အခန်း ၁၇၆၁
Vol. 118 Ch. 1761
အပိုင်း(၁၇၆၁)
လွီပုသည် အဘယ့်ကြောင့် သူ၏ပစ္စည်းများ မရှိတော့သနည်းဆိုသည်ကို စဉ်းစားလျက်ရှိနေတုန်းမှာပင် သူ၏ ပစ္စည်းများကို ဝတ်ဆင်ကာ ရောက်ရှိလာခဲ့သည့် ရီရှင်းချန်ကို မြင်လိုက်ရ၏။
ရီရှင်းချန်သည် သူရဲကောင်းဝိညာဉ်ကို ရွေးချယ်ရသည့် အချိန်၌ လွီပုနှင့် တိုက်ခိုက်ရန် ရွေးချယ်ခဲ့၏ ။ ထို့ကြောင့် ဤနေရာသို့ ရောက်ရှိခဲ့သည့်ပုံပင်။
“မဆိုးဘူးပဲ”
ညအင်ပါယာက ပြောလိုက်သည်။ “ဒီလူက အရမ်းကို အားကောင်းတယ်”
ပြောနေတုန်းမှာပဲ ရီရှင်းချန်၏ စိတ်ထဲတွင် တမျိုးတဘာသာ ခံစားလာမိ၏။ တစ်ဘက်လူသည် အဘယ့်ကြောင့် အဝတ်အစားများကို ဝတ်ဆင်မထားရသနည်း။ ခရမ်းရောင်ဘုရင်နှင့်တူညီသည့် ဝါသနာမျိုး တည်ရှိနေလေသည်လား။
ရီရှင်းချန်သည် ဟောခန်းသခင်ကျိကို မနှစ်သက်ချေ။ အဘယ့်ကြောင့်ဆိုသော် အတိတ်က သူအရက်မူးသည့် အချိန်တွင် စိတ်ဝိညာဉ်တောင်ထွတ်ဆီသို့ သွားရောက်ကာ ဟောခန်းသခင်ကျီ၏ ကုတင်ပေါ်သွားသွား အိပ်တတ်သည်။ ထို့ကြောင့် ဟောခန်းသခင်ကျိနှင့် ပြဿနာခဏခဏ တက်ခဲ့ဖူးသောကြောင့်ပင်။
ရီရှင်းချန် ဝတ်ဆင်ထားသည့် အသုံးအဆောင်ပစ္စည်းနှင့် လက်နက်များကို ကြည့်ရှုပြီးသည့်နောက် လွီပု၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်လာခဲ့သည်။ “ပစ္စည်းတွေခိုးတာ မင်းကိုး”
ဟီး ဟီး..
အနီရောင်မြင်းသည် သူ၏ ဦးခေါင်းကို မော့ကာဖြင့် ဟီလိုက်၏။ လွီပုသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဤမျှဆန်းကြယ်လွန်းလှသော စီးတော်မြင်းကိုလည်း ပိုင်ဆို်ငနေ၏။ ထို့ကြောင့် မည်သည့်အဝတ်အစားများကို ဝတ်ဆင်မထားဘူးဆိုလျှင်တောင်မှ သာမာန်ထက်ပိုသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။
“ဂျူနီယာညီလေးရီ”
လီချင်းယန်က လေးလေးနက်နက် ပြောလိုက်သည်။ “ဒီလူကအရမ်းကို အန္တရာယ်များတယ်”
စောနတုန်းက သူတို့အားလုံးတို့သည် မြင်းတစ်ကောင်တည်း ကိုပင် အနိုင်မယူနိုင်ခဲ့ကြချေ။ တဘက်လူသည် မည်သည့် လက်နက်ပစ္စည်းမှ ကိုင်ဆောင်ထားသည် မဟုတ်လျှင်တောင်မှ သူတို့အား ကြီးမားလှသည့် ဖိအားများကို ပေးစွမ်းနေ၏။
ရီရှင်းချန်သည်လည်း ထိုအရာကို ရှင်းရှင်းလင်းလင်း ခံစားမိနေ၏။ သူ၏မျက်လုံးထဲတွင် တိုက်ခိုက်လိုသည့်ဆန္ဒများ ပြင်းပြင်းထန်ထန်နှင့် ဖြစ်တည်နေသည်။ သူသည် ဤကဲ့သို့သော ပြိုင်ဘက်မျိုးကို လိုအပ်နေခြင်းပင်။
ဆွစ်……….
သူသည် ပုဆိန်ကြီးကို ယမ်းခါကာဖြင့် ခုန်ဝင်လိုက်သည်။
“သွားကြတော့”
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော သူများသည်လည်း မနှောင့်နှေးနေကြချေ။ ချက်ချင်းပဲ အနောက်မှ လိုက်ပါလာခဲ့၏။
ရီရှင်းချန်၏ ခေါင်းဆောင်မှုနှင့်အတူ ပြိုင်စံရှားဂိုဏ်းတွင်ရှိသော လက်ရွေးစင်တပည့်များအားလုံးသည် မတူညီသည့် စွမ်းအင်မျိုးစုံကို ထုတ်ဖော်ကာဖြင့် လွီပုကို ဝင်ရောက်ကာ တိုက်ခိုက်ကြလေသည်။
“တကယ့် အမှိုက်လိုကောင်တွေပဲ” လွီပုသည် အထင်အမြင်သေးသည့် မျက်လုံးအစုံဖြင့်ကြည့်လိုက်၏။ သူ၏ ခန္စာကိုယ်အောက်တွင်ရှိနေသော အနီရောင်မြင်းသည် ရုတ်တရက် အရှိန်မြန်ဆန်သွား၏။ အနီရောင်အလင်း ကဲ့သို့ပင် ဖြစ်တည်ပြီး တည်နေရာ ရွေ့ပြောင်းသွား၏။
“ကောင်းကင်လက်ဝါး ရိုက်ချက်” စုရှောင်မိုသည် ပထမဆုံး တိုက်ခိုက်လိုက်သည်။
ကောင်ကင်ယံထက်ဆီမှ များပြားလွန်းလှသော လက်ဝါးရိုက်ချက်များ ကျဆင်းလာ၏။ အနီရောင်မြင်းသည် တိုက်ခိုက်မှုကို လျင်မြန်စွာ ရှောင်ရှားပြီးသည့်နောက် လူသားတစ်ယောက်ကဲ့သို့ပင် ခြေထောက်ကို မြှောက်ကာ ကန်ကျောက်လိုက်၏ ။
“ချီးတဲ့မှ”
စုရှောင်မိုသည် တိတ်လန့်တကြားဖြင့် ထအော်လိုက်မိသည်။ ဤအရာသည် လူလား၊ မြင်းလားပင် မသိတော့ချေ။ အဘယ့်ကြောင့် ဤကဲ့သို့သော ပုံပန်းသွင်ပြင်မျိုးနှင့် ကန်ကျောက်နို်ငရသနည်း။
“စီနီယာအစ်ကို...သတိထားတော့”
ရှောင်ကျီသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့လှမ်းတက်လာခဲ့ပြီးသည့်နောက် အားကုန်ထုတ်ကာ ဒိုင်းကို ပြစ်လွှတ်လိုက်သည်။ မြင်းကန်လိုက်သည့် ကန်ချက်ကြောင့် ဖြစ်တည်လာခဲ့သည် လေလှိုင်းအဟုန်များသည် သံမဏိဒိုင်းကာနှင့် ထိမှန်ပြီးသည့်နောက် ကျယ်လောင်လှသည့် အသံကြီးတစ်ခုကို ဖြစ်တည်လာစေခဲ့၏ ။
ဆွစ်
စုရှောင်မိုသည် အခွင့်အရေးကို အရယူကာဖြင့် အလျင်အမြန် ရှောင်ရှားလိုက်၏။ သူ၏ နဖူးစက်တွင် ချွေးစေးများပင် ပြန်လာခဲ့၏ ဂျူနီယာညီလေးရှောင်၏ အချိန်ကိုက် ကူညီမှုသာ မရှိပါက မြင်းခွာနှင့် ထိမှန်၍ တစ်ခါတည်း သေဆုံးသွားမှာ သေချာသည်။
ဖောက် ဖောက် ဖောက်
ရှောင်ကျီမှာတော့ ဆက်တိုက်ဆိုသလို အနောက်ဘက်သို့ လွှင့်စင်သွားခဲ့၏။ တည်နေရာ ခပ်လှမ်းလှမ်းဆီသို့ ရောက်မှသာလျှင် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းသိမ်းလိုက်နိုင်၏။ သူ၏ ခန္ဓာကိုယ်တွင် ရှိနေသော သွေးများအားလုံးသည် ကြမ်းကြမ်းတမ်းတမ်းဖြင့် ဆူပွက်လာခဲ့၏။
“အလုံးစုံ ခုတ်ပိုင်းခြင်း”
တခြားတစ်ဘက်မှာတော့ ရီရှင်းချန်သည် အလင်းတန်းတစ်ခုကဲ့သို့ အသွင်ပြောင်းကာဖြင့် ပုဆိန်ကြီးနှင့် ဆင်းကာ ခုတ်ပိုင်းလိုက်သည်။
ဖောက်
လွီပုသည် မြင်း၏ ကျောကုန်းကို အသာရိုက်နှက်ပြီးသည့်နောက် သူ၏ အတွင်းခံကြီးနှင့်အတူ ကောင်းကင်ယံထက်သို့ ပျံတက်လိုက်၏။ သူ၏လက်ဝါးများကြားတွင် နတ်ဆိုးချီများ ဖြစ်တည်လာခဲ့၏။
“အမည်မဲ့လက်ဝါး”
ဘုန်း…………….
ဂျိန်း……………….
သူ၏ လက်သည် ကြမ်းတမ်းလွန်းလှသော စတီးချောင်းကြီးများကဲ့သို့ပင်။ ပုဆိန်သွား၏ တိုက်ခိုက်မှုကို တိုက်ရိုက် ဆိုသလို ချေဖျက်လိုက်၏။ ပြီးသည့်နောက် ရီရှင်းချန်၏ အနားသို့ သွားရောက်ကာ အနီးကပ် တိုက်ခိုက်မှုကို ပြုလုပ်သည်။ ကြည့်ရှုရသည်မှာ တဘက်လူ၏ လက်ထဲတွင် ရှိနေသော ပုဆိန်ကြီးကို လုယူချင်သည့်ပုံပင်။
တချိန်တည်းမှာ လီချင်းယန်၊ ဟယ်ဝူတီတို့သည် ရှေ့သို့ လှမ်းတက်လိုက်ကြ၏။ ၎င်းတို့နှစ်ယောက်သည် ဘယ်၊ ညာဆီမှ ယှဉ်ပြိုင်တိုက်ခိုက်ရင်း ရီရှင်းချန် ကို အကူအညီပေးလျက်ရှိ၏။ ဤအရာသည် အစစ်အမှန် သုံးယောက် တစ်ယောက် တိုက်ခိုက်မှုမျိုးပင် ဖြစ်၏။
“ရှေးအရိပ်မဲ့ကန်ချက်” လီဖေးသည် အခွင့်အရေးကို ရယူပြီးသည့်နောက် အရိပ်ကဲ့သို့ အသွင်ပြောင်းကာဖြင့် ကန်ချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။
လွီပုသည် လီချင်းယန်ကို အနောက်ဘက်သို့ လွင့်စင်အောင် တိုက်ခိုက် ပြီးသည့်နောက် အသာလှည့်ကာဖြင့် သူ၏ဘယ်ဘက်လက်ကြီးကို ဆန့်ထုတ်ကာ လီဖေး၏ခြေထောက်ကို လှမ်းဆွဲလိုက်၏ ပြီးနောက် မြေပြင်၌ ကိုင်ရိုက်လိုက်တော့၏။
ဂျိန်း
လီဖေးသည် မြေပေါ်သို့ပြုတ်ကျပြီးသည့်နောက် ချက်ခြင်းပင် ခန္ဓာကိုယ်တစ်ခုလုံး ပျောက်ကွယ်သွားတော့သည်။
“ဂျူနီယာညီလေးလီ”
သူ၏ ဂိုဏ်းတူရောင်းရင်း ချက်ချင်းအသတ်ခံလိုက်ရသည်ကို မြင်လိုက်ရသည့်အချိန်မှာတော့ စုရှောင်မို၏ မျက်လုံးထဲတွင် ဒေါသတရားများ ပြည့်နှက်လာခဲ့၏။ သူသည် ရှေ့သို့လှမ်းတက်လိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သည့်အချိန်မှာပင် သူ၏ အမြင်အာရုံတစ်ခုလုံးသည် မှောင်မဲသွား၏။ အဘယ့်ကြောင့်ဆိုသော အနီရောင်မြင်းကြီးသည် သူ၏ရှေ့ဆီသို့ရောက်ရှိလာပြီး ကြီးမားလှသည့် ခွာကြီးနှင့်အတူ သူ၏မျက်နှာကို ကန်ရန် ကြိုးစားလိုက်ခဲ့ခြင်းပင်။
ဘုန်း………………………..
နောက်ထပ် ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာပြီး ဖုန်များလိမ့်လိမ့်တက်လာ၏။ စုရှောင်မိုသည် သူ၏ အမြန်နှုန်းကို အသုံးပြုကာဖြင့် ရှောင်ရှားလိုက်၏။ အဝေးတစ်နေရာသို့ ရောက်ရှိပြီး ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်ပြီးသည့်နောက် သူ၏ နှလုံးသားထဲတွင် ကြီးမားပြင်းထန်လွန်းလှသည့် ကြောက်လန့်မှု များ ဖြစ်တည်လာခဲ့၏။ ဤမြင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ကန်ချက်ကိုသာ ထိမှန်ခဲ့မည်ဆိုပါက တခါတည်း ရှုံးနိမ့်ကာ အပြင်ဘက်သို့ ရောက်ရှိသွားပေလိမ့်မည်။
“ဂျူနီယာညီလေး”
လီချင်းယန်က အော်ဟစ်လိုက်၏။ “ဒီမြင်းကို ထိန်းထား”
သူတို့သည် ရီရှင်းချန်နှင့် အတူပူးပေါင်းကာဖြင့် လွီပုကို တိုက်ခိုက်လျက်ရှိနေသည် ဆိုသော်လည်း အသာစီးမှ မရယူနိုင်ချေ။ အကယ်၍ ဤအနီရောင်မြင်းကြီးသာ ထပ်မံကာ ဝင်ရောက်ပြီး တိုက်ခိုက်မည် ဆိုပါက ပိုမို၍ အခြေအနေ ဆိုးပေလိမ့်မည်။
“ကောင်းပြီ”
စုရှောင်မိုသည် မြင်းအနီကောင်ဆီသို့ ချက်ချင်းလှမ်းသွား၏။ သူ၏ရည်ရွယ်ချက်သည် မြင်းအနီကို သတ်ဖြတ်ပစ်ရန်မဟုတ်ချေ။ အာရုံလွှဲထားစေခြင်းသာဖြစ်သည်။
“ဟမ့်”
လွီပုသည် နှာခေါင်းရှုံ့လိုက်၏။ “ဒီလို နည်းဗျူဟာနဲ့လား”
တစ်ဘက်လူ၏ နည်းဗျူဟာကို မြင်ရသည့် ဆိုသော်လည်း သူသည် မြင်းအနီကောင်ကို ပြန်လည်ကာ မဆင့်ခေါ်ခဲ့ချေ။ ထိုအစား တစ်ဘက်လူများနှင့် တိုက်ခိုက်ရန်သာ အာရုံစိုက်ထား၏။ ညဝတ်ဘောင်းဘီကိုသာ ဝတ်ဆင်ထားသော သူသည် လီချင်းယန်၊ ရီရှင်းချန်၊ ဟယ်ဝူတီ၊ ရှောင်ကျီနှင့် တခြားသောသူများ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်နေ၏ ။
လုချင်းချင်းမှ လွဲလျှင် ပြိုင်စံရှားဂိုဏ်း၏ လက်ရွေးစင် တပည့်များအားလုံးသည် စုပေါင်းကာ ရောက်ရှိလာ၏။ သို့ပေမဲ့ မည့်သည့်လက်နက်မှမရှိသော လွီပုကို အနိုင်ယူ မတိုက်ခိုက်နိုင်ခဲ့ကြချေ။ ကြောက်မက်ဖွယ်ရာကောင်းလွန်း လှချေ၏။
ပြောရမည်ဆိုလျှင် တစ်ဘက်လူသည် လက်နက်နှင့် ချပ်ဝတ်များကိုသာ ဝတ်ဆင်ထားမည်ဆိုပါက ကျွင်းချောင်ရှောင်း ကိုပင် မြေပြင်ပေါ်သို့ ဖိနှိပ်ကာ တဘိုင်းဘိုင်းနှင့် ရိုက်နှက်နေနိုင်မည်လား မသိချေ။
ဘုန်း……
တည်နေရာ၏ အရှေ့မှာတော့ ကြီးမားလွန်းလှသည့် စွမ်းအင်ပေါက်ကွဲမှုများဖြစ်တည်လာခဲ့၏။
ဟီး… ဟီး...
တည်နေရာ၏ အပြင်ဘက်မှာတော့ အနီရောင်မြင်း၏ အော်ဟစ်သံသည် ကောင်းကင်ယံ တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ မကြာခင်မှာပင် နှစ်ဘက်သားသည် တစ်နာရီကျော်နီးပါးခန့်ကြာအောင် တိုက်ခိုက်လျက်ရှိနေ၏။ ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နှင့် တိုက်ခိုက်နေသည်ဆိုသော်လည်း အနိုင်ရရှိသူကို ရှင်းရှင်းလင်းလင်းမသိနိုင်ပေ။
“ဂျူနီယာညီလေးဟယ်”
လီချင်းယန်က အော်ဟစ်လိုက်၏။ “ပုန်းကွယ်ပုန်းကွယ် လုပ်မနေနဲ့တော့”
“……”
ဟယ်ဝူတီ သည် ဆွံ့အသွားမိ၏။ ထင်မှတ်ထားသည့် အတိုင်းပင်။ နောက်ဆုံးအကြိမ် ကောင်းမွန်လှသည့် စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသပြီးသည့်နောက် သိုသိုသိပ်သိပ်နေထိုင်ရန်ဆိုသည်မှာ အလွန် ခက်ခဲလာခဲ့ချေသည်။
“ဟင်း” သူသည် ခေါင်းကို ခါယမ်းလိုက်၏။ သူ၏ အမူအရာ တစ်ခုလုံးသည် ပျက်ယွင်းလျက် ရှိနေ၏။ ထင်ပေါ်၍ စင်တော်က ကောက်မည်ဆိုမှတော့ .....
ဘု်နး………………….
ထိုအချိန်မှာပဲ လွီပုသည် လက်ဝါးရိုက်ချက် တစ်ခုကို ထုတ်ဖော်ပြီး ဟယ်ဝူတီ၏မျက်နှာကို ရိုက်နှက်လိုက်သည်။
အားရပါးရ ဟန်ထုတ်ကာ တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိနေသည့် ဟယ်ဝူတီသည် ချက်ချင်းပဲ ကောင်းကင်လျှို့ဝှက် နယ်မြေထဲမှ ထွက်ခွာသွားခဲ့ရသည်။ သူသည် အပြင်ဘက်သို့ မရောက်ခင်တွင် မမေ့မလျော့ အော်ဟစ်သွားခဲ့သေး၏။ “အမလေးဗျာ”
လီချင်းယန်၊ ရှောင်ကျီတို့သည် အော်ဟစ်လိုက်သည်။ “ညံ့လိုက်တဲ့ သရုပ်ဆောင်ချက်”
ဆွစ်
ဟယ်ဝူတီနှင့် ရင်ဆိုင်ပြီးသည့်နောက်မှာတော့ လွီပုသည် ချက်ချင်းပဲ သူ၏လက်များကို ပြန်လည် ရုတ်ကာဖြင့် တည်နေရာ၏ ကောင်းကင်အထက်ဆီသို့ ခုန်တက်လိုက်၏။ ပြီးနောက် ကြီးမြတ်လှသည့် ဘုရင်တစ်ပါး၏ ဟန်ပန်မျိုးဖြင့် အော်ဟစ်လိုက်၏ ။ “မင်းတို့အားလုံး ဒီမှာသေရမယ်”
ဒွီ…
တည်နေရာကြီး တစ်ခုလုံးသည် တုန်ခါပြီး အလင်းတန်းများသည် တဖျတ်ဖျတ် လင်းလက်နေ၏။ နဂါး တစ်ကောင်၏ ပုံပန်းကို ရေးဆွဲထားသော လေးကြီးတစ်ခုသည် ရုတ်တရက် ပေါ်ပေါက်လာ၏ ဤအရာသည် နဂါးလျှာ လေးပဲဖြစ်၏။ ဒဏ္ဍာရီများအရဆိုလျှင် ဤလေးသည် နဂါး၏အကြောများကို ထုတ်၍ ဖန်တီးပြုလုပ်ထားခြင်းပင်ဖြစ်သည်။
လွီပု သည် ကောင်းကင်ပုဆိန်ကြီးကို ကိုင်ဆောင်ကာ တိုက်ခိုက်တတ်သည်ကို လူတော်တော်များများက သိရှိကြသည် ဆိုသော်လည်း သာမာန်ထက်ပိုကာ တော်လွန်းလှသည့် မြားသမား တစ်ယောက် ဖြစ်မှန်းကိုတော့ တော်တော်များများက မသိရှိခဲ့ကြချေ။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ စိတ်ထဲတွင် မကောင်းသည့် ခံစားချက်များရရှိလာ၏ ။
ဘုတ်
လွီပုသည် နဂါးလျှာ လေးကြီးကို ဘယ်ဘက်လက်ဖြင့် မြှောက်ကိုင်ကာ ညာဘက်လက်ဖြင့် လေကြိုးကို ဆွဲလိုက်၏။ နတ်ဆိုးစွမ်းအင်များဖြင့် ဖြစ်တည်လာခဲ့သည့် များပြားလွန်းလှသည့် မြားများသည် ရုတ်တရက် လေထုထဲတွင် ဖြစ်တည်လာခဲ့ပြီး ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးကို ပစ်မှတ်ထားသည်။
“……” စုရှောင်မိုသည် ဖင်တစ်ခုလုံး ကျိန်းသွားမိ၏။
ထိုအချိန်မှာတော့ လွီပုသည် မြားကြိုးကို အသာ ပစ်လွှတ်လိုက်၏။ မြို့၏ တံခါးဆီမှ များပြားလွန်းလှသော မြားများ ပျံသန်းထွက်ခွာလာပြီး ထိုအရာများသည် နဂါးများအဖြစ် အသွင်ပြောင်းလဲကာ နဂါးအော်သံများကို ထုတ်ဖော်နေသည်။
ဘုန်း……………….
ရှောင်ကျီသည် သူ၏ ဒိုင်းကြီးကို ရှေ့သို့ချကာဖြင့် ပြောလိုက်၏။ “ဒိုင်းကာဖွင့်မယ်”
ဒွီ ဒွီ
ချက်ချင်းပဲ မှန်ကဲ့သို့ ကြီးမားပြီး တောက်ပသည့် ဒိုင်းကြီးသည် အားလုံးသောသူတို့၏ ရှေ့တွင် ပေါ်ပေါက်လာ၏။ ဤအရာသည် မဖောက်ထွင်းနိုင်သည့် ခိုင်မာလှသော အော်ရာများကို ထုတ်ဖော်နေသည်။ သို့ပေမဲ့ ရောက်ရှိလာသည့် မြားများနှင့်နှိုင်းယှဉ်ရမည်ဆိုလျှင် လိုအပ်ချက်တော့ တည်ရှိနေသေးသည်။
ရီရှင်းချန်က အော်ဟစ်လိုက်၏။ “အကာအကွယ် ဖယ်လိုက်တော့”
ဤဒိုင်းကာသည် ကြမ်းတမ်းလွန်းလှသော တိုက်ခိုက်မှုကို မည်သို့မျှ မခံနိုင်မှန်းကို သူက သိရှိ၏။
သို့ပေမဲ့ အားလုံးသောသူများကို ကယ်တင်နိုင်ရန် အလို့ငှာ ရှောင်ကျီသည် မဖယ်ရှားခဲ့ချေ။ လှည့်ကာပြုံး၍ ပြောလိုက်၏ ။ “အားလုံး ဆက်လုပ်လိုက်ကြတော့”
ဆွစ်…ဆွစ်
များပြားလှသော မြားများရောက်ရှိလာခဲ့ပြီး နဂါးအော်သံများသည် အားလုံးတို့၏ နားစည်များကိုပင် ရိုက်ခတ် စေသည်။
“မဟုတ်ဘူး”
ရီရှင်းချန်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ မြားများသည် ဒိုင်းကာကို ထိမှန်ကာ ဤအခြေအနေဆီသို့ ရောက်ရှိလာခဲ့၏။ ဤလျှို့ဝှက်နယ်မြေကြီးသည် များပြားလွန်းလှသည့် အတွေ့အကြုံကိုရရှိရန် တိုက်ခိုက်ရေးတည်နေရာဖြစ်သည်။ ထို့ကြောင့် ကျရှုံး၊ သေဆုံးသွားမည်ဆိုလျှင်တောင် တကယ်တမ်း သေဆုံးလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ရီရှင်းချန်သည် ရှောင်ကျီ တစ်ယောက် ဤကဲ့သို့ ဖြစ်သွားသည်ကို မည်သို့မျှ လက်မခံနိုင်ချေ။ ၎င်းတို့နှစ်ယောက်သည် မည်မျှရင်းနှီးကြောင်း ဤအရာက သက်သေပြလျက် ရှိ၏ ။
ဒေါက်………….ဒေါက်…………..ဒေါက်
“ဟမ်”
လီချင်းယန်နှင့် ရှောင်ကျီတို့သည် အသာမော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ကောင်းကင်ထက်မှ နှင်းများကျဆင်းလာသည်။
အပူချိန်တစ်ခုလုံးသည် ကျဆင်းသွားပြီ မိုးစက်များသည် နှင်းမှုန်များအဖြစ် ဖြစ်တည်နေ၏။ သူတို့အောက်တွင်ရှိနေသော မြေပြင်တစ်ခုလုံးသည် ရေခဲပြင်ကြီး တစ်ခုကဲ့သို့ပင် ဖြစ်တည်လာ၏။ ပြီးနောက် အေးစက်သောလေများ တိုက်ခတ်လာ၏။
ဖြစ်နိုင်သည်မှာ ....
သူတို့နှစ်ယောက်သည် အော်ရာများ ထွက်ပေါ်နေသည့် နေရာကို လှမ်းကာကြည့်ရှုလိုက်သည့် အချိန်မှာတော့ အဝေးတစ်နေရာမှ လှမ်းလျှောက်ကာလာနေသည့် ကျက်သရေရှိသော လူတစ်ယောက်၏ ပုံရိပ်ကို မြင်လိုက်သည်။
ခြေလှမ်း တစ်လှမ်းလှမ်းတိုင်း သူမ၏အောက်တွင်ရှိသော မြေပြင်တစ်ခုလုံး အေးခဲသွား၏။ တိုက်ခိုက်ရေး တည်နေရာတစ်ခုလုံးသည် ချက်ချင်းပဲ နွေရာသီအဖြစ်မှသည် အေးစက်လွန်းသော ဆောင်းရာသီ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။