လျှို့ဝှက်ဆန်းကြယ်သောငရဲပန်း
Vol. 129 Ch. 1806
ရှီမာယူယူသည် ပြေးလာသောအစောင့်ကိုကြည့်ပြီး မေးလိုက်သည် “ဘာကိစ္စလဲ”
“သခင်မလေး လူတစ်ယောက်က ဒါပို့လိုက်လို့ပါ” အစောင့်သည် သေတ္တာတစ်လုံးထုတ်ပြီး ရှီမာယူယူကို ပေးလိုက်သည်။
“ငါ့အတွက်လား” ရှီမာယူယူသည် သေတ္တာကိုယူရင်းနှင့် အရင်တစ်ခါ မိုကျိဆီမှ လျှို့ဝှက်ဆန်းကြယ်သောသေတ္တာရခဲ့သည်ကို ပြန်အမှတ်ရသွားကာ သူ့ကို အလိုလိုကြည့်မိလိုက်သည်။
“ဟုတ်ပါတယ် ဒီသေတ္တာကို သခင်မလေးကိုယ်တိုင်ဖွင့်ပါလို့ ပြောသွားပါ တယ်” အစောင့် ပြောလေသည် “သခင်မလေးဖွင့်လိုက်ရင် အထဲမှာဘာရှိလဲဆို တာ သိရမှာပါတဲ့”
ရှီမာယူယူ၏ သိချင်စိတ်မှာတိုးလာသည်။ သူမ ဒီလိုလူကိုသိလို့လား။ လက်ထဲမှ သေတ္တာသည် အနည်းငယ်ပူလာသည်။
မိုကျိသည် သူမ၏ သံသယကိုမြင်သောအခါ ပြောလိုက်သည် “မင်း သိမလားလို့ ဒါကိုဖွင့်ကြည့်လိုက်လေ”
“အင်း” ရှီမာယူယူ ခေါင်းညိတ်ပြီး အသက်ကိုပြင်းပြင်းရှုကာ သေတ္တာကို ဖွင့်လိုက်သည်။
သေတ္တာသည် အပြင်ပန်းတွင် လက်ဖဝါးအရွယ်အစားရှိပြီး သာမာန်မျှ သာဖြစ်သော်လည်း ဖွင့်လိုက်သောအခါ အထဲမှာတစ်စုံတစ်ရာကိုခံစားမိလေ သည်။
“အိတ်ဆောင်စကြာဝဠာသေတ္တာပဲ” မိုကျိသည် တစ်ချက်တည်း ကြည့်ရုံ နှင့် သေတ္တာ၏ ဇာစ်မြစ်ကိုသိပြီး မျက်မှောင်ကြုတ်လေသည်။
“အထဲမှာ ဘာရှိလဲ”
ရှီမာယူယူသည် သေတ္တာကိုကြည့်ပြီး ခေါင်းခါကာ သေတ္တာကို လှည့်ပြ လိုက်သည်။
“ဘာမှမရှိဘူးလား” ယွမ်ယွမ်သည် ရှုပ်ထွေးနေသော မိုကျိကိုကြည့်လိုက် သည်။
“အဲလူက မင်းကို ဘာလို့ဘာမှမပါတဲ့ သေတ္တာပို့လိုက်တာလဲ” မိုကျိသည် သေတ္တာကိုယူပြီး အနီးကပ်ကြည့်သည်။ အထဲတွင် ဘာမှရှာမတွေ့ သောကြောင့် ရှီမာယူယူကို ပြန်ပေးလိုက်သည်။
ရှီမာယူယူ သေတ္တာကိုယူလိုက်ချိန်တွင် ရုတ်တရက် သေတ္တာအဖုံးပေါ်မှ ပန်းပွင့်ပုံကိုမြင်လိုက်ရာ မှင်တက်သွားသည်။
“ဒီပုံက…”
ယွမ်ယွမ်နှင့် မိုကျိတို့သည် သူမကို ထိုပုံစံအတိုင်းမြင်သောအခါ သေတ္တာ အဖုံးပေါ်မှ ပန်းပွင့်ပုံကို ပြန်ကြည့်လေသည်။
“ဒီပန်းပုံက ဘာဖြစ်နေလို့လဲ အရင်ကမြင်ဖူးလို့လား”
ရှီမာယူယူသည် သေတ္တာပေါ်မှ ပန်းပုံကိုထိကြည့်လိုက်သည်။ ဆွဲဆောင် မှုရှိလွန်းတဲ့ပန်းပဲ။ ထိုပန်းသည် မိုရှားကြိုက်တတ်သည့် မန္တလာပန်းနှင့်မတူဘဲ ပို၍ဆွဲဆောင်မှုရှိသည်ဟု ခံစားရသည်။
“ဒီပန်းကိုကြည့်ပြီး စိတ်ထဲမှာပုံရိပ်တစ်ခုပေါ်လာတယ် ကျွန်မ ပန်းခင်း ကြီးထဲမှာ ရပ်နေသလိုပဲ ကျွန်မ ဒီပန်းကိုမြင်ဖူးသလိုပဲ” သူ ပြောလိုက်သည် “ဒါပေမဲ့ သေချာတာတစ်ခုကတော့ ဒီပန်းကိုအရင်ကမြင်ဖူးဘူး ဒါဘာလဲဆိုတာ ရှင်တို့သိကြလား”
“မင်း ဒီပန်းကိုမှတ်မိတာ သေချာလား” မိုကျိ မေးလိုက်သည်။
“သေချာတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါဘာလဲသိလား”
“ဒါက ဒဏ္ဍာရီငရဲပန်းပဲ” မိုကျိ ပြောလိုက်သည် “ဒါက ဒဏ္ဍာရီပန်းလို့ပဲ ပြောနိုင်မယ် ဘာလို့လဲဆိုတော့ လူတွေက ဒီပန်းပုံစံကိုပဲမြင်ဖူးကြတာ တကယ့် ပန်းအစစ်ကို မမြင်ဖူးကြဘူး”
“ငရဲပန်းဟုတ်လား ဒါက မန္တလာပန်းမဟုတ်ဘူးလား”
“မန္တလာပန်းက ဒီအတိုင်းပဲ ငရဲရဲ့သင်္ကေတပန်းပဲ တကယ့်ငရဲပန်းမဟုတ် ဘူး ပြီးတော့ ဒီပန်းက ငရဲရဲ့ဟိုးအနက်ထဲမှာပဲ ရှိတယ်လို့ ပြောကြတယ် ဒါက တကယ့် ငရဲပန်းပဲ… ဒီပန်းကိုမြင်ဖူးတဲ့လူတွေက မရှိတော့ဘူးလို့ ပြောကြ တယ် ဒါပေမဲ့ အဲဒါလည်းအမှန်ပဲ… ဒါက ဒဏ္ဍာရီသက်သက်ပဲ ဘယ်သူမှ မမြင် ဖူးကြဘူး” မိုကျိ ပြောလိုက်သည်။
“အဲလိုဆိုရင် ရှီအာက ဘယ်လိုတွေ့ဖူးတာလဲ” ယွမ်ယွမ် မေးလိုက်သည်။
ရှီမာယူယူ ကိုယ်တိုင်လည်း နားမလည်နိုင်ပေ။ သူမသည် နဖူးကိုပွတ်ပြီး ပြောလိုက်သည် “အရင် ကျွန်မနိုးလာတုန်းက ထင်ယောင်ထင်မှားဖြစ်ခဲ့တာနဲ့ တူတယ်…. ဘယ်ရောက်နေတယ် ဘာလုပ်တယ်ဆိုတာကို ကျွန်မမသိဘူး”
“ငါကြည့်ကြည့်မယ်” မိုကျိသည် ရှီမာယူယူကို ကြည့်လေသည်။
ရှီမာယူယူသည် ခေတ္တမျှတွေဝေသွားပြီးနောက် လက်ကိုဆန့်ထုတ်လိုက် သည်။
မိုကျိသည် သူမလက်ကိုဆုပ်ကိုင်ပြီး ခန္ဓာကိုယ်ထဲသို့ သူ၏ အံ့ဖွယ်အာရုံ ကို တဖြည်းဖြည်းထည့်ပေးလိုက်သည်။ ခဏအကြာတွင် သူပြန်ဆုတ်ပြီး ပြော လေသည် “မင်း ရောသွားတာမဟုတ်ဘူး ဒါပေမဲ့ အဲဒီမှတ်ဉာဏ်က ချိပ်ပိတ်ခံ ထားရတာပဲ”
“ချိပ်စည်းပိတ်ခံထားရတယ်ဟုတ်လား” ရှီမာယူယူသည် မိုကျိကို တအံ့ တဩကြည့်လေသည် “ရှင် သေချာရဲ့လား”
“အင်း” မိုကျိ ခေါင်းညိတ်သည် “ဒါပေမဲ့ အဲဒီချိပ်စည်းက မသန်မာဘူး အဲဒါကြောင့် တစ်ခါတလေဆို အပိုင်းအစတွေကိုတွေးမိလိမ့်မယ်… ပြီးရင် ငရဲ ပန်းနဲ့ တစ်ခုခုတော့ပတ်သက်လိမ့်မယ်”
“ကျွန်မ ပန်းကိုမြင်လိုက်လို့ တစ်ယောက်ယောက်ကများ ပိတ်လိုက်တာ လား” ရှီမာယူယူ ပြောလိုက်သည် “အဲလိုဆိုရင် ပြန်သတိရအောင်လို့ သူက ဘာလို့ ဒီသေတ္တာကိုပို့လိုက်သေးလဲ”
“ဒါက… မင်းပဲ သိလောက်မှာ”
ရှီမာယူယူ သက်ပြင်းချလိုက်သည် “ကျွန်မသိတယ်ဆိုရင် ဘာလို့မေးနေ ဦးမှာလဲ… ဒီအချိန်ကျမှ ဒီဟာကိုပို့တာ ဘာအဓိပ္ပာယ်ဖြစ်မလဲ”
“အရင်က ငရဲပန်းနဲ့ပတ်သက်တာတွေ မြင်ဖူးသလိုပဲ” ယွမ်ယွမ် ပြော လိုက်သည် “ငါ သူတို့နဲ့ရှိတာကို မှတ်မိသေးတယ်”
သူ ပြောပြောဆိုဆိုနှင့် စာအုပ်အထပ်လိုက်ထုတ်လိုက်ရာ စာအုပ်မှာ ရာဂဏန်းပင်ရှိလောက်သည်။
“ဒီစာအုပ်တွေထဲမှာရှိတာတော့ မှတ်မိတယ် ရှာကြည့်ကြတာပေါ့” ယွမ်ယွမ်သည် သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
“ဒီလောက် စာအုပ်အများကြီးကိုရှာရမှာလား” ရှီမာယူယူသည် နှုတ်ခမ်း တွန့်လိုက်သည် “ရှင် ပြန်စဉ်းစားပါဦးလား ဘယ်စာအုပ်ထဲမှာမြင်မိတာလဲ”
မိုကျိသည် စာအုပ်အပုံလိုက်ကိုကြည့်ပြီး အလယ်မှတစ်အုပ်ကိုဆွဲထုတ် ကာ ယွမ်ယွမ်အား ပစ်ပေးလိုက်သည်။
“ဒီတစ်ခုထင်တယ်” ယွမ်ယွမ်သည် စာအုပ်ဖွင့်ကြည့်ရာ စာမျက်နှာကို တွေ့သည်နှင့် ရှီမာယူယူဆီသို့ ကမ်းပေးလိုက်သည်။
ရှီမာယူယူသည် အရှေ့ပိုင်းကိုလှန်လှောကြည့်ရာ ဒဏ္ဍာရီများကို မှတ်တမ်းတင်ထားသည့် စာအုပ်ဖြစ်သည်ကို တွေ့လိုက်ရသည်။ ယွမ်ယွမ် သူမ ကိုပေးသော စာရွက်မှာ စာလုံးအနည်းငယ်သာရှိပြီး အောက်နားတွင် ငရဲပန်းပုံ ရှိလေသည်။
“ဒီလိုပန်းက ငရဲအနက်ပိုင်းမှာ ပွင့်တယ်လို့ပြောထားတယ် မရဏာ နတ်ဘုရားကို ကိုယ်စားပြုတယ်တဲ့… တကယ့်ပန်းကို ဘယ်သူမှမမြင်ဖူးကြဘူး ဒါပေမဲ့ ရှိတာတော့ရှိတယ် ကမ္ဘာမြေကြီးရဲ့ နတ်ဘုရားက ဒဏ္ဍာရီတော့မဟုတ် ဘူး တကယ်ရှိတယ်”
“ဒီစာကြောင်းသေးသေးလေးပဲရှိတယ် အသေးစိတ်ပြောမထားဘူး” ရှီမာယူယူသည် ဖတ်ပြီးနောက် ယွမ်ယွမ်ကိုပေးလိုက်သည်။ “စာအုပ်ထဲက စာကြောင်းအရဆိုရင် ကျွန်မက မရဏာလောကကို မြင်တောင်မမြင်ဖူးဘူးလေ ပြောရင် တစ္ဆေလောကမှာ အဲလိုမျိုးမရဏာလောကကရှိရဲ့လား”
“နတ်ဘုရားတွေရဲ့ ဇာတ်ကြောင်းက အရမ်းကို ဒဏ္ဍာရီဆန်တယ် ဒါပေမဲ့ ဒီနောက်ကွယ်မှာ ငါတို့မသိတဲ့ လူတစ်ယောက်… ဒါမှမဟုတ် မျိုးနွယ်စုတစ်ခုခု ရှိနိုင်တယ်” မိုကျိ ပြောလိုက်သည်။
“မင်းလိုမျိုး အခြေခိုင်တဲ့မိုမျိုးနွယ်ဝင်တောင် မသိဘူးလား” ယွမ်ယွမ် မေးလိုက်သည်။
မိုကျိ ခေါင်းခါသည်။ သူသည် စာအုပ်ထဲတွင်သာ မြင်ဖူးသည်။
“ကျို့မရဏာတောင်မှာများ တစ်ခုရှိမလား” ရှီမာယူယူမေးလိုက်သည်။
“ကျို့မရဏာအံ့ဖွယ်မျိုးနွယ်လား မဟုတ်ဘူး သူတို့မဖြစ်နိုင်ဘူး သူတို့က ကြာပန်းနက်နဲ့ပေါ်လာတာ ငရဲပန်းမဟုတ်ဘူး” မိုကျိ ပြောလေသည် “ပြောရမယ်ဆိုရင် ကြာပန်းနက်က တစ္ဆေလောကရဲ့ ကောင်းကင်ဘုံကို ကိုယ်စားပြုပြီး ငရဲပန်းက တကယ့်ငရဲကိုကိုယ်စားပြုတယ်”
“ဒါက ဒဏ္ဍာရီမဟုတ်ဘူးလား ကျို့မရဏာမျိုးနွယ်ရှိတယ်ဆိုရင် ငရဲပန်း ကလည်းရှိမှာပဲမလား” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါကို အရင်က ဒဏ္ဍာရီထင်နေခဲ့တာ ဒါပေမဲ့ အခုက…” မိုကျိသည် မျက်ခုံးပင့်လိုက်သည်။ သူ့မျက်လုံးများသည် အိတ်ဆောင်စကြာဝဠာသေတ္တာ ပေါ်ရောက်သွားသည်။ ဆိုလိုသည်မှာ သေတ္တာကိုယ်တိုင်ကပင် သက်သေဖြစ် နေသည်။
“ကျို့မရဏာမျိုးနွယ်က အရမ်းကိုဒဏ္ဍာရီဆန်တယ်… ရှိပါတယ်လို့ ဘယ်လိုသေချာတာလဲ” ယွမ်ယွမ် မေးလိုက်သည်။
ဘယ်လိုသေချာလဲဧုတ်လား။ သူမက သူတို့မျိုးနွယ်ဝင်တစ်ယောက်ဖြစ် နေလို့လေ။
“ကျို့မရဏာမျိုးနွယ်ရှိတယ် ဒါပေမဲ့ နှစ်ပေါင်းဒီလောက်အကြာကြီး ပေါ် မလာလို့ လူသိနည်းတယ်” မိုကျိ ပြောလိုက်သည်။
“ဟေး ဒီအချိန်ကြီးမှာ ကျွန်မကို ပဟေဠိဆန်တဲ့သေတ္တာပို့လိုက်တာကိုက ထူးဆန်းနေပြီ” ရှီမာယူယူသည် သေတ္တာကိုထပ်ခါထပ်ခါကြည့်သော်လည်း ဘာမှမတွေ့သဖြင့် သေတ္တာကိုပိတ်ပြီး စားပွဲပေါ်တင်လိုက်သည်။
မိုကျိသည် သူမ နားမလည်နိုင်ဖြစ်နေသည်ကိုကြည့်ပြီး ပြောလိုက်သည် “မင်း ဘာလို့မစဉ်းစားကြည့်တာလဲ မင်း သေတ္တာကိုကြည့်ရင် နားလည်မှာပါလို့ တစ်ဖက်လူကပြောထားတာ တကယ်ပဲ တစ်ခုခုရှိတာဖြစ်နိုင်တယ်”
***