သူက အကောင်းဆုံးပဲ
Vol. 129 Ch. 1800
ရှီမာယူယူ၏ မျက်လုံးများ ပင့်တက်လာသည် “အဖေ…. သူတို့အားလုံး နိုးလာပြီလား”
“အင်း သူတို့အကုန်လုံး ငါနဲ့အတူနိုးလာတာ အခုရှောင်ချီနဲ့ ကျန်တဲ့သူ တွေပဲကျန်တော့တယ်” ဝိညာဉ်လေး ပြောလိုက်သည်။
“ဒါဆိုလည်း အဖေ့ကိုသွားတွေ့ကြမယ်” ရှီမာယူယူသည် ဝိညာဉ်လေးကို မူလပုံစံအဖြစ်ပြန်ပြောင်းသွားသည့် လူနေထိုင်သော နေရာသို့ခေါ်သွားလိုက် သည်။
“ယူအာ”
“သခင်မလေး”
ရှီမာလျူရွှမ်နှင့် အန်းလေတို့သည် သူမကို မြင်သည်နှင့် ဝမ်းပန်းတသာ ပြေားလာကြသည်။
“အမေ အန်းလေ” ရှီမာယူယူသည် ရှီမာလျူရွှမ်ကို ဖက်လိုက်သည် “နောက်ဆုံးတော့ နိုးလာပြီပဲ”
“သမီးဘယ်လိုနေလဲ ဘယ်လိုတွေဖြစ်သွားတာလဲ” ရှီမာလျူရွှမ်သည် ရှီမာယူယူကိုဖက်လိုက်သည်။ သူမသည် အနည်းငယ် ကွာခြားနေသည်ဟု ခံစားရသည် “သမီးခန္ဓာကိုယ်ကဘယ်လိုဖြစ်တာလဲ”
“အဖေ စိတ်မပူပါနဲ့ သမီးအခုအဆင်ပြေသွားပါပြီ” ရှီမာယူယူသည် သူ့ကို လွှတ်လိုက်ပြီး လက်မောင်းကိုဖက်တွယ်လိုက်သည်။
“ဒါက ဘယ်လိုလုပ် အဆင်ပြေတာဖြစ်မှာလဲ ဝိညာဉ်စေတီက ပျက်စီး နေပြီ သမီးရဲ့စာချုပ်သားရဲတွေလည်း အိပ်ပျော်နေကြတယ် သမီးရဲ့စကားတွေ က ရှေ့နောက်ညီတယ်ထင်လား” ရှီမာလျူရွှမ်သည် သူမကို စိုက်ကြည့်လိုက် သည် “အဖေ့ကို စကားလမ်းကြောင်းလွှဲဖို့မကြိုးစားပါနဲ့ မှန်မှန်ပြော ပညာရှိ စံအိမ်တော်မှာတုန်းက တစ်ခုခုဖြစ်ခဲ့တယ်မလား အဖေတို့က အခု ပညာရှိ စံအိမ်တော်ထဲမှာပဲရှိသေးတာလား”
“အခုက ပညာရှိစံအိမ်တော်မှာမဟုတ်ပါဘူး” ရှီမာယူယူသည် သူ့ကို သတိရှိရှိ ကြည့်လိုက်သည် “အင်း… အခုက တစ္ဆေလောကမှာပါ”
“ဘာ… အခုက တစ္ဆေလောကမှာလား” ရှီမာလျူရွှမ်နှင့် အန်းလေတို့ သည် ထိုသတင်းကြောင့် တုန်လှုပ်သွားကြသည် “ဘာလို့ အခုတစ္ဆေလောကကို ရောက်နေကြတာလဲ”
“ယူအာ မိုယွိ သမီးကိုပေးတဲ့ နည်းလမ်းကိုသုံးလိုက်တာလား သမီး စွမ်းအားမြင့်လာတဲ့အထိ စောင့်ရမယ်လို့ မပြောထားဘူးလား” ရှီမာလျူရွှမ် မေးလိုက်သည်။ ရှီမာယူယူ၏ အေးခဲနေသောမျက်နှာကိုကြည့်ပြီး သူ မျက်မှောင်ကြုတ်လိုက်သည် “ဘာဖြစ်တာလဲ”
“အဲဒါက… တကယ်တော့ ဘာမှမဟုတ်ပါဘူး ဒါက… ဒါက…. ပညာရှိ စံအိမ်တော်နဲ့ တိုက်ပွဲမှာတုန်းက သမီးခန္ဓာကိုယ်ကိုမထိန်းနိုင်ဘဲ နောက်ဆုံး တော့… ပေါက်ကွဲသွားခဲ့ပြီး… သေသွားခဲ့တာ အဖေ စိတ်မပူပါနဲ သမီး အဆင်ပြေပါတယ်” ရှီမာလျူရွှမ်၏ မျက်နှာဖြူဖျော့သွားသည်ကို ကြည့်ပြီး သူမ ပျာယာခတ်သွားကာ အမြန်ပင် သူ့ကိုစိတ်ငြိမ်အောင် ပြောလိုက်သည်။
“သမီးက သေသွားခဲ့ပြီ အဲဒါကိုအဆင်ပြေတယ်လို့ ပြောနေသေးတာလား” ရှီမာလျူရွှမ်သည် သူမ ပါးပြင်ကိုထိတွေ့လိုက်သည် “ဟူး… ဒါ အဖေ့အမှားတွေ ပါ အဖေ သမီးကို မကာကွယ်နိုင်ခဲ့ဘူး”
“အဖေ သမီးက တကယ်သေသွားတာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက် သည် “အာ… သမီးခန္ဓာကိုယ်ကို ကယ်လိုက်ကြတယ်နဲ့တူတယ် ဒါပေမဲ့ ဝိညာဉ် ကပြန်သွားလို့မရလို့ ဒီဝိညာဉ်ကို ခန္ဓာကိုယ်ဖြစ်အောင်လုပ်ထားတာ သမီး စွမ်းအား အဆင့်တစ်ခုရောက်တဲ့အထိ ဝိညာဉ်ကျင့်စဉ်ကျင့်လိုက်ရင် သမီး ခန္ဓာကိုယ်နဲ့ ပြန်ပေါင်းနိုင်မှာပါ”
“အဲဒါကြောင့် သခင်မလေးရဲ့ စာချုပ်သားရဲတွေအကုန် အိပ်ပျော်နေကြ တာကိုး” အန်းလေ သက်ပြင်းချလေသည်။
သိတဲ့အတိုင်းပဲ သူမလို အခြေအနေသာဆိုရင် စာချုပ်သားရဲတွေ အသက် ရှင်တယ်ဆိုတာက ရှားတယ်လေ။
“အဲနေ့က ဘာတွေဖြစ်ခဲ့တာလဲ အဖေ့ကို မဖုံးကွယ်နဲ့ တစ်ခုမကျန် အကုန်ပြော” ရှီမာလျူရွှမ်သည် သူမအား ခက်ထန်စွာကြည့်ပြီး လိမ်ပြောခွင့် မပေးပေ။
ရှီမာလျူရွှမ် ပြောပြီးမှ သူသည် အတန်ကြာအောင် နှုတ်ဆိတ်ပြီးသည့် နောက် သက်ပြင်းသဲ့သဲ့ချလိုက်သည် “သမီးက ပညာရှိစံအိမ်တော်ကို ဖျက်ဆီး တဲ့သူဖြစ်မယ်လို့ ဟောကိန်းထုတ်ခဲ့တယ် အဲဒါကြောင့်သူတို့က ဘက်စုံ အရည်အချင်းရှိတဲ့မိန်းကလေး ဝိညာဉ်သခင်တွေ အကုန်လုံးကိုသတ်ခဲ့တယ် ပြီးတော့ သမီးကို ယောက်ျားလေးလိုမျိုး နှစ်တွေအများကြီး ဝတ်စေခဲ့တယ်… အဲဒါတွေ အများကြီးကြုံခဲ့ပြီးတာတောင် ဟောကိန်းကနေ ပြေးမလွတ်ဘဲ သမီး ဖျက်ဆီးတာ ခံရလိမ့်မယ်လို့ သူတို့ ထင်မထားကြဘူး သမီးပေးရတဲ့ ပေးဆပ်မှု ကကြီးတယ်”
“တကယ်တော့ စဉ်းစားကြည့်ရင် အဆင်ပြေပါတယ်” ရှီမာယူယူ ပြုံးလိုက်သည် “သမီးတို့က တစ္ဆေလောကကို ဝင်မယ်ဆိုပြီး အမြဲတမ်းစဉ်းစား ခဲ့ကြတာမဟုတ်ဘူးလား အင်း… အဆိုးထဲကအကောင်းပေါ့ အခု ဒါက ဒီနယ်မြေကို လာဖို့အတွက် အဖြောင့်မတ်ဆုံးနဲ့ အမှန်ကန်ဆုံးနည်းမဟုတ်ဘူး လား ပြီးတော့ ဘာအန္တရာယ်မှမရှိဘူးလေ ခြစ်ကုတ်ပြီး ကျင့်ကြံဖို့ပဲလိုတယ်”
“ခြစ်ကုတ်ပြီးကျင့်ကြံမယ်ဟုတ်လား ပြောသလောက် မလွယ်ဘူးလေ” ရှီမာလျူရွှမ်သည် သမီးဖြစ်သူကို စိတ်မကောင်းစွာ ကြည့်လေသည်။ သူမ တစ်ယောက်တည်းပဲ ဘာလို့ ဒုက္ခတွေကို ကြိတ်မှိတ်ခံစားဖို့လုပ်နေတာလဲ။
“တစ္ဆေကျင့်စဉ်တွေက ဝိညာဉ်နဲ့ စိတ်ဝိညာဉ်စွမ်းအား နှစ်ခုလုံးရှိတဲ့ပုံပဲ” အန်းလေသည် ရှီမာယူယူကို သနားစဖွယ်ကြည့်လေသည်။ ဒါက ဘယ်လောက် ခက်လိုက်မလဲ။
“တကယ်တော့ ငါက ဝိညာဉ်ခန္ဓာကိုယ်ကိုပဲ ကျင့်ဖို့လိုတာပါ” ရှီမာယူယူ ပြောလိုက်သည် “တစ္ဆေလောကကိုမလာခင်က ငါ့ဘိုးဘွားကြီးက ကယ်လိုက် တာ သူက ငါ့ခန္ဓာကိုယ်ထဲမှာ သူ့စွမ်းအားကို ထည့်ပြီးချိပ်ပိတ်ပေးလိုက်တယ် ငါသာ ဝိညာဉ်ခန္ဓာကိုဘ်ကို ကျင့်ကြံရင် ချိပ်ပိတ်ထားတဲ့စွမ်းအားလည်း အလိုလိုပွင့်လာမှာ ပြီးတော့ ဝိညာဉ်ခန္ဓာကိုယ်နဲ့ ကျင့်စဉ်ကို ရင်းနှီးနေပြီ အရင်က လင်းယူပေးတဲ့ ဝိညာဉ်ကျင့်စဉ်နဲ့ တော်တော်တူတယ်”
“အင်း သိထားတာကောင်းတယ်”
“အင်း အဖေ သမီးကိုစိတ်မပူပါနဲ့” ရှီမာယူယူ ပြုံးပြီး မဟူရာကိုယူပြီး ချကာ ပြောလိုက်သည် “သမီး တစ္ဆေလောကမှာ စာချုပ်တည်ထောင်လိုက်တဲ့ ဝိညာဉ်သားရဲကိုကြည့်လိုက် ဒါကနဂါးနက်လေ.. အဇူရာနဂါးနဲ့တောင် ယှဉ်နိုင် တယ်… ဘယ်လိုလဲ လှတယ်မလား”
“အင်း အရမ်းကို ကောင်းတာပဲ”
“ခရမ်းလေးလည်းရှိသေးတယ်” ရှီမာယူယူသည် ခရမ်းလေးကို ခေါ်ထုတ် လိုက်သည် “ခရမ်းလေးကိုကြည့်လိုက် သမီးအရင်ခန္ဓာကိုယ်ထဲက ထိပ်တန်း ခရမ်းရောင်လျှပ်စီးလေ ဒါပေမဲ့ အခုပုံစံပြောင်းနေပြီ အဲဒါကြောင့် သမီးက တစ္ဆေလောကမှာ အဆင်ပြေနေပါတယ်ဆို”
ရှီမာလျူရွှမ် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သူ စိတ်မပူစေရန်အတွက် လုပ်နေခြင်းဖြစ်သည်ကို သိသဖြင့် မစိုးရိမ်သလို ဟန်ဆောင်လိုက်သည်။
“ဒါနဲ့ အဖေ အခုအပြင်မှာ တစ္ဆေမျိုးနွယ်ဝင်တွေရှိတယ် အခု ထွက်လိုက် တာနဲ့ ချက်ချင်းသတိထားခံမှာပဲ ဒီအချိန်အတွင်းတော့ ဝိညာဉ်စေတီထဲမှာပဲ နေလိုက်ကြဦး”
“ကိစ္စမရှိဘူး သမီးက ဒီမှာအဆင်ပြေနေတာပဲ ပြီးတော့ အပြင်မှာလည်း ကျင့်ကြံလို့ရနေတာပဲ” ရှီမာလျူရွှမ် ပြောလိုက်သည် “ဒါပေမဲ့ အန္တရာယ် တစ်ခုခုဖြစ်ရင်တော့ အဖေတို့ကိုခေါ်ထုတ်ရမယ် အရင်တစ်ခါလိုအဖြစ်မခံနိုင် ဘူး”
“အင်း… ခေါ်ပါမယ် တကယ်ပြောတာပါ အဖေ သမီးကိုယုံလိုက်ပါ” ရှီမာလျူရွှမ်၏အကြည့်သည် မယုံကြည်မှုများပြည့်နှက်နေသည်ကို မြင်သည် နှင့် သူမသည် လက်ကိုထောင်ပြီးကျိန်လုနီးပါးဖြစ်သွားသည်။
“ဆိုးလိုက်တဲ့သစ္စာဆိုခြင်းပဲ” ရှီမာလျူရွှမ်သည် သူမကို ကြည့်လိုက် သည်။ သို့သော် သူမကို ယုံကြည်သည်။
ရှီမာယူယူသည် သူ့၏လက်ကိုဆွဲပြီး ယမ်းကာ ချွဲပြောလေသည် “အဖေ ဒီလိုမလုပ်ပါနဲ့ နောက်တစ်ခါ သမီးအန္တရာယ်ဖြစ်ရင် အဖေတို့ကိုခေါ်လိုက်ပါ မယ် သမီးကိုယ်သမီး အဲလိုအခြေအနေထပ်အဖြစ်မခံတော့ပါဘူး”
“နောက်ဆုံးတစ်ခါ ယုံပေးလိုက်မယ်” ရှီမာလျူရွှမ်သည် သူမ၏ နဖူးကို ပုတ်ပြီး အလိုလိုက်သောအပြုံးပြုံးလေသည်။
“အဖေ ထိုင်ပြီးစကားပြောဖို့နေရာရှာရအောင် အဖေ့ကို ပြောစရာတွေ အများကြီးပဲ”
“ကျွန်မ လက်ဖက်ရည်နှပ်လိုက်မယ်” အန်းလေ ပြောပြီးနောက်တွင် ရှီမာယူယူ၏ လက်ဖက်ခြောက်အခန်းထဲသို့ ဝင်သွားလေသည်။
အမေ့ခံဝိညာဉ်လေးသည် သူမ စိတ်မြူးပြီးသွားသည်ကို မြင်ပြီးနောက် သူမ၏ ရင်ခွင်ထဲကိုဝင်ကာ ခရမ်းလေးကို ပ,ထုတ်လိုက်လေတော့သည်။
ယူယူ့ရဲ့ရင်ခွင်က သူ့နေရာပဲ တခြားသားရဲတွေ ဘေးကိုလစ်လိုက်စမ်း။
ခရမ်းလေးသည် သက်တောင့်သက်သာအိပ်နေရာမှ ရုတ်တရက် အပစ်ချ ခံလိုက်ရသဖြင့် ဒေါသထွက်သွားကာ အော်ဟစ်ပြီး ဝိညာဉ်လေးဆီသို့ အမြန် ပြေးလာလေသည်။
“ဟင်း” ဝိညာဉ်လေးသည် မျက်လုံးလှိမ့်လိုက်သည်။ သူ တွေးလိုက် သည်နှင့်ပင် ခရမ်းလေးသည် စွန့်ပစ်နေရာသို့ ရောက်သွားလေသည်။
ဟင်း… ဒီမှာဆိုရင် သူက အကောင်းဆုံးပဲလေ။ ခရမ်းကလေးက အပြင် မှာ အရမ်းတွေတော်နေလဲ ဘာလုပ်ရမှာလဲ။ ဒီမှာဆိုရင် သူ့အတွေးတစ်ခုနဲ့တင် သူ့ကိုလွှင့်အောင်လုပ်လိုက်လို့ရတယ်။
အရှုပ်များကိုရှင်းပြီးနောက် သူသည် ရှီမာယူယူ၏ လက်ကို ကျေနပ်စွာ ဖြင့် ပွတ်လေသည်။
ရှီမာယူယူသည် သူ့ခေါင်းကိုပုတ်ပြီး ပြောလိုက်သည် “ဆိုးလိုက်တာ”
“အခု ပြောပါဦး တစ္ဆေလောကကို ရောက်နေတာဘယ်လောက်ကြာပြီလဲ ဘာတွေကြုံပြီးသွားပြီလဲ အခြေအနေရော… သမီး ဒီကို ရောက်နေတာ တစ္ဆေကြင်ယာတော် သိလား” ရှီမာလျူရွှမ် မေးလိုက်သည်။
“သမီး မသိဘူး ဒါပေမဲ့ မိုယွိနဲ့ ဝမ်းကွဲအစ်ကိုကိုတော့ တွေ့တယ် ပြီးတော့ မွေးစားအဖေလည်း ရှိနေပြီ သမီး တစ္ဆေလောကို ရောက်လာတဲ့နေ့က…”
ရှီမာယူယူသည် သူမ တစ္ဆေလောကသို့ရောက်ပြီး ကြုံတွေ့ခဲ့သမျှ အရာ အားလုံးကို ရှင်းပြလိုက်သည်။ သူမ အတွေ့အကြုံကိုကြားသောအခါ အန်းလေ သည် မှင်တက်သွားပြီး ရေရွတ်လေသည် “သခင်မလေး သူတို့ပြောတာ မှန်တယ် သခင်မလေးက သွားတဲ့နေရာတိုင်း လှုပ်လှုပ်ရှားရှားဖြစ်အောင် လုပ် နိုင်တာပဲ”
ရှီမာလျူရွှမ်သည် တည်သည်ငြိမ်ငြိမ်ပင် သူမကို ကြည့်ပြီး မေးလိုက် သည် “သမီး အစီအစဉ်ကဘာလဲ”
***