အခန်း ၁၇၈၇
Vol. 120 Ch. 1787
အပိုင်း (၁၇၈၇)
ကျွင်းချောင်ရှောင်းသည် အလွန်ပင် စည်းကမ်းကျလှသူဖြစ်၏။ ချမ်းကျင်းချောင်ဆီမှ ပိုက်ဆံကို ရယူပြီးသည့် နောက် သူသည် တစ်ဖက်လူအား ခက်ခဲသည့်အရာများကို မပြုလုပ်ခဲ့ချေ။ လမ်းတလျှောက်တွင် သေသေချာချာ ကျွေးမွေးလာခဲ့သေး၏။ နောက်ဆုံးရလဒ်မှာတော့ တစ်ဖက်လူသည် အပြင်ဘက်သို့ ပြေးထွက်ပြီးသည့်နောက် ငိုယိုကာ အကူအညီတောင်းခံခဲ့၏။ သေသေချာချာ လိုက်လံ၍ မရှင်းပြပါက တခြားလူများအနေဖြင့် သူ့အား နှိပ်စက်ရိုက်နှက်ခဲ့သည်ဟုပင် အထင်မှားနိုင်သေး၏။
“ကောင်လေး”
အိမ်စေကြီးသည် ထာဝရရွက်သင်္ဘောကြီးဆီမှ ပျံသန်းထွက်ခွာသွားလိုက်ပြီးသည့်နောက် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “မင်း ဒီနေ့တော့ သေပြီပဲ”
လမ်းတလျှောက်မှာတော့ သူသည် လူကြောက်တစ်ယောက်ကဲ့သို့ပင် နေထိုင်ပြုမူခဲ့၏။ သဌာနေဆီသို့ ပြန်လည် ရောက်ရှိသည့်အချိန်မှာတော့ ၎င်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတ္တိ၊ ဗျတ္တိကို ထုတ်ဖော်ပြသလျက် ရှိနေသည်။ သူတို့၏ ကလန်မှ မိသားစုဝင်များ ရောက်ရှိလာကာ သူတို့ကို ကူညီကယ်တင်လိမ့်မည်ဟု ယုံကြည် နေ၏။
........"
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းလိုက်မိ၏။ ချမ်းမိသားစု၏ သခင်လေးနှင့် အိမ်စေတို့သည် တကယ်ပင် အလျင်လိုလွန်းလှ၏။ တကယ်တမ်း သူ့အနေနှင့် သတ်ပစ်ချင်သည်ဆိုပါက ကျိန်းသေပေါက် လွယ်လွယ်ကူကူဖြင့် လက်ရှိအချိန်တွင် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိနေသည်။
ဆွစ်
ရုတ်တရက်ဆိုသလိုပဲ အားကောင်းလွန်းလှသော အော်ရာများ ဖြစ်တည်လာခဲ့ပြီး အဝေးတစ်နေရာဆီမှ များပြားလွန်းလှသော ကျွမ်းကျင်သူများ ပျံသန်းလာခဲ့ကြ၏။ ၎င်းတို့သည် မျက်စိတစ်မှိတ်အတွင်း ထာဝရရွက် သင်္ဘော၏ အထက်တွင် ရောက်ရှိလာ၏။
“ဒုတိယဦးလေး”
ချမ်းကျင်းချောင်သည် ထိုအရာကို မြင်သည့်အချိန်မှာတော့ ထကာ အော်ဟစ်လိုက်သည်။ “ကျုပ်ကို ကယ်ပါအုံး”
လေထဲတွင်တော့ စုစုပေါင်း ကျွမ်းကျင်သူလေးယောက် တည်ရှိနေ၏။ ခေါင်းဆောင်လာသည့်လူသည် တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်၏။ ၎င်း၏ဆံပင်များသည် ဖြူဖွေးလျက် ရှိနေပြီး မျက်လုံးများမှာတော့ ဓားတစ်စင်းကဲ့သို့ စူးရှလွန်း၏။
“ဟင်…ရောက်တောင် လာပြီလား”
ကျွင်းချောင်ရှောင်းသည် အနည်းငယ် အံ့အားသင့်လို့နေခဲ့၏။ အကူအညီ တောင်းခံခဲ့သည့်အချိန်ကို ပြန်လည်ကာ ကြည့်ရှုမည်ဆိုလျှင် အများဆုံး တစ်မိနစ်လောက်သာ ကြာမြင့်သေး၏။ သို့ပေမဲ့ တစ်ဖက်လူများသည် အလွန်မြန်ဆန်စွာဖြင့် ရောက်ရှိလာခဲ့သည်။
“ကလေး”
ချမ်းနင်ကျား သည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်၏။ “ဘာတွေဖြစ်နေတာလဲ”
“ဒုတိယအကြီးအကဲ”
အိမ်စေကြီးသည် ကျွင်းချောင်ရှောင်းကို လက်ညှိုးဖြင့်ထိုးကာ ဒေါသတကြီး ပြောလိုက်သည်။ “သခင်လေးနဲ့ ကျုပ်တို့ နတ်ဆေးနယ်မြေထဲကို ဆေးပင်တွေသွားပြီး ယူတဲ့အချိန်မှာ ဒီလူက ကျုပ်တို့ကို ပြန်ပေးဆွဲ ခဲ့တယ်လေ။ ပြီးတော့ ကောင်းကင်ဖြတ်သန်းခြင်းကျောက်တုံး တစ်သန်းတောင် ငွေညှစ်ခဲ့သေးတယ်”
“ဟေး ဟေး” ကျွင်းချောင်ရှောင်းသည် မပျော်မရွှင် ဖြစ်သွားမိ၏။ “ခင်ဗျားတို့ စားချင်တာကို စားလို့ရတယ်။ ဒါပေမဲ့ ပြောချင်တာကို ပြောလို့မရဘူး”
သူ့အနေနှင့် ငွေညှစ်ခြင်း သို့မဟုတ် ပြန်ပေးဆွဲခြင်းကို ပြုလုပ်ခဲ့သည်ဟု မထင်ခဲ့ချေ။ ပထမဦးဆုံး တိုက်ခိုက်ရန် ပြင်ဆင်ခဲ့၏။ သို့ပေမဲ့ တိုက်ခိုက်ခြင်းကို မပြုလုပ်ဘဲ ခင်မင်ရင်းနှီးမှုအဖြစ် ပြောင်းလဲမည်ဆိုကာ ပိုက်ဆံများ ပေးခြင်းသာလျှင်။
“ငါတို့ ချမ်းမိသားစုကိုတောင်မှ ငွေညှစ်ရဲတယ် ဟုတ်လား”
ချမ်းနင်ကျားသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “မင်း တကယ် သတ္တိရှိတာပဲ ကောင်လေး”
ကျွင်းချောင်ရှောင်းသည် ရှင်းပြရန် ပျင်းရိလို့နေခဲ့၏။ အချက်အလက်အားဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် သူရှင်းပြရမည်ဆိုလျှင်တောင်မှ အသုံးမဝင်လှချေ။ တစ်ခုတည်းသော ပြဿနာကို ဖြေရှင်းရန် နည်းလမ်းသည် တိုက်ခိုက်ရန်သာရှိ၏။
ချမ်းနင်ကျားနှင့် တခြားသော စွမ်းအားမြင့် ကျင့်ကြံသူများသည်လည်း ထိုကဲ့သို့ တွေးတောထားပြီးသားဖြစ်၏။ ၎င်းတို့၏ တိုက်ရိုက်မျိုးဆက်ကို ပြန်ပေးဆွဲပြီး ငွေညှစ်ခဲ့ခြင်းကို သိရှိပြီးသည့်နောက် ၎င်းတို့၏ ခန္ဓာကိုယ်တွင် ရှိနေသော အော်ရာများသည် ကြမ်းတမ်းလာခဲ့၏။ အချိန်မရွေး တိုက်ခိုက်ရန်ပင် အဆင်သင့် ဖြစ်လို့နေသည်။
“အမှိုက်လေး”
အိမ်စေသည် ကြမ်းတမ်းစွာဖြင့် ပြောလိုက်၏။ “သေဖို့ စောင့်နေလိုက်တော့”
သူ၏မျက်လုံးထဲတွင် လူပေါင်းတစ်သိန်းလောက် စုဝေးလာပြီး ရှန့်ကျုံးဟူအား ရိုက်နှက်ခဲ့သည့်မြင်ကွင်း ပေါ်ပေါက်လာ၏။ သို့ပေမဲ့ ရှန့်ကျုံးဟူသည် လူတစ်ယောက်တည်းသာလျှင်ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ ၎င်းတို့သည် ကိုယ်ပိုင် တည်နေရာသို့ ရောက်ရှိနေပြီး ချမ်းမိသားစု တစ်ယောက်တည်း ရင်ဆိုင်ရမည့်အရာမျိုး မဟုတ်ချေ။ မည်သူ့ကို ကြောက်လန့်ရမည်နည်း။
ဆွစ် ဆွစ်
ထိုအချိန်မှာတော့ ပိုမိုများပြားလှသော ချမ်းမိသားစုအဖွဲ့ဝင်များ ရောက်ရှိလာခဲ့ကြသည်။ အရေအတွက်သည် တဖြည်းဖြည်း တိုးလာပြီး ရာမှထောင်ဂဏန်းသို့ပင် ရောက်ရှိလာ၏။ ချမ်းမိသားစုသည် ကောင်းကင်ဖြတ်သန်းခြင်းလောကထဲတွင် စီးပွားရေးကိုသာ အဓိကအားဖြင့် ပြုလုပ်သည် ဆိုသော်လည်း အလွန်ပင် အဆက်အသွယ်များလှသော မိသားစုတစ်ခုအဖြစ် သုံးသပ်နိုင်၏။ ထို့အပြင် အားကောင်းလှသော မိသားစုတစ်ခုလည်း ဖြစ်လို့နေသည်။ ၎င်းတို့၏ မျိုးနွယ်ထဲတွင် အားကောင်းလွန်းလှသော စွမ်းအားမြင့် ကျင့်ကြံသူများသည် လက်နက် အပြည့် တည်ရှိနေကြ၏။
“အစ်ကိုချမ်း… ဘာတွေဖြစ်နေတာလဲ” ဖြတ်သွားဖြတ်လာသည့် သိုင်းကျင့်ကြံသူများသည် လက်ရှိဖြစ်နေသည့် မြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ လာရောက်ကာ မေးမြန်းကြ၏။ ချမ်းမိသားစု၏ တိုက်ရိုက်မျိုးဆက်သည် ပြန်ပေးဆွဲကာ ငွေညှစ်ခြင်း ခံလိုက်ရသည်ကို သိရှိပြီးသည့်နောက်မှာတော့ ၎င်းတို့အားလုံးသည် မတ်မတ်ရပ်၍ ကျွင်းချောင်ရှောင်းကို ကြည့်ရှုလျက်ရှိသည်။
“ဒီကောင့်ကို ကြည့်ရတာ မရင်းနှီးဘူး”
“ထူးဆန်းတဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရှုရမယ်ဆိုရင် ကောင်းကင်ဖြတ်သန်းခြင်းနယ်မြေကတော့ မဟုတ်တာ သေချာတယ်”
“ဘယ်လိုဖြစ်ပြီးတော့ သခင်လေးချမ်းကို ပြန်ပေးဆွဲရဲတာလဲ”
“သူတော်တော် သတ္တိကောင်းတာပဲ။ ပြန်ထွက်သွားဖို့ စဉ်းတောင် မစဉ်းစားနဲ့”
ထိုအချိန်မှာတော့ ကောင်းကင်ဖြတ်သန်းခြင်းနယ်မြေမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် စုဝေးရောက်ရှိ လာခဲ့ကြပြီး ကျွင်းချောင်ရှောင်းကို ရန်သူသဖွယ် ကြည့်ရှုနေကြ၏။ ပိုမိုတုန်လှုပ်စရာ ကောင်းသည်မှာ လူပေါင်း များစွာတို့သည် အသံပို့လွှတ်လျက်ရှိနေသည့် ဖြစ်သောကြောင့် တခြားသောလူများသည် တဖွဲဖွဲနှင့် ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည် ပွဲကို လာရောက်ကြည့်ရှုကြခြင်း မဟုတ်ပေ။ လာရောက်ကူညီခဲ့ကြခြင်းပင်။
“………”
ကုန်းရှန့်သည် ဆွံအလို့နေခဲ့၏။ အဆင်ပြေသေးသည်။ သူသည် တစ်ဖက်လူအား ပြန်ပေးဆွဲ၍ ငွေညှစ်ခဲ့သည် ဆိုလျှင်တောင် ချမ်းမိသားစုနှင့်သာ ရင်ဆိုင်ရသေး၏။ သို့ပေမဲ့ အဘယ်ကြောင့် ဖြတ်သွားဖြတ်လာများသည် ဝင်ရောက်ကာ တိုက်ခိုက်မည့် အခြေအနေမျိုးကို ရောက်ရှိနေရသနည်း။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် အသံပို့လွှတ်လိုက်သည်။ “အခြေအနေ မကောင်းဘူး”
လက်ရှိအခြေအနေမှာတော့ ထာဝရ ရွက်သင်္ဘောကြီး၏ အထက်တွင် သိုင်းကျင့်ကြံသူတစ်သောင်းနီးပါးတို့သည် ရောက်ရှိလာခဲ့ပြီဖြစ်၏။ ထို့အပြင် လူပေါင်းများစွာတို့သည် သတင်းကြားပြီးသည့်နောက် တဖွဲဖွဲဖြင့် ရောက်ရှိ လာခဲ့သေး၏။ မရပ်မနား ဆက်လက်ကာ ရောက်ရှိလာမည်ဆိုပါက ကောင်းကင်ဖြတ်သန်းခြင်းလောကရှိ သိုင်းကျင့်ကြံသူတစ်ဝက်လောက် ရောက်ရှိလာမည်လား မသိနိုင်ပေ။
ချမ်းနင်ကျားသည် လေထဲတွင် မတ်မတ်ရပ်လျက်ရှိသည်။ သူသည် သူ၏အော်ရာများကို ထုတ်လွှတ်လျက် ရှိနေသည်ဆိုသော်လည်း တိုက်ကွက်ကိုတော့ မထုတ်ဖော်ခဲ့သေးချေ။ သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားသည့် အရိပ်သဏ္ဍာန်မျိုးက တည်ရှိနေ၏။
ကောင်လေး… မင်း မြင်ပြီလား။ ဒါ ငါ့ရဲ့အဆက်အသွယ်တွေပဲ။ ငါ သူတို့ကို သီးခြားကြီး ဆက်သွယ်ခေါ်ဆောင်လိုက်တာ မဟုတ်တာတောင်မှ သိုင်းကျင့်ကြံသူ အများကြီးက လာပြီးတော့ ကူညီကြတယ်။
ဆွစ် ဆွစ်
သိုင်းကျင့်ကြံသူများသည် တဖြည်းဖြည်း ပိုမိုကာ ပျံသန်းရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် အားအင်အဆင့် အရလည်း မနိမ့်ပါးကြချေ။ အနည်းဆုံး အစစ်အမှန်ရှာဖွေခြင်းအဆင့်တွင် တည်ရှိနေခဲ့သေး၏။ တချို့ဆိုလျှင် နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့်သို့ ခြေတစ်လှမ်းပင် ဝင်ရောက်နေခဲ့ကြ၏။
“နောက်ကိုဆုတ်ကြရအောင်” ယုစီနန်က မျက်မှောင်ကုတ်လိုက်မိသည်။ များပြားလှသော သိုင်းကျင့်ကြံသူများ သည် လာရောက်ကာ ကူညီခြင်းကို ပြုမူကြ၏။ အထူးသဖြင့် နတ်ဘုရားလျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်း ဝင်ပြီးသော ကျွမ်းကျင်သူများပင် ပါဝင်လျက်ရှိ၏။ ဤကဲ့သို့သော အင်အားစုအား ပြိုင်စံရှားဂိုဏ်းအနေဖြင့် တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။
ဆွစ် ဆွစ်
ထိုအချိန်မှာတော့ အလွန်ကြမ်းတမ်းလှသော ချီလှိုင်းတစ်ခုသည် ဖြစ်တည်လာခဲ့သည်။ ကျွင်းချောင်ရှောင်း၏ နှလုံးသားသည် တုန်ယင်သွားခဲ့၏။ အလျင်အမြန်ဖြင့် ခေါင်းကို မော့ကြည့်လိုက်သည့်အချိန်မှာတော့ တောင်ထွတ်၏ တစ်နေရာတွင် မတ်မတ်ရပ်လျက်ရှိသည့် အဖြူရောင်ဆံပင်နှင့် အဘိုးအိုတစ်ယောက်ကို မြင်လိုက်ရ၏။ ၎င်း၏ မျက်လုံးများသည် မှုန်မှိုင်းလျက်ရှိနေသည်ဆိုသော်လည်း လူသားတစ်ယောက်၏ နှလုံသား ထဲသို့ ထွင်းဖောက်ကာ မြင်နိုင်သည့်ပုံပေါ်သည်။
“ခေါင်းဆောင်အကြီးအကဲ… ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”
“ကောင်းကင်ဘုံ… ဒါက တကယ့် မျိုးဆက်ဟောင်းထဲက ကျွမ်းကျင်သူတစ်ယောက်ပဲ” ကောင်းကင်ဖြတ်သန်းခြင်း လောကဆီမှ ကျွမ်းကျင်သူများသည် ရေရွတ်လိုက်ကြ၏။
“ချမ်းမိသားစုလား”
တောင်ထွတ်ပေါ်တွင် မတ်တပ်ရပ်လျက်ရှိသည့် ခေါင်းဆောင်ချင်က လှမ်းကာ ပြောလိုက်၏။ သူ၏အသံသည် စွမ်းအင်တစ်မျိုး ပါဝင်နေပုံရပြီး တည်နေရာတစ်ခုလုံး တုန်ခါသွားသည်။
“ဖြစ်နိုင်တာ”
ကျွင်းချောင်ရှောင်း၏ အမူအရာသည် လေးနက်သွားခဲ့၏။ “နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့်လား”
“အမှန်ပဲ” စနစ်က ပြောလိုက်သည်။ “တကယ့်ကို နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့် သိုင်းကျင့်ကြံသူပဲ”
“ပထမတန်းစားဂြိုဟ်တစ်ခု ပီသပါပေတယ်” ကျွင်းချောင်ရှောင်းသည် ဆွံ့အလျက်ရှိနေတော့၏။ ကုထျန်းရှင်းနှင့် တောင်ပင်လယ်နယ်မြေအရှင် တို့ထက်စာလျှင် သူသည် နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့် သိုင်းကျင့်ကြံသူ တစ်ယောက်ကို ပထမဦးဆုံး မြင်ဖူးခဲ့ခြင်းဖြစ်၏။ တစ်ဖက်လူ၏ အမူအရာနှင့် အော်ရာများသည် ကျိန်းသေပေါက် သူ့အနေနှင့် ယှဉ်ပြိုင်လို့ရသည့်အရာများ မဟုတ်ခဲ့ချေ။
“အရင်တုန်းက ငါ ပင်လယ်လေးခုကို ဖြတ်သန်းပြီး လျှောက်သွားနေတဲ့အချိန်မှာ ချမ်းမိသားစုရဲ့ ဘိုးဘေးကြီးနဲ့ ခင်မင်ရင်းနှီးခဲ့ဖူးတယ်လေ။ အခု သူ့ရဲ့မျိုးဆက်တွေက ဒုက္ခရောက်နေပြီဆိုမှတော့ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေလို့ မဖြစ်ဘူး” ခေါင်းဆောင် ချင်သည် အခြေအနေကို သဘောပေါက်စွာဖြင့် ပြောလိုက်၏။
“…….”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ “သွားပြီပဲ”
နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့်သို့ ခြေတစ်လှမ်း ဝင်ပြီးသော သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်နှင့် အစစ်အမှန်ရှာဖွေခြင်းအဆင့်ကျင့်ကြံသူ တစ်သောင်းလောက် ဆိုလျှင်ပင် သူ့အနေနှင့် တိုက်ခိုက်ရန် ယုံကြည်ချက်ရှိလို့နေသေး၏။ အလုပ်မဖြစ်ဘူး ဆိုလျှင်တောင်မှ သူသည် ဝှက်ဖဲပေါင်း များစွာတို့ကို ထုတ်ဖော်ကာ အသုံးပြုရပေလိမ့်မည်။
ယခု နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့် ကျွမ်းကျင်သူ ရောက်ရှိလာသည်ဆိုမှတော့ ပြဿနာသည် ကျိန်းသေပေါက် ကြီးမားသွားခဲ့၏။ ဤကဲ့သို့ ဖြစ်မည်မှန်းသိပါက သူသည် ဤတည်နေရာသို့ လာခဲ့လိမ့်မည် မဟုတ်ချေ။ ကျွင်းချောင်ရှောင်းသည် အမှန်ပဲ နောင်တရလို့ နေခဲ့၏။
သို့ပေမဲ့ နောင်တတရားကို ကုသနိုင်ရန် ဆေးဆိုသည်မှာ လောကကြီးတွင် မရှိချေ။ လက်ရှိအခြေအနေမှာတော့ သူ့အနေနှင့် ထွက်ခွာသွားချင်လျှင်ပင် အလွန်ခက်ခဲပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဖြတ်သန်းခြင်း လောက ဆီမှ သိုင်းကျင့်ကြံသူများသည် ဝိုင်းပတ် ပိတ်ဆို့ထား ခဲ့သောကြောင့်ပင်။
“ကျေးဇူးပါပဲ စီနီယာ” ချမ်းနင်ကျားသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ သူ၏ မျက်နှာပေါ်တွင် ရှိနေသော ဂုဏ်ယူဝံ့ကြွားမှုများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ ကောင်းကင်ဖြတ်သန်းခြင်းလောကဆီမှ ထိပ်တန်းကျွမ်းကျင်သူများပင်လျှင် လာရောက်ကာ ကူညီကြ၏။ ဤအရာသည် ကျိန်းသေပေါက် မျက်နှာသာ ပေးခြင်းပင်။
ကောင်လေး... ငါတကယ်ပဲ မင်းကို ကျေးဇူးတင်တယ်။ ငါတို့ချမ်းမိသားစုက အားလုံးသောသူတွေရှေ့မှာ ဂုဏ်ယူစရာတစ်ခုဖြစ်အောင်လို့ မင်းလုပ်ခဲ့ပေးတာပဲ။
ခေါင်းဆောင်ချင်သည် ကျွင်းချောင်ရှောင်းကို လှမ်းကြည့်ကာ ပြောလိုက်၏။ “မင်းအညံ့ခံမှာလား။ ငါကိုယ်တိုင် တိုက်ခိုက်ရမှာလား”
“ဒါက နားလည်မှု လွဲတာပါ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျိန်းသေပေါက် နားလည်မှု လွဲတာပါ”
သူသည် အနည်းငယ် စိုးရွံ့လို့နေ၏။
ချမ်းကျင်းချောင်းသည် အော်ဟစ်လိုက်သည်။ “ကျုပ်ဆီက ငွေညှစ်တုန်းက နားလည်မှုလွဲတာပါလို့ ဘာလို့ မပြောတာလဲ”
သူ၏ မိသားစု၊ များပြားလှသော သိုင်းကျင့်ကြံသူများနှင့် ထိပ်တန်းကျွမ်းကျင်သူများပါ ရောက်ရှိ နေပြီဆိုမှတော့ သူသည် အစစ်အမှန်ပဲ ရဲတင်းလာခဲ့တော့၏။ မျက်လုံးထဲတွင် ရှိနေသော ဒေါသတရားများသည် အလွန်တောက်ပလျက် ရှိနေပြီး အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည့် အရှိန်အဝါမျိုးကိုပင် ထုတ်ဖော်နေလေ၏။
“ဟင်း” ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ သူ၏ မျက်နှာပြင်ကို ကြည့်ရှုရမည် ဆိုလျှင် တည်ငြိမ်နေသည်ဆိုသော်လည်း စိတ်ထဲမှာတော့ အမှန်ပင် စိုးရွံ့လို့နေခဲ့၏။ သူ၏နောက်ဆုံးဝှက်ဖဲကို ထုတ်ဖော်ကာ ရွက်သင်္ဘောနှင့် တပည့်များအားလုံးကို ထာဝရလောကကြီးဆီ အမြန်ဆုံး ပြန်လည်ပြေးဝင်သွားရန် စဉ်းစားနေမိသည်။
ဝှစ်
ကျွင်းချောင်ရှောင်း တစ်ယောက် တွေးနေတုန်းမှာပဲ ခေါင်းဆောင်ချင်သည် လက်ကို ယမ်းခါလိုက်၏။ အားကောင်းလှသော ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများသည် လက်ဝါးကြီးတစ်ခုအဖြစ်သို့ ဖြစ်တည် လာခဲ့၏။ သူက ပြောလိုက်သည်။ “ငါ အလျင်လိုနေတယ်”
ဤလက်ဝါးချက်သည် အောက်ဆီသို့ ကျဆင်း မလာသည် ဆိုသော်လည်း ကြောက်မက်ဖွယ်ရာကောင်းလှသည့်အော်ရာများကို ထုတ်ဖော်လျက်ရှိ၏။
ကျွမ်းကျင်သူများအားလုံးကို အံ့အားသင့်စေသည်သာမက ကျွင်းချောင်ရှောင်းကိုလည်း ထိတ်လန့်သွားစေခဲ့၏။ သူသည် စိတ်ထဲမှာ ကြိတ်ကာရေရွတ်လိုက်မိသည်။ “နောက်ကျသွားမှာ စိုးရပြီ။ သွားပြီပဲ”
“ခေါင်းဆောင်ချင် ကိုယ်တိုင် တိုက်ခိုက်နေပြီ။ ဒီတော့ ဒီကိစ္စအားလုံးက ငါတို့အတွက် အေးအေးဆေးဆေး ဖြစ်သွားပြီ။ သနားစရာကောင်လေးပဲ။ ဘယ်ကိုရောက်နေလဲဆိုတာ သူမသိဘူးပဲ”
“တစ်စုံတစ်ယောက်ကို ငွေညှစ်ပြန်ပေးဆွဲပြီးတာတောင်မှ ဒီနေရာအထိ ရဲရဲတင်းတင်း ရောက်ရှိလာရဲသေးတယ်”
ဝှစ် ဝှစ်
အားကောင်းလွန်းလှသော လက်ဝါးရိုက်ချက်ကြီးသည် အောက်ဆီသို့ ကျဆင်းလာခဲ့၏။ သို့ပေမဲ့ ထိုလက်ဝါး ရိုက်ချက်ကြီး ကျွင်းချောင်ရှောင်း ကို ရိုက်နှက်ရန် ကျဆင်းလာသည့်အချိန်မှာပဲ ရုတ်တရက် ရပ်တန့်သွား၏။
ခေါင်းဆောင်ချင်သည် ရုတ်တရက် ခေါင်းမော့ကာဖြင့် မျက်မှောင်ကုတ်လိုက်မိသည်။
ဝှစ်
ထိုအချိန်မှာပဲ တည်နေရာအတားအဆီးဆီမှ အလင်းတန်းနှစ်ခုသည် ရုတ်တရက် ဖြစ်တည်လာခဲ့၏။ ၎င်း အလင်းတန်း နှစ်ခုသည် ကောင်းကင်ဖြတ်သန်းခြင်းလောက၏ တည်နေရာအတားအဆီးကို ချိုးဖြတ်ကာဖြင့် အထဲသို့ ဝင်ရောက်လာ၏။
ခေါင်းဆောင်ချင်၏ မျက်လုံးထဲ၌ အနည်းငယ် ကြောက်ရွံ့သည် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။ သူသည် တီးတိုးရေရွတ်လိုက်မိသည်။ “ကုထျန်းရှင်း”