အခန်း ၁၇၅၈
Vol. 118 Ch. 1758
အပိုင်း (၁၇၅၈)
ကောင်းကင်ကြီးတစ်ခုလုံး ကွဲအက်လျက်ရှိနေချိန်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ထို့ပြင် ဤတည်နေရာသည် ရွှမ်ယွမ်နယ်မြေကြီးတစ်ခုဖြစ်ပြီး ပထမတန်းစား ဂြိုဟ်တစ်ခုလည်းဖြစ်၏။ တည်နေရာ အတားအဆီးသည် အလွန်အားကောင်းလွန်းလှချေ၏။ သို့ပေမဲ့ ထိုကဲ့သို့သော တည်နေရာ အတားအဆီးပင် လျှင် လွယ်လွယ်ကူကူပဲ ပိုင်းဖြတ်ခြင်းကို ခံခဲ့ရ၏။ သလင်းကျောက်နှင့် ပေါင်းစပ်ပြီးသည့်နောက် နဂါးစိမ်းလခြမ်းဓားမော့ကြီး၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အခြေအနေ တစ်ခုဆီသို့ အဆင့်တိုးတက်သွားခဲ့ပြီဖြစ်ကြောင်းကို လုံလောက်အောင်သက်သေပြခဲ့ပြီးဖြစ်သည်။
ဘုတ်
ကျွင်းချောင်ရှောင်းသည် လေထဲမှအောက်သို့ ဆင်းသက်လိုက်ပြီးသည့်နောက်မှာတော့ ဓားနှောင့်ကြီးနှင့် မြေပြင်ကို ထုနှက်လိုက်၏။ ဆန်းကြယ်လှသောအားလှိုင်းများသည် ထွက်ပေါ်လျက်ရှိနေ၏။
……..
ရီရှင်းချန်နှင့် အခြားသောသူများသည် အံ့အားတသင့်ဖြစ်နေမိ၏။ လက်ရှိအခြေအနေ၌ သူတို့ ဂိုဏ်းချုပ်၏ နောက်ကျောဘက်တွင် ဆန်းကြယ်ပြီးအားကောင်းလွန်းလှသော အော်ရာများသည် အရှိန်ဟုန် ပြင်းပြင်းနှင့် ထွက်ပေါ်လျက်ရှိနေသည်။ သူတို့သည် မည်သို့မျှမနေနိုင်တော့ဘဲ ထ၍ အော်ဟစ်ချင်စိတ်ပင် ပေါက်မိနေသည် “ဂိုဏ်းချုပ်က အံ့အားသင့်စရာပဲ”
ဟုတ်ပေသည်။ စနစ်မှာတော့ ဝမ်းအနည်းဆုံး အခြေအနေဆီသို့ ရောက်ရှိနေခဲ့၏။ သူ့အနေနှင့် ပြောင်းပြန် ဖြစ်တတ်သည့် သဘောတရားကို လက်ခံလိုက်ရပြီ ဖြစ်လေ၏။
“ကျေးဇူးပါပဲ” ကျွင်းချောင်ရှောင်းသည် ဓားကိုသိမ်းဆည်းပြီးသည့်နောက် စနစ်ကို ကျေးဇူးတင်လိုက်သည်။
“……”
စနစ်က အော်ဟစ်လိုက်၏။ “ငါအစောကြီးတုန်းက အဲလိုမျိုး မပြောလိုက်သင့်ဘူး”
ဘုတ်
ထိုအချိန်မှာတော့ အလွန်ဆန်းကြယ်လှသည့် ပုံပန်းသွင်ပြင် ဖြစ်တည်နေသော ကျွင်းချောင်ရှောင်းသည် ရွံ့ရုပ်တစ်ခုကဲ့သို့ပင် ရုတ်တရက် မြေပေါ်သို့ ပြုတ်ကျသွား၏။ ပါးစပ်ထဲမှ အမြှုပ်များထွက်လျက်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် တဆတ်ဆတ်နှင့်တုန်ယင်နေသည်။ တောက်ပလှသည့် သလင်းအမြူတေနှင့် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို အဆင့်မြှင့်တင်ပြီးသည့်နောက်မှာတော့ လက်နက်၏အားအင်အဆင့်သည် တိုးတက်သွားခဲ့၏။ ထို့ကြောင့် ဘေးထွက်ဆိုးကျိုးကို ခံစားခဲ့ရခြင်းပင်။
ကုန်းရှန့်သည် ကွမ်ယု၏ဝိညာဉ်ကို ပထမဦးဆုံးအကြိမ်ထုတ်ဖော် အသုံးပြုခဲ့ချိန်က ချင်ဟောင်ရန်ကို အနိုင်ရရှိခဲ့သည်ဆိုသော်လည်း အလွန်တရာ မောပန်းစွာဖြင့် မြေပေါ်သို့လဲလျောင်းခဲ့ရ၏။ တပည့်များသည် ဟောင်ချီဂိုဏ်းမှထွက်ခွာသည့်အချိန်၌ သူ့အား ပြန်လည်၍ ထမ်းပိုးသယ်ဆောင်လာခဲ့ရသည်။
မှန်ပေ၏။ လက်ရှိ နတ်ဘုရားအဆင့်မြှင့်တင်ထားသော နဂါးစိမ်းလခြမ်းဓားမော့ကြီးသည် အဆင့်မြှင့်တင် ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အခြေအနေတစ်ခုဆီသို့ အားအင်တိုးတက်သွားသည့် နည်းတူ ဘေးထွက်ဆိုးကျိုးကလည်း ပိုမိုအားကောင်းလာခဲ့၏။
…….
မြေပေါ်တွင် လဲလျောင်းလျက်ရှိနေသည့် ကျွင်းချောင်ရှောင်းကပြောလိုက်၏။ “ဒီလိုမဖြစ်တာတောင် အချိန် အတော်ကြာပြီပဲ”
“ဂိုဏ်းချုပ် အဆင်ပြေရဲ့လား”
“ငါ့ကိုကူပြီးတော့ အခန်းထဲကိုပို့ပေးတော့”
ရီရှင်းချန်၊ ရှောင်ကျီတို့သည် အလျင်အမြန်နှင့်ရောက်ရှိလာပြီး ကျွင်းချောင်ရှောင်းကိုဆွဲမလိုက်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် မထွက်ခွာခင်မှာပဲ သတိပေးလိုက်၏။ “မင်းတို့ဆက်ပြီးတော့ အထဲဝင်ကြတော့”
ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် အထဲသို့ ဝင်ရောက်ပြီးသည့်နောက် ကင်ဒိုဓားနှစ်ချောင်းအား သူ့ကို ပေးခဲ့သည်။ ဟယ်ဝူတီမှာတော့ နတ်ဘုရားအဆင့်မြှင့်တင်နိုင်သည့် သလင်းအမြူတေကို ယူဆောင်လာခဲ့၏။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်နယ်မြေထဲတွင် ကြီးမားလွန်းလှသည့်ရတနာများ တည်ရှိနေဦးမှာ သေချာသည်။
“ဟုတ်ကဲ့ပါ”
တပည့်များအားလုံးသည် အမိန့်ကိုလက်ခံလိုက်ကြ၏။
ဂိုဏ်းချုပ်ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် စုရှောင်မိုသည် သူ၏လက်သီးများကို ပွတ်သပ်ကာပြောလိုက်၏။ “ကျုပ် ဝင်တော့မယ်”
ရီရှင်းချန်နှင့် အခြားသောသူများသည် လုံလုံခြုံခြုံနှင့်ထွက်ခွာလာခဲ့သည်ကို ကြည့်ရသည့်အချိန်မှာတော့ အထဲ၌ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေမျိုးရှိမည်ကို စိုးရိမ်စရာ မလိုအပ်တော့ချေ။
ဟုတ်ပေ၏။ သတိအပြည့်ထားရန်တော့ လိုအပ်နေသေးသည်။
စုရှောင်မိုသည် ဟယ်ဝူတီကိုလှမ်းကြည့်ကာပြောလိုက်၏။ “ဂျူနီယာ ညီလေး… လက်ရှိအခြေအနေမှာ ငါတို့ ဂရုစိုက်စရာ အကြောင်းအရာတစ်ခုခုရှိသေးလား။ အသိပေးအုံး”
“အင်း…. ရှိတယ်”
ဟယ်ဝူတီက လေးနက်စွာပြောလိုက်သည်။ “ခင်ဗျား ဟောခန်းတစ်ခုထဲ ရောက်သွားတဲ့အချိန် ပြိုင်ဘက်ကို ရွေးချယ်ရလိမ့်မယ်။ အဲအချိန်မှာ အားအနည်းဆုံးလူကို ရွေးချယ်ဖို့အကြံပေးချင်တယ်။ ဥပမာအားဖြင့်”
သူသည် ခဏလောက်ရပ်တန့်ကာ စဉ်းစားလိုက်သည်။ “အရပ်ပုပု လေးကိုကိုင်ထားတဲ့အဘိုးအိုကို ရွေးရင်ရွေးလေ”
“အရပ်ပုပုနဲ့ လေးကိုကိုင်ထားတဲ့အဘိုးအို ဟုတ်လား” စုရှောင်မိုသည် စိတ်ထဲ၌ သေသေချာချာ မှတ်သား ထား၏။ ပြီးသည့်နောက် သူ၏ဂိုဏ်းဝတ်စုံကို သေသေချာချာ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုလုပ် ပြီးသည့်နောက် ဂိုဏ်းတူရောင်းရင်းများအား လက်ဝှေ့ယမ်းပြကာ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွား ခဲ့သည်။
…….
ဘုတ် ဘုတ် ဘုတ်
မြူများရစ်သိုင်းလျက်ရှိနေသော တည်နေရာကြီးထဲမှာတော့ ယာကူကျူဖေးသည် ပေါ်ပေါက်လာခဲ့၏။ ကြည့်ရသည်မှာ သူသည် ဤကောင်းကင်လျှို့ဝှက်နယ်မြေကြီး၏ ဂိတ်စောင့်တစ်ယောက်အသွင်ကဲ့သို့ပင်။ တပည့်များ ဝင်ရောက်လာသည်ဆိုသည်နှင့် သူနှင့်အရင်ဆုံးတွေ့ရ၏။
ထုံးစံအတိုင်းပင် ယာကူကျူဖေးသည် မြေပေါ်တွင် ခြေချိတ်ကာ ထိုင်လိုက်ပြီးသည်နောက် သူ၏လက်ချောင်းများကို အသုံးပြုကာ ဓားကို ထုတ်ယူရန် ပြင်လိုက်၏။ သို့ပေမဲ့ ခါးဆီသို့လက်ရောက်သွားသည့် အချိန်မှာတော့ သူသည် အံ့အားတသင့် ပြောလိုက်သည်။ “ငါ့ရဲ့ ဓားတွေ ဘယ်ရောက်သွားတာလဲ”
ဘုန်း …။
ပြောပြီးပြီးချင်းမှာပဲ စုရှောင်မိုသည် လှပလွန်းလှသော ဘေးတစောင်းကန်ချက်နှင့်အတူ ယာကူကျူးဖေးကို အဝေးထိရောက်အောင် ကန်ကြောက်လိုက်၏။
“အားနည်းလိုက်တာ”
“ဒင်......သတ်မှတ်ထားသည့် အချိန်အတိုင်းအတာအတွင်း ယာကူကျူဖေးကို အနိုင်ရရှိခဲ့သည့်အတွက် စိန်ခေါ်သူအား ဂုဏ်ပြုပါသည်။ စိန်ခေါ်သူသည် သူရဲကောင်းဝိညာဉ်တစ်ယောက်အား ချက်ခြင်းအနိုင်ယူ နိုင်သည်ဖြစ်သောကြောင့် အဆင့်မြင့်သိုင်းကျင့်ကြံသူ တစ်ယောက်ဟု သတ်မှတ်လိုက်၏။ နောက်တစ်လှည့်တွင် “S” အဆင့် သူရဲကောင်းဝိညာဉ်နှင့် တိုက်ရိုက်တိုက်ခိုက်နိုင်စွမ်းရှိသည်။
သူ၏ရှေ့တွင်ရှိသော မြင်ကွင်းများ ပြောင်းလဲသွားခဲ့၏။ ပြီးနောက် သူသည် အဓိကဟောခန်းတစ်ခုထဲသို့ ရောက်ရှိနေ၏။ “အဓိကဟောခန်း ဟုတ်လား။ ဂျူနီယာညီလေးဟယ် ပြောခဲ့တဲ့နေရာဖြစ်မယ်”
ဒွီ ဒွီး
နံရံပေါ်တွင် ပုံရိပ်များ အသက်ဝင်လာခဲ့ပြီးသည့်နောက် စုရှောင်မိုသည် ဘာကိုဆိုလိုသနည်း ဆိုသည်ကို နားလည်သွားသည်။
သူသည် သူရဲကောင်းဝိညာဉ်များကို သေသေချာချာ ကြည့်ရှုခဲ့ပြီးသည့်နောက် လေးကိုကိုင်ဆောင်ထားသည့် အရပ်ပုပုနှင့် အဘိုးအိုဆီသို့ မျက်လုံးအကြည့်ရောက်သွား၏။ သူ့ဂျူနီယာ ညီလေး၏ သတိပေးချက်ကို ပြန်လည်စဉ်းစားပြီးသည့်နောက် နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ ပြောလိုက်၏။ “သူနှင့် ချမယ်”
ဆွစ်
မြင်ကွင်းသည် ရုတ်တရက်ပြောင်းလဲသွားခဲ့၏။ စုရှောင်မိုသည် တောင်တစ်ခု၏အပေါ်သို့ ရောက်ရှိသွား၏။ သူ၏ဘေးနားတွင် ရှိနေသော ကျောက်နံရံပေါ်မှာတော့ တင်းကျွင်းတောင်တန်းဟု ရေးသားထားလေသည်။
ဝှစ် ဝှစ် ဝှစ်
သတ်ဖြတ်လိုခြင်းဆန္ဒများသည် တည်နေရာအနှံ့တွင် ပြည့်နှက်လျက်ရှိနေပြီး စစ်သည်များသည် တစ်ဖက်နှင့် တစ်ဖက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေ၏။ ထိုအချင်းအရာကို ကြည့်ရှုပြီးသည့်နောက် စုရှောင်မိုသည် လေးလေးနက်နက်ဖြစ်လို့နေ၏။
ချလွမ် ချလွမ် ချလွမ်
ဓားချင်းထိမှန်သည့်အသံ ထွက်ပေါ်လျက်ရှိသည်။
စုရှောင်မိုသည် လှမ်းကာကြည့်ရှုလိုက်သည့်အချိန်မှာတော့ သူ၏ရှေ့ ခပ်လှမ်းလှမ်းတည်နေရာရှိ ကြီးမားလွန်းလှသော ကျောက်တုံးကြီးပေါ်တွင် တိုက်ပွဲဝင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုအဘိုးအိုသည် သူ၏ မြားတစ်စင်းကို သွေးလျက်ရှိနေ၏။
“သူပဲ ငါရွေးလိုက်တဲ့လူပဲ”
ပန်းချီထဲတွင်မြင်ရသော သူရဲကောင်းဝိညာဉ်များနှင့် နှိုင်းယှဉ်ရမည်ဆိုလျင် ဤလူသည် အလွန်အမင်းအိုမင်း နေပုံပေါ်၏။ ထို့ကြောင့် တစ်ခါတည်း တိုက်ခိုက်ရန်အတွက် သင့်လျော် လှသည့်လူတစ်ယောက်မဟုတ်ပေ။
“လူငယ်လေး”
အဘိုးအိုသည် မြှားသွေးနေရာမှ ရပ်တန့်လိုက်ပြီးသည့်နောက် သူ၏ လက်ချောင်းများကို မြှောက်ကာပြောလိုက်၏။ “အင်း... မြားသူရဲကောင်းဆိုတာမျိုးကို မြင်ဘူးလား”
သူ၏အသံနှင့် မျက်လုံးများ ထဲတွင် ဘဝ၏အတွေ့အကြုံနှင့် များပြားလွန်းလှသော တိုက်ပွဲ၏အတွေ့အကြုံများ ထင်ဟပ်လျက် ရှိနေသည်။
စုရှောင်မိုသည် စိတ်ထဲတွင် စိုးရွံ့သလိုခံစားလာမိသည်။ ပြီးသည့်နောက် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “စီနီယာ.... ကျေးဇူးပြုပြီးတော့”
ရွီ
အဘိုးအိုသည် သူ၏ မြားကျည်တောက်ထဲတွင် ရှိနေသော မြားတစ်စင်းကိုထုတ်ယူလိုက်၏။ ပြီးသည့်နောက် ကြီးမားလွန်းလှသော ကျောက်တုံးကြီးပေါ်မှ အသာခုန်ချလိုက်၏။ အရှိန်မနိုင်သောကြောင့် မြေပေါ်သို့ ဖင်ထိုင်ကျလုမတတ်ပင် ဖြစ်လို့သွားသေးသည်။
“………”
စုရှောင်မိုသည် ဤအဘိုးကြီးနှင့် တိုက်ခိုက်ရမည်ကို စဉ်းစားရင်း စိတ်ထဲတွင် အားနာသလိုပင် ခံစားလာမိသည်။ သူသည် အကောင်းမွန်ဆုံးသော အသက်အရွယ်နှင့် အကောင်းမွန်ဆုံးသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်လျက်ရှိ၏။ သို့ပေမဲ့ သူတိုက်ခိုက်ရန် ရွေးချယ်ခဲ့သည့်သူမှာတော့ တုန်ချိတုန်ချိနှင့် အဘိုးအိုတစ်ယောက်ဖြစ်လို့နေ၏။ အစောကြီး ကတည်းက သိရှိသည်ဆိုပါက လှံကိုကိုင်ထားသည့် လူငယ်တစ်ယောက်ကိုသာ ရွေးချယ်မိပေလိမ့်မည်။
“အင်း ရှက်ရွံ့စရာတော့ ရှက်ရွံ့စရာပဲ။ ဒါပေမဲ့ ဘယ်သူမှမြင်တာလည်း မဟုတ်ပါဘူး။ ငါက လျှို့ဝှက်နယ်မြေထဲ ရောက်နေတာပဲ”
ဆွစ်
စုရှောင်မိုသည် သူ၏ ကျန်းချီများကို အသက်သွင်းလိုက်ပြီးသည့်နောက် လေထုထဲတွင် အားကောင်းလွန်း လှသော ကျန်းချီများ ဖြစ်တည်လာ၏။ “ တိုက်ခိုက်မိတဲ့အတွက် အားနာပါတယ်”
ရွှီး
သူသည် ရှေ့ကိုလှမ်းတက်ပြီး အမြန်ဆုံးနှုန်းဖြင့် လှုပ်ရှားလိုက်၏။ သို့ပေမဲ့ သူရှေ့သို့ လှမ်းတက်ရန် ပြင်လိုက်သည့်အချိန်မှာပဲ လက်နက်ကို ကိုင်ဆောင်ထားသည့် အဘိုးအိုသည် ချက်ခြင်းပဲ မြားကို ထုတ်ယူကာဖြင့် လေးညှို့တပ်၍ ပစ်လွှတ်လိုက်တော့၏။ ဖြစ်စဉ်တစ်ခုလုံးသည် အသက်တစ်ရှိုက်စာ အတွင်းတွင် ဖြစ်တည်ခဲ့ပြီး အလွန်မြန်ဆန်လှသည်။
“ချီးတဲ့မှ”
စုရှောင်မိုက အံ့အားသင့်သွား၏။ စောနကလေးတင် ဤအဘိုးကြီးသည် တုန်ချိတုန်ချိ ဖြစ်လို့နေ၏။ ယခု အဘယ်ကြောင့် ဤမျှသွက်လက်သွားရသနည်း။
“လူငယ်လေး”
အဘိုးအိုကပြောလိုက်သည်။ “ငါ့ကို အဘိုးကြီးတစ်ယောက်လို ဆက်ဆံနေတာ မင်းအတွက် ကြီးမားတဲ့နောင်တတရားပဲ”
ဝှစ် ဝှစ်
ပြောပြီးပြီးချင်းမှာပဲ လက်ထဲမှာ ရှိနေသည့်မြားသည် စုရှောင်မိုဆီသို့ ရောက်ရှိလာ၏။ စုရှောင်မိုသည် အလျှင်အမြန်နှင့် ရှောင်တိမ်းနိုင်ရန်ကြိုးစားလိုက်၏။
“မကောင်းတော့ဘူး”
တစ်စုံတစ်ခု မှားယွင်းနေသည်ကို သိရှိပြီးသည့်နောက် သူသည် အလောတကြီးဖြင့် နောက်ဘက်သို့ လှည့်ကာပြေးလိုက်၏။ သူ၏စိတ်ဝိညာဉ်စွမ်းအင်များကို ခြေထောက်များဆီသို့ ထည့်သွင်း ပြီးသည့်နောက် ပုံရိပ်ယောင်များ ထင်ကျန်နေသည်အထိ ပြေးလွှားလိုက်သည်။
သို့ပေမဲ့ အဘိုးအို၏မြားသည် ပစ်မှတ်ကို ချိန်ရွယ်ပြီးသား ဖြစ်ပုံပေါ်၏။ ပစ်မှတ်သည် မည်မျှ ရွှေ့လျားသည်ဆိုဆို မြားသည် တောက်လျှောက်ဆိုသလိုပဲ ဖင်တည်နေရာဆီသို့ လိုက်ပါလာလျက် ရှိ၏။
အဘိုးအိုသည် ထိုအချင်းအရာကို ကြည့်ရှုပြီးသည့်နောက်မှာတော့ လက်ချောင်းနှစ်ချောင်းကို ထပ်မံကာ မြှောက်၍ အော်ဟစ်လိုက်တော့သည်။ “မြားတစ်စင်းက စကြဝဠာကြီးကို ပိုင်းဖြတ်မယ်”
ဆွစ်
ထက်ရှလွန်းလှသော မြားသည် အဖြူရောင်အလင်းတန်းတစ်ခုကဲ့သို့ပင် စုရှောင်မိုဆီသို့ ရောက်ရှိလာခဲ့၏။ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားနေသည့် စုရှောင်မိုသည် ရုတ်တရက်ရပ်တန့်သွားသည်။ ပြီးသည်နောက် သူသည် အော်ဟစ်လိုက်မိ၏။ “သေပါပြီကွာ”
ဇွိ
အပြင်ဘက်တွင်တော့ လီထျန်းထျန်းသည် ဖရဲသီးတစ်လုံးကို ဓားမြှောင်ဖြင့် ထိုးစိုက်လိုက်၏။ ပြီးနောက် အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် မြန်မြန်ဆန်ဆန်လှီးဖြတ်ကာ ရယ်မောလိုက်သည်။ “စီနီယာညီအစ်ကိုတို့ ဖရဲသီးစားကြအုံး”
“ဂျူနီယာညီလေးစု … အထဲကို ဝင်သွားတာ အဆင်ပြေပါ့မလား” လီချင်းယန်သည် ဖရဲသီးတစ်စိတ်ကို လှမ်းယူကာဖြင့် စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်၏။
ရှောင်ကျီသည် စားနေရင်းမှာပဲ လှမ်းကာပြောလိုက်သည် “အဆင်ပြေနိုင်ပါတယ်”
ထွီ
ဟယ်ဝူတီသည် ဖရဲစေ့များကို ပြန်လည်ထွေးထုတ်ကာ ပြောလိုက်သည်။ “လေးကိုင်ထားတဲ့ အဘိုးအိုကိုသာ ရွေးချယ်မယ်ဆိုရင် လွယ်လွယ်ကူကူနဲ့နိုင်မှာ သေချာပါတယ်”
အားလုံးပြောလျက်ရှိနေတုန်းမှာပဲ စုရှောင်မိုသည် လျှို့ဝှက်နယ်မြေလေဝဲ၏ အပြင်ဘက်၌ ရုတ်တရက် ဘုတ်ခနဲ ပေါ်ပေါက်လာ၏။
“မြန်လိုက်တာ” ဟယ်ဝူတီက ကြောင်အသွားသည်။
“ဂျူနီယာညီလေးစု”
လီချင်းယန်သည် ဖရဲသီးစိတ်ကို အသာကိုင်ကာဖြင့် လှမ်းလျှောက်လာခဲ့၏။ ဂျူနီယာညီလေးစု၏ ပုံစံသည် ထူးခြားလျက်ရှိနေ၏။ ထို့ကြောင့်မေးလိုက်မိ၏။ “မင်း ဘာဖြစ်လာတာလဲ”
အား အား အိုး အိုး
စုရှောင်မိုသည် သူ၏ ဖင်ကိုအုပ်ကိုင်ကာဖြင့် မျောက်တစ်ကောင် ကဲ့သို့ ခုန်ဆွ ခုန်ဆွလုပ်လျက် ရှိနေ၏။ အချိန်တိုင်းလိုလို ပါးစပ်ဆီမှ ထူးဆန်းသည့်အသံများထွက်ပေါ်နေခဲ့သည်။
အား အိုး အိုး အား အား