အခန်း ၁၇၈၆
Vol. 120 Ch. 1786
အပိုင်း (၁၇၈၆)
အသူရာလက်ချောင်း သူရဲကောင်းသည် အားမနည်းလှချေ။ နတ်ဘုရားလျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်း ဝင်ရောက်ပြီးသော ထိပ်တန်း ကျွမ်းကျင်သူများထဲမှ တစ်ယောက်ဟုပင် စဉ်းစားသုံးသပ်၍ ရ၏။ ကောင်းကင် ဖြတ်သန်းခြင်းလောကကြီးတွင် သူသည် တခြားသောသူများနှင့် ရံဖန်ရံခါဆိုသလို တိုက်ခိုက်တတ်ပြီး လူတော်တော်များများကိုလည်း တိုက်ခိုက်အနိုင်ယူခဲ့ဖူး၏။
ပြောရမည်ဆိုလျှင် သားရဲပေါင်း တစ်သိန်းကျော်တို့ကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့သည်ဟူသော ကောလဟလ ပင် ရှိ၏။ ထို့ကြောင့်ပင်လျှင် ချမ်းကျင်းချောင်သည် ပိုက်ဆံတော်တော်များများကို အသုံးပြုကာ ငှားရမ်းခဲ့ခြင်း ဖြစ်၏။ နတ်ဆေးနယ်မြေထဲသို့ သွားရောက်စဉ်တွင် သူ၏ လုံခြုံရေးကို ကာကွယ်ပေးနိုင်ရန် မျှော်လင့်ချက်နှင့်ပင်။
ကြည့်ရှုရသည်မှာ ရှန့်ကျုံးဟူသည် အမှန်ပဲ ကြီးမြတ်လှသူတစ်ယောက်ဖြစ်ကြောင်း မိုးကြိုးတိမ်ကိုးလွှာ တည်နေရာထဲ ဖြတ်သန်းရင်း သက်သေပြခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ လူတော်တော်များများနှင့် တိုက်ခိုက်ရာတွင် တော်လွန်းလှပါသည်ဆိုသော် ကျွမ်းကျင်သူသည် လူပေါင်းများစွာတို့ စုပေါင်းတိုက်ခိုက်ရာတွင် အားကောင်းလွန်း သော ပြိုင်စံရှားဂိုဏ်းနှင့် ထိပ်တိုက်တွေ့သည့်အချိန်မှာတော့ သတိလစ်မေ့မျောသည်အထိ ရိုက်နှက်ခံခဲ့ရ၏။
လက်သီးနှစ်ခုသည် လက်သီးလေးခုကို တိုက်ခိုက်ရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ ရေတွက်လို့မရသည့် လက်များ ဆိုလျှင်ပိုမိုကာ ဆိုးရွားလွန်းလှ၏။ ထို့အပြင် ပြိုင်စံရှားဂိုဏ်းသည် ထိုကဲ့သို့ တိုက်ခိုက်ရာတွင် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ညီညွတ်လွန်းလှသည် မဟုတ်ပါလား။
ကျွင်းချောင်ရှောင်းနှင့် လီချင်းယန်တို့သာလျှင် နတ်ဘုရားလျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်း လှမ်းပြီးသားလူများ ဖြစ်ကြသည်ဆိုသော်လည်း ယုစီနန်နှင့် ကုန်းစွန်းဟုန့်တို့သည် ဂိုဏ်းထဲတွင် ကျင့်ကြံလျက်ရှိကြသည့် အစစ်အမှန် ရှာဖွေခြင်းအဆင့် ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူများ ဖြစ်ကြ၏။ ၎င်းတို့၏ တိုက်ခိုက်မှုအားအင်သည် နတ်ဘုရားလျှို့ဝှက်နယ်မြေတစ်ပိုင်း ကျင့်ကြံသူနှင့် မည်သို့မှ မကွာခြားလှချေ။
ရှန့်ကျုံးဟူ အနေနှင့် တစ်ယောက်ချင်းစီ တိုက်ခိုက်နိုင်သည်ဆိုပါက အခွင့်အရေး ရလျှင် ရနိုင်သေး၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှလူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရသည့်အချိန်မှာတော့ ကျိန်းသေပေါက် ရိုက်နှက်ခြင်းကို ခံခဲ့ရတော့သည်။
“လာခဲ့၊ လာခဲ့”
ကျွင်းချောင်ရှောင်းသည် ချမ်းကျင်းချောင်ကို လက်ယပ်ကာ ခေါ်လိုက်၏။ တစ်ဖက်လူသည် မျိုးရိုး ကြီးမြတ်လှသော မိသားစုကြီးတစ်ခု၏ သခင်လေးဖြစ်မှန်း သိရှိပြီဖြစ်၏။ ထို့ကြောင့် တကယ်ကျွမ်းကျင်သူ တစ်ယောက်ကိုပါ ဖိတ်ခေါ်လာခြင်း ဖြစ်ပုံပေါ်၏။
“........”
ချမ်းကျင်းချောင်၏ ခြေထောက်များသည် တုန်ယင်လျက်ရှိနေ၏။ အထူးသဖြင့် နတ်ဆိုးကဲ့သို့သော လူများနှင့် ထိပ်တိုက်ရင်ဆိုင်ရသည်ကို ပြန်လည်စဉ်းစားပြီးသည့်နောက် သူ၏ ကျောရိုးမကြီးတစ်ခုလုံးသည် စိမ့်တက်လာခဲ့သည်။
“လာခဲ့စမ်း”
ဝှစ် ဝှစ်
အားကောင်းလွန်းလှသော ကျန်းချီစွမ်းအင်များသည် ကြီးမားလွန်းလှသော လက်ကြီးတစ်ဖက်အဖြစ် အသွင်ပြောင်းကာ ချမ်းကျင်းချောင်ကို ဆွဲယူလိုက်၏။
“ကျုပ်က ဒီကို ပစ္စည်းတွေယူဖို့လာခဲ့တာလေ”
ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ၏ နဖူးကို အသာဖိကာဖြင့် မေးလိုက်သည်။ “ဒီအရာနဲ့ပတ်သက်ပြီး ပြဿနာရှိလား”
၎င်း၏ အမူအရာနှင့် လေသံသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ခြိမ်းခြောက်သည့် လေသံမျိုးအပြည့်ပါ ပါဝင်နေ၏။
ချမ်းကျင်းချောင်သည် သူ၏ခံစားချက်ကို မနည်းကြိုးစားကာ ထိန်းချုပ်လိုက်သည်။ သို့ပေမဲ့ သူ၏အသံသည် တုန်ယင်လျက် ရှိနေသည်။ “ပြ.. ပြဿနာ မရှိပါဘူး”
“ကောင်လေး”
အိမ်စေက အော်ဟစ်လိုက်၏။ “မင်း ငါ့ရဲ့သခင်လေးကို ထိခိုက်နာကျင်အောင် လုပ်ရဲတယ် ဟုတ်လား။ ချမ်းမိသားစုက မင်းကို ဘယ်တော့မှ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”
ချမ်းကျင်းချောင်သည် ရုတ်တရက်ထကာ ဆဲဆိုလုမတတ်ပင် ဖြစ်နေ၏။ သူသည် တစ်ဖက်လူ၏ လက်ထဲတွင် ဓားစာခံအဖြစ် ရောက်ရှိနေသည်ကို မမြင်လေသည်လား။ သူ၏ အိမ်စေသည် အဝေးတစ်နေဆီမှနေ၍ အချိုး မပြေသည့် စကားလုံးများကို ပြောဆိုလျက် ရှိနေသည်။ တစ်ဖက်လူသာ ဒေါသထွက်သွားမည်ဆိုပါက အရင်ဆုံး သေရမည့်သူမှာ သူပင် ဖြစ်ပေလိမ့်မည်။
“ဟမ့်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားက တလျှောက်လုံး ချမ်းမိသားစု၊ ချမ်းမိသားစုနဲ့ ပြောနေ တာ။ အဲမိသားစုက အရမ်းကို အားကောင်းလို့လား”
ချမ်းမိသားစုသည် အားကောင်းလှသည်တော့ မဟုတ်ချေ။ များပြားလှသော စီးပွားရေးလုပ်ငန်းများကို လှည့်ပတ် လုပ်ကိုင်လျက်ရှိသည့် မိသားစုတစ်ခုဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်ဖြတ်သန်းခြင်းလောကထဲတွင် များပြား လှသော အဆက်အသွယ်များကို ပိုင်ဆိုင်သည့် မိသားစုလည်း ဖြစ်၏။
“ရောင်းရင်း... ရန်ငြှိုးတွေနဲ့ နေထိုင်ရတာထက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသက်ရှင် နေထိုင်ရတာ မကောင်းဘူးလား။ ကျုပ်တို့ကြားမှာ တကယ့်ကို နက်ရှိုင်းလွန်းတဲ့ အမုန်းတရားမျိုးလည်း ရှိတာ မဟုတ်ဘူးလေ။ ဒီတော့ လက်နက် တွေကို ပစ်ချပြီးတော့ ကျောက်စိမ်းတွေ၊ ပိုးထည်တွေ၊ လက်ဆောင်တွေအဖြစ် ပြောင်းလဲလိုက်တာ ပိုပြီးတော့ ကောင်းမယ်”
“ဒါ အမှန်ပဲ။ အဓိပ္ပာယ်ရှိတယ်”
ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ကဲ... ခုနကပြောတဲ့ ကျောက်စိမ်းတွေ၊ ပိုးထည်တွေကို ထုတ်လိုက်တော့။ ကျုပ် ခင်ဗျားကို လွှတ်ပေးမယ်”
ကျောက်စိမ်းတွေ၊ ပိုးထည်တွေ၊ ဤအရာသည် ငွေကြေးများကို ဆိုလိုခြင်းသာဖြစ်၏။ ပွင့်ပွင့်လင်းလင်း ပြောရမည် ဆိုလျှင် ဘေးအန္တရာယ်များကို ရှောင်ရှားနိုင်ရန်အတွက် ပိုက်ဆံများ အသုံးပြုခြင်းပင်။ ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ထိုကဲ့သို့ ကိစ္စမျိုးနှင့် ရင်းနှီးပြီးသားဖြစ်၏။ သူသည် သူ့အား ပိုက်ဆံပေးသည့် မည်သူ့ကို မဆို သတ်ဖြတ်ခြင်း မရှိခဲ့ချေ။ အစစ်အမှန် စည်းကမ်းရှိသည့် လူတစ်ယောက်ပင်။
“ယူလိုက်၊ ဒါကိုယူလိုက်ပါ”
ချမ်းကျင်းချောင်သည် ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်၏။ ထို့ကြောင့် သူ၏ သိုလှောင်လက်စွပ်ကို ချက်ချင်းဆိုသလိုပဲ ထုတ်ယူကာ ပြောလိုက်၏။ “ဒီမှာ အဆင့်မြင့်ကောင်းကင်ဖြတ်သန်းခြင်း စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းတိတိ ရှိပါတယ်”
သူငှားရမ်းလာသည့် စွမ်းအားမြင့်ကျင့်ကြံသူသည် မြေပေါ်တွင် လဲလျောင်းလျက်ရှိပြီး တဆတ်ဆတ်လည်း တုန်ယင်လျက်ရှိ၏။ သူ၏ အသက်ရှင်နိုင်မှုသည် လက်ရှိပေးအပ်ခဲ့သည့် ပစ္စည်းများပေါ်တွင် မူတည်လျက်ရှိသည်။
“ကောင်းကင်ဖြတ်သန်းခြင်းကျောက်တုံး ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ယူပြီးသည့်နောက် သူ၏ စိတ်ဝိညာဉ်အာရုံများနှင့် ပေါင်းစပ်ကြည့်လိုက်၏။ အထဲ၌ များပြားလွန်းလှသော စိတ်ဝိညာဉ်ကျောက်တုံးများ တည်ရှိနေပြီး ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများသည် ထာဝရလောကကြီး၏ ပထမအဆင့် စိတ်ဝိညာဉ် ကျောက်တုံးများနှင့် နှိုင်းယှဉ်၍ရသည့် အော်ရာများ ပြည့်လို့နေခဲ့၏။
“အင်း... ဒီအဆင့် စိတ်ဝိညာဉ်ကျောက်တုံးမျိုးကို ထုတ်လုပ်နိုင်တယ်ဆိုတော့ ကောင်းကင်ဖြတ်သန်းခြင်းလောက ကြီးဆိုတာက အရင်ရွှမ်ယွမ်နယ်မြေထက် ဘယ်လိုမှ အားမနည်းနိုင်ဘူး”
တွေးကြည့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ကောင်းကင်ဖြတ်သန်းခြင်းလောကဆိုတာ ဘယ်အဆင့်မှာ ရှိလဲ”
“ပထမတန်းစားပါ”
“သေချာလား”
စိတ်ဝိညာဉ်ကျောက်တုံးများ၏ အားအင်အဆင့်ကို သုံးသပ်ရမည်ဆိုလျှင် ဤဂြိုဟ်ကြီးသည် တကယ့်ကို အဆင့်အတန်း မြင့်မားလှသည့် ပထမအဆင့်ဂြိုဟ်ကြီးသာ ဖြစ်ပေလိမ့်မည်။ ကျွင်းချောင်ရှောင်းအနေနှင့် အံ့အားသင့်မှုတော့ မရှိချေ။ ထိုအစား မျှော်လင့်တကြီးတော့ ဖြစ်လာခဲ့၏။ အထက်နယ်မြေမှ ထွက်ခွာ လာခဲ့ပြီးသည့်နောက် သူသည် ပထမတန်းစားဂြိုဟ်ကြီးဆီသို့ မရောက်ဖူးခဲ့ချေ။ ထိုနေရာဆီသို့ သွားရောက်ကာ ကြည့်ရှုရပေလိမ့်မည်။
“ကောင်းကင်ဖြတ်သန်းခြင်းလောကက ဘယ်နေရာမှာလဲ”
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ပြောလိုက်၏။ “ထားလိုက်တော့၊ ထားလိုက်တော့။ ခင်ဗျားတို့ လမ်းသာပြတော့”
သူသည် လက်ကို အသာလွှတ်ကာ ပြောလိုက်သည်။ “ကောင်လေးတွေ... ဆက်လုပ်ကြတော့”
“ကောင်းပါပြီ” တပည့်အားလုံးသည် ဆက်လက်ကာ လုပ်လိုက်ကြ၏။ တစ်ယောက်ချင်းစီတိုင်းသည် ဆေးသားရဲ များကို အနိုင်ယူလျက် ရှိနေပြီး တစ်ယောက်ချင်းစီတိုင်းသည် ဆေးပင်များကို တူးဆွလျက်ရှိ၏။ တစ်ယောက်ချင်း စီတိုင်းသည် ကောင်းကင်နှင့်မြေကြီး၏ ရတနာများကို တူးထုတ်လျက်ရှိနေ၏။
“...........”
ချမ်းကျင်းချောင်နှင့် ၎င်း၏ အဖွဲ့သားများ အားလုံးသည် လက်ကို ခေါင်းပေါ်သို့တင်ကာဖြင့် မြေပေါ်တွင် ဒူးထောက်ထိုင်လျက် ရှိနေကြသည်။ ၎င်းတို့သည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုပြီးသည့်နောက် အနီးနားပတ်ဝန်းကျင် တည်နေရာကြီးတစ်ခုလုံးသည် အပေါက်များ၊ တွင်းကြီးများသာ ဖြစ်ပေါ်လျက်ရှိနေကြောင်းကို မြင်လိုက်ရတော့၏။ “ဓားပြတွေတောင် ဒီလောက်ဆိုးမယ်မထင်ဘူး”
လဝက်ခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ မူလအားဖြင့် စိမ်းစိုလျက်ရှိနေသည့် နတ်ဆေးလောကကြီး တစ်ခုလုံး သည် လွင်တီးခေါင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။ အသက်ရှင်ကျန်ခဲ့သော ဆေးပင်အနည်းငယ်မှအပ ကျန်သော ကောင်းကင်နှင့်မြေကြီးရတနာများ အားလုံးသည် ထာဝရလောကကြီးဆီသို့ ရောက်ရှိသွားခဲ့သည်။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် အားလုံးသောအရာများကို တူးထုတ်ခြင်းတော့ မပြုလုပ်ခဲ့ချေ။ မထွက်ခွာခင်၌ သူ၏တပည့်များအားလုံးအား ဆေးပင်တချို့ကို မြေဆီလွှာထဲ၌ ထပ်မံစိုက်ပျိုးရန်ပင် အမိန့်ပေး ခဲ့သည်။ ကောင်းကင်နှင့်မြေကြီး၏ရတနာ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါးသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း နတ်ဆေးနယ်မြေထဲတွင် ဆေးစွမ်းအင်ပမာဏ တော်တော်များများကတော့ ကျန်ရှိလို့ နေခဲ့သေး၏။ အချိန် ကြာလာသည်ဆိုပါက မျိုးစေ့များသည် ထပ်မံကာ ကြီးထွားလာမည်ဖြစ်ပြီး ယခင်ကကဲ့သို့ ဖြစ်လာမလား၊ မဖြစ်လာဘူးလား ဆိုသည်ကတော့ ပြောရန် ခက်ခဲလှ၏။
ကုန်းရှန့်ထွက်ခွာသွားပြီး မကြာခင်မှာပဲ ရွက်သင်္ဘောတစ်စင်းသည် ဤနယ်မြေထဲသို့ ဝင်ရောက်လာလေသည်။
ဖြောက်
ပဲ့ခန်းတံခါး ပွင့်သွားပြီးသည့်နောက် သိုင်းကျင့်ကြံသူတစ်ဖွဲ့သည် အပြင်ဘက်သို့ ထွက်လျှောက်လာခဲ့သည်။ လူရွယ်များ၊ မိန်းမငယ်များ၊ ကလေးများနှင့် အသက်အရွယ် အိုမင်းလှသောသူများ၊ နေမကောင်းသောသူများ၊ ဒုက္ခသည်များ စသည့် အားလုံးသောသူတို့သည် တည်နေရာ ရွေ့ပြောင်းလာသည့် လူများကဲ့သို့ပင်။
“ခေါင်းဆောင်”
တစ်စုံတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ “ဒီနေရာကြီးက သက်ရှိတွေ နေထိုင်လို့ကောင်းတဲ့ နေရာမျိုးပဲ”
ခေါင်းဆောင်က ပြောလိုက်သည်။ “ဒါဆို ဒီနေ့ကစပြီး ငါတို့မျိုးနွယ်စုတွေ ဒီမှာ အခြေချကြတာပေါ့”
“ကောင်းပြီ”
အားလုံးသောသူတို့သည် အလုပ်များသွား၏။ အချိန်တိုအတွင်းမှာပဲ ၎င်းတို့သည် သက်ရှိများ နေထိုင်ရန်အတွက် မြို့ငယ်လေးတစ်ခုကို စတင်ကာ တည်ဆောက်ကြတော့၏။
ကျွင်းချောင်ရှောင်းသည် များပြားလှသည့် ကောင်းကင်နှင့်မြေကြီး ရတနာများကို ခူးယူ၊ တူးယူသွားခဲ့၏။ ထို့ကြောင့် ဂြိုဟ်ထဲတွင် ရှိနေသော ဆေးစွမ်းအင်များသည် သိသိသာသာဖြင့် လျော့ကျသွားခဲ့၏။ ထို့ကြောင့်ပင် သက်ရှိများနေထိုင်ရန် သင့်တော်သည့်နေရာ ဖြစ်သွားခဲ့သည်။
တိုက်ဆိုင်စွာပင် တခြားသောဂြိုဟ်ဆီမှ ရွေ့ပြောင်းရောက်ရှိလာခဲ့သည် ရွက်သင်္ဘောတစ်ခုသည် အထဲသို့ ရောက်ရှိ လာခဲ့ပြီးသည့်နောက် ဤတည်နေရာတွင် အခြေချရန် ကြိုးစားခဲ့တော့သည်။ ကျွင်းချောင်ရှောင်း အနေဖြင့် ကောင်းမွန်သည့်အရာကို ပြုလုပ်ခဲ့သည်ဟုပင် သတ်မှတ်နိုင်၏။
..........
“ကျေးဇူးပါပဲ၊ ရောင်းရင်းလေး”
လမ်းပြအဖြစ် ခေါ်ဆောင်ခဲ့သည့် အဘိုးအိုသည် ယခင် သူနေထိုင်ရာ ဂြိုဟ်ဆီသို့ ပြန်လည်ရောက်ရှိသည့်အချိန်မှာတော့ လက်သီးဆုပ်ကာဖြင့် ကျေးဇူးတင်စကား ပြောဆိုခဲ့၏။ သူသည် ကျွင်းချောင်ရှောင်းအား လမ်းပြအဖြစ် ပြုလုပ်ပေးရန် လိုက်ပါလာခဲ့ခြင်းသည် ဆေးပင်တချို့ကို ရယူလို သောကြောင့်ပင်ဖြစ်၏။ လက်ရှိအချိန်မှာတော့ သူလိုချင်တာကို ရရှိခဲ့၏။ ထို့ကြောင့် ရွက်သင်္ဘောပေါ်မှ ထွက်ခွာ ရမည်မှာ သဘာဝဖြစ်သည်။
“ရပါတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ ပြီးသည့်နောက် အသာလှည့်ကာဖြင့် ထာဝရရွက်သင်္ဘောကြီး ဆီသို့ ပြန်သွား၏။
“ရောင်းရင်းလေး”
အဘိုးအိုသည် လေးနက်တည်ကြည်သော အမူအရာဖြင့် ပြောလိုက်သည်။ “ကောင်းကင်ဖြတ်သန်း ခြင်းလောကဆိုတာ ဒီစကြဝဠာထဲမှာ ထိပ်တန်းဂြိုဟ်တစ်ခုပဲ။ သတိထားပါ”
ချမ်းမိသားစုကို သူသေသေချာချာ မသိပေ။ သို့ပေမဲ့ ကောင်းကင်ဖြတ်သန်းခြင်းလောက ဆိုသည်မှာတော့ သွားရှုပ်၍ ရသည့်အရာမျိုး မဟုတ်ကြောင်း သူက ကောင်းကောင်းသိ၏။ လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် တစ်ဖက်ဂြိုဟ်မှ သခင်လေးအား ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့သေး၏။ ကောင်းကင် ဖြတ်သန်းခြင်းလောကထဲသို့ သွားသည်ဆိုခြင်းမှာ ထောင်ချောက်ထဲသို့ လှမ်းလျှောက်သွားသည်နှင့် ခြားနား လိမ့်မည် မဟုတ်ချေ။
“ကောင်းပြီ” ကျွင်းချောင်ရှောင်းက တုံ့ပြန်လိုက်၏။ ပြီးသည့်နောက် ထာဝရရွက်သင်္ဘောကြီးဆီသို့ ပြန်လာခဲ့၏။
ဆွစ် ဆွစ်
ရွက်သင်္ဘောကြီးသည် တည်နေရာအတားအဆီးကို ဖောက်ထွက်ပြီးသည့်နောက် အဆုံးအစမဲ့ စကြဝဠာကြီးဆီသို့ ရောက်ရှိသွားခဲ့သည်။ ချမ်းကျင်းချောင်၏ လမ်းပြမှုနှင့်အတူ သူတို့သည် ပထမတန်းစားကောင်းကင်ဖြတ်သန်းခြင်း လောကဆီသို့ ဦးတည်လျက်ရှိ၏။ ထိုအရာသည် တော်တော်ဝေးကွာလွန်းသည်။ ထိုနေရာဆီသို့ ရောက်ရှိရန် လဝက်နီးပါးခန့် ကြာမြင့်ခဲ့သည်။
“ကြီးလိုက်တာ”
စကြဝဠာအတားအဆီးထဲသို့ ရောက်ရှိလုနီးပါးအချိန်တွင် ပြိုင်စံရှားဂိုဏ်းတပည့်များသည် ပြတင်းပေါက်အနားတွင် ရပ်တန့်ကာဖြင့် အရှေ့တွင်ရှိနေသော ဂြိုဟ်ကြီးအား လှမ်းကာကြည့်ရှုလိုက်သည်။ သူတို့၏ မျက်လုံးများသည် အံ့အားသင့်လို့နေခဲ့၏။
အချက်အလက်အားဖြင့် ထာဝရလောကကြီးသည် သေးငယ်လှသည် မဟုတ်ချေ။ သို့ပေမဲ့ ဤမျှလောက် ကြီးမား လှသည့် ဂြိုဟ်ကြီးကိုတော့ သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။
ဆွစ်
တည်နေရာအတားအဆီးကို ဖြတ်သန်းပြီးသည့်နောက် ထာဝရရွက်သင်္ဘောကြီးသည် ကောင်းကင်ဖြတ်သန်းခြင်း လောက၏ တည်နေရာလွတ်တစ်ခုတွင် ဆင်းသက်လိုက်၏။ ကျွင်းချောင်ရှောင်းသည် အပြင်ဘက်သို့ လျှောက်ထွက်လိုက်ပြီးသည့်နောက် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများကို အာရုံခံလိုက်သည်။ သူသည် စိတ်ထဲမှာ ကြိတ်ကာ သက်ပြင်းချလိုက်မိသည်။
“တကယ့်ကို ထင်ထားတဲ့အတိုင်းပဲကိုး။ ပထမတန်းစား ဂြိုဟ်တစ်ခု ဖြစ်နေတာပဲ”
“အဖေ”
ထိုအချိန်မှာပဲ ချမ်းကျင်းချောင်သည် ထာဝရရွက်သင်္ဘောကြီးဆီမှ ပျံသန်းထွက်ခွာလိုက်ပြီးသည့်နောက် ကျောက်စိမ်းပြားတစ်ခုကဲ့သို့သော အရာကို ထုတ်ယူကာ ချိုးချေလိုက်၏။ ပြီးနောက် မျက်ရည်အဝိုင်းသားဖြင့် အော်ဟစ်လျက်ရှိ၏။ “လာပါအုံး... ကျေးဇူးပြုပြီး ကယ်ပါအုံး”
“..........”
ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိ၏။ လမ်းတလျှောက်လုံး ကောင်းကောင်းမွန်မွန်စား၊ ကောင်းကောင်းမွန်မွန် သောက်၊ ကောင်းကောင်းမွန်မွန်အိပ်၍ လိုက်ပါလာခဲ့သည် မဟုတ်လား။ ယခု သူ၏ဂြိုဟ်သို့ ရောက်ရှိသည့် အချိန် မှာတော့ အဘယ်ကြောင့် အလောတကြီးဖြင့် ထွက်ကာ အကူအညီတောင်းနေရသနည်း။