အခန်း ၁၇၆၂
Vol. 118 Ch. 1762
အပိုင်း (၁၇၆၂)
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လုချင်းချင်းသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ မူလအားဖြင့် ပူလောင်လျက်ရှိနေသည့် ပတ်ဝန်းကျင်ကြီး တစ်ခုလုံးသည် ရုတ်တရက် အရိုးခိုက်အောင် အေးခဲလာခဲ့သည်။
ဟီ …..
မြင်းအနီကောင်သည် အော်ဟစ်လိုက်၏။ သူ၏ခြေထောက်အောက်တွင် မီးတောက်များ ပေါ်ထွက်လာပြီး ရေခဲဓာတ်များကို အားပျော့သွားစေ၏။
သို့ပေမဲ့ ပတ်ဝန်းကျင်တစ်ခုလုံးသည် မည်မျှ အေးခဲလှသနည်း ဆိုသည်ကို ဖော်ညွှန်းရမည်ဆိုလျှင် ပျံသန်း ရောက်ရှိလာခဲ့သည့် အလွန်ထက်လှပါသည်ဆိုသော မြားများပင်လျှင် ရေခဲလှိုင်းများကို ဖြတ်သန်းပြီးသည့်နောက် အရှိန်အဟုန် ကျဆင်းလာခဲ့သည်။
ဟပ်ချိုး
လွီပုသည် နှာချေလိုက်မိ၏။ အေးစက်လှသော ရေခဲပြင် ပတ်ဝန်းကျင်သည် သူနှင့်ကိုက်ညီသည့် အရာမျိုး မဟုတ်ချေ။ ထို့ပြင် သူသည် အဝတ်အစားကိုလည်း ဝတ်ဆင်မထားခဲ့ချေ။
အခြားတစ်ဖက်မှာတော့ လီချင်းယန်နှင့် အခြားသောသူများ အားလုံးတို့သည် သူတို့၏ စီနီယာအစ်မကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သိုးမွှေးအင်္ကျီများ၊ နားကာများကိုပင် ထုတ်ကာ ဝတ်နှင့်ပြီး ဖြစ်သည်။
ဖျောက် ဖျောက်
ထက်ရှလှသော မြားများသည် အရှိန် ကျဆင်းလာပြီးနောက် လေထုထဲတွင် ရပ်တန့်သွားသည်သာမက အေးခဲသွားခဲ့၏။ အပူထုတ်ဖော်နိုင်စွမ်း ရှိနေသည့် အနီရောင်ခန္ဓာကိုယ်ရှိသော အနီရောင်မြင်းပင်လျှင် ရေခဲကဲ့သို့ မြေပြင်ပေါ်တွင် ချော်ထွက်သွားရသည်။
ရုတ်တရက် ရောက်ရှိလာခဲ့သည့် အအေးဓာတ်ခံ သိုင်းပညာရှင်သည် အံ့အားသင့်ဖွယ် ကောင်းလွန်းလှ၏။
“အခွင့်အရေးကောင်းပဲ” စုရှောင်မို၏ မျက်လုံးများသည် လင်းလက်သွား၏။ သူသည် အလျင်အမြန်ပဲ ရေခဲပြင်စီးစကိတ်ကို ထုတ်ယူလိုက်သည်။
ဤအရာသည် မည်သည့်နေရာမှ ရရှိသနည်း ဆိုသည်ကို အထူးမေးမြန်းနေစရာပင် မလိုချေ။ ကုန်းရှန့်ဆီမှသာလျှင် ဖြစ်၏။
ဆွစ်
စုရှောင်မိုသည် သူ၏လက်များကို ဝေ့ယမ်းပြီး ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ဖိနပ်သည် ရေခဲပြင်စကိတ် ဖြစ်သောကြောင့် သူဖြတ်သန်းသွားရာ နေရာတိုင်းတွင် သေးငယ်လှသည့် မျဉ်းကြောင်းလေးနှစ်ခုက ထင်ကျန်ခဲ့၏။ သူသည် ကျွမ်းကျင်လွန်းလှသော ရေခဲပြင် စကိတ်စီးသမားကဲ့သို့ပင် အစွမ်းပြလျက် ရှိနေသည်။
ဆွစ် ဆွစ် ဆွစ်
ချောမွေ့လွန်းလှသော ရေခဲပြင် စကိတ်ကြီး၏ အကူအညီဖြင့် စုရှောင်မို၏ အမြန်နှုန်းသည် ပိုမိုကာ လျှင်မြန်လာ၏။
ဟီ …..
အနီရောင်မြင်းသည် ဦးခေါင်းကို မော့ကာဖြင့် ဟီလိုက်၏။ ရှောင်တိမ်းရန် ပြင်လိုက်သည့် အချိန်မှာပဲ သူ၏လက်များ၊ ခြေထောက်များ အားလုံးသည် မည်သို့မျှ မနေနိုင်တော့ပဲ မြေပေါ်သို့ လဲကျသွားပြန်သည်။
ရေခဲပြင်ကဲ့သို့သော ဖြစ်နေသော မြေပြင်သည် ကြီးမားသည့် အကျိုးသက်ရောက်မှုကို ပေးစွမ်း၏။ မြင်းကဲ့သို့ မြန်ဆန်လှသော သတ္တဝါပင်လျှင် လှုပ်ရှားမှုကို ကန့်သတ်ခံထားရ၏။
ဆွစ်
စုရှောင်မိုသည် အခွင့်အရေးကို အရယူလိုက်၏။ ကျန်းချီစွမ်းအင်များကို ရေခဲပြင်စကိတ်ထဲသို့ ထည့်သွင်းကာဖြင့် ပြင်းပြင်းထန်ထန် လှည့်ပတ်ပြီးသည့်နောက် တိုက်ခိုက်တော့သည်။
ဆွစ် ဆွစ် ဆွစ် …..။
ထက်ရှလှသည့် စွမ်းအင်လှိုင်းများသည် ဖြစ်တည်လာခဲ့ပြီးသည့်နောက် အနီရောင်မြင်းကြီးကို တည့်တည့် ထိမှန်၏။
လှုပ်ရှားမှု ကန့်သတ်ခြင်းကို ခံထားရပြီး အမြန်နှုန်း မည်သို့မှ မရှိတော့သော မြည်းကြီးမှာတော့ တိုကိခိုက်မှုကို ခံလိုက်ရပြီး လွင့်စင်သွားသည်။ စုရှောင်မိုသည် တိုက်ခိုက်မှု အောင်မြင်ပြီးသည့်နောက် အခွင့်အရေးကောင်းကို မဖြုန်းတီးခဲ့ချေ။ ရေခဲပြင်ထဲတွင် ပတ်ပြေးနေရင်းမှ ဆက်တိုက် တိုက်ခိုက်မှုမျိုးကို ပြုလုပ်နေလေသည်။
ဘုန်း ဘုန်း ဘုန်း
ထက်ရှလှသော စွမ်းအင်လှိုင်းများသည် အနီရောက်မြင်း၏ ခန္ဓာကိုယ်ကို ထိမှန်၏။ ထိုအရာသည် မြင်း၏ အကာအကွယ်ကို မချိုးဖျက်နိုင်ခဲ့ဘူး ဆိုသော်လည်း ပြင်းထန်လှသည့် နာကျင်မှုကိုတော့ ပေးစွမ်းနိုင်သေးသည်။
လွီပုသည် သူ၏စီးတော်မြင်းကို ဂရုမစိုက်ချေ။ ထိုအစား လုချင်းချင်းကိုသာ ပြောလိုက်၏။ "မင်းကိုကြည့်ရတာ တော်တဲ့ပုံပဲ။ ဒါပေမဲ့"
သူသည် လေးကို ဆွဲယူကာဖြင့် များပြားလှသော မြားများကို ဖန်တီးလိုက်သည်။ "အလကားပဲ "
ဝှစ် ဝှစ်
ပြောပြီးပြီးချင်းမှာပဲ များပြားလှသော မြားများသည် နတ်ဆိုးအော်ရာများကို ထုတ်ဖော်ကာဖြင့် ရှေ့ဆီသို့ ပြေးထွက်သွား၏။
"သွားစမ်း"
လုချင်းချင်းသည် အေးစက်စွာ အော်လိုက်သည်။
"ဖျောက် ဖျောက် ဖျောက် "
ရှောင်ကျီ၏ သံမဏိဒိုင်းကာကြီးသည် ရေခဲများနှင့် ဖုံးလွှမ်းသွား၏။ ဘာကိုဆိုလိုသည်ကို နားလည်ပြီးနောက် ရှောင်ကျီသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏အရှေ့တွင် ရေခဲဒိုင်းကာကြီး ဖုံးလွှမ်းသွားသောကြောင့် အလုံးစုံသော အကာအကွယ်ကို ဖန်တီးပြီး ဖြစ်နေ၏။
လီချင်းယန်နှင့် အခြားသောသူများသည်လည်း အကာအကွယ်နားဆီသို့ တဖြည်းဖြည်း တိုးလာခဲ့၏။ အနီရောင်မြင်းကြီးကို တိုက်ခိုက်လျက် ရှိနေသည့် စုရှောင်မိုပင်လျှင် ဤနေရာဆီသို့ မြန်မြန်ဆန်ဆန်နှင့် ရောက်ရှိလာခဲ့၏။ နတ်ဆိုးအော်ရာများ ထွက်ပေါ်လျက် ရှိနေသော မြားများသည် ကြောက်မက်ဖွယ် ကောင်းလှသည့် ပစ်မှတ်လိုက်စနစ် ပါဝင်နေသည့်ပုံပင်။ ပစ်မှတ်ထားခံရသူများသည် ထိုအရာ၏ တိုက်ခိုက်မှုကို မလွဲမသွေ ခံစားရမှာ ဖြစ်သည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် အတူတကွ စုစည်းပြီးသည့်နောက် အလုံးစုံ အာရုံစိုက်ကာဖြင့် ကာကွယ်လျက် ရှိနေသည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း
မြားတစ်ချောင်း၊
မြားနှစ်ချောင်း၊
မြားသုံးချောင်း။
`ဘုန်း ´ဟူသည့် အသံကြီး ထွက်ပေါ်လာပြီးသည့်နောက် မြားများသည် ပေါက်ကွဲထွက်ကုန်၏။
အား အား
ရှောင်ကျီသည် သံမဏိဒိုင်းကာကြီးကို ပုခုံးနှင်ထောက်ကာ ကာကွယ်သွားခဲ့၏။ သူ၏ခြေထောက်များသည် တဖြည်းဖြည်းနှင့် မြေထဲသို့ပင် နစ်ဝင်လာခဲ့သည်။ အကြီးဆုံး စီနီယာအစ်မကြီး၏ ရေခဲထောက်ပံ့ပေးမှုကိုသာ မရရှိပါက ဤတိုက်ခိုက်ချက်ကို ကာကွယ်ရန်မှာ ဘယ်လိုမှမဖြစ်နိုင်ချေ။
ရွှီ ရွှီ …..။
ချက်ချင်းပဲ ရီရှင်းချန်သည် သူ၏လက်နှစ်ဖက်ဖြင့် စည်းသင်္ကေတများကို ဖန်တီးပြီး လေဟာနယ်ထဲသို့ လက်ဝါးရိုက်ချက်ဖြင့် လှမ်းရိုက်လိုက်သည်။ တောက်ပလျက် ရှိနေသည့် စားလုံးရှစ်ခုသည် တည်နေရာထဲတွင် ဖြစ်တည်လာခဲ့ပြီး အားလုံး၏ ရှေ့တွင် ဒိုင်းကာကြီး တစ်ခုအဖြစ် အသွင်ပြောင်းသွား၏။
ဘုန်း …..။
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အသံကြီးသည် ထပ်မံကာ ထွက်ပေါ်လာပြီး တည်နေရာပတ်ဝန်းကျင်တွင် ရှိနေသော ရေခဲပြင်များသည် ကွဲအက်ကုန်သည်။
အားလုံးသောသူများသည် နောက်လည့်ကာ ကြည့်ရှုလိုက်မည် ဆိုပါက မြေပေါ်တွင် လဲလျက် ရှိနေသည့် အနီရောင် မြင်းကြီးကို မြင်လိုက်ရ၏။ ၎င်း၏ခန္ဓာကိုယ်သည် အနီရောင်အဖြစ်မှ မဲပြာလျက် ရှိနေ၏။ ပါးစပ်မှ အမြုပ်များ ထွက်လျက် ရှိနေပြီး တဖြည်းဖြည်းနှင့် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားတော့၏။
အစစ်အမှန်ပင် သူ့သခင်၏ မြားများနှင့် ထိမှန်ကာ သေဆုံးသွားခြင်းပင်။
လီချင်းယန်နှင့် အခြားသူများသည် မြင်းအနီရောင် အသတ်ခံရသည့်အတွက် ပျော်ရွှင်မှုတော့ မရှိကြချေ။ ထိုအစား ၎င်းတို့၏ မျက်နှာထက်တွင် ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့၏။ ဤမြင်းသည် အလွန်အားကောင်း၏ သို့ပေမဲ့ တစ်ချက်တည်း သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ ကြောက်မက်ဖွယ်ရာပင်။
"ချီးတဲ့မှ "
လွီပုသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ငါ့ရဲ့ စီးတော်မြင်းကို ထိခိုက်ရဲတယ်။ ဟုတ်လား။"
ဆွစ်
သူသည် လေထဲမှ ခုန်ဆင်းလိုက်၏။ ကြမ်းတမ်းလှသော နတ်ဆိုးအော်ရာများသည် သူ၏လက်ထဲတွင် စုဝေးလာခဲ့ပြီးသည့်နောက် ထိုစွမ်းအင်လှိုင်းများသည် တောင်ကြီးတစ်ခုကိုပင် ကွဲသည်အထိ ကြီးမားသည့် ဖိအားဒဏ်ကို ဖြစ်တည်စေသည်။
လုချင်းချင်းသည် နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီးနောက် သူ၏လက်များကို ကြက်ခြေခတ်ပုံစံ ဖန်တီးလိုက်၏။ လင်းယွမ်ခန်းမဆောင်၏ စာတမ်းသည် အသက်ဝင်သွားပြီးသည့်နောက် သူမ၏ ဆံနွယ်များ အားလုံးသည် အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွား၏။
ဝှစ် ဝှစ် ဝှစ်
လေအေးများသည် ကြက်သီးထလောက်အောင်ပင် တိုက်ခတ်လာခဲ့၏။ ထိုထဲတွင် နှင်းမှုန်များပင် ဖြစ်တည်နေသည်။ ဖြစ်တည်နေသည့် နတ်ဆိုးအော်ရာများသည် နှင်းနှင့် ရေခဲများ၏ ဖုံးလွှမ်းခြင်းကို ခံခဲ့ရပြီးသည့်နောက် ပြန်လည်ကာ အရှိန်လျော့ကျလာသည်။
လေထဲတွင် ရပ်တန့်လျက် ရှိနေသည့် လွီပုသည် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာသလို ခံစားလာမိ၏။ အရိုးကွဲအောင် အေးစက်သည့် အအေးဓာတ်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့ပြီး သူ၏ခန္ဓာကိုယ် ကြွက်သားများကိုပင် တဆတ်ဆတ်နှင့် တုန်ယင်လာစေ၏။ အလွန် အေးလွန်းသည်။
"သေစမ်း"
ထိုအချိန်မှာတော့ ရီရှင်းချန်သည် ကောင်းကင်ပေါ်သို့ ခုန်တက်ပြီးသည့်နောက် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော ကျန်းချီများကို စုစည်းကာ ပုဆန်ကြီးနှင့် လွီပု အား ခုတ်ပိုင်းလိုက်၏။
ဘုန်း ……။
ကောင်းကင်ယံသို့ ထိုးဖောက်လျက် ရှိနေသည့် အလင်းတန်းကြီးသည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး တည်နေရာတစ်ခုလုံးပင် တုန်ခါသွားစေသည်။
ဘုတ်
ရီရှင်းချန်သည် မြေပေါ်သို့ ဆင်းသက်ပြီးနောက် သွေးတစ်လုတ် အန်ထုတ်လိုက်၏။
အစောက သူသည် စကြာဝဠာ ပြောင်းပြန်လည်ခြင်း နည်းစနစ်ကို အသုံးပြုကာဖြင့် ရှောင်ကျီဆီသို့ ရောက်ရှိလာမည့် မြားများကို ကာကွယ်ပေးခဲ့၏။ သူသည် အားအင်အဆင့်များကို ထုတ်ဖော်ကာ အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။ ယခု ထပ်မံကာ တိုက်ခိုက်သည့် အချိန်မှာတော့ မည်သို့မျှ မခံစားနိုင်တော့ဘဲ သွေးများပင် အန်ထွက်လာရသည်။
လုချင်းချင်းသည်လည်း ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိခဲ့၏။ သူမသည် အသွင်အပြင်အရ အလွန်တည်ငြိမ်နေသည့် ဟန်ပန်မျိုး ရှိနေသည် ဆိုသော်လည်း တကယ်တမ်းမှာတော့ ကျန်းချီများကို အသုံးပြုကာ တစ်နေရာလုံးကို ရေခဲပြင်အဖြစ် ဖန်တီးထားရခြင်းမှာ အတော့်ကို အားစိုက်ရသည့် အလုပ်ဖြစ်၏။ ရေခဲဓာတ်သဘာဝများကို ထိန်းချုပ်သည့်နှုန်းသည်ကလည်း တဖြည်းဖြည်း လျော့ကျလာခဲ့၏။
ဘုန်း ….။
လွီပုသည် မြေပေါ်သို့ ခုန်ဆင်းလာခဲ့၏။ သူ၏မျက်နှာတစ်ခုလုံးသည် တင်းမာလျက် ရှိနေပြီး မျက်လုံးထဲတွင်လည်း ဒေါသတရားများနှင့် ထွန်းတောက်နေသည်။ " ငါ့ရဲ့ ပစ္စည်းတွေသာ အခိုးမခံရဘူးဆိုရင် မင်းတို့အနေနဲ့ ကျိန်းသေပေါက် သေသွားမယ်"
ဘုတ် ….။
သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပြိုလဲသွား၏။ ပြီးသည့်နောက် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားတော့သည်။
“ဒင် …. စိန်ခေါ်သူသည် သတ်မှတ်ချိန်အတွင်း လီပုအား တိုက်ခိုက်အနိုင်ယူခဲ့သည့် အတွက် ဂုဏ်ယူပါသည်။"
“ဒင် ….စိန်ခေါ်သူသည် S အဆင့် သူရဲကောင်း စိတ်ဝိညာဉ် ကို အနိုင်ယူ တိုက်ခိုက်နိုင်ခဲ့သောကြောင့် အဆင့်မြင့်ကျင့်ကြံသူအဖြစ် သတ်မှတ်နိုင်၏။ ထို့ကြောင့် နောက်တစ်ဆင့်တွင် SS အဆင့် သူရဲကောင်းဝိညာဉ်ကို တိုက်ရိုက် စိန်ခေါ်နိုင်သည်။ "
လွီပုပျောက်ကွယ်သွားပြီးနောက် မြေပြင်တွင် သေတ္တာတစ်လုံးက ပေါ်ပေါက်လာသည်။ အထဲတွင်တော့ အနီရောင်မြင်း ရုပ်လေးတစ်ခု ရှိလို့နေ၏။
"ကျုပ်တို့ နိုင်ပြီပဲ"
စုရှောင်မိုသည် အသာထိုင်ချလိုက်၏။ သူ၏ အားပျော့လျက် ရှိနေသည့် မျက်နှာပေါ်တွင် တောက်ပသည့် အပြုံးတစ်ခု ပေါ်နေသည်။
လီချင်းယန်သည် သေတ္တာဆီသို့ လျှောက်သွားပြီးသည့်နောက် အနီရောင်မြင်းရုပ်ကို ထုတ်ယူလိုက်၏။
"ဒါက နိုင်တဲ့အတွက် ရတဲ့ဆုလဘ်ပဲ ဖြစ်လိမ့်မယ်။ စီနီယာအစ်မကြီး ဒါကို ဘယ်လိုခွဲယူကြမလဲ"
"ဒါက ဂျူနီယာမောင်လေးရီအတွက် "
လုချင်းချင်းသည် ပြောပြီးသည့်နောက် တိုက်ခိုက်ရေး တည်နေရာဆီမှ ပျောက်ကွယ်သွားခဲ့၏။
"ဂျူနီယာညီလေးရီ"
လီချင်းယန်သည် ပြောပြီးသည့်နောက် ပစ်ပေးလိုက်သည်။
ဤတိုက်ပွဲတွင် သူသည် စွမ်းအင်အမြောက်အများ ကုန်ဆုံးခဲ့၏။ ထို့ကြောင့် မောပန်းလို့နေခဲ့၏။ အလျော့ပေးပြီးနောက် ကောင်းကင်လျို့ဝှက်နယ်မြေထဲမှ ထွက်ခွာလိုက်သည်။
"သွားကြမယ်။ သွားကြမယ်"
စုရှောင်မိုနှင့် ရှောင်ကျီတို့သည်လည်း ဤနေရာမှ ထွက်ခွာသွားခဲ့ကြ၏။ တည်နေရာထဲတွင် ရီရှင်းချန် တစ်ယောက်တည်းသာ ကျန်ရှိတော့၏။ သူသည် အနီရောင် မြင်းရုပ်ကို ကိုင်ကာကြည့်ရှုနေမိ၏။ "ကျေးဇူးတင်ပါတယ်"