← Chapters

အခန်း ၁၇၅၄

Vol. 118 Ch. 1754

အခန်း ၁၇၅၄

Vol. 118 Ch. 1754

အပိုင်း (၁၇၅၄)

ရသာခြောက်မျိုး မြေအဆီဆေးလုံးကို သန့်စင်နိုင်ခဲ့သည်ဆိုသည်မှာ အမြူတေပြောင်းလဲခြင်း ထိပ်ဆုံး အဆင့်တွင် ပိတ်မိနေသော တပည့်များအနေဖြင့် ချက်ချင်းပဲ အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ချိုးဖြတ် နိုင်သည့် အခွင့်အရေးပင်ဖြစ်သည်။ ဆိုးရွားသည်မှာ ဆေးစွယ်စုံကျမ်းထဲတွင် တခြားအဆင့်မြင့်သည့် ဆေးနည်းများ မရှိတော့ခြင်းပင်။

“နတ်ဘုရားအဆင့်ကို ဝင်ရောက်နိုင်တဲ့ ဆေးလုံးမျိုးသာ တည်ရှိမယ်ဆိုရင်”

ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိ၏။ “ဘယ်လောက်ကောင်းလိုက်မလဲ”

“တော်စမ်း”

စနစ်က ပြောလိုက်သည်။ “ဒီလောက်ဆိုရင်ကို တော်တော်လွန်နေပြီ မဟုတ်လား”

“ဒါကတော့ အမှန်ပဲ”

ကျွင်းချောင်ရှောင်းက နောက်ပြောင်လိုက်၏။ “ဦးလေးကုရဲ့ ဆေးစွယ်စုံကျမ်းကို ကြည့်ရတာ အနာဂတ်မှာ စတိုးထဲမှာ ထပ်ပြီးတွေ့နိုင်တဲ့အရာ ဖြစ်လိမ့်မယ်”

“………..”

စနစ်သည် ဆွံ့အသွားမိ၏။ လွတ်လပ်သော တိုက်ပွဲနယ်မြေတောင် စတိုးထဲ ပေါ်ပေါက်လာသည် ဆိုသောကြောင့် ဤအခြေအနေသည် မဖြစ်နိုင်ဟု ပြော၍ မရနိုင်ချေ။

“အခု ပိုပြီးတော့ အရေးကြီးတဲ့အရာက”

ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ငါ့အနေနဲ့ ဦးလေးကုရဲ့ဆေးပင်တွေ များများစိုက်ပျိုးနိုင်ဖို့ နည်းလမ်းကို စဉ်းစားရမယ်။ မဟုတ်ရင် တော်ပါတယ်ဆိုတဲ့ အိမ်ရှင်မတောင်မှ ဆန်မရှိရင် ဟင်းမချက်နိုင်ဘူးလေ”

“ဒင်.. တပည့် မြောင်ရှောင်တောင်သည် ရက်တစ်ထောင်တိတိ အိမ်သာကို ဆေးကြောခဲ့၏။ ထို့ကြောင့် ဂိုဏ်း၏တာဝန်ကို ပြည့်စုံခဲ့သည်။ ဂိုဏ်းစုဆောင်းမှတ် တစ်ထောင်ကို ရရှိသည်”

“ဒင်… တပည့် ကျင်းဟေသည် ရက်တစ်ထောင်တိတိ အိမ်သာကို ဆေးကြောခဲ့၏။ ထို့ကြောင့် ဂိုဏ်း၏ တာဝန်ကို ပြည့်စုံခဲ့သည်။ ဂိုဏ်းစုဆောင်းမှတ် တစ်ထောင်ကို ရရှိသည်”

“ဒင်… ဂိုဏ်းစုဆောင်းမှတ် - ၁၀၀၀၀”

“နောက်ဆုံးတော့ ရောက်သွားပြီးပဲ”

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် စနစ်၏ စတိုးကို ဖွင့်လိုက်၏။ နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ကောင်းကင်လျှို့ဝှက်နယ်မြေဆိုသည့်အရာကို ဝယ်ယူလိုက်၏။

“ဒင်… ဂိုဏ်းစုဆောင်းမှတ် - ၀”

“ရင်နာစရာပဲ”

ကုန်းရှန့်သည် သူ၏ရင်ဘတ်ကို ဖိကိုင်ကာဖြင့် ရေရွတ်လိုက်မိသည်။ သူသည် ယခုမှ ဝယ်ယူ ထားခဲ့သည့် အသစ်လျှို့ဝှက်နယ်မြေကြီးကို မကြည့်ခဲ့ချေ။ ထိုအစား ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြု၍ ဆက်လက်ကာ Refresh လုပ်ရန်သာ စဉ်းစားလိုက်သည်။

လက်ရှိအခြေအနေတွင် ကုထျန်းရှင်း၏ ဆေးပင်များကို စိုက်ပျိုးရန်အတွက် ကောင်းကင်အဆင့်ပစ္စည်းနှင့် မြေအဆင့်ရတနာများ ရယူရန် လိုအပ်နေသေး၏။ တခြားသောတည်နေရာများဆီမှ ရှာဖွေရန် ခက်ခဲသည်ဖြစ်သောကြောင့် စနစ်၏ စတိုးပေါ်တွင်သာ မှီခိုထားရ၏။

ဒင် ဒင် ဒင်

Refresh လုပ်သည့် နှုန်းထားသည် အလွန်မြန်ဆန်လွန်းလှ၏။ သို့ပေမဲ့ ကောင်းမွန်သည့် ရလဒ်ကိုတော့ မရရှိခဲ့ချေ။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီကာဖြင့် ပြောလိုက်၏။ “နောက်လအထိ ဆက်ပြီး စောင့်ရတော့မှာတော့”

သူသည် သိုလှောင်လက်စွပ်ထဲသို့ လှမ်းဝင်လိုက်၏။ ပြီးနောက် ကောင်းကင်လျှို့ဝှက်နယ်မြေ၏ အသုံးပြုပုံကို ဝင်ရောက်ကာ သေသေချာချာ အသေးစိတ် ဖတ်ရှု လိုက်သည်။

“တကယ့်ကို ကောင်းတဲ့ပစ္စည်းပဲ”

ဖတ်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်မှ မတ်တပ်ထရပ်လိုက်၏။ သူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။ အသုံးပြုပုံ အသေးစိတ်အရဆိုလျှင် တပည့်များသည် အဆင့်ကို အောင်မြင်စွာ ချိုးဖြတ်နိုင်သည်ဆိုပါက အနိမ့်ဆုံး လက်နက်၊ ရတနာနှင့်ပစ္စည်းကို ရရှိမည်ဖြစ်ပြီး လက်နက်အသုံးအဆောင်ပစ္စည်းများ၏ အနိမ့်ဆုံးအဆင့်သည် အင်မော်တယ်အဆင့်ပင်ဖြစ်မည်။

အင်မော်တယ်အဆင့်ဆိုသည်မှာ အထက်နယ်မြေတစ်ခုလုံးတွင် တကယ့်ကို ကောင်းမွန်လှသည့် ထိပ်တန်း ရတနာတစ်ခုပင် ဖြစ်တော့သည်။ သို့ပေမဲ့ တခြားသောအဆင့်မြင့် ဂြိုဟ်များတွင်တော့ မဟုတ်နိုင်ချေ။ ထို့ကြောင့် ထို့ထက်ပိုမိုကာ အားကောင်းနိုင်သည့်လက်နက် တည်ရှိပေလိမ့်မည်။ လက်ရှိ အခြေအနေတွင် အစပဲ ရှိသေး၏။ အင်မော်တယ်အဆင့်အထက်တွင် အန္နိမအဆင့်ဆိုသည်မှာ တည်ရှိနေသေးသည် မဟုတ် ပါလား။

အထက်နယ်မြေတွင်ရှိသော သိုင်းကျင့်ကြံသူများအတွက် အင်မော်တယ်အဆင့် လက်နက်တစ်ခု ရရန်ဆိုသည်မှာ ခက်ခဲလွန်းလှသည်။

“ချင်းယန်နဲ့ တခြားသူတွေသာ လက်နက်ကောင်းကောင်း တစ်ခုကိုရမယ်ဆိုရင် ကောင်းကင်ကြီး က ကောင်းချီးပေးလိုက်သလို ဖြစ်နေမယ် မဟုတ်လား။

ကျွင်းချောင်ရှောင်း၏ အကြည့်များသည် စိတ်လှုပ်ရှားမှုများနှင့် တောက်ပနေ၏။ သူ၏ လက်ရွေးစင်တပည့် တော်တော်များများတို့သည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် ပိတ်မိနေ၏။ နောက်တစ်ဆင့်ဆီသို့ ချိုးဖြတ်နိုင်ရန်ဆိုပါက အမွေအနှစ်နှင့် အခွင့်အရေးတစ်ခုခုကို စောင့်မျှော်ရန်သာ ကျန်ရှိ၏။ လက်ရှိ အခြေအနေတွင် ၎င်းတို့၏ တိုက်ခိုက်နိုင်မှု စွမ်းအားကို ပိုမိုတိုးတက်အောင် ကြိုးစားခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သူသည် နတ်ဘုရားလျှို့ဝှက်အဆင့်သို့ ခြေလှမ်းဝက် လှမ်းပြီးသား ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ ဤကောင်းကင်လျှို့ဝှက်နယ်မြေထဲသို့ သူဝင်ရောက်၍ မရနိုင် ခဲ့ချေ။

“ချီးတဲ့မှ”

“လက်ခံသူအနေနဲ့ စတိုးထဲကို Refresh မှန်မှန်လုပ်မယ်ဆိုရင် မနှေးနဲ့မမြန်ဆိုသလို ကိုယ်နဲ့ အထက်ပိုင်း အကြီးအကဲတွေ ဝင်လို့ရတဲ့ လျှို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိမှာ သေချာတယ်လေ”

စနစ်သည် ကောင်းမွန်လှသည့် အရောင်းသမားတစ်ယောက် ပီသစွာဖြင့် အခြေအနေနှင့် အချိန်အခါကိုကြည့်၍ သွေးဆောင်လျက်ရှိသည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် မျက်လုံးတွေ ချာချာလည်ကာဖြင့် ပြောလိုက်မိ၏။ “တော်စမ်းပါ”

စတိုးထဲတွင် ဂိုဏ်းချုပ်နှင့် အထက်ပိုင်းအကြီးအကဲများအတွက် သင့်တော်လှသည့် လျှို့ဝှက်နယ်မြေ တည်ရှိ လိမ့်မည်ဟု သူယုံကြည်၏။ သို့ပေမဲ့ မည်မျှ Refresh လုပ်ပြီး မည်မျှ ကောင်းမွန်လှသည့် ကံတရားကို အမှီအခို ပြုရမည်ဟု သူမသိချေ။ ရှိသမျှသော အရာအားလုံး ကုန်ဆုံးပြီး ဘာမှမရသည်ကလည်း ဖြစ်နိုင်သည်။

ဝှစ် ဝှစ်

တောင်၏ အနောက်ဘက်တွင်တော့ ကြီးမားလှသည့် လေဝဲကြီးတစ်ခု ထွက်ပေါ်လာ၏။ သေခြင်းနှင့်ရှင်ခြင်း လျှို့ဝှက်နယ်မြေ၊ အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေ၊ ဘုံကိုးပါးလျှို့ဝှက်နယ်မြေနှင့်အတူ စီတန်းကာ တည်ရှိ၏။

တခြားသော ဂိုဏ်းသားများသည် ပြင်ပသို့ ထွက်ခွာ လေ့ကျင့်ရသည်ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်းသားများ မှာတော့ အိမ်မှ မထွက်ခွာဘဲ တူညီသည့် အတွေ့အကြုံများကို ရယူနိုင်သည့် နေရာများ ပိုင်ဆိုင်နေ၏။ ထို့အပြင် အတွေ့အကြုံအမှတ်နှင့် လက်နက်အသုံးအဆောင်ပစ္စည်းများကိုလည်း ရရှိနေသေး၏။ တပည့်များ အနေနှင့် မြန်မြန်ဆန်ဆန် အဆင့်မတက်လျှင် ငဒူများသာ ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်”

စုရှောင်မိုသည် သွားဖြီးကာ ပြောလိုက်၏။ “ဒါ ဘာကြီးလဲ”

“ကောင်းကင်လျှို့ဝှက်နယ်မြေလေ။ မင်း သိချင်လား။ ဝင်ကြည့်လိုက်”

“……….”

စုရှောင်မိုသည် ချက်ချင်းပဲ တွန့်ကနဲ ဖြစ်သွား၏။ ဤကဲ့သို့ ဘာမှန်းမသိသည့် လျှို့ဝှက်နယ်မြေဆိုသည်မှာ ကြီးမားလှသည့် ထောင်ချောက် စောင့်မျှော်နေသည့်နေရာပင် ဖြစ်သည်။

“ကျုပ်သွားမယ်” ရီရှင်းချန်က ပြောလိုက်၏။ ညအင်ပါယာသည် အမှန်ပင် ယောက်ျားဆန်လွန်းလှ၏။

“ကျုပ်လည်းသွားမယ်” ရှောင်ကျီသည် ရှေ့သို့ လှမ်းတက်လိုက်၏။ သူတို့သည် တိုက်ခိုက်သူနှင့် ကာကွယ်သူ ဟူ၍ အတွဲဖက်ညီစွာ တိုက်ခိုက်နိုင်စွမ်းရှိသူများဖြစ်၏။ ထို့ကြောင့် အတူတူပူးပေါင်းကာ သွားရောက်ခြင်း သည် ကောင်းမွန်လှသည့် ရလဒ်ပင်။

“သွားကြတော့” ကျွင်းချောင်ရှောင်းသည် လက်ဖြင့် သင်္ကေတပြလိုက်၏။ ကုန်းရှန့်သည် ဤတပည့် နှစ်ယောက် အထဲသို့ ဝင်သွားသည်နှင့်ပတ်သက်၍ စိတ်ချယုံကြည်လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် အောက်နယ်မြေကတည်းက ၎င်းတို့နှစ်ယောက်သည် အတူတူ လေ့ကျင့်တိုက်ခိုက်လာသူများ ဖြစ်သောကြောင့် နည်းဗျူဟာအရ နားလည်မှုတွင် အထူးတလည် ပြောနေစရာပင် မလိုအပ်ချေ။

“ကောင်းပြီ”

ရီရှင်းချန်သည် ကောင်းကင်လျှို့ဝှက်နယ်မြေထဲသို့ အရင်ဆုံး လှမ်းတက်လိုက်၏။ ရှောင်ကျီသည် အနောက်မှ နီးနီးကပ်ကပ် လိုက်ပါသွား၏။

ကျွင်းချောင်ရှောင်းသည် လျှို့ဝှက်နယ်မြေထဲတွင် မည်ကဲ့သို့ စမ်းသပ်မှုများ ရှိသည်ကို မသိရှိချေ။ ထို့ကြောင့် သူ၏ တပည့်နှစ်ယောက်အတွက် ဆုတောင်းပေးရန်သာ ရှိ၏။ အနည်းဆုံးတော့ ဘာတစ်ခုမှ ထူးထူးခြားခြား ဖြစ်မလာပဲ ပြန်ထွက်လာရန်ပင်။

………..

ဘုတ် ဘုတ်

ကောင်းကင်လျှို့ဝှက်နယ်မြေ အတွင်းမှာတော့ ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် လေထုထဲ၌ ပေါ်ပေါက်လာခဲ့၏။

ရောက်ရှိလာခဲ့သည့် တည်နေရာကြီးသည် မြူများရစ်သိုင်းနေခဲ့ပြီး ပတ်ဝန်းကျင် တစ်ခုလုံးသည် ခြောက်ခြားဖွယ်ရာ ကောင်းလှ၏။ မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရချေ။

ဖြောက် ဖြောက် ဖြောက် ဖြောက်

ရုတ်တရက် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။ ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် ချက်ချင်းပဲ လှမ်းကာ ကြည့်ရှု လိုက်သည့်အချိန်မှာတော့ ထူးဆန်းလှသည့်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် သိုင်းကျင့်ကြံသူတစ်ယောက်သည် လှမ်းလျှောက်ထွက်လာသည်ကို ၎င်းတို့က ဝေဝေဝါးဝါးဖြင့် မြင်လိုက်ရ၏။

ကျွင်းချောင်ရှောင်းသာ တည်ရှိသည် ဆိုပါက ဤလူသည် ဂျပန်ဆာမူရိုင်းတစ်ယောက်ဖြစ်မှန်း ကောင်းကောင်း သိပေလိမ့်မည်။ ၎င်း၏ ခါးတွင် ဓားရှည်နှစ်လက်ကို ထိုး၍ ထားရှိသည်။

ရွှီး

ဆာမူရိုင်းသည် ရှေ့ဆီသို့ ရောက်လာပြီးနောက် မြေပေါ်သို့ ခြေချိတ်ထိုင်လိုက်သည်။

ရီရှင်းချန်နှင့် ရှောင်ကျီ တို့သည် သတိအပြည့်နှင့် ဖြစ်နေကြ၏။ ဤထူးဆန်းလှသည့် လူသည် မည်သည့်စွမ်းအင်ကိုမှ ထုတ်ဖော်မထားသည်ဆိုသော်လည်း မျက်လုံးများမှာတော့ စူးရှလွန်းလှပြီး သာမန်ထက်ပိုသည့်လူတစ်ယောက်ဖြစ်ကြောင်း သိသာထင်ရှားလွန်းလှ၏။

ချလွမ်

ဆာမူရိုင်းသည် သူ၏လက်မကို အသုံးပြုပြီးနောက် ဓားနှစ်လက်၏ ဓားအိမ်ပေါ်တွင် ရှိနေသော ဘုသီးကို နှိပ်ကာဖြင့် ဓားကိုဆွဲထုတ်လိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ “ဒါ.. ငါရဲ့ လက်နက်တွေပဲ။ ထန်ယန်နဲ့ ထန်ကွေ့လို့ ခေါ်တယ်။ အနိုင်ရတဲ့လူတဲ့ ဒီလက်နက်တွေရဲ့ ပိုင်ရှင် ဖြစ်သွားလိမ့်မယ်”

ရီရှင်းချန်နှင့် ရှောင်ကျီတို့၏ မျက်လုံးများသည် လင်းလက်သွား၏။ ဤဓားနှစ်လက်သည် တူညီသည့် အရွယ် အစားမျိုးဖြစ်ပြီး တစ်မီတာခန့်ရှည်ကာ လက်နှစ်ချောင်းအရွယ်ခန့် ကျယ်ပြော၏။ ဓား၏မျက်နှာသွင်ပြင် သည် မှန်တစ်ခုကဲ့သို့ ချောမွေ့လျက်ရှိနေပြီး ဓားပေါ်တွင် အေးစက်သည့် အလင်းတန်းများ ထွန်းတောက် နေခဲ့၏။ ကျိန်းသေပေါက် ဤအရာသည် နတ်ဘုရားအဆင့် လက်နက်သာ ဖြစ်ပေလိမ့်မည်။

“တစ်ယောက်ချင်းလား။ ကောင်းပြီ။ ကျုပ် တစ်ယောက်ချင်းတိုက်မယ်” ရီရှင်းချန်သည် လက်ကို အသာမြှောက်လိုက်၏။ သူ၏လက်ပေါ်တွင်ရှိနေသည့် တိုက်ခိုက်ဆိုသည့် စာလုံးသည် ထင်ပေါ်လာခဲ့၏။ ပြီးသည့်နောက် ချပ်ဝတ်နှင့် ပုဆိန်ကြီးသည် လေထုထဲတွင် ပေါ်ပေါက်လာ၏။

ရှောင်ကျီသည် အလျင်အမြန်ဖြင့် ခပ်ဝေးဝေးတည်နေရာသို့ ဆုတ်ခွာသွားသည်။

“လာခဲ့.. တိုက်ခိုက်ကြရအောင်”

ရီရှင်းချန်သည် ပုဆိန်ကြီးကို မြှောက်ကာဖြင့် မြေပေါ်တွင် ထိုင်လျက် ရှိနေသော ဆာမူရိုင်းကို ပုဆိန်နှင့် ညွှန်လိုက်၏။

ဆာမူရိုင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် သူ၏ ညာဘက်နှင့် ဘယ်ဘက်တွင် ရှိနေသော ဓားနှစ်စင်းကို မျက်နှာချင်းဆိုင် အနေအထားမျိုးဖြစ်အောင် ထုတ်လိုက်သည်။ “စကြရအောင်”

ဖောက်

ထိုအချိန်မှာပဲ ရီရှင်းချန်သည် သူ၏ ပုဆိန်ကြီးကို လွှဲယမ်းကာဖြင့် လေထဲသို့ ပျံသန်းလိုက်၏။ ဆန်းကြယ် လွန်းလှသော ကျန်းချီများသည် ဆာမူရိုင်းဆီသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ကျဆင်းလာ၏။

ချလွမ် ချလွမ် ချလွမ်

ဆာမူရိုင်းသည် ဓားကိုအသာထုတ်ယူပြီးသည့်နောက် ကြီးမားလွန်းလှသည့် ပုဆိန်၏ တိုက်ခိုက်ချက်ကို အပြင်းအထန် ခုခံလိုက်၏။ အနောက်သို့ ဆုတ်ခွာသွားသည်ဆိုသော်လည်း ထူးဆန်းလှသည့် တိုက်ခိုက်မှု ပုံပန်းသွင်ပြင်မျိုးကို ပြုလုပ်လိုက်သည်။

“ဓားနှစ်လက် တိုက်ခိုက်မှု၊ ဝိညာဉ် ပိုင်းဖြတ်ခြင်း”

ဝှစ်

ရီရှင်းချန်၏ အရှေ့လေထုထဲတွင်တော့ ကြက်ခြေခတ်ပုံစံ ဓားရာနှစ်ခုက ပေါ်ပေါက်လာ၏။

“ကလေး ကစား သလိုပဲ”

ရီရှင်းချန်သည် အရှေ့သို့ လှမ်းတက်လိုက်ပြီးသည့်နောက် ကောင်းကင်ပုဆိန်ကြီးကို ဝှေ့ယမ်းကာ ရုတ်တရက် သူ၏ရှေ့တွင် ပေါ်ပေါက်လာခဲ့သည့် ဓားအမှတ်အသားကြီးနှစ်ခုကို ပိုင်းဖြတ်လိုက်သည်။

ချလွမ် ချလွမ် ချလွမ်

မြင်ကွင်းမှာတော့ ၎င်းတို့နှစ်ယောက်သည် ဘယ်မှညာသို့ တိုက်ခိုက်၊ ညာမှဘယ်သို့ တိုက်ခိုက်၊ အရှေ့မှ အနောက်သို့ တိုက်ခိုက်ရင်း ရှုပ်ထွေးလှသည့် တိုက်ခိုက်မှုပုံစံများကို အပြင်းအထန် တိုက်ခိုက်လျက်ရှိ၏။ ဓားနှင့်ပုဆိန် ထိတွေ့မှုသည် တဒေါင်ဒေါင်နှင့် မြည်နေသလို မီးများပင် ပွင့်လျက်ရှိတော့၏။

လီထျန်းထျန်းသည်သာ ဤနေရာတွင် ရှိသည်ဆိုပါက ကောင်းမွန်လှသည့် တိုက်ခိုက်မှုပုံစံများကို အမိအရ ဓာတ်ပုံရိုက်ထားမှာ သေချာသည်။

All Chapters