← Chapters

အခန်း ၁၇၇၉

Vol. 120 Ch. 1779

အခန်း ၁၇၇၉

Vol. 120 Ch. 1779

အပိုင်း (၁၇၇၉)

လီချင်းယန်သည် နတ်ဘုရားလျှို့ဝှက်အဆင့်သို့ ခြေတစ်လှမ်း ဝင်ရောက်နိုင်သည့် အခွင့်အရေးကို အောင်မြင်စွာဖြင့် ရရှိခဲ့၏။ ထိုအရာသည် မိုးကြိုးငါးပါးစိတ်ဝိညာဉ်နှင့် ပေါင်းစပ်လိုက်သောကြောင့်ပင်။ အဆင့်ချိုးဖြတ် ပြီးသည့်နောက် သူသည် သူနှင့်စေ့စပ်ထားသည့် မိန်းကလေးကို အသာဆွဲခေါ်ကာဖြင့် စုရှောင်မိုပင် မပြုလုပ်ရဲ သည့် လူမြင်ကွင်းတွင် နမ်းရှိုက်ခြင်းကိုပင် ပြုလုပ်ခဲ့၏။

စစ်မှန်သော ယောက်ျားတစ်ယောက်သည် ဤကဲ့သို့ ကဗျာဆန်လှသည့် မြင်ကွင်းကို ပြုလုပ်ရဲရပေမည်။ စုရှောင်မို သည် အထင်ကြီးသွားခဲ့မိသည်။ စုရှောင်မိုသည် အချစ်ရေး၊ အချစ်ရာနှင့်ပတ်သက်လျှင် ဂုဏ်ယူရလောက်သည့် လူတစ်ယောက်ပင်။ သို့ပေမဲ့ လီချင်းယန်သည် ပိုမိုကာ အစွမ်းပြလျက်ရှိနေ၏။ နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းမှာတော့ အမှိုက်တစ်စကဲ့သို့ပင်။

“ဒုတိယစီနီယာအစ်ကိုက တကယ့်ကို မိုက်တယ်”

“ဒုတိယစီနီယာအစ်ကိုက တကယ့်ကို မိုက်တယ်”

ပြိုင်စံရှားဂိုဏ်းထဲတွင် ရှိနေသော တပည့်များ၏ ချီးကျူးသံသည် ကျယ်လောင်စွာထွက်ပေါ်လာခဲ့ကြသည်။ ၎င်းတို့သည် နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့်သို့ ခြေတစ်လှမ်း လှမ်းနိုင်ခဲ့သည့် လီချင်းယန်အား မနာလိုမဖြစ်ရုံသာမက ၎င်းအတွက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဖြစ်လျက်ရှိနေသေး၏။ ဤအရာသည် ပြိုင်စံရှားဂိုဏ်းသာ ဖြစ်သည်။ မည်သည့်မနာလိုမှုမှ မရှိဘဲ ဂိုဏ်းတူရောင်းရင်းတစ်ယောက် အဆင့် ချိုးဖြတ်နိုင်မှုကို ဂုဏ်ယူ၍ပင် နေသေး၏။

တခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင် ကြီးမားလွန်းလှသော ဂိုဏ်းကြီးတစ်ဂိုဏ်းတွင် ရှုပ်ထွေးလွန်းလှသော လူမှုဆက်ဆံရေးများက တည်ရှိနေ၏။ တစ်ယောက်နှင့် တစ်ယောက် အကောက်ကြံရန် အစဉ်အမြဲ စဉ်းစားနေ ကြ၏။ လူသားတို့၏ ကြားတွင် ရှိသင့်သည့် ယုံကြည်အားကိုးမှုဆိုသည်မှာ မရှိပင် မရှိတော့ချေ။ သို့ပေမဲ့ ပြိုင်စံရှား ဂိုဏ်းမှာတော့ အလုံးစုံ ခြားနားလို့ နေလေသည်။

“ဟင့်”

ရီရှင်းချန်သည် နှာခေါင်းရှုံ့ပြီးသည့်နောက် စမ်းသပ်မှုမျှော်စင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူသည် နတ်ဘုရားလျှို့ဝှက်နယ်မြေ ခြေတစ်လှမ်းဝင်သည့်အဆင့်ဆီသို့ ပထမဆုံးဝင်ရောက်နိုင်သူ မဖြစ်သည်ကို မပျော်ရွှင် ဖြစ်လျက်ရှိနေ၏။ ထို့ကြောင့် ပိုမိုကာ ကြိုးစားရန် ပြင်ဆင်လိုက်၏။

လီချင်းယန်၏ အပြုအမူနှင့်ပတ်သက်၍ သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ ပုန်ကန်ငြင်းဆန်လျက်ပင် ရှိနေသေး၏။ အစစ်အမှန် သိုင်းကျင့်ကြံသူများဆိုသည်မှာ သိုင်းပညာကိုသာလျှင် အာရုံစိုက်ထားသင့်ပြီး တခြားသော ခံစားချက်နှင့် ချုပ်နှောင်ခြင်းကို မခံထားရမှသာလျှင် ပိုမိုကာ ကောင်းမွန်သည့် ကျင့်ကြံခြင်းအဆင့် ဆီသို့ ရောက်ရှိနိုင်မည်ဟု သူက ထင်မှတ်ထားသည်။

ရီရှင်းချန်သည် ထိုကဲ့သို့သော စိတ်ဓာတ်မျိုး တည်ရှိနေသည် ဖြစ်သောကြောင့် ဧကရီလင်းရောင်၏ အကွက်ချ နောက်ကျောမှ ဓားနှင့်ထိုးခြင်းကို ခံရခြင်းပင် ဖြစ်ပေလိမ့်မည်။ လက်ရှိအခြေအနေမှာတော့ သူသည် စိတ်ခံစားချက်အရာ၌ ယခင်ဘဝက ထက်စာလျှင် ပိုမိုကာ အားကောင်းလာခဲ့၏။ ဂိုဏ်းတူရောင်းရင်းကြားရှိသော ၅၂၈ မေတ္တာမျိုးသည် ပိုမိုတိုးတက်လာသည်ဆိုသော်လည်း ကဗျာဆန်လှသည့် ချစ်ခြင်းမေတ္တာနှင့် ပတ်သက်လျှင်တော့ သူသည် အလုံးစုံ ငြင်းဆန် ပုန်ကန်လျက် ရှိနေသေး၏။

ဘုန်း ဘုန်း ဘုန်း ဘုန်း

စမ်းသပ်မှုမျှော်စင်အတွင်းမှာတော့ ညအင်ပါယာသည် သူ့ကိုယ်သူ အတင်းကြိုးစားကာဖြင့် လေ့ကျင့်လျက် ရှိနေတုန်းမှာပဲ သူသည် ကျောက်အခန်းထဲ၌ ဖြစ်ခဲ့သမျှ အရာအားလုံးကို ပြန်လည်ကာ စဉ်းစားနေမိသည်။ သူ၏ မျက်နှာ ပေါ်တွင် နာကြည်းမှု၊ အခဲမကျေမှုများ ဖြစ်တည်လို့လာသည်။

“ချီးတဲ့မှ… ဘာလို့ ငါဒါကို မေ့လို့မရတာလဲ။ ဘာကြောင့်လဲ”

……….

အဓိကဟောခန်းအတွင်းမှာတော့ လီချင်းယန်သည် အသာလျှောက်ဝင်လာကာဖြင့် လက်သီးကို ဆုပ်လိုက်သည်။ “ဂိုဏ်းချုပ်ကို စိတ်မပျက်စေခဲ့ဘူး။ ကျုပ် မိုးကြိုးငါးပါး စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာ နတ်ဘုရားလျှို့ဝှက် နယ်မြေအဆင့်ကို ခြေတစ်လှမ်း ချိုးဖြတ်နိုင်ခဲ့တယ်”

“မဆိုးဘူး။ မဆိုးဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ အစစ်အမှန်တရားမှာတော့ သူ၏တပည့်သည် မိုးကြိုးငါးပါးစိတ်ဝိညာဉ်နှင့် ပေါင်းစပ်နိုင်ရန်အတွက်သာ မျှော်လင့်ချက် ထားရှိခဲ့၏။ အဆင့်တက်သွားလိမ့်မည် တစ်ခါမှ မထင်မှတ်ခဲ့ချေ။ မထင်မှတ်ထားသည့် အကျိုးရလဒ်ကို ရရှိခဲ့သည်ဟု ပြောရပေမည်။

“ချင်းယန်”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်မှ အသာဆင်းလျှောက်ပြီးသည့်နောက် လီချင်းယန်၏ ပခုံးကို အသာပုတ်ကာ ပြောလိုက်သည်။ “မင်းက နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့်ကို ခြေတစ်လှမ်း ဝင်ရောက်လာတဲ့ ငါ့ရဲ့နောက်က ပထမဆုံးတပည့်ပဲ။ ဒီတော့ မင်းရဲ့ ဂိုဏ်းတူရောင်းရင်းတွေကို ဦးဆောင်ပြီးတော့ ကြိုးကြိုးစားစားနဲ့ လေ့ကျင့်ကြဖို့ မှာကြားလိုက်တော့”

“ကောင်းပါပြီ” လီချင်းယန်သည် လေးလေးနက်နက် ပြန်ပြောလိုက်၏။

“မင်းသွားလို့ရပြီ”

ကျွင်းချောင်ရှောင်းသည် ခဏလောက် ရပ်တန့်ပြီးနောက် ပြောလိုက်သည်။ “ရှောင်မိုကို ကျင့်ကြံခြင်းအခန်းထဲကို လာခဲ့အုံးလို့ ပြောလိုက်။ ငါ သူ့ကို ပြောစရာ ရှိသေးတယ်”

“ဟုတ်ကဲ့ပါ”

လီချင်းယန်သည် စိတ်ထဲမှာ တွေးတောလျက်ရှိ၏။ “ဘာလို့ ကျင့်ကြံခြင်းအခန်းထဲကို လွှတ်ခိုင်းရတာလဲ”

သာမန်အခြေအနေအရဆိုလျှင် ဂိုဏ်းချုပ်သည် ညွှန်ကြားချက်များ ပြောဆိုမည်ဆိုလျှင် အဓိကဟောခန်း သို့မဟုတ် ဂိုဏ်းချုပ်၏ စာကြည့်ခန်းထဲသို့ ခေါ်ဆောင်လေ့ရှိ၏။ ကျင့်ကြံခြင်းအခန်းထဲသို့ တစ်ခါမှ ခေါ်ဆောင်ခြင်း မရှိချေ။

“ဖြစ်နိုင်တာက”

လီချင်းယန်သည် ခန့်မှန်းလိုက်မိသည်။ “ဂိုဏ်းချုပ်က ဂျူနီယာညီလေးစုကို သိုင်းပညာနဲ့ ပတ်သက်ပြီး ကိုယ်တိုင် သေသေချာချာ သင်ပေးမလို့နဲ့တူတယ်”

သူပိုဆက်တွေးလေ၊ စုရှောင်မိုအတွက် ပိုမိုကာ ပျော်ရွှင်လာလေပင်။ “ဂျူနီယာညီလေး… မင်းရဲ့ အခွင့်အရေးက လာပြီပဲ”

……………..

တောင်ထွတ်တစ်နေရာ

စုရှောင်မိုသည် နာနာကျင်ကျင် မျက်နှာဖြင့် ခြံဝန်းထဲတွင် ထိုင်လျက်ရှိ၏။

“တတိယစီနီယာအစ်ကို”

လီဖေးသည်‌ ဘောလုံးကို လက်မှကိုင်ရင်း အသာလှမ်းလျှောက်လာခဲ့၏။ ပြီးနောက် ဇဝေဇဝါဖြင့် မေးလိုက်သည်။ “ဘယ်လိုဖြစ်ပြီးတော့ ဒုတိယစီနီယာအစ်ကို အဆင့်ချိုးဖြတ်ပြီးကတည်းက စိတ်ဓာတ်ကျသလို ခံစားနေရတာလဲ”

စုရှောင်မိုက ပြောလိုက်၏။ “ငါ နည်းနည်း မကောင်းတဲ့ ခံစားချက်တွေ ရနေတယ်”

လီချင်းယန် အဆင့် ချိုးဖြတ်ခြင်းနှင့်ပတ်သက်၍ သူသည် အစစ်အမှန်ပင် ပျော်ရွှင်မိ၏။ သို့ပေမဲ့ ဤပျော်ရွှင်မှုသည် သိပ်မကြာခဲ့ချေ။ နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များ တိုးဝင်လာခဲ့၏။

“ဂျူနီယာညီလေး”

စုရှောင်မိုသည် လေးလေးနက်နက် ပြောလိုက်သည်။ “ငါ့ရဲ့ ညာဘက်မျက်ခုံးက တစ်ချိန်လုံး လှုပ်နေတာ”

လီဖေးက ပြောလိုက်၏။ “ဘယ်ဘက်မျက်ခုံးလှုပ်တယ်ဆိုရင် ကံဆိုးတာပဲ။ ဒါပေမဲ့ ညာဘက်မျက်ခုံးလှုပ်တယ် ဆိုတော့ ကံကောင်းခြင်းပဲ။ ဒါကောင်းတဲ့အရာတွေ ဖြစ်လာမှာပဲ”

“ဒီလိုပဲ မျှော်လင့်ရတာပေါ့”

စုရှောင်မိုသည် မိမိကိုယ်ကို အားတင်းပြီးနောက် ပြောလိုက်သည်။ “သွားကြရအောင်၊ ဘောလုံးသွားကန်ကြမယ်”

သူတို့နှစ်ယောက် ခြံဝန်းထဲမှ ထွက်လျှောက်လာချင်းမှာပဲ လီချင်းယန်သည် လှမ်းလျှောက်လာကာ ပြောလိုက်၏။ “ဂျူနီယာညီလေးစု... ဂိုဏ်းချုပ်က မင်းကို ကျင့်ကြံခြင်းအခန်းထဲဆီ လာစေချင်တယ်”

“ကျင့်ကြံခြင်းအခန်း ဟုတ်လား” စုရှောင်မိုသည် အံ့အားသင့်သွားသည်။ “ဘာကိစ္စ ရှိလို့လဲ”

“ငါလည်း သေသေချာချာ မသိဘူး”

လီချင်းယန်က ပြောလိုက်၏။ “ဖြစ်နိုင်တာက မင်းကို သိုင်းပညာတွေ သင်ပေးချင်လို့နဲ့တူတယ်”

“ကြည့်..”

လီဖေးက လှမ်းပြောလိုက်သည်။ “ကျုပ်ပြောတယ်မဟုတ်လား။ ဘယ်ဘက်မျက်ခုံးလှုပ်ရင် ကံဆိုးတယ်။ ညာဘက်မျက်ခုံးလှုပ်ရင် ကံကောင်းပါတယ်ဆို”

စုရှောင်မိုသည် ပြုံးကာပြောလိုက်၏။ “ဒါဆိုရင် ငါအရင်သွားတော့မယ်”

ပြောပြီးသည့်နောက် သူသည် ကျင့်ကြံခြင်းအခန်းဆီသို့ အသာလှမ်းလျှောက်လိုက်၏။ ယခင်က စိတ်ထဲတွင် ဖြစ်တည်နေသည့် မကောင်းသည့် ခံစားချက်များ အားလုံးသည် အလုံးစုံပျောက်ကွယ်သွားလေသည်။

တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ၎င်း၏ နောက်ကျောကို လှမ်းကြည့်ပြီးသည့်နောက် လီချင်းယန်နှင့် လီဖေး တို့သည် နှလုံးသားထဲတွင် ကြိတ်ကာ ဆုတောင်းမိ၏။ ဂိုဏ်းချုပ်၏ လမ်းညွှန်ပြသမှုအောက်တွင် စုရှောင်မိုသည် ကောင်းမွန်သည့်အရာများကို ရရှိနိုင်စေရန် သူတို့က မျှော်လင့်မိ၏။

.......

လေ့ကျင့်ရေးအခန်း၏ အပြင်ဘက်တွင်တော့ များပြားလွန်းလှသော တပည့်များသည် စုဝေးကာ ဆွေးနွေးလျက် ရှိနေကြသည်။

“ဂိုဏ်းချုပ်က သူ့ကို တစ်ယောက်တည်း ခေါ်တာလား”

“တတိယစီနီယာအစ်ကို တစ်ယောက်တည်းကို သင်ကြားပြသချင်တာ ဖြစ်နိုင်တယ်”

“အင်း... တတိယစီနီယာအစ်ကိုက ဒီလိုသာ ဂိုဏ်းချုပ်ဆီက သင်ကြားပြသမှုကို ရမယ်ဆိုရင် နတ်ဘုရားလျှို့ဝှက် အဆင့်ကို ခြေတစ်လှမ်းတောင် ဝင်သွားနိုင်တယ်လေ”

သူတို့သည် ပြောလေ၊ ပိုမိုကာ မနာလို ဖြစ်လာလေဖြစ်၏။

ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် ဂိုဏ်းချုပ်တစ်ယောက် အလွန်အလုပ်များသည်ကို သိရှိ၏။ တပည့်များကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသသည့်အလုပ်သည် တောင်ထွတ်အသီးသီးတွင် ရှိနေသော အကြီးအကဲများ ပြုလုပ်ရသည့်အရာဖြစ်၏။ ယခု တတိယစီနီယာအစ်ကိုအား ဂိုဏ်းချုပ်ကိုယ်တိုင် ခေါ်ဆောင်ကာ သင်ကြား ပြသခြင်းမှာကား သူတို့အားလုံး လိုချင်တပ်မက်နေသည့်အရာပင် ဖြစ်သည်မဟုတ်ပါလား။

“နားထောင်”

လီထျန်းထျန်းသည် အမှန်ပင် ရဲတင်းလွန်းလှ၏။ တံခါးနားသို့ နားကိုကပ်ကာ သေသေချာချာ နားစွင့်ထား၏။ ကျင့်ကြံခြင်းအခန်းသည် အသံလုံသည့်အခန်းဖြစ်ကြောင်း သိရှိသည်ဆိုသော်လည်း သူ၏ စပ်စုလိုစိတ်ကို မည်သို့မှ ထိန်းသိမ်းထားနိုင်စွမ်း မရှိချေ။

ဘုန်း

ရုတ်တရက် အတွင်းဘက်ဆီမှ ကျယ်လောင်လှသောအသံကြီးတစ်ခု ထွက်ပေါ်လာ၏။ တံခါးနားသို့ ကပ်လျက် ရှိသည့် လီထျန်းထျန်းသည် အပြင်ဘက်နံရံဆီသို့ပင် ကျွံထွက်လာခဲ့သည့် လက်ဝါးရိုက်ချက်ကြီးတစ်ခုကို မြင်လိုက် ရသည့်အချိန်မှာတော့ ဇောချွေးများပင် ပျံသွားမိ၏။ သူ၏မျက်နှာနားနှင့် နီးကပ်စွာ ဖြစ်တည်နေသောကြောင့် ဆံပင်များပင် လွင့်ခါသွားခဲ့၏။

ဘုန်း ဘုန်း

ခဏလောက် ကြာပြီးသည့်နောက် ပေါက်ကွဲသံကြီးသည် စည်းချက်မှန်မှန်နှင့် ဖြစ်တည်နေ၏။ နံရံ၏ အပြင်ဘက်တွင် လက်ဝါးရိုက်ချက်၊ လက်ဝါးရာ၊ လက်သီးရာ၊ ခြေရာ၊ ဓားမော့ရာများသည် တစ်ခုပြီးတစ်ခု ထင်ပေါ်လာခဲ့၏။ အရှိန်မှာ အလွန်မြန်ဆန်လွန်းသောကြောင့် တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ တပည့်များ အားလုံးသည် ဘယ်ကြည့်လိုက်၊ ညာကြည့်လိုက်၊ အပေါ်ကြည့်လိုက်၊ အောက်ကြည့်လိုက်နှင့် ခေါင်းများပင်လျှင် ငြိမ်ငြိမ်မနေနိုင်ခဲ့ကြချေ။

“နားလည်ပြီ”

လီထျန်းထျန်းက ပြောလိုက်သည်။ “ဂိုဏ်းချုပ်က တတိယစီနီယာအစ်ကိုကို သိုင်းပညာ သင်ပေး နေတာပဲ ဖြစ်လိမ့်မယ်။ “ဒီကျင့်ကြံခြင်းအခန်းက အစီအရင်ဟောခန်းရဲ့ အကြိမ်ပေါင်းများစွာ စီရင်ဖန်တီးခြင်းကို ခံထားရတာလေ။ ဒီလို ဆိုးဆိုးရွားရွား အပြင်ဘက်ထိရောက်အောင် ရိုက်ချက်တွေက ဖြစ်တယ်ဆိုတော့ ဂိုဏ်းချုပ် သင်ပေးတဲ့ သိုင်းပညာက အရမ်းကို အားကောင်းလို့ ဖြစ်လိမ့်မယ်။ ငါတို့လည်း တစ်ချိန်ချိန်မှာ ကျင့်ကြံဖို့ အခွင့်အရေး ရနိုင်လား”

“ဒါက ပြောဖို့တော့ ခက်တယ်”

“တစ်ယောက်တည်းအတွက် သီးသန့်ဖန်တီးထားတဲ့ သိုင်းပညာလည်း ဖြစ်နိုင်တယ်လေ။ မဟုတ်ရင် ဘာလို့ တတိယစီနီယာအစ်ကိုကို တစ်ယောက်တည်း ခေါ်သွားမှာလဲ”

“ဟင်း” အားလုံးတို့၏ အမူအရာသည် အကူအညီမဲ့သလို ဖြစ်တည်လာခဲ့၏။

ဘုန်း ဘုန်း ဘုန်း

ကျင့်ကြံခြင်းအခန်းထဲမှာတော့ ဆက်တိုက်ဆိုသလိုပဲ ကျယ်လောင်သည့်အသံများ ထွက်ပေါ်လျက်ရှိ၏။ တဖြည်းဖြည်းနှင့် လက်ဝါးရိုက်ချက်၊ ခြေကန်ချက်၊ လက်သီးချက်များ ကျွံထွက်လာသည့်နေရာများတွင် လူပုံစံ များသည် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖြစ်တည်လာ၏။

“ဒါ ဘာကိုဆိုလိုတာလဲ”

“ဒီပုံကို သေချာကြည့်ရင် တတိယစီနီယာအစ်ကိုနဲ့ မတူဘူးလား”

“ငါသိပြီ”

လီထျန်းထျန်းသည် သူ၏ဦးခေါင်းကို ပိတ်ရိုက်ကာ ပြောလိုက်၏။ “တတိယစီနီယာအစ်ကိုက သူ့ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီးတော့ သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို စမ်းသပ်နေတာပဲ”

ကျွီ

အားလုံးစိတ်ကူးလျက် ရှိနေတုန်းမှာပဲ ကျင့်ကြံခြင်းအခန်း၏ တံခါးသည် ရုတ်တရက် ပွင့်သွား၏။ ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါး အမူအရာဖြင့် အပြင်ဘက်သို့ လှမ်းလျှောက်လာခဲ့သည်။

“ဂိုဏ်းချုပ်” တပည့်များအားလုံးသည် ကျောကိုကော့၊ ရင်ကိုမော့ထားကြ၏။

“အင်း... ဟုတ်ပြီ” ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ အင်္ကျီကို အသာယမ်းခါပြီးသည့်နောက် ဂိုဏ်းချုပ်တစ်ယောက်တွင် ရှိသင့်၊ ရှိထိုက်သည့် သွင်ပြင်မူယာမျိုးကို ထုတ်ဖော်ကာ ထွက်ခွာသွားခဲ့သည်။

“သင်ကြားပေးတာ ပြီးသွားပြီလား”

“အင်း...”

“မြန်လိုက်တာ”

“ဘယ်လိုလုပ်သိလဲ”

“သိုင်းကျင့်ကြံခြင်းနည်းစနစ်တွေက ပိုပြီးနက်နဲလေ ရှုပ်ထွေးလှတဲ့ သိုင်းကွက်တွေ နည်းလာလေပဲ မဟုတ်လား”

အားလုံးသောသူတို့သည် ကျင့်ကြံခြင်းအခန်း၏ တံခါးဆီသို့ အလျင်အမြန် လှမ်းကာကြည့်ရှုလိုက်သည်။ အထဲတွင် ဖြစ်တည်နေသည့် ကျန်းချီများသည် မပျောက်ကွယ်သေးဘဲ တရိပ်ရိပ်နှင့် ဖြစ်တည်လျက် ရှိနေသည်ကို ခံစားမိသည့် အချိန်မှာတော့ အားလုံးတို့သည် မနေနိုင်ပဲ သက်ပြင်းချလိုက်မိသည်။ “ဂိုဏ်းချုပ်ရဲ့ တစ်ယောက်ချင်း သင်ကြားပြသပေးမှုက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ”

“အားလုံးပဲ” ရုတ်တရက် ၎င်းတို့၏ မြင်ကွင်းပေါ်တွင် ဝက်ခေါင်းကြီးတစ်ခု ပေါ်ပေါက်လာ၏။

“သောက်ကျိုးနည်း” အားလုံးတို့သည် ထိတ်လန့်တကြားဖြင့် ခေါင်းကို နောက်သို့ ဆုတ်လိုက်မိကြ၏။ လူတချို့ ဆိုလျှင် ခန္ဓာကိုယ်၏ လက်များကို ကြက်ခြေခတ်ပုံစံထားကာ တိုက်ခိုက်ရန် အဆင့်သင့် ပြင်ထားလိုက်မိကြသည်။ ကျင့်ကြံခြင်းအခန်းထဲမှ ရုတ်တရက် ထွက်ပေါ်လာသည့် မျက်နှာကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ သည်။

“မဟုတ်သေးဘူး”

လီထျန်းထျန်းသည် အရင်ဦးဆုံး စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ သေသေချာချာ မျက်လုံးကိုမှေး၍ ကြည့်ရှုလိုက်သည့်အချိန်မှာတော့......

“တတိယစီနီယာအစ်ကို”

“ဟမ်”

အားလုံးသော သူတို့သည် ဆွံ့အသွားခဲ့ကြ၏။ မျက်နှာတစ်ခုလုံး ဆိုးရွားစွာ ရိုက်နှက်ခံထားရသည့် လူသည် စုရှောင်မိုဖြစ်လို့နေ၏။

စုရှောင်မိုသည် လှေကား၏ ရှေ့တွင် ခပ်တည်တည်ဖြင့် ရပ်တန့်လိုက်၏။ သူသည် လက်ကို အသာဝှေ့ယမ်း ပြီးသည့်နောက် ဆေးလိပ်တစ်လိပ်ကို ထုတ်ယူလိုက်၏။ ဦးခေါင်းကိုမော့ကာ ဆေးလိပ်မီးညှိ၍ တစ်ဖွာ ဖွာရှိုက်ပြီး သည့်နောက် လှေကားထစ်များအတိုင်း အောက်သို့ပြုတ်ကျကာ သတိလစ်မေ့မျောသွားလေသည်။ ပါးစပ်ထဲမှ အမြှုပ်များပင် ထွက်လျက် ရှိနေသည်။

“တတိယစီနီယာအစ်ကို... မြန်မြန်၊ မြန်မြန် ဆေးဟောခန်းမဆောင်ကို သတင်းပို့လိုက်တော့”

အားလုံးသောသူတို့သည် ဟန်ထုတ်ကြွားဝါမှုကို နှစ်သက်ကြ၏။ ယခု တတိယစီနီယာအစ်ကို၏ ဟန်ထုတ် ကြွားဝါမှုသည် ကြောက်ခမမ်းလိလိ အခြေအနေသို့ ရောက်ရှိနေ၏။ သတိမလစ်ခင်မှာပင် ဆေးလိပ်တစ်လိပ်ကို မီးညှိကာ ဖွာရှိုက်ခဲ့သေး၏။ သောက်ကျိုးနည်းလှချေသည်တကား။

All Chapters