← Chapters

အခန်း ၁၇၆၉

Vol. 119 Ch. 1769

အခန်း ၁၇၆၉

Vol. 119 Ch. 1769

အပိုင်း (၁၇၆၉)

ထာဝရရွက်သင်္ဘောကြီးသည် အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလျက် ရှိ၏။ တဖြည်းဖြည်းနှင့် စကြာဠာပတ်လမ်း၏ အစွန်းဆီသို့ နီးကပ်လာခဲ့၏။ ဤအတောအတွင်း ကျွင်းချောင်ရှောင်းသည် ဂိုဏ်းကို စီမံခန့်ခွဲမှု မပြုလုပ်ဘဲ ပဲ့ခန်းတွင်းသာ ထိုင်လျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် စကြဝဠာပတ်လမ်း၏ ဆုံချက်တွင် အန္တရာယ်တစ်ခုခု ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်ပင်။

"လက်ရှိတွက်ချက်မှုအရဆိုရင် ကြယ်တာရာ စိတ်ဝိညာဉ်လောကဆီ ရောက်ဖို့ အနည်းဆုံး တစ်နှစ်လောက်ပဲ လိုတော့တယ်" ကျွင်းချောင်ရှောင်းက တွက်ချက်လိုက်သည်။

"လက်ရှိ ကျွန်မတို့ရဲ့ အားအင်အဆင့်အရဆိုရင် သူတို့နဲ့ ယှဉ်ပြိုင်လို့ မရနိုင်သေးဘူး" နှင်းဆီဧကရီသည် လျှောက်ဝင်လာကာ ပြောလိုက်၏။

စနစ်သည် အံ့အားသင့်သွားမိသည်။ "မင်း ငါပြောမဲ့စကားကို ဝင်ပြောလိုက်ပြီ"

"ဟုတ်တယ်"

ကျွင်းချောင်ရှောင်းသည် သူ၏ ကုပ်ပိုးကို ပွတ်သပ်ကာ ပြောလိုက်၏။ "လမ်းတစ်လျှောက်မှာ ပိုပြီးအားကောင်းလာနိုင်မယ့် နည်းလမ်းကို ရှာဖွေရမယ်"

ကြယ်တာရာစိတ်ဝိညာဉ်လောက၏ အဆင့်သည် မည်မျှအားကောင်းလှသနည်း ဆိုသည်ကို မည်သူမျှ သေချာမသိရှိချေ။ သို့ပေမဲ့ အမှတ်မထင် စေလွှတ်လိုက်သော ရွက်သင်္ဘောများပင်လျှင် ကြောက်မက်ဖွယ်ရာကောင်းသည့် အားအင်ကို ပိုင်ဆိုင်သည့်လူများ ပါဝင်နေ၏။ ဂြိုဟ်မှာဆိုလျှင် ပိုမို၍ အားကောင်းသော ကျင့်ကြံသူများနှင့် ပိုမို၍ များပြားသော ကျင့်ကြံသူများ ရှိနေမှာ သေချာသည်။

ဤလူများသည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာနှင့် ဆက်စပ်နေလိမ့်မည်ဟုလည်း သံသယဝင်မိနေသည်။ သူ့အနေဖြင့် နတ်ဘုရား လျို့ဝှက်နယ်မြေအဆင့်ဆီသို့ တိတိကျကျ မဝင်ရောက်သေးလျှင် တိုက်ခိုက်ရန် ယုံကြည်ချက် မရှိချေ။

ဟွာမင်ကွေ့မှာတော့ ဘာစကားမှမဆိုချေ။ သူမသည် သူမ၏ ယောက်ျားကို အဆုံးထိ ယုံကြည်သူတစ်ယောက် ဖြစ်သည်။

"ရှင်ဆာနေပြီလား။ ဟင်းချက်ကျွေးမယ်လေ"

"မဆာပါဘူး"

ကျွင်းချောင်ရှောင်း၏ သီချင်းသီဆိုမှုသည် တစ်ဖက်လူကို သတ်ဖြတ်နိုင်လောက်သည့် စွမ်းအင်များ ပါဝင်သလို နှင်းဆီဧကရီ၏ ချက်ပြုတ်ခြင်းနည်းလမ်းကလည်း ထိုနည်းလည်းကောင်းပင်။

"ဂိုဏ်းချုပ်"

ထိုအချိန်မှာပဲ လီချင်းယန်၏ အသံသည် နားထဲသို့ တိုးဝင်လာ၏။ "တစ်စုံတစ်ခုတော့ ဖြစ်ပြီ"

"ဘာဖြစ်တာလဲ"

ကျွင်းချောင်ရှောင်းသည် ပြန်လည်မေးမြန်းနေရင်းမှ ထာဝရလောကထဲသို့ လှမ်းဝင်လိုက်၏။ တောင်၏ဂိတ်တံခါး၌ သူ၏တပည့်များသည် စုဝေးကာ ရပ်လျက်ရှိကြောင်း မြင်လိုက်ရသည်။ "ချီးတဲ့မှ …… မင်းတို့ထပ်ပြီး မကျင့်ကြံတော့ဘူးလား။ စုဝေးပြီး စကားပြောနေကြတာလား"

ကျွင်းချောင်ရှောင်းသည် သူ၏သိစိတ်ကို ဖြန့်ကျက်ကာ ကြည့်လိုက်သည့် အခါမှာတော့ ဂိတ်တံခါးရှေ့တွင် ဒူးထောက်ကာ ထိုင်လျက်ရှိနေသော အသက် ဆယ့်နှစ်နှစ် ၊ ဆယ့်သုံးနှစ်အရွယ် ကောင်လေးတစ်ယောက်ကို မြင်လိုက်ရ၏။

"ဂိုဏ်းချုပ်"

လီချင်းယန်က ပြောလိုက်သည်။ "ဒီကောင်လေးက တောင်ရဲ့ ဂိတ်တံခါးရှေ့မှာ ဒူးထောက်နေတာ သုံးရက်လောက် ရှိနေပြီ။ ထွက်သွားဖို့ ဘယ်လိုမှ ပြောလို့မရဘူး"

"သူက ဂိုဏ်းကို ဝင်ချင်လို့ လာတာလား။ "

"သူပြောတာ ဂိုဏ်းချုပ်ကို တွေ့ချင်လို့တဲ့။ ဂိုဏ်းထဲဝင်ဖို့အကြောင်း ဘာမှမပြောဘူး"

ဟမ်

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွားသည်။ ပြီးသည့်နောက် တောင်၏တောင်ခြေသို့ ချက်ချင်းပဲ ရောက်ရှိသွား၏။

"ကျုပ် ….. ကျုပ်ဂိုဏ်းချုပ်ကျွင်းကို တွေ့ချင်တယ်"

လူငယ်သည် ခေါင်းကို ငုံ့ထား၏။ အချိန်ကြာမြင့်စွာ ဒူးထောက်ခဲ့ရပြီး အစာမစားသောကြောင့် နှုတ်ခမ်းများပင်လျှင် ကွဲအပ်လျက် ရှိနေသည်။

"ငါပဲ" ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

လူငယ်၏ တစ်ကိုယ်လုံးသည် တုန်ယင်သွား၏။ အလောတကြီးဖြင့် ခေါင်းကိုမော့ကာ ကြည့်လိုက်သည့် အခါမှာတော့ သူ၏ရှေ့မှလူသည် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ကြောင်း သိရှိသွားမိ၏။ ထို့ကြောင့် သူသည် အားတက်တရောဖြင့် အော်လိုက်မိသည်။ "ဂိုဏ်းချုပ်ကျွင်း"

ဖျောက်

ကျွင်းချောင်ရှောင်းသည်လက်ဖျောက်တီးလိုက်၏။

ရုတ်တရက် သရဲတစ္ဆေတစ်ကောင်လိုပင် ရှောင်ကျီက ပေါ်ပေါက်လာပြီး ထိုင်ခုံတစ်ခုံကို ချလိုက်၏။ ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်၌ ခြေချိတ်ကာ ထိုင်လိုက်သည်။ "ပြော ….. ဘာလို့ ငါ့ကို တွေ့ချင်ရတာလဲ"

လက်ရှိအချိန်၌ စာဖတ်သူများသည် ကျိန်းသေပေါက် စတင်ကာ ဆဲဆိုလျက် ရှိနေကြပေလိမ့်မည်။ ကလေးတစ်ယောက်သည် သုံးရက်နှင့် သုံးညတိတိ ဒူးထောက်ကာ ထိုင်လျက်ရှိနေသည် ဆိုသော်လည်း ဤကုန်းရှန့်သည် ဖေးမခြင်းကို မပြုလုပ်ဘဲ ထိုင်ခုံကို တောင်းကာဖြင့် ခပ်တည်တည် ထိုင်လျက် ရှိနေလေ၏။

"ကျုပ် … ကျုပ်"

လူငယ်လေးသည် သူ၏ကျောကို မတ်မတ်ထားပြီးသည့်နောက် ကျွင်းချောင်ရှောင်းကို ဂါဝရပြုကာ ပြောလိုက်သည်။ "ကျုပ်အဖေရဲ့ကိုယ်စား လာပြီးတော့ တောင်းပန်တာပါ"

"တောင်းပန်တာ ဟုတ်လား"

ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ ပြီးနောက် မေးလိုက်မိ၏။ "မင်းအဖေက ဘယ်သူလဲ"

"..."

လူငယ်သည် ခက်ခက်ခဲခဲနှင့် ပြောလိုက်၏။ "ချင်ဟောင်ရန်ပါ"

"ဪ … မင်းက ဟောင်ချီဂိုဏ်း ဂိုဏ်းချုပ်နဲ့ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ခေါင်းဆောင်ရဲ့ သားကိုး" ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်၏။ ကုန်းရှန့်သည် ဤလူကို မှတ်မိလို့နေသည်။

"အမှန်ပါပဲ"

"မင်းက ဘယ်နှစ်ယောက်မြောက် မိန်းမကနေရတာလဲ"

"နှစ်ဆယ့်သုံးယောက်ပါ"

"မင်းအဖေဆီမှာ အရင်တုန်းက မိန်းမဆယ့်လေးယောက်ပဲ ရှိတာပါ။ ဒီနှစ်ပိုင်းအတွင်း သူနောက်ထပ်ဆယ်ယောက် ထပ်ယူလိုက်တာလား" ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။

မဟုတ်သေးပေ။ ချင်ဟောင်ရန်သည် အတိတ်တုန်းက မိန်းမဘယ်လောက်ရှိကြောင်း သူက အဘယ့်ကြောင့် သိရှိနေရသနည်း။

အဘယ့်ကြောင့်ဆိုသော် သူတို့နှစ်ယောက်သည် ရန်သူများဖြစ်သောကြောင့် မိုးဆွေေဟောခန်းကို စေလွှတ်ကာဖြင့် နောက်ခံအားလုံးကို သေသေချာချာ စုံစမ်းထားခဲ့၏။ မိန်းမအရေအတွက် ဘယ်လောက်ဆိုသည်ကို မဆိုနှင့် မိသားစုထဲတွင် သိုးဘယ်နှစ်ကောင် ရှိသည်ကိုပင် စုံစမ်းထားခဲ့သည်။

"နှစ်ဆယ့်သုံးထဲကနေ ဆယ့်လေးကို နှုတ်ရင် ကိုးမဟုတ်ဘူးလား" ချင်လင်းသည် စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လျက်ရှိနေ၏။

"ဂိုဏ်းချုပ်ကျွင်း"

သူသည် တွက်ချက်မှုအကြောင်းကို ထပ်မံကာ ဂရုမစိုက်တော့ချေ။ ဦးညွှတ်ကာ ဂါဝရပြုလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းကို ကျုပ်အဖေက အပြစ်ပြုမိခဲ့ပါတယ်။ အဖေ့အစား လာပြီးတော့ တောင်းပန်တာပါ။ သူနဲ့ပတ်သက်ပြီး ဘာအငြိုးအတေးကိုမှ မထားဖို့ တောင်းပန်ပါတယ်"

ကုန်းရှန့်က ရယ်မောလိုက်၏။ အတိတ်တုန်းက သူသည် ချင်ဟောင်ရန်ကို လုံးဝမနှစ်သက်ချေ။ ထို့အပြင် သူသံမဏိအရိုးတောင်၌ နေထိုင်ခဲ့စဉ် တစ်လျောက်လုံး ပက်ပက်စက်စက် ဖိနှိပ်ခဲ့ဖူးသူဖြစ်သည်။ နတ်စမ်းချောင်းဂိုဏ်းနှင့် အခြားသောဂိုဏ်းများက စိန်ခေါ်သည့်အချိန်မှာလည်း မဟာမိတ်အဖွဲ့သားများကို ခေါ်ဆောင်ကာ လာရောက် လှောင်ပြောင်ခဲ့သေး၏။ သို့ပေမဲ့ ဂိုဏ်း၏ အားအင်အဆင့် တိုးတက်လာသည်နှင့်အမျှ ထိုအရာများကို မေ့ပစ်ခဲ့ပြီ ဖြစ်၏။ တိတိကျကျလျှင် သူလျှောက်ရမည်လမ်းထဲတွင် ဤကဲ့သို့ အသုံးမဝင်သည့် လူများ မပါဝင်တော့ချေ။

ဥပမာအားဖြင့် ရှောင်ကျီအား ဒုက္ခပေးခဲ့သော ရှောင်မိသားစုဆိုလျှင် လီရန်မြို့ထဲတွင်ပင် နေထိုင်လား၊ မနေထိုင်ဘူးလားဆိုသည်ကိုပင် သူ သေသေချာချာ သိရှိတော့ချေ။

ကျွင်းချောင်ရှောင်းသည် အမှန်ပဲ ကိုယ်သွားချင်သည့် လမ်းများကို သွားနေခြင်းပင်။ လက်ရှိအချိန်မှာတော့ သူပြုလုပ်ရမည့် အရာသည် ကြယ်တာရာ စိတ်ဝိညာဉ်လောကဆီသို့ သွားရောက်ပြီး တိုက်ခိုက်ရန်ပင် ဖြစ်၏။ သူ၏အာရုံထဲတွင် ယခင်အတိတ်တုန်းက ရှိခဲ့သည့် ရန်သူများ မရှိတော့ချေ။

ချင်ဟောင်ရန်ဆိုလျှင် သူ၏ပထမဆုံး ရန်သူသာ ဖြစ်၏။ ပဋိပက္ခများ ဖြစ်ပွားခဲ့သည် ဆိုသော်လည်း လက်ရှိအချိန်မှာတော့ ထိုအရာများသည် ဟာသတစ်ခု သာသာပင်။

"ဂိုဏ်းချုပ်ကျွင်း"

ချင်လင်းသည် ထပ်မံကာ ဦးညွှတ်၍ ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ်"

သူ၏အဖေနှင့် ကျွင်းချောင်ရှောင်းကြားတွင် ရှိနေသော ပဋိပက္ခများကို သိရှိပြီးနောက် သူသည် ပထမတုန်းက မယုံကြည်ခဲ့ချေ။ ပြီးနောက် သူ၏အဖေအား စိတ်ထဲတွင် မုန်းတီးလာခဲ့တော့၏။ အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းဆိုသည်မှာ သူ့အတွက်တော့ နတ်ဘုရားတစ်ပါးကဲ့သို့ပင် တန်ဖိုးကြီးလှသူ တစ်ယောက်ပင်။

အိုက်မိသားစု တိုက်ရိုက်မျိုးဆက်နှစ်ယောက်၏ ရိုက်နှက်ခြင်းကို ခံရပြီးသည့် နောက်မှာတော့သူသည် တောထဲသို့ ပြေးပြီးနောက် ရက်အနည်းငယ်ကြာ အိမ်သို့ မပြန်ခဲ့ချေ။ လှိုဏ်ဂူတစ်ခုထဲတွင် ပုန်းအောင်းကာဖြင့် အော်ဟစ်ငိုယိုခဲ့၏။ သူသည် ဒေါသထွက်ခဲ့၏။ သူသည် မုန်းတီးခဲ့မိ၏။ သို့ပေမဲ့ ဖြစ်ပျက်ခဲ့ပြီးပြီ ဆိုမှတော့ မည်သည့်အရာကို သွားကာ ပြောင်းလဲရတော့မည်နည်း။

"အဖေက အမှားတွေပြုလုပ်ခဲ့တယ်။ သားတစ်ယောက်အနေနဲ့ ပြန်လည်ပြင်ဆင်ပေးရမယ်"

ဤအတွေးကို တွေးပြီးသည့်နောက် ချင်လင်းသည် ပြိုင်စံရှားဂိုဏ်းဆီသို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့၏။ မြေပေါ်တွင် ဒူးထောက်ထိုင်လိုက်ပြီးသည့်နောက် အဖေ၏ အမှားများကို ခွင့်လွှတ်ပေးရန် ဂိုဏ်းချုပ်ကျွင်းကို လာရောက်ကာ တောင်းပန်ခဲ့တော့သည်။

"မဟာမိတ်ခေါင်းဆောင်ချင်"

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် အသာမှီကာ ပြောလိုက်၏။ "ဒါ ခင်ဗျားရဲ့ အကြံအစည်လား"

အဝေးတစ်နေရာတွင် ပုန်းအောင်းလျက် ရှိနေသည့် ချင်ဟောင်ရန်သည် အပြင်သို့ လျှောက်ထွက်လာခဲ့၏။ သူသည် ပျက်ယွင်းနေသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်မိသည်။ "ဒါ ကျုပ်သားရဲ့ အကြံအစည်ပါ"

သူသည် ဤလူကို မှတ်မိနေခြင်းမှာ အံ့အားသင်ဖွယ်မရှိချေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူ အမှောင်ထဲ၌ ပုန်းအောင်းလျက် ရှိနေသည်ကို သိရှိသောကြောင့်ပင်။

"ကလေးကို လာပြီး တောင်းပန်ခိုင်းတယ်ဆိုတော့"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ခင်ဗျားက ဘယ်လိုအဖေမျိုးလဲ"

သူ၏ အဖေရောက်ရှိနေခြင်းကို အံ့အားသင့်မိသည် ဆိုသော်လည်း ချင်လင်းသည် အလျှင်အမြန်နှင့် ရှင်းပြလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း …. ဒါကျုပ်ရဲ့ အကြံအစည်ပါ။ အဖေနဲ့ လုံးဝမဆိုင်ပါဘူး"

ဆွစ်

ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီးသည့်နောက် ကလေးအား မတ်တပ်ထရပ်ရန် အကူအညီပေးလိုက်၏။ သူ၏ကျန်းချီများသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် ကလေးသည် ဆာလောင်မှုနှင့် ပင်ပန်းနွမ်းနယ်မှုများ ကွယ်ပျောက်သွား၏။ ပြီးနောက် သူက ပြောလိုက်သည်။

"ငါက အခြေအနေကို နားမလည်ဘူး ဆိုပေမဲ့ ဒီနေရာမှာ မှတ်ထားစရာ တစ်ခုတော့ ရှိတယ်။ မင်းအဖေနဲ့ ငါ့ကြားမှာ ရှိနေတဲ့ ရန်ငြိုးတွေဆိုတာ မရှိတော့တာ ကြာနေပြီ"

"ဂိုဏ်းချုပ်ကျွင်းက အဖေ့ကို ခွင့်လွှတ်လိုက်ပြီလား" ချင်လင်းသည် ပျော်ရွှင်စွာ မေးမြန်းလိုက်၏။

ဒုတ်

ကျွင်းချောင်ရှောင်းသည် ကလေး၏ နှဖူးကိုတောက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ငါမင်းအဖေနဲ့ ဘာရန်ငြိုးမှ မရှိဘူး။ ငါက ဘာကိုခွင့်လွှတ်ပေးရမှာလဲ"

"အဖေ"

ချင်လင်းသည် လှည့်ကာဖြင့် ပျော်ရွှင်စွာ ပြောလိုက်၏။ "အဖေ …. ဂိုဏ်းချုပ်ကျွင်းက ဘာရန်ငြိုးမှ မရှိဘူးတဲ့"

"ဂိုဏ်းချုပ်ကျွင်း "

ချင်ဟောင်ရန်သည် ချက်ချင်းပဲ ကျွင်းချောင်ရှောင်းကို ဦးညွှတ်ကာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်"

အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းတစ်ယောက် သူ့အား ခွင့်လွှတ်ပေးလိမ့်မည်ဟု သူကမမျှော်လင့်ထားခဲ့ချေ။ သို့ပေမဲ့ သူ့သား၏ရှေ့တွင် ထိုကဲ့သို့ ပြောဆိုနေခြင်းသည် သု့အား ကူညီခဲ့ခြင်းပင် ဖြစ်၏။

"ဒါပေမဲ့ … ခေါင်းဆောင်ချင်"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ခင်ဗျားသားရဲ့ အရိုးအဆစ်တွေက သာမာန်ထက်ပိုပြီး လူတစ်သန်းမှာ တစ်ယောက်မှာ တွေ့ရခဲတဲ့ အရာပဲ။ ဒီတော့ ကျုပ်ဆီမှာ သင်ကြားဖို့အတွက် ခင်ဗျား စိတ်ဝင်စားရဲ့လား"

ချင်ဟောင်သည် ကြောင်အသွားခဲ့၏။ သူနှင့် ရန်ငြိုးမရှိပါဟု ပြောဆိုခြင်းကပင် အံ့အားသင်စရာ ဖြစ်၏။ လက်ရှိအချိန်မှာတော့ သူ့သားကိုပင် တပည့်အဖြစ် ခေါ်ယူရန် ပြောဆိုလျက် ရှိနေ၏။ ခနလောက် ရပ်တန့်ပြီးသည့်နောက် ချင်ဟောင်ရန်က အလောတကြီး ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းသာ ကျုပ်သားရဲ့ ရူးကြောင်ကြောင် အပြုအမူတွေကို ကိစ္စမရှိဘူးဆိုရင်တော့ ငြင်းစရာ မရှိတော့ပါဘူး။ လင်းရန် ဒူးထောက်ပြီးတော့ ဂိုဏ်းချုပ်ကို ဂါဝရပြုလေ"

ချင်လင်းသည် ခနလောက် ကြောင်သွားခဲ့၏။ ပြီးနောက် သတိဝင်သွားခဲ့သည်။ ချက်ချင်းပဲ ဒူးထောက်ကာ ပြောလိုက်၏။ "တပည့်ချင်လင်း ဂိုဏ်းချုပ်ကို ဂါဝရပြုပါတယ်"

"ချင်းယန် …."

ကျွင်းချောင်ရှောင်းက အော်ပြောလိုက်၏။ " ချင်ဟောင်ရန်ရဲ့ သားက အခု ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်သွားပြီ"

"ဟုတ်ကဲ့ပါ "

"ဂိုဏ်းချုပ်ကျွင်း"

ချင်ဟောင်ရန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွား၏။ သူ၏လက်များသည် တဆတ်ဆတ်နှင့် တုန်ယင်လျက် ရှိနေပြီး မျက်လုံးထဲမှ မျက်ရည်များသည်လည်း ထိန်းချုပ်၍မရအောင် ကျဆင်းလျက် ရှိနေသည်။

ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်၏။ "ခင်ဗျားနဲ့ ကျုပ်ကြားမှာ ရန်ငြိုးရှိတယ်ဆိုတာ ကလေးတွေမပါဘူးလေ"

ပြီးနောက် သူသည် ချင်လင်းကို ခေါ်ဆောင်ကာဖြင့် ပြိုင်စံရှားဂိုဏ်း၏ လှေကားအတိုင်း တက်သွားတော့၏။ သူ့အား အနောက်ဖက်မှ လှမ်းကာ ကြည့်ရှုရမည် ဆိုလျှင် အမှန်ပင် ကြီးကျယ်မြင့်မြတ်လှသော၊ စိတ်သဘောထားကြီးလှသော ကောင်းမွန်သည့် လူတစ်ယောက်၏ ဟန်ပန်မျိုးကို မြင်ရမှာ သေချာသည်။

ဘုတ်

ချင်ဟောင်ရန်သည် မြေပေါ်သို့ ဒူးထောက်ထိုင်ချလိုက်၏။ သူ၏ မျက်နှာပေါ်မှ မျက်ရည်စများသည် ဆက်တိုက်ဆိုသလို ကျဆင်းနေတုန်းပင်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကျွင်း"

လေပြင်းများ တိုက်ခတ်သွားပြီးနောက် သူသည် မတ်တပ်ထရပ်လိုက်ရ၏။ လူတစ်ဦးသည် သူ၏နားတွင် ပေါ်ပေါက်လာ၏။

"ပြိုင်စံရှားဂိုဏ်းက ပါရမီရှင်တွေကို လိုအပ်တယ်။ မဟာမိတ်ခေါင်းဆောင်ချင်က လုပ်ရည်ကိုင်ရည် ရှိတယ်ဆိုတော့ နည်းနည်းလောက် ထပ်မွေးပေးလိုက်ပါလား"

ခွီ

စနစ်သည် မည်သို့မျှ မနေနိုင်တော့ပဲ ရယ်မောလိုက်မိ၏။ "ဆိုလိုတာ လက်ခံသူက ဒါမျိုးတွေ မွေးထုတ်နိုင်မယ့် အရည်အချင်းမရှိတာပေါ့"

All Chapters