ဝူချင်းရှီ အထွတ်အထိပ်သို့ရောက်ရှိခြင်း။
Vol. 2 Ch. 17
"ချီစွမ်းအင်အစစ်ကို ကျင့်ကြံပြီးနောက် ၎င်းသည် ပေါက်ကွဲစွမ်းအားကို မြှင့်တင်ပေးရုံသာမက လိပ်အသက်ရှူနည်းပညာ၏ ရုပ်ဖျက်ခြင်းနှင့် အရိုးကျုံ့ခြင်းနည်းလမ်းများကိုပါ အသုံးပြုနိုင်သည်။"
စူးချန်ခုန်းသည် အရည်အသွေးကောင်းမွန်စွာ ပြောင်းလဲနိုင်သော လိပ်အသက်ရှူနည်းပညာကို သုတေသနပြုနေ၏။
လိပ်အသက်ရှူနည်းပညာသည် တိုက်ခိုက်ရေးတွင် မကျွမ်းကျင်သော်လည်း ၎င်း၏ကိုယ်ပိုင် ချီစွမ်းအင်ကို ဖုံးကွယ်ထားသည့် ရုပ်ဖျက်ခြင်းကဲ့သို့သော အကူနည်းလမ်းများစွာ ရှိသည်။ ၎င်းက လိပ်တစ်ကောင် ပုန်းကွယ်ငြိမ်သက်ခြင်းနှင့်တူလေသည်။ သွေးစီးဆင်းမှု နှေးကွေးလာပြီး အသက်ရှုနှေးလာကာ ခန္ဓာကိုယ် အပူချိန်က ရေခဲတမျှ ဖြစ်သွားတာပင်။
ဒီလိုအခြေအနေမျိုးမှာ မစားမသောက်ဘဲ အချိန်အကြာကြီး ရှင်သန်နိုင်သည်။
အရိုးကျုံ့ခြင်းနည်းလမ်းက ပိုလို့တောင် အံ့သြစရာကောင်းသည်။
"ဂျွတ် ဂျွတ် ဂျပ်"
စူးချန်ခုန်းသည် သူ့ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်အစစ်ကို စုစည်းကာ သူ့အရိုးများထံတွင် ဝန်းရံလိုက်သည်။ သူ၏ တစ်ကိုယ်လုံး ပြတ်သားသော "ဂျွတ်ဂျွတ်ဂျပ်ဂျပ်" အသံများ ထွက်ပေါ်ပြီး သူ၏ မူလက အရပ်ရှည်သော ဒေါင်သည် ပေဝက်ခန့် ကျဆင်းသွားသည်။ သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများပင် အရွယ်အစား လျော့ကျသွားပုံရသည်။
အရပ်ရှည်သော စူးချန်ခုန်းသည် အချိန်အနည်းငယ်မျှသာကြာပြီးနောက် အရပ်မရှည် မတိုသော သာမန်လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။
"ဒါက တကယ်ကို အံ့ဩစရာပဲ၊။ ဒါက ချီစွမ်းအင်အစစ်လား။ ချီစွမ်းအင်အစစ်ကို ခုနက ထုတ်လုပ်လိုက်တာနဲ့ ငါ့မှာရှိတဲ့ စုစုပေါင်း ပမာဏက ကျဲနေသေးတယ်။ ငါ အစွမ်းကုန် ထုတ်ပစ်လိုက်ရင် အကြိမ်အနည်းငယ်အတွင်း ကုန်ဆုံးသွားလိမ့်မယ်လို့ ခန့်မှန်းရတယ်။"
စူးချန်ခုန်းသည် သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရာ သူ၏ စွမ်းအင်လမ်းကြောင်းတွင် ဖုံးအုပ်ထားသည့် စစ်မှန်သော ချီစွမ်းအင်ကို မြူခိုးတစ်ခုလို ခံစားမိသောကြောင့် သက်ပြင်းချလိုက်သည်။
ချီစွမ်းအင်အစစ်ကို အာရုံခံသည့်အထိ လိပ်အသက်ရှူနည်းပညာကို ကျင့်ကြံရန် သာမန်လူများအတွက် များစွာသော ကြိုးစားအားထုတ်မှု လိုအပ်ပါသည်။ စူးချန်ခုန်း လုပ်ခဲ့သည့်အတိုင်း စွမ်းအင်ခံစားမှုကို စစ်မှန်သော ချီစွမ်းအင်အဖြစ် ဆင့်ကဲပြောင်းလဲရန်မှာ ပိုမိုခက်ခဲပြီး အလွန်ပင်ပန်းကြမ်းတမ်းသော လေ့ကျင့်မှုတွင် လူတစ်ဦးသည် တစ်သက်တာ၏ တစ်ဝက်ခန့်ကို ကုန်ဆုံးရန် လိုအပ်သည်။
စူးချန်ခုန်းလုပ်ဖို့ လိုတာက သူ့ခန္ဓာကိုယ်အတွင်းက ချီစွမ်းအင်အစစ်တွေကို ကြီးထွားသန်မာစေပြီး သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက် အသွင်ပြောင်းမှုကို ဖြစ်ပေါ်စေရန် ဆက်လက်လေ့ကျင့်ဖို့ပါပဲ။
ပြတင်းပေါက်အပြင်ဘက်တွင် ကောင်းကင်သည် တဖြည်းဖြည်း လင်းလာကာ အရုဏ်တက်ချိန်ကို အချက်ပြနေလေပြီ။
စူးချန်ခုန်း အိပ်ယာမှထကာ ကျား၊ သမင်၊ ဝက်ဝံ၊ မျောက်နှင့် ငှက် ပုံစံတို့ပါဝင်သည့် ဝူချင်းရှီကို စတင်လေ့ကျင့်ခဲ့သည်။ ပုံစံတစ်ခုစီသည် ကွက်ကွက်ကွင်းကွင်းနှင့် အသက်ဝင်လှသည်။ ဝူချင်းရှီ၏ အဆင့်တက်မှုသည် မကြာမီ ရောက်လာမည်ဟု သူထင်မိသည်။
ထုံးစံအတိုင်း ဝူချင်းရှီကို လေ့ကျင့်ပြီး စားသောက်ပြီးနောက် စူးချန်ခုန်းသည် ပန်းပဲဖိုသို့ သွားကာ နေ့သစ်လုပ်ငန်းကို စတင်တော့လေသည်။
စူးချန်ခုန်း၏ လက်ရှိ ခွန်အားနှင့် ခံနိုင်ရည်ရှိမှုနှင့်အတူ သူတစ်ယောက်တည်းနှင့် တစ်လအတွင်း အရည်အသွေးရှိသော ဓားဆယ်ချောင်းကို ဖန်တီးနိုင်ခဲ့ပြီး ၎င်းက မယုံနိုင်လောက်အောင် ချဲ့ထွင်နိုင်စွမ်းပင်။ သံနက်အိမ်တော်မှာ သူ့ကို ယှဉ်နိုင်တဲ့ ဒုတိယလူ မရှိပါ။
"ဒေါင် ဒေါင် ဒေါင်!"
ရာသီဥတုက တော်တော်လေး အေးပြီး နေ့လယ်ခင်း နီးလာချိန်မှာတော့ သံနက်အိမ်တော်မှာ အရေးပေါ် ခေါင်းလောင်းသံတွေ ဆက်တိုက် ထွက်ပေါ်လာပြီး အလုပ်ရှုပ်နေတဲ့ လူတွေအားလုံး ရုတ်တရက် ရပ်တန့်သွားကြသည်။
"အနက်ရောင် မြင်းတပ်ဂိုဏ်း၊ အနက်ရောင်မြင်းတပ်ဂိုဏ်း ရောက်လာပြီ။ အားလုံးပဲ မင်းတို့ရဲ့ လက်နက်တွေ ဆွဲကိုင်ကြ"
ခြံဝန်းတစ်ခုလုံး အော်သံများ ထွက်ပေါ်လာ၏။
"အနက်ရောင်မြင်းတပ်ဂိုဏ်း... ဒီကိုပြန်လာပြီ။ အချိန်အတိအကျပဲ!"
စူးချန်ခုန်းက သူ့လက်ထဲက တူလေးကို ချလိုက်ပြီး သူ့မျက်နှာအနှံ့ ထူးခြားတဲ့ အရှိန်အဝါများ ပေါ်လွှင်နေလျက်။
လွန်ခဲ့သောတစ်နှစ်ခန့်က ချင်းရွှေမြို့အနီးတစ်ဝိုက်တွင် ပေါ်ပေါက်ခဲ့သော ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့် အနက်ရောင်မြင်းတပ်ဂိုဏ်းသည် အဓိကအားဖြင့် ငွေညှစ်သူ ဓားပြတစ်သိုက်ဖြစ်သည်။ သူတို့သည် ကြောက်မက်ဖွယ်အစွမ်းသတ္တိကို ပြသခဲ့ပြီး သံနက်အိမ်တော်ကို ဦးညွှတ်ပြီး ပေးဆပ်ခိုင်းခဲ့သည်။
လူအများက အစိုးရတပ်သားများသည် အနက်ရောင်မြင်းတပ်သားဂိုဏ်းကို ချေမှုန်းနိုင်မည်ဟု မျှော်လင့်ထားသော်လည်း ထိုကဲ့သို့ အဖြစ်အပျက်မျိုး ဘယ်သောအခါမှ မဖြစ်လာခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် ဂိုဏ်း၏အာဏာသည် တစ်နေ့တခြား တိုးပွားလာကာ အကာအကွယ်ပေးငွေကို မပေးဆောင်သော ရွာပေါင်းများစွာကို ဖျက်ဆီးလိုက်သဖြင့် ၎င်းတို့၏ ဂုဏ်သိက္ခာသည် ပို၍ ကျယ်ပြန့်လာသည်။
အစောင့်အကြပ်များကို စော်ကားပြီး အသက်ရှင်ရန် အခွင့်အရေးရှိသေးသော်လည်း အနက်ရောင်မြင်းတပ်သားဂိုဏ်းသည် တစ်ဦးတစ်ယောက်၏သေခြင်းကိုသာ ကျိန်စာတိုက်နိုင်ရုံသာမက သူငယ်ချင်းများနှင့် မိသားစုကိုပါ ထိခိုက်စေနိုင်သည်။
ယခုအခါ မိုင်ရာချီအတွင်း၌ အနက်ရောင်မြင်းတပ်ဂိုဏ်းကို အံတုဝံ့သူ အနည်းငယ်သာ ရှိလေသည်။
"ဒီ သောက်ဓားပြကောင်တွေကတော့”
ယန်ချောင် ကျိန်ဆဲလိုက်လေ၏။ အနက်ရောင်မြင်းတပ်ဂိုဏ်းသည် သာမာန်လူများကို လုယူခြင်းနှင့် ညှစ်ခြင်းအပေါ် မှီခိုအားထားနေသော်လည်း သူတို့ ထုတ်မပြောဘဲ ဒေါသထွက်ရုံသာ တတ်နိုင်သည်။
လူများသည် အလုပ်မလုပ်တော့ဘဲ ဓား၊ တူနှင့် အခြားလက်နက်များ ကိုင်ဆောင်ကာ အလုပ်ရုံမှ ထွက်လာကြသည်။
နံရံမြင့်ပေါ်မှ စံအိမ်သခင် မော့ထျဲ၏မျက်နှာသည် ကူကယ်ရာမဲ့မှုနှင့် စိုးရိမ်မှုတို့ဖြင့် ပြည့်နှက်နေ၏။
သံနက်စံအိမ်အပြင်ဘက်တွင် မြင်းစီးသူ ဒါဇင်ပေါင်းများစွာက ဆယ်ကိုက်လောက်အကွာမှာ ရပ်သွားကြသည်။ ခေါင်းဆောင်မှာ သူတို့အရင်က တွေ့ခဲ့ဖူးသော အနက်ရောင်မြင်းတပ်သားဂိုဏ်း၏ တတိယခေါင်းဆောင် ချန်ကျွမ်းဖြစ်သည်။ သူသည် သန်မာထွားကျိုင်းပြီး မျက်နှာတွင် မုတ်ဆိတ်မွေးနှင့် လက်မောင်း ထူထူထဲထဲကြီးဖြင့် တိုက်ရိုက်ကြည့်ရန် ကြောက်စရာကောင်းသည့် ဖိနှိပ်မှု ခံစားချက်တို့ ပေါ်လွင်နေ၏။
"အိမ်တော်အရှင်မော့၊ နောက်ထပ်တစ်နှစ်ကုန်သွားပြီနော့်။ နှစ်စဉ်အခွန်ဆောင်ဖို့ ပြင်ဆင်ပြီးပြီလား။"
ချန်ကျွမ်းသည် နံရံမြင့်ပေါ်ရှိ မော့ထျဲကို ကြည့်ကာ ရယ်မောရင်း သူ့ဩရှရှအသံက ပဲ့တင်ထပ်နေ၏။
မော့ထျဲက သက်ပြင်းချလိုက်ပြီး ညွှန်ကြားရေးမှူးလျှိုကို အဓိပ္ပါယ်ရှိသော အကြည့်တစ်ချက်ပေးလိုက်သည်။
"ဒီနှစ်ရဲ့ ဆက်ကြေးပါ ချန်ကျွမ်း။ ကျေးဇူးပြုပြီး ရေတွက်လိုက်ပါ။"
အချက်ပြမှုကို ညွှန်ကြားရေးမှူးလျှိုက ခေါင်းညိတ်ပြပြီး သံနက်အိမ်တော် အပြင်ဘက်သို့ ထွက်ကာ ငွေစက္ကူငါးရာကို လက်ထဲတွင် ကိုင်ဆောင်ရင်း အနက်ရောင်မြင်းတပ်ဂိုဏ်း၏ တပ်သားများထံ ချဉ်းကပ်ကာ ရိုသေစွာ ဆန့်တန်းထားသော လက်နှစ်ဖက်ဖြင့် ပေးအပ်လိုက်လေသည်။
ပြီးခဲ့သောနှစ်တွင် အနက်ရောင်မြင်းတပ်ဂိုဏ်းသည် သူတို့၏ ဆက်ကြေးကို စုဆောင်းရန် ပထမဆုံးရောက်လာခဲ့စဉ်က ချန်ကျွမ်း ပြသသွားသော စွမ်းအားမှာ ကြောက်စရာကောင်းလှသည်။ ခိုင်မာတောင်တင်းတဲ့ တံခါးတွေတောင် သူ့ကို မတားနိုင်ခဲ့။ ယခု အနက်ရောင်မြင်းသားဂိုဏ်းက အခွန်ကောက်ခံရန် တစ်ဖန်ပြန်လာသောအခါ သံနက်အိမ်တော်သည် နာခံမှုရှိရှိ ပေးဆောင်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ ထိုသို့မဟုတ်ပါက သူတို့ကို ငြင်းဆန်ခဲ့သော အခြားစွမ်းအားရှင်များကဲ့သို့ လက်တုံ့ပြန်ခြင်းမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်။
ငွေစက္ကူများကို လက်ခံရင်း ချန်ကျွမ်းသည် ၎င်းတို့ကို သူ့ရင်ဘတ်ထဲသို့ မထည့်မီ ပေါ့ပေါ့တန်တန် ရေတွက်လိုက်သည်။ အရင်က တစ်ကြိမ်လုပ်ခဲ့ပြီး ဒုတိယအကြိမ်က အရင်လို အားထုတ်မှု တစ်ခုမှ မလိုအပ်ဘဲ ပိုလွယ်ကူသည်။
ချန်ကျွမ်း၏ မျက်နှာသည် ပြုံးရွှင်ကာ "သံနက်အိမ်တော်ကို ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။ ပြီးတော့ ခင်ဗျားတို့ကို နောက်ထပ် မနှောင့်ယှက်တော့ပါဘူး!" ဟု ဆိုလေသည်။
"ညီအစ်ကိုတို့ သွားကြစို့!"
ဆက်ကြေးကို လက်ခံရရှိပြီးနောက် ချန်ကျွမ်းသည် အီလေးဆွဲမနေတော့ပေ။ သူက အော်ဟစ်ပြီး ဒါဇင်နဲ့ချီတဲ့ မြင်းစီးသူတွေကို အဝေးကို ခေါ်ဆောင်သွားခဲ့သည်။ မြင်းခွာသံများ အဝေးသို့ ပျံ့လွင့်သွားခဲ့လေပြီ။
ချန်ကျွမ်းသည် အပေါ်ယံတွင် အတော်လေး လိုက်လျောညီထွေရှိပုံရသော်လည်း သံနက်အိမ်တော်သည် ငွေပေးချေမှုကို လိုက်နာသောကြောင့်ဖြစ်သည်ကို လူတိုင်းသိကြသည်။ သူတို့က အံတုဝံ့ရင် ချန်ကျွမ်းက သံနက်အိမ်တော်ကို ပြင်းထန်သော သေကြေပျက်စီးမှုများ ဖြစ်စေမှာ သေချာပါသည်။
" အနက်ရောင်မြင်းတပ်ဂိုဏ်း ရဲ့ စွမ်းအားက ပိုကြီးလာတယ်။ အစိုးရက သူတို့ကို အမြစ်ပြတ် ချေမှုန်းရမှာ မဟုတ်ဘူးလား။"
"ဟ...အဲ့ဒီအရာရှိတွေက သူတို့ခေါင်းပေါ်က ဦးထုပ်တွေကိုပဲ ဂရုစိုက်ကြတာကွ။ ဘယ်သူက ဓားပြတွေကို တိုက်ရဲတဲ့ သတ္တိရှိမှာလဲ။ ငါတို့လို ဇွဲလုံ့လနဲ့ ဝီရိယရှိတဲ့ သူတွေက အဲ့ဒီဓားပြတွေလောက်တောင် လွတ်လွတ်လပ်လပ် မနေရဘူး!"
အနက်ရောင်မြင်းတပ်ဂိုဏ်းမှ ထွက်ခွာသွားသည်နှင့် သံနက်အိမ်တော်တွင် သက်ပြင်းတစ်ရှိုက်ကြီး ချလိုက်ကြလေသည်။ အချို့မှာ မခံမရပ်နိုင်သော ဒေါသများဖြင့် ပြည့်နှက်နေပြီး အချို့မှာ အေးတိအေးစက် ထေ့ငေါ့လိုက်ကြသည်။
ဓားပြများကို နှိမ်နှင်းခြင်းသည် လုပ်ရတာထက် ပြောရတာ ပိုလွယ်သည်။ အနက်ရောင်မြင်းတပ်ဂိုဏ်း၏ ခေါင်းဆောင် သုံးဦးသည် သိုင်းပညာ ကျွမ်းကျင်သူများ ဖြစ်ကြပြီး ၎င်းတို့၏ ကွပ်ကဲမှုအောက်တွင် သန်မာသော စစ်သည်များနှင့် မြင်းများ ပါဝင်သည်။ ချင်းရွှေမြို့၏ မြို့စောင့်တပ်မှတာဝန်ရှိသူများသည် အနက်ရောင်မြင်းတပ်သားဂိုဏ်းကို ရင်ဆိုင်ရန် သတ္တိရှိမည်မဟုတ်ပေ။ အောင်မြင်သွားတာ ကောင်းနိုင်ပေမယ့် မကြာခဏဆိုသလို ဆုံးရှုံးမှုကြီးကြီးမားမားနဲ့ ကြုံရတတ်သည်။
ရှုံးနိမ့်မှုဖြစ်စဉ်တွင် တစ်စုံတစ်ဦးမှ တာဝန်ယူရမည်ဖြစ်ပါသည်။ အနည်းဆုံးတော့ သူတို့သည် အနက်ရောင်မြင်းတပ်ဂိုဏ်းမှ လက်တုံ့ပြန်မည့်အန္တရာယ်နှင့် အသက်ဆုံးရှုံးနိုင်ခြေကို ဖော်ပြခြင်းမပြုဘဲ သူတို့၏ ဦးထုပ်ကို ကိုင်ထားနိုင်မှာ မဟုတ်တော့။
"ငါတို့ အခြားသူတွေကို အားကိုးလို့မရဘူး။ အခြေခံကျတဲ့ ဖြေရှင်းချက်ကတော့ မိမိကိုယ်ကို သန်မာလာအောင် လုပ်ဖို့ပဲ။"
စူးချန်ခုန်းသည် ဤမြင်ကွင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး သူ့ကံကြမ္မာကို သူပဲ့ကိုင်နိုင်ရမည်ဟု တိတ်တဆိတ် ကတိကဝတ်ပြုခဲ့သည်။ ထိုအတွက် ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ရပ် လိုအပ်သည်။
အိမ်တော်အရှင်မော့ထျဲမှ ကာကွယ်ပေးသော အခကြေးငွေဖြင့် အနက်ရောင်မြင်းတပ်ဂိုဏ်း ရောက်ရှိလာခြင်းသည် စိတ်ခံစားချက်ကို အနည်းငယ်ထိခိုက်စေခြင်းမှလွဲ၍ အခြားအကျိုးသက်ရောက်မှု အနည်းငယ်သာရှိခဲ့သည်။
စူးချန်ခုန်းသည် ငြိမ်းချမ်းစွာ ဘဝကို ဆက်လက်ဖြတ်သန်းပြီး နံနက်တိုင်း ညနေတိုင်း ဝူချင်းရှီကို လေ့ကျင့်ခဲ့သည်။ ဝူချင်းရှီ တစ်ဆို့ကြန့်ကြာခြင်းသို့ ရောက်ရှိပြီးနောက် တစ်ပတ်အကြာတွင် သူသည် နောက်ဆုံးတွင် အဆင့်တက်သွားခဲ့သည်။
"ဟောဟဲ ဟောဟဲ ဟောဟဲ"
နှင်းမုန်တိုင်းထဲတွင် စူးချန်ခုန်း၏ ကခုန်နေသော အညိုရောင်ဝက်ဝံကဲ့သို့ မြင့်မားသောပုံစံသည် ခိုင်မာသော စွမ်းအားဖြင့် ပြည့်နှက်နေ၏။ သူ အသက်ရှူသွင်းလိုက် ထုတ်လိုက်သည်နှင့် ချီစွမ်းအားက သူ့ထံ ဖြတ်သန်းစီးဆင်းရင်း သူ့ကြွက်သားတွေက ချမ်းစိမ်စိမ့်အအေးဒဏ်ကို အံတုပြီး အတိုင်ဖောက်ညီညီ လှုပ်ရှားနေသည်။
"ဂါး!"
ထို့နောက်တွင် စူးချန်ခုန်း၏ ခက်ထန်သော ဝက်ဝံတစ်ကောင်ကဲ့သို့သော အမူအရာသည် လေထဲတွင် ပဲ့တင်ထပ်နေသကဲ့သို့ သားရဲဘုရင်၏ ရက်စက်ကြမ်းကြုတ်မှုကို ခံယူကာ တိုက်ကျားနှင့်တူသော ဟိန်းဟောက်သံများသည် လေထဲတွင် ပဲ့တင်ထပ်နေပုံပေါ်သည်။
ကျားနဲ့ ဝက်ဝံတို့ သူနိုင်ကိုယ်နိုင် အနိုင်ကျဲခြင်းပင်။ ဒါကလည်း ဝူချင်းရှီရဲ့ အဆင့်အတန်းမြင့်လှတဲ့ အပြန်အလှန်ထိန်းကျောင်းတဲ့ ကျင့်စဉ်တစ်ခုဖြစ်သည်။ သို့ပေမယ့် သာမန်လူတွေက မလေ့ကျင့်နိုင်လောက်အောင် ပင်ပန်းလှသည်။
စူးချန်ခုန်းတစ်ယောက်တည်းရှိသော်ငြား ဝူချင်းရှီကို လေ့ကျင့်ရင်း သူသည် နှစ်ခြမ်းကွဲသွားကာ ကျားနှင့် ဝက်ဝံအဖြစ်သို့ ပြောင်းလဲသွားပြီး အချင်းချင်း ရန်ဖြစ်လိုက် ယှဉ်ချလိုက်ပင်။ လှုပ်ရှားမှု တစ်လက်ချင်းစီက အသက်ဝင်ကာ စွဲမက်ဖွယ်ကောင်းလှ၏။
စူးချန်ခုန်းပုံစံကို သင်ကြားပြသပေးခဲ့သော သမားတော်ဟွားရှန်ပင် ဝူချင်းရှီတွင် ထိုကဲ့သို့ အောင်မြင်မှုမျိုးကို အံ့အားသင့်သွားကာ ကျန်းမာရေးတိုးတက်မှုအတွက် ရည်ရွယ်သည့်အရာသည် ထိုကဲ့သို့သောအဆင့်သို့ ရောက်ရှိနိုင်သည်ကို ယုံရခက်နေပေလိမ့်မည်။
"ဂျွတ် ဂျက်"
စူးချန်ခုန်း၏ အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် နဖူးပေါ်မှ ချွေးပေါက်များ ပေါ်လာသည်။ သူ့အတွင်းပိုင်း ပူလောင်ကာ ပူနွေးသော လျှပ်စီးကြောင်းများက သူ့ကိုယ်တွင်းရှိ ခြေဖဝါးများ တစ်လျှောက် ချည်နှောင်မှုမှ ကင်းလွတ်သွားသကဲ့သို့ သူ့အကြောများနှင့် အရိုးများက စည်းချက်ညီနေ၏။
"လန်းဆန်းလိုက်တာ"
သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ စူးချန်ခုန်းက ကျေနပ်စွာ သက်ပြင်းချရင်း သူ့ရဲ့ ဝူချင်းရှီဟာ နောက်ဆုံးတော့ ပိုမြင့်တဲ့ အဆင့်ကို ရောက်ဖို့ တစ်စို့မှုကို ဖြတ်ကျော်ပြီး အဆင့်တက်သွားပြီဆိုတာ နားလည်သွားလေပြီ။