← Chapters

အခန်း ၁၇၆၃

Vol. 118 Ch. 1763

အခန်း ၁၇၆၃

Vol. 118 Ch. 1763

အပိုင်း (၁၇၆၃)

လွီပုကို အနိုင်ယူပြီးသည့်နောက် လီချင်းယန် နှင့်တခြားသောသူများသည် ဆက်လက်ကာ စိန်ခေါ်ခွင့်ရှိနေ၏။ သို့မဟုတ် တခြား ပိုမိုကာ အားကောင်းသည့် သူရဲကောင်းဝိညာဉ်ကိုပင် စိန်ခေါ် နိုင်စွမ်းရှိသည်။ သို့ပေမဲ့ အားလုံးသော သူတို့သည် လျှို့ဝှက်နယ်မြေထဲမှ ထွက်ခွာရန်သာ ရွေးချယ်ခဲ့၏။ သူတို့အနေနှင့် ဆက်လက်ကာ မခိုက်ချင်တော့သောကြောင့်မဟုတ်ပေ။ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် စွမ်းအင်များသည် ထိုသို့ပြုလုပ်ရန် အခွင့်အရေးကို မပေးတော့ချေ။

ထို့အပြင် “S” အဆင့်သူရဲကောင်းဝိညာဉ်သည် မည်သည့်လက်နက်ကို ကိုင်ဆောင်ထားခြင်းမရှိဘူး ဆိုလျှင်တောင်မှ အားကောင်းလွန်း၏။ သူတို့အနေနှင့် “SS”အဆင့် သူရဲကောင်းဝိညာဉ်နှင့် သာ တိုက်ခိုက်ရမည်ဆိုပါက ကျိန်းသေပေါက် သေဆုံးသွားကြပေလိမ့်မည်။

မှန်ပေ၏။ လက်ရှိအခြေအနေမှာတော့ ကောင်းကင်လျှို့ဝှက်နယ်မြေ၏ စိန်ခေါ်မှုသည် ပြီးဆုံးသွားခဲ့၏။ တိုက်ပွဲသည် အနည်းငယ်ခက်ခဲ လှသည်ဆိုသော်လည်း သူတို့အနေနှင့် အနီရောင်မြင်းကို ရရှိခဲ့၏။

လွီပုသည် စိတ်ဓာတ်ကျလျက်ရှိနေ၏။ သူ့အနေနှင့် သူ၏ပစ္စည်းကို ပြန်လည်ရယူနိုင်ခြင်း မရှိသည့်အပြင် စီးတော်မြင်းကိုပါ ဆုံးရှုံးခဲ့သေးသည်။ တချို့သော သူများအနေနှင့် သုံးပြည်ထောင်၏ ထိပ်တန်း နံပါတ်တစ် စစ်ဗိုလ်ချုပ်ကြီးသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိကောင်း ခံစားမိပေလိမ့်မည်။ အစစ်အမှန် အားဖြင့် ကောင်းကင်လျှို့ဝှက်နယ်မြေကြီးသည် သူရဲကောင်း ဝိညာဉ်များကို အနိုင်ယူရင်း ပစ္စည်းပစ္စယများကို ရယူရန်ဖန်တီးပြုလုပ်ထားသည့်အရာပင် ဖြစ်လေသည်။

လီချင်းယန် နှင့် တခြားသောသူများသည် လက်ရှိအခြေအနေတွင် အနိုင်မယူနိုင်ဘူးဆိုလျှင်တောင်မှ ၎င်းတို့၏ သံမဏိကဲ့သို့ မာကြောလှသည့် စိတ်ဓာတ်ကြောင့် တချိန်ချိန်တွင် မနှေးမမြန်ဆိုသလို ပြန်လာပြီး တိုက်ခိုက်ကြမှာ သေချာ၏။ လွီပုသည် တချိန်ချိန်တွင် ကျိန်းသေပေါက် ရှုံးနိမ့်ပေလိမ့်မည်။

လွီပုတင် မကသေးချေ ကွမ်ယု၊ ဟုန်ကျိုး နှင့် တခြားသောသူများအားလုံးသည်လည်း ဤကဲ့သို့ စိန်ခေါ်မှုကို ခံရမှာသေချာ၏။ ၎င်းတို့အနေနှင့် အဆုံးသတ်တွင် လက်နက်များဆုံးရှုံးမှုကို မည်သို့မျှ ရှောင်လွှဲ၍ ရနိုင်လိမ့်မည်မဟုတ်ချေ။ ထို့အပြင် သူတို့၏ တိုက်ခိုက်နိုင်မှုအားအင်အဆင့်သည် အကန့်အသတ်ဖြင့်တည်ရှိနေပြီး ပြိုင်စံရှားဂိုဏ်း၏ တပည့်များမှာတော့ ဆက်တိုက်ဆိုသလို တိုးတက်လာနေသည်။

ဟုတ်ပေ၏။ ဤသူရဲကောင်းစိတ်ဝိညာဉ်များ သည် ၎င်းတို့၏ ကိုယ်ပိုင်အသိစိတ်တော့ တည်ရှိနေ၏။

ဥပမာအားဖြင့် ရှေးစစ်သူကြီး ကျန့်ဝေ ဆိုလျှင် လွီပုနှင့် တိုက်ခိုက်နိုင်သည့် စွမ်းရည်မရှိကြောင်း သူ့ကိုယ်သူ သိရှိသည်။ ရီရှင်းချန် ကိုင်ဆောင်ထားသော ပုဆိန်နှင့် ချပ်ဝတ်သည် လွီပု၏ လက်နက်များဖြစ်ကြောင်း မြင်ရချိန်မှာတော့ တိုက်ပွဲမှ တစ်ခါတည်း ထွက်ပြေးရန် ရွေးချယ်ခဲ့သည်။

“မယုံကြည်နိုင်စရာပဲ” လွီပုကို အနိုင်ရရှိခဲ့ခြင်းဆိုသည်မှာ အားလုံးသောသူတို့သည် စုပေါင်းကာ အလုပ်လုပ် ခဲ့သောကြောင့်ပင်။ သို့ပေမဲ့ အားလုံးတို့သည် အနီရောင်မြင်းကြီးကို ရီရှင်းချန်အား ပေးအပ်ခဲ့၏။ ဤအရာမှာ ကြီးမားလှသည့် မိသားစုကြီးအနေနှင့် ချစ်ခြင်းမေတ္တာများဖြင့် ထုံးလွှမ်းလျက်ရှိနေကြောင်းကို ပြသနေခြင်း ပင်။ သူတို့သည် အကျိုးအမြတ်ကို ဂရုမစိုက်ကြချေ။ ရရှိနိုင်သည့် ဆုလာဒ်များကို သင့်တော်သည့်သူကိုသာ ပေးအပ်ခဲ့၏။

ပုဆိန်၊ ချပ်ဝတ်နှင့် အနီရောင်မြင်းကြီးသည် ရီရှင်းချန်၏ လက်ထဲသို့ ရောက်ရှိလာခဲ့၏။ ထို့ကြောင့် ရီရှင်းချန် သည် အမှန်ပင် စိတ်ထဲ၌ ခံစားနေမိ၏။ သူ့အနေနှင့် ဤကဲ့သို့ သူ့ကိုဂရုစိုက်လှသော ဂိုဏ်းတူရောင်းရင်းနှင့် ဂိုဏ်းတစ်ခုတည်ရှိရခြင်းကို အဘယ့်သို့ မနှစ်သက်ဘဲ နေမည်နည်း။

အမျိုးသမီးတစ်ယောက်အတွက် ပြိုင်စံရှားဂိုဏ်းထဲမှ ထွက်ခွာခဲ့ရသည့် ကျောက်အခန်းထဲမှ မြင်ကွင်းကို ပြန်လည်ကာ မြင်ယောင်ပြီးသည့်နောက် သူသည် အေးစက်စက်ပြောလိုက်သည်။ “ဒီလိုကိစ္စမျိုးက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ ငါ ရီရှင်းချန် ကပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ။ တသက်လုံး ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်အဖြစ် ဖြစ်လိမ့်မယ်”

……….

လက်ရွေးစင် တပည့်များအနေဖြင့် ကောင်းကင်လျှို့ဝှက်နယ်မြေကြီးတွင် ဝင်ရောက်ကာ စိန်ခေါ်ခြင်းသည် ခဏတာ အဆုံးသတ်သွားခဲ့၏။

လွီပုသည် အမှန်ပင် ရင်ဆိုင်ရခက်ခဲလွန်းလှသူ တစ်ယောက်ဖြစ်၏။ ၎င်းတို့၏ အကောင်းမွန်ဆုံးသော အခြေအနေကို ပြန်လည်မရောက်ရှိသေးဘဲနှင့် အထဲသို့ဝင်ရောက်ကာ စိန်ခေါ်ရန် ရည်ရွယ်ချက်မရှိကြချေ။ အားလုံးသော သူတို့သည် ကျင့်ကြံခြင်းကိုအာရုံစိုက်ကာဖြင့် အားမွေးလျက်ရှိသည်။

“အင်း”

စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် မျက်နှာအသားအရေကို လှပစေနိုင်သော မျက်နှာကပ်ခွာ အား အသာချွတ်ကာဖြင့် အံ့အားတသင့် မေးလိုက်၏။ “အဲတာဆိုရင် လွီပုလည်း ရှိနေသေးတာပေါ့”

“ဂိုဏ်းချုပ်”

စုရှောင်မိုသည် လေးလေးနက်နက်အမူအယာဖြင့် ပြောလိုက်သည်။ “အဲလူက အရမ်းကို ကြမ်းတမ်းတယ်။ အကြီးဆုံး စီနီယာအစ်မကြီးသာ ပေါ်မလားဘူးဆိုရင် အားလုံးဒုက္ခရောက်နိုင်တယ်”

သေချာပေ၏။ ဤကဲ့သို့သော အခြေအနေမျိုးရောက်ရှိလာသည့်နေရာတွင် စုရှောင်မိုသည် ကျိန်းသေပေါက် တစ်လုံးတစ်ပါဒကိုမှမကျန် ဂိုဏ်းချုပ်ဆီ သတင်းပို့လျက်ရှိ၏။

“သူဘာပေးခဲ့လဲ”

“အနီရောင်မြင်းရုပ်”

“ဘယ်သူယူသွားလဲ”

“ဂျူနီယာညီလေးရီပေါ့”

ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်ကို လှမ်းခေါ်ကာပြောလိုက်၏။ “အဲတာက မြည်းလား၊ မြင်းလား။ ထုတ်ကြည့်လိုက်အုံး”

ရီရှင်းချန်သည် ဘေးတစ်ဖက်တွင် ရပ်လျက်ရှိနေသည့် စုရှောင်မို လှမ်းကြည့်ကာ တွေးလိုက်သည်။ ဒီလူ တစ်နေကုန် အတင်းပတ်ပြောနေတာ မမောဘူးလားမသိဘူး”

ဟုတ်ပေသည်။ ဂိုဏ်းချုပ်က မြင်ချင်သည်ဆိုမှတော့ သူက ဆင့်ခေါ်ရပေလိမ့်မည်။ အချက်အလက် အားဖြင့် ထိုအရာနှင့်ပတ်သက်၍ ရီရှင်းချန် ကလည်း သိချင်လျက်ရှိနေ၏။ ဤအရာသည် လျှို့ဝှက်နယ်မြေ ထဲတွင် တွေ့ကြုံခဲ့ရသည့် အနီရောင်မြင်းကဲ့သို့ပင် အားကောင်းလှသည့် အကောင် ဖြစ်နေသည်လား။

……………

အဓိက ဟောခန်း၏ အပြင်ဘက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် စုဝေးလျက်၏။

“……….”

ရီရှင်းချန် သည် ဆွံ့အလျက်ရှိ၏။ အနီရောင်မြင်းကို ဆင့်ခေါ်ခြင်းကိစ္စ မဟုတ်လား။ အဘယ့်ကြောင့် ဤမျှ များပြားလှသည့်လူများ လာရောက်ကာ ကြည့်ရှု့ရန် လိုအပ်နေရသနည်း။

ကျွင်းချောင်ရှောင်းသည် တပည့်များအားလုံးကို ခေါ်ယူခဲ့ခြင်းသာဖြစ်၏။ ရည်ရွယ်ချက်သည် ကောင်းကင်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီး လက်နက်ပစ္စည်းများကို ရယူလျှင် ပိုမိုကာ အားကောင်းလာမည် ဆိုသည်ကို သိရှိစေချင်သောကြောင့်ပင်။

“လာခဲ့ကြ”

ကုန်းရှန့် က ပြောလိုက်သည်။ “အားလုံး မျက်လုံးကို ဖွင့်ပြီးကြည့်ကြ”

ဟူး……

ရီရှင်းချန် သည် အသက်ကိုပြင်းပြင်းရှုပြီးသည့်နောက် အရုပ်ကို ထုတ်ယူလိုက်၏။ ဤပစ္စည်းသည် အလွန်ပင် သပ်ရပ်လှသည့် လက်ရာဖြင့် ဖန်တီးပြုလုပ်ထားသည့် အရာဖြစ်ပြီး သော့တစ်ချောင်းလည်း ပါဝင်၏။

ဒွီး…

စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာပေါင်းစပ်လိုက်ပြီးသည့်နောက် …..။

ဘန်း….

အရုပ်သည် ရုတ်တရက် ပေါက်ကွဲထွက်သွား၏။ ချက်ချင်းပဲ လေလှိုင်း အဟုန်များ ဖြစ်တည်လာခဲ့ပြီး ရီရှင်းချန်ကို ဖုံးလွှမ်းသွားခဲ့သည်။

“ဘယ်လောက်အားကောင်းလှတဲ့ နတ်ဆိုး အော်ရာတွေလဲ” ရောင်မုန့်ယဉ်သည် ထအော်လိုက်မိ၏။

ဟီ…..

ရုတ်တရက် ကျယ်လောင်လှသော ဟီသံကြီး ထွက်ပေါ်လာခဲ့၏။ နတ်ဆိုးချီများ ဖုံးလွှမ်းလျက်ရှိနေသည့် တည်နေရာကြီးထဲတွင် ခြေလေးချောင်း၌ မီးတောက်များ ဖုံးလွှမ်းလျက်ရှိနေသည့် စစ်မြင်းကြီး တစ်ကောင် ပေါ်လာသည်။

လီချင်းယန်နှင့် တခြားသောသူများတို့သည် ထိုမြင်းကြီးကို မြင်ရသည့်အချိန်မှာတော့ ရုတ်တရက် ဆန်းကြယ်သည့် ခံစားမှုမျိုးကို ခံစားနေရ၏။

ဆွစ်

ရီရှင်းချန် သည် မြင်းပေါ်သို့ ခုန်တက်ပြီးသည့်နောက် လက်ပေါ်တွင်ရှိနေသည့် လင်းယွမ်ခန်းမဆောင်၏ စာသားကို အသက်သွင်းလိုက်၏။ ပြီးနောက် လေဟာနယ်ထဲသို့ လက်လှမ်းပြီး ပုဆိန်ကြီးကို လှမ်းယူလိုက်၏။ ပစ္စည်းပစ္စယအစုံကို ဝတ်ဆင်ပြီးသည့်နောက် သူသည် စစ်ပွဲများထဲက အစစ်အမှန် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စစ်သူကြီးတစ်ယောက်ကဲ့သို့ပင်။

“အခုမှ ပြည့်စုံသွားတာပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ဟီ .... ဟီ .....

ထိုအချိန်မှာတော့ အနီရောင်မြင်းကြီးသည် ဟီလိုက်၏။ သူ၏ခြေထောက်အောက်တွင် ရှိနေသော မီးတောက်များသည် အသက်ဝင်လာ၏။

ရီရှင်းချန်သည် မြင်းကြီးကို စီးနင်းကာဖြင့် ကောင်းကင်ပေါ်သို့ ပျံတက်လိုက်သည်။

“ချီးတဲ့မှ”

တပည့်များသည် အံ့အားသင့်သွားကြ၏။ “ဒါက ပျံနိုင်တာလား”

ကျွင်းချောင်ရှောင်းမှာမူ အံ့အားမသင့်ချေ။ ထို့အပြင် လက်ရွေးစင်တပည့်များအားလုံးကို သတ်ဖြတ်လုနီးပါး ရှိနေသည့် သားရဲတစ်ကောင်ဖြစ်သည်မို့ ကျိန်းသေပေါက် အားကောင်းရလိမ့်မည်။

“အင်း.. သွေးတွေတောင် ဆူဝေလာပြီ”

အနီရောင်မြင်းကြီးကို စီးနင်းပြီးသည့်နောက် ရီရှင်းချန် ၏ မျက်လုံး များသည် စိတ်အားတက်ကြွမှုများနှင့် တောက်ပနေ၏။ လက်ရှိအခြေအနေမှာတော့ သူ ဤပစ္စည်း အားလုံးနှင့် တစ်သားတည်းဖြစ်တည်နေသည်ဟု ခံစားနေမိ၏။

“လာခဲ့တော့”

ရီရှင်းချန်သည် စိတ်ဝိညာဉ်သားရဲဟောခန်း၏ ကောင်းကင်ယံထက်တွင် ရပ်လိုက်၏။ ပြီးနောက် အောက်တွင် အင်္ကျီချုပ်လျက်ရှိနေသည့် ခရမ်းရောင်ဘုရင်ကို လှမ်းကြည့်ကာ စိန်ခေါ်လိုက်သည်။ “တိုက်ခိုက်ကြရအောင်”

လက်နက်အသုံးအဆောင်ပစ္စည်းအားလုံး ရရှိနေပြီဖြစ်သောကြောင့် သူသည် အမှန်ပင် မောက်မာလျက်ရှိ၏။

“ဟမ့်”

ခရမ်းရောင်ဘုရင်သည် သူ၏ အပ်ချည်များထားရာပုံးကို သေသေချာချာသိမ်းဆည်းပြီးသည့်နောက် ခေါင်းကို ခါယမ်းကာပြောလိုက်သည်။ “တကယ် မောက်မာတဲ့ကောင်ပဲ”

ဆွစ်

ပြီးနောက် စိတ်ဝိညာဉ်သားရဲဟောခန်း၏ အပြင်ဘက်ဆီသို့ လှမ်းခုန်တက်လိုက်၏။

ရီရှင်းချန် သည် အနီရောင်မြင်းကြီးကို စီးနင်းကာဖြင့် ပုဆိန်ကြီးကို ကိုင်ဆွဲရင်း ရောက်ရှိလာ၏။ အမြန်နှုန်း သည် အလွန်တရာ မြန်ဆန်လွန်းလှပြီး မီးတောက်လုံးကြီးတစ်ခုကဲ့သို့ပင်။

ကျွင်းချောင်ရှောင်းမှာတော့ အဓိကဟောခန်းကြီးရှေ့တွင် ထိုင်ကာဖြင့် နေကြာစေ့ စားလျက်ရှိသည်။ သူက တွေးလိုက်မိသည်။ လွီပုရဲ့ ပစ္စည်းပစ္စယ အစုံနဲ့ဆိုရင် ရှင်းချန်ကို ဟောခန်းသခင်ကျိ ယှဉ်နိုင်မှာ မဟုတ်လောက်ဘူး။

ဒွီ..ဒွီ…

ရုတ်တရက် သူ၏နားထဲတွင် သတိပေးသည့်အသံများ ထွက်ပေါ်လာခဲ့၏။

ကျွင်းချောင်ရှောင်း သည် ချက်ချင်းပဲ ဂိုဏ်းထဲမှ ထွက်ခွာသွားပြီးနောက် ထာဝရရွက်သင်္ဘောကြီးဆီသို့ ရောက်ရှိသွား၏။ ရွက်သင်္ဘောထဲရှိ မြေပုံမြင်ကွင်းပေါ်တွင် အလင်းစက်လေးတစ်ခုက မြန်မြန်ဆန်ဆန်နှင့် ချည်းကပ်လျက်ရှိသည်ကို သူက မြင်လိုက်ရ၏။ ၎င်းအလင်းစက်၏ နောက်မှာ ဒါဇင်နှင့်ချီ အလင်းစက်များ တည်ရှိနေသည်။ သူသည် ပုံရိပ်ယောင်ကို အကြီးချဲ့ကြည့်လိုက်သည်။

ဒွီ….

မြေပုံပေါ်တွင် ပုံရိပ်ယောင်ကြီးတစ်ခု ဖြစ်တည်လာ၏။ ဤအရာသည် ကျယ်ဝန်းလှသည့် စကြဝဠာကြီး တစ်ခုလုံးကို ပြသထားခြင်းဖြစ်ပြီး စောနက ဖြစ်တည်နေသည့်အလင်းစက်သည် ဥက္ကာခဲ မဟုတ်ချေ။ အလင်းတန်းကဲ့သို့ ပြေးလွှားလျက်ရှိသည့် သိုင်းကျင့်ကြံသူတစ်ယောက်ပင်။ တိတိကျကျပြောရမည်ဆိုလျှင် အထက်စကြဝဠာထဲတွင် ပျံသန်းနိုင်သည်ဆိုမှတော့ ထိုသူ၏ အားအင်အဆင့်သည် နတ်ဘုရားလျှို့ဝှက် နယ်မြေထဲသို့ ခြေလှမ်းဝက်ဝင်ပြီးသား လူသာဖြစ်ပေလိမ့်မည်။

“အကြီးချဲ့ပြီး ကြည့်အုံး” ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။

ဆွစ်

ပုံရိပ်သည် တဖြည်းဖြည်းနှင့် ချဲ့ထွင်လာခဲ့၏။ အလင်းတန်းများသည် တဖြည်းဖြည်း ကြည်လင် ရှင်းလင်း လာ၏။ အရှေ့ဆုံးမှ ပျံသန်းနေသည့်သူသည် အမျိုးသမီးတစ်ယောက်ဖြစ်၏။ မျက်နှာတစ်ခုလုံးသည် ဖြူလျော်လျက် ရှိနေပြီး ဒဏ်ရာရရှိထားပုံလည်းပေါ်၏။

သူမ၏နောက်တွင် လိုက်ပါလာသည့် အလင်းတန်းများ ကလည်း မနည်းလှချေ။

………..

ဘုန်း ဘုန်း

စိတ်ဝိညာဉ်သားရဲတောင်ထွတ်ပေါ်၌ ရီရှင်းချန် နှင့် ခရမ်းရောင်ဘုရင်တို့သည် တိုက်ခိုက်နေကြ၏။ လက်နက် အစုံ ကို ဝတ်ဆင်ထားခဲ့ပြီဖြစ်သောကြောင့် ရီရှင်းချန်သည် အသာစီးထားယူကာ တိုက်ခိုက်နေ၏။

“ယုစီနန်၊ ကုန်းစွန်းဟုန့်.. ရွက်သင်္ဘောဆီကို မြန်မြန်လာကြ” ရုတ်တရက် ကျွင်းချောင်ရှောင်း၏ အသံသည် ဂိုဏ်းတစ်ခုလုံးသို့ ပြန့်နှံ့သွားသည်။

ရီရှင်းချန် နှင့် ခရမ်းရောင်ဘုရင်တို့သည် ချက်ချင်းရပ်တန့်သွား၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့်အမူအရာများ ဖြစ်တည်လာ၏။ ဂိုဏ်းချုပ်၏ လေသံသည် တည်ငြိမ်နေသည်ဆိုသော်လည်း ကြီးမားလွန်းလှသည့် ဒေါသတရားများနှင့် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပါဝင်နေသောကြောင့်ပင်။

ဆွစ် ဆွစ်

ချက်ချင်းပဲ ပြိုင်စံရှားဂိုဏ်းမှ အထက်ပိုင်းအကြီးအကဲများ အားလုံးသည် ရောက်ရှိလာခဲ့ကြ၏။ ထင်မှတ်ထားသည့် အတိုင်းပင်။ ၎င်းတို့သည် မြေပုံပေါ်တွင်ရှိနေသည့် ပုံရိပ်ယောင်များကို ကြည့်ရှု့လိုက်၏။

“ခေါင်းဆောင်” ကုန်းစွန်းဟုန့်သည် အလန့်တကြား ထအော်လိုက်သည်။

မှန်ပေသည်။ မြေပုံပေါ်တွင် ပေါ်နေသည့် အမျိုးသမီးသည် ကျောက်ရုပ်ထုမျိုးနွယ်၏ ယခင်ခေါင်းဆောင်ဟောင်း ဖြစ်သလို လက်ရှိ ထာဝရလောကကြီး၏ ပိုင်ရှင်ဖြစ်သော ကုန်းရှန့်၏ အဖေပင် ဖြစ်လေ၏။

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွားသည်။ “ဒီလူတွေက မိုးကောင်ကင်နတ်ဆိုး အင်ပါယာရဲ့ နောက်လိုက်တွေပဲဖြစ်ရမယ်”

All Chapters