← Chapters

နတ်ဘုရားခွန်အားနယ်ပယ်။

Vol. 2 Ch. 18

နတ်ဘုရားခွန်အားနယ်ပယ်။

Vol. 2 Ch. 18

အမည်- စူးချန်ခုန်း (အသက် ၁၆ နှစ်)

သက်တမ်း-၇၅ နှစ်

စွမ်းရည်တန်ဖိုး- ၁၁ မှတ်

သိုင်းပညာကျွမ်းကျင်မှု- ဝူချင်းရှီ (အဆင့် ၆၊ အထွတ်အထိပ်သို့ရောက်ရှိခြင်း ၁%)၊

သံဖြတ်ဓားနည်းပညာ (အဆင့် ၅၊ ထူးချွန်အဆင့် ၇%)၊

လိပ်အသက်ရှူနည်းပညာ (အဆင့် ၄၊ ကျွမ်းကျင်အဆင့် ၂%)

အတတ်ပညာ ကျွမ်းကျင်မှု- ပန်းပဲပညာ (အဆင့် ၅၊ ထူးချွန်အဆင့် %)

စူးချန်ခုန်းသည် သူ၏အရည်အချင်းပြဘောင်ကွက်ကိုဖွင့်လိုက်ရာ အမှန်တကယ်ပင် ဝူချင်းရှီသည် အဆင့်၅မှ အဆင့် ၆၏ အထွတ်အထိပ်နေရာသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

သက်တမ်းအလိုက် ဝူချင်းရှီ၏ အဆင့်တက်မှုသည် ချီစွမ်းအင်အစစ်ကို သဘာဝအတိုင်း ထုတ်လုပ်သည်အထိ လေ့ကျင့်ခဲ့သည့် လိပ်အသက်ရှူနည်းနှင့်အတူ ကျန်းမာရေးထိန်းသိမ်းသည့် လက်သီးနှင့် ချီစွမ်းအင်တို့ကို ပေါင်းစပ်ထားခြင်းကြောင့် စူးချန်ခုန်း၏ သက်တမ်းသည် လွန်ခဲ့သော တစ်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၅ နှစ်တင်းတင်း တိုးလာကာ စွမ်းရည်တန်ဖိုးများ ၁၁ မှတ်ရောက်သည်အထိ သိသိသာသာ တိုးတက်လာခဲ့သည်။

စူးချန်ခုန်းက သူ့စိတ်တွေ ပိုကြည်လင်လာပြီး သူ့အတွေးတွေ ပိုဖျတ်လတ်လာကာ သူ့အာရုံတွေက မယုံနိုင်လောက်တဲ့ အဆင့်ထိကို အံ့ဩပနန်း မြှင့်တက်သွားသလို ခံစားလိုက်ရသည်။ ကောင်းကင်မှ နှင်းပွင့်များ လေးများ လွင့်ပျံလာသည်ကိုပင် စူးချန်ခုန်းသည် မျက်လုံးမှိတ်ရင်းနှင့် ပြုတ်ကျလာသော အမှုန်တစ်ခုစီ၏ လမ်းကြောင်းကို ကွဲကွဲပြားပြား သိနိုင်သည်။

ဝူချင်းရှီ၏ အောင်မြင်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းဖြစ်ပြီး စူးချန်ခုန်း၏ ခန္ဓာကိုယ်အတွင်း အသွင်ကူးပြောင်းမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

အသိသာဆုံး ပြောင်းလဲမှုမှာ စူးချန်ခုန်း၏ အစာစားချင်စိတ် အလွန်တိုးလာခြင်းဖြစ်သည်။

"ငါအရမ်းဗိုက်ဆာတယ်... ငါ့စားချင်စိတ်က အရင်ကထက် နှစ်ဆတိုးလာတယ်!"

ထမင်းစားချိန်ရောက်တော့ စူးချန်ခုန်းက ပေါင်းထားတဲ့ ပေါင်မုန့်ဖြူတစ်လုံးကို ယူလိုက်ပြီး ဟင်းရွက်ဟင်းချိုပန်းကန်လုံးကြီးတစ်လုံးနှင့် အကိုက်ကြီးကြီး ကိုက်ကာ အလောတကြီး မျိုချလိုက်သည်။

သူ့အစာစားချင်စိတ် သိသိသာသာ တိုးလာတာက စူးချန်ခုန်းအတွက် အလွန်ကျေနပ်စရာပင်။

ကံကောင်းထောက်မစွာဖြင့် သံနက်အိမ်တော်တွင် အစားအစာများကို တစ်နေ့လျှင် သုံးကြိမ်ကျွေးမွေးပြီး ဟင်းချို၊ ထမင်းနှင့် အသားအချို့ပါသော အစားအသောက်များဖြင့် ကျွေးမွေးထောက်ပံ့ထားရာ သင့်တော်ကောင်းမွန်လှသည်။

တကယ်တော့ သံနက်အိမ်တော်၏ ကိုယ်ကာယ လုပ်သားအဖွဲ့ဝင်များ ကောင်းစွာမစားမသောက်ပါက စွမ်းအင် အလုံအလောက်ရှိမည်မဟုတ်ပေ။

စူးချန်ခုန်းသည် သူ၏ ဖြည့်စွက်စာကို စားသောက်ပြီးနောက် သက်တောင့်သက်သာ လေချဉ်တက်ကာ နေ့သစ်တစ်နေ့တာ၏ အလုပ်ကို စတင်ရန် အလုပ်ရုံထဲသို့ ဝင်ခဲ့သည်။

"ဒိန်း ဒိန်း ဒိန်း"

စူးချန်ခုန်းသည် တူကို လွဲရမ်းကာ သူ့ရှေ့ရှိ သံမဏိပေါ်တွင် သွန်းလုပ်သည့် လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

"ငါ့ရဲ့ ခွန်အား... သိသိသာသာ တိုးလာတယ်ဟ"

အချိန်အတော်ကြာအောင် ရပ်တန့်နေခဲ့သော သူ၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ သိသိသာသာ ကြီးထွားလာသည်ကို ခံစားလိုက်ရသောကြောင့် စူးချန်ခုန်း၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။

ဤခံစားချက်သည် သူ့ခန္ဓာကိုယ်သည် ကြီးထွားဖွံ့ထွားလာသလိုပင်။ သူသည် အစာစားချင်စိတ် ပြင်းပြလာကာ သဘာဝအားဖြင့် သူ၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလည်း တိုးလာခဲ့သည်။

"နတ်ဘုရား ခွန်အားနယ်ပယ်၊ ငါ နတ်ဘုရားခွန်အားနယ်ပယ်ကို ရောက်သွားတာဖြစ်ရမယ်!"

စူးချန်ခုန်းသည် သူ့စိတ်ထဲတွင် ရွှင်မြူးသွားလေ၏။

လိပ်အသက်ရှူနည်းလက်စွဲတွင် သိုင်းပညာရှင်တစ်ဦး၏ နယ်ပယ်များကို မိတ်ဆက်အနေနဲ့ ထည့်သွင်းထားသည်။

လက်စွဲစာအုပ်အရ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်၏ တတိယအဆင့်မှာ နတ်ဘုရားခွန်အားနယ်ပယ်ဖြစ်သည်။

ဤအဆင့်သို့ရောက်သည်နှင့် လူ၏ကိုယ်လုံးကိုယ်ပေါက်သည် တစ်ဖန်ကြီးထွားလာပြီး ခွန်အားသည် သိသိသာသာ တိုးလာကာ သာမန်လူထက် နှစ်ဆ သို့မဟုတ် သုံးဆကျော်ကာ လွန်ကဲသောအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

အနက်ရောင်မြင်းတပ်ဂိုဏ်း၏တတိယအကြီးအကဲ ချန်ကျွမ်းသည် သံနက်အိမ်တော်၏ လေးလံသော တံခါးများကို ကျောက်တူကြီးတစ်ချောင်းဖြင့်ဖွင့်နိုင်ခဲ့ပြီး နတ်ဘုရားခွန်အားနယ်ပယ်နှင့်အထက် ခွန်အားရှိသည်။

ဒီအဆင့်ကိုရောက်ရင် သာမန်လူတွေက သူတို့ရှေ့မှာ ကလေးတွေလို နုနယ်နေပုံရသည်—လက်သီးတစ်ချက် ဒါမှမဟုတ် ကန်ချက်တစ်ချက်က သူတို့ရဲ့အရိုးတွေကို ကျိုးကြေစေပြီး အရွတ်တွေကို လွယ်လွယ်နဲ့ စုတ်ပြဲစေရာ သိုင်းပညာများကြား လုံးဝကို ထိပ်တန်းဖြစ်လာစေသည်။

စူးချန်ခုန်း၏ အစာစားချင်စိတ်သည် အလွန်တိုးလာပြီး သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ ကြီးထွားမှုအဆင့်သို့ ရောက်ရှိသွားကာ ကိုယ်ပိုင်ခွန်အားက နေ့တိုင်း သိသိသာသာ တိုးတက်လာသည်။

ဤတိုးတက်မှုသည် တစ်လအထိ တည်တံ့နေခဲ့သည်။

တစ်လကြာပြီးနောက် စူးချန်ခုန်းနေထိုင်သည့် ဝင်းထဲတွင် လက်မောင်းကို စမ်းသပ်ရန်နှင့် လေ့ကျင့်ရန် ယခင်က သူရခဲ့သော *လျန်နှစ်ရာရှိသော ကျောက်ရုပ်တုတုံးကြီးကို ချထားခဲ့သည်။

(T/N *လျန်= တရုတ်အလေးချိန် အတိုင်းအတာတစ်မျိုး။ တစ်လျန်=၅၀ဂရမ်)

စူးချန်ခုန်းသည် ကျောက်တုံးကြီး၏ သံလက်ကိုင်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး အားအပြည့်နှင့် မြှောက်လိုက်သည်။ လျန်နှစ်ရာကျော်ရှိသော ကျောက်တုံးကြီးကို စာအုပ်များနှင့်ပြည့်နေသော ကျောပိုးအိတ်တစ်လုံးအား သာမန်လူတစ်ယောက် လွယ်လွယ်ကူကူ မနိုင်သကဲ့သို့ သက်သာစွာဖြင့် မြှောက်လိုက်သည်။

ဟ။

စူးချန်ခုန်းက သူ့လက်မောင်းကို လွှဲလိုက်ပြီး ကျောက်ရုပ်တုကို လေထဲသို့ နှစ်မီတာ သို့မဟုတ် သုံးမီတာအကွာသို့ ပစ်ချလိုက်ပြီးနောက် ၎င်းကို လက်နှင့်ဖမ်းကာ မြေပြင်ပေါ်တွင် တည်တည်ငြိမ်ငြိမ်နှင့် ပြန်ချထားလိုက်သည်။ ဤကဲ့သို့သော ခွန်အားသည် လူ့ခန္ဓာကိုယ်အတွက် စိတ်ကူး၍ပင် မရနိုင်ပုံပင်။

"လွန်ခဲ့တဲ့တစ်လနဲ့ ယှဉ်ရင် ငါ့ခွန်အားက နှစ်ဆနီးပါး တိုးလာတာပဲ။"

စူးချန်ခုန်းက သူ့လက်သီးတွေကို ဆုပ်ထားပြီး သူ့နှလုံးသားက အံ့သြမှုအပြည့်နဲ့။

ယခုတော့ သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ ကြီးထွားသည့် အချိန်ကာလကို ဖြတ်ကျော်ပြီးနောက် တစ်ဖန် အရှိန်နှေးလာကာ စူးချန်ခုန်းသည် ယခင်ကနှင့် နှိုင်းယှဉ်ပါက ကမ္ဘာမြေကြီး တုန်လှုပ်လောက်သည့် ပြောင်းလဲမှုများကို စွမ်းဆောင်နိုင်ခဲ့လေပြီ။ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးအရ အရွယ်ရောက်ပြီးသူနှင့် ကလေးတစ်ယောက်ကြားမှ ကွာဟချက်ကဲ့သို့ နှစ်ဆနီးပါး ကွာခြားမှုရှိသည်။

လက်ရှိ စူးချန်ခုန်းသည် လွန်ခဲ့သော တစ်လခန့်က သူ့ကိုယ်သူကို ပြန်ပြီး အလွယ်တကူ ချေမှုန်းနိုင်လေသည်။

ဤသည်မှာ ကိုယ်ခန္ဓာအသွင်ပြောင်းခြင်း နတ်ဘုရားခွန်အားနယ်ပယ်ဖြစ်ပြီး နတ်ဘုရားစွမ်းအားသည် အံ့ဩမှင်တက်ဖွယ်ဖြစ်ရာ တန်နှင့်ချီသောအရာများကို မနိုင်လောက်သည်အထိ သန်မာလေသည်။

"ငါ့ရဲ့လက်ရှိအင်အားနဲ့ အနက်ရောင်မြင်းတပ်ဂိုဏ်းရဲ့တတိယခေါင်းဆောင်ကို ဘယ်လို ရင်ဆိုင်ရမလဲလို့ တွေးနေမိတယ်" စူးချန်ခုန်းက သူ့ကိုယ်ပိုင်စွမ်းအားအဆင့်အကြောင်းကို တွေးတောနေခဲ့သည်။

နယ်ပယ်အရ ချန်ကျွမ်းသည် စူးချန်ခုန်းထက်စောပြီး နတ်ဘုရားခွန်အားနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။ သို့သော် စူးချန်ခုန်း၏ အားသာချက်မှာ အတွင်းအားနှင့် အပြင်အားနှစ်ခုစလုံးကို ကျင့်ကြံခြင်း ဖြစ်သည်။ သူသည် ကိုယ်ကာယဖြင့် နတ်ဘုရားခွန်အားနယ်ပယ်သို့ လှမ်းနိုင်ခဲ့ရုံသာမက လိပ်အသက်ရှူနည်းကို ကျွမ်းကျင်ပိုင်နိုင်စွာ ရရှိကာ ချီစွမ်းအင်အစစ်ကို ကျင့်ကြံခဲ့သည်။ ထို့အပြင် သူ၏ သံဖြတ်ဓားနည်းပညာသည် အဆင့် ၅ သို့ရောက်ရှိခဲ့ပြီး အများကြားတွင် ထူးချွန်လှသည်။

ချန်ကျွမ်းနဲ့ တကယ်တိုက်ဖြစ်ရင် ချန်ကျွမ်းက သူ့ကို အနိုင်ယူနိုင်မယ်ဆိုတာ မသေချာပါ။

စူးချန်ခုန်းသည် အနက်ရောင်မြင်းတပ်ဂိုဏ်းမှ ဒေသခံအာဏာရှင်များကိုတော့ တကယ်ကြီး ရန်စဖို့ ရည်ရွယ်ချက်မရှိပေ။ ခပ်လျှိုလျှိုကျင့်ကြံခြင်းနှင့် မိမိကိုယ်မိမိ အားကောင်းလာစေရန် အာရုံစိုက်ခဲ့သည်။

ထုံးစံအတိုင်း နေ့သစ်တစ်နေ့တာတွင် စူးချန်ခုန်းသည် ပန်းပဲထုလုပ်ရန် အလုပ်ရုံထဲသို့ ဝင်ခဲ့သည်။

ယနေ့ စူးချန်ခုန်း အံ့အားသင့်သွားသည်မှာ ယန်ချောင်နှင့်ဆိုင်သော သူ့ဘေးရှိ အလုပ်ရုံက နေရာလွတ်ကြီး ဖြစ်နေတာပင်။

"ဆရာ ယန်ချောင်ဒီနေ့ တစ်ရက်နားတာလား။" စူးချန်ခုန်း အနည်းငယ် အံ့သြသွားသည်။ စူးချန်ခုန်းသည် သံနက်အိမ်တော်တွင် ရှိခဲ့သည့်နှစ်များစွာတွင် ယန်ချောင်သည် နောက်ကျတာ သို့မဟုတ် အနားယူတာကို မမှတ်မိသလောက်ပင်။

ဒါပေမယ့် စူးချန်ခုန်းကတော့ ယန်ချောင်က အကြောင်းတစ်ခုခုကြောင့် ခွင့်ယူလိုက်တာလို့ပဲ ယူဆခဲ့သည်။

သို့သော် ဤကိစ္စသည် သာမန်ကိစ္စ မဟုတ်ခဲ့ပေ။

နောက်နေ့နံနက်တွင် ညွန်ကြားရေးမှူးလျှို၏ ထုံးစံအတိုင်း နာမည်ခေါ်ဆိုအချိန် ရောက်လာသည်။

" ယန်ချောင်နဲ့ လီလန်အာ မရောက်သေးဘူးလား။"

ညွန်ကြားရေးမှူးလျှိုသည် စကားတစ်ခွန်းမှ မပြောဘဲ ပျောက်သွားသော သံနက်အိမ်တော်မှ ပန်းပဲဆရာနှစ်ယောက်ဖြစ်သည့် ယန်ချောင်နှင့် လီလန်အာနှစ်ယောက်စလုံး ပျောက်ဆုံးနေသဖြင့် မျက်မှောင်တင်းတင်းကြုတ်လိုက်သည်။

ညွန်ကြားရေးမှူးလျှို၏ နားလည်သလောက် အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ သူတို့ ပျက်ကွက်မှာ မဟုတ်ပေ။

"ယန်ချောင်နဲ့ လီလန်အာ ပျောက်နေတာလား။ ဒါက သာမာန်အခြေအနေမဟုတ်ဘူး။ အားလုံး သတိထားကြ။ သူတို့ အခန်းကို တစ်ယောက်ယောက်ကို စစ်ဆေးခိုင်းလိုက်မယ်။ သတင်းတစ်ခုခုရရင် ငါ့ကို ချက်ချင်းပြော!"

ဤကိစ္စသည် လူတိုင်းကို စကားတစ်ခွန်းဖြင့် အသိပေးခဲ့သော အိမ်တော်အရှင် မော့ထျဲ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။

"ဆရာယန်ချောင် ဘာမှမဖြစ်ဖို့ မျှော်လင့်တယ်" စူးချန်ခုန်းက သူ့ကို ပန်းပဲသွန်းနည်း သင်ပေးခဲ့တဲ့ ယန်ချောင်အတွက် သူ့စိတ်ထဲမှာ တိတ်တဆိတ် ဆုတောင်းလိုက်သည်။

ယန်ချောင်နှင့် လီအာလန်တို့ ပျောက်ဆုံးသွားသည့်တိုင် သံနက်အိမ်တော်သည် လည်ပတ်မှု မရပ်တန့်ဘဲ ကျန်လူများအားလုံး ပုံမှန်အတိုင်း လုပ်ဆောင်ခဲ့ကြသည်။

ညနေခင်း၌ သံနက်အိမ်တော်တွင် သေးငယ်သော လှုပ်ရှားမှုပင် မရှိခဲ့ပါ။

"အား! လူသေ၊ လူသေပဲ!"

ထိတ်လန့်တကြား အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့သည်။

"ဘာဖြစ်တာလဲ။"

စူးချန်ခုန်းက မျက်မှောင်တင်းတင်းကြုတ်ပြီး အလုပ်ရုံထဲက ထွက်လာကာ သူ့တူကို ချလိုက်သည်။

ထိုအချိန်တွင် သံနက်အိမ်တော်၏အ၀င်ပေါက်သည် လူများဖြင့် ပြည့်ကျပ်နေပြီး အားလုံး၏ မျက်နှာထက်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပေါ်လွင်နေလျက်။

လူအုပ်ကြားရှိ နေရာလပ်များက ချောင်းကြည့်ရင်း စူးချန်ခုန်းသည် အလယ်က မြင်ကွင်းကို မြင်လိုက်ရသည်။

မြေပြင်ပေါ်တွင် သန့်စင်သော နှင်းများ ရှိနေပြီး ထိုနှင်းပုံအထက်တွင် သွေးစွန်းနေသော လူသား၏ဦးခေါင်းကို တင်ထားသည်။

ဦးခေါင်းသည် အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ကျော်ရှိပြီး ဆံပင်ပွပွ၊ မျက်လုံးပြူးပြူးနှင့် တွန့်ချိုးနေသော သွေးစွန်းနေသည့် မျက်နှာက တကယ်ကို ကြောက်စရာကောင်းပြီး လူတိုင်းကို ဖြူဖျော့သွားစေသည်။

မျက်လုံးသေများဖြင့် သွေးစွန်းနေသော ဦးခေါင်းကို မဆိုထားနှင့် လူအများစုသည် လူသေအလောင်းကိုပင် မမြင်ဖူးကြပေ။ ၎င်းက သာမာန်လူများကို အိပ်မက်ဆိုးများ မက်စေနိုင်သည်။

"ဒါက လီအာလန်.ပဲ.."

လက်တွင် အသက်ပေါင်းများစွာ စွန်းထင်းနေသော စူးချန်ခုန်းအတွက်တော့ ထိုမြင်ကွင်းကြောင့် ကြောက်လန့်ရမည့် နုံအသော လူငယ်လေး မဟုတ်တော့ပေ။ သူက အနီးကပ်ကြည့်ကာ အနှီခေါင်း၏ မျက်နှာကို မှတ်မိသဖြင့် အံ့သြသွားသည်။

၎င်းမှာ တခြားတစ်ယောက်၏ ခေါင်းမဟုတ်။ သံနက်အိမ်တော်တွင် ပျောက်ဆုံးနေသူများအနက်မှ လီအာလန်ဖြစ်သည်။ ယခုမူ သူသည် ကြမ်းတမ်းသော အဆုံးသတ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရလေသည်။

All Chapters