အခန်း ၁၇၅၃
Vol. 118 Ch. 1753
အပိုင်း (၁၇၅၃)
ဤဆေးစွယ်စုံကျမ်းထဲတွင် များပြားလွန်းပြီး တန်ဖိုးကြီးမားလွန်းလှသည့် ဆေးနည်းပေါင်းများစွာ ပါရှိ၏။ ထိုအရာသည် ကျွင်းချောင်ရှောင်းအတွက်တော့ အလွန်ကြီးမားသည့် ရတနာတစ်ပါးကဲ့သို့ပင်။
ဥပမာအားဖြင့် ရသာခြောက်မျိုး မြေအဆီဆေးလုံးဆိုလျှင် ကျင့်ကြံသူများအနေဖြင့် အမြူတေပြောင်းလဲခြင်း ထိပ်ဆုံးအဆင့်မှသည့် အစစ်အမှန်ရှာဖွေခြင်းအဆင့်ဆီသို့ ချောချောမွေ့မွေ့ဖြင့် မည်သည့် ဘေးထွက် ဆိုးကျိုးမှ မရှိဘဲ ဝင်ရောက်သွားစေနိုင်သည့် ဆေးလုံးပင်ဖြစ်၏။ ထိုဆေးလုံးသည် အလွန်တရာ မှော်ဆန်လွန်းလှသလို ဆေးပင်များကလည်း ရှားပါးလွန်းလှ၏။
ကံကောင်းစွာဖြင့် ကုကျောင်းရှစ်သည် ဆေးစွယ်စုံကျမ်းကို ယူဆောင်လာခဲ့သည်သာမက သူ့အဖေ စိုက်ပျိုးခဲ့သည့် ဆေးပင်များကိုလည်း ယူဆောင်လာခဲ့ခြင်းပင်။ များပြားလွန်းလှသည် မဟုတ်သော်လည်း အချိန်အတော်ကြာ ထပ်မံစိုက်ပျိုးထားမည်ဆိုလျှင် အချိန်မရွေး သန့်စင်၍ ရနိုင်သည့် အရာမျိုး ဖြစ်လာပေ လိမ့်မည်။
ဆေးဟောခန်းမဆောင်အတွင်းမှာတော့ ဖန်းကွေ့ချန်း ဦးဆောင်သည့် ဟောခန်းသခင်ရှစ်ယောက်တို့သည် စုဝေးလျက် ရှိနေပြီး ၎င်းတို့၏ မျက်နှာပေါ်မှာတော့ စိတ်ဝင်စားမှုများနှင့် ပြည့်နှက်လျက်ရှိနေသည်။
“ဘာဖြစ်တာလဲ”
ကျွင်းချောင်ရှောင်းသည် လဖက်ရည်ခွက်ကို အသာချကာဖြင့် ပြောလိုက်၏။ “ခက်ခဲတာ မျိုးတွေ ရှိလို့လား”
ဤရသာခြောက်မျိုး မြေအဆီဆေးလုံးသည် အတွင်းစည်းတပည့်များအား အကူအညီ မဖြစ်နိုင်ဘူး ဆိုသော်လည်း တခြားသော အပြင်စည်းတပည့်များအတွက် အသုံးပြုနိုင်စွမ်း ရှိနေသည်။
လက်ရှိအခြေအနေတွင် ဆေးလုံးနှင့် ဆေးပင်၊ ဖော်မြူလာသည် တည်ရှိနေပြီဖြစ်သောကြောင့် ချက်ချင်းပဲ သန့်စင်ရန် လိုအပ်လာခဲ့၏။ ထို့ကြောင့် လက်ရှိအခြေအနေတွင် ဆေးဟောခန်းမဆောင်သည် အသုံးဝင်လျက် ရှိ၏။
စုစုပေါင်း ဆေးဟောခန်းသခင် ရှစ်ယောက်တည်ရှိနေသည်မို့ အရေအတွက်အားဖြင့်သာမက အရည်အသွေး တွင်လည်း အလွန်အားကောင်းလွန်းလှချေသည်။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကိုသာ တာဝန်ယူထားခဲ့ပြီး ဘာမှ လုပ်စရာမရှိသည့် အရာမျိုးတွင် လှည့်လည် လျှောက်သွားခြင်းကိုသာ ပြုလုပ်တော့သည်။ ပြဿနာတစ်စုံတစ်ခု ဖြစ်ပေါ်လာခြင်း သို့မဟုတ် အရေးအကြောင်း တစ်ခုခု ဖြစ်ပေါ်လာသည်ဆိုပါက သူသည် သက်ဆိုင်ရာဟောခန်းမများကို လက်လွှဲ ပေးလိုက်ရုံသာ။
“ဂိုဏ်းချုပ်”
ဖန်းကွေ့ချန်သည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။ “ဒီဆေးနည်းရဲ့အဆင့်က အရမ်းကို မြင့်မားတယ်။ ကျုပ်တို့အနေနဲ့ သိပ်ပြီး ယုံကြည်ချက်မရှိဘူး”
သူတို့သည် ကုထျန်းရှင်းနှင့် အဆင့်တူ မဟုတ်ကြချေ။ ထို့ကြောင့် ဆေးစွယ်စုံကျမ်းထဲတွင် ပါဝင်သည့် ဆေးလုံးသန့်စင်သည့် နည်းလမ်းများသည် ၎င်းတို့အတွက် အစစ်အမှန်ပင် အသစ်အဆန်းများဖြစ်၏။
“ဒါ ခင်ဗျားတို့ရဲ့ ပြဿနာ၊ ကျုပ်ပြဿနာ မဟုတ်ဘူး။ နှစ်ဝက်”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “ခင်ဗျားတို့ ရသာခြောက်ပါးမြေအဆီ ဆေးလုံးကို နှစ်ဝက်အတွင်း ရအောင်သန့်စင်ကြ။ မဟုတ်ရင် ခင်ဗျားတို့ မြောင်ရှောင်တောင်နောက်ကို လိုက်ပြီးတော့ အိမ်သာဆေးရလိမ့်မယ်”
........
ဂိုဏ်းချုပ် ထွက်ခွာသွားပြီးသည့်နောက် ဖန်းကွေ့ချန်၊ တုဟုန်ချန်နှင့် တခြားသောသူများ အားလုံးတို့သည် စတင်ကာ ဆွေးနွေးကြတော့၏။ “ကျုပ် ဒီနည်းလမ်းအတိုင်း စဉ်းစားကြည့်ရအောင်”
“မဟုတ်ဘူး။ အဲတာက စွန့်စားရတာ များလိမ့်မယ်။ အန္တရာယ်ကြီးတယ်”
“ဒါဆိုရင် ပိုပြီးတော့ လုံခြုံတဲ့ နည်းလမ်းအတိုင်း ပြောင်းလဲရမှာပေါ့”
ကျွင်းချောင်ရှောင်းအနေနှင့် တိတိကျကျ အမိန့်ကို ချမှတ်ခဲ့ပြီဖြစ်သောကြောင့် ၎င်းတို့အနေနှင့် အိမ်သာ မဆေးချင်လှပေ။ အတူတူ စုစည်းပြီးသည့်နောက် နည်းလမ်းသစ်၊ အကြံသစ်များကို စတင်ကာ စဉ်းစားကြတော့၏။ အသုံးဝင်လား၊ မဝင်လားဆိုသည်ကိုတော့ နောက်ဆုံးအချိန်ကြမှ သိရှိရပေလိမ့်မည်။
၎င်းတို့ သေသေချာချာ ဆွေးနွေးနေစဉ်မှာပဲ ယွမ်သခင်လေးသည် ဟောခန်း၏ ထောင့်တစ်နေရာဆီမှ ပြုံးလျက် ရှိနေတော့၏။ ဟောခန်းသခင်ရှစ်ယောက်တို့သည် ရံဖန်ရံခါဆိုသလို ဆေးလုံးများကို သန့်စင်လျက် ရှိသည်ဆိုသော်လည်း တော်တော်များများသည် အားအားယားယား လျှောက်ကာသွားနေကြသူများဖြစ်၏။ နောက်ဆုံးအလုပ်တစ်ခု ရရှိသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူ၏ နှလုံးသားထဲတွင် စိတ်ကျေနပ်သည့် အရိပ် အယောင်များ ဖြစ်တည်နေခဲ့သည်။
..........
ထာဝရရွက်သင်္ဘောကြီးသည် သက်တန့်ရောင်စဉ်တစ်ခုကဲ့သို့ပင် ကျယ်ပြောလွန်းလှသော စကြဝဠာကြီးထဲသို့ သွားလာလျက်ရှိ၏။ အလိုအလျောက် မောင်းနှင်သည့်စနစ်ကို ပြောင်းလဲထားသည်ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် အချိန်တော်တော်ကြာ ဂိုဏ်းထဲတွင် တံခါးပိတ် ကျင့်ကြံခြင်းကို ပြုလုပ်နေ၏။ ရံဖန်ရံခါ ဆိုသလို သူသည် လင်းရီ၊ ရဲ့ဖန်နှင့် တခြားသောသူများအား သင်ကြားပြသပေး၏။
ကုကျောင်းရှစ်သည်လည်း သိုင်းကျင့်ကြံခြင်းနည်းစနစ်တွင် အာရုံစိုက်ထား၏။ အထူးသဖြင့် ၎င်း၏ နေ့ရက် တော်တော်များများတို့သည် ကြွက်သားတည်ဆောက်ခြင်းအခန်း၊ စမ်းသပ်မှုမျှော်စင်နှင့် တခြားသော လျှို့ဝှက်နယ်မြေများတွင် ကုန်ဆုံးလျက်ရှိနေ၏။ ဟုတ်ပေသည်။ ချင်းချူးလီမြင်ပြီး အနိုင်ကျင့်မည်ကို စိုးရိမ်သောကြောင့် အချိန်တော်တော်များများ ခပ်ဝေးဝေးတည်နေရာဆီသို့ သွားရောက်ကာ နေထိုင်ခြင်းဟုလည်း ပြောဆို၍ရသည်။
လက်ရှိ အချိန်တွင် ကုထျန်းရှင်း သေသေချာချာ ဖန်တီးတည်ဆောက်ပေးခဲ့သော အခြေခံသည် ကုကျောင်းရှစ် အတွက်တော့ အလွန်ကောင်းမွန်သည့်အရာဖြစ်ကြောင်း သိသာထင်ရှားလွန်းလှ၏။ ၎င်း၏ ကျင့်ကြံခြင်း အဆင့်နှင့် သိုင်းအခြေခံသည် တမဟုတ်ချင်း တိုးတက်လာခဲ့၏။
ကျွင်းချောင်ရှောင်းသည် အနီးအနားထောင့်နားတွင် သွားရောက်ကာ မနာလိုကြီးစွာနှင့်ပင် ငေးကြည့်လျက် ရှိနေ၏။ ဤကဲ့သို့ ကောင်းမွန်လှသည့် အဖေတစ်ယောက် တည်ရှိရခြင်းသည် သူတို့ကြား ကွာခြားချက်ပင် ဖြစ်ပေသည်။
......
ဘုန်း ဘုန်း
လေ့ကျင့်ရေးကွင်းပြင်ပေါ်မှာတော့ လူနှစ်ယောက်သည် အားရပါးရ တိုက်ခိုက်လျက် ရှိနေ၏။ တလက်လက် တောက်ပသည့် အလင်းတန်းများသည် ဖြစ်တည်နေ၏။
“ကောင်းကင်လက်ဝါးရိုက်ချက်” ကုကျောင်းရှစ်သည် လေထုထဲသို့ ခုန်တက်ပြီးနောက် အထက်စည်းမှ သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို ထုတ်ဖော်လိုက်သည်။
ဖောင်း ဖောင်း ဖောင်း ဖောင်း
စွန်းမူချန်သည် ထောင့်အစပ်တစ်နေရာဆီသို့ ရွေ့လျားသွား၏။ သူသည် လက်သီးတွင် အစစ်အမှန် ကျန်းချီများကို ထုတ်ဖော်ပြီးသည့်နောက် ကျဆင်းလာခဲ့သည့် လက်ဝါးရိုက်ချက်များအားလုံးကို ဖယ်ချလိုက်၏။
ဘုတ် ဘုတ် ဘုတ်
ကုကျောင်းရှစ်သည် မြေပေါ်သို့ ဆင်းသက်ပြီးသည့်နောက် အခြေအနေ ဆိုးဆိုးရွားရွားဖြင့် အနောက်သို့ ဆုတ်ခွာခဲ့၏။ ထိုအချိန်မှာတော့ စွန်းမူချန်သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့ပြီးသည့်နောက် တိုက်ရိုက် တိုက်ခိုက်မှုမျိုးကို ဆက်တိုက် ထုတ်ဖော်၏။ ကုကျောင်းရှစ်သည် အနောက်ဘက်သို့ လွှင့်စင်သွားခဲ့သည်။
စွန်းမူချန်သည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “အကြီးအကဲကု... အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“..........”
ကုကျောင်းရှစ်သည် ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲဖြင့် ဟန်ချက်ညီအောင် ထိန်းချုပ်ပြီးသည့်နောက် မျက်နှာပျက်ယွင်းသွားခဲ့သည်။ သူတို့ မတွေ့ဆုံခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည်။ သို့ပေမဲ့ ဤကောင်လေးသည် အဘယ်ကြောင့် ဤမျှ အားကောင်းလာရသနည်း။
ကံကောင်းစွာဖြင့် သူသည် ရူးကြောင်ကြောင်ဖြင့် လက်ရွေးစင်တပည့်များအား သွားရောက်ကာ စိန်မခေါ်ခဲ့ခြင်းပင်။ မဟုတ်ပါက ယခုထက်ပိုမို ဆိုးရွားစွာ ရိုက်နှက်ခံရမှာ သေချာ၏။
“ဟင်း...” ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းလိုက်မိသည်။
အလွန်အားကောင်းလှသည့် အဖေတစ်ယောက် တည်ရှိပြီး ကောင်းမွန်လှသည့် သိုင်းအခြေခံတစ်ခုကို တည်ဆောက်ခဲ့သည်ဆိုသော်လည်း စွန်းမူချန်ကို အနိုင်ရရန်ပင် သူ၏ညီငယ်လေးသည် ရုန်းကန်နေရ၏။ လက်ရွေးစင်တပည့်များဆိုလျှင် ပြောနေစရာပင် မလိုအပ်တော့ချေ။
“ဟင်း…”
ကုကျောင်းရှစ်သည် အင်္ကျီလက်ကို ယမ်းခါကာဖြင့် ပြောလိုက်၏။ “နှစ်နှစ်၊ သုံးနှစ်လောက် ထပ်ပြီး လေ့ကျင့်လိုက်အုံးမယ်။ ပြီးမှ ထပ်ပြီး တိုက်ခိုက်ကြတာပေါ့”
သူ၏ ပင်ကိုယ်ပါရမီနှင့် အရည်အချင်းသည် မြင့်မားလွန်းလှ၏။ သို့ပေမဲ့ သူသည် ငါးနှစ်ခြောက်နှစ်အရွယ် ကလေးလေးတစ်ယောက်မျှသာ ဖြစ်သေးသည်။ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလုံးစုံသော အချိန်ကို လိုအပ်မှာ သေချာ၏။ ထိုသို့ဆိုလျှင် စွန်းမူချန် သို့မဟုတ် ဂိုဏ်းထဲတွင်ရှိနေသော တခြားမည်သည့်တပည့်ကိုမဆို ရိုက်နှက်ရန်ဆိုသည်မှာ ပြဿနာမရှိနိုင်တော့ချေ။
ဟုတ်ပေ၏။ အချိန်ကာလတစ်ခုတော့ လိုအပ်နေသေး၏။ ထို့အတူ သူ လိုက်မမှီရသေးခင် တပည့်များအားလုံးသည် နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့်သို့ လှမ်းတက် သွားသည်ကလည်း ဖြစ်နိုင်သေးသည်။
အပွင့်လင်းဆုံး နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် ကုမောင်နှံသည် သူတို့၏သားကို သေသေချာချာ ဂရုတစိုက်ဖြင့် ငယ်ရွယ်စဉ်ကတည်းက အကောင်းမွန်ဆုံးသော ခန္ဓာကိုယ်တစ်ခုဖြစ်အောင် ထောက်ပံ့ပေးခဲ့၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များနှင့် နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် ကြီးမားလွန်းလှသည့် ကွာခြားချက်ဟူ၍ ရှာမတွေ့ချေ။ ထို့အပြင် ၎င်းတို့အားလုံးသည် ထာဝရလောကကြီးထဲတွင် တည်ရှိနေ၏။ ထို့ကြောင့် အကန့်အသတ်မဲ့နေသည့် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများကို စိတ်ရှိတိုင်း စုပ်ယူ၍ ရနေ၏။
ကုကျောင်းရှစ်သည် ကောင်းမွန်လှသည့် မိသားစုတစ်ခုတွင် ပြန်လည်ကာ မွေးဖွားလာခဲ့၏။ ထို့အတူ ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည်လည်း ကောင်းမွန်လှသည့် ဂိုဏ်းချုပ်၏အောက်တွင် နေထိုင်နေရသည်။
.........
တစ်လကြာမြင့်ပြီးသည့်နောက် ....
ကျွင်းချောင်ရှောင်းသည် ဟွာမင်ကွေ့ နေထိုင်ရာ ခြံဝန်းထဲမှ လှမ်းလျှောက်ထွက်လိုက်စဉ်မှာပဲ ဖန်းကွေ့ချန်၏ အော်သံကို ကြားလိုက်ရ၏။ “ဆေးလုံး သန့်စင်နိုင်ခဲ့ပြီ”
“ဪ.. မြန်လှချည်လား။ သေချာပြီ။ ဒီလိုမျိုး သေသေချာချာ အမိန့်ပေးခဲ့တာက အကျိုးကျေးဇူးတော့ ရှိသေးတာပဲ” ကျွင်းချောင်ရှောင်းသည် ဆေးဟောခန်းဆီသို့ သွားလိုက်သည်။
ဟွာမင်ကွေ့ သည် သူမ၏ အခန်းထဲမှ လျှောက်ထွက်လိုက်၏။ ခြံထဲတွင်ရှိနေသော နှင်းဆီပန်းများကို သေသေချာချာ ပြုပြင်ထားသည်ကို မြင်ရသည့်အချိန်မှာတော့ စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ “သူ ဘယ်အချိန်တုန်းက ရောက်လာခဲ့ပါလိမ့်”
..........
ဆေးလုံးဟောခန်းမဆောင်
ဖန်းကွေ့ချန်းနှင့် တခြားသောသူများ အားလုံးတို့သည် ခါးထောက်ကာဖြင့် ခေါင်းမော့လျက် ရှိနေ၏။ ၎င်းတို့၏ နှာခေါင်းများသည် ကောင်းကင်ရှိ တိမ်များကိုပင် သွားရောက်ထိုးလုမတတ်ပင်။ ဂိုဏ်းချုပ်သည် သူတို့အား ရသာခြောက်ပါး မြေအဆီဆေးလုံးအား နှစ်ဝက်အတွင်း သန့်စင်ရန် အမိန့်ပေးခဲ့၏။ သို့ပေမဲ့ ၎င်းတို့သည် တစ်လအတွင်း ပြီးစီးခဲ့၏။ ဤအရာသည် အလွန်ဂုဏ်ယူရသည့်ကိစ္စပင် ဖြစ်ပေလိမ့်မည်။
“အကျိုးသက်ရောက်မှုကကော” ကျွင်းချောင်ရှောင်းသည် ဆေးလုံးကို အသာကောက်ယူကာ ဖျစ်ညှစ်ကြည့် လိုက်၏။
“ဂိုဏ်းချုပ်... ကျေးဇူးပြုပြီး စိတ်ချပါ”
တုဟုန်ချန်က ပြောလိုက်သည်။ “ဒါက ပါဝင်ပစ္စည်းတွေကို သေသေချာချာ စစ်ဆေးပြီးမှ တစ်ဆင့်ချင်းစီ သန့်စင်ထားတဲ့ ဆေးလုံးပဲလေ။ ပြဿနာတစ်ခုခု ရှိလာမယ် ဆိုရင်တောင်မှ ဘာမတော်တဆမှုမျိုးမှ ဖြစ်လာမှာ မဟုတ်ဘူး”
“လင်းရီ”
“တပည့်ရှိပါတယ်”
“ဒါကို သောက်ကြည့်လိုက်”
“ကောင်းပါပြီ” လင်းရီသည် ဆေးလုံးကို ကောက်ယူကာဖြင့် နှောင့်နှေးခြင်းတစ်ချက် မရှိဘဲ တစ်ခါတည်း မျိုချလိုက်၏။ ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ပြီး ကျွင်းချောင်ရှောင်း၏ တပည့် ဖြစ်လာပြီးသည့်နောက် သူ၏ အားအင်အဆင့်သည် အလုံးစုံ တိုးတက်လာခဲ့သည်။ လက်ရှိအခြေအနေမှာတော့ သူသည် အမြူတေ ပြောင်းလဲခြင်း ထိပ်ဆုံးအဆင့်သို့ပင် ရောက်ရှိနေ၏။ ထို့ကြောင့် ဆေးလုံး၏ အကျိုးသက်ရောက်မှုကို စမ်းသပ်ရန်အတွက် အသင့်တော်ဆုံးသောလူပင်ဖြစ်သည်။
ဆွစ် ဆွစ် ဆွစ်
ရသာခြောက်မျိုးမြေအဆီဆေးလုံးသည် သူ၏ ပါးစပ်ထဲသို့ ရောက်ရှိပြီးနောက် အရေပျော်ကျသွား၏။ ဆေးအစွမ်းများသည် ခန္ဓာကိုယ်ထဲတွင် ဖြစ်တည်လာခဲ့ပြီးသည့်နောက် ထူးခြားလှသည့် ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့သွား၏။
လင်းရီသည် ချက်ချင်းပဲ မြေပေါ်တွင် ဒူးထောက်ထိုင်ချကာဖြင့် နှလုံးသားအလင်းကျမ်းစာကို ခန္ဓာကိုယ် အတွင်း စတင်ကာ လှည့်ပတ်လိုက်သည်။
ဖန်းကွေ့ချန်းနှင့် တုဟုန်ချန်းတို့သည် ယုံကြည်ချက် ရှိလှသည်ဆိုသော်လည်း အနည်းငယ်တော့ စိုးရွံလျက် ရှိ၏။ ထို့အပြင် ကျရှုံးခဲ့သည်ဆိုပါက ၎င်းတို့အားလုံးသည် လက်ရှိရာထူးမှ ဖယ်ရှားကာဖြင့် မြောင်ရှောင်တောင်နှင့်အတူ သွားရောက်ကာ အိမ်သာဆေးရပေလိမ့်မည်။ အခန့်မသင့်ပါက မြောင်ရှောင်တောင် ပင်လျှင် သူတို့ကြောင့် အလုပ်မှ ပြုတ်သွားနိုင်၏။
ဝှစ်
ရုတ်တရက် အားကောင်းလွန်းလှသော လေလှိုင်းများသည် လင်းရီ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာ၏။ အဆင့်တက်သည့် အရှိန်အဟုန်သည် ဆေးလုံးတောင်ထွတ်၏ အထက်တွင် ဖြစ်တည်လာခဲ့ပြီး ကြီးမားလှသည့် လေဝဲကြီးကဲ့သို့ပင် ပုံပေါ်လာသည်။ “ငါအဆင့်တက်တော့မှာပဲ”
“အင်း... ဦးလေးကုရဲ့ ဆေးနည်းတွေက တကယ့်ကို အကျိုးသက်ရောက်မှု ရှိတာပဲ” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ သူသည် ရသာခြောက်မျိုး မြေအဆီဆေးလုံးအား များများစားစား ထုတ်ဖော်ရန် စတင်ကာ စဉ်းစားထားမိသည်။ ထိုမှသာလျှင် ဒုတိယမျိုးဆက် တပည့်များအားလုံးသည် အစစ်အမှန်ရှာဖွေခြင်းအဆင့်ဆီသို့ ချိုးဖြတ်ဝင်ရောက်နိုင်မှာဖြစ်၏။
ဟုတ်ပေသည်။ ဤကဲ့သို့သော ဆေးလုံးများသည် တပည့်များသာလျှင် အကျိုးကျေးဇူး ရရှိရုံသာမက ထာဝရ လောကကြီးတစ်ခုလုံးကိုပါ အကျိုးကျေးဇူး ရရှိစေပေလိမ့်မည်။
လက်ရှိအချိန်မှာတော့ မြို့တော်ဝန်ရှဲ့၊ အိုက်မိသားစု ခေါင်းဆောင်နှင့် တခြားသောသူများအားလုံးသည် အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ချိုးဖြတ်ဝင်ရောက်ခဲ့၏။ အထက်နယ်မြေတွင်ပင်လျှင် ၎င်းတို့အားလုံးသည် ပထမတန်းစား ကျွမ်းကျင်သူများအဖြစ် သတ်မှတ်နိုင်စွမ်း ရှိ၏။
အဆင့်တိုးတက်မှု အရှိန်အဟုန်သည် တစ်နာရီကျော် ကြာမြင့်ပြီးသည့်နောက်မှာတော့ လင်းရီသည် မျက်လုံးကို ဖွင့်လိုက်၏။ သူ၏ မျက်လုံးများသည် တောက်ပလျက်ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် အမြူတေ ပြောင်းလဲခြင်းအဆင့်မှသည့် အစစ်အမှန်ရှာဖွေခြင်းအဆင့်ဆီသို့ အဆင့်ချိုးဖြတ် ဝင်ရောက်သွားခဲ့ သောကြောင့်ပင်။
“အောင်မြင်တာပဲ”
ဖန်းကွေ့ချန်းနှင့် တုဟုန်ချန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ဖက်ကာဖြင့် စိတ်လှုပ်ရှားစွာ ကခုန်နေ၏။ ၎င်းတို့သည် အိမ်သာဆေးရသည့် ကိစ္စဆီမှ လွတ်ကင်းချမ်းသာခွင့် ရရှိခဲ့ပြီဖြစ်၏။
“မဆိုးဘူးပဲ”
ကျွင်းချောင်ရှောင်းက ချီးကျူးလိုက်သည်။ “ခင်ဗျားတို့ ဒီဆေးလုံး အမျိုးအစားတွေကို ထပ်ပြီး သန့်စင်ဖို့ လုပ်ကြတော့”
“အင်း”
ဖန်းကွေ့ချန်းသည် ခေါင်းကိုကုတ်ကာဖြင့် ပြောလိုက်၏။ “ပါဝင်ပစ္စည်းတွေက မလုံလောက် သေးဘူးလေ”
“အင်း... ပါဝင်ပစ္စည်းတွေကို ရှာဖို့ကိစ္စက ကျုပ်တာဝန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဆေးလုံးအရေအတွက် များများရအောင်လုပ်ရမှာက ခင်ဗျားတို့ တာဝန်”
“ဒါဆိုရင်တော့ ပြဿနာ မရှိပါဘူး”