← Chapters

ဖိနှိပ်ထားတဲ့မိုးကြိုးလျှပ်စီးက ပေါက်ကွဲတော့မယ်

Vol. 129 Ch. 1801

ဖိနှိပ်ထားတဲ့မိုးကြိုးလျှပ်စီးက ပေါက်ကွဲတော့မယ်

Vol. 129 Ch. 1801

သူမ၏ အနာဂတ်အစီအစဉ်ကိုတော့ ရှီမာယူယူ စီမံပြီးသားဖြစ်သည်။ ရှီမာလျူရွှမ် မေးသောအခါ သူမ ရိုးရိုးရှင်းရှင်းပင် ပြောခဲ့သည် “ကျင့်ကြံတာ ကျင့်ကြံတာ ကျင့်ကြံတာ… သမီးရဲ့ လက်ရှိအားက နည်းနေသေးတယ် အဲဒါ ကြောင့် အရင်ကျင့်ကြံရဦးမယ် ပြီးတော့ မဟူရာနဲ့ တည်ထောင်လိုက်တဲ့ စာချုပ်ကနေရလာတဲ့ စွမ်းအားကိုလည်း အပြည့်အဝမထိန်းချုပ်နိုင်သေးဘူး အဲဒါကြောင့် ကျင့်သားရအောင်လုပ်ရဦးမယ်”

“ကျင့်ကြံတာက တကယ်ပဲ အခုချိန်မှာဦးစားပေးပဲ တစ္ဆေကြင်ယာတော် တို့ သမီးရှိတာသိသွားရင် အနည်းဆုံးတော့ တွန်းလန်ဖို့ စွမ်းအားရှိနေမှဖြစ်မယ်” ရှီမာလျူရွှမ်သည် သဘောတူညီစွာဖြင့် ခေါင်းညိတ်သည်။

“ဟုတ်တယ် သမီးရဲ့မွေးစားအဖေလည်း အခုအခြေအနေမကောင်းဘူး သမီးက သူ့သမီးရဲ့သရုပ်မှန်ကိုယူထားမှတော့ သူခက်ခဲနေချိန်မှာ သမီး တစ်ယောက်ရဲ့ တာဝန်ကိုယူပြီး အဖော်ပြုပေးရမယ် သမီးစွမ်းအား တိုးလာရင် ဝမ်းကွဲအစ်ကိုကိုသွားရှာပြီး အမေ့ကိုသွားကယ်မယ်”

ကယ်တင်မည်ဟု ကြားလိုက်ချိန်တွင် ရှီမာလျူရွှမ်၏ မျက်လုံးများသည် တစ်ခဏတော့ တုန်လှုပ်သွားသည်။ သို့သော် အမြန်ပင်ပြန်ထိန်းလိုက်သည်။

“သမီးအမေကို ကယ်ဖို့ကို အဲလောက်ကြီး စိတ်ပူမနေနဲ့ သူမသာ အဲဒီမှာ တကယ်ရှိရင် သမီးလုံခြုံအောင် အရင်လုပ်ရမှာ”

“သမီးသိပါတယ် အဖေ” ရှီမာလျူရွှမ်သည် သူမထက်ပို၍ စိတ်ပူနေသည် ကို သိသဖြင့် ရှီမာယူယူ ပြုံးလိုက်သည်။

သူမသည် ဝိညာဉ်စေတီအတွင်းတွင် ရှီမာလျူရွှမ်နှင့် အတန်ကြာအောင် စကားပြောပြီးနောက် တစ္ဆေလောကမှ စာအုပ်များကို ရှီမာလျူရွှမ်နှင့် အန်းလေ တို့အတွက် ချန်ထားပေးခဲ့ပြီးနောက် ထွက်ခဲ့လိုက်သည်။

သူမသာ ကျင့်ကြံချင်ပါက ဝိညာဉ်စေတီအတွင်းနေ၍မရပေ။ ဝိညာဉ် စေတီသည် ကျင့်ကြံခြင်းအရင်းအမြစ်မပေးနိုင်ပေ။

သူမ အတားအဆီးဖယ်လိုက်သည်နှင့် အပြင်မှ ထင်စန်းနှင့် ထင်ရွှေတို့ ချက်ချင်း သတိထားမိကြသည်။

“သခင်မလေး အမိန့်ပေးစရာရှိလို့လား”

“မဟုတ်ဘူး ငါ ကျင့်ကြံချင်လို့ မင်းတို့စောင့်စရာမလိုဘူး အဖေ ဒါမှမဟုတ် ဦးလေးလင်းတို့ ပြန်လာရင် ငါ့ကိုအသိပေးပါ” ရှီမာယူယူသည် ရုတ်တရက် ရပ်တန့်သွားသည် “ထားလိုက်တော့ ငါအရင်သွားနှင့်လိုက်မယ် နောက်မှပဲပြန်လာပြီး ကျင့်ကြံတော့မယ်”

သူမသည် လျောင်မြို့သို့တစ်ဦးတည်းထွက်သွားပြီး ဆင်ခြေဖုံးအရပ် ရောက်ချိန်တွင် မည်သူမှမရှိသည်ကို အတည်ပြုပြီးသည်နှင့် ခရမ်းလေးကို ထုတ်ကာ မေးလိုက်သည် “ပြီးခဲ့တဲ့ တစ်ခေါက် ငါအဆင့်တက်တုန်းက ဘာလို့ မိုးကြိုးဘေးဒုက္ခမခံရတာလဲ”

“ဟင်း” ခရမ်းလေးသည် တစ်ဖက်သို့ ခေါင်းလှည့်သွားပြီး သူမကို လျစ်လျူရှုသည်။

ဒီမိန်းကလေးက ဝိညာဉ်လေးရဲ့ ကြံရာပါပဲ၊ အဲဒါကြောင့် သူ့ကို အနိုင်ကျင့်ဖို့ပဲသိတယ်။

ရှီမာယူယူသည် မျက်လုံးလှိမ့်လိုက်သည်။ ဒီမာနကြီးပြီး နှလုံးသားနုတဲ့ ကောင်လေးက ထိခိုက်သွားရင် ပြန်ချော့ရတာ တကယ်ခက်တာပဲ။

စကားကောင်းများစွာပြောပြီး အကျိုးအမြတ်များစွာ ပေးပါမည်ဟု ကတိ ပေးပြီးမှပင် ခရမ်းလေးသည် သူမကိုကျောမပေးတော့ဘဲ ခေါင်းလှည့်လာ သည်။

“ဟုတ်ပြီ အခုပြောလို့ရပြီလား ငါ အဆင့်တက်တုန်းက ဘာလို့ မိုးကြိုး ဘေးဒုက္ခမခံရတာလဲ”

“ဒါပေါ့ အကုန်လုံးက ငါ့ကျေးဇူးတွေပဲ” ခရမ်းလေးသည် သူမကို စိုက် ကြည့်လိုက်သည် “ငါတို့က အဲလူနှစ်ယောက်နဲ့ မရင်းနှီးဘူးလေ အဲဒါကြောင့် ယူယူ့ရဲ့လျှို့ဝှက်ချက်ကို ပေးသိတာ မကောင်းဘူး အဲဒါကြောင့် ခရမ်းလေးက ဖိနှိပ်ပေးထားတာ ယူယူကောင်းဖို့လုပ်ပေးတာပါနော် အဲဒါကို ဝိညာဉ်လေးနဲ့ ပေါင်းပြီးတော့ ခရမ်းလေးကို အနိုင်ကျင့်သေးတယ်”

“ငါက ဘယ်တုန်းက အနိုင်ကျင့်လို့လဲ မင်းတို့ကြားမှာ ဆက်ဆံရေး ကောင်းလာဖို့ နည်းလမ်းမရှိတော့ဘူးလား” ရှီမာယူယူ ချော့မောသည် “မိုးကြိုး ဘေးဒုက္ခကို မင်းကဖိနှိပ်ထားတာဆိုရင် ငါရင်မဆိုင်ရတော့ဘူးလား”

“ဆုတောင်းနေလိုက် ဖိနှိပ်ထားတာ ခဏပဲလေ ဖိနှိပ်လိုက်တာနဲ့ ပျောက်သွားမှာမဟုတ်ဘူး ကိုယ့်တိုင်ရင်ဆိုင်ရဦးမှာ” ခရမ်းလေးသည် ဝမ်းပန်း တသာပင်ပြောလေသည် “ပြီးတော့ ဖိနှိပ်တဲ့အချိန်ကြာလေလေ မိုးကြိုးက ပြန်ကန်ထွက်လေပဲ… အားပိုကောင်းလာမှာ အခု ဖိနှိပ်ထားတာ ၁၅ ရက် မပြည့်သေးဘူးဆိုတော့ နှစ်ဆလောက်တော့ရှိပြီထင်တယ်”

“မင်းဘိုးအေပဲ” ရှီမာယူယူသည် ခရမ်းလေး၏ ဂုဏ်ယူသောအကြည့်ကို မြင်သောအခါ သူ့လည်ပင်းကို ဆိတ်လိုက်သည် “အဲဒါကို ဘာလို့စောစော မပြောတာလဲ”

“မေ့သွားတာ” ခရမ်းလေးသည် သူ၏ လက်သည်းများကို တည်ငြိမ်စွာ လျက်လေသည် “ပြီးတော့ ယူယူသိတဲ့အတိုင်းပဲ ငါ့မှာဘိုးအေမရှိဘူး”

ရှီမာယူယူ “….”

ဒီကောင်ကို ဂရုစိုက်ဖို့ ပျင်းလာပြီ။

သူမသည် ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားကို လှုပ်ရှားလိုက်ရာ ဘေးဒုက္ခ တိမ်တိုက်များသည် သူမအပေါ်တွင် စုစည်းလာသည်။

ပိုပိုပြီးမည်းမှောင်လာသော ကောင်းကင်ကိုကြည့်ပြီး သူမ၏မျက်လုံးတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ လက်လာသည်။ သူမ အဆင့်တက်တိုင်းတွင် မီးသွေးဖြစ်အောင် မိုးကြိုးအပစ်ခံခဲ့ရသည်…

“ရွှီး”

“ကျစ်”

မိုးကြိုးသွားများကျလာရာ ခရမ်းလေးရှိနေခြင်းကြောင့် တိမ်တိုက်ဝိညာဉ် သည် သူမကိုမသက်ညှာပေ။ ကျလာသော တစ်ချက်ချင်းစီသည် အလွန်ပင် အားပြင်းသည်။ မုရုန်ဟွေ့သာ ဤနေရာတွင်ရှိလျှင် ရှောင်နိုင်မည်မဟုတ်ပေ။

ခါတိုင်းလိုပင် လရမ်းလေးသည် အများစုကိုစုပ်ယူပြီးနောက် အစိတ်အပိုင်း အသေးလေးကို ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်သည်။

ထိုသို့ဆိုသော်လည်း မိုးကြိုးဘေးဒုက္ခပြီးချိန်တွင် သူမသည် မြေပေါ်တွင် လှဲရုံသာတတ်နိုင်တော့သည်။ သူမသည် လှုပ်ရန်အားပင်မရှိတော့ပေ။

ငွေရောင်ဖိနပ်တစ်စုံသည် သူမဘေးတွင် လာရပ်သည်။ ထို့နောက် မိုကျိ ၏ ဖမ်းစားသော မျက်နှာသည် သူမ မြင်ကွင်းထဲရောက်လာသည်

“ဘာလို့ ဒီကိုရောက်နေတာလဲ” သူမသည် မြေပေါ်တွင်လှဲနေပြီး ထရန် ရည်ရွယ်ချက်မရှိပေ။

မည်သို့ပင်ဖြစ်စေကာမူ သူသည် ဤပုံစံကိုမြင်ပြီးနေသဖြင့် ပုံရိပ်မှာ ပျောက်ဆုံးနေပြီဖြစ်သည်။

“ဘိုးဘေးကြီးပြောတယ် တစ်ယောက်ယောက်သာ မိုးကြိုးအပစ်ခံရရင် မင်းပဲဖြစ်မှာတဲ့… အရမ်းကိုကံမကောင်းတတ်ပြီး ဝမ်းနည်းစရာလူတစ် ယောက်ပေါ့ ငါ အရင်ကတော့မယုံဘူး ဒါပေမဲ့ ကြည့်ရတာ မင်းကတကယ်ပဲ တော်တော်ကံမကောင်းတာပဲ မိုးကြိုးအပစ်ခံရတဲ့ ပထမဆုံးသော တစ္ဆေ မျိုးနွယ်တောင်ဖြစ်နိုင်တယ်” မိုကျိ၏ နှုတ်ခမ်းမှာ အပြုံးသဖွယ်ဖြစ်သွားပြီး ရှီမာယူယူ မိုးကြိုးအပစ်ခံရခြင်းကြောင့် မည်းတူးနေသည်ကိုကြည့်ပြီး သူ ပျော်နေသလိုခံစားရသည်။

“ကျွန်မက ပထမဆုံးတော့မဟုတ်ဘူး ဒါပေမဲ့ ကံမကောင်းတဲ့လူတော့ ဖြစ်နိုင်တယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ရှင် ဒီကိုရောက်နေမှတော့ ဂုဏ်ပြုပါတယ် ကျွန်မကို ဒီကခေါ်သွားပေးဖို့ ရှင့်မှာတာဝန်ရှိသွားပြီ”

“မင်း ငါ့ကိုခေါ်လို့ရပါတယ်” မိုကျိသည် အသာအယာပြုံးလိုက်ပြီး သူမ၏ တောင်းဆိုချက်ကို ဒေါသမထွက်ပေ။ “ငါသာ မလာရင် ဘယ်လိုလုပ်မလဲ”

“ဒီနေရာကို ဘယ်သူမှလာမှာမဟုတ်ဘူး လာတယ်ဆိုရင်လည်း အစီအစဉ်ရှိတဲ့လူပဲဖြစ်ရမယ်” ရှီမာယူယူ ပြောလိုက်သည် “ရှင် ထွက်မသွား ဘူးဆိုရင် ကြည့်ရမှာပဲ”

မိုကျိသည် နှုတ်ခမ်းကိုကွေးတွန့်ကာ သူမကို ကောက်ပွေ့ပြီး တစ်ခါသုံး ဖြတ်လမ်းဝင်္ကပါသုံးကာ သူမကို မိုးကြိုးဘေးဒုက္ခစက်ဝန်းထဲမှ ခေါ်ခဲ့လိုက် သည်။

လျောင်မြို့အပြင်ဘက်တွင် မိုးကြိုးဘေးဒုက္ခ ပြန်ပေါ်လာသည်ဆိုသော သတင်းသည် အရှိန်အဟုန်ဖြင့် ပျံ့သွားသည်။ တစ်ကြိမ်ဆိုလျှင် တိုက်ဆိုင်မှု ဖြစ်ပြီး နှစ်ကြိမ်ဆိုလျှင် ထိုဆင်ခြေကိုသုံးမရတော့ပေ။ အားလုံးသည် ဤနေရာ တွင် မိုးကြိုးဘေးဒုက္ခကို ရင်ဆိုင်ခဲ့သူကို သိချင်ကြသဖြင့် အမြန်ရောက်လာကြ သည်။

သို့သော် ကျန်ခဲ့သည်မှာ တူးခြစ်နေသော တောင်ကြားသာဖြစ်သည်။

ရှီမာယူယူတွင် ဒဏ်ရာများရှိနေခြင်းကြောင့် မိုကျိသည် သူမကို နယ်စား အိမ်တော်သို့ ခေါ်မသွားဘဲ သူနေထိုင်သည့်နေရာသို့ ခေါ်သွားလိုက်သည်။

သူသည် သူမကို အိပ်ရာပေါ်တင်ပြီး ပြောလိုက်သည် “မင်းကို ဆေးလိမ်း ပေးဖို့ အစေခံမိန်းကလေရှာလိုက်မယ်”

“မလိုဘူး ကျွန်မခန္ဓာကိုယ်ကို သူစိမ်းတွေကိုင်တာ အသားမကျဘူး” ရှီမာယူယူ ငြင်းဆန်လိုက်သည်။ တစ်စုံတစ်ယောက်သာ သူမကို လာပြုစုပါက သူမ၏ ခန္ဓာကိုယ်အကြောင်း‌‌ ပေါ်ပေါက်သွားမည်မဟုတ်ပါလား။

မိုကျိသည် မျက်ခုံးများကို ပင့်လိုက်သည်။ သူ သူမကို ဘာလို့ပြန်ခေါ်လာ တာလဲလို့ ပြောနေသလိုပဲ။

ရှီမာယူယူ၏ မျက်နှာသည် အနည်းငယ်နီရဲနေသဖြင့် မတူပေ။

သို့သော် အခုချိန်မှာ မီးသွေးတုံးဖြစ်နေသဖြင့် သူမ မျက်နှာရဲသည်ကို မမြင်ရပေ။

“ဟားဟား” မိုကျိ ရယ်မောလိုက်သည် “မင်း မလုပ်ချင်မှတော့ ထားလိုက် ပါတော့ ဆေးသောက်လိုက်”

ရှီမာယူယူသည် သူ၏ဆေးကိုသောက်လိုက်ပြီးနောက် နာကျင်မှုမှာ များစွာသက်သာလာသည်။

“ရှင့်ဆေးက သက်ရောက်မှုရှိတာပဲ”

“မိုမျိုးနွယ်စုရဲ့ ဆေးက ဆိုးပါ့မလား” မိုကျိသည် ခုံတစ်ခုံကိုဆွဲပြီး အိပ်ရာ ဘေးတွင်ထိုင်လိုက်သည်။

“မိုမျိုးနွယ်စုဟုတ်လား အဲတော့ ရှင်က ရှားပါးတဲ့လူမျိုးစုပဲ အဲဒါကို မိသားစုမျိုးနွယ်တစ်ခုပဲလို့ထင်နေတာ” ရှီမာယူယူ ပြောလိုက်သည်။

“မင်း မသိဘူးလား ဘိုးဘေးကြီးက မင်းကိုမပြောဘူးလား”

“မပြောဘူး ကျွန်မတို့အတူရှိတဲ့အချိန်ဆို လက်ဖက်ရည်အကြောင်းပဲ ပြောတာများတယ် ပြီးတော့ ကျွန်မကို တရားထိုင်တဲ့သိုင်းတချို့သင်ပေးတယ် သူ့ သရုပ်မှန်အကြောင်းကို ကျွန်မလည်းမမေးဘူးလေ”

“ဘိုးဘေးကြီးက မင်းကို တရားထိုင်တာကိုသင်ပေးတယ်ဟုတ်လား ငါတို့ တောင်အဲလိုမျိုး အဆက်ဆံမခံရဘူး” မိုကျိသည် အားကျစွာဖြင့် ပြောလေသည် “သူက မင်းကို ငါတို့ကို ဆက်ဆံတာထက်တောင် ကောင်းသေးတယ်”

“သူက ကျွန်မကိုကာကွယ်ဖို့ ရှင့်ကိုပြောတာ ရှင် သဘောတူတယ်ပေါ့ ရှင်က အဲလောက် စကားနားထောင်တဲ့လူလည်း ဟုတ်ပုံမရပါဘူး”

မိုကျိသည် နှုတ်ခမ်းများတွန့်သွားသည်။ သူက မနာခံတဲ့လူပေါ့ ဟုတ်လား။

“တကယ်တော့ ငါ့ဘိုးဘေးကြီးက တောင်းဆိုမှုတစ်ခုကို သဘောတူလို့ ငါ လာလုပ်ကြည့်တာ….”

***

All Chapters