ဆက်စပ်နေခြင်း
Vol. 129 Ch. 1804
မိုကျိနှင့် ယွမ်ယွမ်တို့မှလွဲ၍ ထိုအနက်ရောင်အမြီးသည် မည်သည့်နေရာ မှ ရုတ်တရက်ထွက်လာသည်ကို မည်သူမှမသိကြပေ။
မဟူရာသည် အမြီးကိုဝှေ့ယမ်းလိုက်ရာ အနားသို့ကပ်လာကြသောလူများ လွှင့်သွားကြလေသည်။
“န.. နဂါးနက်လား” ဝပုနှင့် သုန်းမျိုးနွယ်တို့သည် မဟူရာကိုမြင် သောအခါ အံ့ဩကုန်ကြသည်။
သူတို့သည် ဒဏ္ဍာရီလာ နဂါးနက်ကို အမှန်တကယ်ပင် မြင်ဖူးသွားလေ ပြီ။ ဒါက အိပ်မက်တော့မဟုတ်ဘူးမလား။
“ဟင်း… မင်းတို့ကို ထိတောင်မထိရသေးဘူး ငါ့သခင်ကို ဘယ်ကိုလာပြီး လုပ်ကြံရဲတာလဲ” မဟူရာသည် အေးစက်စွာနှာမှုတ်လိုက်ရာ ကြောက်လန့်နေ သောလူများသည် ရှေ့ကိုမတိုးရဲကြပေ။
“ဟင်း ဒီအတိုင်း နဂါးနက်တစ်ကောင်ပဲကို… ဘယ်လောက်များ ကြီးကျယ်မြင့်မြတ်နေလို့လဲ… တိုင်းပြည်ရဲ့တပ်ရှေ့မှာဆိုရင် မရဏာသားရဲ တစ်ကောင်သာသာပဲရှိတယ်” ဝပုလူသည် စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ချေပလေ သည်။
“မရဏာသားရဲ တစ်ကောင်သာသာပဲရှိတယ်ဟုတ်လား” မဟူရာသည် ထိုဝပုလူကို စိုက်ကြည့်လိုက်သည်။ သူ၏ တစ်ပေပတ်လည်ရှိသော ခန္ဓာကိုယ် သည် မြေပေါ်မှမြောက်တက်သွားပြီး သူ့ကို စိုက်ကြည့်လေသည်။ ရုတ်တရက် ပင် ကျယ်လောင်သော မာန်ဟိန်းသံ ပဲ့တင်ထွက်ပေါ်လာသည်။ ဒါက နဂါး ဟိန်းသံပဲ။ အားလုံး၏ နားစည်များမှာ တုန်ခါသွားပြီး ဝပုလူနှင့် သုန်းမျိုးနွယ် များသည် တိုးဝင်လာသောလေကြောင့် မီတာဆယ်ဂဏန်းမျှ နောက်သို့လွှင့် သွားသည်။
“ဝူး…”
သူ မာန်ဟိန်းပြီး အမြီးကိုခတ်လိုက်ရာ သုန်းမျိုးနွယ်တစ်ယောက်မှာ အသားပြားဖြစ်သွားလေသည်။
“ဝူး….”
ဝပုသည် မဟူရာကို ပထမဆုံးအကြိမ်မြင်စဉ်က ကြောက်ရွံ့ခဲ့သည်။ သို့သော် မဟူရာ၏ တိုက်ခိုက်မှုနှင့်ရင်ဆိုင်ရချိန်တွင်တော့ ခုခံသည်။ သူ၏ ခြေထောက်များတုန်ယင်နေသော်လည်း မဟူရာ၏တိုက်ခိုက်မှုကိုတော့ ခုခံနေ တုန်းပင်ဖြစ်သည်။
“ငါ့သားရဲက ပီရှူးနက်နော် မင်းကိုရှုံးမှာမဟုတ်ဘူး” ဝပုသည် အားရစွာ ပြောလေသည်။
ရှီမာယူယူသည် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်သည်။ ဒီလူ့မှာ တကယ်ပဲ ပီရှူးနက်ရှိတာပဲ… ဒီတိုင်းပြည်မှာ သူ့အဆင့်က မနိမ့်ဘူးဆိုတာ ပြနေတာပဲ။ ဒါပေမဲ့ အဲလိုဆိုရင်တောင် သူတို့ နယ်စားအိမ် တော်ကို ဒီလိုမျိုး လာပြီးအနိုင်ကျင့်လို့မရဘူးလေ။
“မုရုန်ရှီ မင်း ငါတို့နောက်ကို လိမ်လိမ်မာမာလိုက်ခဲ့တာ ပိုကောင်းမယ် အဲလိုဆိုရင် မင်းက သုန်းညီအစ်မကို သတ်ဖို့ မရဏာရင်ဝံပုလွေတွေကို သွေးထိုးပေးခဲ့တယ်ဆိုရင်တောင် နယ်စားအိမ်တော်က လူတွေ ဘယ်သူမှ ဝင် မပါစေရဘူး” ဝပုသည် ရှီမာယူယူအား စိတ်ပျက်စွာကြည့်လေသည်။ ဒီလိုမျိုး ညို့အားကောင်းတဲ့ရုပ်ရည်နဲ့ဆိုတော့ အောက်ကသူ့ညီလေးကို ထပ်ပြီး မထိန်းချုပ်နိုင်တော့ဘူး။
“ရှင့်ရဲ့ ပီရှူးကိုအပေါ် မှီခိုမယ်ပေါ့” ရှီမာယူယူသည် ပိုင်ရှင်ကဲ့သို့ အကျည်းတန်လှသော မရဏာသားရဲကို အထင်သေးစွာ ကြည့်လိုက်သည်။
“မင်းမှာ နဂါးနက်ရှိပေမဲ့ ငါ့ပီရှူးက အရွယ်ရောက်ပြီးသား သားရဲပဲ မင်းရဲ့ နဂါးနက်က အဆင့်မြင့်ပေမဲ့ အရွယ်မရောက်သေးတဲ့ ကလေးလေးပဲ ဟားဟား” ဝပုသည် သူ့ကိုယ်သူ အထင်ကြီးကာ ရယ်မောလေသည်။ “ဒါနဲ့ မင်း လှုပ်ရှား မယ်ဆိုရင် တိုင်းပြည်ရဲ့တပ်က မင်းတို့နယ်စားအိမ်တော်ကို မနက်ဖြန် ဖျက်ဆီး ပစ်မယ်.. အဲတော့ မင်း မခုခံဘဲ နာခံလိုက်တာကောင်းမယ်”
ရှီမာယူယူသည် ခေါင်းလှည့်ပြီး မုကျိကို အဓိပ္ပာယ်ပါပါဖြင့် ကြည့်လိုက် သည်။ သူ သူမကို ခေါင်းညိတ်ပြသည်ကိုမြင်ပြီးနောက် သူမ ခေါင်းလှည့်ကာ ဝပုကိုကြည့်ပြီး ပြုံးလိုက်သည်။
သူမ ပြုံးလိုက်သောအခါ ဝပု၏ ပါးစပ်ထဲတွင် အတန်ကြာအောင် သိမ်း ထားသော သွားရည်များထွက်ကျလာတော့သည်။
“ရွံဖို့ကောင်းလိုက်တာ” ထင်စန်းသည် ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်ပြီး ရှေ့တိုးကာ ရှီမာယူယူ၏ရှေ့တွင် ရပ်လိုက်၍ သူ၏ တက်မက်သောအကြည့်မှ ကာလိုက်သည်။
“ဟေး ကောင်မလေး မင်းက ငါ့အကြိုက်ပဲ စိတ်မပူပါနဲ့ ငါ မင်းကို ခေါ် သွားပေးမယ် ဒီသခင်ကြီးက မင်းကိုကောင်းကောင်းဂရုစိုက်ပေးပါမယ်” ဝပု သည် ကာမရာဂစိတ်ကြီးသော အပြုံးဖြင့် ပြုံးလေသည်။
“သေလိုက်စမ်း ဖက်တီး ရှင့်ရဲ့ ရွံစရာမျက်လုံးတွေ ဖယ်လိုက်စမ်း မဟုတ် ရင် အဲမျက်လုံးတွေကို ဖောက်ပစ်မယ်” ထင်ရွှေသည်လည်း အရှေ့သို့ တိုးလာ ပြီး ပြောလေသည်။
“ဒီမှာ နောက်ထပ် မိန်းမလှလေးတစ်ယောက်ပါလား ကျွတ် ကျွတ် မုရုန်ရှီ မင်းက တစ်ယောက်တည်းလှတာမဟုတ်ဘူး ဘေးနားက အစေခံလေးတွေက လည်း အလှလေးတွေပါလား” ဝပုသည် ရှေ့မှ မိန်းမလှလေးသုံးယောက်ကို ကြည့်ပြီး မကောင်းသောရည်ရွယ်ချက်ဖြင့် ကြည့်လေသည်။
ရှီမာယူယူသည် ဒေါသထွက်နေသော မိန်းကလေးနှစ်ယောက်ကို ဆွဲပြီး အနောက်သို့ ပို့ပြီး ပြောလိုက်သည် “မင်းတို့က ဒီသေမယ့်လူကြီးအတွက် ဘာတွေများ ဂရုစိုက်နေတာလဲ”
“သခင်မလေး” ထင်စန်းနှင့် ထင်ရွှေတို့သည် ရှီမာယူယူကို ခံစားချက်ပါပါ ကြည့်လေသည်။ သူမသည် သူတို့ကိုကာကွယ်ရန် သူမ၏ ခန္ဓာကိုယ်ကို အသုံး ပြုခဲ့သည်။ ဤသခင်မလေးသည် အရင်ကထက်ပိုကောင်းသည်။
ရှီမာယူယူသည် သူတို့နှစ်ယောက်၏ အကြည့်ကိုမြင်သောအခါ နှုတ်ခမ်း ကွေးတွန့်လိုက်သည်။
“သခင်တံမန် မုရုန်ရှီကို ကျွန်မတို့လက်ထဲအပ်မယ်လို့ အရင်က သဘော တူထားတာလေ” သုန်းချီလျန်၏ မိခင်သည် သူ၏စကားကို ကြားသောအခါ အော်ပြောလေသည်။
သူမက သတ်ချင်နေတာကို ဝပုက မုရုန်ရှီရဲ့ အသက်ကိုကယ်ချင်နေတာ လား။
“မင်းက ငါ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေတာလား” ဝပုသည် သုန်းချီလျန်၏ မိခင်ကို ကြည့်လိုက်သည်။ သူ၏ အသံမှာအေးစက်နေကာ ဒေါသထွက်နေသည်မှာ သေချာသည်။
သူသည် မိန်းမလှလေးများအပေါ်တွင်သာ စိတ်ရှည်သည်။ သို့သော် တခြားသူများကိုတော့ စိတ်ကောင်းမထားနိုင်ပေ။
“ကျွန်မ…”
“သခင်တမန်တော် ဘယ်လိုလုပ်ဒီလိုဖြစ်တာလဲ ကျုပ်တို့က ခင်ဗျား စကား နားထောင်နေတာပဲလေ” သုန်းချီလျန်၏ ဖခင်ဖြစ်သူသည် ဇနီးဖြစ်သူ ကို ဆွဲပြီး ပြောလေသည်။
“ဟင်း ဒီတမန်တော်က တခြားသူတွေ ငါ့ကိုမေးခွန်းထုတ်တာကို မကြိုက်ဘူး ဒီတစ်ခါက ကြင်ယာတော်သုန်းရဲ့မျက်နှာကို ကြည့်နေလို့ တခြားအချိန်သာ ဆိုရင်တော့ ခင်ဗျားတို့သိပါတယ်” ဝပုသည် သုန်းချီလျန်၏ မိခင်ကို လက်ညှိုး ထိုးပြီး အပြစ်တင်လေသည်။
“ဟုတ်ပြီ ကျုပ်တို့သိပြီ”
သုန်းချီလျန်၏ မိခင်သည် အနည်းငယ်အလိုမရှိသော်လည်း ခင်ပွန်း ဖြစ်သူသည် နှစ်သိမ့်ပေးလိုက်သည်။
“တမန်တော်ရဲ့ အကျင့်နဲ့ဆိုရင် မုရုန်ရှီကိုခေါ်သွားမျာပဲ အဲအချိန်ကျရင် သူမ ကံက သတ်တာထက်တောင် ဆိုးသွားမယ်”
ဟုတ်တယ် တမန်တော်က အကျင့်ဆိုးပြီး သူကြိုက်တဲ့ မိန်းကလေးတွေ ဆိုရင် နှိပ်စက်တယ်လို့ ပြောတယ်။ မုရုန်ရှီသာ သူ့လက်ထဲရောက်သွားရင် သူမ ဘယ်လိုဖြစ်သွားမလဲ။
ထိုသို့စဉ်းစားလိုက်သောအခါ သူမ စိတ်သက်သာရာရသွားသည်။
“သခင်တမန်တော် ဒီမုရုန်ရှီက နယ်စားရဲ့သမီးလည်းဖြစ်နေတယ် ရှင် သူမကို ခေါ်သွားချင်ရင် နယ်စားက သဘောတူမှာမဟုတ်ဘူး… သူ ပြန်လာလို့ ဒီအကြောင်းကို သိရင် နန်းတော်ကိုသွားပြီး ပြဿနရှာရမှာစိုးရတယ်” ယွမ်ယွမ် သည် ဝပုကိုအနည်းငယ် ကြောက်သည်။ သို့သော် သူထိုစကားများကို ပြော လိုက်သည်။
“သခင်လေးယွမ် ဒီကိစ္စကို ဝင်မနှောင့်ယှက်ပါနဲ့” ဝပုသည် ယွမ်ယွမ်အား ကြည့်ပြီး ခြိမ်းခြောက်လေသည် “မဟုတ်ရင် ယွမ်မျိုးနွယ်မှာ သခင်လေး ပျောက်သွားမယ် သူများကို အမြတ်ရအောင်မလုပ်ပါနဲ့”
ယွမ်မျိုးနွယ်… တမန်တော်ကိုသွားမပြစ်မှားနဲ့ ယွမ်ယွမ်…
“ဒါက ဘာတမန်တော်လဲ” ရှီမာယူယူ မေးလိုက်သည်။
“သခင်မလေး တမန်တော်က မင်းသားဘေးကလူပါ မင်းသားရဲ့ အာဏာ တစ်စိတ်တစ်ပိုင်းကို ကိုင်တွယ်ရပါတယ် သူကနယ်စားထက် ရာထူးမြင့်ပါ တယ်” ထင်စန်းသည် သူမကို ရှင်းပြလေသည်။
ရှီမာယူယူ၏ မျက်နှာသည် အလွန်အံ့ဩသွားကာ မေးလိုက်သည် “ဒီလူ လိုမျိုးက တမန်တော်ဖြစ်သေးတာလား… ဒီရာထူးက အရမ်းကောင်းလွန်းမနေ ဘူးလား မဟုတ်ရင် ငါတို့လည်း တမန်တော်လုပ်ကြည့်ကြမလား”
“ဒါက… တကယ်တော့ မင်းသားရဲ့ဆွေမျိုးပဲ လုပ်လို့ရတာပါ” ထင်စန်း ပြောပြလိုက်သည်။
တကယ်တော့ ဤရာထူး၏ လုပ်ပိုင်ခွင့်မှာ ကြီးလှသည်တော့မဟုတ်… တမန်တော်သည် မင်းသားနှင့် ဆက်ဆံရေးကောင်းသောကြောင့် ဤရာထူးကို ရနေခြင်းဖြစ်သည်။
အဲဒကြောင့် သူ့လိုလူက ပီရှူးလိုမျိုးသားရဲရနိုင်တာကိုး။
ရှီမာယူယူ ရှင်းသွားသဖြင့် ခေါင်းညိတ်ပြီး ပြောလိုက်သည် “ဒါပေမဲ့ ငါ့ကို ပစ်မှတ်ထားရဲတယ်ပေါ့ ဒါကတော့ သည်းမခံနိုင်စရာပဲ ဒီရုပ်ဆိုးကြီးက ငါ့ကို တစ်မိနစ်တောင် သည်းမခံနိုင်အောင် လုပ်နေတာပဲ”
“ရှီအာ ငါ သူ့ကို အသားဆော့စ်ထဲနှစ်လိုက်မယ်” မဟူရာ ပြောလိုက် သည်။
“စိတ်မပူနဲ့” ရှီမာယူယူ တားလိုက်သည် “သူ့မှာ ပိုင်ရှင်လိုရုပ်ဆိုးတဲ့ အကောင်ရှိသေးတယ် အဲဒါကို အရင်ရှင်းမယ်”
ပီရှူးရှိနေခြင်းသည် အမည်းလေးကို ပြဿနာဖြစ်စေနိုင်သည်။ သူနှင့် တိုက်ခိုက်လျှင် အမည်းလေးသည် မရှုံးနိုင်သဖြင့် အမြစ်ဖြတ်ထားသည်က ကောင်းသည်။
သူမ ဆောင့်ကြောင့်ထိုင်ပြီး အမည်းလေး၏ ခေါင်းကိုပုတ်ပြီး မေးလိုက် သည် “အမည်းလေး မင်း ကိုင်တွယ်နိုင်မလား”
**