← Chapters

အခန်း ၁၇၈၅

Vol. 120 Ch. 1785

အခန်း ၁၇၈၅

Vol. 120 Ch. 1785

အပိုင်း (၁၇၈၅)

နတ်ဆေးနယ်မြေထဲသို့ ရောက်ရှိလာသည့် ကျွင်းချောင်ရှောင်းသည် သူလိုချင်သည်များကို လိုချင်ရုံသာ ရှိခဲ့၏။ ထို့ကြောင့်ပင်လျှင် တပည့်များအားလုံးကို မြန်မြန်ဆန်ဆန် အလုပ်လုပ်ရန် အမိန့်ပေးနေခြင်းပင်။ သို့ပေမဲ့ သူလိုအပ်သည့်အရာများသည် အလွန် များပြားနေခဲ့၏။ ဆေးပင်များ၊ မျိုးစေ့များ၊ သားရဲများနှင့် မြေဆီလွှာများပင် ပါဝင်လျက်ရှိသည်။ လိုချင်သည့်အရာကို စာရင်းပြုစုလိုက်ပါက နတ်ဆေးနယ်မြေကြီး တစ်ခုလုံးပင်လျှင် ပြောင်သလင်း ခါသွားပေလိမ့်မည်။

ရှန့်ကျုံးဟူသည် မပျော်မရွှင် ဖြစ်လျက်ရှိနေ၏။ ထို့အပြင်သူသည် ချမ်းမိသားစု၏ သခင်လေးကို ကူညီပြီး များပြားလှသည့် အရင်းအမြစ်များကို ရရှိရန် လာရောက်ခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ ဤဓားပြနှင့်တူသော လူများနှင့် လာရောက်ကာ တွေ့ဆုံလျက် ရှိနေ၏။ ထို့ကြောင့် သူသည် ကျိန်းသေပေါက် တားဆီးရပေလိမ့်မည်။

အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း တစ်ယောက် ပစ္စည်းအနည်းငယ်ကိုသာ ယူဆောင်သည် ဆိုပါက သူ့အနေနှင့် မမြင်ချင်ယောင် ဆောင်ထားနိုင်စွမ်းရှိ၏။ သို့ပေမဲ့ ရှိရှိသမျှသော ပစ္စည်းများကို ယူဆောင် နေရုံသာမက အကောင်းမွန်ဆုံးသော မြေဆီလွှာကြီးကိုပါ လှီးကာယူနေကြောင်း မြင်ရချိန်မှာတော့ မည်သို့မှ လက်မခံနိုင်တော့ချေ။ ထို့ကြောင့် ရှန့်ကျုံးဟူသည် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်၏။

အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ပါးစပ်ထဲတွင် ကိုက်၍ထားခဲ့သော မြက်ပင်သည် ပြတ်၍ သွားခဲ့၏။ ဤအရာသည် တစ်ဖက်လူကို သတိပေးခြင်းသာဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှု ကို မပြုလုပ်ပါက နောက်တစ်ကြိမ် ပြတ်တောက်သွားမည့်အရာသည် ဦးခေါင်းပင် ဖြစ်ပေလိမ့်မည်။

တခြားသော တစ်စုံတစ်ယောက်ဆိုပါက ထိုကဲ့သို့ အလင်းတန်း ပိုင်းဖြတ်သွားသည်ကို ခံလိုက်ရပါက ကျိန်းသေပေါက် ထိတ်လန့် တုန်လှုပ်သွားပေလိမ့်မည်။ ထို့အပြင် ထိတ်လန့်တကြားဖြင့် ထွက်ပင် ပြေးသွားနိုင် သေး၏။ သို့ပေမဲ့ ယခု ပြဿနာဖြစ်နေသည့်လူသည် ကျွင်းချောင်ရှောင်း ဖြစ်နေသည်။

ကျွင်းချောင်ရှောင်း ဆိုသည်မှာ မည်သူဖြစ်သနည်း။ တစ်လောကလုံး၌ ကြောက်ရွံ့ရမည့်လူ မရှိဟု ကြွေးကြော်ထားသည့် လူတစ်ယောက်ပင်။ မီးမတောက်ဘဲနှင့် အငွေ့မထွက်နိုင်ပေ။ သူ့အား လာရောက်ကာ ရန်စသည်ဆိုပါက သေလမ်းရှာသည်ဟု သတ်မှတ်ပြီး တစ်ခါတည်း သတ်ဖြတ်သည့်အလုပ်ကို ပြုလုပ်တတ်သည့် လူစားမျိုးပင်။

အစောပိုင်းကာလတုန်းက ကျွင်းချောင်ရှောင်းသည် နည်းလမ်းမျိုးစုံနှင့် သေလမ်းရှာသည့်အလုပ်ကို ပြုလုပ်တတ်သည်ဆိုသော်လည်း နောက်ပိုင်းအခြေအနေများမှာတော့ ကျွင်းချောင်ရှောင်းသည် သေလမ်းမရှာတော့ချေ။ သတ်ဖြတ်သည့် အလုပ်ကိုသာ ပြုလုပ်ခဲ့၏။

“ဟမ့်”

အိမ်စေသည် အသာလျှောက်လာပြီးသည့်နောက် အေးစက်စက်ပြောလိုက်သည်။ “စီနီယာရှန့်က တကယ့်ကို ကြင်နာတတ်တာပဲ။ သဘောကောင်းနေတုန်း မြန်မြန် ထွက်သွားကြစမ်း”

“ခင်ဗျားက ဘယ်သူလဲ” ကျွင်းချောင်ရှောင်းသည် သုန်မှုန်နေသည့် မျက်နှာဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။

“ချမ်းမိသားစုရဲ့ အတွင်းရေးကိစ္စရပ်တွေကို ပြုလုပ်တဲ့အိမ်စေ”

ဘန်း ဘန်း

ပြောပြောပြီးချင်းမှာပဲ ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထိုသူ၏ရှေ့၌ ပေါ်ပေါက်လာ၏။ သူသည် လက်ထဲတွင် လှုပ်ကုလားထိုင်ကို ကိုင်ထားပြီးသည့်နောက် တစ်ဖက်လူ၏ဦးခေါင်းကို ရိုက်နှက်လိုက်၏။ ပြီးနောက် အော်ဟစ် ဆဲဆိုလိုက်သည်။ “အိမ်စေက ဘာတွေဝင်ပြောနေတာလဲ။ တော်စမ်း”

ရှန့်ကျုံးဟူ၏ မျက်လုံးများသည် အေးစက်သွား၏။ အလင်းတန်းများသည် ထွက်ပေါ်လာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် အသာလှည့်ပြီးသည့်နောက် သူ၏ရှေ့တွင် လှုပ်ကုလားထိုင်ကြီးကို ထားကာဖြင့် ကာကွယ် လိုက်၏။

ဘန်း ဘန်း ဘန်း

အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းများသည် လှုပ်ကုလားထိုင်အား တည့်တည့်ပင် ထိမှန်၏။ ကျွင်းချောင်ရှောင်းသည် နောက်ဘက်ဆီသို့ လွှင့်စင်သွားခဲ့သည်။ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး သည့်နောက် သွားဖြီးကာဖြင့် ပြောလိုက်သည်။ “ဒီလောက်မောက်မာနေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ စွမ်းရည်လေးတော့ ရှိနေသေးတာပဲ”

ရှန့်ကျုံးဟူသည် ကြောင်အသွားမိ၏။ ကြည့်ရသည်မှာ သာမန်ပုံစံပေါ်သော လှုပ်ကုလားထိုင်သည် သူ၏ အသူရာ လက်ချောင်း တိုက်ခိုက်ချက်ကို ခုခံနိုင်နေ၏။ အထူးရတနာတစ်ခု ဖြစ်နေသည်လား။ အချက်အလက်အားဖြင့် ဤကုလားထိုင်သည် သာမန်သာဖြစ်တော့သည်။ ဟောခန်းသခင်ဖန်းတစ်ယောက် ပျင်းရိနေသောကြောင့် ဂိုဏ်းချုပ်အတွက် ပြုလုပ်ထားသည့်ခုံလည်း ဖြစ်၏။

ကျွင်းချောင်ရှောင်းအနေနှင့် ဤပြင်းထန်လွန်းလှသော စွမ်းအင်လှိုင်းများကို ထိုင်ခုံနှင့် ခုခံနိုင်ခဲ့ခြင်းမှာ သူ၏ ကျန်းချီများကို ထည့်သွင်းထားခဲ့သောကြောင့်ပင်။ လက်ရှိ သူ၏ အားအင်အဆင့်အရဆိုလျှင် အုတ်ခဲတစ်ခု ကိုတောင်မှ လက်နက်တစ်ခုအဖြစ် ကောင်းကောင်း ထုတ်ဖော်နိုင်စွမ်း ရှိနေသည်။

“အမှိုက်... ငါ့ကို ရိုက်တယ်ဆိုတာ ချမ်းမိသားစုကို ရိုက်နှက်တာနဲ့ တူတူပဲ။ မင်းကတော့ နာပြီပဲ” ခေါင်းတစ်ခုလုံး သွေးများရွှဲလျက် ရှိနေသည့် အိမ်စေသည် အနောက်ဘက်သို့ အသာဆုတ်ခွာပြီးသည့်နောက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

ချမ်းကျင်းချောင် သည် မျက်မှောင်ကုတ်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် မနှစ်မြို့သည် အမူအရာများ ဖြစ်ပေါ် လာသည်။ သူသည် နာမည်ကို အစောကြီးကတည်းက ပြောပြခဲ့ပြီးပြီဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် လှုပ်ရှား တိုက်ခိုက်ရဲလို့နေ၏။ မျက်လုံးထဲတွင် ချမ်းမိသားစုအား မထည့်ထားသည်မှာ ထင်ရှားလို့နေသည်။

“စီနီယာရှန့်”

ချမ်းကျင်းချောင်သည် ပြောလိုက်၏။ “ဒီလူကို ခင်ဗျားလက်ထဲ ထားလိုက်တော့မယ်”

သူ့အနေနှင့် ဤသို့ပြောရသည်ကို မနှစ်သက်ချေ။ ထို့အပြင် နတ်ဆေးနယ်မြေကြီးတွင် ရှိနေသော ဆေးချီများသည် အလွန် အားကောင်းလွန်းလှ၏။ ဤနေရာတွင် အချိန်အနည်းငယ် နေထိုင်သည်ဆိုပါက တန်ဖိုးတစ်ခုခုကို ပေးဆပ်ရပေ မည်။ လိုချင်သည့် ဆေးပင်များကို မြန်မြန်ဆန်ဆန်ယူပြီး မြန်မြန်ဆန်ဆန် ထွက်ခွာသွားခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“သခင်လေးချမ်း... ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ်လိုချင်တာကို သွားပြီးခူးပါ”

ရှန့်ကျုံးဟူက ပြောလိုက်သည်။ “ဒီလူတွေကို ကျုပ်ရင်ဆိုင်ထားလိုက်မယ်”

“.......”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ တစ်ဖက်လူတွေသည် ဆေးပင်လာရောက် ခူးသည်လား။ ‘ကျုပ်လည်း ကျုပ်ဘာသာခူးမယ်။ ခင်ဗျားလည်း ခင်ဗျားဘာသာခူး’ ဤအရာသည် အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြီးဆုံး သွားမည် မဟုတ်ပါလား။ အဘယ်ကြောင့် ရှိသမျှ ပစ္စည်းများအားလုံးကို လက်ဝါးကြီးအုပ်ရန် စဉ်းစားနေရသနည်း။

“အမ်”

စနစ်က ဝင်ပြောလိုက်သည်။ “မင်းလိုချင်တာကို ယူတာ တော်ရုံလောက်ယူပေါ့။ အခုက နတ်ဆေး နယ်မြေကြီးတစ်ခုလုံးကိုတောင် ယူသွားသလို ဖြစ်နေပြီလေ။ တစ်ဖက်လူ ဘယ်ခံချင်ပါ့မလဲ”

“ဒါ ငါ့စွမ်းရည်ကြောင့် ငါယူတာလေ။ ဘာမှားလို့လဲ”

“...........”

စနစ်သည် ဆွံ့အသွားမိ၏။ အချက်အလက်အားဖြင့် ဤကဲ့သို့ လွတ်လပ်သော ဂြိုဟ်ကြီးဆီသို့ ရောက်ရှိလာသူ မည်သူမဆိုသည် ကျွင်းချောင်ရှောင်း တွေးတောသလိုပင် တွေးတောမှာ သေချာ၏။ ဥပမာအားဖြင့် ချမ်းကျင်းချောင်ပင်။

သူသည် နတ်ဆေးနယ်မြေသို့ ရောက်ရှိလာသည့်အချိန်တိုင်း များပြားလှသည့် ဆေးပင်များကို ခူးကာ ပြန်လျက်ရှိ၏။ ရောက်ရှိလာသည့် ရွက်သင်္ဘောကြီးပင်လျှင် သေးကွေးသည်ဟု တွေးထင်ခဲ့သေး၏။ သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ သူသည် တကယ့်လက်ရွေးစင် သိုင်းကျင့်ကြံသူတစ်ယောက်ကို ငှားရမ်းလာခဲ့ပြီးသည့်အပြင် အဆင့်မြင့် ရွက်သင်္ဘောကြီးကိုပင် မောင်းနှင်လာခဲ့၏။ သူလိုချင်သမျှ ယူသွားနိုင်စွမ်း ရှိနေတော့၏။

ချမ်းကျင်းချောင် အနေဖြင့် ဂြိုဟ်တစ်ခုလုံးကိုပါ သယ်ယူသွားနိုင်မည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဂြိုဟ်ထဲတွင် သဘာဝရတနာများ တည်ရှိနေသည် ဆိုသောကြောင့် သက်ရှိများ နေထိုင်ရန် မသင့်တော်လှချေ။ ထို့ကြောင့် ထိုအရာများကို ယူဆောင်သွားခြင်းက တခြားသူများ ဝင်ရောက်နေထိုင်ရန် အကောင်းမွန်ဆုံးသော အခွင့်အရေးများကို ပေးအပ်သည်နှင့် ဆင်တူသည်။

“ကောင်လေး”

ရှန့်ကျုံးဟူသည် လက်ချောင်းများကို မြှောက်ကာဖြင့် အလင်းများကို စုစည်းလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ငါ သုံးအထိ ရေမယ်။ မြန်မြန် နတ်ဆေးနယ်မြေထဲက ထွက်သွား။ မဟုတ်လို့ရှိရင်”

“ဟင်း...” ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်၏။ သူသည် ဖြည်းဖြည်းချင်း လက်ကို မြှောက်လိုက်၏။

ရှန့်ကျုံးဟူက ပြောလိုက်သည်။ “ဉာဏ်ကောင်းတဲ့လူတွေက အခြေအနေကို နားလည်တယ်လေ။ ဒါဆိုရင် ကိုယ့်အသက်ကိုယ် ကယ်သလို ဖြစ်လိမ့်မယ်”

“နားလည်မှု မလွဲနဲ့”

ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို ဆက်မြှောက်ထားရင်း ပြောလိုက်၏။ “ကျုပ် အရှုံး ပေးသေးတာ မဟုတ်ဘူး။ ကျုပ်” သူသည် လက်ကိုဝှေ့ယမ်းကာ ပြောလိုက်၏။ “လာခဲ့... အားလုံးထွက်ခဲ့တော့”

ဘုန်း ဘုန်း ဘုန်း

ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် ၎င်းတို့၏ လက်ပေါ်တွင် ရှိနေသည့် ဆေးပင်များအားလုံးကို ပစ်ချကာဖြင့် အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလာခဲ့ကြသည်။ ပြီးနောက် ထာဝရရွက်သင်္ဘောကြီးနားတွင် စုဝေးပြီးသည့်နောက် ရှန့်ကျုံးဟူ၊ ချမ်းကျင်းချောင်နှင့် တခြားသောသူများ အားလုံးကို ဝိုင်းပတ်ထားခဲ့ကြတော့သည်။

“ဘာ.. မင်းတို့က လူအရေအတွက်နဲ့ အနိုင်ယူချင်တာလား” ရှန့်ကျုံးဟူသည် အထင်အမြင်သေးသလို ပြောလိုက်၏။

“ဟား ဟား ဟား ဟား”

အိမ်စေကြီးသည် ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည်။ “စီနီယာရှန့်က ကောင်းကင်ဖြတ်သန်းခြင်းလောကကြီးမှာ တကယ့်ကို ကျော်ကြားလှတဲ့ လူတစ်ယောက်လေ။ သူက လူပေါင်း များစွာတို့ကို တိုက်ခိုက်အနိုင်ယူနိုင်တယ်။ မင်းတို့လိုလူတွေက သူ့ကိုဘယ်လိုလုပ် နိုင်အောင်တိုက်နိုင်မှာလဲ”

ရှန့်ကျုံးဟူ၏ မျက်နှာသည် ဂုဏ်ယူဝံ့ကြွားမှုများနှင့် ပြည့်နှက်လျက်ရှိ၏။ အိမ်စေကြီး ပြောဆိုသည်မှာ အမှန်ပင် ဖြစ်တော့၏။ တိတိကျကျ ပြောရမည်ဆိုလျှင် ချမ်းကျင်းချောင် သူ့အား ဤကဲ့သို့ ငှားရမ်းခဲ့ခြင်းသည် များပြားလွန်း လှသော သိုင်းကျင့်ကြံသူများကို တိုက်ခိုက်အနိုင်ယူနိုင်ခဲ့သည်ဆိုသော အကြောင်းအရာကြောင့်ပင်။

“ဒီလိုဆိုမှတော့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် ခင်ဗျားတို့ကို လေးစားမှုတော့ ပြရမှာပေါ့”

ဖြောင်း ဖြောင်း ဖြောင်း

သူသည် ဆက်တိုက်ဆိုသလိုပဲ လက်ခုပ်တီးလျက်ရှိ၏။ လက်ခုပ်တီးလျက် ရှိနေတုန်းမှာပဲ လေထုထဲ၌ လူပေါင်း တစ်သိန်းကျော်တို့ ပေါ်ပေါက်လာခဲ့၏။ တပည့်ပေါင်း တစ်သိန်းကျော်အပြင် ကျွဲရိုင်းစက်ရုပ်များ၊ အကြီးအကဲများ၊ ကာကွယ်စောင့်ရှောက်သူများ၊ ဟောခန်းသခင်များ အားလုံးပေါ်လာ၏။

ဝှစ် ဝှစ်

အလွန်အားကောင်းလွန်းလှသော အော်ရာများသည် နတ်ဆေးနယ်မြေကြီး တစ်ခုလုံးကို ဖုံးလွှမ်းခဲ့၏။ ချမ်းကျင်းချောင်နှင့် အိမ်စေကြီးတို့၏ မျက်နှာပေါ်ရှိ အပြုံးများသည် အေးခဲသွားသည်။ အထူးသဖြင့် အလွန် ကြမ်းတမ်းလှသော အော်ရာများ ထွက်ပေါ်နေသည်ကို အာရုံခံမိသည့်နောက် ၎င်းတို့၏ ဒူးများသည်ပင် ပျော့ခွေ သွားခဲ့သည်။

ဆွစ်

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရှောင်ကျီ ပြင်ဆင်ပေးသော ထိုင်ခုံပေါ်တွင် အသာထိုင်ချလိုက်၏။ သူသည် လက်များကို ယှက်ကာဖြင့် ပြုံးကာပြောလိုက်၏။ “ခင်ဗျားတို့က စိန်ခေါ်ချင်တယ်ဆိုမှတော့ တိုက်ခိုက်ကြတာပေါ့”

“.......”

ရှန့်ကျုံးဟူ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ ဤတည်နေရာတွင် တပည့်ပေါင်းတစ်သိန်း တည်ရှိနေသည်ဆိုလျှင်တောင်မှ သူက ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ အထက်ပိုင်းအကြီးအကဲများ၊ လက်ရွေးစင်တပည့်များပင် ပါဝင်လျက် ရှိနေသေး၏။ အားလုံးသော သူတို့သည် သူ့ကို စူးစိုက်ကာ ကြည့်ရှုလျက် ရှိနေ၏။ သူသည် ကျားခံတွင်းထဲသို့ ရောက်ရှိသွားသကဲ့သို့ပင်။

“ကျုပ်မပြောဘူးလား”

ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်သည်။ “ဟိတ်ကြီးဟန်ကြီး မလုပ်ပါနဲ့ဆို။ သွားကြတော့”

ဝှစ် ဝှစ်

ချက်ချင်းပဲ ကောင်းကင်ယံထက်ဆီမှ ကြီးမားလွန်းလှသော ကောင်းကင်လက်ဝါးရိုက်ချက်ကြီးသည် အားလုံး စုပေါင်းကာဖြင့် ဖြစ်တည်လာခဲ့၏။ အရေအတွက်သည် များပြားလွန်းလှသည် ဖြစ်သောကြောင့် တစ်ဖက်လူသည် မည်သို့မှ မခံနိုင်ခဲ့ချေ။

ရှန့်ကျုံးဟူသည် တိုက်ခိုက်ရာတွင် အတွေ့အကြုံ အလွန်များပြားလှသူဖြစ်၏။ ကြီးမားလွန်းလှသော လက်ဝါး ရိုက်ချက်ကြီး ကျဆင်းလာသည့်အချိန်တွင် သူသည် တစ်ချက်ကလေးမှ မကြောက်လန့်ခဲ့ချေ။ သူ၏ လက်ဆယ်ချောင်းကို ဆန့်တန်းကာဖြင့် အသူရာလက်ချောင်း နည်းစနစ်ကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်၏။

“အင်း... ပိုးစုန်းကြူးလေးရဲ့အလင်းက ဘယ်လိုဖြစ်ပြီး လရဲ့တောက်ပမှုကို နှိုင်းယှဉ်လို့ ရမှာလဲ” ကျွင်းချောင်ရှောင်း သည် ထူးမခြားနားသလို ပြောလိုက်သည်။

ယုစီနန်၊ ကုန်းစွန်းဟုန်နှင့် တခြားသော အထက်ပိုင်း အကြီးအကဲများသည် ၎င်းတို့၏ ညာဘက်လက်များကို မြှောက်လိုက်၏။ တောက်ပလျက်ရှိနေသည့် အလင်းတန်းများသည် ထွက်ပေါ်လာခဲ့သည်။ ထိုအရာသည် သက်တန့်ရောင်စဉ်ကျမ်းပင်။

ဆွစ် ဆွစ်

ရောင်စုံ သက်တန့်ရောင်စဉ်ကျမ်းများသည် ကောင်းကင်လက်ဝါးရိုက်ချက်ကြီးကိုပါ ထွင်းဖောက်ပြီးသည့်နောက် ရှန့်ကျုံးဟူ၏ ခန္ဓာကိုယ် တည့်တည့်ဆီသို့ ကျဆင်းသွား၏။

“မကောင်းတော့ဘူး”

ဘန်း ဘန်း ဘန်း

အလင်းတန်းများ ဆက်တိုက်ဖြစ်တည်လာခဲ့ပြီးသည့်နောက် လက်ဝါးရိုက်ချက် မျိုးစုံတို့ကလည်း ရှန့်ကျုံးဟူ၏ ကိုပေါ်သို့ ကျဆင်းလာခဲ့သည်။

ချမ်းကျင်းချောင်၊ အိမ်စေနှင့် တခြားသောသူများ အားလုံးတို့သည် ရွက်သင်္ဘောကြီး အား အနောက်ဘက်သို့ ပြန်လည်ဆုတ်ခွာရင်း ထိတ်လန့်တုန်လှုပ်နေမိကြ၏။ အထူးသဖြင့် လူပေါင်းတစ်သိန်း ကျော်တို့သည် ကောင်းကင်ယံတွင် ရပ်တန့်နေကြပြီး အမျိုးအစား စုံလင်လှသော တိုက်ခိုက်ရေးနည်းစနစ်များကို ထုတ်ဖော်ကာ ရိုက်နှက်ခဲ့၏။

မောက်မာလှသော ရှန့်ကျုံးဟူသည် နက်ရှိုင်းလွန်းလှသော တွင်းကြီးထဲတွင် လဲလျောင်းလျက်ရှိပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် မဲပြာနေ၏။ ၎င်း၏ပါးစပ်သည် ရွဲ့စောင်းလျက်ရှိနေပြီး ပါးစပ်ထဲမှ အမြှုပ်များပင် ထွက်လျက် ရှိနေသည်။

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းပြီးသည့်နောက် ထိတ်လန့်ကြောက်ရွံ့လျက် ရှိနေသည့် ချမ်းကျင်းချောင်၊ အိမ်စေနှင့် တခြားသောသူများကို လှမ်းကာကြည့်လိုက်၏။ ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “အများကြီးနဲ့တစ်ယောက် တိုက်ခိုက်တယ်ဆိုတဲ့လူက ဒါလား”

“.........”

“အစ်ကိုကြီး... ခင်ဗျားဟာက အရမ်း၊ အရမ်းများလွန်းတယ်လေ”

All Chapters