← Chapters

အခန်း ၁၇၈၄

Vol. 120 Ch. 1784

အခန်း ၁၇၈၄

Vol. 120 Ch. 1784

အပိုင်း(၁၇၈၄)

နတ်ဆေးနယ်မြေ၏ အပြင်ဘက်တွင်တော့ သာမာန်ထက်ပိုကာ တောင့်တင်းအောင် ပြင်ဆင်ထားသည့် ရွက်သင်္ဘော တစ်စင်းသည် ဖြည်းဖြည်းချင်းပင် ရွက်လွှင့်လာခဲ့၏။

“သခင်လေး”

ပဲ့ခန်းတွင်းမှာတော့ အိမ်စေနှင့် တူသော အဘိုးအို တစ်ယောက်သည် ပြုံးကာ ပြောလိုက်သည်။ “စီနီယာရှန့် တစ်ယောက် ကျုပ်တို့နဲ့ ဒီတစ်ကြိမ်လိုက်လာတယ်ဆိုတော့ ကျိန်းသေပေါက် အကျိုးအမြတ် အများကြီးရမှာ သေချာတယ်”

“သိပ်မှန်တာပေါ့” ပဲ့ခန်းထဲ၏ ထိုင်ခုံတွင် ထိုင်လျက်ရှိနေသော လူငယ်က ပြုံးလိုက်၏။ သူ၏ နာမည်သည် ချမ်းကျင်းချောင် ဖြစ်သည်။ သူသည် ချမ်းမိသားစုမှ သခင်လေးတစ်ယောက်လည်း ဖြစ်၏။ ချမ်းမိသားစုသည် များပြားလှသည့် စီးပွားရေးလုပ်ငန်းများကို လည်ပတ်လျက်ရှိနေပြီး ဆေးပင်လုပ်ငန်းများ နှင့် ပတ်သက်သည့် အရာအားလုံးကိုပြုလုပ်တတ်သည့် မျိုးနွယ်လည်းဖြစ်၏။

၎င်းတို့သည် ဤရွက်သင်္ဘောကြီးကို ရွက်လွှင့်ကာဖြင့် နတ်ဆေးနယ်မြေဆီသို့ ရောက်ရှိလာခြင်းမှာ လိုအပ်လျက်ရှိနေသော ဆေးပင်ကြီးများကို ရရှိနိုင်ရန်ပင်။ အရင်တုန်းကလည်း ဤနေရာဆီသို့ အကြိမ်ပေါင်းများစွာ ရောက်ရှိ လာခဲ့ဖူး၏။ သို့ပေမဲ့ အနည်းငယ်သောအရာကိုသာ ရရှိခဲ့ကြပြီး မိုးကြိုးတိမ်နှင့် ဆေးသားရဲများ၏ နှိပ်စက်မှု၊ တိုက်ခိုက်မှုကို ခံခဲ့ရသောကြောင့် ၎င်းတို့လာခဲ့ရသည်ထက် ဆုံးရှုံးမှုက ပိုမိုကာများပြားခဲ့သည်။

ဤတစ်ကြိမ်မှာတော့ ခြားနားလွန်းလှချေသည်။ အဘယ်ကြောင့်ဆိုသော် အလွန် အားကောင်းလွန်းလှသော စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်ကို ငှားရမ်းလာခဲ့သောကြောင့်ပင်။

“စိတ်မပူပါနဲ့ သခင်လေးချမ်း”

ဗလခပ်တောင့်တောင့်နှင့် အသက်လတ်ပိုင်း လူတစ်ယောက်သည် ပြောလိုက်၏။ “ကျုပ် ပါနေပြီဆိုမှတော့ နတ်ဆေးနယ်မြေထဲမှာရှိနေတဲ့ ရတနာတွေကို ခင်ဗျားတို့ ကြိုက်သလောက် လိုချင်သလို ယူကြတော့”

သူသည် ငှားရမ်းထားသည့် စွမ်းအားမြင့် ကျင့်ကြံ့သူလည်းဖြစ်၏။ သူ၏ နာမည်သည် ရှန့်ကျုံးဟူ ပင် ဖြစ်သည်။ သူ့ကို ကြည့်ရှုရသည်ဆိုသည်မှာ တည်ငြိမ်လှသော်လည်း မျက်လုံးထဲတွင် ထက်ရှလှသော အရိပ်အယောင်များ တည်ရှိနေ၏။ ၎င်းထုတ်ဖော်နေသည့် အော်ရာများမှာ သိပ်သည်းလွန်းလှပြီး အားအင် အဆင့်များမှာလည်း သာမာန်ထက် ပိုလွန်းလှသည်။

“ဒါဆိုရင်လည်း စီနီယာရှန့် ကိုပဲ အားကိုးရတော့မှာပဲ” ချမ်းကျင်းချောင် က ပြောလိုက်၏။

“သခင်လေး”

အိမ်စေက လှမ်းကာ အော်ဟစ်လိုက်သည်။ “မိုးကြိမ်တိမ်ကိုးလွှာထဲကို ရောက်ခါးနီးနေပြီ”

ချမ်းကျင်းချောင် သည် အသာမော့ကာ ကြည့်ရှုလိုက်ပြီးသည့်နောက် စကြာဝဠာ၏ တိမ်တိုက်ထဲတွင် လွင့်မျောလျက်ရှိနေသည့် မိုးကြိုးတိမ်များကို မြင်လိုက်ရ၏။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ဒေါသတရားများ ဖြစ်တည်လာခဲ့၏။

နတ်ဆေးနယ်မြေထဲသို့ ရောက်လာသည့်အချိန်တိုင်းဆိုသလို သူသည် မဖြစ်မနေ ဤတည်နေရာကြီးကို ဖြတ်သန်းသွားရ၏။ ထိုတည်နေရာကို ဖြတ်သန်းသည့်အချိန်၌ သူ၏ နောက်လိုက်နှင့် ရွက်သင်္ဘောကြီးများ သည် ဆိုးဆိုးဝါးဝါး ဖျက်ဆီးတိုက်ဖျက်ခြင်းကို ခံခဲ့ရ၏။ ရရှိခဲ့သည့် ဆုံးရှုံးမှုများသည် မတိုင်းတာနိုင်အောင် ကြီးမားလွန်းခဲ့သည်။

“သခင်လေးချမ်း... ကျေးဇူးပြုပြီးတော့ ပဲ့ခန်းတံခါးကို ဖွင့်ပေးပါအုံး”

ရှန့်ကျုံးဟူ က ပြောလိုက်၏။ “ကျုပ် မိုးကြိုးတိမ်တွေနဲ့ သွားပြီးရင်ဆိုင်လိုက်မယ်”

“စီနီယာရှန့်... ကျေးဇူးပြုပြီ ဂရုစိုက်ပါအုံး” ချမ်းကျင်းချောင် သည် သူ၏ နောက်လိုက်များကို တံခါးဖွင့်ရန် အမိန့်ပေးလိုက်သည်။

ဆွစ်……………

ရှန့်ကျုံးဟူသည် ပဲ့ခန်းထဲမှ ပျံသန်းထွက်ခွာသွားပြီးသည့်နောက် ရွက်သင်္ဘောကြီး၏ ပဲ့ဦးတွင် မတ်မတ် ရပ်လျက်ရှိ၏ ။ သူသည် လက်နှစ်ဘက်ကို နောက်ကိုပို့ကာဖြင့် ရင်ကိုကော့ထား၏။ ၎င်းဆီမှ ထွက်ပေါ်လျက်ရှိနေသည့် အော်ရာများမှာ အလွန်အားကောင်းလွန်းလှချေ၏။

ဘုန်း………ဘုန်း…

ရွက်သင်္ဘောကြီးသည် ရှေ့ဆီသို့လှမ်းတက်လျက်ရှိနေပြီး မိုးကြိုးများကလည်း တဝေါဝေါနှင့်ပင်။

ဆွစ်……………

ရှမ့်ကျုံးဟူသည် သူ၏ညာဘက်လက်ကို မြှောက်ပြီးသည့်နောက် လက်ချောင်းများကို အသုံးပြုကာဖြင့် မိုးကြိုးများကို တားဆီးလျက်ရှိနေ၏ ။

“အထင်ကြီးစရာပဲ”

ချမ်းကျင်းချောင် နှင့် သူ၏ အိမ်စေတို့သည် လက်ခုပ်တီးကာ ချီးကျူးလိုက်မိသည်။

ဘုန်း ဘုန်း ဘုန်း

မိုးကြိုးနှင့် လျှပ်စီးများသည် တဝုန်းဝုန်းနှင့်ဖြစ်တည်နေ၏။ ရှန့်ကျုံးဟူ သည် သူ၏ လက်ချောင်းများကို အသုံးပြု၍ ရောက်ရှိလာခဲ့သည့် မိုးကြိုးများအားလုံးကို ဖြေရှင်းလျက်ရှိ၏။ အလွန်အားကောင်း လွန်းလှသည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်၏ ဟိတ်ဟန်ကို ထုတ်ဖော်နေ၏။

ချမ်းကျင်းချောင် သည် ပြုံးလျက်ရှိနေ၏။ ထင်မှတ်ထားသည့်အတိုင်းပင်။ စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ကို ငွေများများသုံးကာ ခေါ်ဆောင်လာခဲ့ခြင်းမှာ သူ့အတွက် ကြီးမားလှသည့် အကာအကွယ်ကို ရရှိစေခဲ့သည်။

တစ်ဖက်လူ၏ အကာအကွယ်ပေးနိုင်မှုအရဆိုလျှင် သူသည် နတ်ဆေးနယ်မြေထဲတွင် ရှိသော ဆေးပင်များကို ရယူနိုင်မှာသေချာ၏။ ထို့အပြင် သူ့အနေနှင့် အနည်းငယ်လောက်သော ဆေးသားရဲများကို ဖမ်းဆီးနိုင်မည်ဆိုပါက ခဏကြာလျှင် တစ်ကြိမ်ဆိုသလို သဘာဝ ရတနာများကို ထုတ်လုပ်နိုင်စွမ်း ရှိနေပေလိမ့်မည်။

“သခင်လေး”

သူသည် ဝမ်းမြောက်ဖွယ်ရာကောင်းလှသည့် စိတ်ကူးယဉ်အိမ်မက်ကို တွေးတော နေတုန်းမှာပင် အိမ်အစေကြီးက ပြောလိုက်၏။ “ကျုပ်တို့ မိုးကြိုးတိမ်နေရာကြီးကို ဖြတ်သန်းလာခဲ့ပြီ”

ထိုအချန်မှာတော့ ရှန့်ကျုံးဟူ သည် ပြန်လည်ရောက်ရှိလာခဲ့၏ ။ သူသည်ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ဂျိုကိုးခုမိုးကြိုးတိမ်နဂါးက အရမ်းကို အားကောင်းတယ်လို့ ကျုပ်ကြားခဲ့တယ်။ ဘာလို့မမြင်ရတာလဲ မသိဘူး”

“ကျုပ်တို့နတ်ဆေးနယ်မြေကို အကြိမ်ပေါင်း တစ်ရာ‌ကျော်လာခဲ့သေးတယ်။ ဒါပေမဲ့ တစ်ကြိမ်တစ်ခါမှ မြင်ရတာလေ။ ဒါပေမဲ့ တွေ့တဲ့အချိန်တုန်းကလည်း အသက်ကို ပေးဆပ်လုနီးပါးပဲ။ ဒီလိုသားရဲမျိုးကို တွေ့ဖို့ဆိုတာ အရမ်းခက်တယ်” ချမ်းကျင်းချောင် က ပြောလိုက်၏။

သူ့အနေနှင့် ဂျိုကိုးခုမိုးကြိုးတိမ်နဂါးကြီးနှင့် ရင်ဆိုင်တွေ့ခဲ့ရသည်အချိန်ကို ပြန်လည်ကာ‌တွေးတောမိ ပြီးနောက် ကြက်သီးများပင်ထမိ၏။ လိုက်ပါလာခဲ့သော နောက်လိုက်များ၏ ကာကွယ်ပေးမှုကြောင့်သာလျှင် ထိုအချိန်တုန်းက သူ မသေဆုံးခဲ့ခြင်းဖြစ်သည်။

“စီနီယာရှန့်”

ချမ်းကျင်းချောင် သည် လေးနက်သည့် အမူအရာဖြင့် ပြောလိုက်၏။ “ကျုပ်တို့က မိုးကြိုးတိမ် ထဲကနေ အောင်အောင်မြင်မြင် ဖြတ်ကျော်လာနိုင်ပြီ ဆိုပေမဲ့ နတ်ဆေးနယ်မြေထဲမှာရှိတဲ့ ဆေးသားရဲ တွေက အရမ်းကိုအားကောင်းတယ်လေ။ အထဲကို မဝင်ခင်မှာ လေးလေးနက်နက်ပြုမှုမှ ဖြစ်မယ်။ အထူးသဖြင့် သက်တန့်ရောင်လိပ်ပြာသားရဲပေါ့။ အတောင်ပံကို ယမ်းခါလိုက်တာနဲ့ တစ်ပြိုင်နက် အရမ်းကို အားကောင်းတဲ့ အဆိပ်ဓာတ်တွေကို ထုတ်လွှတ်နိုင်တယ်။ ဒီဆေးမှုန့်တွေက အသားနဲ့ ထိလိုက်ရင် ခန္ဓာကိုယ်ထဲကို တိုးဝင်ပြီး တစ်ခါတည်းသေဆုံးနိုင်စေတယ်”

“ကောင်းပြီ”

ရှန့်ကျုံးဟူ က ပြောလိုက်သည်။ “ကျုပ်က အဆိပ်ဓာတ်တွေကို အစောကြီးကတည်းက ဖြေရှင်း နိုင်စွမ်းရှိတယ်”

“ပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာ မျက်လုံးတွေရှိတဲ့ သားရဲကြီးတစ်ကောင်ရှိသေးတယ်။ သူနဲ့မျက်လုံး အကြည့်ချင်း မဆုံမိစေနဲ့။ ကျိန်းသေပေါက် ထိန်းချုပ်ခြင်းကို ခံရလိမ့်မယ်”

“ဒါလည်း အဆင်ပြေပါတယ်” ရှန့်ကျုံးဟူ သည် လေးနက်တည်ကြည်စွာပြောလိုက်၏။ ဤလူ၏ လေသံကို ကြည့်ရှုရသည်မှာ မောက်မာလှသည့် လေသံများနှင့် ပြည့်စုံလျက်ရှိ၏။ သို့ပေမဲ့ သူသည် မိုးကြိုးများကို လွယ်လွယ်ကူကူနှင့် ဖြေရှင်းနိုင်စွမ်းရှိသည့် လူတစ်ယောက်မို့ ဤကဲ့သို့ ဟိတ်ဟန် ထုတ်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်နေသည်ကို သက်သေပြသပြီး ဖြစ်လေသည်။

“ဒီတစ်ကြိမ်မှာ အရမ်းကို ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရမယ်ဆိုလျှင် ကျိန်းသေပေါက် စီနီယာရှန့်ကို ရက်ရောတဲ့ လက်ဆောင်တွေ ထပ်ပေးပါ့မယ်”

ချမ်းကျင်းချောင် သည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။

ဆွစ်…………

ရွက်သင်္ဘောကြီးသည် လေဟာနယ်ကို ပိုင်းဖြတ်ကာဖြင့် နတ်ဆေးနယ်မြေထဲသို့ ဝင်ရောက်သွားခဲ့၏။ သူတို့သည် အကြိမ်ပေါင်းများစွာ ဤတည်နေရာသို့ ရောက်လာခဲ့ဖူးသည် ဖြစ်သောကြောင့် မြင်နေရသည့် မြင်ကွင်းကို သေသေချာချာ မျက်စိအရသာခံ၍ ကြည့်ရှုရန်စိတ်ဝင်စားဖို့ မရှိကြချေ။ မြေအောက်သို့ ရွက်သင်္ဘောကြီးကို ဆင်းသက်စေပြီးသည့်နောက် နောက်လိုက်များကို ဖြစ်နိုင်သမျှ အမြန်ဆုံး အပြင်ထွက်ရန် အမိန့်ပေးလိုက်သည်။

ဘုန်း………..ဘုန်း…………..

ထိုအချိန်မှာတော့ အဝေးတစ်နေရာမှ ပေါက်ကွဲသံများဖြစ်တည်လာ၏။

“ဘာတွေဖြစ်နေတာလဲ” ချမ်းကျင်းချောင် သည် အံ့အားသင့်စွာဖြင့် အရှေ့ဆီသို့ လှမ်းကြည့်လိုက်သည်။

ကြီးမားလွန်းလှသည့် မျက်လုံးသားရဲကြီးသည် ဆေးပင်များ၏ ကြားထဲတွင် လဲ‌လျောင်းလျက်ရှိနေ၏။ ၎င်းတို့၏ မျက်လုံးများထဲတွင် စိတ်ဓာတ်ကျသည့် အရိပ်အယောင်များနှင့် ပြည့်နှက်ပြီး မရပ်မနား အော်ငိုလျက် ရှိ၏။ “ကျုပ်မကောင်းတာ ... .အရာအားလုံး ကျုပ်မကောင်းတာ”

“စီနီယာအစ်ကို”

လီဖေးသည် အသာခုန်တက်ပြီးသည့်နောက် အော်ဟစ်လိုက်သည်။ “ဒီကောင်ကြီးကို ကျုပ်နိုင်လိုက်ပြီ”

ဤဆေးသားရဲကြီးသည် မျက်လုံးတစ်ရာဝိညာဉ်ဆွဲဆောင်ခြင်းသားရဲဟု ခေါ်၏။ သူနှင့် မျက်လုံးချင်းဆုံမိလျှင် လူများအားလုံးသည် စက်ရုပ်များကဲ့သို့ပင် ၎င်း၏ ထိန်းချုပ်မှုကို ခံရ၏။ ရှောင်ကျီနှင့် တခြားသော သူများသည် ခံခဲ့ရပြီးပြီဖြစ်၏။ ၎င်းတို့သည် အားကောင်းလွန်းလှသော ကျင့်ကြံခြင်း နည်းစနစ်ကို လှည့်ပတ်ကာဖြင့် စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်စွမ်း ရှိသည်ဆိုသော်လည်း မြေပေါ်တွင် ခြေချိတ်ကာ ထိုင်နေရ၏။ သို့ပေမဲ့ လီဖေးကတော့ ထိုအကောင်ကြီးကို ဖြေရှင်းနိုင်စွမ်းရှိ၏။

“မင်းက ငါ့ကိုကြည့်တာလား။ ကောင်းပြီ။ ငါလည်း မင်းကိုကြည့်မယ်”

လူတစ်ယောက်နှင့် သားရဲတစ်ကောင်တို့သည် စူးစိုက်ကာကြည့်ရှုလျက်ရှိ၏။ အဆုံးသတ်မှာတော့ မျက်လုံး တစ်ရာဝိညာဉ် ဆွဲဆောင်ခြင်း သားရဲကြီးသည် မည်သို့မျှ မနေနိုင်တော့ဘဲ အတွင်းစိတ် မိစ္ဆာဆိုး ကပ်ငြိကာ အော်ဟစ်ငိုယိုလျက်ရှိ၏။ “ကျုပ်က ရုပ်ဆိုးတယ်။ ကျုပ် ဘာလို့ ဒီလောကကြီးထဲမှာ အသက်ရှင် နေရတာလဲ”

လီဖေးသည် အတွင်းစိတ်မိစ္ဆာခန္ဓာကိုယ်ကို ပိုင်ဆိုင်သည် မဟုတ်ပါလား။ ဤကဲ့သို့သော ခန္ဓာကိုယ်မျိုးသည် တကယ်တမ်း တိုက်ခိုက်ပွဲများတွင် အသုံးဝင်လှသည်မဟုတ်သော်လည်း မျက်လုံးချင်းဆိုင်ကာ ကြည့်ရှုရသည့် အချိန်မျိုးမှာတော့ အမှန်ပင် အသုံးဝင်လှသည်။

ဝှစ်

လီဖေးသည် ကြိုးတစ်ချောင်းကို ထုတ်ယူကာဖြင့် ကြီးမားလွန်းလှသော ဤသတ္တဝါကြီးကို ကောက်ညှင်းထုပ် ကဲ့သို့ စည်းနှောင်လိုက်၏။ ပြီးနောက် ရွက်သင်္ဘောကြီးဆီသို့ တရွတ်တိုက် ဆွဲခေါ်လာ၏။

ချမ်းကျင်းချောင်သည် ဖြစ်စဉ်တစ်ခုလုံးကို မြင်ရသည့် အချိန်မှာတော့ နဝေတိမ်တောင်နှင့် ဖြစ်လို့နေခဲ့၏။ ဤနတ်ဆေးနယ်မြေထဲသို့ လူများရောက်ရှိလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ခဲ့ချေ။ ထို့အပြင် တဖက်လူ များသည် မျက်လုံးတစ်ရာဝိညာဉ်ဆွဲဆောင်ခြင်း သားရဲကိုတောင်မှ ဖမ်းဆီးသွားခဲ့သည်။

“ဂိုဏ်းချုပ်”

ထိုအချိန်မှာပင် ကောင်းကင်ယံဆီမှ အော်သံ တစ်ခုထွက်ပေါ်လာ၏။ “အရှေ့ဘက်မှာ ရှိတဲ့ ဆေးသားရဲတွေ အကုန်လုံးကို ဖမ်းလိုက်ပြီ”

ဆွစ်………….. ဆွစ်…………..

ကျွဲရိုင်းစက်ရုပ်များသည် တစ်ခုပြီတစ်ခု ပျံသန်းလာခဲ့ကြ၏။ ၎င်းတို့သည် ပခုံးထက်တွင် ဆေးသားရဲများကို သယ်ဆောင်လာပြီး တစ်ချို့ကိုတော့ ကြိုးနှင့်ချုပ်နှောင်ထားခဲ့၏။ တစ်ယောက်ပြီး တစ်ယောက် လက်ဆင့်ကမ်းကာဖြင့် ဂိုဏ်းချုပ်ဆီသို့ ခေါ်ဆောင်လာသည်။

“သခင်လေး”

အိမ်စေ၏ အသံသည် နားထဲသို့ဝင်လာ၏။ “ခြေထောက်အောက်ကိုလည်း ကြည့်အုံး”

ချမ်းကျင်းချောင်သည် ခေါင်းကိုငုံ့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ တစ်နှစ်ပတ်လုံး ဆေးပင်များဖြင့် ပြည့်နှက်လျက်ရှိနေသည့် မြေပြင်တစ်ခုလုံးသည် မည်သည့်အပင်တစ်ခုမျှ မရှိဘဲ မြေဆီလွှာများသာလျှင် ကျန်ရှိတော့၏။ မြေဆီလွှာများသည် ထိုးဆွခြင်းကိုခံလိုက်ရသောကြောင့် ရှုပ်ပွလျက်ရှိနေသည်။

ဆွစ်……………..

ထိုအချိန်မှာပင် ကောင်းကင်ကြီးတစ်ခုလုံးသည် မဲမှောင်သွားသည်။ ချမ်းကျင်းချောင်နှင့် အိမ်စေ တို့သည် အသာမော့ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ ကြီးမားလှသည့် မွန်းစတား သားရဲကြီးသည် ဖြည်းညှင်းစွာ ပျံသန်းလာသည်ကို သူတို့က မြင်လိုက်ရ၏။

“ဟမ်……..မဟုတ်သေးဘူး” ဤအရာသည် မွန်းစတားသားရဲကြီးမဟုတ်ပေ။ ကောင်းကင်နယ်မြေ၏ ရတနာများကို စိုက်ပျိုးထားခဲ့သည့် ကြီးမားလွန်းလှသည့် မြေဆီလွှာကြီးကို အလွှာလိုက်ခွာယူလာခဲ့ခြင်းပင်။

“သခင်”

တောဝက်ရိုင်းကလေးက အော်ဟစ်လိုက်သည်။ “ဒီနေရာမှာ အပင်စိုက်လို့ကောင်းတဲ့ တခြား ဆေးကွင်းကြီးတစ်ခုကိုလည်း တွေ့ခဲ့တယ်”

“……”

ချမ်းကျင်းချောင်၏ နှုတ်ခမ်းများသည် တစ်ဆတ်ဆတ်နှင့် တုန်ခါနေ၏။ သူသည် စိတ်ထဲမှ ကြိတ်ကာ အော်ဟစ်လိုက်၏။ “ဒီကောင်တွေ အကုန် မ နေတာပါလား”

အဝေးတစ်နေရာတွင်တော့ နတ်ဆေးနယ်မြေ၏ လောကတစ်ခုလုံး ဆွဲခွာမြေလှန်ခြင်းကို ခံနေရ၏။ ကောင်းကင်နှင့်မြေကြီး၏ ရတနာများ၊ ဆေးပင်များ၊ မျိုးစေများ၊ ထို့အပြင် မြေဆီလွှာ များကို လည်း တူးထုတ်နေကြသည်။

“စုစုပေါင်း ဆေးသားရဲပေါင်း သုံးရာခြောက်ဆယ်၊ ပြီးတော့ စိုက်ပျိုးလို့ရတဲ့‌ ဆေးကွင်းပေါင်း တစ်ရာနှစ်ဆယ်၊ ဆေးပင်ပေါင်း သိန်းနှစ်ဆယ် ပြီးတော့ ကောင်းကင်ရတနာတွေ၊ မြေရတနာတွေလည်း ရှိသေးတယ်” ယွမ်သခင်လေးသည် စားပွဲပေါ်တွင် ထိုင်ကာဖြင့် စာရင်းမှတ်လျက်ရှိနေ၏။

ကုန်းရှန့် ဘယ်ရောက်သွားသနည်း။ ကုန်းရှန့်သည် အဝေးတစ်နေရာရှိ လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဇိမ်ခံလျက်ရှိနေ၏။ သူသည် နေကာမျက်မှန်ကြီးကို ဝတ်ဆင်ထားပြီး နေအလင်းရောင်ကို ခံစားနေသည်။ တစ်ချိန်တည်းမှာပဲ သူ၏တပည့်များကို မှာကြားနေသည်။ “ကလေးတို့... အချိန်ဆိုတာ ငွေပဲ။ ဒီတော့ အချိန်မဖြုန်းကြနဲ့”

“ကောင်းပါပြီ” တပည့်များအားလုံးသည် အော်ဟစ်လိုက်ကြ၏။ ပြီးနောက် ပြင်းပြင်းထန်ထန်နှင့် အလုပ် ကြိုးစားကြတော့၏။

မှန်ပေသည်။ ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးသည် လှုပ်ရှားလျက်ရှိနေကြ၏။ နတ်ဆေးနယ်မြေကြီးတစ်ခုလုံးကို ထာဝရလောကကြီးထဲသို့ ရွှေ့ပြောင်းခြင်းဟု ပြောဆိုလျှင် ပိုမို၍ မှန်ပေလိမ့်မည်။

“ရပ်စမ်း” ထိုအချိန်မှာတော့ ကောင်းကင်ယံထက်ဆီမှ ကျယ်လှသော အသံတစ်ခု ထွက်ပေါ်လာ၏။

“ဟမ်”

ကျွင်းချောင်ရှောင်းသည် သူ၏ နေကာမျက်မှန်ကို လက်တစ်ချောင်းဖြင့် အသာဖိနှိပ်လိုက်ပြီးသည့် နောက် သက်လတ်ပိုင်းလူကို မော့ကာကြည့်လိုက်သည်။

ဆေးသားရဲနှင့် ဆေးပင်များကို စုစည်းလျက်ရှိသည့် ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် ရပ်တန့်သွားခဲ့ကြ၏။ အားလုံးတို့သည် နေရာအနှံ့ဆီမှသည် လှမ်းကာ ကြည့်ရှုလိုက်၏။

“အားလုံးပဲ”

ကောင်းကင်ပေါ်တွင် လွင့်မျောလျက်ရှိနေသည့် ရှန့်ကျုံးဟူ သည် တည်ငြိ်မ်စွာပြောလိုက်သည် “မင်းတို့ မယူသင့်တဲ့အရာတွေ အကုန်လုံးကို ချထားလိုက်စမ်း”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ ဒီအရာတွေအားလုံးကို ငါတို့ယူထားပြီးသားမလို့ပေါ့”

ခွီ…………….

ကုန်းရှန့်သည် ထကာ ရယ်မောလိုက်မိသည်။

ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များ အားလုံးသည်လည်း အသီးသီး ခေါင်းကို ခါယမ်းကာဖြင့် ကိုယ့်အလုပ်ကို ဆက်ကာ လုပ်လိုက်ကြ၏။

“……”

ရှန့်ကျုံးဟူ ၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွားသည်။

ဖြောင်း ဖြောင်း ဖြောင်း

ထိုအချိန်မှာတော့ ချမ်းကျင်းချောင် သည် လက်ခုပ်တီးကာဖြင့် အသာလှမ်းလျှောက်လိုက်၏။ ပြီးနောက် ပြောလိုက်၏ ။ “ကျုပ်တို့ကို အထင်အမြင်သေးပြီးတော့ လုပ်ချင်တာလုပ်ရဲတဲ့ လူတစ်ယောက်ကို တွေ့ရတာ ပထမဦးဆုံး အကြိမ်ပဲ”

“ဒါနဲ့ ခင်ဗျားက ဘယ်သူလဲ” ကျွင်းချောင်ရှောင်း က မေးလိုက်သည်။

“ကောင်းကင်ဖြတ်သန်းခြင်းနယ်မြေ၊ ချမ်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ပဲ”

ချမ်းကျင်းချောင်သည် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည့် အချိန်မှာတော့ ရှန့်ကျုံးဟူ ထက်ပင် ပိုမိုကာ အားကောင်းလွန်းသည့် မောက်မာမှုမျိုးကို ပြသခဲ့တော့၏။

“ဪ”

ကျွင်းချောင်ရှောင်း သည် လှုပ်ကုလားထိုင်ဆီမှ အသာထရပ်ပြီးသည့်နောက် မြက်ပင်တစ်ပင်ကို ပါးစပ်ထဲ ထိုးထည့်ကာ ကိုက်ဝါးရင်း မေးလိုက်သည်။ “ဘာလိုချင်တာလဲ”

သူ၏ ပုံစံကိုကြည့်ရှုရသည်မှာ လမ်းဘေးမှ လူမိုက်တစ်ယောက်နှင့်ပင် မခြားနားလှချေ။

“ရိုးရှင်းပါတယ်”

ရှန့်ကျုံးဟူ သည် မြေပေါ်သို့ ဆင်းသက်လာပြီးသည့်နောက် တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ “ခင်ဗျားလူတွေ ယူသွားတဲ့ဟာတွေကို ပြန်ချပြီး ဒီကနေ ထွက်သွားလိုက်တော့”

“အဲလောက်ကြီး အလျင်လိုစရာမလိုပါဘူး”

ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “ကျုပ်တို့ လုပ်ပြီးတာနဲ့ ချက်ခြင်းထွက်သွားပါ့မယ်”

ပြောပြီးသည့်နောက် သူသည် အသာလှည့်ကာ လက်ခုပ် တီးလိုက်၏။ “ကောင်လေးတွေ,,, တစ်ယောက်ယောက်က မြန်မြန်လုပ်ဖို့ ပြောနေတယ်။ မြန်မြန်လုပ်ကြ။ မြန်မြန်လုပ်ကြ”

ဝှစ်………..

အလင်းတန်းတစ်ခုသည် ရုတ်တရက် တိုက်ခိုက်လာခဲ့၏။ ကျွင်းချောင်ရှောင် ၏ ပါးစပ်တွင် ကိုက်ဝါးလျက် ရှိနေသည့် မြက်စသည် တိုက်ရိုက်ဆိုသလိုပင် ပိုင်းပြတ်သွားခဲ့သည်။

“ကျုပ်”

ရှန့်ကျုံးဟူ သည် သူ၏လက်ချောင်းကို အသာရုတ်ကာ အေးစက်စက်ပြောလိုက်၏။ “အချိန်ဖြုန်း တာကို မကြိုက်ဘူး”

ထွီ

ကျွင်းချောင်ရှောင်း သည် ပါးစပ်ထဲတွင်ရှိနေသော မြက်ပင်ကို ထွေးထုတ်လိုက်၏။ ပြီးနောက် သူ၏ နေကာ မျက်မှန်ကို အသာချွတ်ကာဖြင့် အေးစက်စက်အကြည့်ဖြင့် မေးလိုက်သည်။ “ခင်ဗျားက တိုက်ခိုက်ချင်လို့လား”

All Chapters