← Chapters

အခန်း ၁၇၆၀

Vol. 118 Ch. 1760

အခန်း ၁၇၆၀

Vol. 118 Ch. 1760

အပိုင်း(၁၇၆၀)

ရီရှင်းချန် အနိုင်ရရှိခဲ့၏။ သို့ပေမဲ့ အနိုင်ရရှိသည့်လူပင်လျှင် ဆွံ့အလျက်ရှိနေ၏။

ပြောရမည်ဆိုလျှင် တစ်ဘက်လူသည် အလွန် အားကောင်းလွန်းလှချေ၏။ အဘယ်ကြောင့် ရှုံးနိမ့်သွားရသနည်း။

“ထားလိုက်တော့။ အရင်ဆုံး ရှိတဲ့ ပစ္စည်းကို အရင် ကြည့်ရမယ်”

ရီရှစ်ချန်သည် သစ်သားသေတ္တာဆီသို့ အသာလှမ်းပြီးသည့်နောက် ကန်ဖွင့်လိုက်၏။ အထဲတွင် ပုဆိန် နှစ်လက် ရှိနေ၏။ ပြုလုပ်ထားသည့် ပစ္စည်းနှင့် တောက်ပနေသည့် အရှိန်အဝါကို ကြည့်ရှုရမည်ဆိုလျှင် သူကိုင်ဆောင်သည့် ပုဆိန်ကြီးထက် မည်သို့မျှ အားနည်းလှပုံ မပေါ်ချေ။

“အင်း ဘာပဲဖြစ်ဖြစ် သိမ်းရမှာပဲ”

သူသည် လက်ကိုဝှေ့ယမ်းပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲသို့ ထိုအရာများကို သိမ်းဆည်းလိုက်၏။

“စိန်ခေါ်သူသည် “S” အဆင့် သူရဲကောင်း ဝိညာဉ်ကို အနိုင်ရရှိခဲ့သည် ဖြစ်သောကြောင့် နောက်တစ်လှည့်တွင် အဆင့်တူကို ဆက်လက်ကာ ရွေးချယ်တိုက်ခိုက်နိုင်သည်”

တစ်ချိန်တည်းမှာပင် ရီရှင်းချန်သည် ဟောခန်းဆီသို့ ထပ်မံကာ ပို့ဆောင်ခံလိုက်ရ၏။ သူသည် နံရံပေါ်တွင် ရှိနေသော ပန်းချီပုံတူများကို ကြည့်ရှုကာပြောလိုက်၏။ “ဒီတကြိမ်မှာတော့ တကယ်ကို ကြမ်းတမ်းတဲ့ လူတစ်ယောက်ကိုရွေးရမယ်။ မဟုတ်လျှင် ပျင်းစရာကြီးပဲ”

ညအင်ပါယာသည် ကောင်းကင်လျို့ဝှက်နယ်မြေထဲသို့ ရောက်ရှိလာရခြင်းမှာ လက်နက်ကြောင့် မဟုတ်ပေ။ တိုက်ခိုက်ဖော်၊ တိုက်ခိုက်ဖက်ကို ရှာဖွေခြင်းသောကြောင့်ပင်။ ထို့ကြောင့် သူနှင့်ဘက်ညီလှသော ကျွမ်းကျင်သူ တစ်ယောက်ယောက်ကို တွေ့ဆုံနိုင်ရန် မျှော်လင့်နေမိသည်။

…………………….

ဘုန်း

လျှို့ဝှက်နယ်မြေ၏ အခြားသောတည်နေရာမှာတော့ လီချင်းယန်၊ ရှောင်ကျီ ဦးဆောင်သော အဖွဲ့သည် အောင်မြင်စွာဖြင့် ဂိတ်တံခါးစောင့်ဖြစ်နေသော ယာကူကျူဖေးကို အနိုင်ယူတိုက်ခိုက်ခဲ့၏။ ချက်ချင်း သတ်ဖြတ်ခဲ့သည်ဖြစ်သောကြောင့် အဓိကဟောခန်းထဲသို့ ဝင်ရောက်ရန် အရည်အသွေးပြည့်မီသွားခဲ့သည်။

“ကျုပ်တို့ ဘာရွေးကြမလဲ။ ဟုတ်ပြီ”

စုရှောင်မိုသည် မူလအားဖြင့် ဟုန်ကျိုးကို ရွေးချယ်ချင်သည်။ သို့ပေမဲ့ မနေ့က ဖြစ်တည်သည့် ဖင်နေရာမှ နာကျင်မှုကို ပြန်လည်စဉ်းစားပြီးသည့်နောက် ချက်ချင်းပဲ အမဲရောင် အလင်းတန်းများ ရစ်သိုင်းလျက် ရှိနေသည့် သူရဲကောင်းဝိညာဉ်ဆီသို့ အကြည့်ရောက်ရှိသွား၏။

“သူ့ကို ရွေးရအောင်။

“ကောင်းပြီ” လီချင်းယန်က သဘောတူညီလိုက်သည်။

ဆွစ် ဆွစ်

သူ၏ ရှေ့မြင်ကွင်းတစ်ခုလုံးသည် ရုတ်တရက် ပြောင်းလဲသွား၏။ အားလုံးသော သူတို့သည် အဓိကဟောခန်း ထဲမှ အပြင်ဘက်သို့ ရောက်ရှိသွားပြီးသည့်နောက် တိုက်ခိုက်ရေးတည်နေရာတစ်ခု ပုံစံမျိုးရှိသော မြို့၏ ဂိတ်တံခါး အရှေ့သို့ ရောက်ရှိသွား၏။

“ချီးတဲ့မှ”

စုရှောင်မိုသည် တုန်ယင်သွားခဲ့မိသည်။ “တည်နေရာတစ်ခုက နည်းနည်းထူးဆန်းတဲ့ပုံပဲ”

“ဒုက္ခပဲ”

ဟယ်ဝူတီသည် မျက်မှောင်ကုတ်လိုက်မိ၏။ “ကြည့်ရတာ တကယ်ကြမ်းသည့် လူကို ရွေးချယ်ခဲ့တဲ့ပုံပဲ”

ဘုတ် ဘုတ် ဘုတ်

ထိုအချိန်မှာပင် မြင်းခွာသံတစ်ခုသည် မြို့၏ဂိတ်တံခါးဆီမှ ပေါ်ထွက်လား၏။ ခဏလောက်အကြာ ပြီးသည့်နောက် ကြက်သွေးရောင် မြင်းတစ်ကောင်သည် ဖြည်းညှင်းစွာဖြင့် လှမ်းလျှောက်ထွက်လာ၏။ ၎င်းပုံပန်းသွင်ပြင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် နတ်ဆိုးအော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ အသွင်အပြင် အမူအရာကို သေသေချာချာမမြင်ရဘဲ အမဲရောင်အရိပ်ကြီးတစ်ခုအဖြစ် တည်ရှိ နေသည် ဆိုသော်လည်း ထွက်ပေါ်နေသည့် အော်ရာများမှာတော့ အလွန်တရာ အားကောင်းလွန်းလှ ချေသည်။

“သွားပြီပဲ”

ဟယ်ဝူတီက တွေးလိုက်၏။ “ငါတို့တော့ ရှုံးပြီပဲ။ ဟူး”

ဟီး ဟီး ဟီး

အမဲရောင်ဖြစ်နေသည့် မြင်းကြီးသည် မြို့၏ဂိတ်တံခါးဘက်တွင် မတ်မတ်ရပ်လိုက်၏။ ၎င်း၏ပုံပန်းသွင်ပြင် သည် နတ်ဆိုးအော်ရာများနှင့် တဟုန်းဟုန်း တောက်လောင်လျက်ရှိ၏။ “ဘယ်သူတွေလဲ”

အသံသည် တကယ်ပင် မောက်မာလွန်းလှချေ၏။

“…..”

လီချင်းယန်နှင့် တခြားသောသူများသည် လေးလေးနက်နက်နှင့် ဖြစ်တည်သွားခဲ့၏။ မြင်းကို စီးနင်း လာခဲ့သောသူသည် မျက်နှာသွင်ပြင်ကို မမြင်ရသည်ဆိုသော်လည်း အော်ရာနှင့် အသွင်အပြင်၊ အမူအရာများကို ကြည့်ရှုရမည်ဆိုလျှင် တောင်များ၊ မြစ်များကို ဝါးမြိုနိုင်စွမ်းရှိသည့် စွမ်းအားများကို ပိုင်ဆိုင်သည့်ပုံပင်။ မနေ့က တွေဆုံခဲ့သည့် လေးကိုင်ထားသည့် အဘိုးအိုထက် ပိုမိုကာ အားကောင်းလွန်း ပုံပေါ်သည်။

သုံးပြည်ထောင်မှ စစ်သူကြီးများ၏ အားအင်အဆင့်ကို သုံးသပ်ရမည်ဆိုလျှင် အငြင်းပွားဖွယ်ရာ မရှိနို်ငချေ။ အားလုံးသောသူတို့သည့် “S”အဆင့် သူရဲကောင်းဝိညာဉ်များဖြစ်ကြ၏။

“ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေလေ”

“ဟမ့်... အမှိုက်တွေပဲ”

အားလုံးတို့သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ဤအချင်းအရာကို တခြားသော လူတစ်ယောက်ယောက် ပြောဆိုသည်ဆိုပါက အလွန်မောက်မာပြီး ဝံ့ကြွားလွန်းသည်ဟု ပြောဆိုရပေမည်။ သို့ပေမဲ့ ဤဆန်းကြယ် လွန်းလှသည့် အမဲရောင်အရိပ်ကဲ့သို့ လူဆီမှ ထွက်ပေါ်လာသည့်အချိန်မှာတော့ ကျိုးကြောင်းဆီလျော်သလို အားလုံးက ခံစားနေမိ၏။

“အချိန်မဖြုန်းနဲ့။ အကုန်လုံး အတူတူတက်ခဲ့တော့”

မူလအားဖြင့် အရေအတွက်ဖြင့် မမျှမတ အနိုင်ယူရမည်ကို စိုးရိမ်လျက်ရှိနေသည့် လီချင်းယန်သည် ထိုအသံကို ကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “တိုက်ခိုက်ရအောင်”

ရွှီ

ရှောင်ကျီ၊ စုရှောင်မိုနှင့် တခြားသောသူများသည် တိုက်ခိုက်မှုကို ပြုလုပ်ရန် အဆင်သင့် ပြင်လိုက်တော့၏။ အားလုံးသောသူတို့သည် အကြည့်ချင်း ဆုံကာဖြင့် တိုက်ခိုက်ရန် အချက်ပြလိုက်၏။ သူတို့သည် နောက်ဆုံး ဆရာကြီးကို တိုက်ခိုက်သည့်အချိန်က ကောင်းမွန်လှသည့် အသင်းအဖွဲ့တိုက်ခိုက်မှုပုံစံမျိုးကို ပြုလုပ်ခဲ့ဖူး သည် မဟုတ်ပါလား။

“ထားလိုက်တော့”

ဟယ်ဝူတီက တီတိုးရေရွတ်လိုက်သည်။ “ငါ ထင်ထင်ပေါ်ပေါ် မနေတာကောင်းမယ်”

သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲတွင် ပြသခဲ့သည့် သူ၏ ကြောက်မက်ဖွယ်ရာ လုပ်ဆောင်မှုကြောင့် တချိန်လုံး သိုသိုသိပ်သိပ်နေခဲ့သောသူသည် အားလုံးအမြင်ရှေ့သို့ ရောက်ရှိလာ၏။ ထိုကဲ့သို့သော အရာမျိုးကို သူမနှစ်သက်ချေ။

ဟီး……………

ထိုအချိန်မှာတော့ မြင်းကြီးသည် ဦးခေါင်းကိုမော့ကာ ဟီလိုက်၏။ ပြီးနောက် ရှေ့ဆီသို့ လှမ်းတက်လာ ခဲ့သည်။

“အမြန်နှုန်းအရ ပြိုင်ချင်တာလား”

စုရှောင်မိုသည် သူ၏နှာခေါင်းကို အသာပွတ်ကာပြောလိုက်၏။ “ကျုပ်ကလည်း မညံ့ပါဘူး”

ရွှီ ရွှီ

အလှည့်အပြောင်းဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်သည်။ “ကောင်းကင်နှင့်မြေပြင် အသွင်ပြောင်းလဲခြင်း”

စုရှောင်မိုသည် သူ၏ အရှိန်ကို တဟုန်ထိုး မြှင့်တင်လိုက်၏။ သို့ပေမဲ့ အဆုံးသတ်သည် မြင်းခွာ၏ ကန်ကျောက်ခြင်းကိုသာ ရရှိခဲ့ခြင်းပင်။

“ဂျူနီယာညီလေး” လီချင်းယန်က ထအော်လိုက်မိသည်။

ဘုန်း………………

ချက်ချင်းပဲ ရှောင်ကျိသည် သူ၏ရှေ့ဆီသို့ ရောက်ရှိလာပြီး ဒိုင်းကြီးနှင့်ကာကွယ်ထား၏။ မြင်းခွာသည် ဒိုင်ကြီးကို ထိပြီးသည့်နောက် ရှောင်ကျီ၏ ဒူးခေါင်းများသည် မြေကြီးထဲသို့ နစ်ဝင်သွားခဲ့၏။ မျက်နှာသွင်ပြင် တစ်ခုလုံးလည်း ပျက်ယွင်းသွားခဲ့၏။

“ကောင်းကင်လက်ဝါးရိုက်ချက်” ဟယ်ဝူတီသည် ဤအခွင့်အရေးကို အရယူပြီးသည့်နောက် ဘေးတစ်ဘက် ဆီမှ လှမ်းတက်လိုက်၏ ။အဆုံးသတ်မှာတော့ သူဖန်တီးခဲ့သော လက်ဝါးရိုက်ချက်သည် မြင်းအမြီး၏ တိုက်ခိုက်မှုကြောင့် ပျောက်ကွယ်သွားခဲ့ရ၏။ ထို့ကြောင့် ဟယ်ဝူတီသည် တန်ပြန်မှုကို ခံစားလိုက်ရသည့်ပုံ ဟန်ဆောင်ကာ ခပ်ဝေးဝေး တည်နေရာဆီသို့ လွင့်စင်သွားခဲ့သည်။ “မြင်းတောင်မှ ဒီလောက် အားကောင်းတာလား။”

“ရှေးဟောင်းအရိပ်မဲ့ကန်ချက်”

လီဖေးသည် တဝှီးဝှီးနှင့်လည်ပတ်လာခဲ့ပြီးနောက် သူ၏ ခြေလှမ်းရိပ်၊ ခြေလှမ်းယောင်များသည် တည်နေရာ တစ်ခုလုံးကို ပျံ့နှံ့နေ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ မြင်း၏ နောက်ခြေနှင့်အကန်ခဲ့ရပြီး အဝေးဆုံးဆီသို့ လွင်စင်ပြန်သည်။

ပြောရမည်ဆိုလျှင် အချိန်အတိုင်းအတွင်းမှာပဲ ပြိုင်စံရှားဂိုဏ်း၏ လက်ရွေးစင်တပည့်များ အားလုံးသည် ဆိုးဆိုးရွားရွားနှင့် လွင့်စင်ကုန်ကြ၏။ အခြေအနေသည် မျက်နှာပန်းမလှချေ။

“ငါ့ရဲ့မြင်းတစ်ကောင်ကိုတောင် မနို်ငဘူးဆိုတော့”

အမဲရောင် ဝိညာဉ်သည် အေးစက်စက်ပြောလိုက်၏။ “ငါကို စိန်ခေါ်ဖို့အတွက် ဘာအရည်အချင်းရှိမှာလဲ”

“ချီးတဲ့မှ” စုရှောင်မိုသည် ရုတ်တရက် ထရပ်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် ဒေါသဖြစ်နေသည့် အရိပ်အယောင်များ ဖြစ်တည်နေသည်။

“အားလုံးပဲ”

လီချင်းယန်သည် ဆြော်ဩလိုက်၏။ “လေးလေးနက်နက် တိုက်ခိုက်ကြရအောင်။”

“ကောင်းပြီ” အားလုံးတို့သည် တစ်ယောက်ကို တစ်ယာက်ကြည့်ရှုလိုက်၏။ ပြီးသည့်နောက် လက်များကို အသာချိတ်ကာဖြင့် ယမ်းခါလိုက်သည့်အချိန်မှာတော့ လက်ပေါ်တွင် စာလုံးများ ဖြစ်တည်လာခဲ့၏။ လေထု ထဲတွင် ထူးခြားလှသည့် စွမ်းအင်များ ပေါ်ပေါက်လာသည်။

ဖြောက်

စက်ရုပ်ကဲ့သို့ အသွင်ပြောင်းခဲ့ပြီးဖြစ်သော ရှောင်ကျီသည် တောက်ပလှသည့် အလင်းဒိုင်းကာကြီးကို လက်ထဲတွင် မြှောက်ကိုင်ထား၏။။ ဂိုဏ်း၏ အဓိကကာကွယ်သူ တစ်ယောက်ဖြစ်သည်မို့ သူသည် အားလုံးသောသူရှေ့တွင် မတ်မတ်ရပ်နေရသည်မှာ သဘာဝပင်ဖြစ်၏

ဘုန်း

ဟယ်ဝူတီသည်လည်း သူ၏ သေခြင်းရှင်ခြင်း ဂိတ်တံခါးကို ထုတ်ယူလိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ အဖော်များအား ဤမြင်းကို အရင်ဆုံး ရှင်းလင်းပစ်ရန် အချက်ပြလျက်ရှိသည်။

လီချင်းယန်နှင့် တခြားသောသူများသည် လင်းယွမ်ခန်းမဆောင်၏ စာလုံးများကို အသက်သွင်းပြီးသည့်နောက် လက်နက်များကို တစ်ခုပြီး တစ်ခု ထုတ်ဖော်လိုက်သည်။ ထူးခြားသည့် အကျိုးသက်ရောက်မှုများ အသက်သွင်းပြီးသည့်နောက်မှာတော့ ဝှက်ဖဲများကို အသုံးပြုရန် အဆင်သင့်ဖြစ်လို့နေ၏။

ရှေးယခင်တုန်းကဆိုလျှင် ဤနေရာကြီးတွင် လွီပုနှင့် တခြားသော သူရဲကောင်း သုံးယောက်တို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြ၏။ ယနေ့မှာတော့ ပြိုင်စံရှားဂိုဏ်း၏တပည့်များနှင့် မြင်းတို့သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေလေသည်။

“ဟမ့်”

အမည်းရောင် အရိပ်သည် အထင်အမြင်သေးစွာ ပြောလိုက်၏။ “အားလုံးက အမှိုက်တွေက အမှိုက်တွေပဲ။ ဒါပေမဲ့ မင်းတို့အားလုံးက လေးလေးနက်နက် တိုက်ခိုက်ပြီဆိုမှတော့ ငါကလည်း လေးနက်ပေးရမှာပေါ့”

ဟီး………..

အနီရောင် မြင်းကြီးသည် သူ၏ ဦးခေါင်းကို မြှောက်ကာဖြင့် ဟီလိုက်ပြန်သည်။

မြင်းပေါ်ရှိလူ၏ ခန္ဓာကိုယ်ဆီမှ နတ်ဆိုး စွမ်းအင်များသည် ပျောက်ကွယ်သွားပြီးသည့်နောက် အေးစက်သည့် မျက်နှာသွင်ပြင် တစ်ခု ပေါ်ပေါက်လာ၏။ မြင်းပေါ်တွင်ရှိသော လူ၏ မျက်လုံးများသည် စူးရှလွန်းလှပြီး ကြောက်ရွံ့ဖွယ်ရာ ကောင်းလွန်းလှ၏။

“တကယ်ကို ကြမ်းတမ်းတဲ့လူပဲ” ဟယ်ဝူတီသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိသည်။

ဝှစ် ဝှစ် ....။

နတ်ဆိုးအော်ရာများသည် ပျောက်ကွယ်သွားခဲ့ပြီးနောက် ပြည့်စုံသည့် ခန္ဓာကိုယ်တစ်ခု ထင်ပေါ်လာ၏။ လက်ရှိအခြေအနေမှာတော့ ပတ်ဝန်းကျင်၏ တင်းမာခက်ထန်မှုသည် ပိုမိုကာ အားကောင်းလာခဲ့၏။ ၎င်းတို့ အားလုံး၏ နားထဲတွင် မြေပြင်တစ်ခုလုံး တုန်ခါလောက်သည်အထိ အော်ဟစ်သံများသည် စိမ့်ဝင်လာခဲ့သလိုပင်။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော သူများသည် ဆွံ့အလျက်ရှိ၏။

အဘယ့်ကြောင့်ဆိုသော် ဤလူသည် ဟိတ်ဟန်ကောင်းကောင်းနှင့် ပေါ်ပေါက်လာခဲ့သည်ဆိုသော်လည်း ခန္ဓာကိုယ် တစ်ခုလုံးသည် ဗလာကျင်းဖြစ်လို့နေပြီး အောက်တွင် အတွင်းခံအရှည်တစ်ထည်ကိုသာ ဝတ်ဆင်ထားသောကြောင့်ပင်။

“ဒါက”

ဟယ်ဝူတီ၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ ဖြစ်ပေါ်လာသည့် အစစ်အမှန် ပုံရိပ်သည် အလွန်အားကောင်းလွန်းလှချေ၏။ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြွက်သားများဖြင့် တောင့်တင်းခိုင်မာ လွန်းလှ၏။ သို့ပေမယ့် အင်္ကျီကို အဘယ်ကြောင့် မဝတ်ထားရသနည်း။ ဤလူသည် မတိုက်ခိုက်ခင် အင်္ကျီ များကို ချွတ်ချတတ်သည့် ဟောခန်းသခင်ကျိကဲ့သို့လူပင် ဖြစ်နေသည်လား။

စစ်သူကြီး လွီပုသည် ချမ်းစိမ့်မှုကို ခံစားလိုက်ရ၏။ ထို့ကြောင့် အမှတ်မထင်ဘဲ ဦးခေါင်းကို ငုံ့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ဘာတစ်ခုကိုမှ ဝတ်ဆင်မထားကြောင်း သိရှိလိုက်ရ၏။ သူသည် အံ့အားသင့်ဖြင့် ပြောလိုက်၏။ “ငါ့ ချပ်ဝတ်က ဘယ်ရောက်သွားတာလဲ”

ဟား ဟား

စုရှောင်မိုသည် မနေနိုင်တော့ဘဲ ဗိုက်ကိုနှိပ်ကာ ရယ်မောလိုက်မိသည်။

လွီပုသည် အေးစက်စက် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ “မင်းငါ့ကို ရယ်ရဲတယ်။ ဟုတ်လား။ ချက်ခြင်း တခါတည်း သေအောင်လုပ်ပစ်မယ်”

ပြောပြီးသည့်နောက် လက်ကို ယမ်းခါးလိုက်၏။ သူ၏ လက်နက်ကို ဆင့်ခေါ်လိုက်ခြင်းပင်။ သို့ပေမဲ့ ဘာမျှရောက်မလာပေ။

“ချီးတဲ့မှ... ငါ့ရဲ့ပုဆိန်က ဘယ်ရောက်သွားတာလဲ”

လွီပု ဒေါသထွက်လျက်ရှိနေတုန်းမှာပင် ပုံရိပ်ယောင်တစ်ခုသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့၏။ ထိုသူသည် ကြီးမားလွန်းလှသည့် ပုဆိန်ကြီးကို ကိုင်ဆောင်ကာဖြင့် ချပ်ဝတ်ကြီးကို ဝတ်ဆင်ထား၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများမှာတော့ ပျော်ရွှင်သွားသည်။ “ဂျူနီယာညီလေးရီ”

All Chapters