ရဲရင့်ပြီး သတ္တိရှိခြင်း။ ပျံလွှားပျံဓားကို သံဖြင့်ခုတ်ခြင်း။
Vol. 2 Ch. 22
"စီနီယာအစ်ကို"
ဒါကိုမြင်တော့ အစိမ်းရောင်ဝတ်စုံနှင့်လူက အော်ဟစ်ပြီး လူဝကြီးရဲ့ ရင်ဘတ်ကို ငုံ့ကြည့်လိုက်တော့ သူ့ရဲ့ ရင်ဘတ်က ပျက်ဆီးနေပြီး ဘုရားတောင်မှ မကယ်တင်နိုင်လောက်အောင် သူ့နှလုံးက ကွဲအက်သွားတာကို တွေ့လိုက်ရသည်။
ဒေါသတကြီးဖြင့် အစိမ်းရောင်နှင့်လူက စူးချန်ခုန်းကို စိုက်ကြည့်ပြီး "ဘာလုပ်လိုက်တာလဲ၊ မင်း ငါ့ရဲ့ စီနီယာ အစ်ကိုကို သတ်လိုက်တာ!"
လူဝကြီးက စူးချန်ခုန်းကို အရက်ကမ်းပေးဖို့ ချဉ်းကပ်လာတာကို စူးချန်ခုန်း၏ အသတ်ခံလိုက်ရသည်။
"မင်းရဲ့ လုပ်ရပ်တွေက လွန်ကိုလွန်လွန်းတယ်!" ယန်ဖေးသည် စူးချန်ခုန်းကို စူးစူးရဲရဲ စိုက်ကြည့်ရင်း နဖူးပေါ်ရှိ သွေးပြန်ကြောများ ထိုးထောင်နေပြီး မျက်လုံးများက ရဲရဲနီနေလျက်။
မျက်နှာဖုံးအောက်မှ စူးချန်ခုန်းရဲ့မျက်နှာက အမူအရာ ကင်းမဲ့နေ၏။ "ကျွန်တော် အရက်သောက်ဖို့ တောင်းဆိုတော့ သူက ကျွန်တော့်ကို သတ်ဖို့ကြိုးစားတယ်လေ။ သူက တစ်ချက်ထိုးတော့ ကျွန်တော်လည်း တစ်ချက်ပြန်ထိုးတာပေါ့။ ဒီလောက်ပဲလေ။"
သူတို့တွေ့တဲ့အခိုက်မှာ လူဝကြီးက စူးချန်ခုန်းကို အရက်ကမ်းဟန်ဆောင်ပြီး အလစ်တိုက်ဖို့ ကြိုးစားခဲ့သည်။ စူးချန်ခုန်းရဲ့ ခွန်အားဟာ သူတို့မျှော်လင့်ထားတာထက် မကျော်လွန်ခဲ့ရင် သူ သေသွားတာ ကြာနေပြီဖြစ်သည်။ စူးချန်ခုန်းက သူ့ကို အလွှတ်မပေးနိုင်ပေ။
ဒီသုံးယောက်က သံနက်အိမ်တော်ကို ထပ်ပြီး ပစ်မှတ်မထားတော့ဘူးလို့ ကတိပေးခဲ့ရင်တောင် စူးချန်ခုန်းက သူတို့ရဲ့စကား ဆက်တည်နိုင်မလားဆိုတာ မသေချာပါ။ စိတ်အချရဆုံး နည်းလမ်းကတော့ သူတို့အားလုံးကို သတ်ပစ်ဖို့ပါပဲ။
သူလှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ သူတို့ကို အပြတ် ရှင်းပစ်ရမည်။
"ချီးပဲ၊ သူ့ကိုသတ်!" ယန်ဖေးက အော်ပြောလိုက်သည်။ သူ၏ ဆံပင်နှင့် မုတ်ဆိတ်များက လွင့်ပျံနေလျက်။ သူက စူးချန်ခုန်းကို ကြင်နာတဲ့ စကားလုံးတွေ၊ အကြောက်တရားတွေနဲ့ ဖြေလျှော့ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူနဲ့ ပြန်လည်သင့်မြတ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာကို ရှင်းလင်းသွားလေပြီ။ သူ့တပည့်ကို သတ်လိုက်ပြီဆိုတော့ အသေအကြေတိုက်ဖို့ကလွဲလို့ ကျန်တာ ဘာမှမရှိတော့။ သူသေသေ ငါသေသေ အပီအပြင် တိုက်ရတော့မှာပင်။
"ငါ မင်းကို သတ်ပစ်မယ် လူယုတ်မာ!"
အစိမ်းရောင်နှင့်လူသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ စူးချန်ခုန်းဆီ ပြေးဝင်လာရင်း သူ့မျက်နှာက ရက်စက်စွာ တွန့်ချိုးသွားပြီး သူ့အသွင်က တရိပ်ရိပ်နှင့် ခါးမှ လခြမ်းကွေးဓားကို ဆွဲထုတ်ကာ စူးချန်ခုန်း၏လည်ပင်းဆီသို့ ခုတ်ချလိုက်လေ၏။
အစိမ်းရောင်နှင့်လူ၏ ဓားနည်းပညာနှင့် လှုပ်ရှားမှု နှစ်ခုစလုံးမှာ ထူးထူးခြားခြားဖြစ်ပြီး ခုနက သူသည် မော့ထျဲနှင့် အခြားသူများကို မျက်စိတစ်မှိတ်အတွင်း အနိုင်ယူခဲ့သည်။
"နှေးလွန်းတယ်..."
သို့သော် ခန္ဓာကိုယ်ရဲ့ စွမ်းရည်အသစ် ပွင့်လှစ်ပြီး နတ်ဘုရားခွန်အားနယ်ပယ်ထဲသို့ လှမ်းရောက်သွားသော စူးချန်ခုန်းအတွက်တော့ အစိမ်းရောင်နှင့်လူ၏ လှုပ်ရှားမှုများသည် အနှေးပြကွက် ပြန်လည်ပြသခြင်းကို ကြည့်နေရသကဲ့သို့ မယုံနိုင်လောက်အောင် နှေးကွေးသွားခဲ့သည်။
သံဖြတ်ဓားနည်းပညာ။ အလျားလိုက် လှီးဖြတ်ခြင်း။
"ဝုန်း"
စူးချန်ခုန်းရဲ့ လက်ဖဝါးက သူ့ခါးမှ ဓားလက်ကိုင်ကို ကိုင်ထားပြီးသားပင်။ ဓားအိမ်နှင့် ဓားတို့ ပွတ်တိုက်မိသံနှင့်အတူ ဓားအလင်းသည် လေထဲတွင် ဖျတ်ကနဲနှင့် အပြင်ဘက်သို့ အလျားလိုက် ဖြတ်သွားခဲ့သည်။
ပြင်းထန်သော စွမ်းအားနှင့် ပေါင်းစပ်ထားသည့် ပြင်းထန်သော မြန်နှုန်းသည် ပြင်းထန်သော သေခြင်းတရားနှင့် ညီမျှသည်။
"ချွမ်း!"
စူးချန်ခုန်း၏ ဓားကွေး၏ အားနည်းသော နေရာကို ထိမှန်သွားပြီး ပြတ်သားသော သတ္တုသံနှင့်အတူ ချွမ်းကနဲ ကွဲအက်သံ ထွက်ပေါ်လာသည်။ အစိမ်းရောင်နှင့်လူ၏ ဓားကွေးသည် တစ်ဝက်ကျိုးသွားလေ၏။
"အွတ်"
လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားနိုင်သော သံဖြတ်ဓားကြီးသည် အစိမ်းရောင်နှင့်လူ၏ ဓားကွေးကို ဖြတ်၍ မလျော့သော အားဖြင့် ခုတ်ချလိုက်သည်။ အစိမ်းရောင်နှင့်လူ၏ ဦးခေါင်းသည် လေထဲသို့ လွင့်ပျံသွားခဲ့ပြီး သူ၏ လည်ပင်းမှ သွေးများ စီးကျလာသဖြင့် မျက်လုံးများက အံ့သြမှုနှင့် မလိုလားသည့် အရိပ်အယောင်များ ပြသနေဆဲ။
စူးချန်ခုန်းရှေ့တွင် အစိမ်းရောင်နှင့်လူ၏ ဓားနှင့် လှုပ်ရှားမှုများသည် သူ့ကိုယ်သူ ဂုဏ်မောက်နေသော်ငြား ဟန်မပါရာ လုံးဝပြင်းထန်သောအားဖြင့် အမှောက်သိပ်ခံလိုက်ရကာ တစ်ချက်တည်းနှင့် သေဆုံးသွားခဲ့သည်။
ဝှစ်!
စူးချန်ခုန်းသည် အစိမ်းရောင်နှင့်လူကို သတ်နေချိန်တွင် သူ့အကြည့်များက အာရုံစူးစိုက်နေပြီး တိုးညှင်းသော လေကိုခွင်းသံ ထွက်ပေါ်လာသည်။ ချွန်ထက်သော ဓားတစ်ချောင်းသည် လေထဲသို့ ဖြတ်သွားကာ တစ်ဖက်မှ လုပ်ကြံရန် ရည်ရွယ်လာသည်။
အဲ့တာယန်ဖေးပဲ။
စူးချန်ခုန်းသည် အစိမ်းရောင်နှင့်လူကို လက်စသတ်ပြီးသောအခါ ယန်ဖေးသည် တခဏချင်းပင် လှုပ်ရှားခဲ့သည်။ သူရဲ့ ပထမဆုံး လှုပ်ရှားမှုက စူးချန်ခုန်းရဲ့ အသက်ကို သတ်ဖို့ ရည်ရွယ်တဲ့ သတ်ဖြတ်နည်းပင်။
စူးချန်ခုန်း၏ အမြင်က စူးရှသည်။ သူထံဝင်လာသော ဓားရှည်ကြီးကို တားဆီးရန် ကျယ်ပြန့်သော သံဖြတ်ဓားကို လွှဲရမ်းလိုက်သည်။
"ချွမ်း"
ဓားနှစ်ချောင်း တိုက်မိပြီး မီးပွားများ လွင့်စင်လာသည်။
"ပျံလွှားပျံဓား။ ပျံလွှားငှက် အသိုက်ပြန်ခြင်း"
ယန်ဖေး၏ မျက်နှာက ရှုံ့တွသွားသည်။ သူ ဆယ်စုနှစ်များစွာကြာအောင် ပြုလုပ်ထားသော ဓါးနည်းပညာကို အသုံးမပြုမီ သူ့ကိုယ်က ခေတ္တရပ်သွားသည်။ သူ၏ ဓားရှည်သည် ဓားသွားတွင် ဖြူဖျော့ဖျော့ အလင်းနှင့် ဓားရိပ်ပေါင်းများစွာ ပေါ်လာပြီး စူးချန်ခုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်တောက်ရန် ပညာသားပါပါ ချိန်ရွယ်လိုက်သည်။
စူးချန်ခုန်းသည် သတိမမူဝံ့ဘံ မနေပါ။ ယန်ဖေး၏ ခွန်အားသည် သူ့တပည့်နှစ်ယောက်ထက် များစွာ သာလွန်သည်ဖြစ်ရာ စူးချန်ခုန်းက သူ့ဓားဖြင့် ခုခံကာကွယ်လိုက်သည် ။
"ချွမ်း ချွမ်း ချွမ်း"
သတ္တုရိုက်ခတ်သံများသည် ဗုံသံများကဲ့သို့ ဆက်တိုက်ထွက်ပေါ်လာပြီး ပျံ့နှံ့လာသော အားများက ခန်းမကြီးအတွင်းမှ ဖယောင်းတိုင်မီးများကို ငြိမ်းသက်သွားစေသည်။ ခန်းမအတွင်းမှ မီးအလင်းရောင်များ မှိန်ဖျော့သွားလေတော့၏။
"ဟမ်? ငါ သူ့ဓားကို မဖြတ်နိုင်ဘူး! အဲ့တာ ချီစွမ်းအင်အစစ်ပဲ!"
ရှောင်းချန်ထျန်းသည် ယန်ဖေး၏ ဓားရှည်ကို ခုခံကာကွယ်ခဲ့ပြီး ယန်ဖေး၏ ဓားကို ချိုးဖျက်ရန် လုံလောက်သော အင်အားစုဆောင်းရန် ကြိုးစားသော်လည်း လွယ်တော့ မလွယ်ပေ။ ယန်ဖေး၏ဓားသည် ၎င်းအပေါ်၌ အလင်းရောင်ဖျော့ဖျော့ရှိနေ၏။ ၎င်းမှာ ချီစွမ်းအင်အစစ်ဖြစ်သည်။
ယန်ဖေးသည် နတ်ဘုရားခွန်အားနယ်ပယ်နှင့် အနည်းငယ် အလှမ်းဝေးနေသေးသော်လည်း သူ၏အတွင်းအားအဆင့်မှာ အလွန်ကြောက်စရာကောင်းလှသည်။
တကယ်တော့ ယန်ဖေးဟာ သူ့ရဲ့အသက်အရွယ်ကြောင့် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းတွေ စတင်ကျဆင်းလာခဲ့ပြီး နတ်ဘုရားခွန်အားနယ်ပယ်ထဲကို ဝင်ရောက်ဖို့ ခက်ခဲလာတာဖြစ်သည်။ သို့သော်လည်း ယန်ဖေးသည် အတွင်းအားကို ကျင့်ကြံခြင်းဖြင့် သူ၏အားနည်းချက်များကို ပြင်ဆင်ထားပြီး သူ၏ကျွမ်းကျင်သော ပျံလွှားဓားပျံနည်းပညာနှင့်အတူ သူသည် ခွန်အားသန့်စင်ခြင်းနယ်ပယ် ကျွမ်းကျင်သူကို တိုက်ခိုက်ရန် စွမ်းအားမရှိဘဲ မနေပါ။
"ဒီလူရဲ့ ဓားသွားနည်းပညာက ရိုးရှင်းပြီး ကြမ်းတယ်။ ဒါပေမယ့် အကွက်သိပ်မများဘူး။ သူ့အသက်ရှူဖို့ အခွင့်အရေး မပေးသင့်ဘူး!"
စူးချန်ခုန်း၏ ဓားသွားနည်းပညာသည် ရိုးစင်းကြောင်း ယန်ဖေးက သဘောပေါက်သွားပြီး ၎င်းက ယန်ဖေး၏ အောင်ပွဲအတွက် မျှော်လင့်ချက် အရိပ်အယောင်ပေးစွမ်းနေသည်။ စူးချန်ခုန်း၏ ခွန်အားနှင့် အရှိန်သည် သူ့အား ကျော်လွန်နေသော်လည်း ယန်ဖေး၏ အားသာချက်မှာ သူ၏ လက်ရာမြောက်သော ဓားသွားနည်းပညာတွင် ရှိနေသည်- သူသည် စူးချန်ခုန်းကို တစ်ရှိန်ထိုး အနိုင်ယူပြီး သတ်ပစ်ရမည်။
"ချွမ်း ချွမ်း ချွမ်း"
တခဏချင်းမှာပဲ မော့ထျဲနဲ့ ယန်ဖေးဟာ ဆယ်ကြိမ်ထက်မနည်း အပြန်အလှန် ခုတ်ထစ်နေကြပြီး စူးချန်ခုန်းရဲ့ သွေးတွေ ပွက်ပွက်ဆူလာတော့သည်။
သူ၏ ယခင်က ပြိုင်ဖက်များသည် သာမန်သူခိုးများနှင့် ဓားပြများဖြစ်သည်။ ယန်ဖေးကဲ့သို့သော ဆရာသခင်တစ်ဦးနှင့် ရင်ဆိုင်ရခြင်းက သူ့အရည်အချင်းအတွက် ဤအခွင့်အရေးကို ဓားသွားကျောက်တစ်ခုအဖြစ် အသုံးချနိုင်သည်။
သူတို့နှစ်ဦးသည် ညှာတာမှု ကင်းမဲ့ပြီး ဘုရားကျောင်းအိုကြီးအတွင်း၌ ပြင်းထန်သောတိုက်ပွဲတွင် ဆင်နွှဲနေကြသည်။
စူးချန်ခုန်း၏ အားသာချက်များမှာ သူ၏ အရှိန်နှင့် ခွန်အားပင်။ တုံ့ပြန်မှု ပိုမြန်ဆန်သည်။ ယန်ဖေး၏ အားသာချက်များသည် အတွေ့အကြုံရင့်ကျက်မှုနှင့် သူ၏ လက်ရာမြောက်ပြီး လျင်မြန်သော ဓားသွားပညာဖြစ်သည်။
"ရွှီး ရွှီး ရွှီး"
ပြန့်ကျဲနေသော ၎င်းတို့၏ တိုက်ခိုက်မှုများ၏ အင်အားသည် ဘုရားကျောင်း၏ မျက်နှာကျက်ကို ထောက်ထားသော တိုင်တစ်ချောင်းမှ သစ်သားပြားများထွ လွင့်ပျံသွားကာ သစ်သားထဲတွင် နက်ရှိုင်းသော ခုတ်ရာ ထစ်ရာများ ပေါ်လာလေ၏။
ဆက်လက်၍ ရုန်းရင်းဆန်ခတ်ဖြစ်နေသော်လည်း အကွက်သုံးဆယ် သို့မဟုတ် လေးဆယ်ကြာပြီးနောက် ယန်ဖေး၏မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားသည်။ "မဟုတ်ဘူး... ငါသူ့ကို မနိုင်ဘူး။ ငါ့ရဲ့ကိုယ်အားနဲ့ အတွင်းအားတွေက ကုန်လုနီးပါးဖြစ်နေပြီ!"
သူ့အသက်အရွယ်ကို မဆိုဘိနှင့်။ သူ၏ ကိုယ်ကာယအားက စူးချန်ခုန်းထက် နိမ့်ကျသည်။ နတ်ဘုရားခွန်အားနယ်ပယ်သို့ ရောက်ရှိသွားသော ငယ်ရွယ်သန်စွမ်းသည့် စူးချန်ခုန်းနှင့် ယှဥ်ပါက ရန်ပွဲပိုကြာလေလေ ယန်ဖေး၏ အားနည်းချက်က ပိုကြီးလာလေလေပင်။
"ငါ ယန်ဖေးက ဒီနေ့ အဖြစ်အပျက်တွေကို မှတ်ထားမယ်!"
ယန်ဖေးသည် စူးချန်ခုန်းနှင့် တစ်ကြိမ် ထပ်မံတိုက်မိသော်လည်း ရှေ့တိုးလာမည့်အစား နောက်ပြန်ဆုတ်သွားကာ ဘုရားကျောင်းတံခါးဆီသို့ ပြေးသွားရင်း အကြာကြီး အော်ဟစ်လိုက်လေသည်။
စူးချန်ခုန်းကြောင့် တပည့်နှစ်ယောက် ဆုံးရှုံးလိုက်ရသဖြင့် ယန်ဖေးသည် အလွန်အမင်း ဒေါသထွက်နေသော်လည်း သူက မဆင်မခြင်မလုပ်ပေ။ ဆက်လက်တိုက်ပွဲဝင်ခြင်းသည် နိုင်ပွဲထက် ဆုံးရှုံးမှုပိုများမည်ဖြစ်သောကြောင့် ဆုတ်ခွါတာ ပိုကောင်းပါသည်။ သူသည် ဤလူ၏အမည်ကို မသိသော်လည်း အနှီလူသည် သံနက်အိမ်တော်နှင့် ဆက်နွယ်နေနိုင်သည်။ နောင်တွင် ကလဲ့စားချေရန် အခွင့်အလမ်းများစွာ ရှိပေလိမ့်မည်။
စူးချန်ခုန်းသည် သွေးပူသွားသည်နှင့် ယန်ဖေးသည် မတိုက်တော့ဘဲ ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်သောအခါတွင် သူ့သွေးများ ပွက်ပွက်ဆူလာသည်။ သူ့ကို ဘယ်လိုလုပ် အလွှတ်ပေးနိုင်မည်နည်း။
"ဝုန်း!"
စူးချန်ခုန်း၏ စွမ်းအင်လမ်းကြောင်းတွင် လိပ်အသက်ရှူနည်း ချီစွမ်းအင်ကို သူ၏ ခြေလက်များတွင် စုဝေးလိုက်လေ၏။ သူ၏ လက်နှင့် ခြေထောက် ကြွက်သားများသည် စွမ်းအားများနှင့် ပြည့်နှက်နေသည်။ သူ၏ ခွန်အားနှင့် အရှိန်သည် သိသိသာသာ တိုးလာသည်။
"ခင်ဗျားရဲ့ တပည့်တွေကို ဒီအတိုင်း ထားခဲ့တော့မှာလား။ ခင်ဗျားတို့ သုံးယောက်သား ပြန်ပေါင်းစည်းစေရမယ်။ သေလိုက်တော့!"
ဝူချင်းရှီမှ စူးချန်ခုန်း၏ ကျားပြကွက်သည် သဘာဝအတိုင်း ဖြစ်ပေါ်လာသည်။ သူသည် သားကောင်ကို ခုန်အုပ်သော ကျားတစ်ကောင်နှယ် ပြင်းထန်သော ခြေထောက်များဖြင့် တွန်းထုတ်လိုက်ရာ လက်မဝက်နက်သော ခြေရာများကို မြေပြင်ပေါ်တွင် ချန်ထားခဲ့သည်။ သူ့ခန္ဓာကိုယ်က ရှေ့ကိုတိုးလာရင်း လည်ချောင်းထဲက ဟောက်သံတစ်ခုထွက်လာပြီး ထွက်ပြေးသွားတဲ့ ယန်ဖေးကို မျက်စိတစ်မှိတ်အတွင်းမှာ ဖမ်းကာ ဓားနှင့် ခုတ်ပိုင်းလိုက်လေ၏။
ပြီးတော့ ဒီဓားဟာ အရင်ကနဲ့မတူဘဲ လက်နှစ်ဘက်နဲ့ ကိုင်ထားတာဖြစ်သည်။
"ရွှီး"
ဓားချက်က ယန်ဖေး၏ အိုမင်းရင့်ရော်သော မျက်နှာကို အနည်းငယ် တွန့်ချိုးသွားစေသည့် လေပွေလှိုင်းတစ်ခု ယူဆောင်လာကာ သူ့ကို အဆုံးစွန်ထိ ထိတ်လန့်သွားစေခဲ့သည်။
ယခင်က စူးချန်ခုန်းသည် သူ၏ ခွန်အားကို လုံးဝအသုံးမပြုခဲ့ပေ။ သူသည် နတ်ဘုရားအစွမ်းနယ်ပယ်သို့ ရောက်ရှိခဲ့ရုံသာမက အတွင်းအား၏ ကြီးထွားမှုမှာလည်း မတိမ်ကောခဲ့ပေ။ ဤပေါက်ကွဲတိုက်ခိုက်မှုက ရပ်တန့်၍မရနိုင်တော့။
"တားဆီး"
ယန်ဖေးသည် အံကြိတ်ကာ ချီစွမ်းအင်ကို သူ၏ဓားထဲသို့ လောင်းထည့်ကာ စူးချန်ခုန်း၏ ဒဏ်ကို ခံနိုင်ရည်ရှိရန် မျှော်လင့်နေ၏။ သူ့အကြံအစည်က သူ့ထက်သာလွန်တဲ့ ခြေလှမ်းကိုသုံးပြီး ပြန်ထပြီး ဒီနေရာကနေ ထွက်ပြေးဖို့ပါ။
"ဒုန်း"
သို့သော် လေးလံသော သံဖြတ်ဓားသည် တုနှိုင်းမရနိုင်အောင် ကြီးမားသော အင်အားကို သယ်ဆောင်လာပြီး ၎င်း၏လမ်းကြောင်းပေါ်ရှိ မည်သည့်အရာကိုမဆို ဖြတ်တောက်ပစ်လိုက်သည်။ တိပ်တိုက်တွေ့သည့်အချိန်တွင် ယန်ဖေး၏ ဓားရှည် ကျိုးသွားလေ၏။ ဓားသွား၏အရှိန်အဟုန်သည် မဆုတ်မနစ် ဆက်လက် ဖိနှိပ်လာသည်။
"မဖြစ်ဘူး..."
ယန်ဖေးသည် ခေါင်းက နာကျင်စွာ မခံစားရမီတွင်ပင် ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်ရုံသာ တတ်နိုင်ခဲ့သည်။ သံဖြတ်ဓားဖြင့် ခုတ်ချခံလိုက်ရရာ ယန်ဖေး၏ ခန္ဓာကိုယ်သည် ပုဆိန်ဖြင့် ခုတ်ချခံလိုက်ရသည့် သစ်တုံးကဲ့သို့ ကိုယ်ခန္ဓာကြီး နှစ်ခြမ်းကွဲကာ တစ်ဖက်တစ်ချက်စီ ပြုတ်ကျသွားလေတော့၏။
ဘုရားကျောင်းအဝင်ဝတွင် ဆီးနှင်းများဖုံးလွှမ်းနေသော မြေပြင်တွင် အူကလီစာများဖြင့် ရောထွေးနေပြီး သွေးများက လုံးလုံးလျားလျား ရှုပ်ပွနေ၏။
လေနှင့် နှင်းထု၏ ညည်းညူသံတို့သာ ကျန်ခဲ့ပြီး အရာအားလုံး တိတ်ဆိတ်သွားပြန်သည်။ ဤဆိတ်ငြိမ်သော တောအုပ်ဘုရားကျောင်းလေးထဲတွင် တိုက်ပွဲကြီးတစ်ခု ပြီးဆုံးသွားခဲ့လေပြီ။