← Chapters

အနက်ရောင် မြင်းတပ်ဂိုဏ်းနှင့် ကျောက်စိမ်းဖြူဂိုဏ်း။ သွေးပွက်ပွက်ဆူလာသော လူသတ်လိုစိတ်။

Vol. 2 Ch. 30

အနက်ရောင် မြင်းတပ်ဂိုဏ်းနှင့် ကျောက်စိမ်းဖြူဂိုဏ်း။ သွေးပွက်ပွက်ဆူလာသော လူသတ်လိုစိတ်။

Vol. 2 Ch. 30

"ပြေး... အသက်ရှင်ချင်သေးရင် ပြေးကြ!"

အနက်ရောင်မြင်းတပ်ဂိုဏ်းကို ရင်ဆိုင်ရတော့ ထွက်ပြေးမှသာ သူတို့ရဲ့ အသက်ကို ကယ်တင်နိုင်တယ်ဆိုတာ သဘောပေါက်ပြီး ယန်ချောင်က အော်ဟစ်လိုက်သည်။

“ပြေး!”

အသက်ရှင်ကျန်ရစ်သူတွေ၊ ဒဏ်ရာရသူတွေဟာ ခါးသီးတဲ့ ဒေါသတွေနဲ့ ပြည့်နှက်နေပေမယ့် အသက်ရှင်ဖို့ ရုန်းရင်းဆန်ခတ်နဲ့ အဝေးကို ပြေးကြလေသည်။

"ဂိုဏ်းခေါင်းဆောင်ရှစ်၊ ကျွန်တော်တို့ သူတို့နောက်ကို လိုက်ရမလား။"

တောအုပ်ထဲမှာ ရှိနေတဲ့ လူတစ်ရာနီးပါးထဲက တစ်ယောက်က သူ့ဘေးနားက အသက်သုံးဆယ်ကျော်ခန့် လူထွားကြီးတစ်ယောက်ကို လေးလေးစားစား မေးလိုက်သည်။

သန်မာထွားကျိုင်းသော ဤအမျိုးသား၏ ကြွက်သားများသည် ထုံးဖွဲ့ထားပြီး ချောင်ချောင်ချိချိ အဝတ်အစားက သူ၏ ကိုယ်လုံးကိုယ်ပေါက်တွင် ပွပွယောင်းယောင်း ဖြစ်နေသည်။ သူ၏ ခါး၌လည်း ဓားအိမ်ပါသော ဓားတစ်လက်ကို ချိတ်ဆွဲထားလေ၏။

လူထွားကြီးက ပြန်မဖြေဘဲ မြှားကို လေးနဲ့တေ့ကာ ကြိုးကို ဆွဲလျက် ဆယ်ကိုက်အကွာတွက် ပြေးနေသော သံနက်အိမ်တော်မှ လူတစ်ယောက်ကို ချိန်ရွယ်ပြီး လပြည့်ဝန်းကဲ့သို့ လေးကြိုးကို တင်းတင်းကျပ်ကျပ်ဆွဲကာ လွှတ်လိုက်လေသည်။

“ဝှစ်!”

မြှားတစ်စင်းသည် ပြင်းထန်သော အားဖြင့် လေထုကို ဖြတ်၍ ဆယ်ကိုက်ခန့်အကွာအဝေးမှ လူ၏ လည်ပင်းနောက်ဘက်သို့ ထိမှန်သွားသည်။

အွတ်..

မြှားသည် လည်ပင်းကိုဖောက်ပြီး လည်ချောင်းမှတဆင့် ပေါက်ထွက်ကာ သွေးသံရဲရဲ အပေါက်တစ်ပေါက် ကျန်ခဲ့သည်။ ပြေးနေတဲ့ ထိုလူက မြေပြင်ပေါ်သို့ ဘုတ်ကနဲ လဲကျသွားလေတော့၏။

"ကျန်းချန်!" သံနက်အိမ်တော်၏ အဖွဲ့ဝင်တစ်ဦးသည် ထိုမြင်ကွင်းကိုမြင်ပြီး မျက်လုံးများက ဒေါသပေါက်ကွဲလုနီးပါးဖြစ်နေသော်လည်း မရပ်တန့်ဝံ့ဘဲ အသက်ရှင်ဖို့အတွက် ဆက်ပြီး ထွက်ပြေးနေသည်။

လူထွားကြီး၏ ပါးစပ်ထောင့်များ ကွေးညွတ်ကာ လှောင်ပြုံးပြုံးလျက် ဂရုမစိုက်ဟန်ဖြင့် ဆိုလေ၏။ "မလိုဘူး။ သူတို့က အောက်ခြေလူတန်းစား တစ်သိုက်ပဲ။ ဒီနေရာက ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေကြောင့် ကျောက်စိမ်းဖြူဂိုဏ်းက အခုဆို သတိထားမိလောက်ပြီ။ သွားပြီး နှုတ်ဆက်လိုက်ကြရအောင်။"

ထွားကြိုင်းသော ဤလူသည် တော်တော်လေး ထူးခြားသော နောက်ခံရှိသည်။ သူသည် မကြာသေးမီက နာမည်ကြီးလာသော ဂိုဏ်းခေါင်းဆောင်ငယ်လေး ရှစ်ဟန်ရှန်ဖြစ်သည် ။

အနက်ရောင်မြင်းတပ်ဂိုဏ်းသည် တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာသည်နှင့်အမျှ သူတို့သည် ဒေသတွင်းရှိ ကျောက်စိမ်းဖြူဂိုဏ်းနှင့် ထိပ်တိုက်တွေ့ကြရမည်မှာ မလွဲမသွေပင်ဖြစ်သည်။ သူတို့က မီးနှင့်ရေကဲ့သို့ သဟဇာတမဖြစ်နိုင်ပါ။ ယနေ့တွင် ရှစ်ဟန်ရှန်သည် ကျောက်စိမ်းဖြူဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်အား အနက်ရောင်မြင်းတပ်ဂိုဏ်း၏ စွမ်းအားကို အခိုင်အမာပြသရန် လက်ရွေးစင်တစ်ရာကျော်ကို ခေါ်ဆောင်ခဲ့တာဖြစ်သည်။

ကျောက်စိမ်းဖြူဂိုဏ်း၏ နယ်မြေကို စောင့်ကြည့်နေသော အနက်ရောင်မြင်းတပ်ဂိုဏ်း အဖွဲ့ဝင်များသည် သံနက်အိမ်တော်မှ လူများကို တိုက်ဆိုင်စွာ ဖြတ်သွားသည်ကို တွေ့လိုက်ရာ ခြုံခိုတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

အနက်ရောင်မြင်းတပ်ဂိုဏ်းမှ အဖွဲ့ဝင်များက သူတို့ တိုက်ခိုက်သူများသည် ကျောက်စိမ်းဖြူဂိုဏ်းမှ မဟုတ်ဘဲ သာမန်အရပ်သားတစ်စုမျှသာဖြစ်ကြောင်း နားလည်သွားကြသည်။

သံနက်အိမ်တော်မှ လူဆယ်ဦးနီးပါးကို မှားယွင်းစွာ သတ်လိုက်ခြင်းကြောင့် ရှစ်ဟန်ရှန်သည် အနည်းငယ်မျှသာ အပြစ်ရှိသည်ဟု မခံစားရပေ။ သူတို့သည် နိမ့်ပါးသော သက်ရှိများသာဖြစ်ပြီး သူတို့၏ သေဆုံးမှုသည် အကျိုးမရှိပေ။

"သွားကြမယ်။"

သံနက်အိမ်တော်မှကျန်ရှိနေသည့် ထွက်ပြေးသွားသူများကို လျစ်လျူရှုလိုက်ကာ ရှစ်ဟန်ရှန်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်လေ၏။ ရာနှင့်ချီသော မြင်းစီးသူများကို ရှေ့သို့ တက်လာပြီး ကျောက်စိမ်းဖြူဂိုဏ်းရှိရာသို့ ဦးတည်သွားစဉ် ၎င်းတို့၏ ခွာသံများက မိုးခြမ်းသံတမျှ ကျယ်လောင်နေလျက်။

"သူ...သူတို့ မလိုက်လာတော့ဘူးလား"

ယန်ချောင်နဲ့ တခြားသူတွေက တော်တော်လေး ဝေးဝေးလံလံကို ပြေးပြီးနောက် ပြင်းပြင်းထန်ထန် မောဟိုက်နေကြပြီး နောက်ဆုံးမှာတော့ အနက်ရောင်မြင်းတပ်ဂိုဏ်း က သူတို့ကို လိုက်မလိုက်ဘူးဆိုတာ တွေ့လိုက်ရတော့ ရပ်လိုက်ကြလေသည်။

"သေပြီ... လူအိုကြီးလျှို၊ လူအိုကြီးလီ၊ သူတို့အားလုံး သေကုန်ပြီ!"

လူတစ်ယောက်သည် မောပန်းနွမ်းနယ်နေလျက် သေခြင်းတရားမှ သီသီလေး လွတ်မြောက်ခဲ့ပြီးနောက် မြေပြင်ပေါ်တွင် ထိုင်ချလိုက်သော်လည်း သူ့ညီအစ်ကိုများ မျက်စိရှေ့တွင် မညှာမတာ အသတ်ခံရသည်ကို မြင်တွေ့ခဲ့ရသောကြောင့် တုန်လှုပ်ခြောက်ခြားနေကာ ထိန်းမနိုင်သိမ်းမရ ငိုကြွေးလိုက်လေတော့သည်။

အခြားသူများသည်လည်း အသေကောင်ပမာ ဖြူဖျော့နေကာ သူတို့ပတ်ပတ်လည်က ညီနောင်များကို စိုက်ကြည့်နေကြသည်။ မူလက လူနှစ်ဆယ်ကျော်ရှိသော အုပ်စုတစ်စုတွင် ဆယ်ဦးခန့်သာ အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး ကျန်သူများသည် အနက်ရောင်မြင်းတပ်ဂိုဏ်းမှ တရစပ် ပစ်ခတ်မှုအောက်တွင် ဆုံးပါးသွားခဲ့ရသည်။ "ဘာလို့လဲ... သူတို့က အနက်ရောင်မြင်းတပ်ဂိုဏ်းက မဟုတ်ဘူးလား။ ငါတို့က နှစ်စဉ်ကြေးကို နာနာခံခံနဲ့ ပေးနေတာပဲ မဟုတ်ဘူးလား။ ငါတို့ကို ဘာလို့သတ်ရတာလဲ"

အခြားလူတစ်ယောက်က စိတ်ပျက်အားငယ်သည့်အသံဖြင့် မေးလိုက်သည်။

သူတို့သည် အနက်ရောင်မြင်းတပ်ဂိုဏ်းမှ မှားယွင်းစွာ သတ်မှတ်ခြင်းခံရသော ကံဆိုးသည့် သားကောင်များသာ ဖြစ်သည်ကိုတော့ မသိခဲ့ကြပေ။

ယန်ချောင်သည် အံတင်းတင်းကြိတ်ပြီး သူ့ပုခုံးမှ မြှားကို ဆွဲထုတ်လိုက်သည်။ တစ်စုံတစ်ယောက်က သူ့ကို ပတ်တီးပတ်တီးပေးရန်အတွက် အဝတ်တစ်ထည်ကို ဆုတ်ဖြဲလိုက်လေ၏။

အဖွဲ့သည် အနည်းငယ် ထိတ်လန့်နေဆဲဖြစ်ပြီး အနက်ရောင်မြင်းတပ်ဂိုဏ်း၏ အကြင်အနာမဲ့ ရက်စက်မှုအပေါ် ဒေါသချောင်းချောင်းထွက်နေသော်လည်း လူတိုင်းက တော်တော်လေး စွမ်းအားမဲ့နေသလို ခံစားရသည်။ အနက်ရောင်မြင်းတပ်ဂိုဏ်းက သူတို့ရဲ့ အပေါင်းအပါ တော်တော်များများကို သတ်ခဲ့သည်။ သို့ပေမယ့် ဘာတတ်နိုင်မည်နည်း။ သူတို့သည် နာကျင်မှုကို သည်းခံရုံမှတပါး ဘာမှမတတ်နိုင်ပေ။ ကျဆုံးသွားသော အလောင်းတွေကိုတောင် ပြန်ယူရန်ပင် သူတို့မှာ သတ္တိမရှိကြပေ။

"ဟမ်? စူးချန်ခုန်းဘယ်မှာလဲ။ သူလည်း ဧကန္တ..."

ယန်ချောင်သည် ပင့်သက်ရှိုက်ကာ ပတ်ပတ်လည်ကို လှည့်ကြည့်သော်လည်း စူးချန်ခုန်း၏ အရိပ်အယောင်ကို မတွေ့ရပေ။ ဒါက သူ့ကို ဝမ်းနည်းပက်လက်ဖြစ်စေပြီး သက်ပြင်းရှည်ကြီး ချလိုက်လေ၏။ တော်တော်လေး ပရမ်းပတာဖြစ်ခဲ့တာပင်။ စူးချန်ခုန်းသည် အနက်ရောင်မြင်းတပ်ဂိုဏ်း၏ လက်ထဲတွင် အသက်ဆုံးရှုံးသွားတာ ဖြစ်ပေလိမ့်မည်။

"လုချန် သေပြီ... လျှိုစန်းရောပဲလား။"

ထိုအချိန်တွင် တောလမ်းနံဘေး၌ စူးချန်ခုန်းသည် မလှုပ်မယှက် ရပ်နေပြီး မြေပြင်ပေါ်ရှိ အလောင်းများကို ငြိမ်သက်သော အမူအယာဖြင့် ကြည့်နေသည်။ အနက်ရောင်မြင်းတပ်ဂိုဏ်းသည် ကျောက်စိမ်းဖြူဂိုဏ်း၏ နယ်မြေဆီသို့ ဦးတည်သွားပြီဖြစ်သောကြောင့် သူပြန်လှည့်ကာ ဤနေရာသို့ ပြန်လာခဲ့သည်။

သံနက်အိမ်တော်မှာ လူတိုင်းဟာ သူတို့ရဲ့အလုပ်တွေနဲ့ ကိုယ်စီ အလုပ်ရှုပ်နေကြပြီး စူးချန်ခုန်းသည် လူတချို့ရဲ့ နာမည်တွေကလွဲလို့ အဖွဲ့ဝင်တွေရဲ့ နာမည်အားလုံးကိုတောင် မမှတ်မိပါ။

သို့သော် ကျောက်စိမ်းဖြူဂိုဏ်းတွင် လအနည်းငယ်အတွင်း စူးချန်ခုန်းသည် ချပ်ဝတ်တန်ဆာ ပြုလုပ်ရန် ယန်ချောင်နှင့် အခြားသူများနှင့်အတူ အလုပ်တွဲလုပ်ခဲ့ရသည်။ သူသည် ကျန်သူများနှင့် အထူးနီးစပ်ခြင်းမရှိသော်လည်း လနှင့်ချီကြာ အပြန်အလှန်ပြောဆိုပြီးနောက်တွင် သူတို့သည် အသိအကျွမ်းများ ဖြစ်လာခဲ့ကြသည်။

မကြာသေးမီကပင် လူတိုင်းသည် အိမ်ပြန်ရန် ပျော်ရွှင်နေကြသော်လည်း မိနစ်အနည်းငယ်အတွင်းတွင် သူတို့ထဲမှ ထက်ဝက်နီးပါးသည် အနက်ရောင်မြင်းတပ်ဂိုဏ်း၏လက်ထဲတွင် သေဆုံးခဲ့ကြပြီး တောထဲတွင် သူတို့၏အလောင်းများက ပြန့်ကျဲနေလေ၏။ ဤအရာက သူ့နှလုံးသားထဲတွင် လူသတ်ချင်စိတ်ကို နိုးကြားစေခဲ့သည်မှာ သေချာပါသည်။

"သွားကြည့်ရအောင်!"

စူးချန်ခုန်းသည် အသက်ပြင်းပြင်းရှူကာ သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ကျောက်စိမ်းဖြူဂိုဏ်း၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာမှ ဟိန်းဟောက်သံနှင့် ဒေါသတကြီး အော်ဟစ်သံများကို ကြားနေရပြီး အနက်ရောင်မြင်းတပ်ဂိုဏ်းနှင့် ကျောက်စိမ်းဖြူဂိုဏ်းသည် တိုက်ခိုက်နေကြသည့်ပုံပင်။

"ဂျွတ် ဂျွတ်"

စူးချန်ခုန်းသည် သူ့အိတ်ထဲမှ အဝတ်အစား အသစ်တစ်ထည်ကို ထုတ်ယူလိုက်ပြီး အလိုလို ပြောင်းလဲသွားပြီးနောက် သူ့ခန္ဓာကိုယ်ရှိ အရိုးများ စပြီး တဂျွတ်ဂျွတ်မြည်လာသည်။ လိပ်အသက်ရှူနည်းမှ အရိုးကျုံ့ခြင်းကြောင့် သူသည် ပေတဝက်ခန့် ကျုံ့သွားသည်။ သူ့မျက်နှာရှိ အရိုးများပင် အနည်းငယ် ပြောင်းလဲသွားကာ သူ၏အသွင်အပြင်မှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏ ပါးရိုးများ လျော့သွားကာ သူ့မျက်လုံးထောင့်များသည် ရှည်လျားလာသည်။ သူ၏ ထင်ရှားသော အသက်အရွယ်မှာ နှစ်အနည်းငယ် တိုးလာကာ ဆယ်ကျော်သက်လေးမှ လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေ၏။

သူ့ဆံပင်ချည်ကြိုးကို ဖြည်လိုက်ပြီး သူ့ဆံပင်တွေကို ခပ်လျော့လျော့ စည်းလိုက်သည်။ သူ့မျက်လုံးတွေက စူးစူးရှရှနဲ့ သူ့ခန္ဓာကိုယ်က ခပ်ဖျော့ဖျော့ အေးစက်မှု အရှိန်အဝါများ ထွက်ပေါ်နေလျက်။

ဤပြင်ဆင်မှုများပြီးသောအခါ စူးချန်ခုန်းသည် ကျောက်စိမ်းဖြူဂိုဏ်း၏ အခြေစိုက်စခန်းဆီသို့ ဦးတည်သွားခဲ့သည်။

ထိုအခိုက်တွင် ကျောက်စိမ်းဖြူဂိုဏ်း၏ နယ်မြေအပြင်ဘက်တွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေ၏။

"သေစမ်း! အနက်ရောင်မြင်းတပ်ဂိုဏ်းက ဒေါသတကြီး လိုက်ပတ်ရမ်းနေတာပဲ။ ဒါပေမယ့် ငါတို့ရဲ့ မြေမှာ ငါတို့ကို အနိုင်ကျင့်ရဲတယ်ပေါ့လေ။"

လူထွားကြီးချိုက်ထုံသည် အော်ဟစ်ပြီး သူ၏ဓားရှည်ကို လွှဲကာ လာနေသော အနက်ရောင်မြင်းတပ်ဂိုဏ်းသား မြင်း၏ခြေထောက်ကို ဖြတ်ပစ်လိုက်သည်။ ထိုလူသည် မြင်းပေါ်မှ မြေပြင်ပေါ်သို့ ပြုတ်ကျကာ မူးဝေပြီး မျက်စိလည်သွားလေ၏။

"ဟာဟားဟား။ ကျောက်စိမ်းဖြူဂိုဏ်းက ဘာမို့လို့လဲ။ မြင်းတပ်နက်ဂိုဏ်း ရှေ့မှာ မင်းတို့ကသာ ဦးညွှတ်ပြီး အညံ့ခံရမှာကွ။"

သန်မာထွားကြိုင်းပြီး ဒေါင်ကောင်းသော အနက်ရောင်မြင်းတပ်ဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်ငယ်လေး ရှစ်ဟန်ရှန်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူသည် မြင်းပေါ်မှဆင်းကာ ဓားရှည်ကြီး မြှောက်ကာ လာတိုက်ကြသော ကျောက်စိမ်းဖြူဂိုဏ်း တပည့်နှစ်ယောက်ကို ရင်ဆိုင်လိုက်၏။ သူ့လက်ကို တစ်ချက်လွှဲရမ်းကာ တည့်တည့်လှမ်းထိုးလိုက်သည်။

"ဂျွတ်! ဂျက်!"

အရိုးကွဲအက်သံနှင့်အတူ ဝင်တိုက်လာသော တပည့် နှစ်ယောက်သည် သူတို့၏ ရင်ဘတ်ကို ကျောက်တုံးကြီးတစ်ခုနှင့် ထိမှန်သွားသည့်နှယ် သူတို့ရဲ့ နံရိုးတွေ ကျွံဝင်သွားပြီး ပါးစပ်က သွေးတွေ စီးကျလျက် တစ်မီတာကျော်အကွာကို နောက်ပြန်လွင့်သွားလေတော့သည်။

"နတ်ဘုရားခွန်အားနယ်ပယ် သိုင်းခံပညာရှင်ပဲ"

ဒါကိုမြင်လိုက်တော့ ကျောက်စိမ်းဖြူဂိုဏ်းမှ တပည့်တော်တော်များများ တောင့်တင်းသွားပြီး ထိတ်လန့်တကြား မျက်လုံးတွေ ကျဉ်းမြောင်းသွားကြသည်။

သိုင်းပညာရှင်တစ်ဦးသည် နတ်ဘုရားခွန်အားနယ်ပယ်သို့ ရောက်ရှိသည်နှင့် ခန္ဓာကိုယ်က အသွင်ပြောင်းသွားသည်။ သန့်စင်သော ခွန်အားဖြင့် သူတို့သည် သာမန်ထိပ်တန်းလူသားများထက် နှစ်ဆသုံးဆခန့် သာလွန်သည်။ သာမန်သိုင်းပညာရှင်များနှင့် ယှဉ်လျှင် လက်သီးတစ်ချက် သို့မဟုတ် ကန်ချက်တစ်ချက်သည် အရိုးများ ကွဲအက်သွားစေကာ ယှဉ်ပြိုင်ဖို့ပင် အခွင့်အရေးမပေးပါ။

ဤရှစ်ဟန်ရှန်သည် အနက်ရောင်မြင်းတပ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ငယ်လေး ဖြစ်ရုံသာမက ရဲရင့်မှုနှင့် တိုက်ခိုက်ရေးကျွမ်းကျင်မှုတို့ကြောင့် ကျော်ကြားပြီး နတ်ဘုရားခွန်အားနယ်ပယ်တွင်ရှိသည့် သိုင်းပညာရှင်လည်းဖြစ်သည်။

"သတ်ပစ်! ဒီလူယုတ်မာတွေအားလုံးကို ရှင်းပစ်!"

ကျောက်စိမ်းဖြူဂိုဏ်း၏ တပည့်များသည် ပြင်းထန်သော သွေးများ ဆူပွက်လျက် အော်ဟစ်နေကြသည်။ ကျောက်စိမ်းဖြူဂိုဏ်းသည် ချင်းရွှေမြို့တွင် နာမည်ကောင်းရခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပြီး သူတို့၏ နယ်မြေတွင် တိုက်ခိုက်ခြင်းကို ပထမဆုံးအကြိမ် ခံရခြင်းလည်းဖြစ်သည်။

"ရှစ်ဟန်ရှန်။ ငါတို့ ကျောက်စိမ်းဖြူဂိုဏ်းကို မင်းတကယ် တိုက်ချင်နေတာလား။ အကျိုးဆက်ကို မင်း မခံနိုင်ပါဘူး။"

အဖြူရောင်လေးနှင့် စွဲညို့ဖွယ်ကောင်းပြီး ထူးကဲသော ၀တ်စုံကို ဝတ်ဆင်ကာ ထုံးစံအတိုင်း ပြုံးပျော်နေတတ်သော ပိုင်ရှောက်သည် ယခုတော့ ရှစ်ဟန်ရှန်ကို အေးစက်သော အမူအရာဖြင့် ကြည့်နေပြီး သူ့ကို ပြင်းပြင်းထန်ထန် ပြစ်တင်လိုက်သည်။

"ဟား ဟား။ ဒီလိုမျိုးမေးခွန်းတွေကို ဒီလိုအချိန်မှ လာမေးနေတာလား။ မင်းရဲ့ မိန်းမဆန်တဲ့ခေါင်းကို ဆုဖလားတစ်ခုအနေနဲ့ ငါယူသွားမယ်!"

ရှစ်ဟန်ရှန်က ပြုံးဖြီးဖြီးနှင့် သွားတွေအကုန်ပေါ်အောင် ရယ်လိုက်လေ၏။ သူ၏ မြင့်မားသော ဒေါင်နှင့် ကြွက်သားအုံကြီးများက ဖိနှိပ်မှု ခံစားချက်ကို ပေါ်လွင်စေလေ၏။

All Chapters