ဝိညာဉ်လေးလည်း နိုးလာပြီ
Vol. 129 Ch. 1799
သတ္တုကြော တစ်ခုခုဖြစ်နေပြီ….
မုရုန်ဟွေ့နှင့် ရှီမာယူယူတို့သည် ထိုတစ်ခွန်းတည်းနှင့်တင် တုန်လှုပ် သွားကြသည်။ သူတို့သည် ထိုသတ္တုကြောကို ဒုက္ခမျိုးစုံဖြင့် ရှာတွေ့ခဲ့ရာ တခြားသူများကို လက်ဦးမသွားစေလိုပေ။
“အခုပဲလာမယ်” မုရုန်ဟွေ့သည် ပြောပြီးနောက် အဆက်အသွယ်ဖြတ် လိုက်သည်။ ပြီးနောက် သားရဲပျံကိုခေါ်ထုတ်လိုက်သည်။
“အဖေ သတ္တုကြောက ဒီကနေဆိုဝေးတယ် အချိန်မှီမရောက်နိုင်လောက် ဘူး” ရှီမာယူယူသည် သူ့ကိုတားပြီးပြောလိုက်သည်။
“သမီးမှာ တခြားနည်းလမ်းရှိလို့လား” မုရုန်ဟွေ့ မေးလိုက်သည်။
“ရှိတယ် မိုကျိ ကျွန်မကိုကူပါဦး” ရှီမာယူယူ ပြောလိုက်သည်။
မိုကျိ မျက်ခုံးများကို ပင့်လိုက်သည်။ အင်း… သူမက သူ့ကို အသုံးချမယ့် နေရာကျတော့လည်း သဘာဝကိုကျနေတာပဲ။
သို့သော် သူသည် သူမ ဖြတ်လမ်းဝင်္ကပါတည်ဆောက်ရန် ကူညီပေးတုန်း ပင်။ ထိုဖြတ်လမ်းဝင်္ကပါသည် သူ့အတွက်မခက်ခဲပေ။ ရှီမာယူယူ၏ အကူအညီ နှင့် ဖြတ်လမ်းဝင်္ကပါသည် နာရီဝက်အတွင်း စီမံပြီးလေသည်။
အားလုံးသည် ဖြတ်လမ်းဝင်္ကပါအတွင်းဝင်လိုက်ပြီး မကြာမီတွင် သူတို့ ရှိနေသည့်နေရာမှ ပျောက်ကွယ်သွားကြတော့သည်။
သူတို့ ဖြတ်လမ်းဝင်္ကပါမှထွက်လာချိန်တွင် နယ်စားအိမ်တော်မှ တပ်သား များသည် အနက်ဝတ်လူများနှင့် တိုက်ခိုက်နေသည်ကိုမြင်လိုက်ရသည်။
“သမီး ဒီမှာနေခဲ့ ကျန်တဲ့လူတွေ ငါနဲ့လိုက်ခဲ့ တိုက်မယ် သတ်ကြ” မုရုန်ဟွေ့သည် ပြောပြီးနောက် တပ်သားများနှင့် ဝင်တိုက်လေသည်။
ရှီမာယူယူသည် ကူညီချင်သည်။ သို့သော် ယွမ်ယွမ်မှတားလေသည် “မင်း အဖေက အရမ်းအားကောင်းတယ် ဝင်မပါနဲ့ ဒီမှာနေ ငါတို့မင်းကို ကာကွယ်ပေး မယ်”
“ကျွန်မ…” သူမတွင် စာချုပ်သားရဲများရှိသည်ဟု ရှီမာယူယူ ပြောချင်မိ သည်။ သို့သော် မိုကျိသည်လည်း သူမကို လက်မခံသလို ကြည့်သည်။ မုရုန်ဟွေ့နှင့် တခြားသူများ ပါလာသဖြင့် ထိုဘက်မှ တိုက်ပွဲအခြေအနေသည် ပြောင်းပြန်ဖြစ်သွားသဖြင့် သူမ ခေါင်းမာမနေတော့ပေ…
“အဲလူတွေက လျောင်ပြည်နယ်ကလူတွေနဲ့မတူဘူး” မုကျိသည် ထိုလူ များကို ခေတ္တမျှစစ်ဆေးကြည့်ပြီး ပြောလိုက်သည်။
“ကျွန်မမှန်းတာ မမှားရင် အဲလူတွေက မင်းသား ၇ ရဲ့လူတွေပဲဖြစ်မယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီ မင်းသား ၇ ကိုရှင်တို့သိလား”
“မင်းသား ၇ လား ဘာလို့ သူလို့ထင်တာလဲ သူက ဒီလိုကိစ္စတွေကို ဘယ်တော့မှ ဝင်မပါဘူး” ယွမ်ယွမ်မယုံပေ။
“ရှင်လည်း သူ့ကိုသိတာလား” ရှီမာယူယူသည် သူ့ကိုလှည့်ကြည့်လိုက် သည်။
“ရင်းတော့မရင်းနှီးဘူး ဒါပေမဲ့ ယွိတိုင်းပြည်ကြီးမှာတော့ မင်းသား ၇ ရဲ့ ဂုဏ်သတင်းက ကောင်းတယ် မင်းသား ၇ က နူးညံ့ပြီး ရည်မွန်တယ် ဒီလိုမျိုး နိုင်ငံရေးကိစ္စတွေကို ဝင်ပါခဲတယ်လို့ အကုန်လုံးကပြောကြတယ်” ယွမ်ယွမ် ပြောလိုက်သည် “ငါလည်း သူ့ကို တစ်ခါတစ်ခါတော့တွေ့ဖူးတယ် ငါ သူ့အပေါ် အမြင်ကလည်း အဲဒီသတင်းတွေအတိုင်းပဲ”
ရှီမာယူယူသည် ခေါင်းပြန်လှည့်ပြီး မုရုန်ဟွေ့နှင့် အနက်ဝတ်လူများကို ဆက်ကြည့်ပြီး ပြောလိုက်သည် “တည်ဆောက်မှုထဲမှာတုန်းက ရှောင်မျိုးနွယ် ခေါင်းဆောင် ပြောခဲ့တာကို ရှင်တို့မေ့သွားပြီနဲ့တူတယ်… မင်းသား ၇ က ရှင် ပြောသလိုကောင်းနေတယ်ဆိုရင် ဒီလိုကိစ္စတွေဖြစ်လာမှာမဟုတ်ဘူး”
“ဟုတ်တယ်” ယွမ်ယွမ်လည်း ထိုအချက်ကို တွေးမိချိန်တွင် ဖြစ်နိုင်ချေရှိ သည်ဟု ထင်မိသည်။
“ကြည့်ရတာ သတင်းတွေက အမှန်ဖြစ်တဲ့ပုံပဲ မင်းသားက ဒဏ်ရာရထား ပြီး ပြန်မကောင်းသေးဘူး မင်းသားတွေ အကုန်လုံးက စပြီးလှုပ်ရှားနေကြပြီ” မိုကျိ ရွေရွတ်လိုက်သည်။
“အဖေက ဒီထဲကိုဝင်ပါချင်တာမဟုတ်ဘူး ဒါပေမဲ့ သူက ဆွဲချခံရတာပဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည်။
“နယ်စားက အဲလောက် အားမကောင်းပေမဲ့ မင်းအဖေရဲ့ ထောက်ပံ့မှုရ ရင် မင်းအမေရဲ့ ထောက်ပံ့မှုကိုရလိုက်သလိုပဲလေ မင်းသားက ပုလ္လင်ယူတဲ့ အချိန် ဒါကိုထည့်စဉ်းစားမှာပဲ” ယွမ်ယွမ် ပြောလိုက်သည် “မင်းအဖေက သူတို့ ဘက်မှာမရပ်ချင်ရင် မင်းသားတွေက မင်းအဖေကို တိုက်ခိုက်ပြီးတော့ ဒီ ဆူးညှောင့်ကိုဖယ်ရှားမှာပဲ”
“အမေ.. အိုး အဖေ အခုဆို အဲလိုမျိုးအဆင့်အတန်းမြင့်တဲ့လူကို လက်ထပ်မိလို့အဖေ နောင်တရနေပြီလားမသိဘူး သူသာရွေးချယ်ခွင့်ရှိမယ် ဆိုရင် အမေ့ကို သာမာန်လူပဲဖြစ်စေချင်မယ်ထင်တယ်” ရှီမာယူယူ ပြောလိုက် သည်။
“မင်းအမေရဲ့ သရုပ်မှန်က တကယ် အဲလူတွေကို အရှက်မရှိတဲ့အတွေး တွေ တွေးမိစေတာပဲ ပြီးတော့ မင်းဦးလေးရဲ့ ထောက်ပံ့မှုကလည်း လွှမ်းမိုးနိုင် တယ်” မိုကျိ ပြောလိုက်သည်။
“ကျွန်မဦးလေးကလည်း မင်းသားပဲလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ် ဒါပေမဲ့ မင်းဦးလေးရဲ့တိုင်းပြည်က ယွိတိုင်းပြည်ထက်ပိုပြီး အားကောင်းတယ် နောက်ကျရင် မင်းသူတို့နဲ့ ဆက်သွယ်ရလိမ့်မယ်” မိုကျိ ထောက်ပြလေသည်။
ရှီမာယူယူ ခေါင်းညိတ်လိုက်ရာ သူတို့နှစ်ယောက်သည် အဓိပ္ပာယ်ကို နားလည်သွားကြသည်။
တိုက်ပွဲသည် တစ်နာရီကျော်ကြာသည်။ ခက်ခဲသော်လည်း အနက်ဝတ် လူများအားလုံး အသတ်ခံလိုက်ရသည်။
“အဖေ ဘယ်လိုနေလဲ” ရှီမာယူယူ ပျံသွားရာ မုရုန်ဟွေ့ သွေးများဖြင့် ပေကျံနေသည်ကို မြင်သောအခါ ဒဏ်ရာကို စိုးရိမ်မိသွားသည်။
“ဘာမှမဖြစ်ဘူး ဒီအတိုင်းအရေပြားပဲ ထိသွားတာ” မုရုန်ဟွေ့သည် သူ၏ ညာဘက်လက်ကိုထိလိုက်ရာ သွေးများသည် လက်ချောင်းများတွင်ပေလာ သည်။
“အဖေ သွေးထွက်နေတယ် ဒဏ်ရာကို အရင်ဆေးစည်းရအောင်” ရှီမာယူယူသည် ပတ်တီးအဖြူများကို ထုတ်ပြီး သူ့လက်မောင်းကို စည်းပတ်ပြီး ဆေးတစ်လုံးတိုက်လိုက်သည်။
တခြားဒဏ်ရာရသော တပ်သားများလည်း သူတို့၏ဒဏ်ရာများကို ကုသ ကြသည်။
သူတို့သည် အဆုံးအရှုံးများသွားသော်လည်း သတ္တုကြောကိုတော့ ကာကွယ်လိုက်နိုင်သည်။
မုရုန်လင်းပါ ဒဏ်ရာရသည်ကို ရှီမာယူယူ မြင်သောအခါ မုရုန်ဟွေ့ကို ပတ်တီးစည်းပေးပြီးနောက် သူ့ကိုလည်း ပတ်တီးစည်းပေးရန် သွားလိုက်သည်။
“ဦးလေးလင်း ဘယ်လိုနေလဲ”
“အဆင်ပြေပါတယ် ကျေးဇူးတင်ပါတယ် သခင်မလေး”
“ဦးလေးလင်း ဒါက ဘယ်လိုဖြစ်ပြီး… ရှောင်မျိုးနွယ်က ဘယ်လိုဖြစ်တာ လဲ” ရှီမာယူယူ မေးလိုက်သည်။
သူမ မုရုန်ဟွေ့နှင့် ယွဲ့ရှီတောင်ကြားသို့ လာစဉ်က မုရုန်လင်းသည် မြို့ တွင်နေခဲ့ပြီး သူနှင့်သွားတွေ့ခဲ့သည်။ ရှောင်မျိုးနွယ်ဟု သေချာသည်နှင့် သူ သည် ရှောင်မျိုးနွယ်ကို ဖျက်ဆီးရန် လူများခေါ်သွားခဲ့သည်။ ထို့နောက် သူသည် မုရုန်ဟွေ့ကို ကူညီရန် ဤနေရာသို့ လူများခေါ်လာခဲ့သည်။
သူရှိနေခြင်ြးကြောင့် မုရုန်ဟွေ့သသည် သူမကို အတွင်းဒေသသို့ လာရှာ နိုင်ခြင်းဖြစ်သည်။
သူမနှင့် ရှောင်ရော့ပိုင်တို့ ဆက်ဆံရေးကောင်းကြသည်ကို မုရုန်လင်း သိသဖြင့် ပြောလိုက်သည် “ရှောင်မျိုးနွယ် မရှိတော့ဘူး”
“တကယ်ပဲ” ရှီမာယူယူသည်လည်း ရလဒ်ကိုခန့်မှန်းမိသည် “ရော့ပိုင် ရော သူမ ရှိတဲ့နေရာကို စုံစမ်းလို့ရလား”
“ကျုပ်တို့လည်း သတင်းရပြီးတော့ စုံစမ်းဖို့လူလွှတ်လိုက်တယ် သူမကို တော်ဝင်မြို့တော်ကို ခေါ်သွားကြတယ်ထင်တယ်” မုရုန်လင်း ပြောလိုက်သည် “တော်ဝင်မြို့တော်က အစောင့် တင်းကြပ်တယ် သူမ ရှိတဲ့နေရာကို ရှာဖို့ ခက်လောက်တယ်”
“သူမ အသက်ရှင်တာကို သိရရင်ပြီးတာပါပဲ နောက်မှ စုံစမ်းဖို့မလိုတော့ ပါဘူး” ရှီမာယူယူသည် နှုတ်ခမ်းတွန့်ပြီး ဆက်မမေးတော့ပေ။
မုရုန်ဟွေ့သည် နောက်ပိုင်းကိစ္စများကို ရှင်းရန်ထွက်သွားပြီး ဒဏ်ရာရသူ သူများကို စီမံပေးပြီး ကျန်လူများကိုနားခိုင်းသည်။
အားလုံးပြီးသွားချိန်တွင် သူ ရှီမာယူယူဆီသို့ လာပြီးပြောလေသည် “ဒီက ကိစ္စတွေက ပြီးဖို့ကြာဦးမှာ သမီးကိုပြန်ပို့ဖို့လူစီစဉ်ပေးမယ်”
“မလိုတော့ဘူး အဖေ သမီး သူတို့နဲ့ပြန်လိုက်မယ်” ထိုနေရာတွင် သူ ဂရုစိုက်ရမည့်ကိစ္စများစွာရှိသည်ကို ရှီမာယူယူသိသည်။ သူမသည်လည်း ဤနေရာတွင် အချိန်မဖြုန်းချင်တော့ပေ။ သူမ နယ်စားအိမ်တော်ကို ပြန်လိုက် လျှင် ပို၍ကောင်းကောင်းကျင့်ကြံနိုင်သည်ကိုတော့ ပြောရန်မလိုတော့ပေ။
မုရုန်ဟွေ့သည် အနည်းငယ် စိုးရိမ်မိသည်။ သို့သော် သူမ တောင်းဆိုနေ သဖြင့် ဘာမှမပြောတော့ဘဲ မိုကျိတို့နှင့်သာ ပြန်ခိုင်းလိုက်သည်။
ရှီမာယူယူသည် လျောင်မြို့ကိုပြန်သွားပြီး နယ်စားအိမ်တော်သို့ ချက်ချင်း ပင် ပြန်လိုက်သည်။ အနောက်မှ ယွမ်ယွမ်သည် နောက်ကျလျှင် သူမကို လာရှာ မည်ဟု ပြောသံကြားသော်လည်း သူမ ပြန်မဖြေခဲ့ပေ။
သူမ နယ်စားအိမ်တော်သို့ ပြန်ရောက်ချိန်တွင် သူမ ပြန်ရောက်သည်ဟု ကြားသည်နှင့် ပျော်ရွှင်ကြသည်။ ထို့နောက် ယွဲ့ရှီတောင်ကြားတွင် မအေးမချမ်းဖြစ်သည်ဟုပင် ကြားလိုက်ကြရသည်။ ရှီမာယူယူ သူတို့ နှစ်ယောက်ကို မေးခွန်းတချို့မေးပြီးနောက် အခန်းသို့ပြန်မည်ဖြစ်ရာ မနှောင့်ယှက်ရန် မှာထားခဲ့သည်။ အတားအဆီးပြုလုပ်ပြီးနောက် သူမ ဝိညာဉ် စေတီအတွင်းဝင်ခဲ့လိုက်သည်။
“ယူယူ”
ဝိညာဉ်လေးသည် သူမ ဝင်လာသည်ကို ခံစားမိပြီး သူမ ရောက်သည်နှင့် သူမ၏ ရင်ခွင်ထဲတွင် ပေါ်လာသည်။
ရှီမာယူယူသည် သူ့ကိုဖက်ပြီး ပါးပြင်ကိုနမ်းလိုက်သည် “ဝိညာဉ်လေး နောက်ဆုံးတော့ နိုးလာပြီပဲ မင်းကို အရမ်းလွမ်းနေတာ”
“ဝိညာဉ်လေးလည်း လွမ်းနေတာ” ဝိညာဉ်လေးသည် ပျော်လွန်းသဖြင့် ရှီမာယူယူ၏ လည်ပင်းကိုဖက်ထားကာ မလွှတ်တော့ပေ။
ရှီမာယူယူသည် ပြန်ကောင်းသွားသော ဝိညာဉ်စေတီကိုကြည့်ပြီး သူ ထိုနေရာတွင်ရှိနေသေးသည်ကို သက်ပြင်းချမိသည်။
အတန်ကြာမှပင် ဝိညာဉ်လေးသည် သူမကို လွှတ်ပြီးပြောလေသည် “ဒါနဲ့ ယူယူ့အဖေနဲ့ တခြားသူတွေလည်းနိုးလာပြီ သွားကြည့်ချင်လား”
***