← Chapters

အခန်း ၁၇၇၅

Vol. 119 Ch. 1775

အခန်း ၁၇၇၅

Vol. 119 Ch. 1775

အပိုင်း (၁၇၇၅)

မိုးကြိုးငါးပါးစိတ်ဝိညာဉ်သည် အလွန်ပင် လည်လွန်းလှ၏။ သင်္ဘောတစ်စင်း ချဉ်းကပ်လာသည်ကို မြင်ရ သည့် အချိန်မှာတော့ ချက်ခြင်းပင် ထွက်ကာပြေးလေ၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့သော စိတ်ဝိညာဉ်မျိုးစေ့မျိုးကို အဘယ်သို့ လက်လွှတ်ခံမည်နည်း။ ချက်ချင်းပဲ သူ၏တပည့်များကို အမိန့်ပေးကာဖြင့် အရှိန်မြှင့်တင်ကာ လိုက်ဖမ်းရန်ပြောဆိုခဲ့သည်။

သူ့အနေနှင့် လူသားပုံစံဖြစ်နေသော စိတ်ဝိညာဉ်မျိုးစေ့ကို ကျိန်းသေပေါက် မိအောင်ဖမ်းရပေလိမ့်မည်။ သူ့၌ မီးစိတ်ဝိညာဉ်နှင့် မိစ္ဆာစိတ်ဝိညာဉ်တို့တည်ရှိနေသည်။ ဤအတောအတွင်း များပြားလှသည့်သန့်စင်မှုမျိုးကို ပြုလုပ်ပြီးသည်နောက် သူသည် ပိုမိုကာအားကောင်းလာခဲ့၏။ ထို့ကြောင့် မိုးကြိုးငါးပါးစိတ်ဝိညာဉ်ကိုသာ ပေါင်းစပ်နိုင်ပါက သူ၏ အားအင်အဆင့်သည် ကျိန်းသေပေါက် တိုးတက်သွားမှာ သေချာ၏။

ဆွစ်

ထာဝရရွက်သင်္ဘောကြီးသည် အမြီးပင်မမြင်နိုင်တော့သည်အထိ လျှင်မြန်သောနှုန်းထားဖြင့် အနောက်မှ လိုက်လေ၏။ စိတ်ဝိညာဉ်မျိုးစေ့ကို ရရှိရန်အလို့ငှာ ကျွင်းချောင်ရှောင်းသည် အမြန်ဆုံးနှုန်းကို တိုက်ရိုက် ဆိုသလိုအသုံးပြုခဲ့၏ ထို့ကြောင့် ပထမတန်းစား စိတ်ဝိညာဉ်ကျောက်တုံးများသည် လောင်စာအဖြစ် ဖြစ်တည်ကုန်တော့သည်။

ဘုန်း ဘုန်း

မိုးကြိုးနှင့် လျှပ်စီးများသည် စကြဝဠာအတားအဆီးကို ထိမှန်ပြီးသည့်နောက် ပိုမိုကာကျယ်လောင်လာခဲ့၏။ ယုတ္တိဗေဒအရ ပြောရမည်ဆိုလျှင် တစ်စုံတစ်ယောက်အနေနှင့် ဘဝတစ်သက်တာလုံး၌ မိုးကြိုးတစ်ကြိမ် အပစ်ခံရဖို့ ဆိုသည်မှာ ဖြစ်နိုင်ချေအလွန်နိမ့်ပါး၏။ သို့ပေမဲ့ ထာဝရရွက်သင်္ဘောကြီးသည် အလွန်ပင် တောက်ပလွန်းလှ၏။ ထို့ကြောင့်ပင်လျှင် မိုးကြိုးများအပစ်ခံနေရသည်လား မသိချေ။ တဘုန်းဘုန်းနှင့် ထိမှန်လျက် ရှိ၏။

“ပြည်သူ့ရဲတွေ ဝိုင်းထားပြီးပြီ။ မပြေးနဲ့တော့” ကျယ်လောင်လွန်းလှသော စပီကာဆီမှ အသံကြီးသည် စကြဝဠာ၏ အတားအဆီးထဲတွင် ပျံ့နှံ့လျက်ရှိနေလေသည်။

ဆွစ် .....။

မိုးကြိုးငါးပါးစိတ်ဝိညာဉ်သည် ပိုမိုမြန်ဆန်စွာဖြင့် ပြေးနေ၏။ လက်ရှိအခြေအနေကိုကြည့်ရှုရမည်ဆိုလျှင် ၎င်း၏ နောက်တွင် လိုက်ဖမ်းနေသော အလင်းတန်းများ ရှိနေပြီး အလွန်ပင်ရယ်မောချင်စရာကောင်း၏။

“အစ်ကိုကြီး”

ကုကျောင်းရှစ်က ပြောလိုက်သည် “ဒီစိတ်ဝိညာဉ်က စကြဝဠာရဲ့အသိဉာဏ်ကို ပိုင်ဆိုင်တယ်လို့ ကျုပ်အဖေက ပြောဖူးတယ်လေ။ ကံကြမ္မာရေစက်ကို ပိုင်ဆိုင်သူသာလျှင် အမွေဆက်ခံနိုင်တယ်တဲ့။ သူနဲ့ ပေါင်းစပ်ဖို့ဆိုတာ အရမ်းခက်ခဲမယ်”

သူသည် ကျွင်းချောင်ရှောင်းကို လက်လျှော့ပေးရန် ဖျောင်းဖျနေခြင်း ဖြစ်၏ ထို့ပြင် အတင်း ခူးဆွတ်ထားသော ဖရဲသီးသည် ချိုမြိန်လိမ့်မည်မဟုတ်ချေ၊

သို့ပေမဲ့ ကုန်းရှန့်၏အထင်အရဆိုလျှင် မချိုမြိန်ရင်တောင်မှ ရေငတ်တော့ပြေသေး၏။ လက်ရှိအခြေအနေ မှာတော့ ဖြစ်တည်မွေးဖွားလာခဲ့သည့် စိတ်ဝိညာဉ်မျိုးစေ့သည် ပိုင်ရှင်မဲ့ဖြစ်နေ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် မည်မျှပင်ကြိုးစားရမည်ဆိုဆို ကျိန်းသေပေါက် လိုက်လံကာ ဖမ်းဆီးပေးရမည်။

သို့ပေမဲ့ ပြဿနာရှိနေသည်မှာ သူဖမ်းဆီးနိုင်မည်လား သို့မဟုတ် ပေါင်းစပ်နိုင်မည်လားဆိုသည်ပင်။ လက်ရှိ အခြေအနေမှာတော့အလွန်တရာခက်ခဲလွန်းနေ၏။ အဘယ့်ကြောင့်ဆိုသော် ဤတည်နေရာကြီးတစ်ခုလုံး သည် အလွန်အားကောင်းလှသော မိုးကြိုး၏ ဓါတ်သဘာဝများ တည်ရှိနေ၏။ မိုးကြိုးငါးပါးစိတ်ဝိညာဉ်သည် ထိုတည်နေရာ၏ အကျိုးသက်ရောက်မှုကို အသုံးပြုပြီးသည့်နောက် ပိုမိုကာမြန်ဆန်လာခဲ့၏။ ၎င်းသည် နောက်မှ မည်သို့မျှလိုက်၍မဖမ်းဆီးနိုင်သော လျှပ်စီးတန်းကြီး တစ်ခုကဲ့သို့ပင် ထွက်ပြေးနေ၏။

“လိုက်ကြ လိုက်ကြ မလွတ်စေနဲ့”

ကျွင်းချောင်ရှောင်းသည် မိုးကြိုးငါးပါးစိတ်ဝိညာဉ်ကို ရရှိရန် စိတ်ဆုံးဖြတ်ချပြီးသားဖြစ်၏။ သူသည် ထိုအရာနှင့် ပေါင်းစပ်ရန် ကံကြမ္မာရေစက် မရှိဘူးဆိုလျှင်တောင်မှ လီချင်းယန်ကို ကြိုးစားခွင့်ပေးနိုင်၏။ လီချင်းယန် သည် မိုးကြိုးအပြစ်ပေးမှုခန္ဓာကိုယ်ကိုပိုင်ဆိုင်ပြီး သူ၏ပဋိညာဉ်သားရဲသည်ကလည်း မိုးကြိုးသားရဲပင် ဖြစ်သည်။

.......

တစ်လခန့်ကြာပြီးသည်နောက်မှာတော့ တိမ်ပြာစကြဝဠာ ပတ်လမ်းကြောင်းအတွင်း၌ မိုးကြိုးငါးပါး စိတ်ဝိညာဉ်သည် အလျှင်အမြန်နှင့်ပြေးလွှားလျက်ရှိသည်။ ၎င်း၏မျက်နှာကို သေသေချာချာမြင် တွေ့ရရန် ခက်ခဲလှသည်ဆိုသော်လည်း လက်ရှိအခြေအနေမှာတော့ လျှာကြီးထုတ်ကာပြေးလျက်ရှိနေသည့် ပုံစံပင်။ ထို့အပြင် ရက်ပေါင်းများစွာ မနေမနားဖြင့် ပြေးလွှားနေရသည်မဟုတ်ပါလား။

ဆွစ်

နောက်မှ လိုက်ပါလာနေသည့် အလင်းတန်းသည်လည်း ထပ်ကြပ်မကွာပင်။

ဆွစ်

ထာဝရရွက်သင်္ဘောကြီး၏ ပဲ့ခန်းထဲတွင် ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် သွေးကဲ့သို့ပင် နီရဲလျက်ရှိနေတော့၏။ ၎င်းသည် အလွန်ခြောက်ကပ်သည့် အော်သံကြီးဖြင့် အော်ဟစ်လိုက်၏။

“ဖမ်း... ငါတို့ ကျိန်းသေပေါက် ဖမ်းရမယ်”

........

တစ်လကျော်အတွင်း ထာဝရရွက်သင်္ဘောကြီးသည် အမြန်ဆုံးနှုန်းနှင့် ပျံသန်းလာခဲ့ရ၏။ ထို့ကြောင့် ပထမအဆင့် မီးကျောက် အရေအတွက်ပေါင်းများစွာ ကုန်ဆုံးခဲ့ရ၏။ ပြောရမည်ဆိုလျှင် သူ့အနေနှင့် ဤမျှ များပြားလှသော လောင်စာများကို ကုန်ဆုံးသွားခဲ့ခြင်းအတွက် ရူးသွပ်တော့မလိုပင်ဖြစ်လို့နေသည်။

“ရပ်သွားပြီပဲ”

ကုကျောင်းရှစ်က လှမ်းအော်လိုက်၏။ “ဒီကောင် ရပ်သွားပြီ”

အပြင်ဘက်တွင်တော့ မိုးကြိုးငါးပါးစိတ်ဝိညာဉ်သည် တဖြည်းဖြည်းအရှိန်လျော့ဆင်းလာ၏။ ပြီးနောက် သူသည် ဒူးပေါ်သို့လက်တင်ကာဖြင့် ခန္ဓာကိုယ်ကိုကုန်းကာ မနည်းပင်အသက်ရှူနေရသည်။

“လိုက်... လိုက်” ကျွင်းချောင်ရှောင်းသည် အက်ကွဲနေသည့် အသံကြီးနှင့် အော်ဟစ်လိုက်၏။ ထာဝရ ရွက်သင်္ဘောကြီးသည် ၎င်း၏ မီးကျောက်စွမ်းအင်များကို သုံးစွဲပြီးသည့်နောက် ရှေ့ဆီသို့ လျှင်လျှင်မြန်မြန် ထွက်ပေါ်လာ၏။ ပြီးသည့်နောက် မိုးကြိုးငါးပါးစိတ်ဝိညာဉ်၏ အနီးအနားတွင် ရပ်တန့်လိုက်၏။

ဖြောက်

ပဲ့ခန်း၏ တံခါးသည် ပွင့်သွားခဲ့သည်။ ကျွင်းချောင်ရှောင်းသည် သွေးကဲ့သို့ နီရဲလျက်ရှိနေသည့် မျက်လုံးအစုံနှင့်အတူ ပျံသန်းထွက်ခွာလာ၏။ ၎င်း၏ အစစ်အမှန်ကျန်းချီများသည် ကြီးမားသည့် လက်ကြီးအဖြစ် ဖြစ်တည်လာသည်။ “ငါမင်းကို လိုက်ဖမ်းနိုင်ဖို့အတွက် ငွေဘယ်လောက်သုံးခဲ့ရလဲ သိလား”

ဘုတ် .....။

၎င်း၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ အဘယ်ကြောင့်ဆိုသော လေထုထဲတွင် သာမာန်ထက်ပိုသော အရည်အသွေးနှင့် ရွက်သင်္ဘောများသည် ပေါ်ပေါက်လာခဲ့ပြီး မြန်မြန်ဆန်ဆန်နှင့် ထာဝရရွက်သင်္ဘောကြီးကို ဝိုင်းပတ်ထားလိုက်၏။ စုစုပေါင်း ရွက်သင်္ဘောပေါင်း ငါးဆယ်နီးပါးခန့်ပင်ရှိသည်။ အရှေ့မှ ဦးဆောင်လာသည့် ရွက်သင်္ဘောကြီးသည် အရိုးခြောက်ပုံစံ ရေးထိုးထားသည့်အလံကြီးတစ်ခုကို စိုက်ထူထား၏။

“ဓါးပြအုပ်စုလား”

ဟား ဟား ဟား

ရယ်မောသံကြီးတစ်ခုသည် အဓိက ရွက်သင်္ဘောဆီမှ ထွက်ပေါ်လာသည်။ “မင်းတို့ ဒီကို ရောက်လာဖို့အတွက် ငါ ငါးစာချခဲ့တာ။ ဒါ ဘယ်လောက်ကြာခဲ့ပြီလဲဆိုတာသိလား”

“ငါးစာချတာ ဟုတ်လား။ မျှားခေါ်တာလား”

ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကိုနားလည်သွားခဲ့၏။ ဒါဆိုရင် မိုးကြိုးငါးပါးစိတ်ဝိညာဉ်ကို ငါးစာအဖြစ် အသုံးပြုခဲ့တာမျိုးလား။

“မှန်တာပေါ့ကွ”

ထိုအသံပိုင်ရှင်က ပြောလိုက်သည်။ “ဒါက ငါးစာပဲ”

ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ တစ်ဖက်လူသည် သူ၏ အတွေးကို တကယ်ပဲကြားလို့နေခဲ့၏။

ဖြောက်

အဓိကရွက်သင်္ဘောကြီး၏ အောက်အခန်းတံခါးသည် ပွင့်သွား၏။ ပြီးသည့်နောက် သိုးမွှေးဝတ်စုံကို ဝတ်ဆင် ထားသည့် လူတစ်ယောက်သည် သူ့ကို နောက်ကျောပေးရပ်ကာဖြင့် လက်ကိုမြှောက်၍ လက်ဖျောက်ကို တီးလိုက်သည်။

ဖျောက်

သင်္ဘော၏ ပတ်ပတ်လည်တွင် ရှိနေသာ အလင်းတန်းများသည် ရုတ်တရက်ထွန်းလင်းတောက်ပလာ၏။

“.......”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ ရောက်ရောက်ချင်း ဤကဲ့သို့သော ပုံစံမျိုး ဖြင့် ထွက်လာသည်ဆိုတော့ မလွန်လွန်းဘူးလား။

“ကျုပ်ပဲ”

ထိုသူသည် သူ၏သိုးမွှေးဝတ်စုံကြီးကို အသာလှုပ်ခါကာဖြင့် ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်၏။ ၎င်း၏ ချောမောလှသော မျက်နှာတစ်ဝက်သည် ပေါ်ပေါက်လာသည်။ သူသည် ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ “တိမ်ပြာစကြဝဠာပတ်လမ်းကြောင်းထဲမှာ အားအကောင်းဆုံးသော ဓါးပြခေါင်းဆောင် သမ့်မူဟန်၊ သမ့်မူဟန်ပဲ”

ဝိုး.......

အဓိကရွက်သင်္ဘောကြီး၏ နောက်ဘက်တွင်တော့ အော်ဟစ်အားပေးသံများ ပေါ်ပေါက်လာခဲ့တော့၏။ ရေတွက်လို့မရအောင် များပြားလှသော အသံပိုင်ရှင်များသည် ဆက်တိုက်ဆိုသလို အော်ဟစ်နေသည်။

“ခေါင်းဆောင် သမ့်မူ၊ စကြဝဠာထဲမှာ အားအကောင်းဆုံး”

“ခေါင်းဆောင်သမ့်မူ၊ စကြဝဠာထဲမှာ အတော်ဆုံး”

ဖောက်

သမ့်မူဟန်သည် လက်ခုပ်တစ်ချက်တီးကာ အသာလှည့်လိုက်သည်။ ကျွင်းချောင်ရှောင်းသည် မရယ်ဘဲ မနေနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် သမ့်မူဟန်၏ မျက်နှာတစ်ပိုင်းသည် ယောကျာ်းဖြစ်ပြီး အခြားသော တစ်ပိုင်းမှာ မိန်းမဖြစ်လို့နေခဲ့၏။ ဤအရာသည် သူထင်မှတ်ထားသည်နှင့် အလုံးစုံကွာခြားလို့ နေ၏။

“မင်း ငါ့ကို ဘာလို့ရယ်တာလဲ”

“မဟုတ်ဘူး။ မဟုတ်ဘူး။ ကျုပ် ခင်ဗျားကို ရယ်ချင်လို့မဟုတ်ပါဘူး”

“ဒါပေမဲ့ မင်းငါ့ကို အခု ကြည့်ပြီး ရယ်နေတယ်လေ” သမ့်မူဟန်သည် အော်ဟစ်လိုက်သည်။

ကျွင်းချောင်ရှောင်းသည် သူ၏အမူအယာကို လေးနက်တည်ကြည်သည့်ပုံစံမျိုးဖြစ်အောင် မနည်းကြိုးစား လိုက်၏။ “အင်း လိင်နဲ့ အသွင်အပြင်ပုံစံဆိုတာ မိဘကပေးခဲ့တာလေ။ ဒါကို ပြောင်းလဲလို့မရဘူး။ ကျုပ်နားလည်ပါတယ် .... ခွီး....... ခွီး”

သူသည် မည်သို့မျှမနေနိုင်ဘဲ ပါးစပ်ကို လက်နှင့်အုပ်ကာဖြင့် ထပ်မံရယ်မောလိုက်မိ၏။

“ကောင်လေး”

သမ့်မူဟန်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အံကြိတ်လိုက်၏။ “မင်းရဲ့ အပြုအမူက ငါ့ကိုစော်ကားနေတာပဲ။ ဒီတော့ မင်းရဲ့အမှားအယွင်းအတွက် မင်းရဲ့အသက်ကို ပေးဆပ်ရ လိမ့်မယ်”

တစ်ဖက်လူ၏ ဘယ်ဘက်လက်သည် ကြမ်းထော်လျက်ရှိနေပြီး ညာဘက်လက်မှာတော့ အလွန်ပင် သွယ်လျ လျှက်ရှိနေသည်။ ထို့ပြင် ခန္ဓာကိုယ်တစ်ခုလုံးကလည်း ယောကျာ်းတစ်ဝက်၊ မိန်းမတစ်ဝက် ဖြစ်လို့နေ၏။ ဤအရာသည် ခန္ဓာကိုယ်တစ်ခုတည်း၌ ကွာခြားသည့် ဓာတ်သဘာဝများ တည်ရှိနေသည့်သဘောပင်။ သို့ပေမဲ့ ဤကဲ့သို့သောပုံပန်းသွင်ပြင်မျိုးကိုကြည့်ပြီး မရယ်ချင်တဲ့သူဟူ၍ မည်သူက ရှိမည်နည်း။

“ဟုတ်ပြီ”

သမ့်မူဟန်က အေးစက်စက် ပြောလိုက်၏။ “ငါ မင်းကို ဖြည်းဖြည်းချင်းသေစေမယ်။ ပြီးတော့ မင်းခန္ဓာကိုယ်ရဲ့သွေးတစ်စက်ချင်းစီတိုင်းကို ဖောက်ထုတ်မယ်”

သူ၏အမူအယာများသည် လေးနက်သွားသည်။ “ဒါမှ ငါ့ရဲ့နှလုံးသားထဲမှာ ဖြစ်တည်လာတဲ့ အမုန်းတရားတွေ အားလုံးက ဖြေလျော့နိုင်မှာပဲ”

“ခင်ဗျားက အရူးလား” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။

“ဟုတ်တယ်… မင်းခန့်မှန်းတာအမှန်ပဲ”

သမ့်မူဟန်သည် သူ၏မျက်နှာကို အရှေ့ဆီသို့အသာတိုးကာဖြင့် မျက်လုံးအပြူးသားဖြင့် အားရပါးရ အော်ဟစ်လိုက်၏။ “မင်းခန့်မှန်းတာမှန်တယ်။ ငါက အရူးပဲ”

ဆွစ်

ထူးဆန်းလှသည့်အော်ရာများသည် ၎င်း၏ ခန္ဓာကိုယ်မှထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဝါမျိုးဖြစ်တည်လာသည်။

ဝှစ်

တစ်ချိန်တည်းမှပဲ အသက်ကို မနည်းပြန်ရှူနေရသည့် မိုးကြိုးငါးပါးစိတ်ဝိညာဉ်သည် သမ့်မူဟန်၏ အနောက်ဆီသို့ ပျံသန်းရောက်ရှိလာ၏။ ၎င်းသည် ကြောက်ရွံ့နေသည့်ပုံပန်းသွင်ပြင်မျိုးဖြင့် ဦးခေါင်းကို ငုံ့ကာ မတ်မတ်ရပ်လျက်ရှိသည်။ ကြည့်ရှုရသည်မှာ အလွန်လိမ္မာလွန်းလှသော အစေခံကျေးကျွန် တစ်ကောင်လိုပဲ။

မဟုတ်သေးဘူး။

ကျွင်းချောင်ရှောင်းက တွေးလိုက်မိ၏။ ဒီစိတ်ဝိညာဉ်မျိုးစေ့က သူနဲ့ ပေါင်းစပ်ရသေးတာ မဟုတ်ဘူးပဲ

ဟား ဟား

သမ့်မူဟန်သည် ထူးဆန်းစွာဖြင့် ရယ်မောလိုက်ပြန်သည်။ “မင်းခန့်မှန်းတာ ထပ်ပြီး မှန်ပြန်ပြီ။ ဒီလိုမျိုး မိုးကြိုးငါးပါးစိတ်ဝိညာဉ် အမျိုးအစားဆိုတာ ငါလို ဉာဏ်ပညာ ရှိပြီး အားကောင်းတဲ့လူတစ်ယောက်နဲ့ ပေါင်းစပ်ဖို့ အရည်အသွေး ဘယ်လိုလုပ်ရှိမှာလဲ”

“...... “

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် လက်မထောင်ပြကာ ပြောလိုက်၏။ “အင်း… ဟန်ထုတ်ကြွားဝါတဲ့နေရာမှာ ခင်ဗျားက ကျုပ်ထက်ပိုပြီးတော်တယ်”

All Chapters