← Chapters

အခန်း ၁၇၆၅

Vol. 119 Ch. 1765

အခန်း ၁၇၆၅

Vol. 119 Ch. 1765

အပိုင်း(၁၇၆၅)

ပေါက်ကရတွေလျှောက်ပြောပြီး အချိန်ဖြုန်းရန် မလိုအပ်တော့ချေ။ နတ်ဘုရားအဆင့်သို့ ခြေလှမ်းဝက် လှမ်းပြီးသား ကျင့်ကြံသူလေးယောက်တို့သည် ကျွင်းချောင်ရှောင်းဓား၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ပြီဖြစ်၏။

ကျွင်းချောင်ရှောင်းသည် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လျက် ရှိနေပြီး နတ်ဆိုးကြီး တစ်ကောင်ကဲ့သို့ပင် ကြမ်းတမ်းလွန်းလှသည်။ များပြားလွန်းလှသော ကျွမ်းကျင်သူများ သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် အစစ်အမှန် ရှာဖွေခြင်းအဆင့်တွင် ရှိနေသော နောက်လိုက်သာ ကျန်ရှိတော့သည်။

ယုစီနန်နှင့် ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲ အားလုံးတို့သည် နှောင့်နှေးမနေကြချေ။ တိုက်ရိုက် ဆိုသလိုဘဲ ကြီးမားသည့် လူသတ်ပွဲကြီးကာ စတင်ကာ ပြုလုပ်ကြ၏။ ၎င်းတို့အနေနှင့် နတ်ဘုရားအဆင့့်သို့ ခြေလှမ်း လှမ်းပြီးသား ကျင့်ကြံသည့်သူ တစ်ယောက်ကို အနိုင်ရရှိရန်ဆိုသည်မှာ လွယ်ကူလိမ့်မည် မဟုတ်သော်လည်း အစစ်အမှန် ရှာဖွေခြင်းအဆင့် ထိပ်ဆုံးအဆင့်တွင် ရှိနေသာ ကျင့်ကြံသူများကိုတော့ အလုံးစုံ ဖိနှိပ်ရိုက်နှက်နိုင်၏။

“တည်နေရာလှောင်ချိုင့်”

“သဲမုန်တိုင်း”

ယုစီနန်နှင့် ကုန်းစွန်းဟုန့်တို့သည် ၎င်းတို့၏ ဝှက်ဖဲများကို ထုတ်ဖော်ကာအသုံးပြုကြ၏။ တစ်ယောက်သည် တိုက်ပွဲမြေပြင်ကြီးကို ထိန်းချုပ်လျက်ရှိနေပြီး အခြားတစ်ယောက်မှာတော့ သတ်ဖြတ်ရန်အတွက် ဦးစားပေးနေ၏။ သူတို့သည် အချိန်တိုအတွင်းမှာမှာပင် များပြားလှသော လူများကို သတ်ဖြတ်ပစ်နိုင်ခဲ့သည်။

ဟုတ်ပေသည်။ ဤနေရာတွင် သူတို့သာအစွမ်းပြခဲ့သည်သာ မဟုတ်ချေ။ ကောင်းကင်ယံတွင် မြင်းခွာသံများ ထွက်ပေါ်လာ၏ အထူးသဖြင့် လက်နက်အပြည့် ဝတ်ဆင်ထားသော ရီရှင်းချန်သည် အနီရောင် မြင်းကြီးကို စီးပြီး ရောက်ရှိလာခဲ့၏။ သူသည် ပုဆိန်ကြီးကို မြှောက်ကိုင်ကာဖြင့် တည်နေရာ လှောင်ချိုင့်ကြီး ထဲတွင ပိတ်မိနေသည့် သိုင်းကျင့်ကြံသူများကို သတ်ဖြတ်တော့၏။ ပြီးနောက် သူက အော်ဟစ်လိုက်၏။ “တည်နေရာအတားအဆီးကို ခဏဖယ်”

“……”

ယုစီနန်သည် ဆွံ့အသွား၏။ တပည့်များသည် ဟန်ထုတ်လက်စွမ်းပြချင်နေသည်ဆိုမှတော့ သူ့အနေနှင့် သဘောတူပေးရပေလိမ့်မည်။ လက်‌ကိုဝှေ့ယမ်းပြီးသည့်နောက် ဖန်တီးထားသော တည်နေရာ လှောင်ချိုင့်ကြီး ကို ချက်ချင်းဖယ်ရှားလိုက်၏။ ကျန်ရှိနေသည့် လူတစ်ဒါဇင်တို့သည် လွတ်မြောက် သွားခဲ့သည်။

“သေစမ်း…” ထိုအချိန်မှာတော့ ရီရှင်းချန်သည် ရှေ့သို့ ရောက်ရှိလာ၏။ လက်ထဲတွင် ရှိနေသော ပုဆိန်ကြီးသည် တည်နေရာ တစ်ခုလုံးကို ပိုင်းဖြတ်လျက်ရှိနေပြီး အလင်းတန်းများသည် တဟုန်ထိုး ဖြစ်တည်နေ၏။ သိုင်းကျင့်ကြံသူ လေးယောက်တို့သည် တခါတည်း သေဆုံးသွားခဲ့ကြ၏ ။

ဘုန်း ဘုန်း

တခြားသော ရန်သူများသည် ထိုင်ကြည့်မနေခဲ့ကြချေ၊ ၎င်းတို့၏ နတ်ဆိုးကဲ့သို့သော စွမ်းအင်များကို ထုတ်ဖော်ကာဖြင့် ပြန်လည် တိုက်ခိုက်ကြသည်။

ဒုန်း ဒုန်း

လူအုပ်ကြားထဲတွင်ရှိနေသော ရီရှင်းချန်သည် သူ၏ပုဆိန်ကြီးကို ဝှေ့ယမ်းကာဖြင့် တိုက်ခိုက်နေ၏။ သူဖြတ်သွားသည့် တည်နေရာတိုင်းသည် သွေးများ၊ ခြေပြတ်၊ လက်ပြတ်များ ပျံ့နှံ့နေ၏။ သူသည် ရန်သူပေါင်းများစွာကို တစ်ယောက်တည်းတိုက်ခိုက်ရန် သတ္တိဗျတ္တိနှင့် ပြည့်စုံသူတစ်ယောက်လည်းဖြစ်၏။

ညအင်ပါယာ - သူသည် တစ်ယောက်တည်းမဟုတ်ပေ။ သူသည် မြင်းကြီးကို စီးနင်းကာ တိုက်ခိုက်လျက် ရှိနေသည်။

ဟီ .. ဟီး……..

မြင်းဟီသံ ထွက်ပေါ်လာပြီးသည့်နောက် သိုင်းကျင့်ကြံသူနှစ်ယောက်သည် လေထဲသို့ လွှင့်စင်သွား၏။ မြင်းကန် ခံလိုက်ရသောကြောင့် ၎င်းတို့၏ ရင်ဘတ်များသည် ချိုင့်ဝင်လျက်ရှိနေ၏။

“……”

စုရှောင်မိုနှင့် တခြားသောသူများအားလုံး၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက်ရှိ၏။ သူတို့သည် ကောင်းကင်လျို့ဝှက်နယ်မြေထဲတွင် စိန်ခေါ်မှုကို ပြုလုပ်သည့်အချိန်၌ ဤမြင်း၏ တိုက်ခိုက်မှုကို ခံခဲ့ရ၏။ ထို့ကြောင့် ဤကဲ့သို့သော ကန်ခံရခြင်းသည် မည်မျှကြောက်မက်ဖွယ်ရာကောင်းသည်ကို ကောင်းကောင်း သိရှိလို့နေသည်။

ဘုန်း .ဘုန်း

ရီရှင်းချန် တစ်ယောက် တိုက်ခိုက်လျက်ရှိနေတုန်းမှာပင် အနီရောင် အတွင်းခံဝတ်စုံကို ဝတ်ဆင်ထားသည့် ခရမ်းရောင်ဘုရင်သည်လည်း တိုက်ခိုက်နေ၏။ သူသည် လက်ထဲတွင် ပန်းရောင်လက်အိတ်ကို ဝတ်ဆင် ထားခဲ့ပြီး လူတစ်ယောက်ချင်းစီကို လိုက်လံကာ ထိုးနှက်နေ၏။

ကျိသည် စိန်ခေါ်လိုက်သည် “ငါတို့ကြားတိုက်ပွဲက မပြီးသေးဘူး။ အများဆုံး သတ်နိုင်တဲ့လူက အနိုင်ပဲ”

“ဟမ့်” ရီရှင်းချန်သည် နှာခေါင်းကို ရှုံ့လိုက်၏။ အနီရောင်မြင်းကို စီးနင်းကာဖြင့် ရန်သူများရှိရာဆီသို့ ဝင်ရောက်တိုက်ခိုက်ပြန်သည်။

ဘုန်း ဘုန်း

ဆွစ် ဆွစ်

ညအင်ပါယာနှင့် ခရမ်းရောင်ဘုရင် တို့သည် စိန်ခေါ်ပွဲကို ပြုလုပ်နေပြီဖြစ်သောကြောင့် တခြားသောသူများကို မည်သို့မျှ မညှာတာပေးနိုင်တော့ချေ။ ဖြစ်နိုင်သမျှ အမြန်ဆုံး သတ်ဖြတ်နိုင်ရန် ကြိုးစားကြ၏။ တစ်ချိန်တည်း မှာပဲ အထဲတွင်ရှိနေသော သိုင်းကျင့်ကြံသူများသည် မြက်ပင်များကဲ့သို့ပင် ခုတ်ပိုင်းသတ်ဖြတ်ခြင်းကို ခံနေရ၏။

ပြိုင်စံရှားဂိုဏ်းသားများအနေနှင့် သူတို့ ဂိုဏ်းချုပ်၏ ရိုးရာကို အမွေဆက်ခံရရှိထားကြောင်း သက်သေပြနေကြသည်။ တူညီသည့် အဆင့်အတွင်း ၎င်းတို့အားလုံးတို့သည် ပြိုင်ဘက်ကင်း ကျင့်ကြံသူများ ပင်ဖြစ်ကြသည်။

“ကျုပ်နိုင်ပြီ”

မြင်းပေါ်တွင် ထိုင်လျက်ရှိနေသည့် ရီရှင်းချန်သည် ထူးမခြားနားသည့် အမူအရာဖြင့် ပြောလိုက်၏။ သူသည် လူပေါင်း ဆယ့်သုံးယောက်ကို သတ်ဖြတ်ခဲ့ပြီး ဟောခန်းသခင်ကျိမှာတော့ ဆယ်ယောက်ကိုသာ သတ်ဖြတ်နိုင်ခဲ့၏။

“ဟမ့်”

ဟောခန်းသခင်ကျိသည် အလိုမကျသလို အေးစက်စက်ပြောလိုက်သည်။ “မင်းဒီလက်နက်တွေနဲ့ စီးတော်ယာဉ်သာ မရှိရင် ငါ့ကိုနိုင်မှာမဟုတ်ဘူး”

“ဘာပဲဖြစ်ဖြစ် ကျုပ်နိုင်တယ်”

“မင်းရဲ့ လက်နက်တွေကို ဖယ်လိုက်”

“ဘာပဲဖြစ်ဖြစ် ကျုပ်နိုင်တယ်”

“ချီးတဲ့မှ”

နှစ်ယောက်သား ရန်ဆောင်လျက်ရှိနေတုန်းမှာပင် လီချင်းယန်နှင့် တခြားသောသူများသည် ထိုသူများဆီမှ အသုံးအဆောင်ပစ္စည်းများကို လိုက်လံကာ သိမ်းဆည်းထားခဲ့ပြီးဖြစ်၏။

အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံး အဆင့်၏ ခန္ဓာကိုယ်ကိုင် ချိတ်ဆွဲထားမိသည့် ကြေးမှန်လေး တစ်ခုခုကို ရုတ်တရက် ရှာဖွေတွေ့ရှိသည်။

“စီနီယာအစ်ကို”

စုရှောင်မိုသည် ထိုအရာကို လက်နှင့် ဆော့ကစားရင်း ပြောလိုက်၏။ “ဒါ ဘာကြီးလဲ”

အမှတ်မထင်နှင့် အပေါ်တွင်ရှိနေသည့် ခလုတ်ကို နှိပ်လိုက်ပြီးသည့်နောက် မျက်လုံးနှင့် မြင်နိုင်စွမ်းရှိသည့် အလင်းတန်းများသည် သူ၏ခန္ဓာကိုယ်ကို ဖုံးအုပ်သွား၏။ ပြီးနောက် တစ်ချိန်တည်းမှာပင် သူသည် စကြဝဠာ အပြင်ဘက်ဆီသို့ ရောက်ရှိသွားလေသည်။

ဆွစ်

စုရှောင်မိုသည် ရုတ်တရက် အထက်စကြဝဠာထဲတွင် လွတ်လွတ်လပ်လပ် ပျံသန်း သွားနိုင်စွမ်း ရှိလို့နေ၏။

“ဂျူနီယာညီလေးစု” လီချင်းယန်သည်အံ့အားသင့်သွား၏။ နတ်ဘုရားလျှို့ဝှက်နယ်မြေ၏ ခြေတစ်လှမ်း မဝင်နိုင်ဘဲနှင့် မည်သူမျှသည် စကြဝဠာ၏ ပတ်လမ်းကြောင်း၌ ပျံ့သန်းနိုင်ခြင်း မရှိကြချေ။ မဟုတ်ပါက စကြဝဠာ အတားအဆီးများ၏ ပြင်းပြင်းထန်ထန် ဖိနှိပ်ခြင်းကို ခံရမှာ သေချာသည်။

“စီနီယာအစ်ကို.. ကျုပ်အဆင်ပြေတယ်။ ကျုပ် စကြဝဠာထဲမှာ ပျံလို့ရနေပြီ” စုရှောင်မို၏ အသံသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

…………..

ဝှစ် ဝှစ်

တသီးတသန့် ဖြစ်တည်နေသည့် ဂြိုလ်တစ်ခု၏ အပြင်ဘက်မှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသောသူများသည် အထက်စကြာဝဠာ ပတ်လမ်းထဲတွင် အကန့်အသတ်မရှိဘဲ လွတ်လွတ်လပ်လပ် ပျံသန်းလျက်ရှိသည်။

အားလုံးသော သူတို့သည် အဘယ့်ကြောင့်ပျံသန်းနိုင်ရသနည်းဆိုသော် ကြေးမှန်ကြောင့်ပင် ဖြစ်၏။ သူတို့သည် ထိုကြေးမှန်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် စွမ်းအင်အလွှာတစ်ခုသည် သူတို့ရှေ့တွင် ဖြစ်တည်လာခဲ့၏။ ပြီးနောက် စကြဝဠာထဲတွင် ရှိနေသာ ဓာတ်သဘာဝများ အားလုံးကို ငြင်းဆန်နိုင်စွမ်း ရှိလို့နေ၏။

“ဒါပစ္စည်းကောင်း တစ်ခုပဲ” ယုစီနန်သည် အနည်းငယ် လှည့်ပတ်ပျံသန်းပြီးသည့်နောက် မျက်လုံးထဲတွင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ မည်သည့် သိုင်းကျင့်ကြံသူမဆို အထက်စကြဝဠာပတ်လမ်းထဲတွင် လွတ်လွတ်လပ်လပ်ပျံသန်းခွင့်ကို လိုချင်တောင့်တကြမှာ သေချာ၏။ ယခု နတ်ဘုရားလျို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်းမဝင်နိုင်ဘဲနှင့် ယခုကဲ့သို့အရာကို ပြုလုပ်နိုင်သည်ဆိုခြင်းမှာ သံသယရှိစရာ မလိုလောက် အောင်ပင် စိတ်ကျေနပ်စရာ ဖြစ်ပေလိမ့်မည်။

ကံဆိုးစွာဖြင့် ကြေးမှန်သည် အနည်းငယ်သာလျှင် ရှိ၏။ လက်ရှိဂိုဏ်းထဲတွင်ရှိသော လူအရေအတွက် အရဆိုလျှင် အလွန်နည်းပါးနေသည်။

…………………

ဟောခန်းထဲမှာတော့ ကုန်းစွန်းရော့လီသည် ကုတင်ပေါ်တွင် လဲလျက်ရှိ၏။ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးကို သောက်သုံးပြီးဖြစ်သောကြောင့် သူမ၏မျက်နှာသွင်ပြင်သည် သွေးရောင်ပြန်လွှမ်းလာ၏။

“အဖေ”

ကျွင်းချောင်ရှောင်းသည် သူမ၏ဘေး၌ ဝင်ထိုင်ကာ မေးလိုက်သည်။ “မိုးကောင်ကင်နတ်ဆိုး အင်ပါယာနဲ့ ပြဿနာတက်ခဲ့တာလား”

ရွှေရောင်ကုန်းမြေတိုက်ကြီးကို အမွေမဆက်ခင်က ကုရွှမ်ယွမ်တစ်ယောက် မိုးကောင်ကင်နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များနှင့် တိုက်ခိုက်ခဲ့သည်ကို သူက ပုံရိပ်ယောင်အဖြစ် မြင်ခဲ့ရဖူး၏။ ထို့ကြောင့် သူ့အဖေ၏ နောက်သို့ လိုက်ခဲ့သည့် သိုင်းကျင့်ကြံသူများသည် ထိုသူများဖြစ်မည်ဟု သိရှိခဲ့ခြင်းပင်။ ထို့အပြင် ၎င်းတို့၏ ခါးပေါ်တွင် မိုးကောင်ကင်နတ်ဆိုးအင်ပါယာဆိုသည့် ကျောက်စိမ်းပြား တစ်ခုကို ချိတ်ဆွဲထားသည် ဖြစ်သောကြောင့် ပိုမိုကာ သေချာသွားခဲ့၏။

ကုန်းစွန်းရော့လီသည် ဤတစ်ကြိမ်တွင် အနောက်မှ လိုက်ကာသတ်ဖြတ်ခံရခြင်း မဟုတ်ဘူးဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းသည် ထိုသူများကို တားဆီးနှောင့်နှေးခြင်းမရှိဘဲ သတ်ဖြတ်ပစ်မှာ သေချာ၏။ အကြောင်းအရင်းမှာ ရိုးရှင်းလွန်းလှသည်။ ရွှမ်ယွမ်နယ်မြေကြီးကို အမွေဆက်ခံပြီးသည့်နောက် သူသည် ကတိသစ္စာတစ်ခုကို ပြုမူခဲ့သောကြောင့်ပင်။

လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ ရည်ရွယ်ချက်သည် ကြယ်တာရာ စိတ်ဝိညာဉ်လောကကြီးကို ဖျက်ဆီးပစ်ရန်သာမက မိုးကောင်ကင်နတ်ဆိုး အင်ပါယာကို ဖြေရှင်းရပေလိမ့်မည်။

ထိုအရာကို ပြုလုပ်ရန် လုံလောက်သည့် အခြေအနေတစ်ခု တည်ရှိနေသည်ဆိုပါက တစ်ဖက်လူနှင့် နပမ်းပြိုင်လုံးရန် စဉ်းစား ထားသည်။ သို့ပေမယ့် အားအင်အဆင့်က မလုံလောက်သေးဘူးဆိုပါက ကျိန်းသေပေါက် တိုးတက်အောင် ကြိုးစားရပေမည်။

“မိုးကောင်ကင် နတ်ဆိုးအင်ပါယာဟုတ်လား”

ကုန်းစွန်းရော့လီ သည် အံ့အားသင့်စွာ မေးလိုက်၏။ “ဘယ်သူလဲ”

ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။ အဖေသည် ထိုလူကို မသိဘူးဆိုလျှင် အဘယ့်ကြောင့် နောက်လိုက်များသည် အဖေနောက်သို့ လိုက်လာရသနည်း။

“ဖြစ်နိုင်တာက”

စနစ်သည် တုန်လှုပ်စွာဖြင့် ဝင်ပြောလိုက်သည်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာက လက်ခံသူရဲ့ အမေ ဖြစ်နေမလားပဲ”

“တော်စမ်း…” ကျွင်းချောင်ရှောင်းသည် ဆဲလုမတတ်ဖြစ်သွား၏။

စနစ်ကပြောလိုက်သည်။ “မိုးကောင်းကင် နတ်ဆိုးအင်ပါယာက အထက်နယ်မြေကို ဖြတ်သန်းသွားလာရင်းနဲ့ မင်းရဲ့ အဖေကို မြင်မြင်ချင်း သဘောကျသွားတယ်။ ဒါပေမဲ့ မျိုးနွယ်စုရဲ့ စည်းမျဉ်းတွေကို ဖယ်ရှားလို့မရတာကြောင့် ကိုယ့်ရဲ့ယောကျာ်းနှင့် သားကို ထားခဲ့ပြီးတော့ ထွက်ပြေးသွားခဲ့တာပဲ။ အခု မင်းအဖေ ထွက်လာပြီဆိုတော့ သူဖောက်ဖျက်ခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေအကြောင်း တခြားသူတွေ သိသွားမှာကြောက်လို့ နောက်လိုက်တွေ လွှတ်ပြီး သတ်ခိုင်းတာပဲ ဖြစ်ရမယ်”

ပြောရမည်ဆိုလျှင် ကုန်းရှန့်သည် အမှန်ပင် ကြီးမားလှသည့် စိတ်ကူးယဉ်မှုမျိုး ပိုင်ဆိုင်၏။ သို့ပေမဲ့ စနစ်လောက်တော့ မကြီးမားလှချေ။

“……..”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ဤအရာသည် ဖြစ်နိုင်ချေ ရှိသည်ဆိုလျှင်တောင်မှ အဆိပ်ကဲ့သို့ပင် ပြောင်းပြန်လှန်ကာ အတည်ယူရမည့်စနစ်မှ ပြောဆိုသည့်စကား ဖြစ်သောကြောင့် အလျင်အမြန်ပဲ သူက ပြောလိုက်၏။ “အခု စိတ်ချသွားပြီ။ မင်းက ဒီလိုပြောပြီဆိုမှတော့ မဟုတ်နိုင်တော့ဘူး”

“ငါ့သား”

ကုန်းစွန်းရော့လီက ပြောလိုက်သည် “ငါ့နောက်ကို လိုက်လာတဲ့လူတွေက ကြီးမားတဲ့ အဖွဲ့အစည်း နောက်ခံရှိမှာ သေချာတယ်။ အခုသူတို့အားလုံးကို မင်းကသတ်လိုက်ပြီဆိုတော့ ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူးနဲ့ တူတယ်”

“အဆင်ပြေပါတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “တခြားနေရာတွေကို လှည့်ပြီး ရွက်လွှင့်ကြ တာပေါ့”

သူ့အနေနှင့် မိုးကောင်းကင်အင်ပါယာကို မကြောက်ရွံ့ချေ။ ထာဝရလောကကြီးတွင် တည်ရှိနေသည် ဖြစ်သောကြောင့် တပည့်နှင့် လူများအားလုံးကို ခေါ်ဆောင်ရန် စကြဝဠာ၏အနှံ့သို့ သွားလာနိုင်စွမ်းရှိသည်။

သို့ပေမဲ့ သူဖြေရှင်းရန် လိုအပ်သည့် မေးခွန်းက တည်ရှိနေသေး၏။ အဘယ်ကြောင့် သူအဖေ၏ နောက်သို့ တစ်ဖက်လူများက လိုက်နေရသနည်း။ ဤနေရာတွင် လျှို့ဝှက်ချက် တစ်ခုခု တည်ရှိနေသည်လား။

စနစ်၏ ပြောဆိုမှုအရဆိုလျှင် ပြောင်းပြန်အတိတ်ကောက်ရသည်ဆိုသော်လည်း တခါတလေ ခန့်မှန်းချက်များ ကလည်း မှန်ကန်တတ်သေး၏။ မိုးကောင်ကင်နတ်ဆိုးအင်ပါယာသည် သူ၏ အမေဖြစ်သည် ဆိုပါက ပြဿနာများပေလိမ့်မည်။

“ဟုတ်သား”

စနစ်က ပြောလိုက်၏။ “ပတ်သက်ဆက်နွယ်နေသည်ဆိုလျှင် လက်ခံသူအနေနှင့် စကြဝဠာတစ်ခုလုံးရဲ့ ကောင်းကျိုးကို မျှော်တွေးပြီး ကိုယ့်မိဘကို ပြန်သတ်ရတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်တော့မှာပဲ”

“မလိုပါဘူး”

ကျွင်းချောင်ရှောင်း က ပြောလိုက်၏။ “ငါ့ အမေက မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ အားအင် အဆင့်နှင့် တူညီသည့် အထူးစွမ်းအားမြင့်ကျင့်ကြံသူ … ဒါမှမဟုတ် ကောင်းကင်တာအိုတောင် ဖြစ်နေနိုင်တယ် မဟုတ်လား”

ဝေါ့

စနစ်သည် လက်ခံသူကို ပြေးကန်ချင်စိတ် ပေါက်သွား၏။

“ငါ့အမေက အမှတ်မထင် အထက်နယ်မြေကို ဖြတ်သွားတဲ့အချိန်မှာ ငါ့အဖေကို ကြိုက်သွားတယ်။ ပြီးတော့ လူသားမျိုးနွယ်တစ်ခုလုံးကို ကာကွယ်ပေးနိုင်ဖို့ ငါ့အဖေကို ထားခဲ့ပြီးတော့ ကောင်းကင်တာအိုအဖြစ် ပြန်နေနေတာပဲ”

“……”

စနစ်က ပြောလိုက်၏။ “လက်ခံသူ စိတ်ကူးယဉ်တာ ငါ့ထက်ပိုဆိုးသွားပြီ။ ချီးကျူးပါတယ်ကွာ”

“ပြီးတော့ ငါ့အဖေ တည်ရှိမှုကို မိုးကောင်းကင် နတ်ဆိုးအင်ပါယာက သိရှိသွားတယ်။ ဒါကြောင့် ငါ့အမေတစ်ယောက် ကိုယ့်ယောက်ျား သေဆုံးသွားပြီဆိုပြီး စိတ်ပိုင်းဆိုင်ရာအရ အရမ်းကြီး ထိခိုက်သွားအောင် ငါ့အဖေကို သတ်ခိုင်းလိုက်တာပဲ ဖြစ်ရမယ်။”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ရပ်ကာဖြင့် လေးနက်တည်ကြည်စွာ ပြောလိုက်သည် “ဒါဆိုရင် ငါလည်း အန္တရာယ်တောထဲ ရောက်နေပြီပဲ”

All Chapters