အခန်း ၁၇၆၄
Vol. 119 Ch. 1764
အပိုင်း (၁၇၆၄)
ကျယ်ပြောလွန်းလှသော စကြဝဠာကောင်းကင်ကြီးထဲမှာ ကုန်းစွန်းရော့လီ သည် အမြန်ဆုံးနှုန်းနှင့် ပျံသန်းလျက် ရှိ၏။ သူမ၏ မျက်နှာတစ်ခုလုံးသည် တဖြည်းဖြည်းနှင့် ပိုမိုကာ ဖြူလျော်လာခဲ့၏။ ကြည့်ရသည်မှာ အခြေအနေမကောင်းလှချေ။ သူမ၏ နောက်တွင်တော့ ကျွမ်းကျင်သူတစ်စုက လိုက်ပါလာခဲ့၏။ တွက်ချက်မှုသာ မမှားဘူးဆိုလျှင် ရှေ့၌ရှိသော ဘာမှန်းမသိသည့် ဂြိုလ်ကြီးတစ်ခုထဲသို့ မရောက်ခင်မှာပဲ ကျိန်းသေပေါက် ဖမ်းမိသွားမှာ သေချာ၏။
ထူးဆန်းလှချေ၏။ နောက်တွင် ရှိနေသော လူများသည် သုံးဆယ်မှ ငါးဆယ်နီးပါခန့်တွင်ရှိသည်။ အရှေ့ဆုံးမှာ ရှိနေသော နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့် ခြေတစ်လှမ်းလှမ်းပြီးသော ကျွမ်းကျင်သူ လေးယောက်မှလွဲလျှင် တခြားသောသူများအားလုံးသည့် အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်၌ တည်ရှိသည့် လူများပင်။
ယုတ္တိဗေဒအရပြောရမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နယ်မြေကို ထိတွေ့ခွင့်မရှိသေးသည့် သူများအားလုံးသည် အထက်စကြဝဠာနယ်မြေထဲတွင် မည်ကဲ့သို့သော နည်းလမ်းကိုအသုံးပြု၍ လှည့်ပတ် ပျံသန်းနေရသနည်း။
“ချီးတဲ့မှ” တစ်ဖက်လူများသည် တဖြည်းဖြည်းနှင့် နီးကပ်လာခဲ့ပြီး သူမ၏ အမြန်နှုန်းကတော့ တဖြည်းဖြည်း လျော့ကျလာသည်ကို သိရှိနားလည်လိုက်သည့်အချိန်မှာတော့ ကုန်းစွန်းရော့လီ ၏ မျက်လုံးထဲတွင် ဒေါသတရား များ ပြည့်နှက်လာခဲ့သည်။
အထက်နယ်မြေမှ ထွက်ခွာပြီးသည့် နောက်သူမသည် သူမအားသစ္စာဖောက်ခဲ့သည့် ယောကျာ်းတစ်ယောက်အား ရှာဖွေရန်အတွက် အထက်စကြဝဠာအနှံတွင် နှစ်ပေါင်းများစွာ လှည့်လည်၍ သွားလာခဲ့၏။ အဆုံးသတ်မှာတော့ ဘာမှန်းမသိသည့် ကျင့်ကြံသူများနှင့် ပြဿနာဖြစ်ပွားခဲ့ပြီး နှစ်ဝက်နီးပါးခန့် အနောက်မှ လိုက်ကာ တိုက်ခိုက်ခြင်း ကို ခံခဲ့ရ၏။
“ထားလိုက်တော့”
သူမအနေနှင့် မလွတ်မြောက်နိုင်ဘူးဆိုမှတော့ အတူတူသေဆုံးသွားရန် ကြိုးစားရပေလိမ့်မည်။ ကုန်းစွန်းရော့လီ ၏ မျက်လုံးထဲတွင် စိတ်ဆုံးဖြတ်ချက်ချပြီးသား အရိပ်အယောင်များ ပြည့်နှက်လာခဲ့၏။ သို့ပေမဲ့ သူမ၏ သားနှင့် ပြန်လည်ပေါင်းစုံခဲ့ပြီး သူမ၏ မြေးကို မမြင်ရသေးဘဲ ဤကဲ့သို့ သေဆုံး သွားရမည်ကို မလိုချင်သေးချေ။
“သေစမ်း”
ထိုအချိန်မှာတော့ ကြမ်းတမ်းလွန်းလှသည့် ပုံစံရှိသော ကျင့်ကြံသူသည် ၎င်း၏ သိုင်းကျင့်ကြံခြင်း နည်းစနစ်ကို အသုံးပြုကာဖြင့် တလက်လက်တောက်ပသော အလင်းတန်းများဖြင့် လှမ်းကာ ပစ်လွှတ်လိုက်၏။
ပြင်းပြင်းထန်ထန်ဒဏ်ရာ ရရှိထားသော ကုန်းစွန်းရော့လီ သည် ရှောင်လိုက်နိုင်သည်ဆိုသောလည်း သူမ၏ အမြန်နှုန်းမှာတော့ အနည်းငယ်လျော့ကျသွားခဲ့၏။ ထို့ကြောင့် နှစ်ဖွဲ့ကြား အကွာအဝေးသည် ပိုမိုကာ နီးကပ် လာခဲ့၏။ သူမသည် မလွတ်မြောက်နိုင်လောက်တော့ချေ။
ဖြစ်နိုင်သမျှ သူမ မသေဆုံးခင်တွင် သူမနှင့်အတူ လူများများကို သေရွာသို့ ခေါ်ဆောင်သွားမှသာ ဖြစ်ပေလိမ့်မည်။ ကုန်းစွန်းရော့လီ သည် အံကိုကြိတ်ကာဖြင့် ဆက်လက်ကာ ပျံသန်းလိုက်၏။ သူမ၏ စိတ်ထဲတွင် ရူးသွပ်လှသည့် အကြံအစည်းတစ်ခုက ဖြစ်တည်နေ၏။ ရှေ့၌ရှိသော ဘာမှန်းမသိသည့် ဂြိုလ်ကြီးထဲသို့ ဝင်ရောက်ပြီးသည့်နောက် သူမ၏ ဝိညာဉ်ကို ဖောက်ခွဲပစ်ပြီး သူမနှင့်အတူ လိုက်ပါလာခဲ့သည့်လူများ အားလုံးကို သတ်ဖြတ်ပစ်ရန် အကြံအစည်ပင်။
ဝှစ်..
သူမ၏ ဒန်ထျန်ထဲ တွင်ရှိနေသော ကျောက်ရုပ်ထုမျိုးနွယ် ကလန်မှ လက်ကျန်စွမ်းအင်များ အားလုံးသည် လှုပ်ရှား အသက်ဝင်လာခဲ့ပြီးသည့်နောက် ကုန်းစွန်းရော့လီ သည် အချိန်အတိုင်းတာအတောအတွင်း လျင်မြန်သည့် အရှိန်နှုန်းကို ထုတ်ဖော်ကာ ပြေးလွှားသွားခဲ့၏။
အနောက်မှ လိုက်ပါလာသည့် ကျင့်ကြံသူများသည် သူမ၏ အရှိန်မြင့်တက်သွားသည်ကို သိရှိပြီးသည့်နောက် စွမ်းအင်များကို ထည့်သွင်းကာဖြင့် ဆက်တိုက်လိုက်ပါ တိုက်ခိုက်ကြသည်။
ဝှစ်…ဝှစ်….
စကြဝဠာထဲတွင် အမြောက်ဆံကဲ့သို့ ဖြစ်တည်နေသည့် စွမ်းအင်လှိုင်းများသည် တဝှီဝှီနှင့် ထင်ပေါ်လျက် ရှိသည်။ ကုန်းစွန်းရော့လီ သည် သူမ၏ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသည့် ခန္ဓာကိုယ်နှင့် ကြိုးစားကာ ရှောင်တိမ်းလျက် ရှိ၏။
သို့ပေမဲ့ နောက်မှလိုက်ပါလာခဲ့သည့် စွမ်းအင်လုံးများကို မြင်ရသည့်အချိန်မှာတော့ စိတ်ကို ဆုံးဖြတ်ချက်ချပြီး ဝိညာဉ်တစ်ခုလုံးကို ဖောက်ခွဲပစ်ရန် စတင်ကာပြင်ဆင်တော့သည်။
ဝှစ်…
ထိုအချိန်မှာပဲ ရှေ့တွင်ရှိနေသော ဂြိုလ်ကြီးဆီမှ အလင်းတန်းတစ်ခုက ဖြစ်တည်လာခဲ့၏။ ထိုအလင်းတန်းသည် နေကဲ့သို့ပင် ပူလောင်လွန်းလှပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့် သတ်ဖြတ်လိုခြင်း အော်ရာများသည် အရှိန်တငြီးငြီး ထွက်ပေါ်နေ၏။
ကုန်းစွန်းရော့လီ သည် ပထမ ကြောင်အသွား၏။ တုံ့ပြန်မှုမပြုလုပ်ရသေးခင်မှာပဲ အားနည်းလျက် ရှိနေသည့် သူမအား အားအင်လှိုင်းတစ်ခုသည် ဖုံးလွှမ်းသွားခဲ့၏။ ပြီးနောက် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ရောက်ရှိလာခဲ့သည့် စွမ်းအင်လှိုင်းမျိုးစုံတို့ကို အောင်မြင်စွာဖြင့် ရှောင်တိမ်းစေသည်။
“ဟမ်”
အရှေ့ဆုံးမှ လိုက်ပါလာခဲ့သည့် ခေါင်းဆောင်သည် ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ချက်ချင်းပဲ အော်ဟစ်လိုက်၏။ “သတ်ကြစမ်း”
ဝှစ်….ဝှစ်…..
ချက်ချင်းပဲ အလင်းတန်းဒါဇင်ကျော်တို့သည် ဥက္ကာခဲများကဲ့သို့ပင် တဝှီးဝှီးနှင့် ဂြိုလ်ကြီးဆီသို့ လှမ်းဝင်လိုက်ကြ၏။ သို့ပေမဲ့ အထဲသို့ရောက်ရှိသည့်အချိန်မှာတော့ ကောင်းကင်ယံထက်၌ ရွက်လွှင့် ထားသည့် ရွက်သင်္ဘောကြီး ဆယ့်တစ်စင်းကို မြင်လိုက်ရသည်။
အားလုံးသည် ဆွံ့အသွားခဲ့ကြ၏။ တူညီလှသည့် ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားခဲ့သည့် သိုင်းကျင့်ကြံသူ တစ်သိန်းတို့သည် ညီညီစီစီနှင့် မတ်မတ်ရပ်လျက် ရှိနေကြပြီး ၎င်းတို့သည် တစ်စုံတစ်ခုကို စောင့်မျှော်နေသည့်ပုံဟန်ပင်။ ဖြစ်နိုင်သည်မှာ သူတို့ရောက်ရှိလာ သည်ကို စောင့်မျှော်နေခြင်းပင်ဖြစ်မည်။
သေချာပေ၏။ ဤ ဘာမှန်းမသိသည့် ဂြိုလ်ကြီးတစ်ခုတွင် များပြားလှသည့် လူများ စုဝေးလျက်ရှိနေ၏။ ထို့ကြောင့် ရောက်ရှိလာသည့်လူများသည် ကြောင်အသွားခဲ့ကြ၏။
“တစ်စုံတစ်ခုကတော့မှားနေပြီ ငါ အပြင်ဘက်မှာတုန်းက ဘာလို့ ဒီလူတွေရဲ အော်ရာကို အာရုံမခံမိတာလဲ” ခေါင်းဆောင်သည် မျက်မှောက်ကုပ်မိသွား၏။ သူ၏ အားအင်အဆင့်အရဆိုရင် စိတ်ဝိညာဉ်စွမ်းရည်များကို ဖြန့်ကျက်ကာ ကြည့်ရှု့လိုက်သည် ဆိုသည်နှင့် အဝေးတစ်နေရာတွင်ရှိနေသော သိုင်းကျင့်ကြံသူတစ်ယောက်၏ အော်ရာကိုပင် အာရုံခံနိုင်စွမ်းရှိနေ၏။ ဤကဲ့သို့ လူပေါင်းများစွာတို့၏ ကိုယ်မှ ထွက်ပေါ်နေသည့် အော်ရာများကို အာရုံမခံနိုင်ခြင်းသည် ထူးဆန်းဖွယ်ရာပင်။
ယခု များပြားလှသည့် သိုင်းကျင့်ကြံသူများ အားလုံးကို မျက်စိနှင့် တည့်တည့်မြင်နေရသည်ဆိုလျှင်တောင်မှ သူသည် ၎င်းတို့ဆီမှ အော်ရာများကို မရရှိခဲ့ချေ။ ဤလူများအားလုံးသည် မည်သည့် ကျင့်ကြံခြင်းမှမရှိသည့် သာမန်လူများကဲ့သို့ပင်။
“ထူးဆန်းလိုက်တာ”
ဘုတ်..
ကျွင်းချောင်ရှောင်းသည် သူ၏အဖေကို ကျန်းချီစွမ်းအင်များဖြင့် ရစ်ပတ်ပြီးသည့်နောက် ထာဝရရွက်သင်္ဘောကြီး ဆီသို့ ပြန်လည်ကာ ခေါ်ဆောင်လာခဲ့၏။ သူသည် လေထဲတွင် ရပ်တန့်ပြီးနောက် ဆွံ့အလျက် ရှိနေသော သိုင်းကျင့်ကြံသူများကို ကျောပေးကာ အေးစက်စက်ပြောလိုက်၏။ “ဒီကို ရောက်လာပြီဆိုမှတော့ ပြန်ထွက်မသွားနဲ့တော့”
ဒွီ… ဒွီ…
ချက်ချင်းပဲ အတားအဆီးအစီအရင်များသည် အသက်ဝင်လာခဲ့၏။ ပြီးသည့်နောက် ဂြိုလ်ကြီးတစ်ခုလုံးအား လှောင်အိမ်ချိုင့်ကြီးတစ်ခုကဲ့သို့ပင် စည်းခတ်သွားခဲ့၏။
ဝှစ်…. ဝှစ်….ဝှစ်…
ပြိုင်စံရှားဂိုဏ်းမှ တပည့်တစ်သိန်းကျော်တို့သည် ငြိမ်ငြိမ်သက်သက်မနေခဲ့ကြချေ။ ၎င်းတို့၏ ဖုံးကွယ်ထားသော ကျင့်ကြံခြင်းအဆင့်များကို အလုံးစုံထုတ်ဖော်လာခဲ့၏ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးတွင် ကြမ်းရမ်းလွန်း လှသော လေလှိုင်းများ ဖြစ်တည်လာခဲ့သည်။
…….
ခေါင်းဆောင်၏ မျက်နှာသည် လေးနက်တည်ကြည်သွားခဲ့၏။ ဤဂိုဏ်းဝတ်စုံများကို ဝတ်ဆင်ထားသည့် သိုင်းကျင့်ကြံသူများသည် အနိမ့်ဆုံးအားဖြင့် အစစ်အမှန်ရှာဖွေခြင်းအဆင့်၌ တည်ရှိနေကြသည်။ အထူးသဖြင့် အရှေ့ဆုံးတွင် ရပ်နေကြသည့်သူများပင်။ အားလုံးသော သူတို့သည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့် အားအင်ကို ပိုင်ဆိုင်သည့်သူများဖြစ်လို့နေ၏။
အပြင်ဘက်ကို သွားသည့်အချိန်တွင် အစစ်အမှန်ရှာဖွေခြင်းအဆင့် သိုင်းကျင့်ကြံသူများကို တွေ့ဆုံရသည် ဆိုသည်မှာ သာမန်ပင်ဖြစ်သည်။ သို့ပေမဲ့ ဤကဲ့သို့ ဂြိုလ်ကြီးတစ်ခုထဲတွင် လူပေါင်းတစ်သိန်းကျော်လောက်ကို တွေ့ရခြင်းမှာ မယုံကြည်နိုင်ဖွယ်ရာပင်။ ဟုတ်ပေ၏။ ပိုမို၍ အရေးကြီးသည်မှာ ရွက်သင်္ဘောပေါ်တွင် မတ်မတ်ရပ်လျက် ရှိနေသည့် ခေါင်းဆောင်နှင့်တူသော လူငယ်ပင်ဖြစ်သည်။ ထိုသူသည် လက်ရှိ ရှိနေသမျှ လူအားလုံးထက် အားမနည်းလှချေ။
“ကောင်လေး”
ဦးဆောင်လာခဲ့သည့်လူသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “မင်းဘယ်သူလဲ”
ကျွင်းချောင်ရှောင်းက မဖြေချေ။ ထိုအစား ဖြူလျော်နေသည့်မျက်နှာဖြင့် ကုန်းစွန်းရော့လီ ကို ကြည့်ကာ မေးလိုက်၏။ “အဖေ.. သူတို့က အဖေ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တာလား”
“…….”
ခေါင်းဆောင်သည် နားလည်သွားခဲ့၏။ ဤ နှစ်ယောက်သည် အဖေနှင့် သားပဲ ဖြစ်၏။ သူ၏ ခန္ဓာကိုယ်တွင် ချိတ်ဆွဲထားသော မိုးကောင်ကင်နတ်ဆိုးအင်ပါယာ၏ ကျောက်စိမ်းပြားကို လစ်လျူရှု့ပြီး သူတို့၏ လက်မှ တစ်စုံတစ်ယောက်ကို ပေါ်ပေါ်ထင်ထင်ဖြင့် ကယ်တင်ရဲခြင်းမှာ အံအားသင့်စရာမရှိတော့ချေ။
မဟုတ်သေးဘူး။ ဒါက မိန်းမတစ်ယောက်လေ။ အမေလို့ခေါ်ရမှာ မဟုတ်လား။ ဘာလို့အဖေလို့ခေါ်ရတာလဲ။
“ငါ့သားလား”
ကုန်းစွန်းရော့လီ သည် ကြောင်အသွား၏။ သူမအနေနှင့် နောက်ကလိုက်သည့် လူများအားလုံးကို ဖောက်ခွဲပစ်ရန် စီစဉ်ထားခဲ့သည်ဆိုသော်လည်း အမှတ်မထင် သူမ၏သားက သူမကိုကယ်တင်ခဲ့၏။ ဤအရာသည် စိတ်ကူးပင် မယဉ်ခဲ့ဖူးသော ကိစ္စပင်ဖြစ်၏။
“နေဦး ဒီအော်ရာတွေ”
ကုန်းစွန်းရော့လီ သည် ကြောင်အသွားခဲ့သည်။ “နတ်ဘုရားလျှို့ဝှက်နယ်မြေ ခြေတစ်လှမ်း အဆင့်လား”
အထက်နယ်မြေမှ မထွက်ခွာခင်က သူမ၏ သားသည် အစစ်အမှန်ရှာဖွေခြင်းအဆင့်၌ တည်ရှိသည် ဖြစ်ကြောင်းကို ရှင်းရှင်လင်းလင်းမှတ်မိ၏။ အဘယ့်ကြောင့် ရုတ်တရက် နှစ်အနည်းငယ်အတွင်း ဤမျှကဲ့သို့ အားကောင်းလာခဲ့ရသနည်း။
“ဟုတ်တယ်။”
သူမသား အဘယ်ကြောင့် ဤနေရာသို့ ရောက်နေသည်ဆိုသည့်အကြောင်းကို ကုန်းစွန်းရော့လီ သည် ဆက်လက်ကာမစဉ်းစားတော့ချေ။ ထိုအစား အနောက်မှ လိုက်ပါလျက်ရှိနေသည့် သိုင်းကျင့်ကြံသူများကို လှည့်ကြည့်ကာ ဒေါသတကြီးပြောလိုက်၏။ “ဒီကောင်တွေ ဒဏ်ရာရအောင်လုပ်ခဲ့တာပဲ”
“စွန်းပုကုံး”
“ရှိပါတယ်”
“ငါ့အဖေကို ခေါ်ပြီး ဆေးဟောခန်းမဆောင်ဆီ ခေါ်သွားတော့”
“ကောင်းပါပြီ”
စီစဉ်စရာရှိသည်ကို ပြုလုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အင်မော်တယ်ဓားကို ထုတ်ယူကာဖြင့် အေးစက်စက်ပြောလိုက်သည်။ “အားလုံးသေရမယ်”
“မောက်မာလိုက်တာ” ခေါင်းဆောင်သည် အေးစက်စက် အော်ဟစ်လိုက်၏။ သူသည်ချက်ချင်းပဲ နတ်ဆိုးချီများနှင့် တူညီလျက်ရှိနေသည့် အရာမျိုးကို ထုတ်ဖော်ကာဖြင့် ထာဝရရွက်သင်္ဘောကြီးဆီသို့ တိုက်ခိုက်လိုက်၏။
ဝှစ်… ဝှစ်…
တစ်ချိန်တည်းမှာပဲ တခြားသော နတ်ဘုရားလျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်းဝင်ပြီးသာ သိုင်းကျင့်ကြံသူ သုံးယောက်တို့သည်လည်း လှမ်းတက်လာခဲ့ကြ၏။ သူတို့သည် ကျွင်းချောင်ရှောင်းကို မကြောက်ရွံ့ကြသလို ပြိုင်စံရှားဂိုဏ်း၏ တပည့်များကိုလည်း မကြောက်ရွံ့ကြချေ။ ကုန်းစွန်းရော့လီ ၏ အသက်ကို ယူဆောင်ရန် ဆိုသည်မှာ သူတို့၏ ခေါင်းဆောင်ပေးခဲ့သည့် တာဝန် ဖြစ်သောကြောင့်ပင်။
“ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့”
ဝှစ်… ဝှစ်…
ရုတ်တရက် ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ယံတစ်ခုလုံးကို ထိုးဖောက်သွားခဲ့၏။ ထိုအရာသည် သူတို့ဆီမှ ထုတ်ဖော်လိုက်သည့် စွမ်းအင်လှိုင်းများကို ချိုးဖျက်ရုံသာမက တည်နေရာတစ်ခုလုံးကိုပင် ထိုးခွဲသွား၏။
ဖောက်
တခြားသော နတ်ဘုရားလျှို့ဝှက်နယ်မြေ ခြေလှမ်းဝက်အဆင့် သိုင်းကျင့်ကြံသူ သုံးယောက်တို့သည် ရပ်တန့်သွားခဲ့သည်။
အားလုံးသော သူတို့သည် ခေါင်းလှည့်ကာ ကြည့်ရှု့လိုက်သည့်အချိန်မှာတော့ သူတို့၏ခေါင်းဆောင်နောက်သို့ ရောက်ရှိနေသည့် လူငယ်ကို မြင်လိုက်ရ၏။ သုံးပေခန့်ရှည်သော ဓားပေါ်တွင် သွေးစက်များက တည်ရှိနေ၏။ မည်သူ၏ သွေးနည်း။
ဇွိ
ထိုအချိန်မှာတော့ သူတို့ခေါင်းဆောင်၏ ရင်ဘတ်ပေါ်တွင် ဓားဒဏ်ရာကြီးတစ်ခုက ထင်ပေါ်လာပြီး သွေးများ ပန်းထွက်လာခဲ့၏။ ထိုသူ၏ စိတ်ထဲတွင် ပြင်းထန်လွန်းလှသော နာကျင်မှုက ဖြစ်တည်လာခဲ့ပြီးသည့်နောက် ၎င်း၏ သိစိတ်သည် တဖြည်းဖြည်း ခန္ဓာကိုယ်နှင့် ကင်းလွတ်သွားခဲ့၏။ မသေဆုံးခင်မှာတော့ သူသည် ပျက်ယွင်း နေသည့် မျက်နှာအမူအရာဖြင့် ရေရွတ်လိုက်မိသည်။ “မြန်.. မြန်လိုက်တဲ့ဓား”
ဘုန်း
ခန္ဓာကိုယ် တစ်ခုလုံးသည် ချက်ချင်းပဲပေါက်ကွဲထွက်သွား၏။ သွေးနှင့်အသားအရေအားလုံးသည် နေရာအနှံ့သို့ ပြန့်ကျဲကုန်၏။ တခြားသော နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့် သိုင်းကျင့်ကြံသူ သုံးယောက်တို့သည်လည်း ကြောက်လန့်သွားခဲ့ကြ၏။ ၎င်းတို့သည် ထိုမြင်ကွင်းကို ကြည့်ရှု့ပြီး ကျောပင်ချမ်းမိနေ၏။ သူတို့၏ ခေါင်းဆောင် သည် သူတို့ထက် အားကောင်းသည်။ သို့ပေမဲ့ တစ်ဖက်လူသည် တစ်ချက်တည်းနှင့် သတ်ဖြတ်ပစ်ခဲ့၏။
ဝှစ်..
ကျွင်းချောင်ရှောင်းသည် အသာလှည့်လိုက်၏။ သူ၏ အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက် ရှိနေပြီး ကျောက်ရုပ်ထုမျိုးနွယ်၏ သွေးမျိုးဆက်သည် အသက်ဝင်လာခဲ့သည်။
“ဘယ်လို.. ဘယ်လိုဖြစ်နိုင်မှာလဲ” နတ်ဘုရားလျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်း ဝင်ပြီးသော သိုင်းကျင့်ကြံသူ သုံးယောက်တို့၏ မျက်လုံးများသည် ပြူးထွက်သွားခဲ့တော့၏။ ကျွင်းချောင်ရှောင်း တစ်ယောက် အားကောင်းလွန်းခြင်းကြောင့် အလွန်အမင်း ကြောက်လန့်သွားကြခြင်း မဟုတ်ချေ။
တစ်ဖက်လူ၏ အော်ရာထဲတွင် မိုးကောင်းကင်နတ်ဆိုးအော်ရာများ ထွက်ပေါ်နေသောကြောင့်ပင်။ တစ်ဖက်လူ သည် မိုးကောင်ကင်နတ်ဆိုး၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်သူတစ်ယောက်တောင် ဖြစ်နိုင်၏။ သို့ပေမဲ့ စဉ်းစား တွေးတောရန် အချိန်မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော်…
ဇွိ… ဇွိ…ဇွိ..
ဓားအလင်း သုံးခုဖြတ်သန်းလာခဲ့ပြီး ဦးခေါင်းသုံးခုက ပျံထွက်သွားသည်။
ချလွမ်
နတ်ဘုရားလျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်းဝင်ပြီးသော သိုင်းကျင့်ကြံသူများကို ရှင်းလင်းပြီးသည့် နောက်မှာတော့ ကျွင်ချောင်ရှောင်း သည် ထာဝရရွက်သင်္ဘောကြီးဆီသို့ ဆင်းသက်လိုက်၏။ ပြီးနောက် သူ၏ အင်မော်တယ်ဓားကို သိမ်းဆည်းပြီး အေးစက်စက်ပြောလိုက်သည်။ “ကျန်တဲ့လူအကုန်လုံးကို သတ်လိုက်တော့”