အမှောင်ညနှင့် လေပြင်းများ။ မဖိတ်ကြားအပ်သောဧည့်သည် ရောက်လာခြင်း။
Vol. 2 Ch. 20
မော့ထျဲသည်လည်း ထပ်တူထပ်မျှ ဒေါသထွက်သွားသော်လည်း မဆင်မခြင် မလုပ်ပေ။ သူက ရင်ဘတ်ထဲမှ ငွေစက္ကူများစွာကို ထုတ်ကာ ရိုးသားထက်သန်စွာဖြင့် "ဒါက ငွေတစ်ရာအတွက် စက္ကူတွေပါ။ ဒါက သူရဲကောင်း သုံးယောက်အတွက် ကျွန်တော်ပေးတဲ့ အရက်ဖိုးလေးပါ။ ဒီနေ့ ကိစ္စလေးကို လွှတ်ပေးလိုက်ရအောင် ခင်ဗျ။"
ထိုစကားကိုကြားသောအခါ မျက်နှာတွင် ကြက်ခြေခတ်အမာရွတ်နှင့် လူဝကြီးက ကြက်ခြေထောက်ကို နှစ်ချက်သုံးချက်ကိုက်၍ အသားကို ကိုက်ဖြတ်စားသောက်ကာ ကျန်အရိုးများကို လွှင့်ပစ်လိုက်သည်။ ထို့နောက် လက်ကို အဝတ်ပေါ် ဂရုမထားဟန်ဖြင့် သုတ်ကာ မတ်တပ်ထရပ်ပြီး မော့ထျဲထံသို့ ချဉ်းကပ်လာလေ၏။ သူက ငွေစက္ကူများကို ဗြုန်းစားကြီး လုယူ၍ ရေတွက်ကာ ရင်ဘတ်ထဲသို့ ထည့်လိုက်သည်။
ထိုအခါ လူထွားကြီးသည် ခေါင်းကို လှည့်ကာ သူတို့ သုံးယောက်တွင် ခေါင်းဆောင်ဖြစ်သော လူကြီး တစ်ယောက်ကို ကြည့်လိုက်သည်။
ထိုအကြီးအကဲ၏ ဆံပင်များသည် အဖြူရောင်များ ဖြန့်ဖြန့်ဖြူးထားသလို ဖြစ်နေသော်လည်း သူ၏အရပ်သည် အလွန်အရပ်ရှည်ပြီး လူငယ်များထက်ပင် ပိုမိုကြံ့ခိုင်ကာ ရက်စက်သော ဝံပုလွေတစ်ကောင်နှယ် အလွန်တရာ အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။
ထိုလူကြီးက "မင်းက ငွေတစ်ရာနဲ့ ယန်ကို ဖယ်ထုတ်နိုင်မယ်လို့ ထင်နေတာလား။ မင်းရဲ့ သံနက်အိမ်တော်က တော်တော်ချမ်းသာတာကို ငါသိပါတယ်။ ငွေသုံးထောင်၊ ဒီကိစ္စ ဒီလောက်ပဲ။"
"ဘာရယ်?"
အမှန်တရားပေါ်လာချိန်တွင် မော့ထျဲ၏မျက်နှာသည် ပြောင်းလဲသွားကာ သူနှင့် ပါလာသော လူများ၏ မျက်လုံးများတွင် ဒေါသမီးတဟုန်းဟုန်း တောက်လောင်နေလျက်။
ဒီလူကြီးက အနက်ရောင်မြင်းနက်တပ်ဂိုဏ်းထက်တောင် ပိုလောဘကြီးသေးသည်။ သူ့တောင်းဆိုမှုက ငွေသုံးထောင် ချက်ချင်းကြီး တောင်းဆိုနေသည်။
မော့ထျဲသည် သူ၏စုဆောင်းငွေအားလုံးကို သုံးစွဲခဲ့လျှင်ပင် ၎င်းသည် ကြီးမားသော ပမာဏဖြစ်သည်မှာ အသေချာပင်။ သူသည် ရင်းနှီးသော သူငယ်ချင်းအချို့ထံမှ ချေးယူရန် လိုအပ်ပြီး ၎င်းသည် နှစ်များတစ်လျှောက် သူကြိုးစားအားထုတ်ခဲ့သော စုဆောင်းငွေအားလုံး ပြောင်သွားစေမှာပင်။
"တိုက်ကြ! သူတို့ကို သတ်။ လီအာလန်အတွက် လက်စားချေ!"
ဒေါသထွက်နေသော ကျန်းချန်သည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အော်ပြောလိုက်သည်။
ယန်မျိုးရိုးအမည်ရှိသော ဤလူများသည် လီအာလန်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ယခု သူတို့သည် သံနက်အိမ်တော်မှ ငွေကို အရှက်မရှိ တောင်းဆိုနေကြသည်။ သူတို့ သဘောမတူပါက တိုက်ခိုက်ရန် ကြံရွယ်လျက် ဓားများ ကိုင်ဆောင်လာခဲ့တာ ဖြစ်သည်။
"ဟမ့်!"
အေးစက်သော ထေ့ငေါ့သံတစ်ခု ထွက်ပေါ်လာပြီး ကျန်းချန်နှင့် အခြားသူများ မလှုပ်နိုင်မီတွင် စကားမပြောဘဲ မီးဖိုဘေးတွင် ထိုင်နေသည့် အမျိုးသား သုံးဦးထဲမှ တစ်ဦးက ရုတ်တရက် ထရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် လေဗွေကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားပြီး သူ၏ခါးမှ ဓားကွေးတစ်ချောင်းသည် ရုတ်တရက် ဓားအိမ်မှကျွတ်သွားလေ၏။ ထိုလူသည် ဓါးဖြင့် ရုတ်တရက် ဖျတ်ကနဲ ဖြတ်သွားသည်။
"အ အား အား"
အသားတွေ စုတ်ပြဲတဲ့ အသံတွေနောက်မှာ အဆက်မပြတ် ညည်းညူသံတွေ ထွက်ပေါ်လာသည်။ ကျန်းချန်နဲ့ တခြားသူတွေ ဓားမဆွဲထုတ်ခင်မှာ သူတို့ရဲ့ လက်ကောက်ဝတ်တွေမှာ နာကျင်မှုကို ခံစားလိုက်ရပြီး လတ်လတ်ဆတ်ဆတ်သွေးတွေ ထွက်လာရာ သွေးတွေ တတောက်တောက်ကျလာတာကြောင့် ဓားလက်ကိုင်တွေကို ကိုင်မထားနိုင်ကြတော့။
ထို့နောက် အစိမ်းရောင် ဝတ်စုံနှင့်လူက နေရာကနေ ဘယ်တော့မှ မရွေ့သွားသည့်နှယ် သူ့ဓားကို ဖြေးဖြေးချင်း ပြန်ထည့်ရင်း သူ့မူလနေရာကို ပြန်သွားခဲ့သည်။
အကြီးအကဲက ကျေနပ်စွာ ခေါင်းညိတ်ပြပြီး "လင်းယု၊ မင်းရဲ့ 'ပျံလွှားငှက်ကိုယ်ပြန်နည်း' ကို ကောင်းကောင်း လေ့ကျင့်ထားတာပဲ။”
လင်းယုဟု အမည်ရသောလူက ခပ်ရေးရေး ပြုံးကာ ဆို၏။ "ဆရာကြီးရဲ့ လမ်းညွှန်မှုကြောင့်ပါ။"
"ဒီ..သုံးယောက်လုံးက သန်မာတဲ့ သိုင်းပညာရှင်တွေပဲ!"
မော့ထျဲသည် သွေးထွက်နေသော လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်ထားရင်း နှလုံးသားထဲတွင် ချမ်းစိမ့်စိမ့်ဖြစ်လာသည်။
ခုနက လင်းယုသာ အရှိန်မထိန်းထားခဲ့ရင် အနည်းဆုံးတော့ သူတို့ရဲ့ လက်ကောက်ဝတ်က လွယ်လွယ်ကူကူ ဖြတ်ခံလိုက်ရမှာပင်။
သူတို့အားလုံးသည် သံနက်အိမ်တော်၏အဖွဲ့ဝင်များဖြစ်ကြပြီး အများအားဖြင့် ပန်းပဲဖိုတွင် အလုပ်လုပ်ကြရာ ခွန်အားများစွာ ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း စစ်မှန်သော သိုင်းပညာရှင်နှင့် နှိုင်းယှဉ်လျှင် သူတို့က အားနည်းနေဆဲဖြစ်သည်။
"ငါ့ဆရာ ပြောတာကို ကြားလား။ ငွေသုံးထောင်၊ ဒီနေ့ကိစ္စ ပြေလည်သွားလိမ့်မယ်။ ငါတို့ရဲ့ နာကျည်းမှုတွေကို အဆုံးသတ်ကြတာပေါ့။" ဟု လူထွားကြီးက လှောင်ပြောင်ရယ်မောရင်း ဆို၏။
ယန်နဲ့ သူ့တပည့်နှစ်ယောက်စလုံးဟာ ချင်းရွှေမြို့ကို ဖြတ်သွားရင်း သံနက်အိမ်တော်ရဲ့ ချမ်းသာကြွယ်ဝမှုကို သိရှိခဲ့ကြသည်။ သူတို့က ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူဆိုးတွေဖြစ်ကြပြီး သံနက်အိမ်တော်ရဲ့ ငွေကြေးဥစ္စာတွေကို ကြံရွယ်ပြီး ယန်ချောင်နဲ့ လီအာလန်ကို ဖမ်းဆီးခဲ့တာပင်။
မော့ထျဲ၏ မျက်နှာထား ပြောင်းလဲသွားသည်။ ငွေသုံးထောင်သည် သူ၏နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုအားလုံးကို အချည်းနှီးဖြစ်စေနိုင်သည်။ ပြီးတော့ အနှီသုံးယောက်လုံးက လီအာလန်ကို သတ်ခဲ့ပုံကို စဉ်းစားလိုက်ပါက သူသဘောမတူလျှင် ယနေ့တွင် ဘေးကင်းစွာ ထွက်ခွာရန် အခွင့်အရေးမရှိတော့ပေ။
ယန်နဲ့ သူ့တပည့်တွေရဲ့အမြင်မှာတော့ မော့ထျဲဟာ ပွပေါက်ကြီးတစ်ခုဖြစ်ပြီး အမြတ်အစွန်းရတဲ့အလုပ်တစ်ခုက သူတို့ကို အချိန်အတော်ကြာ ဇိမ်ခံစေနိုင်မယ်ဆိုတာ သေချာပါသည်။
ကျန်းချန်နှင့် အခြားသူများသည် သွေးထွက်နေသော လက်ကောက်ဝတ်များကို ဆုပ်ကိုင်ထားရင်း တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရသည်။ အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသားက သူတို့ရဲ့လက်ကောက်ဝတ်တွေကို အမြန်လှီးဖြတ်လိုက်တာကို သူတို့ မတုံ့ပြန်နိုင်လောက်အောင် မြန်ဆန်ပါသည်။ သူတို့ အပြင်းအထန် တိုက်ခိုက်ကြရင်တောင် သူတို့ကိုယ်သူတို့ သေလမ်းပို့နေသလို ဖြစ်နေလိမ့်မည်။
“ငွေသုံးထောင်… ဒီပမာဏကို ကျွန်တော် အခု မပေးနိုင်သေးဘူး” မော့ထျဲက သွားများကို အံကြိတ်ရင်း ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါမင်းကို အချိန်နှစ်ရက် ပေးမယ်။ နှစ်ရက်အတွင်း ငါ့ကို ပြန်ဆက်သွယ်။ ပြီးတော့ မင်း အရာရှိတွေကို တိုင်ချင်ရင်တိုင်ကြားနိုင်တယ်... ဒါပေမယ့် အဲ့လိုလုပ်ရင်တော့ မင်းတို့မိသားစုတစ်ခုလုံးကို ငါသတ်ပစ်မယ်"
ယန်မျိုးရိုးနာမည်နဲ့လူက မော့ထျဲကို ငွေသုံးထောင် ချက်ချင်းထုတ်ပေးဖို့ အတင်းအကြပ်မလုပ်ဘဲ ဖြေးဖြေးချင်း ဆက်ပြောသည်။
ထိုစကားများသည် မော့ထျဲ၏ရင်ထဲ ဆုတ်နစ်သွားစေခဲ့သည်။ ယန်လို့အမည်ရတဲ့ အမျိုးသားက အလွန်ယုံကြည်မှုရှိနေပြီး သူ့ကို ပိုက်ဆံသွားယူခွင့်ပေးပြီး အရာရှိတွေကို သတင်းပို့နိုင်တယ်လို့ ပြောင်ပြောင်တင်းတင်းတောင် ပြောခဲ့သည်။ အကျိုးဆက်အနေနဲ့ကတော့ ထုံးစံအတိုင်း ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေ ခံစားရမှာပင်။
"ယန်ချောင်ကို ကျွန်တော်နဲ့အတူ ခေါ်သွားလို့ရမလား။ သူ ဆေးကုသဖို့ လိုတယ်..." မော့ထျဲသည် တိုင်တစ်ခုတွင် ကြိုးချည်ခံထားရသော ယန်ချောင်ကို တစ်ချက်ကြည့်လိုက်ပြီး တောင်းဆိုလိုက်သည်။ ယန်ချောင်၏ အခြေအနေသည် အလွန်ဆိုးရွားခဲ့ပြီး ဆေးကုသမှုခံယူရန် လိုအပ်နေသည်။
"ကျစ်"
အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားသည် ဓားကွေးကို ရမ်းကာ ယန်ချောင်အား ချည်နှောင်ထားသည့် ကြိုးများကို ဖြတ်တောက်လိုက်သည်။ ချုပ်နှောင်မှု မရှိတော့သောကြောင့် ယန်ချောင်သည် ယခင်က ဤလူများ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် မောပန်းနွမ်းနယ်ပြီး ဒဏ်ရာများရရှိကာ မြေပေါ်သို့ လဲကျလုနီးပါး ယိုင်ကျသွားခဲ့သည်။
"သွားတော့၊ မှတ်ထား၊ မင်းမှာ အချိန်နှစ်ရက်ရတယ်။ အချိန်မလေးစားတဲ့လူတွေကို ငါမုန်းတယ်။"
ယန်မျိုးရိုးနှင့်လူ၏ ဂရုမစိုက်ဟန်ဖြင့် ပြောသောအသံ ထွက်ပေါ်လာသည်။
"သွားရအောင်... ဒီကနေ အရင်ထွက်သွားရအောင်"
လူနှစ်ယောက်က ယန်ချောင်ကို ထူပေးပြီး မော့ထျဲက သူ့အသံကို လျှော့ကာ ဘာပဲဖြစ်ဖြစ် ဒီနေရာကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
ပျက်စီးနေသော ဗိမာန်၏ အပြင်ဘက်သို့ လူငါးဦး သို့မဟုတ် ခြောက်ဦးပါသော အဖွဲ့တစ်ဖွဲ့ ထွက်ခွါသွားကြသည်။ ယန်မျိုးရိုးနဲ့လူက သူ့တပည့်နှစ်ယောက်ကို မတားခိုင်းလိုက်ပေ။
ဘုရားကျောင်းနဲ့ မီတာဒါဇင်နဲ့ချီ အဝေးရောက်မှသာ သူတို့အားလုံး သက်ပြင်းချလိုက်ကြသည်။ ခဏတာလောက် အသက်ရှင်နိုင်သွားလေပြီ။ ကျန်းချန်က စိုးရိမ်တဲ့အကြည့်နဲ့ ဆိုလေ၏။ "သခင်ကြီး၊ အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ"
မော့ထျဲက တိတ်ဆိတ်နေ၏။ တာဝန်ရှိသူများထံ သတင်းပို့ခြင်းမှာ ရွေးချယ်စရာတစ်ခု ဖြစ်သော်လည်း သူတို့က ကြားဝင်ဆောင်ရွက်ပေးမည်ဟု အာမခံချက်မရှိပါ။ ဒီလိုလုပ်မယ်ဆိုရင်တောင် ယန်မျိုးရိုးနှင့်လူသုံးယောက်ဟာ ရေစွန်းမြေစွန်းမှာ ခဏလောက် ပုန်းနေနိုင်ပေမယ့် အရာရှိများက သံနက်အိမ်တော်ကို တစ်ချိန်လုံး မကာကွယ်ပေးနိုင်ပါ။ သူတို့၏စိုးရိမ်မှု လျော့ပါးသွားသည်နှင့် ယန်မျိုးရိုးနှင့်လူသည် ပြင်းထန်သော ကလဲ့စားချေရန် သေချာပေါက် လာရှာလိမ့်မည် ။
လီလန်အာကို သူတို့သတ်လိုက်ပုံကြောင့် အနှီသုံးယောက်ဟာ သိုင်းပညာစွမ်းရည်မြင့်တဲ့ လူရမ်းကား အုပ်စုဖြစ်ကြောင်း သိသာပါသည်။ ထိုသို့သော လူရမ်းကားများသည် ဒုက္ခအပေးနိုင်ဆုံးဖြစ်သည်။
"ဟို..ဟိုလေ.. အနက်ရောင်မြင်းတပ်ဂိုဏ်းကို အကူအညီတောင်းရင်ရော။ ကျွန်တော်တို့က သူတို့အတွက် အကာအကွယ်ကြေးငွေတွေ ပေးခဲ့တယ်လေ" တစ်စုံတစ်ဦးမှ သံနက်အိမ်တော်မှ အကာအကွယ်ကြေးပေးခဲ့သည့် အနက်ရောင်မြင်းတပ်ဂိုဏ်းကို တွေးမိကာ အစမ်းသဘော အကြံပြုခဲ့သည်။
"ဟ... ဒီဓားပြတွေက ပိုက်ဆံပေးနေလို့သာ မင်းကို အနိုင်မကျင့်သာ။ ဘယ်လိုလုပ်ပြီး ကာကွယ်ပေးနိုင်မှာလဲ" အနက်ရောင်မြင်းတပ်ဂိုဏ်းက ဒီကိစ္စကို သတိထားမိမယ်လို့ မထင်သောကြောင့် တစ်ယောက်က ထေ့ငေါ့လိုက်လေ၏။
"အားလုံးက ငါ့အပြစ်တွေပဲ..." ယန်ချောင်က အပြစ်ရှိသလိုခံစားရကာ ဝမ်းနည်းကြေကွဲစွာ ဆို၏။
တကယ်တော့ ယန်ချောင်နဲ့ လီလန်အာကို အပြစ်တင်လို့မရပါ။ ယန်မျိုးရိုးနှင့်လူသုံးယောက်ဟာ သူတို့ကို ပြန်ပေးဆွဲခြင်းဖြင့် ချမ်းသာလာဖို့ သံနက်အိမ်တော်ကို ပစ်မှတ်ထားခဲ့တာဖြစ်သည်။ လီလန်အာသည် ခေါင်းဖြတ်ခံရပြီး သာဓကတစ်ခုအဖြစ် ဖန်တီးခံရခြင်းမှာ ကံဆိုးလွန်း၍သာ။
“အရင်ပြန်ပြီး ရေရှည်အတွက် အစီအစဉ်ဆွဲကြရအောင်” မော့ထျဲက သက်ပြင်းချလိုက်သည်။ လောလောဆယ်တော့ ဘာလုပ်ရမှန်းမသိတော့ပေ။ သူလုပ်နိုင်တာကတော့ သံနက်အိမ်တော်ကို ပြန်သွားပြီး အဖြေကိုရှာဖို့ပင်။
"ဟဲဟဲ! လေပြေမြို့ဝန်းကျင်က ဒီနေရာတစ်ဝိုက်က တကယ့် သုခဘုံပဲ။ သံနက်အိမ်တော်က ပန်းပဲဆရာတွေကို ဘယ်သူမှ မကာကွယ်ပေးထားဘူးပဲ။ သူတို့ကိုမှ ငါတို့ ဓားပြမတိုက်ရင် ဘယ်သူက တိုက်တော့မှာလဲကွာ။"
ဘုရားကျောင်းအတွင်းတွင် ယန်မျိုးရိုးအမျိုးသားနှင့် သူ၏ တပည့်နှစ်ယောက် အရက်သောက်နေကြပြီး လူဝကြီးက ရယ်မောလိုက်လေသည်။
ပြန်ပေးဆွဲခြင်းနှင့် ငွေညှစ်ခြင်း လုပ်ရိုးလုပ်စဉ်သည် သူတို့အတွက် ပထမဆုံးမဟုတ်ပေ။ အားနည်းသော အစောင့်တပ်များဖြင့်ရှိသော ချမ်းသာသော ကုန်သည်များကို သူတို့က ပစ်မှတ်ထားကြတာဖြစ်သည်။ ကျန်သူများကို ခြိမ်းခြောက်ရန် လူအနည်းငယ်ကို သတ်ဖြတ်ပါက အများစုက တိတ်တဆိတ် လိုက်လျောရန် ရွေးချယ်ကြသည်။ အမှန်တော့ ချမ်းသာမှုက အသက်လောက် အရေးမကြီးပဲလေ။
"စီနီယာအကိုကြီး၊ တံခါးလေး ပိတ်ပေးပါလား" မီးပုံ ဘေးမှာထိုင်နေတဲ့ အစိမ်းရောင်ဝတ်ရုံနှင့်လူက ခန်းမထဲကို စိမ့်ဝင်လာတဲ့လေအေးကို ခံစားလိုက်ရပြီး အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရကာ ပြောလိုက်လေ၏။
"အင်။" လူဝကြီးသည် ဘုရားကျောင်း၏ ပင်မခန်းမ တံခါးကို ပိတ်ရန် သဘောတူကာ ထလိုက်သော်လည်း ရုတ်တရက် သူ့လမ်းကြောင်းတွင် အေးခဲသွားသည်။
ဘုရားကျောင်းအပြင်ဘက် နှင်းမုန်တိုင်းများကြားတွင် အနက်ရောင်၀တ်စုံနှင့် လူတစ်ဦးသည် ဘုရားကျောင်းဆီသို့ လျှောက်လာနေသည်။ သူ၏ ခြေရာများသည် နှင်းထဲတွင် ကျန်ရစ်ခဲ့ပြီး တည်တည်ငြိမ်ငြိမ်နှင့် အလျင်စလိုပေ။ ထူးဆန်းသည်မှာ ထိုလူ၏မျက်နှာအား ဟာသလူဝံမျက်နှာဖုံးဖြင့် ဖုံးအုပ်ထားရာ ဤနှင်းထန်ပြီး လေထန်သောညတွင် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ထိတွေ့မှုကို ပေါင်းထည့်ထားသဖွယ်။
"အပြင်မှာ နှင်းတွေ တအားကျနေလို့ ရေနွေးသောက်လို့ ရမလား။" အနက်ရောင်မျက်နှာဖုံးနှင့်က လူဝကြီးကို စိုက်ကြည့်နေပြီး သူ့အသံက ဩရှရှ။
နောက်မှရောက်လာတဲ့ လူကတော့ ထုံးစံအတိုင်း နောက်ကနေ လိုက်လာတဲ့ စူးချန်ခုန်းပင် ဖြစ်လေသည်။