အခန်း ၁၇၇၇
Vol. 119 Ch. 1777
အပိုင်း (၁၇၇၇)
သူတစ်လလုံးလုံး အနောက်မှ လိုက်ခဲ့ရသည့် မိုးကြိုးငါးပါး စိတ်ဝိညာဉ်သည် တခြားသူများ ငါးစာအဖြစ် အသုံးပြု ထားသည့်အရာဖြစ်ကြောင်း သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အစစ်အမှန်ပင် ဒေါသထွက်လျက် ရှိသည်။ ဂိုဏ်း၏တပည့်များသည် သူ၏ရတနာများဖြစ်၏။ ထို့အတူ ထိုရတနာများ သုံးစွဲရန်အတွက် တည်ရှိနေ သည့် အရင်းအမြစ်များကို ထုတ်ဖော်ကာ အသုံးပြုရခြင်းဆိုသည်မှာလည်း သူ၏သွေးများကို ထုတ်ဖော်ကာ အသုံးပြုလိုက်ခြင်းနှင့်ဆင်တူ၏။
ယခု ပထမတန်းစားမီးကျောက်များသည် များပြားလှသည့် ပမာဏအဖြစ် ကုန်ခမ်းသွားခဲ့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် နတ်ဆိုးတစ်ပါးကဲ့သို့ အသွင်ပြောင်းသွားခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်ခဲ့ချေ။ သူသည် ချက်ချင်းဆိုသလိုပဲ နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ထုတ်ကာဖြင့် တစ်ဖက်လူ၏ ရွက်သင်္ဘောများအား ပန်းသီးတစ်လုံးကဲ့သို့ပင် ပိုင်းဖြတ်ခဲ့တော့သည်။
“ငါ့.. ငါ့... ငါ့ရွက်သင်္ဘော”
များပြားလွန်းလှသော ငွေကြေးပမာဏများ အသုံးပြုကာဖြင့် ဝယ်ယူထားခဲ့သော သူ၏ ရွက်သင်္ဘောကြီး ထက်ပိုင်းပြတ်သွားခဲ့သည်ကို မြင်ရသည့်အချိန်မှာတော့ သမ့်မူဟိုင်၏ ယင်ယန်မျက်နှာသည် ရှုံ့တွလျက်ရှိနေ၏။ ဘူးသီးလုံးလောက်ရှိသော မျက်ရည်များသည် တတောက်တောက်နှင့် ကျဆင်းလျက် ရှိနေ၏။ ဤမျက်ရည်များထဲတွင် အတိတ်၏ မှတ်ဉာဏ်များလည်း ပါဝင်လျက်ရှိ၏။
“ကောင်လေး... မင်းရဲ့အိမ်မက်က ဘာလဲ”
“ပင်လယ်ဓားပြတစ်ယောက်ဖြစ်လာဖို့။ စကြဝဠာကြီး တစ်ခုလုံးကို အုပ်စိုးပြီးတော့ လူတွေအားလုံးက ဓားပြကြီး သမ့်မူဟိုင်ဆိုတဲ့ နာမည်ကို မှတ်မိနေရမယ်”
ဤအရာသည် ဟိုးငယ်ငယ်တုန်းက သမ့်မူဟိုင် ပြောဆိုခဲ့သည့် အရာပင်ဖြစ်၏။ ထို့ကြောင့်ပင်လျှင် သူသည် ပြင်းပြင်းထန်ထန်နှင့် အလုပ်ကြိုးစားခဲ့ပြီး အရွယ်ရောက်သည့် အချိန်၌ ပထမဦးဆုံး ဤရွက်သင်္ဘောကြီးကို ဝယ်ယူနိုင်ခဲ့တော့သည်။ ပြီးနောက် ဓားပြတစ်ယောက်အဖြစ် သူ၏ အသက်မွေးဝမ်းကျောင်းကို စတင် တော့သည်။
မည်သူက ထင်မှတ်နေမည်နည်း။ သူသည် နောက်လိုက်များကို ခေါ်ယူပြီးသည့်နောက် ပထမဦးဆုံး ဓားပြတိုက်ရန် ကြိုးစားပြင်ဆင်ခဲ့သည့်အချိန်တွင် ကျွင်းချောင်ရှောင်းနှင့် လာရောက်ကာ တွေ့ဆုံခဲ့တော့၏။ ကျွင်းချောင်ရှောင်းဆိုသည်မှာ မည်သို့သောလူဖြစ်သနည်း။ တခြားသူများ၏ အိမ်မက်များကို ဖျက်ဆီးတတ်သည့် လူတစ်ယောက်ဖြစ်ပြီး အခန့်မသင့်ပါက ရှိရှိသမျှသော အရင်းအမြစ်များကို လုယူတတ်သောလူလည်း ဖြစ်နေ သေးသည်။
ဘုန်း ဘုန်း
တည်နေရာလှောင်ချိုင့်အတွင်းမှာတော့ ခရမ်းရောင်ဘုရင်နှင့် တခြားသောသူများသည် ရွက်သင်္ဘောကြီးကို ပြင်းပြင်းထန်ထန်နှင့် ထိုးနှက်လျက် ရှိနေ၏။ ရှိရှိသမျှသော စွမ်းအင်များ အားလုံးကို အသုံးပြုကာ တိုက်ခိုက် လိုက်သည့်အချိန်မှာတော့ ချုပ်နှောင်ခြင်းကို ခံထားရသည့် ရွက်သင်္ဘောများသည် တစ်စစီ ကျိုးပြတ်ကုန်ကြ၏။
အားကောင်းလှသည့် လူတစ်စု၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရသည့်အချိန်မှာတော့ ဓားပြ အဖွဲ့၏ အိမ်မက်နှင့် စိတ်ကူးများအားလုံးသည် တစစီ ပြိုကွဲကုန်သည်။
အား....
သမ့်မူဟိုင်သည် မျက်ရည်အရွဲသားဖြင့် အော်ဟစ်လျက် ရှိနေသည်။ အလွန်အားကောင်းလှသော စွမ်းအင်လှိုင်းများ သည် သူ၏ခန္ဓာကိုယ်ထဲ၌ ဆူဝေကာ ဖြစ်တည်နေခဲ့၏။ သူသည် တူကြီးနှစ်လက်ကို အသာမြှောက်ကာဖြင့် အော်ဟစ်လိုက်၏။ “ငါ့ရဲ့ သင်္ဘောကို ဖျက်ဆီးတဲ့လူတွေ အကုန်လုံး သေကြကွာ”
ဘုန်း
ကျွင်းချောင်ရှောင်းသည် ချက်ချင်း သူ၏ရှေ့၌ ပေါ်ပေါက်လာခဲ့၏။ သူသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ကိုင်ဆောင်ကာဖြင့် တစ်ဖက်လူ၏ ဝမ်းဗိုက်ထဲသို့ ထိုးထည့်လိုက်၏။ အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းများ သည် ဖြစ်တည်လျက် ရှိနေပြီး တစ်ဖက်လူသည် ထိုအားအဟုန်ကြောင့် အနောက်ခပ်လှမ်းလှမ်းဆီသို့ပင် လွှင့်စင် သွားသည်။
“အဓိပ္ပာယ် မရှိတာ”
.....
ရွှီး ရွှီး
နက်မှောင်နေသည့် ပတ်ဝန်းကျင် တည်နေရာကြီးထဲတွင် အလင်းများ ရုတ်တရက် ထွန်းတောက်လာခဲ့သည်။ အားရာ၊ ကျိုးဒူဒူနှင့် တိုင်လုတို့သည် အပြစ်ကင်းစင်လှသော အပြုံးများကို ပြုံးကာ ရပ်တန့်လျက် ရှိနေ၏။ ၎င်းတို့၏ အရှေ့တွင်တော့ သတိလစ် မေ့မျောနေသည့် သမ့်မူဟိုင် က တည်ရှိနေ၏။ တစ်ဖက်လူသည် ရင်ဘတ်ကို ဓားနှင့်ထိုးသွင်းခြင်းကို ခံထားရသောကြောင့် ခန္ဓာကိုယ်ထဲတွင် ရှိနေသော မရီဒန်များ အားလုံးသည် ဖျက်ဆီးခံထားရ၏။
“အဆင်သင့်ပဲလား”
“အဆင်သင့်ပဲ”
“လုပ်လိုက်ကြရအောင်”
ဟူး ဟူး
၎င်းတို့၏ လှုပ်ရှားမှုကို ကြည့်ရှုရမည်ဆိုလျှင် အနည်းငယ် တုန့်ဆိုင်းဆိုင်း ဖြစ်လို့နေသည်။ မတတ်နိုင်ချေ။ ထျန်းယွမ် အကျဉ်းထောင်စေတီထဲသို့ အကျဉ်းသား မရောက်လာသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်၏။ ထို့ကြောင့် ၎င်းတို့ သုံးယောက်လုံးသည် တစ်နေကုန်၊ တစ်နေခမ်းဆိုသလို အကျဉ်းသား ရောက်ရှိလာရန်သာ မျှော်လင့်နေမိ၏။ တကယ်တမ်း ရောက်ရှိလာသည့်အချိန်တွင်လည်း အလေ့အထ မရှိသောကြောင့် အနည်းငယ် နှောင့်နှေးမှုများ ဖြစ်လို့နေသည်။ မည်သို့ လုပ်ရမည်ကို သတိမေ့လျက်ပင် ရှိလို့နေသေးသည်။
“သူ့ကို နှိုးလိုက်တော့”
ဗွမ်း
ရေအေးအေး တစ်ခွက်သည် သမ်မူဟိုင်၏ ခေါင်းပေါ်သို့ ကျဆင်းလာ၏။ ချက်ချင်းပဲ တစ်ကိုယ်လုံး တုန်ခါသွား ခဲ့သည်။ ၎င်းသည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ ရုတ်တရက် စပ်ဖြီးဖြီး ဖြစ်နေသော မျက်နှာသုံးခုသည် သူ၏အမြင်ရှေ့တွင် ပေါ်ပေါက်လာ၏။ သူသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက် မိ၏။
“အား”
“ကြာပွတ်ပေး” အားရာသည် လက်ကို အသာဆန့်တန်းလိုက်သည်။
ကျိုးဒူဒူသည် အလျင်အမြန် ဆိုသလိုပဲ ကြာပွတ်ကို ကမ်းပေးလိုက်၏။ သူသည် ခွဲစိတ်ခန်းထဲသို့ဝင်မည့် ဆရာဝန် ကြီးတစ်ယောက်၏ ဘေးတွင် ကူညီပေးလျက်ရှိနေသော ဆရာဝန်ပေါက်စ တစ်ယောက်ကဲ့သို့ပင်။
ဖြောင်း
အားရာသည် လေဟာနယ်ထဲသို့ ကြာပွတ်ကို ဝှေ့ယမ်းလိုက်၏။ ကြာပွတ်၏ အသံသည် တစ်စုံတစ်ယောက်၏ ဝိညာဉ်ထဲကို ထွင်းဖောက်သွားခဲ့သလိုပင်။ ကြားလိုက်ရသူတိုင်း၏ နှလုံးသားများပင်လျှင် တုန်ခါသွား၏။
“မင်း... မင်း.. မင်းဘာလုပ်ချင်တာလဲ” သမ့်မူဟိုင်သည် အားပျော့စွာဖြင့် မေးမြန်းလိုက်၏။ သူ၏ မျက်လုံးထဲတွင် တော့ ကြောက်လန့်သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့သည်။
“သခင်က ရှင့်ကို ဒီကိုပို့လိုက်တယ်”
အားရာသည် ရှေ့သို့ အသာလှမ်းလျှောက်သွားပြီးနောက် အပြစ်ကင်းစင်စွာ ပြုံးလိုက်၏။ “ဒါကြောင့် ကောင်းကောင်းမွန်မွန် ဆက်ဆံရမှာပေါ့”
ထျန်းယွမ်အကျဉ်းထောင်စေတီ၏ စိတ်ဝိညာဉ် ဖြစ်သည်နှင့်အညီ သူမ၏ အသွင်သဏ္ဍာန်သည် အချိန်ကြာမြင့်လာသည်ဆိုသော်လည်း မပြောင်းလဲခဲ့ချေ။ သို့ပေမဲ့ တဖြည်းဖြည်း ပိုမိုကာ ချစ်ဖို့ကောင်းလာခဲ့သည်။
“ကောင်လေး”
ကျိုးဒူဒူက ပြောလိုက်၏။ “မင်းကို နှိပ်နယ်ပေးဖို့ ဂိုဏ်းချုပ်က ခိုင်းထားတယ်လေ။ ဒီတော့ မိုးကြိုး ငါးပါးစိတ်ဝိညာဉ်ကို လွှဲပေးရင်ပေး၊ မဟုတ်ရင် မင်းဘဝတစ်ခုလုံး ဒုက္ခရောက်သွားလိမ့်မယ်”
လူပေါင်းများစွာ တို့ကို ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ခေါ်ဆောင်ကာဖြင့် ခြိမ်းခြောက်သည့်အလုပ်ကို ပြုလုပ်တတ်သည် ဖြစ်သောကြောင့် ကျိုးဒူဒူသည် အမှန်ပင် ကျွမ်းကျင်လို့ နေခဲ့သည်။
ဓားပြ အားလုံးကို ဖြေရှင်းပြီး အားလုံးသော သူများကို ချုပ်နှောင်ခဲ့သည်ဆိုသော်လည်း မိုးကြိုးငါးပါး စိတ်ဝိညာဉ်မှာတော့ ပျောက်ဆုံးလို့နေခဲ့သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဤအရာကို ကျိန်းသေပေါက် ရှာဖွေရမည်။ မဟုတ်ပါက သူ၏ ဒေါသတရားများသည် မည်သို့မှ ပျောက်ကွယ်နိုင်မည် မဟုတ်ဘဲ တစ်ဖက်လူကို သတ်ဖြတ်မိပေလိမ့်မည်။
“ဟမ့်”
သမ့်မူဟိုင်သည် အေးစက်စက် ပြောလိုက်၏။ “အိမ်မက်ထဲမှာပဲ ရမယ်”
၎င်းကို ကြည့်ရသည်မှာ စောဏတုန်းက ကြောက်လန့်တတ်သည့် လူတစ်ယောက်ဖြစ်သည်ဆိုသော်လည်း အကျဉ်းသားတစ်ယောက် ဖြစ်သည်ကို သိရှိပြီးသည့်နောက် ၎င်းသည် ခေါင်းကြောမာသည့် ဟန်ပန်မျိုးကို ထုတ်ဖော်ပြသနေသည်။
“ညီလေး”
တိုင်လုသည် အသာလျှောက်သွားပြီးသည့်နောက် တစ်ဖက်လူ၏ ပခုံးပေါ်သို့ လက်တင်လိုက်၏။ ပြီးနောက် အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်၏။ “ငါက မင်းထက်ပိုပြီးတော့ အကြောမာပါတယ်ဆိုတဲ့ လူတွေကို ကိုင်တွယ်လာတာလေ။ အဆုံးသတ်မှာတော့ အဲဒီမာပါတယ်ဆိုတဲ့ကောင်တွေ အကုန်လုံး ပျော့ကျသွားခဲ့တာပဲ”
“အားနာပါတယ်။ ကြောက်တယ်ဆိုတာ ဘာလဲ ငါမသိဘူး” သမ့်မူဟိုင်သည် ခက်ခက်ခဲခဲဖြင့် နှာခေါင်းကို ရှုံ့ပြ လိုက်သည်။
သို့ပေမဲ့ ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်သည် ၎င်း၏ ခန္ဓာကိုယ်ကို ရိုက်နှက်ခံရပြီးသည့်နောက် နာကျင်မှုသည် ၎င်း၏ ဝိညာဉ်အတွင်းပိုင်းသို့ပင် ထိုးနှက်ရောက်ရှိသွားကြောင်း သိရှိပြီးသည့်နောက် အလျင်အမြန်ပဲ ထကာ အော်ဟစ်လိုက်၏။ “ကျုပ် ပေးပါ့မယ်။ ပေးပါ့မယ်”
ကျိုးဒူဒူနှင့် တိုင်လုတို့သည် ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ “ငကြောက်”
.........
အားရာသည် စဦးအစမ်းပျိုးအနေနှင့် တစ်ချက်၊ နှစ်ချက်သာ ရိုက်ရသေး၏။ သို့ပေမဲ့ သမ့်မူဟိုင်သည် သူ၏ ဝိညာဉ်နာကျင်မှုကို မည်သို့မှ မခံနိုင်ချေ။ ချက်ချင်းဆိုသလိုပဲ ပူးပေါင်းပါဝင်ခဲ့တော့၏။ ထို့ကြောင့် ငကြောက် တစ်ယောက်ဟု ပြောဆိုရမည်ဆိုလျှင် မှန်ကန်ပေလိမ့်မည်။
ဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် နတ်ဘုရားလျှို့ဝှက်အဆင့်သို့ ခြေတစ်လှမ်း ဝင်ပြီးသား လူတစ်ယောက်ကိုပင်လျှင် ရင်ဆိုင်နိုင်နေ၏။ ဤရတနာ၏ အဆင့်သည် မည်မျှ မြင့်မားနေသနည်း။ အစစ်အမှန်တရားမှာတော့ မဟုတ်ချေ။ ဤကဲ့သို့ ပြုမူပြီး ရိုက်နှက်နေရသည့် အကြောင်းအရင်းသည် ကျွင်းချောင်ရှောင်းတစ်ယောက် တစ်ဖက်လူအား အပြင်းအထန် ဒဏ်ရာရရှိထားအောင် ပြုလုပ်ထားသောကြောင့်ပင်။
သမ့်မူဟိုင် မပြောနှင့် ကုထျန်းရှင်းကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်ပင်လျှင် ဤကဲ့သို့ ရိုက်နှက်ခံရပြီး အထဲသို့ ပို့ဆောင်လိုက်မည်ဆိုပါက ကျိန်းသေပေါက် ခံစားရပေမည်။ တစ်ဖက်လူသည် ပြည့်စုံသည် အန္နိမလမ်းစဉ်ကို လျှောက်လှမ်းပြီးသား လူတစ်ယောက် ဖြစ်သည်ဆိုလျှင်တော့ ဘာတစ်ခုမှ လုပ်၍ ရနိုင်မည် မဟုတ်ချေ။
“အင်း... ကျုပ်သိချင်တာ”
အကျဉ်းထောင်အတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် အိတ်ကပ်တစ်ခု အရွယ်အစား ဖြစ်နေသော မိုးကြိုးငါးပါးစိတ်ဝိညာဉ်ကို အသာကိုင်ကာဖြင့် ပြောလိုက်၏။ “ဒီပိုင်ရှင်မရှိတဲ့ စိတ်ဝိညာဉ်က ဘယ်လိုဖြစ်ပြီးတော့ ခင်ဗျားရဲ့အမိန့်ကို နားထောင်ရတာလဲ”
သမ့်မူဟိုင်သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူ၏ဂုဏ်သိက္ခာတရားကို ကာကွယ်ချင်မိသည်။ သို့ပေမဲ့ အားရာ တစ်ယောက် သူ့အား စူးစိုက်ကြည့်နေသည်ကို မြင်ရသည့်အချိန်မှာတော့ အလျင်အမြန်ပဲ ပြောလိုက်မိသည်။ “ဘာ... ဘာလို့လဲဆိုတော့ ကျုပ်က သူ့ရဲ့ အတွင်းစိတ်ထဲမှာရှိတဲ့ အရာတွေ အကုန်လုံးကို ကြားနိုင်လို့ပါ။ ဒါကြောင့် သူ့ရဲ့ အားနည်းချက်ကို ကောင်းကောင်းသိတယ်။ သူ့အနေနဲ့ ကျုပ်ရဲ့အမိန့်ကို နာခံဖို့ပဲ ရှိတော့တယ်လေ”
“ကျုပ် သိပြီ”
ကျွင်းချောင်ရှောင်းသည် ထပ်မံကာ မေးမြန်းလိုက်၏။ “ခင်ဗျား တကယ်ပဲ မိုးကြိုးငါးပါး စိတ်ဝိညာဉ် နဲ့ မပေါင်းစပ်ချင်ဘူးလား”
သမ့်မူဟိုင်သည် နာကျင်နေသည့်မျက်နှာဖြင့် ပြောလိုက်၏။ “ဒီစိတ်ဝိညာဉ်မျိုးစေ့က ကျယ်ပြောလှတဲ့ စကြဝဠာ ကြီးထဲမှာ သန့်စင်ခြင်း ခံထားရတာမို့ တကယ့်ကို ရှားပါးလှတဲ့ အခွင့်အရေး တစ်ခုပဲလေ။ ဒီအရာနဲ့ ပေါင်းစပ် ချင်တာ သဘာဝပဲလေ။ ဒါပေမဲ့ ကံဆိုးတာက”
“ခင်ဗျား မအောင်မြင်ခဲ့ဖူးပေါ့”
“...........”
“သူက ခင်ဗျားနဲ့ ပေါင်းစပ်ဖို့အတွက် ထိုက်တန်လှတဲ့ အရည်အချင်း မရှိတာ မဟုတ်ဘူး။ ဒါပေမဲ့ သူနဲ့ ပေါင်းစပ်ဖို့ အတွက် ထိုက်တန်တဲ့ အရည်အချင်း ခင်ဗျားမှာ မရှိတာပဲ” ကျွင်းချောင်ရှောင်းသည် အရွှမ်းဖောက်လိုက်သည်။
“အားရာ”
သူသည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “ဒီလူ့ကို သေချာ ဂရုစိုက်ထားလိုက်။ အနာဂတ်မှာ အသုံးဝင်လာလိမ့်မယ်”
သူ့အနေနှင့် သမ့်မူဟိုင်ကို သတ်ဖြတ်ရန် မရည်ရွယ်ခဲ့ချေ။ ချုပ်နှောင်ထားရန်သာ စဉ်းစားခဲ့၏။ ထို့အပြင် တခြားသောသူ၏ စိတ်ထဲတွင် ရှိနေသည့် အတွေးများကို နားထောင်နိုင်စွမ်းရှိသည်ဆိုမှတော့ အနာဂတ်တွင် ကျိန်းသေပေါက် အသုံးဝင်လာပေလိမ့်မည်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်း ထွက်ခွာသွားပြီးသည့်နောက် အားရာ၊ ကျိုးဒူဒူနှင့် တိုင်လုတို့သည် မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ရာကောင်းသည့် အပြုံးတစ်ခုပြုံးကာ ရှေ့သို့ တိုးလာခဲ့၏။
“မင်း... မင်းတို့.. မင်းတို့ ဘာလုပ်ချင်တာလဲ”
“ငြိမ်ငြိမ်နေ”
.............
“ဂိုဏ်းချုပ်”
လီချင်းယန်သည် စာကြည့်ခန်းထဲသို့ ရောက်ရှိလာခဲ့၏။ ပြီးနောက် မေးလိုက်သည်။ “ဘာကိစ္စရှိလို့ ခေါ်တာပါလဲ”
ကျွင်းချောင်ရှောင်းသည် ထိုင်ရန် အမူအရာကို ပြသလိုက်၏။ ပြီးနောက် သူ၏လက်ဝါးကို ဖွင့်ဟကာ လက်ပေါ်တွင် ရှိနေသည့် မိုးကြိုးငါးပါးစိတ်ဝိညာဉ်ကို ပြသလိုက်သည်။ သူက ပြောလိုက်၏။ “ဒါက စကြဝဠာထဲမှာ သန့်စင်ခြင်းကို ခံထားရတဲ့ မိုးကြိုးငါးပါးစိတ်ဝိညာဉ်ပဲ။ မင်းဆီမှာ မိုးကြိုးအပြစ်ပေးမှုခန္ဓာကိုယ် တည်ရှိပြီးတော့ မိုးကြိုးနဲ့ပတ်သက်တဲ့ ပဋိညာဉ်သားရဲကလည်း ရှိနေတယ်။ ဒီဟာနဲ့ ပေါင်းစပ်နိုင်မယ် ထင်တယ်”
“ဒါက” လီချင်းယန်က ကြောင်အသွားမိ၏။ မိုးကြိုးငါးပါးစိတ်ဝိညာဉ်ဆိုသည့် အကြောင်းကို သူ အစောကြီး ကတည်းက ကြားဖူးသိရှိပြီးသားဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ် သူ့အား ဤကဲ့သို့ ပေးလိမ့်မည်ဟု သူတစ်ခါမှ မထင်မှတ်ခဲ့ချေ။ ထို့အပြင် ဤအရာသည် စကြဝဠာကြီး တစ်ခုလုံးတွင် သုံးဆယ့်နှစ်မျိုးတည်းသာရှိသော စိတ်ဝိညာဉ် အမျိုးအစားထဲမှ တစ်ခုဖြစ်၏။ တကယ့်ကို ကောင်းမွန်လွန်းလှသည့် အခွင့်အရေးမျိုးပင်။
“ဂိုဏ်းချုပ်... တပည့်က အရမ်းကို ညံ့ဖျင်းတယ်လေ။ ဒီလို စိတ်ဝိညာဉ်အမျိုးအစားဆိုတာက တကယ့်ကို တော်လွန်းလှတဲ့ တာအိုရောင်းရင်းတွေ ရရှိသင့်တဲ့ အရာမျိုးပါပဲ”
အကယ်၍ စုရှောင်မိုသာ ဖြစ်သည်ဆိုပါက ဟန်ဆောင်ကာ လှည့်စားပြောဆိုနေခြင်း ဖြစ်ကြောင်း သိရှိပေလိမ့်မည်။ သို့ပေမဲ့ သူ၏ ဒုတိယတပည့်ကိုတော့ သူ အမှန်ပင် ယုံကြည်မိသည်။ တပည့်အဖြစ် လက်ခံစဉ်ကတည်းက တစ်ဖက်လူသည် ရယူလိုခြင်းအတွက် ဘာတစ်ခုမှ ပြောဆိုတတ်သည့် လူသားတစ်ယောက် မဟုတ်သည်ကို သူကောင်းကောင်း နားလည်သည်။
“အနာဂတ်မှာ စိတ်ဝိညာဉ်ခန္ဓာကိုယ်တွေ အများကြီး ရနိုင်သေးတယ်လေ”
ကျွင်းချောင်ရှောင်းသည် မိုးကြိုးငါးပါး စိတ်ဝိညာဉ်ကို အသာလှမ်းပစ်ပေးကာ ပြောလိုက်၏။ “ဒါက မင်းအတွက်ပဲ”
လီချင်းယန်သည် ချက်ချင်းပဲ ထိုအရာကို လှမ်းဖမ်းလိုက်၏။ ပြီးနောက် သေသေချာချာ ဆုံးဖြတ်ပြီးနောက် ပြောလိုက်သည်။ “ကျေးဇူးပါပဲ ဂိုဏ်းချုပ်”
“သွားတော့”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “သတင်းကောင်းကို ငါစောင့်နေမယ်”
“ဟုတ်ကဲ့ပါ”
လီချင်းယန်သည် မိုးကြိုးငါးပါး စိတ်ဝိညာဉ်ကို ယူဆောင်ကာဖြင့် ထွက်သွားခဲ့သည်။ ၎င်း၏ မျက်လုံးများထဲတွင် တိကျခိုင်မာသည့် စိတ်သဘောထားများဖြင့် ပြည့်နှက်နေခဲ့သည်။ “ဂိုဏ်းချုပ်ကို စိတ်မပျက် စေရပါဘူး”
“ဟင်း…”
ပြတင်းပေါက်၏ အရှေ့တွင် မတ်တပ်ရပ်လျက်ရှိသည့် ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မိုးကြိုးငါးပါး စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်တဲ့နေရာမှာ ငါမအောင်မြင်ခဲ့ဖူးပဲ။ ဒီတော့ ချင်းယန် အနေနဲ့ အောင်မြင်ဖို့ မျှော်လင့်မိတယ်”