← Chapters

အခန်း ၁၇၅၆

Vol. 118 Ch. 1756

အခန်း ၁၇၅၆

Vol. 118 Ch. 1756

အပိုင်း (၁၇၅၆)

တပည့်များသာလျှင် ကောင်းကင်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ခွင့်ရှိ၏။ ယုတ္တိဗေဒအရ ပြောဆိုရမည်ဆိုလျှင် တပည့်များ ရရှိခဲ့သည့် လက်နက်များသည် တပည့်များသာ အသုံးပြု၍ရသည့်အရာ ဖြစ်သင့်၏။ အဘယ်ကြောင့် ကုန်းရှန့်သည် ကင်ဒိုဓားအား လွယ်လွယ်ကူကူဖြင့် ဆွဲထုတ်၍ ရနိုင်သနည်း။

“အမှန်ပဲဟ”

ကျွင်းချောင်ရှောင်းသည် ကြောင်အသွား၏။ “ဒီလို ကန့်သတ်ချက် မရှိဘူးလား”

ပြီးသည့်နောက် သူသည် ရှောင်ကျီဆီမှ တခြားသော ကင်ဒိုဓားအား လှမ်းယူကာဖြင့် လွယ်လွယ်ကူကူ ထုတ်ယူလိုက်ပြန်သည်။ မည်သည့် အနှောက်အယှက် အတားအဆီးမှ မရှိချေ။

“အကြီးအကဲယု”

ကျွင်းချောင်ရှောင်းသည် ကင်ဒိုဓားအား အသာလှမ်းပစ်ပေးကာဖြင့် ပြောလိုက်၏။ “ဒါကို စမ်းကြည့်အုံး”

ယုစီနန်သည် ကင်ဒိုဓားအား လှမ်းယူပြီးနောက် ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ ထက်ရှလှသည့် ဓားသွားကို ကြည့်ပြီးသည့်နောက် သူသည် ချီးကျူးလိုက်မိသည်။ “တကယ့်ကိုကောင်းတဲ့ ဓားပဲ”

“..........”

စနစ်သည် ဆွံအသွားမိ၏။ ဂိုဏ်းချုပ်ကော၊ အကြီးအကဲတွေပါ အသုံးပြု၍ ရနေသည်ဆိုသောကြောင့် ကောင်းကင် လျှို့ဝှက်နယ်မြေတွင် ရှိနေသော လက်နက်အသုံးအဆောင်ပစ္စည်းများသည် ကန့်သတ်ချက် မရှိဆိုသော အဓိပ္ပာယ် ဖြစ်ပြီး ဝေမျှသုံးစွဲ၍ ရသည့်အဓိပ္ပာယ်ပင်။

“ကြည့်ရအောင်”

ထိုအချိန်မှာပဲ ဖန်းရီကျိသည် အရှေ့ဆီသို့ လျှောက်လာပြီး ယုစီနန်၏ လက်ထဲမှ ကင်ဒိုဓားကို ယူလိုက်၏။ သေသေချာချာ လေ့လာသုံးသပ်ပြီးသည့်နောက် သူသည် အော်ဟစ်လိုက်မိ၏။ “ဒါက အနည်းဆုံး အင်မော်တယ်အဆင့် ရှိတာပဲ”

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မှု မရှိချေ။ အချက်အလက်အားဖြင့် အနည်းငယ် စိတ်ပျက်မိသလို ဖြစ်နေ၏။ မိတ်ဆက်အရဆိုလျှင် လျှို့ဝှက်နယ်မြေထဲတွင် တည်ရှိသည့် အနိမ့်ဆုံးသောအဆင့်သည် အင်မော်တယ်အဆင့် ဖြစ်၏။ ယခုရရှိလာသည်မှာလည်း အနိမ့်ဆုံးအဆင့်ပင် ဖြစ်ပေလိမ့်မည်။ သူသည် တည်ငြိမ်လျက်ရှိနေသေး၏။

သို့ပေမဲ့ ယုစီနန်နှင့် တခြားသောသူများမှာမူ ဆွံအလျက်ရှိနေသည်။

အင်မော်တယ်အဆင့်ဆိုသည်မှာ အထက်နယ်မြေတွင် နတ်ဘုရားအဆင့် လက်နက်တစ်ခုပင်ဖြစ်သည်။ ပိုင်ရှင်သည် အလွန်တရာ ကျော်ကြားလှသည့်လူမျိုးပင် ဖြစ်ပေလိမ့်မည်။ ယခု လျှို့ဝှက်နယ်မြေထဲသို့ တပည့်နှစ်ယောက် ဝင်ရောက်ပြီးသည့်နောက် ထိုကဲ့သို့သော ရတနာကို လွယ်လွယ်ကူကူ ရယူလာခဲ့၏။ ဤအရာမှာ လွန်လွန်းလှချေသည်။

“ဆိုးတာပဲ”

ရှောင်ကျီက ပြောလိုက်၏။ “စိန်ခေါ်မှုက ကျရှုံးခဲ့တယ်လေ”

“ကျရှုံးခဲ့တယ် ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွားသည်။ “ဒါဆိုရင် မင်းတို့က လက်နက်ကို ဘယ်လို ယူလာလို့ရတာလဲ”

ရှောင်ကျီသည် ရီရှင်းချန်နှင့် ယာကူကျူဖေးတို့၏ တိုက်ပွဲအကြောင်းကို ပြန်လည်ကာ ပြောဆိုလိုက်မိသည်။

“အင်း... ဂျပန်ကင်ဒိုဓား ဖြစ်နေတာ အံ့အားသင့်စရာ မရှိဘူးပဲ”

အကြောင်းရင်းကို နားလည်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အသုံးပြုသူက ဂျပန်သိုင်းကျင့်ကြံသူတစ်ယောက်ပဲ။ နေအုံး... ကောင်းကင်လျှို့ဝှက်နယ်မြေထဲမှာ ဘယ်လိုဖြစ်ပြီးတော့ ဂျပန်သိုင်းကျင့်ကြံသူတစ်ယောက် ရှိနေရတာလဲ”

ထို့အပြင် ကောင်းကင်လျှို့ဝှက်နယ်မြေသည် စကြဝဠာထဲတွင် တည်ရှိနေခြင်းဖြစ်ပြီး အဓိက ဂြိုဟ်ပြာ ကမ္ဘာမြေကြီးထဲတွင် မဟုတ်ချေ

“ဘာတွေဦးနှောက်စားနေတာလဲ”

စနစ်က ပြောလိုက်သည်။ “အင်မော်တယ်အဆင့် လက်နက်တွေကိုတောင် ရနိုင်တယ် ဆိုမှတော့ ကျန်တဲ့တပည့်တွေကိုလည်း ဝင်ပြီး စိန်ခေါ်ခိုင်းလိုက်လေ။ ဘာတွေ တွေးနေတာလဲ”

“ဒါကတော့ အမှန်ပဲ”

ကျွင်းချောင်ရှောင်းသည် သူ၏အတွေးများကို ရပ်တန့်ကာ ပြောလိုက်၏။ “အင်း... ဒီလူတွေကို အနိုင်ယူဖို့ဆိုရင် တိကျတဲ့ အချိန်တစ်ခုအတွင်းမှာ အနိုင်ယူနိုင်မှ ဖြစ်မယ်နဲ့တူတယ်။ ရှင်းချန်က အဆုံးသတ်မှာ အနိုင်ရခဲ့တယ် ဆိုပေမဲ့ အချိန်ကာလ ကျော်သွားခဲ့တာကြောင့် ကျရှုံးခဲ့တာပဲ”

“ဟမ့်”

ရီရှင်းချန်သည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ “နောက်တစ်ကြိမ် ဝင်သွားပြီဆိုရင် တစ်ခါတည်း သတ်ဖြတ်ပစ်မယ်။ ဒါဆိုရင် အချိန်ဖြုန်းစရာ မလိုတော့ဘူး”

လျှို့ဝှက်နယ်မြေထဲတွင် ယာကူကျူဖေးတစ်ယောက်တည်း ရှိလိမ့်မည်ဟု သူက မထင်မှတ်ခဲ့ချေ။ တခြား အားကောင်းသည့်လူများလည်း တည်ရှိပေလိမ့်မည်။ လက်နက်များ ပေးသည်ဆိုဆို၊ မပေးသည်ဆိုဆို ကိစ္စ မရှိချေ။ လေ့ကျင့်ရန်အတွက် အကောင်းဆုံးသော တည်နေရာကြီးတစ်ခု ဖြစ်မှာတော့ သေချာ၏။

“ဝူတီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သွားပြီးတော့ မင်းရဲ့ ကံတရားကို စမ်းသပ်လိုက်တော့”

“ကောင်းပါပြီ”

ဟယ်ဝူတီသည် ရှေ့သို့ လှမ်းတက်သွားခဲ့၏။ ပြီးနောက် စိတ်ထဲတွင် ရေရွတ်လျက် ရှိနေသည်။ “ငါ့အနေနဲ့ နောက်ဆုံးအကြိမ်တုန်းက ဂိုဏ်းထဲမှာသွားပြီးတော့ အစွမ်းအစ ပြမိတာ အမှားပဲ။ ဒါကြောင့်မို့လို့ ဂိုဏ်းချုပ်က ငါ့ကို အထင်ကြီးနေပြီနဲ့တူတယ်”

ဆွစ်

သူသည် လေဝဲကြီးထဲသို့ ဝင်ရောက်ပြီးသည့်နောက် လျှို့ဝှက်နယ်မြေထဲသို့ ရောက်ရှိသွားသည်။

ဖြောက် ဖြောက်

ရုတ်တရက် အသံတစ်ခုက ထွက်ပေါ်လာ၏။ ဟယ်ဝူတီသည် အရှေ့ဆီသို့ လှမ်းလျှောက်သွားပြီးသည့်နောက် ထူးဆန်းလွန်းလှသော သိုင်းကျင့်ကြံသူတစ်ယောက် လှမ်းလျှောက်လာသည်ကို မြင်ရ၏။

မည်သူနည်း။ ယာကူကျူဖေးပင် ဖြစ်သည်။ ဤလူသည် ထပ်မံကာ ပေါ်ပေါက်လာသည် ဖြစ်သောကြောင့် စောနတုန်းက သတ်ဖြတ်ခြင်းကို မခံရသည့်သဘောပင်။ ထိုအစား ရှုံးနိမ့်ပြီးသည့်နောက် ပျောက်ကွယ်သွားခဲ့ပြီး နောက်ထပ် စိန်ခေါ်သူတစ်ယောက် ရောက်ရှိလာမည်ကို စောင့်မျှော်နေသည့်ပုံပင်။

ရွှပ်

ယာကူကျူဖေးသည် မြေပေါ်တွင် ခြေချိတ်ကာ ထိုင်လိုက်ပြီးသည့်နောက် ဓားအိမ်ကို လှမ်းယူလိုက်၏။ သို့ပေမဲ့ ဓားအိမ်ကို ဖမ်းဆုပ်မမိခဲ့ချေ။

“ဟမ်”

သူသည် ရုတ်တရက် ငုံ့ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ သူ၏ခါးတွင် မည်သည့်ဓားမှ မရှိသည်ကို မြင်လိုက်ရ၏။ သူသည် ကြောင်တောင်တောင်ဖြင့် ပြောလိုက်မိသည်။ “ငါ့ရဲ့ဓားတွေ ဘယ်ရောက်သွားတာလဲ”

“........”

ဟယ်ဝူတီ၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ ဤလူကို ပထမဦးဆုံးအကြိမ် စတင်တွေ့ရသည် ဆိုသော်လည်း ရှောင်ကျီ၏ ရှင်းပြချက်အရဆိုလျှင် စီနီယာအစ်ကိုရီနှင့် တိုက်ခိုက်ခဲ့ရသူဖြစ်မှန်း သူက သေချာ သိရှိ၏။ ဓားအတွက်မှာတော့ စီနီယာအစ်ကိုရီ ယူဆောင်သွားခဲ့ပြီဖြစ်သည်။

“ထားလိုက်တော့။ ထားလိုက်တော့”

ယာကူကျူဖေးသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ပြောလိုက်၏။ “ဓားမရှိလည်း တိုက်ခိုက်လို့ရသေးတယ်။ လာခဲ့”

“ကျေးဇူးပြုပြီး .... သင်ပြပေးပါအုံး”

ဘုန်း

ပြောပြီးပြီးချင်းမှာပဲ ဟယ်ဝူတီသည် ရှေ့ဆီသို့ လှမ်းတက်လာပြီးနောက် သူ၏ ညာဘက်လက်သီးဖြင့် တစ်ဖက်လူ၏ ဝမ်းဗိုက်ကို တိတိကျကျ ထိုးနှက်လိုက်သည်။ ကြမ်းတမ်းလွန်းလှသော စွမ်းအင်လှိုင်းများသည် လေထုထဲမှာတင် ပေါက်ကွဲထွက်သွားပြီးသည့်နောက် ယာကူကျူဖေးသည် ခန္ဓာကိုယ်တစ်ခုလုံး ကွေးညွတ်ကာဖြင့် အနောက်ဘက်သို့ လွင့်စင်သွားသည်။ ယာကူကျူဖေး၏ မျက်လုံးများသည် ပြူးထွက်သွားခဲ့ပြီး ပါးစပ်မှာလည်း အဟောင်းသား ဖြစ်လို့နေ၏။ ပါးစပ်ထဲမှ အခိုးအငွေ့များပင် ထွက်လျက်ရှိသည်။

“တစ်ချက်တည်း သတ်ဖြတ်ခြင်း”

“ဒင်... သတ်မှတ်ထားသည့် အချိန်အတိုင်းအတာအတွင်း ယာကူကျူဖေးအား အနိုင်ယူနိုင်ခဲ့သည့်အတွက် စိန်ခေါ်သူအား ဂုဏ်ပြုပါတယ်”

“ဒင်... စိန်ခေါ်သူသည် သူရဲကောင်းဝိညာဉ်တစ်ခုကို အနိုင်ယူနိုင်ခဲ့သောကြောင့် အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်အဖြစ် သုံးသပ်နိုင်၏။ နောက်တစ်ကြိမ် “S” အဆင့် သူရဲကောင်းစိတ်ဝိညာဉ်ကို တိုက်ရိုက် စိန်ခေါ်နိုင်စွမ်း ရှိမည်”

ဝှစ်

သူ၏ရှေ့ရှိ မြင်ကွင်းများသည် ပြောင်းလဲသွားခဲ့၏။ ဟယ်ဝူတီသည် ခန်းမတစ်ခုနှင့် တူညီသော တည်နေရာထဲသို့ ရောက်ရှိလျက်ရှိ၏။ သူ၏ရှေ့တွင် နံရံတစ်ခု တည်ရှိပြီး ထိုနံရံပေါ်တွင် လူသားပုံစံ ပန်းချီများ ရေးဆွဲထားခဲ့၏။ ထိုလူများသည် များပြားလွန်းလှ၏။ အထူးသဖြင့် ထိုလူများ၏ လက်ဖမိုးပေါ်တွင် “S” ဟူသော သင်္ကေတကို ရေးထိုးထားသည်။

“ဒါ ဘာကို ဆိုလိုတာလဲ” ဟယ်ဝူတီသည် နားမလည်နိုင်ခဲ့ချေ။

အကယ်၍ ကျွင်းချောင်ရှောင်းသာ ရှိသည်ဆိုပါက ဤအရာသည် ဂိမ်းကစားပွဲများတွင် မြင်တွေ့ရသည့် “S” အဆင့်နှင့် “A” အဆင့် ခွဲခြားထားသည်ဖြစ်ကြောင်းကို သိရှိပေလိမ့်မည်။ ယာကူကျူဖေး၏ လက်ပေါ်တွင်တော့ “A” ပုံစံ ရှိနေ၏။

“စိန်ခေါ်သူ ... ကျေးဇူးပြုပြီး ပြိုင်ဘက်ကို ရွေးချယ်ပါ” လေးနက်လှသည့် အသံတစ်ခုသည် သူ၏နားထဲသို့ ဝင်ရောက် လာခဲ့သည်။

ဟယ်ဝူတီသည် နားလည်သွားမိ၏။ သူ့အနေနှင့် နံရံပေါ်တွင်ရှိနေသော ပြိုင်ဘက်များထဲမှ တစ်ယောက်ကို ရွေးချယ်ရမည်ဖြစ်သည်။ မည်သူ့ကို ရွေးချယ်ရမည်နည်း။ ဟယ်ဝူတီသည် သေသေချာချာ ကြည့်ရှု လိုက်၏။ ဟယ်ဝူတီအနေဖြင့် တိုက်ပွဲကို ရှောင်လွှဲမရသည်ဆိုပါက အားအနည်းဆုံးသောသူကို ရွေးချယ်မှာ သေချာ၏။ အနည်းဆုံးအနေဖြင့် သူ၏ အားအင်အဆင့်နှင့် ထိန်းချုပ်နိုင်စွမ်း ရှိနေသည်ဟု သုံးသပ်ပေလိမ့်မည်။

“သူ့ကိုရွေးမယ်” ဟယ်ဝူတီသည် ပြစ်မှတ်ကို ရွေးချယ်လိုက်၏။

ဝှစ်

ပြောပြီးပြီးချင်းမှာပဲ သူရွေးချယ်လိုက်သည့်ပန်းချီသည် ချက်ချင်းပဲ အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး အပြင်ဘက်ဆီသို့ လူသားတစ်ယောက်အသွင်ဖြင့် ထွက်လျှောက်လာသည်။

ဟယ်ဝူတီသည် သတိအပြည့်နှင့် ဖြစ်လို့ နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် ကျောပေး ထိုင်လျက်ရှိနေသည် ဆိုသော်လည်း တောင့်တင်းလှသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်ကာ လက်ထဲတွင် ဝါးကျမ်းစာတစ်ခုကို ဖတ်ရှုနေ၏။ ၎င်းသည် မြက်ဦးထုပ်တစ်ခုကို ဆောင်းထားလျက်ရှိ၏။ ဘေးတစ်ဖက်တွင် ရှည်လျားကာ ကျယ်ဝန်းလှသော သစ်သားသေတ္တာတစ်ခုက တည်ရှိနေ၏။ အထဲတွင် လက်နက် တစ်ခုခုရှိမှာ သေချာ၏။

“မင်းနာမည် ဘယ်သူလဲ”

အသံသည် လေးနက်ကာဖြင့် ထည်ဝါလွန်းလှ၏။ အော်ရာများမှာလည်း အလွန်ပင် အားကောင်းလွန်းလှသည်။

“ပြိုင်စံရှားဂိုဏ်းရဲ့ နောက်ဆုံးတပည့် ဟယ်ဝူတီပါ”

ဟယ်ဝူတီသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ခင်ဗျား ကကော ဘယ်သူလဲ”

ဝှစ်

တောင့်တင်းခိုင်မာလှသည့် ခန္ဓာကိုယ်နှင့်လူသည် သူ၏လက်ထဲတွင်ရှိနေသော ဝါးကျမ်းစာကို အသာချကာဖြင့် ဖြည်းဖြည်းချင်း ခေါင်းကိုလှည့်ကာ ပြောလိုက်သည်။

“ကွမ်ယု” အနီရောင်ဖီးနစ်မျက်လုံးများနှင့် ထူထဲလွန်းလှသော မျက်ခုံးများကို ပိုင်ဆိုင်၏။ မျက်နှာတစ်ခုလုံးသည် လေးထောင့်စပ်စပ်နှင့် တိကျခိုင်မာလွန်းသည့် အရိပ်အယောင် များ တည်ရှိနေပြီး နှုတ်ခမ်းများမှာ ဆေးရေးချယ်ထားသလို နီစွေးနေ၏။

မှန်ပေ၏။ ဤလူသည် ဆရာကွမ်ယုပင်ဖြစ်သည်။ ဟယ်ဝူတီသည် မျက်လုံးပြူးသွားမိ၏။ “ဒီလူက အရမ်း အားကောင်းတဲ့ပုံပေါက်တယ်။ စောစောကတည်းက သိမယ်ဆိုရင် ဘေးနားမှာရှိတဲ့ အရပ်ပုပုနဲ့ အဘိုးအိုကို ရွေးလိုက်သင့်တယ်”

ဝှစ်

ကွမ်ယုသည် လက်ကို အသာမြှောက်လိုက်၏။ မြေပေါ်တွင် ရှိနေသည့် သစ်သားသေတ္တာကြီးသည် လေထဲသို့ ပျံတက်လာခဲ့၏။ သူသည် ရှေ့ဆီသို့ လှမ်းလျှောက်လာကာဖြင့် ပြောဆိုလိုက်သည်။ “တိုက်ခိုက်ကြရအောင်”

ဟယ်ဝူတီသည် ကြမ်းတမ်းလွန်းသည့်လူကို ရွေးချယ်မိသည့်အတွက် စိတ်ဓာတ်ကျနေသည်ဆိုသော်လည်း စမ်းသပ်မှုကို အောင်မြင်ချင်သည်ဆိုမှတော့ တိုက်ခိုက်ရန်တစ်ခုသာ ရှိတော့သည်။ ထို့ကြောင့် သူသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး”

ဖောင်း

ကွမ်ယုသည် သစ်သားသေတ္တာပေါ်သို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။ သစ်သားသေတ္တာကြီးသည် ရုတ်တရက် ပွင့်ထွက်သွားခဲ့သည်။

လေများတဟူးဟူး တိုက်ခတ်လာခဲ့ပြီး ဟယ်ဝူတီ၏ ဆံပင်များပင်လျှင် ပွစာကျဲ ကုန်၏။

“ကျွမ်းကျင်သူတစ်ယောက်ပဲ” ဟယ်ဝူတီသည် မျက်မှောင်ကုတ်လိုက်မိသည်။

“အင်း... ငါမတိုက်ခိုက်ရတာ နှစ်တွေ တော်တော်ကြာနေပြီ”

ကွမ်ယုသည် ပြောဆိုပြီးသည့်နောက် ပွင့်သွားသည့် သစ်သားသေတ္တာထဲသို့ အသာလက်လှမ်းလိုက်သည်။ ပြီးနောက် မာန်ပါပါနှင့် သတိပေးလိုက်၏။ “မင်း ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်မိတယ်”

ဆွစ်

သို့ပေမဲ့ သူသည် အထဲတွင်ရှိနေသည့် လက်နက်ကို ဖမ်းဆုပ်လိုက်သည်ဆိုသော်လည်း အထဲတွင် လက်နက် မရှိချေ။ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူသည် ကြောင်အအဖြင့် ပြောလိုက်သည်။ “ငါ့ရဲ့ဓား ဘယ်ရောက်သွားတာလဲ”

All Chapters