← Chapters

ပြဿနာလာရှာတဲ့လူ

Vol. 129 Ch. 1802

ပြဿနာလာရှာတဲ့လူ

Vol. 129 Ch. 1802

ရှီမာယူယူသည် အနည်းငယ်စပ်စုချင်မိသည်။ မိုယွိက ဘာတွေများ ကတိပေးလိုက်လို့ မိုကျိက သူမအနားကိုကပ်လာတာလဲ။

“သူပြောတာက ငါ မင်းကို ကာကွယ်ပေးရင် ငါ့မျိုးနွယ်ကလူတွေက ငါ့ရဲ့ မင်္ဂလာပွဲကို ဝင်မပါဘူးလို့ ပြောတယ်” မိုကျိ ပြောလိုက်သည်။

“ဟား…” ရှီမာယူယူသည် ကျယ်လောင်စွာ  အော်ရယ်လိုက်သည် “ရှင်က တကယ်ပဲ လက်ထပ်ဖို့ကိစ္စကို တွေးတယ်ပေါ့”

“အများစုကတော့ မတွေးဘူး ဒါပေမဲ့ မိုမျိုးနွယ်စုရဲ့ ဆက်ခံသူဖြစ်လာ မယ့်သူက မိသားစုက စီစဉ်ပေးတဲ့မိန်းကလေးကို လက်ထပ်ရမှာ ငါက ကလေး ကတည်းက အဲလိုမျိုး စီမံတာတွေကို မကြိုက်ခဲ့ဘူး ငါသာ မင်းကို ကာကွယ် ပေးရင် မျိုးနွယ်က စီစဉ်ပေးတဲ့လူကိုလက်ထပ်စရာမလိုဘူး” မိုကျိ ပြောလိုက် သည် “ပြီးတော့…”

“ပြီးတော့ ဘာဖြစ်လဲ”

“မင်းက စိတ်ဝင်စားစရာကောင်းတဲ့လူဖြစ်လို့ ငါ့ကို ပျင်းစေမှာမဟုတ်ဘူး လို့ ဘိုးဘေးကြီးပြောတယ် မင်းရောက်လာပြီးတော့ မင်းမကောင်းဘူးထင်ရင် ငါ ပြန်သွားလိုက်မှာပဲ” မိုကျိ ပြောလိုက်သည် “ဒါပေမဲ့ ဘိုးဘေးကြီးက ငါ့ကို ကောင်းကောင်းသိတယ် မင်းက ငါထင်ထားတာထက်ကို ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတာပဲ”

“ရှင့်အတွက် စိတ်ဝင်စားစရာဖြစ်နေမှာပဲ ဟင်း အဲလိုမျိုး လျှို့ဝှက် ဆန်းကြယ်တွေလုပ်နေတာ” ရှီမာယူယူသည် သူ့ကို မျက်လုံးလှိမ့်ပြလိုက် သည်။ ထိုစဉ်က သူသည် သူမသရုပ်မှန်ကို သိလျက်နှင့် စနောက်ခဲ့သည်။ သူမ တွင်သာ အားကောင်းသော နှလုံးမရှိလျှင် ကြောက်၍ပင်သေလိမ့်မည်။

“မင်း အဲလိုအခြေအနေဆိုရင် ဘယ်လိုလုပ်မလဲလို့ ငါသိချင်ရုံပါ မင်းက ပျာယာခတ်သွားတာတို့ ဘိုးဘေးကြီးကို အကူအညီတောင်းမယ်ဆိုရင် ငါ စိတ်အရမ်းပျက်သွားမှာပဲ ရလဒ်ကတော့ မင်းက ဘာမှလည်းမတုံ့ပြန်ဘူး” မိုကျိ ပြောလေသည်။

ထိုစဉ်က သူမသာ ပျယာခတ်ပြီး ဘိုးဘေးကြီးကို အကူအညီတောင်းခံပါ က သူ ဤနေရာသို့ရောက်လာမည်မဟုတ်ပေ။

ရှီမာယူယူသည် သူ အပျော်လုပ်သည့်ကိစ္စများကို မည်သည့်ထင်မြင်ချက် မှ မပြောချင်ပေ။ မဟုတ်လျှင် သူမ သည်းမခံနိုင်တော့ဘဲ သူ့ကိုရိုက်မိမည်ကို စိုးသည်။

“ဒါနဲ့ နယ်စားအိမ်တော်ကို သတင်းပို့ဖို့ သတိရဦး မဟုတ်ရင် ထင်စန်းနဲ့ ထင်ရွှေတို့ စိတ်ပူနေလိမ့်မယ်” သူမ သတိပေးလိုက်သည်။

“မင်းက မုရုန်ရှီရဲ့ အစေခံတွေကို အရမ်းစိတ်ပူပေးတာပဲ”

“သူတို့က ကျွန်မကို ကောင်းပေးတယ်လေ သူတို့ကို စိတ်မပူအောင်လို့ ပြောပေးပါဦး”

“ဒါပေမဲ့ သူတို့က မုရုန်ရှီကို စိတ်ပူတာလေ မင်းကိုမဟုတ်ဘူး”

“အနည်းဆုံးတော့ အခုချိန် ပစ္စည်းကောင်းတွေ သုံးရတာကို ကျွန်မ တာဝန်ယူပေးရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “နောင်တစ်ချိန် ကျွန်မက မုရုန်ရှီမဟုတ်တာကို သူတို့သိသွားလို့ ကျွန်မအပေါ် မကောင်းပေးတော့ရင် သူတို့ ဆက်ဆံတဲ့အတိုင်း ကျွန်မကပြန်ဆက်ဆံပေးမှာပဲ… အနည်းဆုံးတော့ အခုချိန်မှာ ကောင်းပေးနေတာလေ”

မိုကျိသည် သူမကို အတန်ကြာအောင် စိုက်ကြည့်နေသည်။ သူ၏ အတွေး ကိုတော့မသိနိုင်ပေ။ ပြီးနောက် မည်သည့်စကားတစ်ခွန်းမှမပြောဘဲ လှည့်သွား လေသည်။

“ဒီလူက ဒီအတိုင်းထွက်သွားတာ သတင်းသွားပို့ပါ့မလားမသိဘူး” သူမ ရေရွတ်ပြီး မျက်လုံးမှိတ်ကာ နားနေလိုက်သည်။

သူမသည် ဤနေရာတွင် နှစ်ရက်ကြာအောင် နားပြီး နောက်ဆုံးတွင် ဒဏ်ရာများ ပြန်ကောင်းလာသည်။ ဤကဲ့သို့ အမြန်နှုန်းသည် မိုကျိကို အံ့အား သင့်စေသည်။

“ဒီတစ်ခေါက်အတွက် ကျေးဇူးတင်ပါတယ်” ရှီမာယူယူ သူ့ကို ကျေးဇူး တင်စကားပြောလိုက်သည်။ သူ မလာလျှင် သူမကို တွေ့မည်မဟုတ် သော်လည်း ကူညီပေးသဖြင့် ကျေးဇူးတင်တုန်းပင်ဖြစ်သည်။

“ဟင်း စိတ်ရင်းနဲ့ ပြောတဲ့ပုံနဲ့လည်း မတူဘူး” မိုကျိသည် ပြုံးပြီး သူမကို စိက်ကြည့်လေသည်။

“ဟင်” ရှီမာယူယူသည် အနည်းငယ် အံ့ဩသွားသည်။ သူ့ကို ကျေးဇူးတင် တဲ့အနေနဲ့ လက်ဆောင်ပေးရမှာလား။ သူက အဲလောက်တောင် အရေထူတာ လား။

“ဘိုးဘေးကြီးပြောတယ် မင်းရဲ့လက်ဖက်ရည် လက်စွမ်းက သူ့ထက် သာတယ်တဲ့ မင်းရဲ့လက်ရာကို သောက်ခွင့်ရမလားသိချင်တယ်”

ရှီမာယူယူ မျက်တောင်ခတ်လိုက်သည် “အဲဒါလား”

“မဟုတ်ရင် ဘာထင်လို့လဲ” မိုကျိ ပြန်မေးလိုက်သည်။ သူ၏ နှုတ်ခမ်း ထောင့်များသည် ခံစားချက်ကောင်းနေသည်ကို ပြသနေသည်။

“အဟမ်း ရှင် ဘယ်လိုလက်ဖက်ရည် သောက်ချင်လဲ”

“လက်ဖက်စိမ်းသောချင်တယ်”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူတို့သည်ခြံဝန်းထဲမှ အဆောင်ငယ် ဆီသို့ သွားလိုက်သည်။ သူမသည် လက်ဖက်ရည်အစုံထုတ်ပြီး ရေနွေးတည်ကာ ခွက်များကို ဆေးကြောပြီး လက်ဖက်ရည်ခြောက်မှား ခွဲလိုက်သည်။ ကိစ္စဝိစ္စ များပြီးချိန်တွင် ရေနွေးဆူလာရာ လက်ဖက်ရည်နှပ်လိုက်သည်။

မိုကျိသည် သူမ၏ ချောမွေ့၊ တင့်တယ်ပြီး ဆွဲဆောင်မှုရှိလွန်းသော အပြုအမူများကိုကြည့်ပြီး သူမကို ကြည့်နေရရုံနှင့်တင် ပျော်ရွှင်မှုကို ခံစားရ လေသည်။

“ကျေးဇူးပြုပြီး”

ရှီမာယူယူသည် သူ့ရှေ့သို့ လက်ဖက်ရည်ခွက်ချပေးသည်။ သူ လက်ဖက် ရည်ခွက်ကို ကောက်ယူလိုက်ချိန်တွင် မွှေးပျံ့သောအနံ့ ရလိုက်ရာ အရင်က သောက်ဖူးသည့် လက်ဖက်ရည်များနှင့် အလွန်ပင်ကွာခြားလှသည်။

သူ တစ်ကျိုက်သောက်လိုက်ရာ ရနံ့သည် ပါးစပ်တွင်ပြည့်သွားပြီး တစ် ကိုယ်လုံးကို ဖြန့်ကျက်သွားရာ လန်းဆန်းသွားသလို ခံစားရသည်။

“တကယ်ပဲ လက်ဖက်ရည်ကောင်းပဲ အဲဒါကြောင့် ဘိုးဘေးကြီးက မင်းရဲ့ လက်ဖက်ရည်ကို အဲလောက်ကြိုက်တာကိုး” အရင်က ဘိုးဘေးကြီး ချဲ့ကား လွန်းသည်ဟု သူ ထင်သည်။ သို့သော် ဤမျှ အရသာရှိလိမ့်မည်ဟု ထင်မထား ပေ။

“ရှင်ကမိုယွိနဲ့ အရမ်းရင်းနှီးတာပဲ လက်ဖက်ရည်အရသာခံတဲ့ အမူအရာ တောင် တော်တော်တူတယ်” ရှီမာယူယူ ပြောလိုက်သည် “ရှင် သူ့ကို အရမ်း ချစ်တာပဲလား”

မိုကျိသည် မျက်ခုံးများ ပင့်တက်သွားသည်။ အဲလောက် သိသာနေတာ လား။

“ဒါပေမဲ့ ဘိုးဘေးကြီးက မျိုးနွယ်က ထွက်သွားလေ့ရှိတယ် ငါက ဒီနှစ် တွေမှာ မျိုးနွယ်ကိုပြန်မလာဘူး ပြီးတော့ သူနဲ့မတွေ့ဖြစ်ပါဘူး… သူ့ကို တွေ့တော့လည်း မင်းကို ကာကွယ်ပေးဖို့ ပြောခဲ့တာ… ကောင်မလေး စဉ်းစား ကြည့်လေ ငါ နည်းနည်းတော့ကြောင်သွားတာပေါ့” သူသည် ခံစားချက်ပါပါ ပြောလိုက်သည်။

“ရှင်က အဲဒီအပေးအယူကြောင့် ရောက်လာတာ သိသာနေတာပဲ စိတ်မပါ ဆန္ဒမရှိဘဲ လာနေရတာလို့တော့ မပြောနဲ့နော်” ရှီမာယူယူသည် သူ၏ မျက်နှာကို ဖတ်လိုက်သည်။

“ဟားဟား… မြင်နေရတာလား”

အစောင့်တစ်ယောက်သည် အပြင်မှဝင်လာရာ သူတို့နှစ်ယောက် အဆောင်ငယ်တွင် လက်ဖက်ရည်သောက်နေသည်ကို မြင်လိုက်ရသည်။ သခင်လေးသည် အရင်ကထက် ပျော်ရွှင်စွာပြုံးနေသဖြင့် ရှေ့သို့လာရန်ပင် တွန့်ဆုတ်သွားလေသည်။

မိုကျိသည် သူ့ကိုသတိထားမိသောအခါ မျက်မှောင်အနည်းငယ်ကြုတ် လိုက်သည်။ အရေးမကြီးသည့်ကိစ္စဆိုလျှင် သူ ရောက်လာမည်မဟုတ်ပေ။

“ဘာဖြစ်တာလဲ”

“သခင်လေး သုန်းမျိုးနွယ်က နယ်စားအိမ်တော်ကိုသွားပြီး သခင်မလေး ကိုတွေ့ချင်နေပါတယ် နယ်စားနဲ့သခင်မလေးတို့ အဲဒီမှာမရှိတော့ သူတို့ ပြဿနာရှာနေကြပါတယ်” အစောင့်မှ ပြန်ဖြေလေသည်။

မိုကျိသည် နယ်စားအိမ်တော်ကိစ္စကို စောင့်ကြည့်ထားရန် ပြောထား သဖြင့် သတင်းရသည်နှင့် ချက်ချင်းပြေးလာပြောခြင်းဖြစ်သည်။

လက်ဖက်ရည်ခွက်ကိုင်ထားသော ရှီမာယူယူသည် အေးခဲသွားကာ လေထုမှာလည်း ရုတ်တရက် အေးစက်သွားပြီး သူမ ထိုအစောင့်ကို ကြည့်ပြီး မေးလိုက်သည် “သုန်းမျိုးနွယ်က နယ်စားအိမ်တော်ကိုလာပြီး ပြဿနာရှာတာ လား”

“ဟုတ်ပါတယ် သူတို့က နယ်စားအိမ်တော်က အစောင့်တွေကို ဒဏ်ရာ ရအောင်လုပ်လိုက်ပါတယ်” အစောင့်သည် ရှီမာယူယူကို ရုတ်တရက် ပြောင်းလဲသွားသည်ဟု ခံစားရသဖြင့် သူမကို သံသယများဖြင့် ကြည့်လိုက် သည်။

“ဟင်း သုန်းမျိုးနွယ်ကလူတွေက ငါတို့နယ်စားအိမ်တော်ကိုလာပြီး ရိုက်ရဲသေးတယ်ဟုတ်လား သူတို့က ပညာပေးစေချင်နေတာပဲ ကျွန်မအရင် ပြန်လိုက်ဦးမယ်” သူမသည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တွင်တင်လိုက် သည်။ သူမ ထွက်သွားချိန်တွင် လက်ဖက်ရည်ခွက်သည် အစိတ်စိတ်ကွဲသွား လေသည်။

မိုကျိသည် သူမ၏ ထွက်သွားသောပုံရိပ်ကိုကြည့်လိုက် ကွဲသွားသော လက်ဖက်ရည်ခွက်ကို ကြည့်လိုက်နှင့် ခေါင်းကိုအသာအယာ ခါယမ်းလိုက် သည် “ဒီလောက်ကောင်းတဲ့ လက်ဖက်ရည်ခွက်ကို နှမြောစရာပဲ မင်းကို မပြောလိုက်ရင် ဘယ်လိုလုပ်မလဲ”

“သခင်လေး သုန်းမျိုးနွယ်က နယ်စားအိမ်တော်ကို သွားပြီး ပြဿနာရှာ ရဲတာက ယွိအိမ်တော်ကလူရောက်လာလို့ပါ” အစောင့် ပြန်ဖြေလေသည်။

“အဲတော့ သုန်းမျိုးနွယ်က ယုံကြည်ချက်တွေရှိနေတယ်ပေါ့ ဒီကောင်မ လေးတော့ ဒီအတိုင်းပြန်သွားတာ အခွင့်သာမှာမဟုတ်ဘူး သူမက ဘာလို့ ငါ့ကို အကူအညီမတောင်းတာလဲ” သူ ရေရွတ်လိုက်သည်။

ရှီမာယူယူသည် တခြားသူအပေါ် မှီခိုတတ်သူ မဟုတ်ကြောင်း သူ နောက်မှသိခဲ့ရသည်။ သူမသည် အရာအားလုံးကို ကိုယ်တိုင်အတွေ့အကြုံယူရ သည်ကို နှစ်သက်သာ အခက်အခဲရှိလျှင်တောင် အမြဲတစေရှေ့ဆက်တိုးခဲ့ သည်။

“သခင်လေး မုရုန်ဟွေ့နဲ့ ဘဏ္ဍာထိန်းက နယ်စားအိမ်တော်မှာမရှိဘူး သခင်မလေး ပြန်သွားလိုက်ရင် အဲလူတွေနဲ့ တိုက်ရိုက်ရင်ဆိုင်ရမှာပဲ အန္တရာယ် များမလားမသိဘူး ကျွန်တော်တို့ သွားပြီးကြည့်ရမလား” အစောင့်သည် မိုကျိ ငယ်စဉ်ကပင် လိုက်လာသူဖြစ်သည်။ ဤတစ်ကြိမ် ရှီမာယူယူကို ကာကွယ်ရ သည့်အကြောင်းအရင်းကိုလည်း သူသိသည်။ ရှီမာယူယူ အလောတကြီး အိမ် ပြန်သွားသည်ကိုကြည့်ပြီး သူမ တစ်ယောက်တည်း မကိုင်တွယ်နိုင်မည်ကို စိုးရိမ်နေသည်။

“သွားမှာ သူမ အဲလူတွေနဲ့ ဘယ်လိုရှင်းမလဲဆိုတာ ငါလည်းကြည့်ချင် တယ်” သူ ရှီမာယူယူအရှေ့တွင် လျစ်လျူရှုမိသည်ကို မိုကျိ စိတ်ပူနေကာ ထိုလူများကို မဖြေရှင်းနိုင်မည်ကို စိုးရိမ်လျက်ရှိသည်။ “ဒါပေမဲ့ ငါတို့ တိုက်ရိုက် ကြီးသွားလို့မရဘူး လူတွေ သံသယဝင်လိမ့်မယ် ဒီနှစ်ရက်မှာ ယွမ်ယွမ် ဘာတွေ လုပ်နေတာလဲ”

ရှီမာယူယူသည် အမည်းလေးကိုခေါ်ထုတ်ကာ စီးပြီး နယ်စားအိမ်တော် သို့ ပြန်သည်။ သူမ အနားမရောက်ခင်မှာပင် အိမ်တော်ဘက်မှ ဒုန်းဒုန်းဒိုင်းဒိုင်း အသံများကို ကြားရလေသည်။ လမ်းကိုကွေ့လိုက်ချိန်တွင် နယ်စားအိမ်တော် တွင် တံခါးမရှိတော့ဘဲ လေအေးများတိုက်နေသည်ကို တွေ့လိုက်ရလေ သည်…..

***

All Chapters