ရှီအာကိုရိုက်ရဲတယ်ဟုတ်လား သေချင်နေတာပဲ
Vol. 129 Ch. 1803
မီးခိုးနှင့် အမှုန်များပျောက်ကွယ်မသွားခင် နယ်စားအိမ်တော်၏ အစောင့် များသည် ဂိတ်ပျက်စီးသွားသည်ကိုကြည့်ပြီး တံခါးဝတွင် စိတ်ဆိုးမာန်ဆိုးဖြင့် ရပ်ကာ လူများကို ဝင်ခွင့်မပေးပေ။
နှစ်ဖက်လုံးမှာ ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေဖြစ်နေသည်။
ရှီမာယူယူသည် တံခါးရှိခဲ့သည့်နေရာကို သုံးစက္ကန့်မျှကြည့်ပြီး နယ်စား အိမ်တော်အတွက် စိတ်မကောင်းဖြစ်မိသည်။ အချိန်တိုင်းမှာ ဘာလို့ တံခါးကပဲ ဒုက္ခခံစားနေရတာလဲ။
“ငါ သုံးအထိရေမယ် ဒီတစ်ခါလည်း မုရုန်ရှီကို ထုတ်မပေးရင် နောက် တစ်ခါပျက်စီးမှာက တံခါးတင်မဟုတ်တော့ဘူး” ပုပြီးဝဖိုင့်သောလူသည် ကြီးမားသော မရဏာသားရဲကိုစီးကာ နယ်စားအိမ်တော်မှ အစောင့်များကို အလေးအနက်ကြည့်လေသည်။
“သခင်မလေးက အခုအိမ်တော်မှာမရှိဘူးလို့ ပြောပြီးပြီ ဆက်ပြီး ကျူးကျော်နေမယ်ဆိုရင် မယဉ်ကျေးလို့ အပြစ်မတင်နဲ့” ထင်စန်းသည် အစောင့်များရှေ့တွင် ရပ်ပြီး ဝဖိုင့်သောလူကို အကြောက်အလန့်မရှိ ကြည့်လေ သည်။
“မယဉ်ကျေးဘူးဟုတ်လား ဟွန်း.. အင်း မင်းတို့ ဘယ်လောက် မယဉ်ကျေးမလဲဆိုတာ ကြည့်တာပေါ့” ပုပြီးဝဖိုင့်သောလူသည် ထင်စန်းကို ကြည့်လိုက်သည် “မင်းက ဒီသခင်ကြီးကို လာပြီးစိန်ခေါ်ရဲသေးတယ် မင်း အသက်ကို ရှည်မယ်ထင်နေတယ်ပေါ့ ဟင်း… ဒီကောင်မလေး မဆိုးဘူးပဲ ငါ့ နောက်လိုက်ရင် မင်းအသက်ကို ချမ်းသာပေးမယ် ဘယ်လိုလဲ”
“ဟင်း ရှင့်ကိုယ်ရှင် ကြည့်လိုက်ဦး ပုကပုသေး ဝကဝသေး သနားဖို့ ကောင်းလိုက်တာ ရှင့်နောက်ကို လိုက်စေချင်တာလား ရှင် ဘယ်လိုရုပ်လဲဆို တာ မှန်မကြည့်ဘူးလား ရှင် ရုပ်ဆိုးတာကိစ္စမရှိဘူး ဒါပေမဲ့ ထွက်လာပြီး လူတွေကို ခြောက်တယ်ဆိုရင်တော့ တခြားကိစ္စဖြစ်သွားပြီလို့ ကျွန်မ သခင်မ လေးပြောဖူးတယ်” ထင်စန်းသည် လက်များကို ခါးထောင်ထားပြီး ပြန်ပြောရာ ပုပြီးဝဖိုင့်သောလူသည် ခေတ္တမျှကြောင်သွားသည်။
“ဖူး….”
“ဟားဟား”
နယ်စားအိမ်တော်မှ အစောင့်များအားလုံး ရယ်မောကြသည်။ အမြဲတစေ အေးဆေးပြီး စကားနည်းသော ထင်စန်းသည် လူကို ဤကဲ့သို့အပြုအမူဖြင့် ကျိန်ဆဲတတ်လိမ့်မည်ဟု ထင်မထားကြပေ။
“မင်း သေချင်နေတာပဲ” ပုပြီးဝဖိုင့်သောလူသည် စိတ်တိုသွားပြီး လှံတံ ထုတ်ပြီး သူမကို ထိုးစိုက်လေသည်။
ထင်စန်းသည် နောက်သို့ဆုတ်ကာ သူ၏ တိုက်ကွက်ကို ရှောင်ရှားလိုက် သည်။
ဝဖိုင့်သောလူသည် တစ်ချက်လွဲသွားသဖြင့် ဒေါသထွက်သွားသည်။ သူ သည် သုန်းချန်းမျိုးနွယ်မှ လူများကို အော်လိုက်သည် “သွားတော့ နယ်စား အိမ်တော်ကလူတွေကို ဖမ်းလိုက် ဒီနေ့ စည်းကမ်းမသိတဲ့ နယ်စားအိမ်တော်က လူတွေကို သင်ပေးရမယ်”
သုန်းမျိုးနွယ်သည် နယ်စားအိမ်တော်မှလူများကို ဝိုင်းလိုက်သည်ကို မြင်သောအခါ ရှီမာယူယူ ဒေါသတကြီးလျှောက်လာပြီး ခပ်မာမာပြောလိုက် သည် “ဘယ်သူလုပ်ရဲလဲ နယ်စားအိမ်တော်ကလူတွေကို ပညာပေးချင်တာ ဘယ်ကလာတဲ့ ခွေးလဲ ဘယ်ကကြောင်လဲ”
“မင်းက ဘယ်သူလဲ” လူဝကြီးသည် ရှီမာယူယူကို ပထမဆုံးအကြိမ် မြင် ဖူးခြင်းဖြစ်သဖြင့် သူမ၏ ရုပ်ရည်နှင့်ရောင်ဝါကြောင့် ဆွဲဆောင်ခံလိုက်ရာ မျက်လုံးများအရောင်တောက်ကာ ကြည့်လေသည်။
“ကျွန်မက ဘယ်သူလဲဟုတ်လား ရှင်တို့က ကျွန်မကိုလာရှာတာမဟုတ် ဘူးလား” အမည်းလေးသည် သူမကိုတင်ကာ သုန်းမျိုးနွယ်ကို ပတ်သွားပြီး နယ်စားအိမ်တော်၏ အစောင့်များရှေ့သို့လာလိုက်သည်။
“သခင်မလေး” ထင်စန်းသည် ရှီမာယူယူ ဝင်လာသည်ကိုမြင်သောအခါ စိတ်လှုပ်ရှားလာသည်။
သူမ လမ်းကိုစောင့်ကြပ်ဖို့ လူလွှတ်လိုက်တယ်မလား။ သူမသည် ရှီမာယူယူ ပေါ်လာမည်ကို ကြောက်ခဲ့သည်။ သို့သော် သူမ အမှန်တကယ်ပင် ရောက်လာလိမ့်မည်ဟုထင်မထားပေ။
“မင်းက မုရုန်ရှီလား ဒီလောက်လှမယ်လို့ ထင်မထားဘူးပဲ” ဝပုလူကြီး သည် ရှီမာယူယူအား ကြည့်ပြီး သွားရည်များထွက်ကျတော့မတတ်ဖြစ်နေ သည်။ အကြည့်မှာ အလွန်ပင် မသက်မသာဖြစ်စေကာ သူ့မျက်နှာမှ အဆီများ သည် အလွန်ပင် အကျည်းတန်လှသည်။
“ထင်စန်းပြောတာ ကြားလိုက်ပါတယ် ရှင် ရုပ်ဆိုးနေရင်လည်း လူတွေကို လိုက်ခြောက်မနေနဲ့ ဖြတ်သွားဖြတ်လာတွေ ညတုန်းကစားခဲ့တာတွေ ပြန် အန်ထွက်ကုန်ရင် မကောင်းဘူးလေ ကလေးတွေ ငိုသွားရင်ပိုဆိုးကုန်မယ်” ရှီမာယူယူသည် ရွံရှာစွာဖြင့် လက်ကိုဝေ့ယမ်းပြီး သူမရှေ့တွင် ရပ်နေသော လူ တစ်ယောက်သည် ရွံရှာဖွယ်ကောင်းသည့်အတိုင်း ပြုမူလေသည်။
“မုရုန်ရှီ မင်း လာရဲသေးတယ် မင်းထွက်ပြေးသွားပြီထင်နေတာ” အမျိုးသမီးတစ်ဦးသည် ရှေ့ကိုနှစ်လှမ်းတိုးကာ ရှီမာယူယူအား လက်ညှိုးထိုး ကာ အော်လေသည် “ဒီနေ့ ငါ့သမီးနှစ်ယောက်အတွက် မင်းကို သတ်ပြီး လက်စားချေရမယ်”
“ဒီအဘွားကြီးက ဘယ်သူလဲ ဘာလို့မိန်းမဆိုးကြီးလိုလုပ်ပြီး ထွက်လာ တာနဲ့ လူတွေကိုလိုက်ကိုက်နေတာလဲ ရှင့်သမီးတွေက ဘယ်သူတွေလဲ ကျွန်မ သူတို့ကိုသိလို့လား” ရှီမာယူယူသည် သူမ ဆံပင်များကိုသပ်ကာ အကြည့်ကို မလွှဲပေ။
“မုရုန်ရှီ အပြစ်ကင်းသလိုလာဟန်ဆောင်မနေနဲ့ မင်းက ငါ့သမီး နှစ် ယောက်ကိုသတ်လိုက်တာပဲ” အမျိုးသမီးသည် ခါးသီးစွာ ပြောလေသည်။
“ရှင့်သမီးတွေကို ကျွန်မသတ်လိုက်တယ်လို့ ပြောတယ်နော် သက်သေရှိ လား ရှင်က ကျွန်မတို့နယ်စားအိမ်တော်ကိုလာပြီး ပြဿနာရှာတာ အဲဒီတော့ ရှင်နဲ့ စာရင်းရှင်းရမယ်” ရှီမာယူယူသည် သူမကို ရုတ်တရက် အေးစက်စွာ ကြည့်လိုက်သည်။ ပြင်ဆင်ထားခြင်းမရှိသော အမျိုးသမီးသည် ထိတ်လန့်သွား တော့သည်။
“လျန်အာနဲ့ ရှောင်းအာတို့ သေတာက မင်းနဲ့မဆိုင်ဘူးလို့ ပြောရဲသေး တယ်ဟုတ်လား”
“အိုး ရှင်က သုန်းချီလျန်နဲ့ သုန်းချီရှောင်းတို့ကိုပြောနေတာလား သူတို့ သေတာက ကျွန်မနဲ့ဘာမှမဆိုင်ဘူးလေ” ရှီမာယူယူသည် အပြစ်ကင်းစွာဖြင့် လက်ကိုဖြန့်ပြလိုက်သည်။
“ဟင်း ငါတို့ သတင်းရပြီးသွားပြီ လျန်အာနဲ့ ရှောင်းအာတို့ သေတုန်းက မင်းဘေးမှာရှိနေတယ် အရင်ကလည်း မင်းက သုန်းမျိုးနွယ်ရဲ့တပ်သားတွေနဲ့ တိမ်တောက်ဆိုင်ကလူတွေကို သတ်ဖူးတယ် အဲဒါကိုတောင် မင်းနဲ့မဆိုင်ဘူးလို့ ပြောရဲသေးတယ် ဘယ်သူ့ကိုလာလိမ်ဖို့ကြိုးစားနေတာလဲ” ထိုအမျိုးသမီး အော်ဟစ်လေသည်။
ထိုသတင်းကို ခြေရာလက်ရာချန်သွားသော လူမှ ပြောလိုက်ခြင်းဖြစ်မည် ဟု ရှီမာယူယူ ခန့်မှန်းမိသည်။ သို့သော် ထိုလူနှင့် သုန်းမျိုးနွယ်တို့အကြားမှ ဆက်ဆံရေးကိုမသိပေ။ ဤကဲ့သို့ အထူးတလည် သတင်းကိုပါ ပြောလိမ့်မည် ဟု ထင်မထားပေ။
“သုန်းချီလျန်နဲ့ သုန်းချီရှောင်းတို့ကို မရဏာရင်ဝံပုလွေတွေကသတ်သွား တာပဲ ရှင်က လက်စားချေချင်တာလား ဒါဆိုလည်း မရဏာရင်ဝံပုလွေတွေဆီ ကိုသွားလိုက်လေ… အခု ကျွန်မတို့နယ်စားအိမ်တော်ရှေ့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြေးလာတာ အဖေမရှိတာနဲ့ ကျွန်မတို့ကို အနိုင်ကျင့်တာလား” သူမ ပြန်ချေပ လိုက်သည်။
“မရဏာရင်ဝံပုလွေတွေက မင်းအမိန့်နဲ့ လုပ်တာမဟုတ်ဘူးလား မင်း ကြောင့်သာမဟုတ်ရင် သူတို့က လျန်အာနဲ့ ရှောင်းအာတို့ကို ဘယ်လိုလုပ် တိုက်ခိုက်မှာလဲ” ထိုအမျိုးသမီး ပြောလေသည်။
“ကျွတ် အဘွားကြီး ရှင်က အသက်ကြီးတာနဲ့ သူများတွေကို မလေးမစား နဲ့ မောက်မောက်မာမာဆက်ဆံနိုင်မယ်လို့ မထင်လိုက်နဲ့… သုန်းချီလျန်နဲ့ သုန်းချီရှောင်းတို့ မရဏာရင်ဝံပုလွေအလိုက်ခံရတာက သူတို့က ဝံပုလွေပေါက် လေးတွေကို သွားလုလို့ပဲ… အဲတုန်းက မရဏာရင်ဝံပုလွေတွေရဲ့ သားပေါက် တွေကို ပြန်မပေးဘဲ သတ်လိုက်တာလေ အဲဒါကြောင့် မရဏာရင်ဝံပုလွေတွေ ကသတ်လိုက်တာပဲ” ရှီမာယူယူ လှောင်ရယ်လိုက်သည်။
“အဲတုန်းက မင်းပဲရှိတာလေ မင်းပြောချင်သလိုပြောလို့ရတယ် ဒါပေမဲ့ ငါကတော့ အဲဒီစကားတွေကိုမလိုဘူး အခု မင်းကိုငါ့သမီးတွေနဲ့အတူ မြှုပ်ပေး မယ်”
စကားပြောပြီးနောက်တွင် သူမသည် ဝိညာဉ်စွမ်းအင်စုစည်းကာ ရှီမာယူယူကို တိုက်ခိုက်လေသည်။
ရှီမာယူယူ ဘေးပတ်ပတ်လည်မှ တပ်သားများလှုပ်ရှားကြပြီး သုန်းချီရှောင်း၏ မိခင်ကိုရင်ဆိုင်ကြကာ တချို့မှာ ရှီမာယူယူကို ကာကွယ်ရန် ဝန်းရံလိုက်ကြသည်။
ပြိုင်ဘက် လှုပ်ရှားသည်ကိုမြင်သည်နှင့် သုန်းမျိုးနွယ်တပ်သားများလည်း လှုပ်ရှားကြသည်။ သုန်းမျိုးနွယ်သည် နယ်စားအိမ်တော်မှ တပ်သားများနှင့် တိုက်ခိုက်ကြသည်။ တဖြည်းဖြည်းနှင့် ရှီမာယူယူနားဝိုင်းနေသော အစောင့်များ သည် ခြေတစ်လှမ်းသာကြသည်။
“သွားလိုက်တော့ သေစမ်း” ထိုအမျိုးသမီး၏ ရက်စက်သော အကြည့်များ သည် ရှီမာယူယူအပေါ်ရောက်နေပြီး ဓားရှည်ထုတ်ကာ သူမကို ထိုးစိုက်လိုက် သည်။
“ရပ်လိုက်စမ်း”
ယွမ်ယွမ်ရောက်လာချိန်တွင် ထိုမြင်ကွင်းကိုမြင်သောအခါ ထိုအမျိုးသမီး ၏ ဓားရှည်ကိုဖျက်ဆီးရန် ဝိညာဉ်စွမ်းအင်စုရင်းအော်လိုက်သည်။
သို့သော် သူသည် သူတို့နှင့်ဝေးကွာနေပြီး သူတို့နှစ်ယောက်ကြားမှ အကွာအဝေးသည် နီးကပ်လွန်းသည်။ ရှည်လျားသောဓားသည် ရှီမာယူယူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တော့မည့်အချိန်တွင်…
“လေဟာပြင် ချိပ်ပိတ်မယ်”
မိုကျိ၏ အေးစက်သောအသံကို သူ ကြားလိုက်ရသည်။ ထိုအသံမှာ… ဒေါသများဖြင့် ပြည့်နေသည်။
“ချွမ်း…”
ယွမ်ယွမ်၏ ဝိညာဉ်စွမ်းအင်သည် ဓားရှည်ကိုထိသွားပြီး ရှီမာယူယူ လှုပ်ရှားဟန်ပြင်သည်။ သို့သော် သူမကို လေဟာပြင်များ ဝိုင်းနေသည်။
မိုကျိ၏ လေဟာပြင်ချိပ်မှာ ဤမျှလောက် စွမ်းအားကောင်းလိမ့်မည်ဟု သူမ ထင်မထားပေ။ လုံးဝပင် ပြီးပြည့်စုံသည့်ပုံပေါ်သည်။ ယခုအချိန်တွင် သူမ တွင် အင်အားမရှိသည်မှာတော့ နှမြောဖွယ်ကောင်းသည်။ သူ၏ လေဟာပြင် ချိပ်ကို ဖျက်မရပေ။
ကံကောင်းစွာပင် သူသည် မကြာခင်တွင် လေဟာပြင်ချိပ်ကိုဖြည်လိုက် ရာ သူမ လွတ်လပ်သွားသည်။
တခြားသူများ ဘာမှမပြောရသေးခင်မှာပင် ရုတ်တရက် လေမှုန်များ တိုက်လာပြီး အရိပ်အနက်ပေါ်လာသည်။ ထို့နောက် ထပ်တိုက်ခိုက်တော့မည့် သုန်းချီရှောင်း၏ မိခင်သည် လွှင့်သွားသည်။
ထိုတိုက်ကွက်ကြောင့် အားလုံးမှင်တက်သွားပြီး တိုက်ပွဲသည် ရုတ်တရက် ရပ်တန့်သွားသည်။
မဟူရာသည် အမြီးကိုခတ်လိုက်ပြီး ရှီမာယူယူကို ဝိုင်းထားသော သုန်းမျိုးနွယ်ဝင်များကိုကြည့်ပြီး အမြီးဖြင့် ရိုက်လိုက်ရာ အားလုံးလွှင့်သွားလေ တော့သည်။
“ဟင်း ငါ့ရှီအာကို လာထိရဲသေးတယ် မင်းတို့သေချင်နေကြတာပဲ”