ကျောက်စိမ်းဖြူဂိုဏ်း။ ဆုလာဘ်ကမ်းလှမ်းခြင်း။
Vol. 2 Ch. 24
" ယန်ဖေး ကိုယ်တိုင်က အတွင်းအားကို ကျင့်ကြံပြီး ဒီပဓာနချီစွမ်းအင်ပျံ့နှံ့နည်းကို သူဘယ်ကရခဲ့မှန်း သိမှာ မဟုတ်ဘူး။ ဒါက သူသုံးဖို့အတွက်ပဲ ဖြစ်ရမယ်"
စူးချန်ခုန်း သူ့ဘာသာသူတွေးနေမိသည်။
အတွင်းအားကို လေ့ကျင့်ခြင်းသည် တိုးတက်မှုလမ်းစဉ်ဖြစ်ပြီး နေ့ချင်းညချင်း မကျွမ်းကျင်နိုင်ပါ။ စွမ်းအားက ရုတ်တရက်ကြီး ဝုန်းဒိုင်း ထလာမည်မဟုတ်ပေ။ ကျင့်ကြံခြင်းနှင့် စုဆောင်းခြင်းအတွက် အချိန်ကြာမြင့်စွာ လိုအပ်သည်။ အတွင်းအားကို တိုးတက်စေသော ဆေးဝါးများကို သောက်သုံးခြင်းသည် ခက်ခဲသော အလုပ်များစွာကို ကယ်တင်နိုင်သည့် ဖြတ်လမ်းဖြစ်သည်မှာ သေချာပါသည်။
"ငါ့မှာ ဒီပဓာနချီစွမ်းအင်ပျံ့နှံ့နည်းသာရှိခဲ့ရင် ငါ့လိပ်အသက်ရှူနည်းအတွက် အောင်မြင်မှုတွေ ပိုမြန်လာမှာ သေချာတယ်။"
မကြာသေးမီက စူးချန်ခုန်း၏ လိပ်အသက်ရှူနည်းပညာသည် စတုတ္ထနယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီး လိပ်အသက်ရှူနည်း ချီစွမ်းအင်ကို ပေါက်ဖွားစေခဲ့သည်။ သို့သော် သူ့ချီစွမ်းအင်၏ အရည်အသွေးသည် မကုန်ဆုံးမီတွင် သူ၏အပြည့်အ၀ ကြိုးစားမှုကို အနည်းငယ်သာ ပံ့ပိုးပေးနိုင်သည့် သာမန်အဆင့်ဟုသာ ယူဆနိုင်သည်။
စူးချန်ခုန်း၏ လက်ရှိအရည်အချင်းများဖြင့် လိပ်အသက်ရှူနည်းတွင် နောက်ထပ်အဆင့်တက်ရန် အချိန်အနည်းငယ်ယူရမည် ဖြစ်သည်။ ဤပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းနှင့်ဆိုလျှင် တိုးတက်မှုက အဆပေါင်းများစွာ မြှင့်တက်သွားနိုင်သည်။
ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းက ဘယ်လောက်ထိ ထိရောက်လဲဆိုတာကို သူကြိုးစားပြီးတာနဲ့ သိမှာပင်။
"မနက်ဖြန်ကျရင် ချင်းရွှေမြို့မှာ ဆေးညွှန်းထဲပါတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ သွားဝယ်မယ်။"
စူးချန်ခုန်း စိတ်ဆုံးဖြတ်လိုက်သည်။ မနက်ဖြန်က အားလပ်ရက်ဖြစ်ပြီး ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းအတွက် လိုအပ်သော ပါဝင်ပစ္စည်းများကို ရရှိရန် ပြီးပြည့်စုံသော အခွင့်အရေးဖြစ်သည်။
နောက်တစ်နေ့နံနက်စောစောတွင် စူးချန်ခုန်းသည် စောစောထပြီး ဝူးချင်းရှီကို ခဏတာ လေ့ကျင့်ပြီးနောက် သံနက်အိမ်တော်မှ ချင်းရွှေမြို့သို့ ခရီးဆက်ခဲ့သည်။
ဟက်။
ခယောင်းလမ်းတွင် စူးချန်ခုန်းသည် သုတ်ခြေတင် ပြေးနေသည်။ သူ၏ အရှိန်သည် သာမန်လူသားများထက် ကျော်လွန်သွားကာ လမ်း၏ တစ်ဖက်တစ်ချက်စီမှ ပန်းများနှင့် မြက်ပင်များကို အနည်းငယ် ကွေးညွှတ်သွားစေသည့် လေပြင်းများ ဖြစ်ပေါ်နေသည်။ သူ့အသက်ရှုသံက အသက်ရှုမဝ မဖြစ်ဘဲ တည်ငြိမ်နေ၏။
ခန္ဓာကိုယ်တွင်း ကြံ့ခိုင်မှုနယ်ပယ်သို့ ရောက်ရှိပြီးနောက် သူ၏ ကိုယ်တွင်းအင်္ဂါများကို ခိုင်ခံ့လာပြီး ခွန်အားနှင့် ခံနိုင်ရည်တို့ကို သိသိသာသာ မြှင့်လာသည်။ သူသည် တိရစ္ဆာန်များစွာကို အစွမ်းကုန် ယှဉ်ပြိုင်နိုင်သည်။ စူးချန်ခုန်းအတွက်တော့ သုံးဆယ် သို့မဟုတ် လေးဆယ်လီ အကွာအဝေးသည် တိုတောင်းသော လမ်းလျှောက်ရုံလောက်သာ။
နာရီဝက်အကြာတွင် စူးချန်ခုန်းသည် ချင်းရွှေမြို့သို့ ရောက်လာခဲ့သည်။
သူသည် မြို့ထဲသို့ အကျွမ်းတဝင်ဝင်၍ ဆေးဆိုင်သို့ သွားကာ ဆေးဖက်ဝင်ပစ္စည်းများကို ဝယ်သည်။
သို့သော် စူးချန်ခုန်းသည် ပြဿနာတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။
ဆေးဆိုင်တစ်ခုတွင် ဆံပင်ဖြူဖြူနှင့် ဆိုင်ရှင်တစ်ဦးသည် စူးချန်ခုန်း၏ စျေးဝယ်စာရင်းကိုကြည့်ကာ "လူငယ်လေး၊ မင်းဝယ်လိုတဲ့ ပါဝင်ပစ္စည်းတွေက အရမ်းတန်ဖိုးကြီးတယ်။ တစ်ချို့က အလွန်ရှားတယ်။ အများစုကတော့ ငါတို့ဆိုင်မှာ မရနိုင်ဘူး... တခြားဆိုင်တွေမှာလည်း မရှိနိုင်ဘူး" ဟူ၍ ပြောခဲ့သည်။
"မရနိုင်ဘူးလား။"
ထိုစကားကို ကြားလိုက်တာနဲ့ စူးချန်ခုန်းရဲ့ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။
ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းအတွက် လိုအပ်သော ပါဝင်ပစ္စည်းများသည် အလွန်ရှားပါးပြီး တစ်ကြိမ်တည်း စုဆောင်းခြင်းသည် သာမန်လူများထက် ငွေလေးငါးတုံးခန့် ကုန်ကျနိုင်သည်။ ဒီလိုမှမဟုတ်ရင် ယန်ဖေးဟာ ငွေညှစ်ပြီး စည်းစိမ်ဥစ္စာတွေကို သိမ်းယူခဲ့မှာ မဟုတ်ပါ။
ပိုဆိုးတာက ဒီဆေးဖက်ဝင်ပစ္စည်းတွေက စျေးကွက်ထဲမှာ ရှာရခက်လို့ပါပင်။ ဆေးဆိုင်အများစုက မရောင်းကြပါ။
"ဒါဆို ကျန်တော် ခင်ဗျားကို ဒုက္ခမပေးတော့ပါဘူး" ဟု ဆိုင်ရှင်ကို စူးချန်ခုန်းက ပြောလိုက်သည်။ သူလက်မလျှော့ဘဲ ချင်းရွှေမြို့ရှိ အခြားသော ဆေးဆိုင်များတွင် ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းပါဝင်ပစ္စည်းများကို ဆက်လက်ရှာဖွေခဲ့သည်။
ခုနက ဆိုင်ရှင်ပြောခဲ့သည့်အတိုင်း ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းအတွက် သာမန်ပါဝင်ပစ္စည်းများမှလွဲ၍ ဆေးစာရွက်ပါ အဓိကပါဝင်ပစ္စည်းများကို ဆိုင်များတွင် မရရှိနိုင်ပေ။
"ပိုက်ဆံနဲ့တောင် မဝယ်နိုင်ဘူးထင်ပါ့။"
စူးချန်ခုန်းသည် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူသည် ချင်းရွှေမြို့တွင် တစ်နေကုန် အချိန်ကုန်ခဲ့ပြီး ဆေးဆိုင်များအားလုံးကို သွားရောက်ခဲ့သော်ငြား အချည်းနှီးသာ။
ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်လာသည်နှင့် စူးချန်ခုန်းသည် ချင်းရွှေမြို့မှ ထွက်ခွာပြီး သံနက်အိမ်တော်သို့ ပြန်သွားရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
"ချင်းရွှေမြို့မှာ ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းအတွက် ပါဝင်ပစ္စည်းတွေကို မဝယ်နိုင်ခဲ့ဘူး၊၊ အနီးနားက ရွာတွေနဲ့ မြို့တွေမှာလည်း ရှာရခက်သွားနိုင်တယ်။"
စူးချန်ခုန်း အနည်းငယ် စိတ်သောကရောက်သွားလေ၏။
စူးချန်ခုန်းသည် သူ့ရည်မှန်းချက်မအောင်မြင်သဖြင့် စောစောအိပ်ယာဝင်ကာ လိပ်အသက်ရှူနည်းပညာကို လေ့ကျင့်ခဲ့သည်။
နောက်နေ့ မနက်ရောက်တဲ့အခါ ရာသီဥတုက တော်တော်လေး သာယာလေ၏။ မနက်စောစောစီးစီး ဧည့်သည်တွေက သံနက်အိမ်တော်ကို ရောက်လာကြသည်။
"ဒါက သံနက်အိမ်တော်လား။"
အသက်နှစ်ဆယ်ကျော်နှင့် အဖြူရောင်ဝတ်စုံဝတ်ထားသော လူငယ်တစ်ဦးသည် သံနက်အိမ်တော်အပြင်ဘက်တွင် မြင်းကျောပေါ်မှ ပေါ်လာပြီး ဝင်ပေါက်ရှိ ကမ္ပည်းပြားကို မော့ကြည့်လိုက်သည်။
အဖြူရောင်ဝတ်ထားသည့် ဤလူငယ်လေးသည် ထူးထူးခြားခြား ချောမောသော အသွင်အပြင်ရှိပြီး မြင်းဖြူကြီးစီးကာ သန်မာသော ကိုယ်ရံတော် နှစ်ယောက်သည်လည်း ဘေးတစ်ဖက်တစ်ချက်စီတွင် မြင်းကိုယ်စီနှင့်။
"ဒီက သခင်လေးက ဘာကိစ္စများ ရှိလို့လဲခင်ဗျ။"
အဖြူရောင်ဝတ်စုံနဲ့လူ ရောက်လာတော့ တံခါးဝမှ သံနက်အိမ်တော်အဖွဲ့ဝင်တစ်ယောက်က တလေးတစား မေးလိုက်သည်။
ဝတ်ရုံဖြူနှင့်လူငယ်လေးသည် သာမန်လူမဟုတ်ကြောင်း မည်သူမဆို မြင်နိုင်သည်။ သူ့ကို လေးစားစွာ ဆက်ဆံရန် လိုအပ်သည်မှာ သိသာပါသည်။
ခပ်ရေးရေးလေးပြုံးကာ ဝတ်ရုံဖြူနှင့်လူငယ်လေးက "မင်းရဲ့အိမ်တော်သခင်နဲ့ တွေ့ချင်လို့ပါ။ သူနဲ့ဆွေးနွေးစရာကိစ္စရှိတယ်" ဟု ပြန်ဖြေသည်။
“ဒီကသခင်လေး၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ အိမ်တော်အရှင်နဲ့ တွေ့ရအောင်လို့ ကျွန်တော်မျိုး ခေါ်သွားပေးပါ့မယ်။” ဟူ၍ လူထွားကြီးက ပြောလိုက်သည်။ ဧည့်သည်က စီးပွားရေးကိစ္စ ဆွေးနွေးရန် လာရောက်ကြောင်း ကြားသိရသောကြောင့် ပို၍ပင် ရိုသေလေးစားရမည်။
ဝတ်ရုံဖြူလူငယ်လေးနှင့် သူ့အစောင့်နှစ်ယောက်စလုံး သံနက်အိမ်တော်ထဲသို့ ဝင်သွားကြလေတာ့သည်။
...
"ဒိန်း ဒိန်း ဒိန်း"
အလုပ်ရုံအတွင်း စူးချန်ခုန်းသည် သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်အပေါ်ပိုင်းဗလာဖြင့် တူကို လွှဲရမ်းကာ သူ့ရှေ့တွင် ရဲရဲတောက် နီနေသော သံမဏိကို အဆက်မပြတ် ထုလုပ်နေသည်။ မီးပွားများ ပျံ့လွင့်လာပြီး ရံဖန်ရံခါ သူ့အရေပြားပေါ်သို့ ကျရောက်ကာ ပူလောင်သော ခံစားချက်ကို ယူဆောင်လာသော်လည်း ၎င်းကို ကျင့်သားရလာခဲ့တာ ကြာပြီဖြစ်သည်။
"လူတိုင်း ခဏရပ်ပြီး နာမည်ခေါ်တာကို အာရုံစိုက်ပါ။"
ထိုအချိန်တွင် ကြီးကြပ်ရေးမှူးလျှိုသည် အလုပ်ရုံထဲသို့ ဝင်လာပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ဘာလဲဟ။"
အလုပ်ရုံထဲမှ အလုပ်ရှုပ်နေသော လူများသည် အလုပ်ခေတ္တ ရပ်လိုက်ကြပြီး စူးချန်ခုန်း၏မျက်နှာတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာသည်။
"ယန်ချောင်!"
"ကျန်းဆန်း!"
...
"စူးချန်ခုန်း!"
ကြီးကြပ်ရေးမှူးလျှိုက စူးချန်ခုန်းအပါအဝင် နာမည်တွေကို ခေါ်လိုက်သည်။
“နာမည်ခေါ်ထားတဲ့သူတွေ ငါနဲ့လိုက်ခဲ့ကြ။”
အဆုံးမှာတော့ ကြီးကြပ်ရေးမှူးလျှိုက လူနှစ်ဆယ်လောက်ရဲ့ နာမည်တွေကို ခေါ်ပြီး သူတို့ကို ညွှန်ကြားလိုက်သည်။
"ဘာအကြောင်းရှိလို့လဲ။"
"မသိဘူး၊ သွားကြည့်ရအောင်!"
အားလုံးက ဇဝေဇဝါ ဖြစ်နေကြသော်လည်း ထပ်မမေးတော့ဘဲ အလုပ်ရုံမှ ထွက်လာပြီး ဧည့်သည်များလက်ခံသည့် သံနက်အိမ်တော်၏ နောက်ဖေးဥယျာဉ်ဆီသို့ သစ်ပင်များစိုက်ထားသည့် လမ်းတစ်လျှောက်တွင် ကြီးကြပ်ရေးမှူးလျှိုနှင့် လိုက်ခဲ့လေသည်။
ဥယျာဉ်နောက်ဘက်ရှိ ခန်းမကျယ်ကြီးတစ်ခုတွင် စူးချန်ခုန်းနှင့် အခြားလူများက မော့ထျဲကို တွေ့လိုက်ရသည်။
မော့ထျဲအပြင် အနီးနားတွင် တော်တော်လေး မရင်းနှီးသော ဝတ်ရုံဖြူနှင့် လူငယ်တစ်ယောက်လည်း ရှိသေးသည်။
ဝတ်ရုံဖြူလူငယ်လေးသည် ထူးကဲသော အသွင်အပြင်နှင့် သာမန်မဟုတ်သော နောက်ခံကို ညွှန်ပြနေပြီး စွမ်းအားကြီးသော အစောင့်နှစ်ယောက်ဖြင့် ဘေးချင်းကပ်ရပ်နေလေ၏။
အားလုံးရောက်လာတာကိုမြင်တော့ မော့ထျဲက “ဒါက ကျောက်စိမ်းဖြူဂိုဏ်းက သခင်လေး ပိုင်ရှောက်ပဲ” ဟု မိတ်ဆက်ပေးသည်။
"ကျောက်စိမ်းဖြူဂိုဏ်း?"
ဒါကိုကြားတော့ စူးချန်ခုန်းရဲ့ နှလုံးသားက အနည်းငယ် တုန်လှုပ်သွားသည်။
သူ ကျောက်စိမ်းဖြူဂိုဏ်းအကြောင်း အနည်းငယ် ကြားဖူးသည်။ ချင်းရွှေမြို့အနီးရှိ ကျောက်စိမ်းဖြူဂိုဏ်းသည် ၎င်းတို့၏ ကျောက်စိမ်းလုပ်ငန်းမှ ကြီးမားသော ကြွယ်ဝမှုဖြင့် လူသိများပြီး ၎င်းတို့၏ အဖွဲ့ဝင်များသည် ရာချီမှ တစ်ထောင်နီးပါရှိသည်။ တကယ့်ကို အကောင်ကြီးကြီး အမြီးရှည်ရှည်များ ဖြစ်ကြသည်။
ကျောက်စိမ်းဖြူဂိုဏ်း၏ဂိုဏ်းခေါင်းဆောင် ပိုင်ထျန်းဟောက်သည် ချင်းရွှေမြို့၏ သိုင်းပညာလောကတွင် ကျော်ကြားသူတစ်ဦးဖြစ်သည်။ သူသည် သိုင်းပညာတွင် အလွန်ကျွမ်းကျင်ရုံသာမက ကိစ္စအဝဝကို ကိုင်တွယ်ရာတွင်လည်း လိမ္မာပါးနပ်သူဖြစ်သည်။ ဝတ်ရုံဖြူနှင့်လူငယ်ကို ပိုင်ရှောက်လို့ အမည်ရတာကြောင့် ဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်နိုင်ချေများပြီး သူ့ရဲ့သရုပ်မှန်ကို ခန့်မှန်းရမခက်ပါ။
သံနက်အိမ်တော်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်တာက အရေးကြီးတဲ့ ကိစ္စတစ်ခုရှိလို့ ဖြစ်ရမည်။
ပိုင်ရှောက်က မျက်နှာထက်ဝယ် နူးညံ့တဲ့ အပြုံးလေးနဲ့ ဆို၏။ "မင်းတို့အားလုံးက သံနက်အိမ်တော်ရဲ့ ကျွမ်းကျင်တဲ့ ပန်းပဲဆရာတွေဖြစ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ပစ္စည်းတွေ သွန်းလုပ်ရာမှာ ကူညီဖို့ ကျောက်စိမ်းဖြူဂိုဏ်းက မင်းတို့ကို ငှားချင်ပါတယ်"
"ငါတို့ကို ငှားမယ်? ပစ္စည်းတွေ သွန်းလုပ်ဖို့?"
လူအုပ်ကြီးက အနည်းငယ် ထိတ်လန့်သွားသည်။
ကြီးကြပ်ရေးမှူးလျှိုလို့ နာမည်ခေါ်ကြတဲ့ လူတွေအားလုံးဟာ ပန်းပဲဆရာတွေဖြစ်ပြီး သူတို့ကို ဆင့်ခေါ်ရခြင်းရဲ့ အကြောင်းအရင်းကတော့ ကျောက်စိမ်းဖြူဂိုဏ်းရဲ့သားဖြစ်သူက ပန်းပဲဆရာအဖွဲ့ကို ငှားရမ်းပြီး ဂိုဏ်းမှာ စက်ပစ္စည်း သွန်းလုပ်ရာမှာ ကူညီဖို့ လိုအပ်နေတာကြောင့် ဖြစ်သည်။
တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်ကာ "ပစ္စည်းသွန်းလုပ်ဖို့ဆိုရင်... ဘာလို့ သံနက်အိမ်တော်ကို တိုက်ရိုက် မမှာရတာလဲ။ ကျောက်စိမ်းဖြူဂိုဏ်းမှာ ကျွန်တော်တို့ အလုပ်လုပ်ဖို့ လိုလို့လား"
အမှန်တကယ်တော့ လိုအပ်သမျှကို သံနက်အိမ်တော်မှ တိုက်ရိုက် မှာယူနိုင်ပါသည်။ ပိုင်ရှောက်က သူတို့အား ကျောက်စိမ်းဖြူဂိုဏ်းကို လူကိုယ်တိုင် သွားခိုင်းဖို့ မလိုအပ်ဘူးလို့ ထင်ရပါသည်။
ပိုင်ရှောက်က ပြုံးပြပြီး ပြန်ဖြေသည်။ "ဒီအကြောင်းပြချက်က ထုတ်ပြောဖို့ အဆင်မပြေပေမယ့် ကြေးကတော့ တော်တော်လေး ရက်ရောပါတယ်။ လေးလတာကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ ကျောက်စိမ်းဖြူဂိုဏ်းက တစ်လကို ငွေသုံးဆယ် ပေးမှာပါ။"
"တစ်လကို... ငွေသုံးဆယ်?"
ထိုစကားများ ပြောသည်နှင့် ပန်းပဲဆရာအများအပြားသည် တံတွေးမမြိုချဘဲ မနေနိုင်ပေ။
သာမန် ပန်းပဲဆရာသည် တစ်လလျှင် အရည်အသွေးရှိသော ဓားနှစ်ချောင်း သို့မဟုတ် သုံးချောင်းမျှသာ အတုလုပ်နိုင်ပြီး ငွေ ၃ ဆုံးခန့် ရရှိကြောင်း သိပါ၏။
သို့သော် ပိုင်ရှောက်သည် အလွန်ရက်ရောပြီး လူတစ်ဦးစီကို တစ်လလျှင် ငွေသုံးဆယ် ပေးသည်။ တစ်လ အလုပ်လုပ်ခြင်းသည် တစ်နှစ်တွင် သူတို့ရရှိသော ဝင်ငွေနှင့် ညီမျှပြီး လေးလတွင် လေးနှစ်တာ ကြိုးစားအားထုတ်မှုမှ ရရှိသည့် ပမာဏအတိုင်း ရနိုင်မည်ဖြစ်သည်။