အမြီးနဲ့ရိုက်ပြီး လွှင့်အောင်လုပ်လိုက်ခြင်း
Vol. 129 Ch. 1798
မိုကျိနှင့် ယွမ်ယွမ်တို့သည် ရှီမာယူယူနှင့် အလင်းတန်းအမဲများတောက်ပ နေသည့် နဂါးနက်ကိုကြည့်လိုက်သည်။ သူတို့သည် အနည်းငယ်လွှမ်းမိုးခံရ လေသည်။
ဤကိစ္စဖြစ်သွားသည်မှာ ရှုပ်ထွေးလှသည်။ နဂါးနက်က တွေ့ပြီး ခဏနဲ့ တင် ဘယ်လိုလုပ် သူမနဲ့ စာချုပ်တည်ထောင်နိုင်ရတာလဲ။
အခုခေတ် မဏရာသားရဲတွေအကုန်လုံးက ဒီလိုမျိုး ဖော်ရွေသွားတာ လား။
ဒီလောက်ကောင်းတဲ့ဟာကို သူတို့ကကျ ဘာလို့မတွေ့တာလဲ။
ခဏအကြာတွင် စာချုပ်အလင်းတန်းမှာ တဖြည်းဖြည်းပျောက်ကွယ် သွားသည်။ ထို့နောက် သူမကို အဆင့်တက်သည့် အလင်းဖုံးလွှမ်းသွားလေ၏။
မရဏာမိစ္ဆာသခင်အလယ်အဆင့်မှ မဏရာမိစ္ဆာသခင်နောက်ဆုံးအဆင့် သို့တက်သွားသည်။ နောက်ပိုင်းတွင် သူမသည် မရဏာဝိညာဉ်သခင် ကနဦး အဆင့်၊ မရဏာဝိညာဉ်သခင်အလယ်အဆင့်နှင့် မရဏာဝိညာဉ်သခင် နောက်ဆုံးအဆင့်သို့ ခုန်တက်သွားသည်။
သူမသည် တစ်ခါတည်းနှင့် အဆင့်ကြီးတစ်ခုကိုခုန်တက်သွားသည်။
သူမက ဘာလဲ။ သားရဲနဲ့ စာချုပ်တည်ထောင်လိုက်တာနဲ့ အဆင့်တက် သွားနိုင်တာလား။
သူမ၏ကြိုးစားမှုရလဒ်ကို ချုပ်တည်းလိုက်သည်ကို သူတို့နှစ်ယောက် မသိကြပေ။ သူမသာ ဆက်ပြီးအဆင့်တက်ခွင့်ပြုလိုက်လျှင် သူမ၏ ဝိညာဉ် ခန္ဓာကိုယ်သည် ခံနိုင်ရည်ရှိတော့မည်မဟုတ်ပေ။
သူမသည် ဝိညာဉ်စေတီထဲသို့ စွမ်းအင်ပြောင်းထည့်လိုက်ရာ ဝိညာဉ် စေတီသည် ထိုစွမ်းအင်အစိတ်အပိုင်းကို တွန်းလှန်လေသည်။ ခြောက်သွေ့ခဲ့ သော ဝိညာဉ်စွမ်းအင်သည် သိသိသာသာပြောင်းလဲလာသည်။ သေဆုံးနေ သောအပင်များသည် အသက်ပြန်ဝင်လာကာ ကောင်းကင်မှာလည်း အရင်လို ပြာလဲ့လာပြီး မြူခိုးများဖုံးလွှမ်းလာသည်။ ထိုဧရိယာပိုင်းများသသည် သူတို့၏ မူလအသွင်အဖြစ် ပြန်ပြောင်းသွားလေသည်။
အိပ်ပျော်နေသော သားရဲများသာ ပြန်မနိုးလာခြင်းဖြစ်သည်။
“ယူယူ” လတ်ဆတ်ပြီး ကလေးဆန်သော ရင်းနှီးသည့် အသံသည် ရှီမာယူယူ၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။
“ဝိညာဉ်လေး နိုးလာပြီလား”
“အင်း နိုးလာပြီ ယူယူ ပြောင်းပေးးလိုက်တဲ့ ဝိညာဉ်စွမ်းအင်က ဝိညာဉ် လေးကို အများကြီးပြန်ကောင်းလာစေတယ်” ဝိညာဉ်လေးပြောလိုက်သည် “ယူယူ အဆင်ပြေရဲ့လား”
“ငါ အဆင်ပြေတယ် ငါအခွင့်အရေးရှာပြီး မင်းကိုလာတွေ့မယ်” ရှီမာယူယူသည် ပျော်ရွှင်မှုကို ဖိနှိပ်လိုက်သည်။ သူမသည် ဝင်သွားပြီး ချက်ချင်း ပင် တွေ့ချင်မိသည်။
“အင်း ဝိညာဉ်လေး ယူယူ့ကိုစောင့်နေမယ် ဝိညာဉ်စေတီက အရမ်းကို ရှုပ်ပွနေတာ သွားရှင်းလိုက်ဦးမယ်” ဝိညာဉ်လေး ပြောပြီးနောက် သူသည် ဝိညာဉ်စေတီမှကိစ္စများကို ရှင်းရန်သွားလေသည်။
ယွမ်ယွမ်နှင့် မိုကျိတို့သည် သူမမျက်နှာမှ အပြုံးကိုမြင်လိုက်ရသည်။ ထိုအပြုံးသည် နဂါးနက်နှင့် စာချုပ်တည်ထောင်လိုက်ခြင်းကြောင့် မဟုတ်ဘဲ စိတ်သက်သာရာရခြင်းကြောင့် ဖြစ်လာသည့်ပုံပေါ်သည်။
“ရှီအာ ဘယ်လိုခံစားရလဲ ဘာလို့ အဲလောက်ကြီး ထူးထူးဆန်းဆန်း ပြုံး နေတာလဲ”
ရှီမာယူယူသည် မပြုံးဘဲမနေနိုင်ပေ။ သူမသည် ယခုအချိန်တွင် ခံစားချက်ကောင်းနေသည်။
“ခံစားလို့ကောင်းတယ် နဂါးနက်နဲ့ စာချုပ်တည်ထောင်လိုက်ရလို့ ကျွန်မ ပျော်လို့ပါ” သူမသည် နဂါးနက်၏ ခေါင်းကိုပွတ်ပြီး ပျော်ရွှင်စွာပြောလိုက် သည်။
နဂါးနက်သည် ယခင်ဘိုးဘေးကြီး လုပ်ခဲ့သကဲ့သိ့ သူမ၏ လက်ကို ချစ်ခင်စွာဖြင့် ထိတွေ့သည်။
“ငါ ထင်မထားဘူးပဲ နောက်ဆုံးတော့ နဂါးနက်ကိုမြင်ဖူးသွားပြီ မင်းနဲ့ တောင် စာချုပ်တည်ထောင်လိုက်သေးတယ် တကယ်ကိုမိုက်တာပဲ” ယွမ်ယွမ် သည် နဂါးနက်ကိုစိုက်ကြည့်ရာ သူ့မျက်လုံးထဲမှ အားကျမှု ပျော်ရွှင်မှုနှင့် မုန်းတီးမှုမှာ ဖုံးကွယ်မရပေ။
“ဟေး ဒါကရေစက်လေ” ရှီမာယူယူသည် သူ့ကို ရွှင်လန်းစွာ စိုက် ကြည့်လိုက်သည်။
“ဒီဥခွံတွေက အလတ်ကြီးပဲ အခုမှမွေးထားတာလား” မိုကျိသည် နံရံထောင့်မှ လတ်ဆတ်ပြီး ချွဲကျိသောအရာများကပ်နေသော ဥခွံများကို မြင်လိုက်သည်။
နဂါးနက်သည် ခုန်သွားပြီး နဂါးဥခွံနှစ်ခုကိုပတ်လိုက်ပြီး ရှီမာယူယူဆီသို့ ဆွဲယူလာသည်။
“ယူယူ ဒါမင်းအတွက်” သူသည် ရှီမာယူယူကို ကြည့်လေသည် “ဒါက အရမ်းအသုံးဝင်တယ်”
နှစ်ခြမ်းကွဲနေသော်လည်း သူမတစ်ရပ်စာထက် မြင့်သော နဂါးဥခွံကို ရှီမာယူယူ ကြည့်လိုက်သည်။ “မင်း ငါ့ကိုပေးချင်တာလား”
“အင်း” နဂါးနက်သည် ခေါင်းညိတ်လေသည် “မင်းယူသွားလိုက်ပါ”
“နဂါးနက်ရဲ့ ဥခွံက အရမ်းကိုမာတယ် မင်းယူလိုက်ရင် နောက်ဆိုရင် အသုံးဝင်လာလိမ့်မယ်” မိုကျိ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် နဂါးနက်လေး” ရှီမာယူယူသည် နဂါးဥခွံကိုသိမ်း လိုက်သည်။
“ယူယူ ကြိုက်ရင်ပြီးတာပါပဲ” နဂါးနက်သည် ပျော်ရွှင်စွာဖြင့် နှစ်ကြိမ် ပတ်ပြီး ရှီမာယူယူအား အလယ်တွင်ထားကာ ပတ်လေသည်။
“ရှီအာ နဂါးနက်လေးက မင်းကိုဘာလို့ယူယူလို့ ခေါ်တာလဲ” ယွမ်ယွမ် သည် သူမအား သံသယဖြင့်ကြည့်လေသည်။
ရှီမာယူယူသည် တောင့်တင်းသွားပြီးနောက် ပြုံးပြီးရှင်းပြလိုက်သည် “သူက ကျွန်မကို အရင်ကလူလိုမျိုးဆက်ဆံနေတာ”
“ကြည့်ရတာ မင်းက အဲဒီလူနဲ့တော်တော်တူတယ်ထင်တယ် အဲဒါကြောင့် မင်းနဲ့စာချုပ် တည်ထောင်တာ” မိုကျိ ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ နဲ့ ရန်သူဖြစ်တာထက်စာရင် ကောင်းတာပေါ့လေ”
“ဟုတ်တယ်”
“နဂါးနက်လေး ငါတို့အပြင်ထွက်မလို့ ဒီကနေအပြင်သွားလို့ရလား” ရှီမာယူယူ မေးလိုက်သည်။
“မဟူရာ.. ယူယူ ငါ့နာမည်ကိုမေ့နေတာပဲ” မဟူရာသည် မပျော်မရွှင် ပြောလေသည်။
“အင်း မဟူရာ ဒီကနေထွက်သွားဖို့ လမ်းများသိလား” ရှီမာယူယူ မေး လိုက်သည်။
“ငါ ဒီကနေထွက်မသွားဖူးဘူး အဲဒါကြောင့် အပြင်ကို ဘယ်လိုထွက်ရ မလဲ မသိဘူး” မဟူရာသည် အားတုံ့အားနာပြောလေသည်။
“ရပါတယ်” ရှီမာယူယူသည် သူ၏ခေါင်းကို ထိလိုက်သည်။
သူ့တွင် အမွေပစ္စည်းများစွာရှိသော်လည်း ဤနေရာမှ ထွက်သွားရန် မှတ်ဉာဏ်မရှိပေ။
“ဒါက ဂူဆိုမှတော့ ထွက်ပေါက်တော့ရှိမှာပဲ ဂူအတိုင်း ထွက်သွားကြည့် ကြတာပေါ့” မိုကျိ ပြောလေသည်။
“ယူယူ မကြောက်နဲ့ ငါကာကွယ်ပေးမယ်” နဂါးနကသည် ဂုဏ်ယူစွာဖြင့် အော်လေသည်။
“အင်း မင်း ကာကွယ်ပေးမှာကို စောင့်နေမယ်” ရှီမာယူယူသည် ပြန်ဖြေ လိုက်သော်လည်း စိတ်မှ အရေးတယူမရှိလှပေ။
“သူ့အားက အခုမှမွေးတာနဲ့မတူဘူး” မိုကျိ ပြောလိုက်သည် “သူ ဥထဲမှာ ရှိကတည်းက သူ့မိဘတွေက စွမ်းအားတွေထည့်ပေးခဲ့တယ်နဲ့တူတယ်”
“အဲဒါကြောင့် ကျွန်မက ဒီလောက်အဆင့်တက်သွားတာပဲ” ရှီမာယူယူ သည် သူမ၏လက်ကိုလှုပ်ခါကြည့်သည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ အားကို ဆုပ်ကိုင်မရသေးပေ။
“မင်း ရုတ်တရက်ကြီး အဲလောက်စွမ်းအားတွေ အများကြီးရသွားရင် ကသိကအောင့်ဖြစ်လိမ့်မယ်” ယွမ်ယွမ် ပြောလိုက်သည် “အသားကျသွားရင် တော့ မယုံနိုင်လောက်တဲ့ စွမ်းအားကို သိသွားလိမ့်မယ်”
“အင်း သွားကြတာပေါ့” ရှီမာယူယူသည် မဟူရာကို အကောင်သေး အသွင်ပြောင်းခိုင်းလိုက်ရာ မဟူရာသည် အနက်ရောင်ငွေအဖြစ်ပြောင်းပြီး ရှီမာယူယူ၏ လက်ကောက်ဝတ်ကိုပတ်လိုက်သည်။
ရှီမာယူယူသည် သူကျေနပ်နေသည်ကိုမြင်သောအခါ ရွှေမြွေလေးနိုးလာ လျှင် ဤနေရာကို မည်သို့ခွဲဝေကြမည်ဟု စဉ်းစားမိသွားသည်။
သူတို့သည် ဂူအဝင်ပေါ်မှထွက်လာခဲ့သည်။ ဂူမှထွက်ပြီး အပြင်သို့ရောက် သည်နှင့် အပြင်မှအခြေအနေကြောင့် အံ့အားသင့်သွားကြသည်။
ထောင်ပေါင်းများစွာသော မရဏာသားရဲများသည် အပြင်တွင် ဝိုင်းနေကြ ပြီး မြေပေါ်တွင် ဒူးထောက်နေကြသည်။ သူတို့ကိုမြင်သောအခါ သားရဲများ သည် အနည်းငယ် ရှုပ်ထွေးကုန်ကြသည်။
သူတို့ အစောကပဲ မရဏာဘုရင်ရဲ့ အားကောင်းတဲ့ အသက်ကို ခံစားမိ လိုက်တာ ဘယ်လိုဖြစ်လို့ တစ္ဆေမျိုးနွယ်သုံးယောက် ထွက်လာတာလဲ။
“ငါတို့ဘုရင်ဘယ်မှာလဲ”
“မင်းတို့တွေအကုန်လုံးက ဒီမှာဘာလုပ်နေကြတာလဲ မြန်မြန်လူစုခွဲပြီး သွားလိုက်ကြတော့” နဂါးနက်သည် ရှီမာယူယူ၏ လက်ကောက်ဝတ်မှ ခေါင်းထောင်ကြည့်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။
“သခင်ကြီး ကျွန်တော်တို့…” အရိုအသေပေးဖို့ လာတာ….
မရဏာကျား စကားမဆုံးခင်တွင် မဟူရာသည် အမြီးကိုရိုက်ချလိုက် သဖြင့်လွှင့်သွားလေသည်။ သူသည် မြေပေါ်မှထပြီး ညှိုးငယ်စွာဖြင့် သားရဲများ ကို ဦးဆောင်ပြီးထွက်သွားသည်။
မဟူရာသည် ချီးကျူးခံချင်နေသည့် ပုံစံဖြင့် အမြီးကို ရှီမာယူယူဘက် ယမ်းပြလေသည်။
ရှီမာယူယူသည် သူ၏ အမြီးကိုထိပြီး ချီးကျူးပေးလိုက်သည် “မဟူရာက အရမ်းကိုတော်တာပဲ နောက်ဆိုရင် ငါ့ကိုကာကွယ်ဖို့ ဒါကိုသုံးနော်”
“ဟင်း” မဟူရာသည် ပျော်ရွှင်စွာပင် သူမ လက်ဆီသို့ ပြန်လာသည်။
“ရှီအာ” မုရုန်ဟွေ့၏ စိုးရိမ်နေသောအသံသည် အဝေးမှထွက်လာသည်။ ရှီမာယူယူ ပတ်ရှာကြည့်လိုက်ရာ မုရုန်ဟွေ့နှင့် တပ်သားအဖွဲ့သည် ပြေးလာ သည်ကို မြင်လိုက်ရသည်။
“အဖေ ဘာလို့ရောက်လာတာလဲ” သူက သတ္တုကြောကိစ္စကို ရှင်းနေတာ မဟုတ်ဘူးလား။
မုရုန်ဟွေ့သည် ပျံလာပြီး သူမ ဒဏ်ရာမရသသည်ကိုမြင်သောအခါ စိတ် သက်သာရာရသွားပြီး ပြောလိုက်သည် “အတွင်းပိုင်းမှာ ကိစ္စတစ်ခုဖြစ်လိုက် တာတွေ့လိုက်လို့ သမီးတို့ စိတ်ရိုင်းဝင်နေတဲ့ သားရဲတွေနဲ့တွေ့မှာစိုးလို့ လိုက်လာတာ”
ရှီမာယူယူသည် စိတ်ထဲတွင် နွေးထွေးမှုခံစားသွားရသည်။ သူမသည် မုရုန်ဟွေ့၏ လက်ကိုကိုင်ပြီး ပြောလိုက်သည် “အဲဒီရုန့်ရင်းဆန်ခတ်ဖြစ်သွား တာက ဒီနှစ်ယောက်ကြောင့်လေ ဒါပေမဲ့ အခုတော့ ရှင်းပြီးသွားပါပြီ”
“တော်သေးတယ်…”
မုရုန်ဟွေ့သည် စိတ်သက်သာရာရသွားသည်။ ထိုစဉ် မှော်ဝင်လက်စွပ် အတွင်းမှ ပြောင်းလဲမှုခံစားလိုက်ရသောကြောင့် သခင်ကျောက်ထုတ်လိုက်ရာ ဘဏ္ဍာထိန်းး၏အသံသည် ချက်ချင်းပင်ထွက်လာသည် “သခင် မြန်မြန်ပြန်လာ ပါ သတ္တုကြောက တစ်ခုခုလွဲနေပြီ”
***