← Chapters

အခန်း ၁၇၅၂

Vol. 118 Ch. 1752

အခန်း ၁၇၅၂

Vol. 118 Ch. 1752

အပိုင်း (၁၇၅၂)

နှလုံးသားတွင် နှစ်မြုပ်နေသည့် အားရာကို ကြောက်စိတ်များသည် ရုတ်တရက် ပေါ်ပေါက်လာပြီးနောက် ကုကျောင်းရှစ်၏ အတိတ်မေ့သည့် ရောဂါသည် ချက်ချင်းပဲ ပျောက်သွားခဲ့၏။ သေဖော်ရှင်ဖက် ညီအစ်ကိုနှစ်ယောက် ပြန်တွေ့ရခြင်းသည် လူပေါင်းများစွာကို မျက်ရည်ဝိုင်းစေသည်အထိ ကြည့်ကောင်းလွန်းလှ၏။

"အစ်ကိုကြီး"

ကုကျောင်းရှစ်က ကျွင်းချောင်ရှောင်းကို ကြည့်ကာပြောလိုက်သည်။ "ကျုပ် ဂိုဏ်းအတွက် ထပ်ပြီးတော့ စတေးရမယ်ဆိုရင်တောင် လိုလိုချင်ချင် ရှိသေးတယ်"

အသေခံဗုံးခွဲသမားထပ်လုပ်ရန် သူသည် ဘယ်တော့မှ နောက်တွန့်လိမ့်မည် မဟုတ်ချေ။

"မဖြစ်ဘူး။ ဒီဘဝမှာတော့ ငါမင်းကို ထပ်ပြီးတော့ သေခိုင်းမှာမဟုတ်ဘူး" ကျွင်းချောင်ရှောင်း၏ အမူအရာများနှင့် လေသံများသည် လေးနက်လျက် ရှိ၏။

"အစ်ကိုကြီး"

ကုကျောင်းရှစ်က ပြောလိုက်သည်။ "ကျုပ် အဖေ့ရဲ့ ဆေးပင်တွေအကုန်လုံးကို ယူလာခဲ့တယ်။ တကယ်လို့ ဂိုဏ်းအတွက် လိုအပ်ရင် အလကားပေးလိုက်မယ်။”

ကုထျန်းရှင်းသည် သူ၏သားစကားကို ကြားရလျှင် ကျိန်းသေပေါက် သတိလစ်မေ့မျောသွားနိုင်၏။

"ဟင် … ဦးလေးကုကော သိရဲ့လား"

"မသိဘူးလေ ။ ခိုးပြီးယူလာတာ"

"…...."

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာ အော်ဟစ်လိုက်မိသည်။ သွားပြီပဲ။ ဦးလေးကုကတော့ ငါခိုးတယ်ပဲ ထင်မှာ။

"သတ္တိရှိစမ်းပါ"

စနစ်က ပြောလိုက်၏။ "ထင်မှာမဟုတ်ဘူး ထင်ပြီ"

ဟင်း…..

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "ဦးလေးကုရဲ့ မျက်လုံးထဲမှာ ငါကတော့ သူခိုးတစ်ယောက် ဖြစ်ပြီပဲ"

"ညီလေး …. ဒီဆေးပင်တွေ အကုန်လုံးက မင်းတို့မိသားစုက ပိုင်တာလေ။ ပြိုင်စံရှားဂိုဏ်းက ယူမှာမဟုတ်ဘူး"

ကုန်းရှန့်သည် အနည်းငယ် အားနာသလို ခံစားနေရ၏။ ထို့ကြောင့် သူသည် ကုထျန်းရှင်း၏ ဆေးပင်များကို ယူလိမ့်မည် မဟုတ်ချေ။ ထို့ပြင် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်း နည်းစနစ်လည်း တည်ရှိနေသောကြောင့် ချီဖုံးကွယ်ခြင်း ဆေးလုံးကို အသုံးပြုစရာမလိုချေ။

"အစ်ကိုကြီး … ခင်ဗျားမသိဘူးနော်"

ကုကျောင်းရှစ်သည် လျို့ဝှက်သိုင်းကျမ်းတစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။ "ကျုပ်အဖေ စိုက်ပျိုးထားတဲ့ ဆေးပင်တွေက ဒီလိုမျိုး များပြားလှတဲ့ ဆေးလုံးတွေကို သန့်စင်နိုင်စွမ်း ရှိနေတယ်။ ရော့ …. ဒါက အဖေရေးထားတဲ့ ဆေးစွယ်စုံကျမ်းပဲ"

"မင်းထပ်ပြီးတော့ ခိုးလာပြန်ပြီလား"

"ကျုပ်အဖေပစ္စည်းဆိုတာ ကျုပ်ပစ္စည်းပဲပေါ့။ ဘယ်လိုဖြစ်ပြီးတော့ ခိုးတယ်လို့ ပြောလို့ရမှာလဲ" ကုကျောင်းရှစ်သည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။

"……."

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် လက်မထောင်ကာ ပြောလိုက်မိသည်။ "ဦးလေးကုက တကယ့်ကို သားကောင်းတစ်ယောက် ရထားတာပဲ"

………….

“ကုထျန်းရှင်း …..”

တောင်ပင်လယ်နယ်မြေမှာတော့ ကုမေမေ၏ အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။ "ဆေးစွယ်စုံကျမ်း ဘယ်ရောက်သွားပြန်ပြီလဲ

“ကျွင်းချောင်ရှောင်း ….. ခွေးကောင်လေး ….. ငါမင်းကို ကျိန်းသေပေါက် ဖမ်းမယ်"

ဘုန်း ဘုန်း ဘုန်း ….

“အား ……”

အစစ်အမှန်တရားမှာတော့ ဤပစ္စည်းအားလုံးကို ခိုးယူသွားခဲ့သူမှာ ကျွင်းချောင်ရှောင်း မဟုတ်ချေ။ သူတို့၏ သားလှရတနာပင် ဖြစ်ပေတော့၏။ သို့ပေမဲ့ ဤအရာမှာ အဓိကမကျချေ။ ကုထျန်းရှင်း အနေဖြင့် တစ်စုံတစ်ခု ပျောက်ဆုံးသွားသည်နှင့် ပထမဆုံး တွေးသည့်လူသည် ကုန်းရှန့်ပင် ဖြစ်လာခဲ့၏။

"အစ်ကိုကြီး"

စားသောက်ခန်းထဲတွင် ထိုင်ပြီး လျိုဝမ်ရှစ် ချက်ပြုပ်ထားသော အစားအသောက်များကို စားသုံးရင်း ကုကျောင်းရှစ်က မေးလိုက်သည်။ "ကျုပ်တို့ စကြာဝဠာထဲကို ခရီးထွက်နေတာ ဘယ်ကိုသွားမလိုလဲ"

ကျွင်းချောင်ရှောင်းသည် လက်ထဲတွင် ရှိနေသော တူအား အသာချကာ အေးစက်စက်ပြောလိုက်၏။ "ကြယ်တာရာ စိတ်ဝိညာဉ်လောကကိုပေါ့"

သတ်ဖြတ်လိုခြင်း ဆန္ဒများကို ခံစားမိပြီးနောက် ကုကျောင်းရှစ်သည် သူ၏အစ်ကို ဘာလုပ်တော့မည်ကို ခံစားမိလိုက်သည်။

"တကယ်လို့ သူတို့တွေသာ ပေါ်မလာရင် မင်းလည်း အသက်ကို စတေးခဲ့စရာ လိုမှာမဟုတ်ဘူး"

ကုန်းရှန့်သည် သူ၏တူကို ပြန်ကိုင်ကာဖြင့် တင်းမာခက်ထန်စွာ ပြောလိုက်၏။ "ဒီတော့ အဲဂြိုလ်ကြီးက ဘယ်လောက်အားကောင်းသည်ဖြစ်ဖြစ် ငါလုံးဝပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်"

အဓိကတာဝန်သည် အထက်စကြဝဠာ တစ်ခုလုံးကို အုပ်စိုးရန် ဖြစ်သော်လည်း သူ့အနေဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး ဖျက်စီးခံရသည့်အတွက် ကြယ်တာရာ စိတ်ဝိညာဉ်လောကကို ဖျက်စီးချင်စိတ် ကြီးမားလို့နေသည်။

"အရင်တုန်းက အဖေပြောတာ ကြားဖူးတယ်"

ကုကျောင်းရှစ်က ပြောလိုက်၏။ "ကြယ်တာရာ စိတ်ဝိညာဉ်လောကဆိုတာက အထက်နယ်မြေရဲ့ ထိပ်တန်းဂြိုဟ်တွေထဲက တစ်ခုပဲ။ ခက်တော့ခက်ခဲလိမ့်မယ်"

ကုကျောင်းရှစ်သည် လေးနက်စွာ ပြောလိုက်သည်။

"ကျုပ် အစ်ကိုကြီးအတွက် အသေခံဗုံးခွဲသမား ထပ်လုပ်ပေးမယ်လေ"

အစောတည်းက ဗုံးခွဲသမား ပြုလုပ်ပြီးမှတော့ သူ့အနေဖြင့် ထပ်မံကာ ပြုလုပ်ရန် ဝန်မလေးတော့ချေ။

"အရင်တုန်းက ပြောထားသလိုပဲလေ။ ငါမင်းကို ထပ်ပြီးတော့ စတေးခိုင်းမှာ မဟုတ်တော့ဘူး"

"ကျုပ်က သေပြီးတိုင်း၊ သေပြီးတိုင်းမှာ ပိုပြီးတော့ အားကောင်းလာတယ်မဟုတ်လား။ အစ်ကိုကြီး ခင်ဗျား စိတ်ပူစရာမလိုဘူး"

"ဦးလေးကုက မင်းကို တန်ဖိုးထားတယ်လေ။ ပြီးတော့ အဒေါ်ကုကလည်း မင်းကို ချစ်မြတ်နိုးတယ်မဟုတ်လား"

"……..." ကုကျောင်းရှစ်သည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွား၏။

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထရပ်ကာ ကုကျောင်းရှစ်၏ ပုခုံးကို ပုတ်လိုက်သည်။

"မင်းက ပြန်လည်မွေးဖွားနိုင်တဲ့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ပြီး ထပ်တလဲလဲ ပြန်လည်မွေးဖွားနိုင်တယ် ဆိုပေမဲ့ ဒီလိုကောင်းမွန်လှတဲ့ မိသားစု ၊ ပြီးတော့ မင်းကိုချစ်တဲ့ မိသားစုတွေနဲ့ တွေ့ဆုံဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။ ဒီတော့ ဒီဘဝမှာ ဘယ်လောက်ကြီးမားတဲ့ အခက်အခဲတွေပဲ ရှိရှိ ကျိန်းသေပေါက် အသက်ရှင်နိုင်အောင် ကြိုးစားရမယ်။ "

သူသည် အလွန်တရာ လေးနက်စွာဖြင့် ပြောဆိုနေခြင်း ဖြစ်၏။

"နားလည်ပါပြီ"

ကုကျောင်းရှစ်၏ မျက်လုံးများထဲတွင် စိတ်ဆုံးဖြတ်ထားသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေခဲ့သည်။ "အကောင်းဆုံး အသက်ရှင်နိုင်အောင် နေထိုင်သွားမယ်။ ကျုပ်အတွက် မဟုတ်ဘူး။ ကျုပ်ရဲ့ မိဘတွေအတွက်ပေါ့။”

ကျွင်းချောင်ရှောင်းသည် ပုခုံးကို အသာပုတ်ကာ ထပ်ပြောလိုက်၏။ "ပြီးတော့ မမေ့နဲ့အုံး… မင်းဆီမှာ စေ့စပ်ထားတဲ့ မိန်းကလေးရှိသေးတယ်"

ဟမ်

နားစွင့်ကာ နားထောင်လျက်ရှိနေသည့် အကြီးအကဲဝေသည် ပါးစပ်ထဲတွင် ရှိနေသော ရေနွေးများပင် ပြန်ထွက်ကာခဲ့၏။ ဂိုဏ်းချုပ်သည် ဤကဲ့သို့သော စကားများကို ပြောဆိုသည့်အတွက် သူသည် မယုံကြည်နိုင်သလို ဖြစ်မိနေသည်။

သို့ပေမဲ့ စေ့စပ်ထားသည့် မိန်းကလေးအကြောင်းကို ပြောသည့်အချိန်မှာတော့ ကုကျောင်းရှစ်၏ မျက်နှာပေါ်တွင် စိတ်မသက်မသာဖြစ်သည့် ပုံစံများ ပေါ်ပေါက်လာ၏။ "အစ်ကိုကြီး ….. တခြားအကြောင်းကို ပြောလို့မရဘူးလား။ ဒီမွန်းစတားမက မျက်နှာကို ပြင်ထားတာ သေချာတယ်"

ဘုန်း …..

ပြောပြောပြီးခြင်းမှာပဲ လီအာသည် စားသောက်ခန်းထဲသို့ ရောကိရှိလာခဲ့၏။ ကုကျောင်းရှစ်မှာတော့ လွင့်စင်သွားခဲ့ပြီး နံရံနှင့် ခေါင်းနှင့်ထိကာ ပြုတ်ကျသွားခဲ့သည်။

ချင်းချူးလီ သည် ဒေါက်မြင့်ဖိနပ်ကို စီးကာ လျှောက်ဝင်လာခဲ့၏။ ပြီးနောက် ကုန်းဝ၏ အင်္ကျီကော်လံစကို ဆွဲကာဖြင့် ခပ်မြင့်မြင့်ဆီသို့ မြှောက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ဒါ သဘာဝ မျက်နှာပဲ။ သိပြီလား”

ခယ်မသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သူထွက်ပြေးမှ ဖြစ်ပေလိမ့်မည်။ ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ပင် အသာလှည့်လိုက်သည်။

"ရပ်စမ်း"

ချင်းချူးလီ သည် ခေါင်းကိုအသာလှည့်ကာ ပြောလိုက်၏။ "နေဖို့အတွက် သင့်တော်တဲ့ လောကတစ်ခုခု ရှာပေး။ ကျွန်မနဲ့ ဒီအကောင်နဲ့ တစ်နေရာရာမှာ နေထိုင်မယ်"

"ဟမ် … သီးသန့်နေမှာလား"

ကုကျောင်းရှစ်က အော်ဟစ်လိုက်သည်။ "ကျုပ်အစ်ကိုကြီးနဲ့ လိုက်သွားရအုံးမယ်"

ချင်းချူးလီသည် ကုန်းဝကို အသာဆွဲကာဖြင့် မြေပြင်နှင့် ရိုက်နှက်လျက် ရှိနေ၏။ ကုန်းဝ၏ခေါင်းပေါ်တွင် ဘုသီးများပင် ထွက်လို့လာ၏။

"ထပ်ပြီး ပြောအုံးမှာလား"

"…….."

ကုကျောင်းရှစ်က ပြောလိုက်သည်။ "ယောကျာ်းစစ် ယောကျာ်းမှန်ဆိုတာ ဘယ်တော့မှ နှစ်ခါမပြောဘူး"

ဘုန်း ဘုန်း ဘုန်း …..

ကျွင်းချောင်ရှောင်းသည် ထမင်းစားခန်းထဲမှ မသိမသာဖြင့် ထွက်လာခဲ့၏။ သူသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်မိ၏။ "အင်း …. ဒါက ကုမိသားစုရဲ့ ရိုးရာနဲ့ တူပါတယ်။ သားစဉ်မြေးဆက် မိန်းမရိုက်တာ ခံရတာမျိုးပေါ့"

"ဘာလုပ်နေတာလဲ"

ထိုအချိန်မှာပဲ ဟွာမင်ကွေ့သည် ရောက်ချလာသည်။ စားသောက်ခန်းထဲသို့ ဝင်ရန် ပြင်လိုက်သည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူမအား အလျှင်အမြန် တားဆီးလိုက်သည်။ "ဘာမှမလုပ်ဘူး"

ဤကဲ့သို့ ရိုက်နှက်နေသည့် မြင်ကွင်းကိုမြင်၍ ဟွာမင်ကွေ့ နှစ်သက်သွားမည်ကို စိုးရိမ်ရ၏။ အနာဂတ်တွင် သူမသည် ထိုအရာကို အားကျပြီး သူ့အား ရိုက်နှက်နေလျှင် မည်သို့လုပ်မည်နည်း။

...........

"အစ်ကိုကြီး စီးကရက်တစ်လိပ်လောက် ပေးပါအုံး"

ထောင့်တစ်နေရာမှာတော့ ကုကျောင်းရှစ်သည် မျက်နှာတစ်ခုလုံး ရောင်ကိုင်းနေပြီး ခေါင်း၌ ဘုများပင် ထလျက် ရှိ၏။ ပုံပန်းသွင်ပြင်သည် ဆိုးရွားလွန်းလှချေသည်။

"မင်းက ငယ်သေးတယ်"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဆေးလိပ်သောက်လို့ မရဘူး"

ဟင်း …။

ကုကျောင်းရှစ်သည် ဆောင့်ကြောင့်ထိုင်ချကာ ပြောလိုက်၏။ ဂြိုလ်တစ်ခုကို ဖြတ်သွားတဲ့ အချိန်မှာ အဲမိန်းမကို တွန်းချလိုက်မယ်။ သူ့ကို တစ်စက္ကန့်တောင် မမြင်ချင်တော့ဘူး"

ကျွင်းချောင်ရှောင်းသည် စာနာသနားသလို လှမ်းကြည့်ပြီး အကြံပေးလိုက်သည်။ " မင်းကဘာလို့ ဒီလိုလှပတဲ့ ကောင်မလေးတစ်ယောက်၊ ပြီးတော့ နယ်မြေအရှင်တစ်ယောက်ရဲ့ သမီးကို မလိုချင်ရတာလဲ။"

" ယောကျာ်းနဲ့ မိန်းမကြားမှာ ရှိနေတဲ့ ချစ်ခင်နှစ်သက်မှုဆိုတာ သိုင်းပညာအတွက် အနှောက်အယှက်ကြီး တစ်ခုပဲ"

"အင်း ….. ဒါတော့ ဟုတ်တယ်"

နှစ်ယောက်သားသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး သူရဲကောင်းဆန်စွာဖြင် ခေါင်းညိတ်လိုက်ကြသည်။

အဝေးတစ်နေရာမှ နားထောင်လျက် ရှိနေသည့် အကြီးအကဲဝေသည် ခေါင်းကို ခါယမ်းလိုက်မိ၏ "ဒီနှစ်ယောက်ကတော့ မျှော်လင့်ချက် မရှိတော့ဘူး။ မဟုတ်သေးပါဘူး။ ငါဘာလို့ ဒီနှစ်ယောက်ပြောတာကို လိုက်နားထောင်နေရတာလဲ"

...........

နောက်တစ်ရက်

ပြိုင်စံရှားဂိုဏ်း၏ လေ့ကျင့်ရေး ကွင်းပြင်မှာတော့ အထက်ပိုင်း အကြီးအကဲများနှင့် တပည့်များသည် စုဝေးလျက် ရှိနေကြ၏။ ဂိုဏ်းအတွက် မိမိကိုယ်ကိုယ် စတေးကာ သေဆုံးခဲ့ရသည့် အကြီးအကဲကုသည် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်၏။

"အားလုံးပဲ"

အခမ်းအနား ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် ထိုင်လိုက်၏။ သူသည် ကုကျောင်းရှစ်ပေးခဲ့သည့် ဆေးစွယ်စုံကျမ်းကို ထုတ်ယူဖတ်ရှုရင်း ပြောလိုက်သည်။ "ဂိုဏ်းကို တိုးတက်အောင် လုပ်ရင်းနဲ့ပဲ ငါတို့ ကြယ်တာရာ စိတ်ဝိညာဉ် လောကဆီကို ချီတက်ကြမယ်"

ဟမ်

ရုတ်တရက် သူ၏မျက်လုံးသည် အဆင့်တက်ဆေးလုံးဆိုသည့် စာမျက်နှာတွင် ရောက်ရှိသွား၏။ သူက အံ့အားတသင့်ဖြင့် ပြောလိုက်၏။ "ဒါက အဆင့်တက်ဆေးလုံးလား"

မှန်ပေ၏။ မိတ်ဆက်အရပြောရလျှင် အလွန်အဆိပ်ပြင်းလှသည် ဆိုသော်လည်း အကျိးသက်ရောက်မှုနှုန်းသည် အမြူတေပြောင်းလဲခြင်း အဆင့်ဆီသို့ တစ်ခါတည်း တိုးတက်ရောက်ရှိနိုင်၏။

"ဆိုလိုတာက နတ်ဆိုးကလန်ထဲမှာ ရရှိခဲ့တဲ့ အရာက ဦးလေးကုရဲ့ ဆေးနည်းပေါ့"

ကျွင်းချောင်ရှောင်းသည် ထိုအရာသေသေချာချာ ဖတ်ရှုလိုက်၏။ ဖတ်ရှုလေ အံ့အားသင့်လေ ဖြစ်လာသည်။ ထို့ပြင် အထဲ၌ ပိုမိုကာ မှော်ဆန်လွန်းလှသော ဆေးဖော်မြူလာများလည်း ရေးသားထားခဲ့သေးသည်။ စာအုပ်ထဲတွင် အစစ်အမှန်ရှာဖွေခြင်းအဆင့်သို့ ချိုးဖျက်ရောက်ရှိနိုင်သည့် ဆေးနည်းများပင် ပါဝင်လျက် ရှိနေသည်။

"ညီလေး မင်းက ငါ့ကို ရတနာတစ်ခု ယူလာပေးတာပဲ"

All Chapters