← Chapters

အခန်း ၁၇၇၄

Vol. 119 Ch. 1774

အခန်း ၁၇၇၄

Vol. 119 Ch. 1774

အပိုင်း (၁၇၇၄)

သူ့အနေဖြင့် ပထမတစ်ကြိမ်တုန်းက သူ၏အထင်အမြင်ကို ထုတ်ဖော် ပြောဆိုခဲ့သည့်အတွက် ရိုက်နှက်ခံရသည်ကို လက်ခံနိုင်၏။ သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ အချိန်ကိုက် မှားယွင်းကာ အထဲသို့ ရောက်ရှိလာသောကြောင့် ရိုက်နှက်ခံခဲ့ရ၏။ ရှောင်မိုသည် တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်မိ၏။ ရွက်သင်္ဘောကြီး တစ်ခုလုံးသည် တုန်ခါမှုဖြစ်လာသောကြောင့် သူသည် အပြင်ဖက်သို့ထွက်ပြီး လာရောက် စုံစမ်းခြင်း ဖြစ်၏။ သို့ပေမဲ့ မထင်မှတ်ခဲ့ချေ။

"ကောင်းကင်ဘုံ ….. ခုနတုန်းက ဘာမြင်လိုက်တာလဲ”

“ကောင်းကင်ဘုံ ဒါက တကယ့်ကို ကိစ္စကြီးပဲ …. တကယ့်ကို ဝက်ဝက်ကွဲ အောင်မြင်မယ့် သတင်းကြီးပဲ"

"စိတ်ကိုလျော့ စိတ်ကိုလျော့"

စုရှောင်မိုသည် လျင်လျင်မြန်မြန်ပဲ သတိမေ့ချင်ယောင် ဆောင်နေ၏။ ငါဘာကိုမှ မမြင်ခဲ့ဘူး။ ငါဘာကိုမှ သွားပြောလို့မရဘူး"

ပဲ့ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ဟွာမင်ကွေ့၏ သိုင်းဖက်ထားခြင်းကို ခံနေရသည်။

ဟွာမင်ကွေ့နှင့် ကျွင်းချောင်ရှောင်းတို့၏ နှုတ်ခမ်းနှစ်ခုသည် ထိတွေ့လျက် ရှိနေပြီး အချိန်များ ရပ်တန့် နေသကဲ့သို့ပင်။

ဆွစ်

ခနလောက် ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အသိဝင်လာခဲ့၏။ ဟွာမင်ကွေ့ကို အသာတွန်းထုတ်ပြီးနောက် ခပ်တည်တည်နှင့် ပြောလိုက်၏။ "ခင်ဗျား ဘာလုပ်တာလဲ"

နှင်းဆီဧကရီသည် အနောက်သို့ ပြန်ဆုတ်ကာဖြင့် သူမ၏ ဆံပင်များကို သပ်တင်ရင်း ပြောလိုက်သည် "ဂိုဏ်းထဲမှာအလုပ်တွေ ရှိသေးတယ်။ အရင်သွားတော့မယ်။"

ဆွစ်

သူမသည် အနိုင်ရရှိသူ တစ်ယောက်ကဲ့သို့ပင် ထာဝရလောကကြီးဆီသို့ ပြန်သွားခဲ့၏။

ကျောက်ခန်းမထဲတွင် ထိုင်ကာ နှင်းဆီခင်းများကို ကြည့်ရှုလျက် ရှိနေသည့် နှင်းဆီဧကရီသည် ကျွင်းချောင်ရှောင်း ၏ မျက်နှာကို ပြန်လည်မြင်ယောင်လာမိ၏။ သူမသည် မည်သို့မျှ မနေနိုင်ပဲ လက်ကိုအုပ်ကာကာ ရယ်မောလိုက်မိသည်။ "ငါ့ယောကျာ်းက အရမ်းချစ်ဖို့ကောင်းတာပဲ"

ထာဝရရွက်သင်္ဘော၏ ပဲ့ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းတစ်ယောက်သာ ကျန်ရှိခဲ့၏။ သူသည် ရုတ်တရက် ပါးစပ်ကို အုပ်ကာကာ အော်ဟစ်လိုက်မိ၏ "ငါ့ရဲ့ ပထမဆုံး အနမ်းကတော့ သွားပြီပဲ"

ဟား ဟား ဟား

စနစ်က ရယ်မောလိုက်သည်။ "လက်ခံသူရဲ့ အားအင်အဆင့်နဲ့ သတိမပြုမိဘူးဆိုတာ ဟုတ်ပါ့မလား"

"ဒီမိန်းမက ရုတ်တရက်လုပ်လိုက်တာလေ။ " ကျွင်းချောင်ရှောင်းက ချက်ချင်းထငြင်းလိုက်၏။

"ကောင်းပြီ သတိမပြုမိဘူးလို့ပဲ ထားလိုက်တော့။ ဒါပေမဲ့ နှုတ်ခမ်းချင်းထိပြီးတဲ့ ဆယ်စက္ကန့်လုံးလုံး တွန်းမထုတ်သေးပဲ ဘာလို့ငြိမ်နေရတာလဲ။ မင်းက နတ်ဘရား လျို့ဝှက်နယ်မြေ ခြေတစ်လှမ်း လူတစ်ယောက်လေ။ ဒီတော့ မိန်းကလေးတစ်ယောက်က အတင်းကပ်ပြီးတော့ နမ်းသွားတယ် ဆိုတာက မင်းအနမ်းခံလို့ပဲ။ ဟုတ်တယ်မလား"

"တော်စမ်း"

ကျွင်းချောင်ရှောင်းသည် အော်ဟစ်လိုက်မိသည်။

"..."

စနစ်သည် ဆွံ့အသွား၏။ သို့ပေမဲ့ လိုရင်းအကြောင်းအရာကို ပြန်လည်ပြောဆိုလိုက်၏။ "မင်း ရှောင်ချင်တယ် ဆိုရင်တောင်မှ မင်းခန္ဓာကိုယ်က အရမ်းရိုးသားနေတာပဲ ဖြစ်ရမယ်။ ဒီတော့ တခြားအကြောင်းပြချက်တွေ ရှာမနေနဲ့တော့"

"တော်စမ်း"

ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာဖြင့် ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ချလိုက်၏။ သူ မြတ်မြတ်နိုးနိုး ထိန်းသိမ်းခဲ့ရသော ပထမဆုံးအနမ်းသည် ထိုမိန်းမဆီ ပါသွားခဲ့ပြီ ဖြစ်၏။ သူ မပြောနှင့် စာဖတ်သူများပင်လျှင် လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းသည် သက်ပြင်းကို ချပြီးသည့်နောက် သူ၏နှုတ်ခမ်းကို လက်ဖြင့် ထိလိုက်သည်။ သူသည် တစ်စုံတစ်ခုကို ပြန်လည်စဉ်းစားနေသည့် ပုံပင်။

"ချိုလား"

"ဒီအချိန်က ချိုလား ၊ မချိုလား မေးရမဲ့ အချိန်မဟုတ်ဘူး။ ဒါပေမဲ့ နည်းနည်း ထူးဆန်းတယ်။ အရမ်းထူးဆန်းတဲ့ ပုံစံမျိုးပေါ့"

ရုတ်တရက် ခြေဟန်လက်ဟန်များနှင့် ပြောဆိုနေသော ကျွင်းချောင်ရှောင်းသည် ရပ်တန့်သွားမိ၏။ "နေပါအုံး ….. မင်းမေးခွန်းကို ဘာလိုဖြေရမှာလဲ။ နေအုံး ….. ခနတုန်းက တစ်ယောက်ယောက် ဝင်လာသေးလား။ "

ကျွင်းချောင်ရှောင်းသည် စုရှောင်မို လွင့်စင်သွားရာ နေရာသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ပဲ့ခန်း၏ တိုင်ပေါ်တွင် လူတစ်ယောက် ထိမှန်ထားသည့် ပုံစံမျိုး တည်ရှိနေပြီး မြေပြင်ပေါ်တွင် ဖိနပ်တစ်ခု တည်ရှိနေ၏။ တခြား ဘာတစ်ခုမှတော့ မရှိချေ။

ဟွာမင်ကွေ့၏ အနမ်းသည် သူ့အား ရုတ်တရက် အလစ်ငိုက်စေခဲ့၏။ ကျွင်းချောင်ရှောင်းသည် သူ၏စိတ်တစ်ခုလုံး ထိုအရာထဲတွင် နှစ်မျောခဲ့ပြီး အပြင်ဖက်တွင် ဖြစ်ခဲ့သည့် အရာများကို သတိမပြုမိခဲ့ချေ။

ကျွင်းချောင်ရှောင်းသည်လည်း တွေးလိုက်မိ၏။ "ဘယ်သူရွက်သင်္ဘောပေါ်ကို လာသေးတာလဲ"

ဘုန်း ….။

ရုတ်တရက် ရွက်သင်္ဘောကြီးသည် တုန်ခါသွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် သူ၏ပျံ့နှံ့လျက် ရှိနေသော အတွေးများကို ပြန်လည်ကာ စုစည်းလိုက်၏။ ပြီးနောက် အပြင်ဖက်ရှိ မဲမှောင်လျက် ရှိနေသော တည်နေရာကြီးကို လှမ်းကာ ကြည့်ရှုလိုက်သည်။ ထိုတည်နေရာကြီးတွင်တော့ မိုးကြိုးများပစ်ခတ်သလို တလက်လက်နှင့် တောက်ပလျက်ရှိသည်။

"ဟင် စကြဝဠာအတားအဆီးကို ဖြတ်ကျော်ဖို့ အချိန်ရောက်နေပြီပဲ"

သူ့အနေဖြင့် အပြင်ဖက်တွင် ဖြစ်နေသော မြင်ကွင်းကို သေသေချာချာ အာရုံစိုက်လျက် ရှိနေတုန်းမှာပဲ ထောင့်တစ်နေရာတွင် ပုန်းအောင်းလျက် ရှိနေသည့် စုရှောင်မိုသည် သူ၏လက်ဖြင့် ဖိနပ်လေးကို အသာကောက်ယူလိုက်၏။ ပြီးသည့်နောက် ထာဝရလောကကြီးထဲသို့ မြန်မြန်ဆန်ဆန်နှင့် ထွက်ခွာသွားခဲ့သည်။ ခြံဝင်းထဲတွင် ထိုင်ချလိုက်ပြီးနောက် သူသည် အင်္ကျီလက်ဖြင့် နှဖူးတွင် ရှိနေသော ချွေးစေးများကို သုတ်လိုက်သည်။

"တော်သေးတယ် …. မိတော့မလို့။ ဂိုဏ်းချုပ် ဟိုဘက်ကို အာရုံရောက်သွားတာ တော်သေးတယ်"

"စီနီယာအစ်ကို"

ရုတ်တရက် လီဖေးသည် ဇဝေဇဝါနှင့် မေးလိုက်၏။ "ဘာ မိတော့မလို့လဲ"

"ညီလေး"

စုရှောင်မိုသည် အလျင်အမြန်ဖြင့် လက်ကိုဝေ့ယမ်းကာ ပြောလိုက်သည် "လာခဲ့ ….. ငါမင်းကို လျို့ဝှက်ချက် ပြောပြမယ်"

"လျို့ဝှက်ချက် ဟုတ်လား"

ကျင့်ကြံခြင်းနှင့် အာရုံများလျက် ရှိနေကြသော တပည့်များသည် မိုင်တစ်ထောင်အကွာအဝေးတွင် နားစွင့်ပြီးသား ဖြစ်နေကြသည်။ ထို့ကြောင့် ချက်ချင်းပဲ ခွေးခြေခုံများကို ယူဆောင်လာကာဖြင့် စုရှောင်မိုအနားသို့ ရောက်ရှိလာခဲ့သည်။ သူတို့သည် သူတို့၏ တတိယစီနီယာအစ်ကိုပြောသည့် လျို့ဝှက်ချက်ဆိုသည်ကို နားထောင်ရန် အဆင့်သင့် ဖြစ်လို့နေ၏။

..............

မိုးကြိုးလှိုင်းများသည် ထပ်တလဲလဲ ဖြစ်တည်လျက် ရှိနေတော့၏။ မြင်ကွင်းကြီး တစ်ခုလုံးသည် အလွန်ကြည့်ရှု၍ ကောင်းလှ၏။ ထာဝရရွက်သင်္ဘောကြီးသည် ဤကဲ့သို့ ကြမ်းတမ်းလှသော တည်နေရာကြီးကို ဖြတ်သန်းရင်း လွန်းထိုးလျက် ရှိနေသည်။

"ဂိုဏ်းချုပ်"

ရှန့်ကွမ်းရှင်းရောင်က လှမ်းကာ ပြောလိုက်၏။ "အစီအရင်စနစ်က သာမန်အတိုင်း အလုပ်လုပ်နေတယ်။ ဘာသက်ရောက်မှုမှ မရှိဘူး"

လက်ရှိအချိန်မှာတော့ ထာဝရရွက်သင်္ဘောကြီးသည် လူကိုယ်တိုင်မောင်းရသည့် စနစ်အဖြစ်သို့ ပြန်လည်ကာ ပြောင်းထားခဲ့၏။ အဓိကမောင်းနှင်သူများသည် ကျန်းထယ်ကျွင်းနှင့် ထိုက်ရွှမ်အဘိုးအိုတို့ဖြစ်ပြီး အစီအရင်ဟောခန်းက အနောက်မှ ကူညီပေးနေကြသည်။ စကြာဝဠာနှစ်ခုကြားရှိ အတားအဆီးကို ချိုးဖျက်ရသည် ဆိုသည်မှာ သတိအပြည့်နှင့် ထားရမည့်ကိစ္စမျိုးပင်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒါကို ဖြတ်နိုင်ဖို့အတွက် ဘယ်လောက်လောက် ကြာမယ်ထင်လဲ"

ရှန်ကွမ်းရှင်းရောင်သည် ကြယ်မြေပုံကို လှမ်းယူပြီး အချက်အလက်များကို သုံးသပ်လိုက်၏။ "စကြာဝဠာရဲ့ အတားအဆီး အတိမ်အနက်ကို သေသေချာချာ မမြင်ရဘူး။ တစ်လလောက်တော့ ကြာနိုင်ကောင်းတယ်"

"အဲလောက်ကြာမှာလား"

ကျွင်းချောင်ရှောင်းသည် သူ၏လက်နှစ်ဖက်ဖြင့် မျက်လုံးများကို အုပ်ကာလိုက်၏။ သူသည် မျက်လုံးများကို မှတ်ပြီး အပြင်ဖက်ရှိ ကြမ်းတမ်းလှသော လောကကြီးကို အာရုံခံကာ ကြည့်ရှုနေခြင်းပင်။ နက်မှောင်လျက် ရှိနေသည့် စကြာဝဠာ ပတ်လမ်းကြီး၏ အတွင်းရှိ အလင်းမှိန်ပြပြတစ်ခုကိုသာ သူကမြင်လိုက်ရသည်။

"ဒါဘာကြီးလဲ"

ထိုက်ရွှမ်အဘိုးအိုနှင့် ကျန်းထယ်ကျွင်းတို့သည်လည်း ထိုအရာကို သတိပြုမိသွားကြသည်။ ချက်ချင်းပဲ ရေဒါပုံစံရှိနေသည့် ကြယ်မြေပုံကို လှမ်းကာ ကြည့်ရှုလိုက်၏။ အလင်းစက်တစ်ခုမှလွဲရင် ဘာတစ်ခုမှ ထူးထူးခြားခြား ပြသထားခြင်း မရှိချေ။ ဆိုလိုသည်မှာ ဘာမှန်းမသိခြင်းပင်။

ဘုန်း ဘုန်း …..။

မိုးကြိုးများသည် ဆက်တိုက် ပစ်ခတ်လျက် ရှိနေပြီး ဖြစ်တည်နေသည့် အားအင်ကလည်း ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ အလင်းတန်းများသည် ထပ်တလဲလဲ ဖြစ်တည်နေပြီး ပတ်ဝန်းကျင် တည်နေရာကြီးတစ်ခုလုံး ထိန်ထိန်လင်းနေ၏။ မိုးကြိုးရေကန်ကြီး ဖြစ်တည်နေသလိုပင်။

"အဲနားမှာကို သွားလိုက်"

ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ပဲ အမိန့်ပေးလိုက်၏။ အားကောင်းလှသော မိုးကြိုးဓာတ်သဘာဝများ တည်ရှိနေသည် ဆိုမှတော့ သူ၏ မိုးကြိုးတုတ်အားဖြည့်သွင်းပေးရမည်။

"ကောင်းပါပြီ"

မူလအားဖြင့် တည့်တည့်သွားနေသော ရွက်သင်္ဘောကြီးသည် ချက်ချင်းပဲ တည်နေရာပြောင်းကာဖြင့် လင်းလက်လျက် ရှိနေသော တည်နေရာကြီးဆီသို့ ရွက်လွင့်သွားသည်။

ဘုန်း ဘုန်း ဘုန်း

မိုးကြိုးပစ်ခတ်မှုများသည် တည်နေရာတစ်ခုလုံးကို သက်ရောက်ပြီး စွမ်းအင်လှိုင်းများသည် တဟုန်းဟုန်းနှင့် ထလို့နေ၏။ ပဲ့ခန်းထဲတွင် ရှိနေသည့် မည်သူမဆို ထိုအရာကို အာရုံစိုက်ကာ ကြည့်ရှုနေ၏။ တဖြည်းဖြည်းနှင့် အလင်းများသည် ပိုမိုကာ အားကောင်းလာခဲ့သည်။

"လူသားတစ်ယောက်လား"

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။

"ဒါ လူသားတစ်ယောက်ပဲ"

ပဲ့ခန်းထဲတွင် ရှိနေသည့် တပည့်များသည်လည်း ထိုတလက်လက်တောက် တောက်ပနေသော အရာကြီးကို မြင်နေရ၏။ ပုံရိပ်တစ်ခုသည် တဖြည်းဖြည်းခြင်း ဖြစ်တည်နေ၏။ ၎င်းသည် နေရာအနှံ့မှ ပစ်လွှတ်လာသည့် မိုးကြိုးပေါင်းများစွာကို ခံယူနေသည့် ပုံစံမျိုးပင်။

"ဒီလောက်ကြမ်းတမ်းလှတဲ့ မိုးကြိုးတွေကြားမှာ ရပ်နေနိုင်တယ် ဆိုတော့ သူ့ရဲ့ အားအင်အဆင့်က သာမန်ထက်ပိုရမယ်။" စနစ်က ခန့်မှန်းလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ပြိုင်စံရှားဂိုဏ်းက ဒီလိုပါရမီရှင်မျိုးကို လိုအပ်နေတာပဲ"

"ကောင်းပြီ"

စနစ်က ပြောလိုက်သည်။ "ထာဝရလောကကြီးဖန်တီးပြီးကတည်းက လက်ခံသူ ကိုယ့်ကိုယ်ကျိုးအတွက် သုံးဖို့ ပါရမီရှင်တွေ လိုက်ခေါ်နေတယ်ဆိုတာ ငါသိတယ်"

"မဟုတ်ဘူး"

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းက ထအော်လိုက်၏။ "ဒါက လူသားမဟုတ်ဘူး"

ထာဝရရွက်သင်္ဘောကြီးသည် တဖြည်းဖြည်းနှင့် နီးကပ်လာ၏။ မိုးကြိုးပေါင်းများစွာ၏ ပစ်ခတ်မှုကို ခံယူနေချက်ရှိသည့် လူသည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင် ဖြစ်တည်နေပုံ ပေါ်နေ၏။

"ဖြစ်နိုင်တာ"

ထူးဆန်းသည့် အရာကို စူးစိုက်ကြည့်နေသည့် ကုကျောင်းရှစ်သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်သည်။ "မိုးကြိုးငါးပါး စိတ်ဝိညာဉ်လား"

ပြန်လည်မွေးဖွားလာပြီးနောက် သူ၏မိဘများကို ပြန်လည်မွေးဖွားခြင်း စိတ်ဝိညာဉ်အကြောင်း ဝန်ခံခဲ့၏။ ပြီးသည့်နောက် သူသည် သူ၏အဖေ ကုထျန်းရှင်းဆီမှ မိုးကြိုးငါးပါး စိတ်ဝိညာဉ်အကြောင်းကို သိရှိခဲ့ရသည်။ စကြဝဠာ ပတ်လမ်းကြောင်းထဲတွင် စိတ်ဝိညာဉ်သုံးဆယ့်နှစ်မျိုး တည်ရှိကြောင်း သူ သိရှိခဲ့၏။

ဤမိုးကြိုးငါးပါး စိတ်ဝိညာဉ်သည် ထူးခြားလွန်းလှပြီး အထက်စကြာဝဠာ ပတ်လမ်းကြောင်းနှင့် အောက်စကြာဝဠာ ပတ်လမ်းကြောင်းတို့တွင် လှည့်လည် သွားလာနေတတ်သည်ဆိုသော်လည်း ၎င်းကို ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်ချေ။ ထို့အတူ အမွေဆက်ခံရရှိသော လူများသည် ကြီးမားသည့် ကံကောင်းခြင်းကို ပိုင်ဆိုင်ပေလိမ့်မည်။

"မိုးကြိုးငါးပါး စိတ်ဝိညာဉ်ဟုတ်လား"

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ဝင်းလက်သွား၏။ ပထမတုန်းက သူသည် မိုးကြိုးတုတ်ကို အားဖြည့်သွင်းချင်မိ၏။ ပြီးသည့်နောက် ကျွမ်းကျင်သူတစ်ယောက်ကို ဂိုဏ်းသားအဖြစ် ခေါ်ယူချင်မိ၏။ သို့ပေမဲ့ ရုတ်တရက် ထိုအရာသည် ထူးခြားလှသည့် မိုးကြိုးငါးပါး စိတ်ဝိညာဉ်တစ်ကောင် ဖြစ်လို့နေလေသည်။

ဘုန်း ဘုန်း

မိုးကြိုးငါးပါး စိတ်ဝိညာဉ် တည်ရှိနေသည့် နေရာ၌ မိုးကြိုးငါးပါး စိတ်ဝိညာဉ်သည် စမ်းရေထဲတွင် ရေစိမ်နေသကဲ့သို့ပင် သက်သောင့်သက်သာနှင့် ရှိလို့နေ၏။ ရုတ်တရက် သူရှိရာဆီသို့ ပျံသန်းလာသည့် ရွက်သင်္ဘောကြီးကို မြင်ရသည့် အခါမှာတော့ အလျင်အမြန်ပဲ ထွက်ပြေးတော့သည်။

"သူ့နောက်ကို လိုက် "

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

"မလွတ်သွားစေနဲ့"

ပြေနေတုန်းမှာပဲ သူသည် စပီကာကြီးကို ထုတ်ကာ အော်ဟစ်လိုက်၏။ “မပြေးနဲ့ ။ ပြည်သူ့ရဲတွေ ဝိုင်းထားပြီးပြီ။”

All Chapters