← Chapters

အခန်း ၁၇၈၈

Vol. 120 Ch. 1788

အခန်း ၁၇၈၈

Vol. 120 Ch. 1788

အပိုင်း (၁၇၈၈)

ခေါင်းဆောင်ချင်သည် ကြီးမားသည့် လက်ဝါးရိုက်ချက်ကြီးတစ်ခုကို ဖန်တီးပြီးသည့်နောက် ကျွင်းချောင်ရှောင်းကို ရိုက်ချရန် ပြင်ဆင်လိုက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ အမူအရာ တစ်ခုလုံးသည် လေးနက်သွားခဲ့၏။ သူသည် ရှိရှိသမျှသော ဝှက်ဖဲများအားလုံးကို အသုံးပြု၍ ထွက်ပြေးရန် ကြိုးစား ပြင်ဆင်လိုက်၏။ သို့ပေမဲ့ ဤကဲ့သို့ အရေးအကြောင်း အခြေအနေမျိုးတွင် တစ်ဖက်လူသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ကံကောင်းလွန်း၏။ ကျွင်းချောင်ရှောင်းသည်သာ အနည်းငယ် မြန်ဆန်သွားမည်ဆိုပါက သူ၏ ဝှက်ဖဲများအားလုံးသည် ဘူးပေါ်သလို ပေါ်သွားမှာ သေချာ၏။

“ကုထျန်းရှင်း”

ခေါင်းဆောင်ချင်၏ မျက်လုံးထဲတွင် ကြောက်ရွံ့သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည့် အလင်းတန်းနှစ်ခုကို မော့ကြည့်လိုက်သည်။

“ဦးလေးကု ရောက်လာတာလား” ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ဖြင့် ခေါင်းကိုမော့ကြည့်လိုက်၏။

သေချာပေသည်။ ကောင်းကင်ပေါ်တွင် ရှိနေသော အော်ရာများသည် အနည်းငယ် ပြန်လည်လျော့ကျသွားပြီး သည့်နောက် ဘေးချင်းကပ် ရပ်လျက်ရှိနေသည့် ကုထျန်းရှင်းနှင့် သူ၏မိန်းမတို့က ပေါ်ပေါက်လာသည်။

သူတို့သည် တောင်ပင်လယ်နယ်မြေတွင် နေထိုင်သည့်အချိန်၌ ရိုးသားလွန်းလှသည့် တောသူတောင်သား နှစ်ယောက်ကဲ့သိုပင် ဖြစ်သော်လည်း ကောင်းကင်ဖြတ်သန်းခြင်းလောကဆီသို့ ရောက်ရှိလာသည့်အချိန် မှာတော့ ၎င်းတို၏ အော်ရာများသည် နတ်ဘုရားများ ကဲ့သို့ပင်။

“ညီလေး”

ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်သည်။ “မင်း ကောင်းကင်ကြယ် ကျောက်စိမ်းပြားကို ချိုးခဲ့သေးတာလား”

“မဟုတ်ပါဘူး” ကုကျောင်းရှစ်သည် ဆွံ့အလျက် ရှိနေ၏။ စောနကလေးတင် သူသည် ကောင်းကင်ကြယ် ကျောက်စိမ်းပြားအား ချိုးရန် စဉ်းစားလို့နေခဲ့၏။ သို့ပေမဲ့ သူထိုသို့ လုပ်သည်ဆိုလျှင်တောင်မှ သူ၏အဖေသည် စကြဝဠာ ပတ်လမ်းကြောင်းထဲသို့ ဖြတ်သန်းရောက်ရှိလာရမည် ဖြစ်သောကြောင့် မြန်မြန်ဆန်ဆန် ရောက်ရှိ မလာနိုင်ချေ။

“ပြဿနာပဲ”

ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခု မှားယွင်းသလို ခံစားနေမိ၏။ ထို့ကြောင့် တွေးလိုက်မိသည်။ “ဦးလေးကုက ဒီကိုလာတာ ငါ့ကို လာရှာတာတော့ မဟုတ်ဘူးမို့လား”

ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် အားကောင်းလွန်းလှပြီး ရင်းနှီးသည့် ကျွမ်းကျင်သူတစ်ယောက် ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် ကုန်းရှန့်အား သက်တောင့်သက်သာ ဖြစ်စေခဲ့၏။

သို့ပေမဲ့ အချက်အလက်အားဖြင့် သူသည် ကုထျန်းရှင်းကို မျက်နှာချင်း မဆိုင်ချင်ပေ။ ပထမဆုံး အနေဖြင့် သူသည် တစ်ဖက်လူဆီမှ များပြားလှသော လျှို့ဝှက်သိုင်းကျမ်းများကို ခိုးယူခဲ့မိ၏။ ဒုတိယအနေနှင့် တစ်ဖက်လူ၏ သားနှင့် ချွေးမကိုလည်း ခေါ်ဆောင်ခဲ့သေးသည်။

ကျွင်းချောင်ရှောင်းသည် လက်ကို အသာမြှောက်ကာဖြင့် နဖူးပေါ်တွင် ရှိနေသည့် ချွေးစေးများကို သုတ်လိုက်မိ၏။ “ငါ့တော့ ဒီနေတော့ နာပြီနဲ့တူတယ်”

ရွှီး

ထိုအချိန်မှာတော့ ကုထျန်းရှင်းသည် ခေါင်းကိုအသာလှည့်ကာဖြင့် အေးစက်စက် ကြည့်လိုက်၏။ သူ၏မျက်နှာ ပေါ်တွင် ရှိနေသော ဒေါသတရားများသည် အထင်းသား ပေါ်ပေါက်လို့နေသည်။

ကျွင်းချောင်ရှောင်းသည် ကျောရိုးမကြီးတစ်ခုလုံးပင်လျှင် စိမ့်တက်သွားမိ၏။ “ဦးလေး... ကျုပ်က အပြစ် ကင်းစင်ပါတယ်”

ကုန်းရှန့်သည် ရှင်းပြရန် ကြိုးစားလျက် ရှိနေတုန်းမှာပဲ ကုထျန်းရှင်းက အသံပို့လွှတ်လိုက်၏။ “ခွေးလေး... မင်း ငါ့ရဲ့ဆေးပင်တွေ ခိုးတဲ့ကိစ္စကို နောက်မှရှင်းမယ်”

“.........”

ကျွင်းချောင်ရှောင်း၏ မျက်နှာအမူအရာ တစ်ခုလုံးသည် ရှုံ့မဲ့သွား၏။ ခင်ဗျားရဲ့သားက ဆေးပင်တွေကို ယူလာ တာလေ။ ဘယ်လိုဖြစ်ပြီး ကျုပ်ကို လာအပြစ်တင်နေရတာလဲ။

“နှုတ်ဆက်ပါတယ် မဟာမိတ်ခေါင်းဆောင်ကု”

လက်ရှိအချိန်မှာတော့ သိုင်းကျင့်ကြံသူ အားလုံးတို့သည် သတိဝင်သွား ပြီးသည့်နောက် လေးလေးစားစားပဲ ဦးညွတ်ကာ ဂါရဝပြုလိုက်၏။ ထိုအချိန်မှာပဲ အားလုံးသော သူတို့၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများသည် ခေါင်းဆောင်ချင် ပေါ်ပေါက်လာစဉ်ကထက် ပိုမိုကာ ကြီးမားလာခဲ့၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် သာမန်ခေါင်းဆောင်တစ်ယောက်သာ ဖြစ်သည် ဆိုသော်လည်း ကုထျန်းရှင်းမှာတော့ ကြယ်ပင်လယ်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဖြစ်နေသောကြောင့်ပင်။

ကြယ်ပင်လယ်မဟာမိတ်အဖွဲ့ - ဤအရာသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သော ရှေးအဖွဲ့အစည်းတစ်ခုဖြစ်၏။ ကုထျန်းရှင်းအား ကောင်းကင်ဖြတ်သန်းခြင်းလောကထဲတွင် မည်သည့် အဆင့်အတန်းနှင့် နှိုင်းယှဉ်ရမည်နည်းဆိုသော် ရှိရှိသမျှသော ဂိုဏ်း၊ အဖွဲ့အစည်းများ အားလုံး၏ အထက်တွင် ရှိနေသော လူတစ်ယောက်ပင်။

ကြယ်ပင်လယ်မဟာမိတ်အဖွဲ့၏ ယခင်က ခေါင်းဆောင်သည် လောကကြီးတစ်ခုလုံးက လေးစားရသည့် အားကောင်းသော လူတစ်ယောက်ဖြစ်သည်။ ၎င်းသည် ကောင်းကင်ဖြတ်သန်းခြင်းလောက၏ နယ်မြေသခင်နှင့်ပင် နှိုင်းယှဉ်၍ ရသောလူဖြစ်သည်။

“ညီလေး”

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “မင်းအဖေက တကယ့်ကို ကြမ်းတာပဲ”

“ဟုတ်တယ်”

ကုကျောင်းရှစ်သည် သူ့အဖေ မည်ကဲ့သို့သော ဂုဏ်ပုဒ်မျိုး ရှိသည်ကို မသိပေ။ သို့ပေမဲ့ ကောင်းကင် ဖြတ်သန်းခြင်းလောကရှိ အားကောင်းလွန်းလှသော သိုင်းကျင့်ကြံသူအားလုံး ဦးညွတ်ကာ ဂါရဝပြုနေသည်ကို မြင်ရချိန်မှာတော့ သူသည် ချက်ချင်းပဲ ရူးသွပ်မတတ်ပင် ခံစားနေမိသည်။

“ဘာတွေဖြစ်နေတာလဲ” ကုထျန်းရှင်းသည် ကောင်းကင်ယံတွင် စုဝေးလျက် ရှိနေသည့် များပြားလှသော သိုင်းကျင့်ကြံသူများကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ အသံသည် ဆန်းကြယ်လှသော အော်ရာများ ပါဝင်လျက် ရှိနေပြီး ယခင်တောင်ပင်လယ် နယ်မြေမှာ နေထိုင်စဉ်ကလို ရိုးသားသည့် တောသားကြီးတစ်ယောက်နှင့် မဆင်တူ တော့ချေ။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဟိတ်ဟန်၊ အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး အားလုံးသော သူများကို ဖိနှိပ်ထား၏။

“မဟာမိတ်ခေါင်းဆောင်ကု”

ချမ်းနင်ကျားသည် ကျွင်းချောင်ရှောင်းကို လက်ညှိးထိုးကာ ပြောလိုက်သည်။ “ဒီကောင်လေးက ကျုပ်တို့ တိုက်ရိုက်မျိုးဆက်ကို ပြန်ပေးဆွဲပြီး ငွေညှစ်ခဲ့တယ်”

မဟာမိတ်ခေါင်းဆောင်ကု အနေနှင့် သူ့ဘက်မှ ရပ်တည်ကာ တစ်ဖက်လူကို တိုက်ခိုက်ပေးရန် မျှော်လင့်နေမိသည်။ အကယ်၍ မဟာမိတ်ခေါင်းဆောင်ကုအနေနှင့် သူ့အား ကူညီမည်ဆိုလျှင် သူတို့မိသားစု၏ ဂုဏ်ပုဒ်သည် ကောင်းကင် ဖြတ်သန်းခြင်းလောကတစ်ခုလုံးကို ပျံ့နှံသွားမှာ သေချာ၏။

“အရူး”

ကုကျောင်းရှစ်က ထအော်လိုက်သည်။ “ဒီကိစ္စကို ပြဿနာရှာခဲ့တာ မင်းတို့ပဲ မဟုတ်လား။”

စောနတုန်းက သူသည် ထာဝရရွက်သင်္ဘောကြီးတွင် ပုန်းအောင်းနေခဲ့ပြီး အပြင်ဘက်သို့ ထွက်မလာခဲ့ချေ။ ယခု သူ၏အဖေ ပေါ်ပေါက်လာသည့်အချိန်မှာတော့ သူသည် အကြောက်အလန့် ကင်းမဲ့စွာဖြင့် အပြင်ဘက်သို့ ထွက်လာခဲ့၏။

“ဒုတိယအကြီးအကဲ”

အိမ်စေလိုလူသည် ကုကျောင်းရှစ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ဒီခွေးလေးပေါ့။ ကျုပ်ကို လမ်းတလျှောက်လုံး ထိုးလိုက်၊ ကြိတ်လိုက် လုပ်လာတာ”

“...........”

ကုထျန်းရှင်း၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွား၏။

ထိုအခြင်းအရာကို မြင်သည့်အချိန် မှာတော့ ချမ်းနင်ကျားသည် ပျော်ရွှင်သွားသည်။ မဟာမိတ်ခေါင်းဆောင်ကုက ငါတို့ ချမ်းမိသားစုဘက်ကနေ ရပ်တည်တော့မယ်နဲ့တူတယ်။

“တစ်ခု ပြောစရာ ရှိသေးတယ်”

ကုကျောင်းရှစ်သည် ခေါင်းကို ငဲ့စောင်းကာဖြင့် အိမ်စေကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ကျုပ်ကိုလာပြီး ဆဲမနေနဲ့”

“ဆဲတော့ကော ဘာဖြစ်လဲ။ ခွေးလေး.... ခွေးလေး”

အိမ်စေသည် ထပ်တလဲလဲ ဆဲဆိုလျက် ရှိနေ၏။ ဤနေရာတွင် သူတို့မိသားစုဆီမှ လူပေါင်းများစွာ တည်ရှိနေ၏။ ထို့အပြင် ဂိုဏ်းအသီးသီးဆီမှ ကျွမ်းကျင်သူများအပြင် ကြယ်ပင်လယ်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ပါ ရောက်ရှိလို့နေသေး၏။ ပြင်ပမှ လူတစ်စုကို အဘယ်သို့ ကြောက်ရွံ့ရမည်နည်း။

“အဖေ” ထိုအချိန်မှာတော့ ကုကျောင်းရှစ်က အော်ဟစ်လိုက်သည်။

“ဟမ့်”

အိမ်စေသည် နှာခေါင်းကို ရှုံ့လိုက်၏။ “အခုအချိန်ကျမှ မင်း ငါ့ကို လာပြီးတော့ ဘိုးဘိုးလို့ ခေါ်ရင်တောင် အသုံးမဝင်တော့ဘူး”

ကုကျောင်းရှစ်သည် ထိုသူကို လျစ်လျှူရှုပြီးသည့်နောက် ကုထျန်းရှင်းကို ကြည့်လိုက်၏။ ပြီးသည့်နောက် သူသည် မေးခွန်းထုတ်လိုက်သည်။ “တစ်ယောက်ယောက်က ကျုပ်ကို ခွေးလေးလို့ ခေါ်နေတယ်။ ဒါဆိုရင် အဖေက ခွေးကြီး ဖြစ်သွားမှာပေါ့”

ထိုအချိန်မှာတော့ တစ်ဖက်လူသည် မဟာမိတ်ခေါင်းဆောင်ကုအား အဖေဟု ခေါ်ဆိုနေသည်ဖြစ်ကြောင်း အားလုံးက နားလည်လိုက်မိ၏။ သူတို့သည် မနေနိုင်ဘဲ ထကာ ရယ်မောလိုက်မိသည်။ ကုမောင်နှံတို့သည့် နှစ်ပေါင်းသောင်းချီ ကလေးလိုချင်လျက် ရှိနေသည်ကို သူတို့သိရှိပြီးဖြစ်၏။ သို့ပေမဲ့ ဤအိမ်မက်သည် ဘယ်တော့မှ ဖြစ်မလာခဲ့ချေ။

“ဟား ဟား ဟား ဟား”

အိမ်စေကြီးသည် ထကာ ရယ်မောလိုက်မိ၏။ “ခွေးလေး... မင်းကသာ မဟာမိတ် ခေါင်းဆောင်ကုရဲ့သားဆိုရင် ငါက သူ့ရဲ့မြေးပဲ”

“အမှန်ပဲ”

ထိုအချိန်မှာတော့ တစ်ချိန်လုံး မျက်နှာထား တင်းမာစွာဖြင့် တည်ရှိနေသည့် ကုထျန်းရှင်းသည် ပါးစပ်ကို ဟကာဖြင့် ပြောလိုက်သည်။ “သူက ငါ့ရဲ့ သားပဲ”

“အမ်” အိမ်စေ၏အပြုံးသည် အေးခဲသွား၏။

ကောင်းကင်ဖြတ်သန်းခြင်းလောကဆီမှ ကျွမ်းကျင်သူများ အားလုံး သည်လည်း ဆွံ့အသွားခဲ့သည်။

သူတို့ နားကြားမှားလေသည်လား။ ဤကလေးသည် သူ၏သားဟု မဟာမိတ် ခေါင်းဆောင်ကုက ပြောဆိုခဲ့လေသည်လား။

ကုထျန်းရှင်းနှင့် တူညီသည့် မျိုးဆက်ဖြစ်သည်ဆိုသော ခေါင်းဆောင်ချင်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ခင်ဗျား ဘယ်လိုဖြစ်ပြီး ကလေးတစ်ယောက်ရလာတာလဲ”

“ကလေးရတာ ဘာထူးဆန်းနေလို့လဲ” ကုထျန်းရှင်းက ပြန်လည်အော်ဟစ်လိုက်သည်။

ဆွစ်

တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည့် မေမေကုသည် အောက်သို့ဆင်းသက်လာခဲ့ပြီးသည့်နောက် ကုကျောင်းရှစ်၏ ဘေးဆီသို့ ရောက်ရှိသွားသည်။ သူမသည် လက်ချောင်းများဖြင့် သူမသား၏ ဦးခေါင်းကို အသာပွတ်ကာဖြင့် ဆူလိုက်၏။

“မင်းအမေက အပြင်ကို မလွှတ်တဲ့လူမှ မဟုတ်တာ။ ဘယ်လိုဖြစ်ပြီးတော့ ခိုးထွက်သွားရတာလဲ”

မိခင်တစ်ယောက်၏ ချစ်ချင်းတရားများအပြည့် ပါဝင်လျက်ရှိသည့် မျက်လုံးအကြည့်များသည် သိုင်းကျင့်ကြံသူ များအားလုံးကို ဆွံ့အစေခဲ့သည်။

ကုထျန်းရှင်းသည်လည်း အောက်သို့ဆင်းသက်လာခဲ့၏။ သူသည် စောနတုန်းက ဆဲဆိုလျက် ရှိနေသည့် အိမ်စေကို အေးစက်စက် ကြည့်လိုက်၏။ ပြီးနောက် ထူးမခြားနားသလို မေးမြန်းလိုက်၏။ “မင်းက ငါ့ရဲ့မြေးဖြစ်ဖို့ ထိုက်တန်လို့လား”

ဘုတ်

အိမ်စေ၏ ခြေထောက်တစ်ခုလုံးသည် ပျော့ခွေသွား၏။ ၎င်းသည်မြေပေါ်သို့ ဒူးထောက် ထိုင်ချလိုက်မိသည်။ လက်ရှိ အခြေအနေမှာတော့ မြေးဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုသည်မှာ ကိစ္စမရှိချေ။ အဓိကအချက်သည် သူ ခွေးလေးဟု အော်ဟစ်ဆဲဆိုခဲ့သည့်လူသည် မဟာမိတ်ခေါင်းဆောင်ကု၏ သားဖြစ်လို့ နေလေသည်။

“ခွေးကောင်... မင်းလို အစေခံမျိုးက မဟာမိတ်ခေါင်းဆောင်ကုရဲ့သားကို အနိုင်ကျင့်ခဲ့တယ် ဟုတ်လား”

ချလွမ်

ဇွိ

ချမ်းနင်ကျားသည် ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် သူ၏ဓားကို ထုတ်ယူကာ အိမ်စေ၏ ဦးခေါင်းကို တိုက်ရိုက် ဆိုသလိုပဲ ခုတ်ပိုင်းလိုက်၏။ ပြီးနောက် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “မဟာမိတ်ခေါင်းဆောင်ကု... ကျုပ်တို့ ချမ်းမိသားစုက သူ့ကို သေသေချာချာ မသင်ပြပေးခဲ့တာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

ပြောနေတုန်းမှာပဲ သူ၏လက်များသည် တုန်ယင်လျက် ရှိနေ၏။ နဖူးစပ်မှ ချွေးစေးများသည် တတောက်တောက် နှင့် ကျဆင်းနေသည်။ နှလုံးသားထဲ၌ ဖြစ်တည်နေသည့် ကြောက်လန့်မှုများသည် ထိပ်ဆုံးအဆင့်သို့ပင် ရောက်ရှိ နေ၏။ အိမ်စေကြီး သေဆုံးသွားခဲ့သည်မှာ ကိစ္စမရှိချေ။ သို့ပေမဲ့ ် မဟာမိတ်ခေါင်းဆောင်ကု၏ သားကို သွားရောက်ကာ ဆဲဆိုခဲ့မိ၏။ တကယ်တမ်း ပြဿနာရှာချင်သည်ဆိုပါက သူတို့ မိသားစုတစ်ခုလုံးသည် ဒုက္ခရောက်သွားနိုင်သည်။

“ဒါမျိုး ထပ်မလုပ်နဲ့တော့” ကုထျန်းရှင်းသည် ခပ်မာမာ ပြောလိုက်၏။

“ကောင်းပါပြီ။ ကောင်းပါပြီ”

ချမ်းနင်ကျားသည် အလျင်အမြန်ပဲ နဖူးစပ်တွင် ရှိနေသော ချွေးများကို သုတ်ကာ တွေးလိုက်သည်။ ငါ သေတော့မလိုပဲ။

ကုထျန်းရှင်းသည် အသာလှည့်ကာ ပြောလိုက်၏။ “ဒီကို ဘယ်လိုရောက်လာကြတာလဲ”

“ဦးလေးကု”

မထင်မရှား နေလျက်ရှိသည့် ကျွင်းချောင်ရှောင်းသည် နောက်ဆုံးမှာတော့ ထကာ စကားပြောလိုက် တော့၏။ “ဦးလေးကုရဲ့တူက ဒီချမ်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကို ပြန်ပေးဆွဲပြီး ငွေညှစ်ခဲ့တယ်လို့ သူတို့က စွပ်စွဲကြတယ်”

“မဟုတ်ဘူး။ မဟုတ်ဘူး”

ချမ်းနင်ကျားသည် အလျင်အမြန်ဖြင့် ငြင်းဆိုလိုက်သည်။ “နားလည်မှုလွဲတာပါ။ နားလည်မှု လွဲတာပါ”

ကုန်းရှန့်သည် စောနတုန်းက ကြောက်လန့်ခဲ့၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ တစ်ဖက်လူသည် ကြောက်လန့်လို့ နေခဲ့၏။ အဖြစ်အပျက်သည် အပြောင်းအလဲ မြန်ဆန်လွန်းလှချေ၏။

“နားလည်မှုလွဲတယ်ဆိုမှတော့”

ကုထျန်းရှင်းက ဝင်ကာပြောလိုက်သည်။ “အမြန်သွားကြတော့”

“နှုတ်ဆက်ပါတယ်။ နှုတ်ဆက်ပါတယ်” ချမ်းနင်ကျားသည် ခြေထောက်တစ်ခုလုံး အားပျော့ကာ ခွေလျက် ရှိနေသည့် ချမ်းကျင်းချောင်ကို အသာဆွဲခေါ်ကာဖြင့် ၎င်း၏ မိသားစုနှင့်အတူ ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာ သွားခဲ့ကြ၏။ ၎င်းတို့သည် ပြေးနေရင်းမှာပဲ နှေးကွေးသည်ဟု စိတ်ထဲ၌ ထင်မှတ်နေမိ၏။

ကုထျန်းရှင်း ရောက်ရှိလာပြီးသည့်နောက် အကူအညီ လာရောက်ကာ ပေးခဲ့ကြသည့် များပြားလှသော ကျွမ်းကျင်သူများအားလုံးသည် ချက်ချင်းဆိုသလိုပဲ ထွက်ခွာသွားခဲ့ကြပြီး ၎င်းတို့သည် လမ်းတလျှောက်၌ စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လျက်ရှိသည်။ “မဟာမိတ်ခေါင်းဆောင်ကုက ငါ့ကိုတော့ မမြင်သွားလောက်ပါဘူးနော်”

“ထားလိုက်တော့။ ထားလိုက်တော့”

ခေါင်းဆောင်ချင်က ပြောလိုက်သည်။ “ဒီအဘိုးကြီး သွားတော့မယ်”

“ကျုပ် ခင်ဗျားကို လိုက်ပို့ပေးမယ်”

ဘန်း

ကုထျန်းရှင်းတစ်ယောက် ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု ခေါင်းဆောင်ချင်လင်းက မထင်မှတ်ခဲ့ချေ။ ထို့ကြောင့် သူသည် အဝေးဆုံးတစ်နေရာဆီသို့ လွင့်စင်ကာ ပြုတ်ကျသွားခဲ့၏။ သူသည် မမေ့မလျော့ ဆိုသလို အော်ဟစ်လိုက်မိ၏။ “ဘယ်လိုသူရဲကောင်းမျိုးက မပြင်ဆင်ထားဘဲ ရုတ်တရက် တိုက်ခိုက်ရတာလဲ”

.........

ကုမောင်နှံ ရောက်လာပြီးသည့်နောက် ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရမည့် အခြေအနေသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “အချိန်ကိုက် ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေး”

“မင်း”

ကုထျန်းရှင်းက ပြောလိုက်သည်။ “ငါနဲ့လိုက်ခဲ့စမ်း”

“...........”

ကျွင်းချောင်ရှောင်း၏ ကျောကုန်းသည် ဇောချွေးများ ပျံ့လို့လာခဲ့သည်။ “ဦးလေး... နားထောင်ပါအုံး။ ဦးလေးရဲ့ ဆေးပင်တွေကို ကျုပ်တကယ် မခိုးပါဘူး။ ဦးလေး..”

ဘုန်း ဘုန်း ဘုန်း

တောင်ကြားထဲမှာတော့ ကုထျန်းရှင်းသည် လက်ရှစ်ဖက် နတ်ဘုရားဝင်စားခဲ့သလိုပင်။ ကြမ်းတမ်းလှသည့် ထုနှက်ချက်များကို ထုတ်ဖော်လျက်ရှိ၏။

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တောင်ကြား၏ အပြင်ဘက်ဆီသို့ လွင့်စင်ကာ ပြုတ်ကျလာလေသည်။

ဘုတ်

“အမလေးဗျာ ... ကျုပ်မခိုးပါဘူး အရပ်ကတို့ရဲ့ ....”

All Chapters