် တစ်စုံတစ်ယောက်က ပစ်ကွင်းထဲသို့ ဝင်လာသည်ကို မြင်သောအခါ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ပေ။

'ဘုန်း!'

ဆံဖြူအဘိုးကြီးနှင့် ၎င်း၏အပေါင်းအပါလေးယောက်မှာ လေးလံလှသောဖိအားကြောင့် ခေါင်းများ ပေါက်ကွဲလုနီးပါး ဖြစ်နေပြီး ၎င်းတို့၏ ခန္ဓာကိုယ်များမှာ ချွေးစေးများစီးကျလျက်ရှိကာ မယုံနိုင်စွာဖြင့် မျက်လုံးပြူးမျက်ဆံပြူး ဖြစ်လျက်ရှိသည်။

ဘယ်လို၊ ဘယ်လိုဖြစ်ပြီး ဒီလောက်ရဲတင်းနေရတာလဲ?

ဒီတစ်ခါတော့ ခုခံရဲတဲ့တစ်ယောက် ရှိလာပြီပေါ့လေ?

စာစဉ်ပြီး၏

All Chapters