← Chapters

အခန်း ၁၇၅၇

Vol. 118 Ch. 1757

အခန်း ၁၇၅၇

Vol. 118 Ch. 1757

အပိုင်း (၁ရ၅၇)

“ဒီဓားနှစ်လက်က အရမ်းကောင်းတယ်ဆိုပေမဲ့ လုပ်ထားတဲ့ ပုံစံတွေကို ကြည့်ရရင် နဂါးစိမ်း လခြမ်းဓားမော့ကြီးလောက်တော့ ကောင်းတဲ့ပုံမပေါ်ဘူး"

ကျွင်းချောင်ရှောင်းသည် အဆင့်မြင့်တင်မထားသော နဂါးစိမ်း လခြမ်းဓားမော့ကြီးကို ထုတ်ယူလိုက်၏။ ပြီးသည့်နောက် သူသည် ထိုက်ယန်နှင့် ထိုက်ကွေ့ ဓားနှစ်လက်တို့နှင့် ယှဉ်ကြည့်လိုက်သည်။

"မဆိုးဘူးပဲ"

ဖန်းရီကျိက သဘောတူညီလိုက်၏။ "ဒီဟာကို ပြုလုပ်ထားတဲ့ ပစ္စည်းနဲ့ လက်ရာက ကြီးကြီးမားမား ကွာခြားတယ်"

ဆိုးတာပဲ။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ ငါဒါကို စောစောစီးစီးဝယ််ခဲ့ရတာ။ ဒါကြောင့် ခုထိ အဆင်မမြင့်နိုင်သေးဘူး။

သူသည် နဂါးစိမ်း လခြမ်းဓားမော့ကြီးကို ထုတ်ယူကာ လူများကို သတ်ဖြတ်တတ်သည့် အလုပ်ကို ပြုလုပ်တတ်သည် ဆိုသော်လည်း သူ၏အားအင်အဆင့်ကိုသာ အမှီအခိုပြုခဲ့ရ၏။ တခြားတစ်ဖက်မှာတော့ သူ၏အားအင်အဆင့် တိုးတက်လာသည်နှင့်အမျှ လက်နက်၏ အဆင့်သည်လည်း လျော့ကျလာခဲ့၏။ အခြားနည်းလမ်းလည်း မရှိချေ။ ဤအရာသည် စည်းဓားမော့ကြီးကဲ့သို့ အဆင့်မြင့်တင်နိုင်သည့် အရာမျိုးလည်း မဟုတ်ပေ။

"ဒါကိုလက်ခံသူက အပိုင်း (၁၅၇) မှာ ဝယ်လိုက်တာလေ။ အခု အပိုင်း (၁၇၀၀) ကျော်နေပြီ။ ဒီလောက်အထိ သုံးလို့ရတာပဲ ကံကောင်းနေပြီ။" စနစ်က ဝင်ရောက်ကာ စောတကတက်လိုက်၏။

"ဒီနတ်ဘုရားအဆင့်မြင့်တင်ထားတဲ့ လက်နက်သာ မရှိရင် ဘယ်လိုလုပ်ပြီး ချင်ဟောင်ရန် ကို အနိုင်ရမှာလဲ။ ဒီလက်နက်ကို ကိုင်ဆောင်တဲ့ အချိန်မှာ အတိတ်က မှတ်ညဏ်တွေ အများအပြား တည်ရှိနေတာပဲ" ကုန်းရှန့်က ခွန်းတုံ့ပြန်လိုက်သည်။

နတ်ဘုရားအဆင့် မြင့်တင်ထားသော နဂါးစိမ်းလခြမ်း ဓားမော့ကြီးသည် လက်ရှိအချိန်နှင့် ကိုက်ညီခြင်း မရှိလှတော့ချေ။ သို့ပေမဲ့ ကုန်းရှန့်အား စဦးပိုင်းကျင့်ကြံချိန်တွင် ပြဿနာတော်တော်များများကို ကူညီကာ ဖြေရှင်းပေးခဲ့သည်ကိုတော့ ငြင်းပယ်၍မရချေ။ သူ၏တိုးတက်မှုများထဲတွင် လိုက်ပါကာ ကူညီခဲ့သည့် လက်နက်တစ်ခုကို ပြပါဆိုရင် ထိုအရာကို ပြရပေလိမ့်မည်။

"ဖြစ်နိုင်မယ်ဆိုရင်"

ကျွင်းချောင်ရှောင်းက ပြောလိုက်မိ၏။ "ဒီဓားကြီးကို အဆင့်မြင့်တင်ပြီးတော့ အကောင်းဆုံး အသုံးပြုလိုက်ချင်တယ်"

"မြန်မြန်ထ … ရေမိုးချိုးပြီး အိပ်တော့"

စနစ်က ပြောလိုက်သည်။ “အိပ်မက်ကနေ နိုးအောင်”

"ကျေးဇူးပါပဲ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "မင်းပြောရင် ပြောင်းပြန် ဖြစ်တာဆိုတော့ ဒါကို အဆင့်မြင့်တင်ကောင်း တင်နိုင်လိမ့်မယ်"

...............

"ငါ့ရဲ့ဓား ဘယ်ရောက်သွားလဲ"

လျို့ဝှက်နယ်မြေအတွင်းမှာတော့ ဆရာကွမ်ယုသည် နှစ်ကြိမ်တိတိ သေတ္တာထဲကို လှမ်းစမ်းလိုက်သော်လည်း ဘာတစ်ခုမှ မရှိသည်ကိုသာ တွေ့လိုက်ရ၏။ ထို့ကြောင့် သူသည် မျက်မှောင်ကုတ်လိုက်ပြီး မျက်နှာတစ်ခုလုံး၌ ဒေါသတရားများနှင့် ပြည့်နှက်လာခဲ့၏။

ကျော်ကြားလွန်းလှသော တရုတ်ပြည်၏ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်နှင့်အညီ သူ့အား လူတွေ အသိအမှတ်ပြုကြသည်မှာ သူ၏ဦးထုပ်မဟုတ်ချေ။ သူကိုင်ဆောင်ထားသည့် နဂါးစိမ်းလခြမ်း ဓားမော့ကြီးသာ ဖြစ်လေသည်။

"…...."

ဟယ်ဝူတီ သည် ဆွံ့အလျက် ရှိနေ၏။ ထုးဆန်းလှသည့် သိုင်းကျင့်ကြံသူသည် သူ၏ ဓားဘယ်ရောက်သွားသနည်း ဆိုသည်ကို လာရောက်ကာ မေးမြန်းလျက် ရှိနေ၏။ သူ၏ဓား ဘယ်ရောက်သွားသနည်းကို မည်သူက သိရှိမည်နည်း။

"ထားလိုက်တော့ ထားလိုက်တော့"

ကွမ်ယုက ပြောလိုက်၏။ "သင့်တော်တဲ့ လက်နက်မရှိရင် ငါဆက်ပြီးတော့ မတိုက်ခိုက်ချင်တော့ဘူး"

ပြောပြီးသည့်ေနာက် သူသည် အသာလှည့်ကာဖြင့် ထွက်ခွာသွားခဲ့၏။ ကြည့်ရသည်မှာ သူ၏နဂါးစိမ်းလခြမ်း ဓားမော့ကြီး ပျောက်သွားခဲ့ပြီးနောက် သူ၏စိတ်ဓာတ်တစ်ခုလုံးသည် ညိုးညော်ကျသွားသည့် ပုံစံမျိုးပင်။

ဤနေရာတွင် မာရုံနင်သာ ရှိပါက ကျိန်းသေပေါက် ဆရာကြီး၏ နာကျင်မှုကို ခံစားမိပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အစစ်အမှန် ဓားမော့သမားများသည် ကိုင်ဆောင်နေကျ ဓားမော့မရှိပါက အသက်မဲ့သွားသလိုပင်

"ခင်ဗျား အရှုံးပေးလိုက်တာလား"

ဟယ်ဝူတီ သည် ပျော်ရွှင်သွားမိ၏။ သူသည် ဖြစ်နိုင်သမျှ တိုက်ခိုက်ခြင်းကို ရှောင်ချင်၏။ ဤကဲ့သို့ တစ်ဖက်လူမှ အရှုံးပေးမည် ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ဟမ်

ထိုအချိန်မှာတော့ ဟယ်ဝူတီ သည် လွတ်နေသော သေတ္တာထဲတွင် လင်းလက်တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်နေသည်ကို မြင်လိုက်ရ၏။ ထိုအရာသည် သလင်းအမြူအတေကဲ့သို့ပင် ။ အလောတကြီးဖြင့် ရှေ့သို့ သွားပြီးသည့်နောက် လှမ်းကာယူလိုက်၏။ "ဒီပွဲကို အနိုင်ရတဲ့အတွက် ဆုလာဒ်ပဲ နေလိမ့်မယ်။ ထားလိုက်တော့ …. အရင်ဆုံး သိုလှောင်လက်စွပ်ထဲမှာ သိမ်းထားလိုက်မယ်"

ဆွစ်

ဟယ်ဝူတီသည် လက်ဝါးတစ်ခုအရွယ်ရှိသော သလင်းအမြူအတေကို သိမ်းဆည်းပြီးနောက် လျို့ဝှက်နယ်မြေထဲမှ အသံတစ်ခုက ထွက်ပေါ်လာ၏။

" S အဆင့် သူရဲကောင်းဝိညာဉ်သည် တိုက်ခိုက်ရန် စိတ်ဆန္ဒမရှိချေ။ ထို့ကြောင့် စိတ်ခေါ်သူသည် ရှုံးနိမ့်ခဲ့၏။ ဤနေရာမှ အပြင်ဖက်သို့ ထွက်ခွာရပေလိမ့်မည်။"

"???"

ဟယ်ဝူတီသည် မတုံ့ပြန်ရသေးခင်မှာပဲ ကောင်းကင်လျို့ဝှက်နယ်မြေ၏ အပြင်ဖက်သို့ ရောက်ရှိသွားခဲ့၏။

"မဖြစ်နိုင်ဘူး …. တစ်ဖက်လူက မတိုက်ခိုက်ချင်တာလေ။ သူ့ဘာသာ အရှုံးပေးသွားတာ။ ငါကဘာလို့ ရှုံးသွားရတာလဲ။"

"ဒါဘယ်လိုအခြေအနေကြီးလဲ"

“ဘယ်လိုလဲ” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။

ဟယ်ဝူတီသည် သူကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများကို ပြောဆိုလိုက်၏။ အထူးသဖြင့် တိုက်ခိုက်ရန် ဆန္ဒမရှိသော လူတစ်ယောက်အကြောင်းပင်။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကြားပြီးနောက် အတွေးနက်လျက် ရှိနေ၏။ တစ်ဖက်လူသည် မြက်ဦးထုတ်ကို ဝတ်ဆင်ထားပြီး အနီရောင် ဖီးနစ်ကဲ့သို့ မျက်လုံး ၊ ခန့်ညားလှသည့် မျက်ခုံးရှိပြီး မျက်နှာသည် နီမြန်းနေ၏။ ကြည့်ရှုရသည်မှာ ခန့်ညားပြီး တောင့်တင်းခိုင်မာလွန်းလှ၏။ တစ်ဖက်လူပြောဆိုနေသည့် ပုံပန်းအမူအရာသည် အဘယ့်ကြောင့် ဆရာကွမ်ယုနှင့် တူညီနေရသနည်း။

ဖောက်

ကုန်းရှန့်သည် ချက်ခြင်းပဲ နဂါးစိမ်းလခြမ်း ဓားမော့ကြီး၏ အကျိုးသက်ရောက်မှုကို နှိပ်လိုက်၏။ ချက်ခြင်းပဲ ကွမ်ယု၏ ဝိညာဉ်သည် သူ၏နောက်ဖက်တွင် ပေါ်ပေါက်လာခဲ့၏။

"သူလား"

"ဟုတ်တယ် … ဟုတ်တယ်"

ဟယ်ဝူတီက ပြောလိုက်သည်။ "ဟုတ်တယ်။ သူပဲ"

ပုံရိပ်ယောင်သည် တူညီသည့် ပုံပန်းသွင်ပြင်မျိုး တည်ရှိ၏။ ထို့ကြောင့် ထိုပုံရိပ်ယောင်ကို ကြည့်ရှုပြီးသည်နှင့် တစ်ပြိုင်နှက် ကောင်းကင်လျို့ဝှက်နယ်မြေတွင်ရှိနေသော သူသည် ကွမ်ယုဖြစ်ကြောင်း သိရှိလိုက်ရ၏။ ကျွင်းချောင်ရှောင်း သည် အထူးအကျိုးသက်ရောက်မှုကို ဖယ်ရှားကာဖြင့် ပြောလိုက်၏။ "ပြီးတော့ရော"

"သူ့ရဲ့ ဓားမရှိတော့တဲ့ အချိန်မှာ ထွက်သွားခဲ့တယ်လေ"

"ဓားမရှိတော့ဘူး ဟုတ်လား"

ကျွင်းချောင်ရှောင်းသည် နတ်ဘုရားအဆင့် အဆင့်မြင်တင်ထားသော နဂါးစိမ်းလခြမ်း ဓားမော့ကြီးကို အံ့အားသင့်စွာဖြင့် ကိုင်ထား၏။ သူသည် စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လိုက်၏။ "ဒီနတ်ဘုရားအဆင့် မြင့်တင်ထားတဲ့ နဂါးစိမ်းလခြမ်း ဓားမော့ကြီးလည်း ကွမ်ယုဆီက ခိုးလာတာပဲလား"

အင်း …..။

စနစ်က ပြောလိုက်၏။ "အဲလောက်တော့ မတိုက်ဆိုင်လောက်ပါဘူး။ ဟုတ်တယ်မလား"

ဟယ်ဝူတီသည် တောက်ပနေသည့် သလင်းအမြူတေတစ်ခုကို ထုတ်ယူကာ ပေးလိုက်သည်။ "ဒါကို အထဲက ရလာတာ။ ထူးခြားတဲ့ ကျောက်ရိုင်းဖြစ်ပုံပေါ်တယ်"

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ထိုအရာကို လှမ်းယူပြီးသည့်နောက် ထိုအရာသည် ဆန်းကြယ်လှသည့် အရာဖြစ်ကြောင်းသိရှိခံစားနေမိ၏။ တောက်ပလှသည့် သလင်းအမြူတေ၏ ပုံပန်းသွင်းပြင်သည် စည်းဓားမော့ကြီးကို အဆင့်မြင့်တင်သည့် ဝိညာဉ်ကျောက်တုံးနှင့် ဆင်တူလျက် ရှိနေ၏။ ဖြစ်နိုင်သည်မှာ ….. ။

"မဖြစ်နိုင်ဘူး"

စနစ်သည် ရင်နာအောင် ဝင်ရောက်ပြောဆိုလိုက်၏။ "ကွာခြားချက်တွေ ရှိသေးတယ်"

ဟုတ်ပေ၏။ တိတ်ကျကျ ပြောရမည်ဆိုလျှင် အရောင်အသွေးနှင့် ပုံစံသည် အနည်းငယ် ခြားနားလျက် ရှိလို့နေခဲ့၏။ ထိုသလင်းအမြူတေထဲတွင် ရှိနေသော နဂါးပုံစံမျိုးသည် စည်းဓားမော့ကြီးကို အဆင့်မြင့်တင်နိုင်သည့် ကျောက်တုံးတွင် မရှိချေ။

"နေအုံး …… နဂါးပုံစံ"

ကျွင်းချောင်ရှောင်းသည် အထဲတွင် ရှိနေသော အစိမ်းရောင် နဂါးလေးပုံစံကို ကြည့်ရှုလိုက်၏။ သေသေချာချာ နှိုင်းယှဉ်ပြီးသည့်နောက် နဂါးစိမ်းဓားမော့အပါ်တွင် ရေးထိုးထားသည့် နဂါးပုံနှင့် ဆင်တူနေကြောင်း သိလိုက်ရ၏။

"နဂါးစိမ်းလခြမ်း ဓားမော့ကြီးကို အဆင့်မြင့်တဲ့ နေရာမှာ သုံးတာပဲ ဖြစ်ရမယ်။"

"ပိုလို့တောင် မဖြစ်တော့ဘူး။ ဒီလောက်ကြီး မတိုက်ဆိုင်နိုင်ဘူး"

စနစ် ငြင်းဆိုရန် ပြင်လိုက်သည့် အချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ဓားမော့ကြီး၏ မျက်နှာပြင်အား သလင်းအမြူတေနှင့် ထိတွေ့လိုက်၏။ သလင်းအမြူတေသည် အစိမ်းရောင် အလင်းတန်းများအဖြစ် ပြောင်းသွားပြီးနောက် ဓားနှင့် ပေါင်းစပ်သွားတော့၏။

ဤနှစ်ခုသည် တူညီသည့် အရာတစ်ခုကဲ့သို့ ပေါင်းစပ်ခြင်းကို ပြုမူလျက် ရှိသည်။

"သေချာပြီ … ငါခန့်မှန်းတာ မှန်တာပဲ"

ဝှစ်

ထိုအချိန်မှာပဲ နဂါးစိမ်းလခြမ်း ဓားမော့ကြီးသည် သူ၏လက်ဆီမှ လွင့်သွားပြီးသည့်နောက် ထာဝရလောကကြီး၏ ကောင်းကင်ယံတွင် လွင့်မျောလျက် ရှိနေ၏။ ၎င်းသည် အလင်းတန်းများနှင့် တောက်ပလျက် ရှိနေပြီး ကြီးမားလှသည့် အစိမ်းရောင် နဂါးကြီးအသွင်ပြောင်းကာ ကောင်းကင်ယံထက်တွင် ပျံသန်းနေလေ၏။

ဝေါင်း ……

နဂါးကြီး၏ အော်သံသည် ကောင်းကင်ယံတစ်ခုလုံးတွင်ပင် ပဲ့တင်သံ ထပ်နေသည်။

ဆွစ် ဆွစ် ဆွစ်

လုံဟောင်ထျန်း ဦးဆောင်သော နဂါးမျိုးနွယ်မှ အထက်ပိုင်း အကြီးအကဲများသည် ရောက်ရှိလာပြီး ကောင်းကင်တွင် အော်ဟစ်လျက် ရှိနေသော နဂါးစိမ်းကြီးကို ကြည့်ရှုနေကြ၏။ ၎င်းတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ တည်ရှိနေ၏။

"အားကောင်းလှတဲ့ နဂါးချီတွေပါလား။ ဒါပေမဲ့ ငါတို့နဂါးမျိုးနွယ်နဲ့တော့ ကွာခြားချက် ရှိနေတယ်။ ဒါက ဘယ်လိုမျိုးနွယ်မျိုးလဲ"

ထာဝရလောကကြီးတွင် ရှိနေသော နဂါးမျိုးနွယ်နှင့် အခြားကလန်များသည် အံ့အားသင့်စွာဖြင့် ကြည့်ရှုနေကြသည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်လျက် ရှိ၏။ သူသည် လက်ကို နောက်ပစ်ကာ ပြောလိုက်၏ "ဒါက အရှေ့တိုင်းက စွမ်းအင်တွေပေါ့။

ဆွစ် ဆွစ်

နဂါးစိမ်းကြီးသည် လှပစွာပဲ ပျံသန်းလျက် ရှိနေ၏။ နဂါးစိမ်းလခြမ်း ဓားမော့ကြီးသည် ကျွင်းချောင်ရှောင်း၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာ၏။ ဓားသွားပေါ်တွင် ရေးထိုးထားသော နဂါးအမှတ်အသားသည် တစ်ဖြည်းဖြည်းနှင့် ပို၍ အသက်ဝင်လာခဲ့သည်။

“ဒါက ……”

ဟယ်ဝူတီ နှင့် လီချင်းယန်တို့သည် ဆွံ့အသွားသည်။

ဆွစ် ..။

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ကိုင်ဆောင်ရင်း ရှေ့ဆီသို့ လှမ်းတက်လိုက်သည်။ ဓားပေါ်တွင် ရှိနေသော နဂါးပုံရိပ်ယောင်သည် လင်းလက်သွားပြီးနောက် ပုံရိပ်ယောင်နဂါးစိမ်းကြီးသည် ဓားကို ရစ်ပတ်ကာ လာ၏။

“ကောင်းကင်ထဲက နဂါး”

ဓားမော့အလင်းနှင့် အသူရာနဂါးတို့သည် ကောင်းကင်ယံတွင် လွင့်မျောသွားသည်။ အထူးအကျိုးသက်ရောက်မှုကို ဖွင့်လှစ်ပြီးနောက်မှာတော့ အားလုံးသောသူတို့သည် အနောက်သို့ပင် အလိုလို ဆုတ်ခွာမိလိုက်ကြသည်။

သူတို့သည် လေဟာနယ်တစ်ခုလုံး ပိုင်းပြတ်သွားသော ကောင်းကင်ယံကို မော့ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်လို့နေ၏။

ဂိုဏ်းချုပ် … ဂိုဏ်းချုပ်သည် တိုက်ကွက်ကြီးကို ထုတ်ဖော်ခဲ့လေသည်လား။

All Chapters