မင်းကိုဘယ်လိုသတ်မလဲကြည့်လိုက်
Vol. 129 Ch. 1805
အားလုံးသည် ဝပုကို သူမ ကြောက်သွားသည်အထင်နှင့် သူမကို ကြည့် လိုက်ကြသည်။
အံ့ဖွယ်သားရဲပီရှူးကို ရှင်းဖို့ မရဏာခွေးကို ခိုင်းနေတာလား။
သူတို့ နားကပြဿနာရှိနေတာမဟုတ်ရင် သူမ ဦးနှောက်က ပြဿနာဖြစ် နေတာပဲ။
ရှီမာယူယူသည် ပတ်ပတ်လည်မှ အကြည့်များကို လျစ်လျူရှုပြီး အမည်း လေးကို ဆက်ပြီးစိုက်ကြည့်နေလိုက်သည်။
“ဝုတ် ဝုတ်” အမည်းလေးသည် နှစ်ကြိမ်မျှဟောင်ပြီးနောက် အားလုံး မတုံ့ပြန်နိုင်ခင်မှာပင် အမည်းရောင်အရိပ်ဖြတ်သွားလေသည်။ ထို့နောက်တွင် ပီရှူး၏ စူးရှသောအော်သံထွက်လာပြီး ဝပု၏စူးစူးဝါးဝါးအော်သံနှင့် ထွက်လာ ပြီး လူသည်မြေပေါ်လဲကျသွားလေသည်။
“ဝေါင်း”
ပီရှူး လူအုပ်ထဲသို့ပြေးလာရာ သုန်းမျိုးနွယ်၏ တပ်သားများသည် အနင်း ခံရပြီးသေသွားကြလေသည်။ သုန်းချီလျန်၏ မိခင်ပင်အနင်းခံရ၍ သေလုနီးပါး ဖြစ်သွားသည်။ သူ့လည်ပင်းမှ ထွက်လာသော သွေးများသည် လမ်းတစ်ခုလုံး တွင် ပေကျံနေသည်။
“သခင်တမန်တော်” သုန်းချီလျန်၏ ဖခင်သည် ဝပုမြေပေါ်လဲကျသွား သည်ကိုမြင်သောအခါ မှင်တက်သွားကာ ပြေးသွားပြီး ချက်ချင်းပင် ထူပေး သည်။ သူသည် လမ်းဘက်သို့တိုးကာ ပီရှူး၏ ခန္ဓာကိုယ်ကို ရှောင်လိုက်သည်။
ဝပုကိုသာ အချိန်မှီမဆွဲလိုက်လျှင် သူသည် အနင်းခံရ၍ ပြားသွားနိုင်၏။
“ဝေါင်း ဝူး”
ခန္ဓာကိုယ်မှ သွေးများသည် အမြန်ပင်လျှံထွက်ကာ ဖြတ်လပ်မှုမှာလည်း အမြန်ပင် ပျောက်ဆုံးသွားသည်။ သူသည် စကားပင်မပြောနိုင်ဘဲ လမ်းပေါ် တွင် ဒေါသပုန်ထနေသည့် သားရဲတစ်ကောင်ကဲ့သို့ ရမ်းကားနေသည်။
“ဘုန်း”
သူ၏ ဖြတ်လပ်မှုကုန်ဆုံးသွားသောအခါ မြေပေါ်သို့ ပြင်းထန်စွာကျသွား ရာ မြေကြီးမှာ တုန်ခါသွားလေသည်။
“ရတနာလေး” ဝပုသည် သူ၏ပီရှူးလဲကျသွားသည်ကို မြင်သောအခါ ရင်နာစွာဖြင့် အော်လေသည်။
“အာ…” ရှီမာယူယူသည် နာမည်ကို ကြားလိုက်ရချိန်တွင် ကြက်သီးပင် ထသွားသည်။
သူက ဒီလောက်တောင် ရွံစရာကောင်းတာလား။ သူက ချစ်စနိုးနဲ့ မွေးလာပြီးတော့ ဒီလိုရုပ်ဆိုးတဲ့မရဏာသားရဲကို ဒီလိုနာမည်ပေးတယ်ပေါ့။
“ငါ မင်းကိုသတ်မယ်” ဝပုသည် အသည်းကွဲကာ လူများဆွဲထားသည့် ကြားမှ ရှီမာယူယူဆီသို့ ပျံလေသည်။
“သတိထား ရှီအာ” စိတ်လှုပ်ရှားမှုကြောင့် ယွမ်ယွမ်သည် သူ၏သရုပ်မှန် နှင့် မိသားစုအကျိုးအမြတ်ကိုပါ မေ့သွားကာ ရှီမာယူယူ၏ရှေ့တွင်ရပ်ပြီး သူမ အတွက် ကာပေးရန်ပြင်လေသည်။
“ဘုန်း”
ရှည်လျားသောအနက်ရောင်အမြီးသည် အားလုံးရှေ့တွင်ပေါ်လာပြီး နောက်တစ်ဆင့်မြင်လိုက်ရသည်မှာ ဝပုသည် မြေပေါ်တွင် ကြေမွသွားသည်ကို ပင်ဖြစ်သည်။
“ဘုန်း”
မဟူရာသည် အမြီးကိုနောက်တစ်ချက် ခတ်လိုက်ပြီး ဝပုကို ဆက်တိုက် ရိုက်ပုတ်တော့သည်။
“ဟင်း မင်းကို အသားပြားဖြစ်အောင် ရိုက်မယ်လို့ ပြောထားမှတော့ မင်း အသားပြားဖြစ်ရမှာပေါ့ ငါ့ရှီအာကို လာဖမ်းရဲသေးတယ်ဟုတ်လား မင်းကို ဘယ်လိုသတ်မလဲကြည့်နေလိုက်”
ကြေညာပြီးနောက်တွင် သူ၏အမြီးသည် မရပ်မနားရိုက်ပုတ်ရာ ဝပုသည် ဤကဲ့သို့ပင် အရိုက်ခံရပြီးသေသွားလေသည်။
“သခင်တမန်တော်… မုရုန်ရှီ မင်း သခင်တမန်တော်ကို သတ်လိုက်တာပဲ” သုန်းချီလျန်၏ ဖခင်ဖြစ်သူသည် အတန်ကြာသည်အထိ သတိလွတ်နေ ပြီးနောက် ရှီမာယူယူကို လက်ညှိုးထိုးလေသည်။
ယွမ်ယွမ်သည်လည်း ထိတ်လန့်နေသည်။ မြေပေါ်မှ ဝပု၏ အလောင်း ကို အတန်ကြာကြည့်ပြီး ကြက်သေသေနေသည်။
သူတင်မဟုတ်ဘဲ သုန်းမျိုးနွယ်နှင့် နယ်စားအိမ်တော်မှ တပ်သားများ လည်း ဤအဖြစ်အပျက်ကို မျက်ဝါးထင်ထင်မြင်လိုက်ရခြင်းဖြစ်သည်။
မိုကျိတစ်ယောက်သာ ထိုအလောင်းကို ခံစားချက်မဲ့စွာကြည့်လိုက်သည်။
ဒီအတိုင်း တမန်တော်တစ်ယောက် သေတာပဲမလား။ ဘာတွေများ ကြီးကျယ်နေတာလဲ။ ယွိတိုင်းပြည်မှထွက်မသွားခင် ဒိကျဲ့သည် မင်းသားနှင့် တွေ့ပြီး လျှို့ဝှက်ပြောဆိုခဲ့သည့် အကြောင်းအရာများကို သူကြားခဲ့သည်။ တမန်တော်သည် ရှီမာယူယူ၏ ဆံတစ်မျှင်စာလောက်တောင် တန်ဖိုးမရှိပေ။
သူတို့ အလွန်ထိတ်လန့်သွားသည်ကို ရှီမာယူယူကြည့်ပြီး ပခုံးတွန့်ကာ ပြောလိုက်သည် “ဒီအတိုင်း တမန်တော်ပဲမလား အင်း… ငါ့အပေါ် မဟုတ်တဲ့ အကြံတွေထားဖို့ သူ့ကို ဘယ်သူပြောလို့လဲ… ငါ့အချစ်တော် သားရဲက သူ့ကို ဘယ်အလွှတ်ပေးတော့မလဲ ဒီကမ္ဘာကြီးမှာ ဘယ်သူမှ ငါ့ကိုရန်လာစလို့မရဘူး”
“ကောင်းလိုက်တဲ့စကားပဲ ဟင်း ‘ဘယ်သူမှ လာပြီးရန်စလို့မရဘူး’ အင်း နန်းတော်က ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ စောင့်နေလိုက်” သုန်းမျိုးနွယ်များ သည် ကိစ္ဏများ သူတို့မှန်းထားသလို ဖြစ်မလာသည်ကို မြင်သောအခါ ရှီမာယူယူ၏ အသက်ကိုဂရုမစိုက်နိုင်တော့ဘဲ သုန်းမျိုးနွယ်ကိုခေါ်ကာ အမြန် ပင်ပြန်ပြေးတော့သည်။
တခြားသူများ အားလုံးပြေးသွားကြမှပင် နယ်စားအိမ်တော်မှ တပ်သား များသည် သတိပြန်ဝင်လာကြပြီး ရှီမာယူယူအား ရှုပ်ထွေးသောခံစားချက်များ ဖြင့် ကြည့်လေသည်။ တချို့မှာလေးစားကြပြီး တချို့မှာ ကြောက်ရွံ့မှုများပါ သလို စိုးရိမ်မှုလည်း အနည်းငယ်ပါကြသည်။
“သခင်မလေး ဒီလူရဲ့ အလောင်းကို ဘယ်လိုလုပ်ကြမလဲ”
ရှီမာယူယူသည် ရှုပ်ပွနေသော အသားနှင့် သွေးများကို ကြည့်လိုက်သည်။ သူ ပထမဆုံးအကြိမ် အရိုက်ခံရစဉ်က လူတစ်ယောက်၏ ပုံသဏ္ဍာန်ပေါ်နေ ခြင်းကြောင့်သာမဟုတ်လျှင် လူတစ်ယောက်ဆိုသည်ကို ပြောနိုင်တော့မည် မဟုတ်ပေ။
သူမသည် အလိုလိုပင် မီးတောက်ထုတ်ပြီး အလောင်းကိုရှို့ရန် ဟန်ပြင် လိုက်သည်။ သို့သော် ယခုအချိန်တွင် မီးတောက်သုံးမရသည်ကို နောက်မှ သတိဝင်သွားသည်။
သူမသည် ရှက်ကိုးရှက်ကန်းဖြင့် လက်ကိုပြန်ရုတ်ပြီး တပ်သား ခေါင်းဆောင်ကို ပြောလိုက်သည် “ဒီအတိုင်းသင်္ဂြိုလ်လိုက်ပါ တစ်လက်စတည်း လမ်းပေါ်က သွေးတွေကိုပါ ရှင်းလိုက်”
“ဟုတ်ကဲ့ပါ သခင်မလေး”
သူမ လှည့်ကြည့်လိုက်ရာ လစ်ဟာနေသော တံခါးဝကိုမြင်လေသည် “အဟမ်း… ပြီးတော့ တံခါးကိုလဲလိုက်ပါဦး နယ်စားအိမ်တော်က တံခါးက လည်း အမြဲတမ်း ဖျက်ဆီးခံနေရတာပဲ ပြောရတာတောင်ရှက်တယ်”
“ဟုတ်ကဲ့ပါ”
တံခါးသည် အမြဲတစေ အနိုင်ကျင့်ခံရသူဖြစ်နေတော့သည်။ ဂိတ်တံခါး စောင့်များလည်း မသက်မသာခံစားရလေသည်။
“ပြီးတော့ ဒီကိစ္စကို အဖေ့ကိုလူလွှတ်ပြီး သတင်းပေးလိုက်ဦး အဲဒါမှ သူ စိတ်ပြင်ဆင်ထားလို့ရမှာ… မင်းသားက အပြစ်တင်လာရင် ကိုင်တွယ်လို့ရတာ ပေါ့ မြို့ထဲကသတင်းတွေကိုတော့ ဂရုစိုက်ဖို့မလိုဘူး ဒါပေမဲ့ မင်းသားရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်… ပြီးတော့ ဒီဝပုရဲ့ ဇာစ်မြစ်ကို စုံစမ်းလိုက်ဦး သူ့မှာ ပီးရှူးကိုတောင် စာချုပ်သားရဲအဖြစ်ထားနိုင် ရင် သရုပ်မှန်ကလည်း အရမ်းမဆိုးလောက်ဘူး စုံစမ်းဖို့ပိုလွယ်လိမ့်မယ်”
“ဟုတ်ကဲ့ပါ သခင်မလေး”
တပ်သားများသည် အမိန့်များလက်ခံပြီးနောက် မကြာမီတွင် နယ်စား အိမ်တော်တစ်ခုလုံး ဆက်လက်လုပ်ဆောင်ကြသည်။
သူမ ချက်ကျလက်ကျ အမိန့်များပေးနေသည်ကို ယွမ်ယွမ်နှင့် မိုကျိတို့ ကြည့်နေသည်။ သူတို့က ဘယ်လိုလုပ် ဒီလို ပွဲကြီးပွဲကောင်းကြည့်လိုက်ရတာ လဲ။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းက တမန်တော်ကိုသတ်လိုက်တာလေ အဲဒါကို တည်ငြိမ်နိုင်သေးတာလား” ယွမ်ယွမ် သက်ပြင်းချလိုက်သည်။
ရှီမာယူယူသည် သူ့ကိုကြည့်ပြီး သူတို့နှစ်ယောက်ကို ပြောလိုက်သည် “အဲဒါကို ချီးကျူးတယ်လို့ပဲ သဘောထားလိုက်ပါမယ် ဒီနေ့ကိစ္စအတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ နယ်စားအိမ်တော်မှာ လုပ်စရာတွေများတာ ရှင်တို့ လည်းမြင်တာပဲ… အဲဒါကြောင့် ရှင်တို့ကို ဧည့်မခံနိုင်တော့ဘူး… နောက်တစ် ခေါက် ကျေးဇူးတင်ပါတယ်”
“တကယ်တော့ သူ့အကြောင်း စုံစမ်းဖို့ လူလွှတ်ဖို့မလိုပါဘူး ငါတို့ သူ့ အကြောင်း အကုန်သိတယ်”
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “ဒါဆိုလည်း ဟုတ်ပြီလေ ကျွန်မနဲ့လိုက်ခဲ့ပါ”
ထင်စန်းနှင့်ထင်ရွှေတို့ အတူဝင်သွားပြီး သူတို့စကားပြောနေချိန်တွင် လက်ဖက်ရည်နှင့် ရေကိုချပေးလေသည်။
ထိုနှစ်ယောက်သည် သည်တစ်ကြိမ်တွင် ရှေ့သို့ထွက်ခဲ့သည်မှာ လူကောင်းများဖြစ်သည်ဟု ညွှန်ပြနေခြင်းဖြစ်သည်။
“လက်ဖက်ရည်နှပ်ဖို့က အချိန်လိုဦးမယ် အဲဒီဝပုအကြောင်းပြောကြတာ ပေါ့”
ယွမ်ယွမ်သည် သူမ၏ တင့်တယ်ပြီး သိမ့်မွေ့သော လက်ဖက်ရည်နှပ်ဟန် ကို မျောနေရာမှ သူမ စကားပြောလိုက်မှပင် သတိပြန်ဝင်လာလေသည်။
“အိုး သခင်တမန်တော်က ကြင်ယာတော်မင်းသမီးရဲ့ မောင်အရင်းလေ မင်းသားရဲ့ယောက်ဖပေါ့… ကြင်ယာတော်မင်းသမီးက သူ့မောင်ကို အချစ်ဆုံး လို့ပြောကြတယ်… အခု မင်းက သူ့ကိုသတ်လိုက်ပြီဆိုတော့ ကြင်ယာတော် မင်းသမီးက မင်းကိုအလွတ်ပေးမှာမဟုတ်တော့ဘူး” ယွမ်ယွမ်သည် အနည်း ငယ်စိုးရိမ်မိသည်။ သူမကိုကြည့်ရင်းနှင့် “ကြင်ယာတော်မင်းသမီးက အရမ်း စိတ်ဓာတ်မာတယ် မင်းသားက တစ်ခါတလေအလျော့ပေးရတယ်”
“ကြင်ယာတော်မင်းသမီးမှာ သားရှိလား”
“ရှိတယ် မင်းသား ၁ နဲ့ မင်းသား ၇ တို့ကို သူမ မွေးထားတာပဲ”
“ဒါဆိုရင်တော့ နည်းနည်းလက်ပေါက်ကပ်နေပြီ” ဒီကိစ္စကို အခက်တွေ့ မယ်လို့တော့ ထင်ထားပြီးသားပါ။ ဒါပေမဲ့ အခုတော့ နည်းနည်း ခက်တာ မဟုတ်တော့ဘူး။ တော်တော်ခက်နေတာပဲ။
“သာမာန်လူသာဆိုရင် မိသားစုကို ဝင်ပြီးဖျန်ဖြေခိုင်းလို့ရတယ် ဒါပေမဲ့ မင်းသားနဲ့ယွမ်မျိုးနွယ်တို့ကြားက ဆက်ဆံရေးကလည်း အဲလောက်မကောင်း ဘူး ကြည့်ရတာ မိသားစုကဝင်ပြီး စေ့စပ်ဖို့ကလည်း ခက်မယ်ထင်တယ်”
“ရပါတယ် ရှင် စိတ်ထဲမှာရှိပေးတာကိုပဲ ကျေးဇူးတင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “တကယ်တော့ ကျွန်မအဆင်ပြေပါတယ် အဖေ့ကိုပဲ ဆွဲသွင်း မိမှာစိုးတာ မဟုတ်ရင် ကျွန်မတစ်ယောက်တည်းသာဆိုရင် လောကကြီးက ဒီလောက်ကျယ်တာ သွားစရာနေရာအများကြီးပဲ”
မိုကျိသည် သူတို့နှစ်ယောက် စိတ်ပါလက်ပါ ဆွေးနွေးနေသည်ကို ကြည့် နေသည်။ သူက ဒီမှာကိုယ်ပျောက်လူသားလား။
ထိုအချိန်တွင် အစောင့်တစ်ယောက်သည် အပြင်မှဝင်လာသည်။ အလော ကြီးသော ခြေလှမ်းများသည် အရေးကြီးသော တစ်စုံတစ်ရာဖြစ်နေသည်ကို ပြသနေသည်။
***